သေလွန်သောနှလုံးသားများအတွက် အသက်သစ်
သစ်ပင်အချို့တွင် သစ်သားအနှစ်သည် အဓိကထောက်ပံ့မှုတိုင်ဖြစ်သည့် အတွက်၊ အပြင်ဘက်အလွှာများ မပျက်စီးသရွေ့ ၎င်းသည် သေဆုံးသော်လည်း ဆွေးမြေ့ခြင်း (သို့) ခိုင်ခံ့မှုအား လျော့နည်းသွားခြင်းမရှိပါ။ လစ်နင်ဟု ခေါ်သော ဓာတုကော်ဖြင့် အမျှင်များကို ချည်နှောင်ဖွဲ့စည်းထားသော သစ်သားအနှစ်သည် သံမဏိကဲ့သို့ ခိုင်ခံ့နိုင်သည်။ သစ်ပင်တစ်ပင်၏ ဖွဲ့စည်းပုံအတွင်းရှိ ဤအစိတ်အပိုင်းသည် သဘာဝဘေးဒဏ်များကို ကြံ့ကြံ့ခံနိုင်ပါသည်။
ပေါလုက “အကြောင်းမူကား၊ သင်တို့သည် သေသောသူဖြစ်၍ သင်တို့အသက်သည် ခရစ်တော်နှင့်အတူ ဘုရားသခင်၌ ဝှက်ထားလျက်ရှိ၏” ဟု ဆိုကာ၊ ကောလောသဲမြို့သားများအား ရှင်ထမြောက်သောအသက်တာဖြင့် ရှင်သန်ရန် အားပေးခဲ့စဥ်၊ ကယ်တင်ခြင်းခံရသူများ မည်သို့ပြောင်းလဲသွားကြောင်းကို ဖော်ပြရန် သစ်သားအနှစ်၏ဥပမာကို အသုံးပြုခဲ့သည်(ကော ၃:၃)။ ပေါလုက ကျွန်ုပ်တို့ကို “သေပြီးသား”ဟု ရည်ညွှန်းခြင်းသည် စိတ်ပျက်စရာဖြစ်သော်လည်း၊ ရှင်ပြန်ထမြောက်ခြင်းရှုထောင့်မှကြည့်လျှင် ထိုဖော်ပြချက်ထဲမှ မျှော်လင့်ချက်ကို ကျွန်ုပ်တို့ နားလည်နိုင်ခဲ့သည်။ ဘုရားသခင်သည် ကျွန်ုပ်တို့၏ သေနေသောနှလုံးသားကို ပြောင်းလဲပေးပြီး၊ ရှင်ပြန်ထမြောက်သော…
ကျွန်ုပ်တို့ ဆက်လက်ပေါင်းသင်းဆက်ဆံသူများ
သိပ္ပံနည်းကျလေ့လာမှုတစ်ခုအရ စရိုက်ဆိုးယုတ်မာသည့်ဇာတ်ကောင်များပါဝင်သော ရုပ်မြင်သံကြားအစီအစဉ်များကို ကြည့်ရှုခြင်းသည် လူတို့ကို စရိုက်ဆိုးသူများဖြစ်စေနိုင်ကြောင်း ဖော်ပြခဲ့သည်။ ကိုယ်ထိလက်ရောက်တိုက်ခိုက်မှု(သို့) နောက်ကွယ်မှ ကောလာဟလသတင်းလွှင့်ခြင်း စသည့်ရန်လိုသောပုံစံအမျိုးမျိုးသည် ကြည့်ရှုသူများ၏ဦးနှောက်ကို အလားတူပုံစံမျိုးပြုမူရန် သင်ပေးနေသည်။ ဤဆက်နွယ်မှုသည် မကြာခဏပင် မသိစိတ်မှ ဖြစ်လာတတ်ပြီး၊ အခြားသူ၏အားနည်းချက်ကို ပြောဆိုသည့် “အန္တရာယ် မရှိ”ပုံပေါ်သည့် ဟာသများပင်လျှင် အခြားသူများအပေါ် ကျွန်ုပ်တို့၏ ဆက်ဆံပုံကို မသိမသာ လွှမ်းမိုးနိုင်သည်။ ထို့ကြောင့် ကျွန်ုပ်တို့အချိန်ပေးပြီး ဆက်ဆံသူများက ကျွန်ုပ်တို့၏အပြုအမူကို ထိခိုက်စေနိုင်ပါသည်။
ရှောလမုန်သည် “ပညာရှိတို့နှင့် ပေါင်းဖော်သောသူသည် ပညာရှိတတ်၏။ လူမိုက်တို့နှင့် ပေါင်းဘော်သောသူမူကား၊ ပျက်စီးတတ်၏” ဟူသော ထာဝရမြဲသည့် ဉာဏ်ပညာကိုပေးခဲ့သည်(သု ၁၃:၂၀)။ လူတစ်ဦးချင်းစီသည် ဤဉာဏ် ပညာကို ကိုယ်တိုင်တစ်ဦးတည်းမရနိုင်သောကြောင့်၊ မိုက်မဲသူများအစား ပညာရှိပြီး ဘုရားသခင်ကို ရိုသေလေးစားသည့်ဆရာများ၊ မိတ်ဆွေများနှင့် ပေါင်းသင်းသင့်ကြောင်း ညွှန်ပြထားသည်။ ပညာရှိများနှင့် ပေါင်းသင်းဆက်ဆံခြင်းသည် “မျက်နှာရတတ်”ပြီး၊ “ခက်သောလမ်း”ကို ရှောင်ရန်…
သစ္စာဖောက်ခံရပြီးနောက် ပြန်လည်ရှင်သန်လာခြင်း
Toni Morrison (တိုနီမောရစ်ဆန်)၏ ဝတ္ထုတစ်ပုဒ်တွင် ငယ်စဉ်ကတည်းက သူငယ်ချင်းများဖြစ်ကြသော Nel (နယ်လ်)နှင့် Sula (ဆူလာ) တို့၏ ဇာတ်လမ်းကို ဖော်ပြထားသည်။ သို့သော် ဆူလာ၏တစ်ကိုယ်ကောင်းစိတ်ကြီးထွားလာပြီး နယ်လ်၏ခင်ပွန်းကို ဖြားယောင်းခြင်းကြောင့် သူတို့၏ခင်မင်မှု ကတောက်ကဆဖြစ်သွားသည်။ နယ်လ်က “ဘာကြောင့် ကျွန်မအတွက် မစဉ်းစားတာလဲ”၊ “ကျွန်မက အရေးမပါဘူးလား”ဟု မေးသော်လည်း ဆူလာက အဖြေမပေး၊ ဂရုမစိုက်ခဲ့ပေ။ ဝမ်းနည်းစရာပင်။
၎င်းကို ကြုံဖူးသူတိုင်း သိကြသည့်အတိုင်း၊ သူငယ်ချင်းတစ်ဦး၏ သစ္စာဖောက်မှုကြောင့် ခံရသောဝေဒနာက ခံရခက်လှသည်။ ဒါဝိဒ်မင်းသည် နိုင်ငံရေးပူးပေါင်းကြံစည်မှုတစ်ခုကြောင့် “ညှဉ်းဆဲခြင်းနှင့် လှည့်စားခြင်း”ကို ကြုံတွေ့ရပြီး၊ “ဆိုးညစ်သောအမှုနှင့် နှောင့်ယှက်ခြင်းအမှု”ကို ခံစားခဲ့ရသည်(ဆာ ၅၅:၁၀-၁၁)။ အဆိုးဆုံးအပိုင်းမှာ ပုန်ကုန်မှု၏နောက်ကွယ်တွင် မည်သူရှိသည်ကို သိရခြင်းဖြစ်သည်။ သူက “ငါ့ကို ကဲ့ရဲ့သောသူသည် ငါ့ရန်သူမဟုတ်။ ဟုတ်လျှင် သည်းခံနိုင်၏။... ထိုသို့ပြုသောသူသည် သင်ဖြစ်၏။ ငါနှင့် ဖက်သောသူ၊…
ဘုရားသခင်ကို ချီးမြှောက်သောစကားများ
ကျွန်မ၏မိတ်ဆွေ အဲလက်စ်သည် စာအုပ်များတည်းဖြတ်ပေးသည့်အယ်ဒီတာတစ်ဦးဖြစ်ပြီး၊စာရေးသူတစ်ဦး၏ဒေါသနှင့်ပို့လာမည့်အီးမေးလ်စာ ရောက်လာ မည်လားဟု စိုးရိမ်လျက် သူ၏အီးမေးလ်အဝင်ကို စစ်နေခဲ့သည်။ သူသည် အလုပ်အပ်လာသူတစ်ဦး၏လက်ရေးစာမူကိုတည်းဖြတ်ပေးပြီး၊ (ပုံနှိပ်ရန်ကိစ္စကို) ထင်ရှားသော စီးပွားရေးခေါင်းဆောင်တစ်ဦးနှင့် လပေါင်းများစွာ စီစဥ်ခဲ့သည်။ မမျှော်လင့်ဘဲ၊ ကုမ္ပဏီပြဿနာများကြောင့် ထုတ်ဝေသူက စာအုပ်ထုတ်မည့် ကိစ္စကို ရပ်နားရန် ဆုံးဖြတ်ခဲ့၍ ထိုသတင်းဆိုးကို စာရေးသူထံ အီးမေးလ်ပို့ပြီးနောက် အဲလက်စ် သည် မိမိကိုယ်ကို မပြိုလဲအောင် အားတင်းနေရသည်။
တစ်ပတ်ကြာမှ စာရေးသူက “ဘယ်လိုစကားလုံးတွေနဲ့တုံ့ပြန်ရမလဲဆိုတာ အရင်စဉ်းစားချင်လို့ ကျွန်တော် ချက်ချင်းစာမပြန်ခဲ့တာ”ဟု ပြန်စာ၌ ရေးခဲ့သည်။ သူစိတ်ပျက်မိကြောင်းပြောပြီး၊ ထုတ်ဝေသူမှ ပြဿနာကို မည်သို့ကိုင်တွယ်ဖြေရှင်းသင့်ကြောင်း သူ၏အမြင်ကို တည်ငြိမ်စွာ ဖော်ပြခဲ့သည်။
စာရေးသူ၏ပညာရှိရှိ၊ ချင့်ချိန်တုံ့ပြန်ပုံက ကျွန်မစိတ်ကို နက်ရှိုင်းစွာ တို့ထိခဲ့သည်။ အထူးသဖြင့် ဒေါသထွက်နေချိန်တွင် ကျွန်မတို့ မည်သို့ပြောဆိုဆက်ဆံသင့်ကြောင်း သမ္မာကျမ်းစာ၏ဖော်ပြချက်ကို သူ၏သဘောထားက ထင်ဟပ်ပြသည်။ တမန်တော်ယာကုပ်က စကားများကြောင့် အလွယ်တကူ…
သခင်ခရစ်တော်၏ သက်စမ်းရေ
ဒတ်ခ်ျပန်းချီဆရာ Rembrandt (ရမ်းဘရန်တ်) သရုပ်ဖော်ရေးဆွဲသော ခရစ်တော်နှင့် ရှမာရိအမျိုးသမီး ပန်းချီကားကို ကျွန်မ ငေးကြည့်နေစဉ်၊ စိတ်ဝင်စားဖွယ် အသေးစိတ်အချက်နှစ်ချက်ကို တွေ့ခဲ့သည်။ ပထမတစ်ချက်မှာ သခင်ယေရှုသည် ရှမာရိအမျိုးသမီးအား မိန့်တော်မူစဥ်၊ သူ၏လက်ကို နှလုံးသားရှိရာ ရင်ဘတ်ပေါ်တင်ထားပြီး၊ ရှမာရိအမျိုးသမီးဘက်သို့ နှိမ့်ချသောပုံစံဖြင့် ကိုင်းညွှတ်ထားသည်။ လူမျိုးစုနှစ်စုကြား ရာစုနှစ်ပေါင်းများစွာ အငြိုးထားမှုများကြောင့် ဂျူးလူမျိုးများသည် “ရှမာရိလူတို့နှင့် ပေါင်းဖော်ခြင်းမရှိ”ခဲ့ကြသော်လည်း(ယော ၄:၉)၊ သခင်ယေရှုသည် အပယ်ခံထားရသော အမျိုးသမီးတစ်ဦးကို တလေးတစား ဂုဏ်သိက္ခာရှိရှိ ဆက်ဆံခဲ့သည် (:၁၇-၁၈)။
သခင်ယေရှုသည် ထိုအမျိုးသမီး၏ ရုန်းကန်ရမှုများကို သိပြီး သူမ၏ နက်နဲသော လိုအပ်မှုကို ပြည့်ဝကျေနပ်စေရန် "အသက်ရေ"ကိုပေးခဲ့သည် (:၁၀)။ ထိုအသက်ရေသည် ဘုရားသခင်နှင့်ပြန်လည်၍ သင့်မြတ်ပေါင်းသင်းဆက်ဆံရေးမှတစ်ဆင့် ရရှိနိုင်သော သန့်ရှင်းစေခြင်းနှင့် အသက်ကိုပေးသော ကျေးဇူးတော်ဖြစ်သည်။
ကျွန်မ၏အာရုံကို ဖမ်းစားခဲ့သောဒုတိယအချက်မှာ အမျိုးသမီး၏မျက်နှာကို ဖုံးအုပ်ထားသော အမှောင်ရိပ်ဖြစ်ပြီး၊ ၎င်းသည် သခင်ယေရှုကို…
မိမိကိုယ်ကျိုးမရှာဘဲ ဘုရားသခင်ကို အစေခံခြင်း
ရှေးခေတ်အီဂျစ်ဖာရောဘုရင် ဒုတိယမြောက် Ramesses II (ရမ်မဆီးစ်)သည် မိမိကိုယ်ကို အထင်ကြီးလွန်းပြီး မိမိကိုယ်ကို ဂုဏ်ပြုသောအားဖြင့် အထိမ်းအမှတ်အဆောက်အအုံများစွာ တည်ဆောက်ခဲ့ပြီး၊ ၎င်းတို့တွင် သူ၏ခန္ဓာအသွင်အပြင်များကို ဖော်ပြသည့် အထိမ်းအမှတ်များစွာ ပါဝင်သည်။ ၎င်းတို့အနက် ထည်ဝါသော အနီရောင်ကျောက်ဖြင့် ပြုလုပ်ထားသည့် အလွန်ကြီးမားသောရုပ်တုမှာ အမြင့် ၃၆ ပေရှိပြီး၊ တန်ချိန် ၈၃ တန် လေးသည်။ သို့သော် အသက်အရွယ်သည် မာနကြီးသော အုပ်စိုးရှင်အား မသနားခဲ့ပေ။ စင်စစ် သူကွယ်လွန်ချိန်တွင် သွားရောဂါ၊ အဆစ်အမြစ်ရောင်ရမ်းခြင်းနှင့် နာတာရှည်နှလုံးရောဂါများကို ခံစားခဲ့ရသည်။ သူ၏အထိမ်းအမှတ်အချို့က ခဏတာတည်ရှိခဲ့သော်လည်း၊ သူကိုယ်တိုင်မှာ အဆုံး၌ လူသားအားလုံးကဲ့သို့ပင် ကွယ်လွန်သွားခဲ့ရသည်။
ဒါဝိဒ်မင်း၏သားတော် အဗရှလုံသည် အတိတ်က ကြေကွဲဖွယ်ဖြစ်ရပ်၏ အမျက်ဒေါသ(၂ ရာ ၁၈:၁၈)နှင့် သူ၏အတ္တရည်မှန်းချက်များကြောင့်(၂ ရာ ၁၃)၊ သူ့ဖခင်ထံမှ “ဣသရေလအမျိုးသားအပေါင်းတို့စိတ်နှလုံး”(၁၅:၆)ကို ခိုးယူရန် ကြိုးစားခဲ့သည့်အပြင်၊ “ကိုယ်အဖို့…
ဘုရားသခင်၌ မြဲမြံစွာ ရပ်တည်ခြင်း
မနက်ခင်းဖြစ်၍ ကျွန်မ၏ခင်ပွန်းသည် သူ့ဖုန်းမှ အကြိုက်ဆုံးချီးမွမ်းသီချင်းဖြစ်သော “ကျွန်ုပ်၏ဝိညာဉ်သည် ခိုင်ခံ့နေပါသည်” (My Soul Is Anchored) ကို ရွေးဖွင့်သည်။ သီချင်းစာသားများက မငြိမ်မသက်ဖြစ်နေချိန်များတွင် ဘုရားသခင်၌သာ မျှော်လင့်ခြင်းကို ဖော်ကျူးသည်။ တလိမ့်လိမ့်တက်လာပြီး၊ ကမ်းကိုရိုက်ခတ်လာသော လှိုင်းတံပိုးများအကြောင်း သတိပေးသည့် စာသားများကို ဒန် (Dan)က လိုက်ဆိုသည်။ သို့သော် ဘုရားသခင်သည် ကျွန်မတို့ကို မြဲမြံစွာ ကိုင်ဆွဲထားသောကြောင့် ကျွန်မတို့ ယိမ်းယိုင်သွားခြင်း မရှိကြောင်း သီချင်း၌ ဖွဲ့ဆိုထားသည်။
ဤစကားလုံးများသည် သင်္ဘော၏ကျောက်ဆူး၏အလုပ်ကို ပြီးပြည့်စုံစွာ ဖော်ပြနေသည်။ ကျောက်ဆူး“လက်တံများ”ကို ပင်လယ်နက်ထဲ ချခြင်းအားဖြင့် ၎င်းသည် သင်္ဘောငြိမ်အောင်ထိန်းပေးပြီး၊ ပြင်းထန်သော လေပြင်းတိုက်ခတ်မှုအတွင်း မျောပါမသွားအောင်၊ ယိမ်းယိုင်မသွားအောင် ကာကွယ်ပေးသည်။
ကျောက်ဆူးသည် ဘဝ၏ရှုပ်ထွေးမှုများကြားတွင်ပင် ကျွန်ုပ်တို့မြဲမြံစွာကိုင်စွဲသည့် သခင်ခရစ်တော်အပေါ် မျှော်လင့်ခြင်းကို ထင်ဟပ်လျက် ခရစ်ယာန်ယုံကြည်ခြင်း၏စံနမူနာတစ်ရပ်ဖြစ်လာသည်။ ဟေဗြဲဩဝါဒစာရေးသားသူ ဆိုသကဲ့သို့ “ထိုမျှော်လင့်ခြင်းမူကား၊ ကုလားကာအတွင်း၌ချ၍…
ကူညီရန် အသင့်ရှိပြီ
ယာဉ်မောင်းလိုင်စင်ဖြေရန် ကျွန်မ၏သူငယ်ချင်းမှာ ပါကင်ထိုးလေ့ကျင့်ရန် လိုသည်။ သူမအား ဘေးကင်းသောနေရာတွင် သင်ပေးနိုင်ရန် ဆုတောင်းပြီး နေရာရှာသောအခါ၊ ကားပါကင်ကျယ်ဝန်းသော အနီးအနားရှိဘုရားကျောင်း၌ သင်ပေးရန် အကြံရလာသည်။ ကျွန်မတို့သည် ခေါက်ကုလားထိုင်များသုံးပြီး လေ့ကျင့်ရန် ကားပါကင်နေရာကို ဖန်တီးခဲ့သည်။ အကောင်ဆုံးအနေအထား မဟုတ်သော်လည်း၊ သူမသည် ကုလားထိုင်ကြားနေရာသို့ ကားနောက်ပြန်ဆုတ်ရန် ပထမဆုံးအကြိမ် ကြိုးစားခဲ့သည်။
ထိုစဥ် သင်းအုပ်ဆရာက ယာဉ်/လမ်းအချက်ပြလိမ္မော်ရောင်ထုချွန်ကတော့များ သယ်လာပြီး၊ သူ့ကိုယ်သူ မိတ်ဆက်ကာ “ဒါကို သုံးမလား”ဟု မေးခဲ့သည်။ မကြာမီကပင် အသင်းတော်မိသားစုသည် အသစ်ရောက်လာသော အိမ်နီးချင်းများကို ကူညီနိုင်မည့် နည်းလမ်းများကို ဆွေးနွေးခဲ့ကြပြီး၊ “ကားပါကင်မှာ ပါကင်ထိုးလေ့ကျင့်တဲ့သူတွေအတွက် ဒီကတော့တွေကို သုံးခွင့်ပေးဖို့ဆုံးဖြတ်ခဲ့ကြတယ်”ဟု ပြောပြသည်။ အခြားသူများကို ကူညီရန် သူတို့ ကြိုတင်ပြင်ဆင်ထားပြီး၊ ကျွန်မ၏သူငယ်ချင်းအတွက် အမှန်ပင် ကောင်းချီးဖြစ်ခဲ့သည်။
သူတစ်ပါးကို ကူညီရန် အသင့်ရှိခြင်း။ ၎င်းသည် ကျွန်မတို့အတွက်နှင့် ကျွန်မတို့အတွင်း၌ ဘုရားသခင်အတိအကျပြုပေးသည့်အမှု…
ဝမ်းမြောက်ခြင်းစည်းချက်များ
လူ၏တေးဂီတခံစားနိုင်စွမ်းသည် နောက်ခံယဉ်ကျေးမှုကြောင့်လား(သို့) မွေးရာပါ ဗီဇကြောင့်လားဆိုသည်ကို စူးစမ်းရန် သိပ္ပံနည်းကျလေ့လာမှုတစ်ခုကို ပြုလုပ်ခဲ့သည်။ ၎င်းလေ့လာမှုတွင် မွေးကင်းစကလေးငယ်များအား ဒရမ်စည်းချက်သံကို ဖွင့်ပေးပြီး၊ ၎င်းတို့၏ဦးနှောက်လှိုင်းလှုပ်ရှားမှုများကို စောင့်ကြည့်ခဲ့သည်။ သုတေသီ များသည် စည်းချက်ထဲမှ တစ်ချက်ကို တစ်ချက်တစ်ချက် ချန်လှပ်သည်။ အံ့သြစရာ မှာ ချန်လှပ်သော စည်းချက်နေရာအရောက်တွင် ကလေးငယ်များ၏ဦးနှောက်လှိုင်းများသည် ရုတ်တရက်မြင့်တက်လာသည်ကို တွေ့ရှိခဲ့သည်။ သူတို့၏စိတ်များက ထို စည်းချက်ကိုမျှော်လင့်နေပြီး၊ မကြားရသည့်အခါ တုံ့ပြန်နေကြောင်းပြသနေသည်။
ဤလေ့လာမှုမှ ဘုရားသခင်သည် ကျွန်မတို့အား အံ့သြဖွယ်နည်းလမ်းဖြင့်ဖန်ဆင်းခဲ့သည်ကို သတိပြုမိစေသည်။ ဆန်းကြယ်သောဆုကျေးဇူးဖြစ်သည့် တေးဂီတကို လက်ခံနိုင်စွမ်းနှင့် ဝမ်းမြောက်စွာတုံ့ပြန်နိုင်စွမ်းကို ကျွန်မတို့အား ကိုယ်တော်ပေးခဲ့သည်။ ဆာလံ ၃၀ တွင် ဆာလံဆရာဒါဝိဒ်က “ထာဝရဘုရားကို ထောမနာသီချင်းဆိုကြလော့”(:၄) ဟု ဆိုသည့်အတိုင်း ကျွန်မတို့၏ကိုယ်ပိုင်တေး ဂီတဖြင့်ဘုရားသခင်၏ကျေးဇူးတော်ကို ချီးမွမ်းတတ်စေရန် လမ်းညွှန်ပေးခဲ့သည်။
တစ်ခါတစ်ရံ နာကျင်မှု၊ မောပန်းနွမ်းနယ်မှု၊ နောင်တ၊ ဝမ်းနည်းပူဆွေးမှုတို့က ကျွန်မတို့၏နှလုံးသားကို…
သခင်ယေရှုကဲ့သို့ လိုက်လျှောက်အသက်ရှင်ခြင်း
Ben(ဘင်)သည် လိုင်စင်မဲ့ခိုးကူးသည့် ကွန်ပျူတာဆော့ဖ်ဝဲလ်ကို စျေးသက်သသဖြင့် နှစ်ပေါင်းများစွာက ဝယ်ယူခဲ့သည်။ ၎င်းသည် တရားမဝင်ဘဲ မူပိုင်ခွင့်ဥပဒေကို ချိုးဖောက်နေသော်လည်း၊ ကိုယ်ကျင့်တရားအရ မှားယွင်းသည်ဟု သူမခံစားရပေ။ လူတိုင်း ခိုးကူးကြသည်မဟုတ်ပါလား။ ဘာ့ကြောင့် ဈေးကြီးသော မူရင်းဆော့ဖ်ဝဲလ်ကို ဝယ်ရမည်နည်း။ မည်သူလာစစ်မည်နည်း။
သို့သော် ဘုရားသခင်၏စံနှုန်းများအတိုင်း နေ့စဉ်အသက်ရှင်ခြင်း၏ ပုံသက်သေများအကြောင်း ဒေသနာကို ကြားခဲ့ပြီးနောက်၊ ယုံကြည်ခြင်း ကြီးထွားလာသော ယုံကြည်သူအသစ်အနေဖြင့် ဘင်သည် “မှန်သောအရာကို လုပ်ဆောင်ခြင်းဆိုတာ ဘာလဲ” ဟု စတင်တွေးတောလာခဲ့သည်။
ဘင်သည် သူ၏ဆော့ဖ်ဝဲလ်အားလုံးကို မူရင်းဗားရှင်းများဖြင့် အစားထိုးရန် ဆုံးဖြတ်ခဲ့သည်။ ဈေးပိုကြီးသော်လည်း သူ၏သူငယ်ချင်းများကို “ဘုရားသခင်က သိတယ်။ မှန်ကန်တဲ့အရာလုပ်ဆောင်ဖို့ ကျွန်တော်တို့ကို ခေါ်ယူတယ်၊ ဟုတ်တယ် မဟုတ်လား”ဟု ရှင်းပြခဲ့သည်။
အာမုတ်အနာဂတ္တိကျမ်း ၇ တွင် ဘုရားသခင်က သူ၏စံနှုန်းများသည် တိကျပြီး ဘက်လိုက်ခွဲခြားမှုမရှိဘဲ၊ ရွေးချယ်ထားသောလူမျိုးအပါအဝင် အားလုံး အတွက်…