အမျိုးအစား  |  odb

ဘုရားသခင်၏ကွယ်ကာသော မေတ္တာတော်

တစ်ခုသောနွေရာသီညနေခင်းတွင် ကျွန်မတို့အိမ်နားရှိငှက်များသည် ရုတ်တရက် အထိတ်တလန့်အော်မြည်ခဲ့ကြသည်။ တေးဆိုငှက်များ၏စူးရှသောအော်မြည်သံများသည် ကျယ်လောင်ဆူညံလွန်းလှသည်။ နေဝင်ချိန်၌ ကြီးမားသောလင်းယုန်ငှက်တစ်‌ကောင်သည် သစ်ပင်ထိပ်ဖျားမှအောက်သို့ ထိုးဆင်းပျံဝဲလာသောကြောင့် ငှက်များသည် အချင်းချင်းသတိပေး အော်မြည်လျက် ဘေးလွတ်ရာသို့ ဆူညံပွတ်လောရိုက်ကာ ပျံထွက်သွားကြခြင်းဖြစ်ကြောင်း နောက်မှ ကျွန်မတို့သိခဲ့ရသည်။

ကျွန်မတို့၏အသက်တာများ၌ ဝိညာဥ်ရေးဆိုင်ရာ သတိပေးချက်များကို သမ္မာကျမ်းစာထဲတွင် ကြားနိုင်ပါသည်။ ဥပမာ - မှားယွင်းသောသွန်သင်မှုများကို သတိပေးခြင်းဖြစ်သည်။ ကျွန်မတို့ ကြားသောအရာကို သံသယဖြစ်နိုင်သည်။ သို့သော်   ကိုယ်တော်၏မေတ္တာကြောင့် ကောင်းကင်ဘုံအဘသည် ထိုဝိညာဥ်ရေးအန္တရာယ်ကို ကျွန်မတို့ရှင်းရှင်းသိမြင်နိုင်ရန် သမ္မာကျမ်းစာကို ရှင်းလင်းစွာ ဖော်ပြထားသည်။

“အတွင်း၌ ကြမ်းတမ်းသော တောခွေးဖြစ်လျက်၊ သိုးရေခြုံ၍ သင်တို့ရှိရာသို့ လာသော မိစ္ဆာပရောဖက်တို့ကို သတိနှင့် ရှောင်ကြရန်” (မ ၇:၁၅) ရှင်ယေရှုသင်ပေးခဲ့သည်။ “ထိုသူတို့၏အကျင့်ကိုထောက်၍ သူတို့၏သဘောကို သိကြလိမ့်မည်။ ... ကောင်းသောအပင်သည် မကောင်းသောအသီး၊ မကောင်းသောအပင်သည် ကောင်းသော အသီးကို မသီးနိုင်” ဟုဆက်လက်မိန့်တော်မူလျက်၊…

ခြေများနှင့် ပန်းကန်များကို ဆေးကြောခြင်း

ချာလီနှင့် ဂျန်တို့၏နှစ် (၅၀) ပြည့်မင်္ဂလာနှစ်ပတ်လည်နေ့တွင် သားဖြစ်သူ ဂျွန်နှင့် အတူ ကဖေးဆိုင်တစ်ဆိုင်တွင် နံနက်စာ အတူစားခဲ့ကြသည်။ ထိုနေ့တွင် စားသောက်ဆိုင်၌ မန်နေဂျာ၊ စားဖိုမှူးနှင့် ဧည့်ကြိုအလုပ်အပါအဝင် စားပွဲထိုး စားပွဲရှင်း အလုပ်ပါလုပ်ရသော ဆယ်ကျော်သက်အရွယ် မိန်းကလေးတစ်ဦးတို့သာရှိသည်။ နံနက်စာစားပြီးချိန်တွင် ချာလီက ဇနီးနှင့်သားတို့အား “ဒါပြီးရင် ဘာအရေးကြီးကိစ္စလုပ်ဖို့ရှိလဲ”ဟု လှည့်၍ မေးလိုက်သည်။ သူတို့ ဘာမှလုပ်စရာမရှိပါ။

မန်နေဂျာ၏ခွင့်ပြုချက်ဖြင့် ချာလီနှင့်ဂျန်တို့သည် ဆိုင်အနောက်ခန်းတွင် ပန်းကန်ခွက်ယောက်များကို ဆေးကြောစဥ် ဂျွန်က စားပွဲများကို ရှင်းလင်းသိမ်းဆည်းပေးခဲ့သည်။ ထိုနေ့အဖြစ်အပျက်သည် သူ့အတွက် အဆန်းမဟုတ်ကြောင်း ဂျွန် က ပြောသည်။ သူ၏မိဘများသည် “သူတစ်ပါးကို စေစားခြင်းငှာမလာ၊ သူတစ်ပါးအစေကို ခံခြင်းငှာ ကြွလာသော” (မာ ၁၀:၄၅) သခင်ယေရှု၏ပုံသက်သေကို ဖော်ပြခဲ့ခြင်းဖြစ်သည်။

ရှင်ယောဟန်ခရစ်ဝင် ၁၃ တွင် ခရစ်တော်သည် တပည့်တော်များနှင့်အတူ နောက်ဆုံးညစာစားခဲ့သည့် အကြောင်းကို ဖတ်ရှုရသည်။…

ဘုရားသခင်နောက်လိုက်ရန် ရွေးချယ်ခြင်း

ပျှမ်းမျှလူတစ်ယောက်သည် ဘဝတစ်လျှောက်လုံး ဆုံးဖြတ်ချက်ပေါင်း ၇၇၃,၆၁၈ ခုကို ချမှတ်ရမည်ဖြစ်ကြောင်း Daily Mirror(နေ့စဥ်ကြည့်မှန်) သတင်းစာတွင် ဖော်ပြထားသည်။ ထိုအထဲမှ “ဆုံးဖြတ်ချက် ၁၄၃,၂၆၂ ခုသည် ကျွန်ုပ်တို့အတွက် နောင်တရစရာ ဆုံးဖြတ်ချက်များဖြစ်မည်”ဟု ဗြိတိသျှသတင်းစာမှ ဆက်လက်ဖော်ပြထားသည်။ ထိုကိန်းကဏန်းကို သတင်းစာတိုက်မှ မည်သို့ရရှိသည်ကို ကျွန်တော်မသိပါ။ သို့သော် ဘဝတစ်လျှောက် မရေမတွက်နိုင်သော ဆုံးဖြတ်ချက်များကို ကျွန်တော်တို့ ချမှတ်ရကြောင်းရှင်းလင်းစွာ ဖော်ပြနေသည်။ အထူးသဖြင့် ကျွန်တော်တို့၏ ရွေးချယ်မှုများ၌ အကျိုးဆက်များရှိပြီး၊ ရွေးချယ်မှုအချို့သည် အခြားအရာများထက် ပိုအရေးကြီးကြောင်း ကျွန်ုပ်တို့ဆင်ခြင်မိသောအခါ ဆုံးဖြတ်ချက်အများအပြားသည် ရပ်တန့်သွားနိုင်သည်။

ကန္တာရထဲတွင် နှစ်ပေါင်း (၄၀) လှည့်လည်ပြီးနောက် ဣသရေလလူမျိုးတို့သည် သူတို့၏နေရာအသစ်သို့ အဝင်တံခါးဝတွင် ‌ရောက်နေခဲ့သည်။ ထိုနယ်မြေသို့ ဝင်ရောက်ပြီးနောက် သူတို့၏ခေါင်းဆောင် ယောရှုက စိန်ခေါ်မှုတစ်ခုကို ထုတ်ပြန်ခဲ့သည်။ “ထာဝရဘုရားကို ကြောက်ရွံ့၍ ကြည်ဖြူခြင်း၊ သစ္စာစောင့်ခြင်းနှင့်တကွ ဝတ်ပြုကြလော့” ဟု…

အမှားများမှ သင်ယူခြင်း

၁၉၂၉ ခုနှစ်နှင့် ၂၀၀၈ ခုနှစ်များတွင် ဖြစ်ပေါ်ခဲ့သော ကမ္ဘာ့စီးပွားပျက်ကပ်များကဲ့သို့၊ အနာဂတ်ငွေကြေးဆိုင်ရာ အကြပ်အတည်းများကို ရှောင်လွဲနိုင်ရန် စကော့တလန်နိုင်ငံ၊ အီဒင်ဘာ့ဂ်မြို့တွင် Library of Mistakes (ပြုလုပ်မိသောအမှားများ စာကြည့်တိုက်) အဖွဲ့ကြီး ကို တည်ထောင်ခဲ့သည်။ ထိုစာကြည့်တိုက်တွင် အနာဂတ် စီးပွားရေးပညာရှင်လောင်းများကို အသိပညာ၊ ဗဟုသုတ ပေးနိုင်ရန်အတွက် စာအုပ်အမျိုးအစားပေါင်း နှစ်ထောင်ကျော်ကို စုစည်းတင်ပြထားသည်။ စာကြည့်တိုက်မှူးများ၏အဆိုအရ ထက်မြက်သူများသည် မည်သို့ အမှားများကို လုပ်မြဲလုပ်တတ်ကြသည်ကို အဖိုးတန်သင်ခန်းစာဥပမာများ ထည့်သွင်းဖော်ပြထားသည်။ ခိုင်မာသောစီးပွားရေးကို တည်ဆောက်ရန် တစ်ခုတည်းသော နည်းလမ်းမှာ အတိတ်က အမှားများမှ သင်ခန်းစာယူခြင်းဖြစ်သည်ဟု စာကြည့်တိုက်မှူးများမှ ယုံကြည်ကြသည်။

စုံစမ်းခြင်းကို ရှောင်ကြဥ်နိုင်ရန်၊ ခိုင်မာသောဝိညာဥ်ရေးအသက်တာကို  တည်ဆောက်နိုင်ရန် တစ်ခုတည်းသောနည်းလမ်းမှာ အတိတ်က ဘုရားလူများ၏ အမှားများမှ သင်ခန်းစာယူခြင်းဖြစ်ကြောင်း ရှင်ပေါလုက ကောရိန္သုအသင်းသားများအား သတိ‌ပေးခဲ့သည်။ သူတို့သည် မိမိတို့၏ဝိညာဥ်ရေးရာ အခွင့်ထူးများအပေါ် ကိုယ့်ကိုယ်ကို အလွန်အကျူး…

သခင်ယေရှုအတွက် အခြားသူများကို အစေခံခြင်း

ရုပ်ရှင်မင်းသမီး Nichelle Nichols (နီရှဲလ်နီကိုးလ်စ်)သည် ‘Star Trek’ ရုပ်ရှင်စီးရီးတွင် ဗိုလ်ကြီး Uhura (အဟုရာ) အဖြစ် သရုပ်ဆောင်ရာမှ နာမည်ကြီးလာခဲ့သည်။ ထိုဇာတ်ကောင်သည် နီကိုးလ်စ် အတွက် ကိုယ်ပိုင်အောင်မြင်မှုဖြစ်ကာ နာမည်ကြီး တီဗီရှိုး၏ ပထမဆုံးသော အာဖရိကန်-အမေရိကန် အမျိုးသမီးများအနက် တစ်ဦးဖြစ်စေခဲ့သည်။ သို့သော် သာ၍ကြီးမားသော အောင်မြင်မှုက သူ့ထံရောက်လာဦးမည်။

စင်စစ် နီကိုးလ်စ် သည် သူမ၏ ပြဇာတ်အလုပ်ကို အာရုံစိုက်ရန် ‘Star Trek’ ပထမတွဲပြီးသည်နှင့် နှုတ်ထွက်ခဲ့သည်။သို့သော် Martin Luther King Jr. (မာတင်လူသာကင်းဂျူနီယာ)နှင့် သူမတွေ့ခဲ့ပြီး ကင်းက သူမအား မနှုတ်ထွက်ရန် တိုက်တွန်းခဲ့သည်။ ပထမဆုံးအကြိမ်အဖြစ် အာဖရိကန်-အမေရိကန်လူမျိုးများအား အာကာသသို့ပင် ရောက်နိုင်သည့်၊ ဘာမဆိုလုပ်နိုင်သည့် ထက်မြက်သောလူမျိုးများအဖြစ် တီဗီတွင် လူတို့တွေ့ရသောကြောင့်ဟု သူပြောခဲ့သည်။ ဗိုလ်ကြီး အဟုရာအဖြစ် သရုပ်ဆောင်ခြင်းသည် နီကိုးလ်စ် အတွက် သာ၍ကြီးသော အောင်မြင်မှုကို ရရှိစေပြီး…

ဘုရားသခင်၌ စေ့စေ့ မျက်မှောက်ပြုခြင်း

(၁၉) ရာစုနှစ်က စကော့တလန်လူမျိုး သင်းအုပ်ဆရာ Thomas Chalmers (သောမတ်စ်ချဲလ်မာစ်)က တစ်ကြိမ်တွင် ကုန်းမြင့်ပိုင်း၌ ချောက်ကမ်းပါးနှင့် ကပ်လျက် တောင်အစွန်းလမ်းကျဥ်း၌ မြင်းဆွဲရထားလုံးဖြင့် ခရီးသွားသည့် အကြောင်းကို ပြောပြသည်။ ထိုခရီး၌ သူ မချိမဆန့်ခံစားခဲ့ရသည်။ မြင်းတစ်ကောင်မှာ လန့်သွားသဖြင့် ရထားလုံးမောင်းသူက ရထားလုံးအောက်သို့ ထိုးကျကာ အားလုံးသေကုန်မှာကို ကြောက်ပြီး နှင်တံကို တစ်ခါပြီးတစ်ခါ ဝှေ့ယမ်းခဲ့သည်။ ထိုအန္တရာယ်မှ လွတ်မြောက်သွားသောအခါ ချဲလ်မာစ်က ရထားလုံးမောင်းသူအား အဘယ့်ကြောင့် အားနှင့် နှင်တံကို ဝှေ့ယမ်းရသနည်းဟု‌ မေးရာ၊ “မြင်းတွေရဲ့အာရုံကို ဖမ်းစားဖို့လိုတယ်လေ။ သူတို့ကျွန်တော့်ဆီ အာရုံရောက်နေဖို့လိုပါတယ်” ဟု အဖြေရခဲ့သည်။

ကျွန်ုပ်တို့ပတ်လည်၌ ခြိမ်းခြောက်မှုနှင့်အန္တရာယ်များ ပြည့်လျှံနေသည့်လောကကြီးတွင် ကျွန်ုပ်တို့အာရုံစိုက်ရမည့် အရာတစ်စုံတစ်ရာကို ကျွန်ုပ်တို့လိုအပ်သည်။ စိတ်အာရုံလွှဲရန် စိတ်ပိုင်းဆိုင်ရာလှည့်စားမှုထက် သာလွန်သည့်အရာကို ကျွန်ုပ်တို့လိုအပ်သည်။ ကျွန်ုပ်တို့၏စိုးကြောက်စိတ်များထက် အားကြီးသည့် အမှန်လက်တွေ့ကျသည့် အရာ၌ လုံးဝစိတ်နှစ်ကာ စူးစိုက်စွဲမြဲစွာ…

သခင်ယေရှု၌ ဇွဲကောင်းခြင်း

လွန်ခဲ့သည့်နှစ်များစွာက ကျွန်မကျမ်းစာကျောင်းတက်စဉ် အပတ်စဉ် ဝတ်ပြုစည်းဝေးကို တက်ကြရသည်။ တစ်ခုသောဝတ်ပြုချိန်တွင် ကျောင်းသားများက ‘Great Is the Lord’ (ကိုယ်တော်သည် ကြီးမြတ်တော်မူ) သီချင်းကို ကျူးဧနေစဉ် ‌ကျောင်းသားများချစ်သော ပါမောက္ခ သုံးဦးလည်း စိတ်အားထက်သန်စွာ လိုက်ပါဆိုနေသည်ကို ကျွန်မတွေ့လိုက်သည်။ သူတို့၏မျက်နှာထက်တွင် ဘုရားကို ယုံကြည်ခြင်းအားဖြင့် ရရှိလာသည့် ဝမ်းမြောက်မှုတို့ ဖြာထွက်နေသည်။ နှစ်များစွာ ကုန်လွန်ပြီးနောက် သူတို့တစ်ယောက်စီသည် ဆိုးရွားသော ဖျားနာမှုကို ခံစားနေရချိန်၌ ခံနိုင်ရည်ရှိပြီး အခြားသူများကို နှစ်သိမ့်ပေးနိုင်ခြင်းမှာ ထိုယုံကြည်ခြင်းကြောင့်ပင် ဖြစ်သည်။

ယနေ့ အမှုရေးများနှင့် ကျွန်မ ကြုံရချိန်တွင် ဆရာများ၏သီချင်းဆိုပုံ အမှတ်တရက ရှေ့ဆက်နိုင်ရန် တွန်းအားပေးသည်။ ကျွန်မအတွက် သူတို့သည် အတုယူဖွယ်ရာ ယုံကြည်ခြင်းနှင့်သာ ရှင်သန်ခဲ့သူအချို့ဖြစ်သည်။ ဟေဗြဲသြဝါဒစာ ၁၂:၂-၃ တွင် ဖော်ပြထားသကဲ့သို့ “မိမိရှေ့၌ထားသော ဝမ်းမြောက်ခြင်းအကြောင်းကြောင့် ရှက်ကြောက်သောအရာကို မမှတ်ဘဲ လက်ဝါးကပ်တိုင်၌ခံသော”…

ဘုရားသခင်၏အလုပ်သမား

အရှေ့အလယ်ပိုင်းဒေသရှိ ဒုက္ခသည်စခန်းတွင်နေထိုင်သော Reza (ရေဇာ)သည် ကျမ်းစာအုပ် တစ်အုပ်ရရှိပြီးနောက် ခရစ်တော်ကို သိပြီး ယုံကြည်လက်ခံလာခဲ့သည်။ သခင်ခရစ်တော်၏နာမကို အမှီပြုပြီး ပထမဆုံး သူဆုတောင်းခဲ့သည်မှာ “ကျွန်ုပ်ကို ကိုယ်တော့်၏ အလုပ်သမားအဖြစ် အသုံးပြုမူပါ” ဟူ၍ဖြစ်သည်။ စခန်းမှ သူထွက်ခွာပြီးနောက် သူ့ကို ဘုရားသခင် အဖြေပေးခဲ့သည်။ မမျှော်လင့်ဘဲ ဒုက္ခသည်များကို ကူညီပေးသည့် အဖွဲ့အစည်းနှင့် အတူတူအလုပ်လုပ်ခွင့်ရခဲ့ပြီး၊ စခန်းရှိ သူသိကျွမ်းသူ ချစ်ခင်ရသူများကို ပြန်လည်အစေခံခဲ့သည်။ အားကစားကလပ်များ၊ ဘာသာစကားသင်တန်းများ၊ “လူများကို တစ်စုံတစ်ရာ မျှော်လင့်ချက်ပေးနိုင်သည့်” ဥပဒေရေးရာ ဆွေးနွေးမှုတို့ကို သူတည်ထောင်ခဲ့သည်။ ၎င်းအစီအစဥ်များအားဖြင့် အခြားသူများကို အစေခံနိုင်ပြီး ဘုရား၏ဉာဏ်ပညာနှင့် ချစ်ခြင်းမေတ္တာကို ဝေမျှနိုင်သည်ဟု သူယုံကြည်သည်။

ကျမ်းစာဖတ်နေစဉ် ရေဇာ သည် ကမ္ဘာဦးကျမ်းမှ ယောသပ်နှင့် ဆက်နွယ်မှု တစ်ခုကို ခံစားခဲ့ရသည်။ ယောသပ်ထောင်ထဲ၌ ရှိနေချိန် ဘုရားသည် သူ၏အလုပ်များကို တိုး၍လုပ်ဆောင်ရန်…

ရိုးရှင်းသောတောင်းဆိုမှု

“သမီးအိပ်ရာမဝင်ခင် အရှေ့ခန်းကို ရှင်းပေးပါလား” ဟု ကျွန်တော့်သမီးတစ်ယောက်ကို ပြောလိုက်ရာ “သူကျတော့ ဘာလို့မလုပ်ရတာလဲ” ဟုချက်ခြင်းခွန်းတုံ့ပြန်ခဲ့သည်။

သမီးများ ငယ်ငယ်တုန်းက ထိုကဲ့သို့သော အတိုက်အခံမျိုး အိမ်၌ မကြာခဏ ဖြစ်လေ့ရှိသည်။ ကျွန်တော်၏တုံ့ပြန်မှုမှာလည်း အမြဲတမ်းအတူတူပင်။ “သမီးရဲ့ညီမတွေအတွက် ပူမနေနဲ့။ အဖေခိုင်းတာ သမီးကိုလေ” ဟူ၍ပင်။

ရှင်ယောဟန်ခရစ်ဝင် ၂၁ တွင် တပည့်တော်များကြား ထိုကဲ့သို့ လူသားဆန်သည့် ယိမ်းယိုင်မှုကို တွေ့မြင်ရသည်။ သခင်ယေရှုကို ပေတရုသုံးကြိမ်ငြင်းပယ်ပြီးနောက် သူ့ကို သခင်ပြန်လည်တည်ဆောက်ခဲ့သည် (ယော ၁၈:၁၅-၁၈၊ ၂၅-၂၇ ကိုရှု)။ ယခု သခင်က ပေတရုအား “ငါ့နောက်သို့လိုက်လော့”ဟု ရိုးရှင်းသော်လည်း နာကျင်ရသော အမိန့်ကို ပေးခဲ့သည် (၂၁:၁၉)။ ပေတရုသည် ကိုယ်‌တော်နောက်တော်သို့ သေသည်ထိ လိုက်လျှောက်ရမည်ဖြစ်ကြောင်း သခင်ယေရှု ရှင်းပြခဲ့သည် (:၁၈-၁၉)။

သူတို့နောက်ရှိ တပည့်တော်အား ရည်ညွှန်းလျက် “ဤသူ၌ အဘယ်သို့ဖြစ်ပါလိမ့်မည်နည်း”…

ဆုတောင်းရန်အတွက် ဖိတ်ခေါ်ခြင်း

Abraham Lincoln (အေဘရာဟမ် လင်ကွန်း)က မိတ်ဆွေတစ်ဦးအား “အကူအညီတောင်းဖို့ ဘယ်နေရာကိုမှ သွားစရာ မရှိတော့ဘူးဆိုတာ အသေအချာသိလိုက်ရလို့ ဒူးထောက်ပြီး ဆုတောင်းဖို့ ကျွန်ုပ် အကြိမ်ကြိမ် တွန်းပို့ခံခဲ့ရတယ်” ဟု ရင်ဖွင့်ခဲ့သည်။ ကြောက်မက်ဖွယ် အမေရိကန်ပြည်တွင်းစစ်ဖြစ်သည့် နှစ်များတွင် သမ္မတလင်ကွန်းသည် စိတ်အားထက်သန်စွာ ဆုတောင်းရုံသာမက တစ်နိုင်ငံလုံးကိုပါ သူနှင့် အတူဆုတောင်းခြင်း၌ ပါဝင်ရန် တောင်းဆိုခဲ့သည်။ ၁၈၆၁ ခုနှစ်တွင် သူသည် “နှိမ့်ချသောနေ့၊ ဆုတောင်းခြင်းနှင့် အစာရှောင်ခြင်းနေ့” ကို ကြေညာခဲ့သည်။ ၁၈၆၃ ခုနှစ်တွင် နောက်တစ်ကြိမ် ဤသို့ ထပ်မံလုပ်ဆောင်ခဲ့ပြီး “ဘုရားသခင်ရဲ့ အုပ်စိုးမှုအာဏာကို မှီခိုအားထားရန်မှာ တစ်မျိုးသားလုံးရဲ့ တာဝန်ဖြစ်တယ်။ စစ်မှန်တဲ့နောင်တတရားက ကရုဏာတော်နှင့် ခွင့်လွှတ်ခြင်းကို ခံစားရစေမှာဖြစ်တယ်ဆိုတာ သေချာတဲ့မျှော်လင့်ချက်နဲ့ မိမိတို့အပြစ်များနှင့် လွန်ကျူးမှုများကို နှိမ့်ချသော ဝမ်းနည်းကြေကွဲမှုဖြင့် ဝန်ခံရမှာ ဖြစ်တယ်” ဟု သူပြောခဲ့သည်။

ဣသရေလလူမျိုးတို့သည်…