ဘုရားသခင်၌ စေ့စေ့ မျက်မှောက်ပြုခြင်း
(၁၉) ရာစုနှစ်က စကော့တလန်လူမျိုး သင်းအုပ်ဆရာ Thomas Chalmers (သောမတ်စ်ချဲလ်မာစ်)က တစ်ကြိမ်တွင် ကုန်းမြင့်ပိုင်း၌ ချောက်ကမ်းပါးနှင့် ကပ်လျက် တောင်အစွန်းလမ်းကျဥ်း၌ မြင်းဆွဲရထားလုံးဖြင့် ခရီးသွားသည့် အကြောင်းကို ပြောပြသည်။ ထိုခရီး၌ သူ မချိမဆန့်ခံစားခဲ့ရသည်။ မြင်းတစ်ကောင်မှာ လန့်သွားသဖြင့် ရထားလုံးမောင်းသူက ရထားလုံးအောက်သို့ ထိုးကျကာ အားလုံးသေကုန်မှာကို ကြောက်ပြီး နှင်တံကို တစ်ခါပြီးတစ်ခါ ဝှေ့ယမ်းခဲ့သည်။ ထိုအန္တရာယ်မှ လွတ်မြောက်သွားသောအခါ ချဲလ်မာစ်က ရထားလုံးမောင်းသူအား အဘယ့်ကြောင့် အားနှင့် နှင်တံကို ဝှေ့ယမ်းရသနည်းဟု မေးရာ၊ “မြင်းတွေရဲ့အာရုံကို ဖမ်းစားဖို့လိုတယ်လေ။ သူတို့ကျွန်တော့်ဆီ အာရုံရောက်နေဖို့လိုပါတယ်” ဟု အဖြေရခဲ့သည်။
ကျွန်ုပ်တို့ပတ်လည်၌ ခြိမ်းခြောက်မှုနှင့်အန္တရာယ်များ ပြည့်လျှံနေသည့်လောကကြီးတွင် ကျွန်ုပ်တို့အာရုံစိုက်ရမည့် အရာတစ်စုံတစ်ရာကို ကျွန်ုပ်တို့လိုအပ်သည်။ စိတ်အာရုံလွှဲရန် စိတ်ပိုင်းဆိုင်ရာလှည့်စားမှုထက် သာလွန်သည့်အရာကို ကျွန်ုပ်တို့လိုအပ်သည်။ ကျွန်ုပ်တို့၏စိုးကြောက်စိတ်များထက် အားကြီးသည့် အမှန်လက်တွေ့ကျသည့် အရာ၌ လုံးဝစိတ်နှစ်ကာ စူးစိုက်စွဲမြဲစွာ…
သခင်ယေရှု၌ ဇွဲကောင်းခြင်း
လွန်ခဲ့သည့်နှစ်များစွာက ကျွန်မကျမ်းစာကျောင်းတက်စဉ် အပတ်စဉ် ဝတ်ပြုစည်းဝေးကို တက်ကြရသည်။ တစ်ခုသောဝတ်ပြုချိန်တွင် ကျောင်းသားများက ‘Great Is the Lord’ (ကိုယ်တော်သည် ကြီးမြတ်တော်မူ) သီချင်းကို ကျူးဧနေစဉ် ကျောင်းသားများချစ်သော ပါမောက္ခ သုံးဦးလည်း စိတ်အားထက်သန်စွာ လိုက်ပါဆိုနေသည်ကို ကျွန်မတွေ့လိုက်သည်။ သူတို့၏မျက်နှာထက်တွင် ဘုရားကို ယုံကြည်ခြင်းအားဖြင့် ရရှိလာသည့် ဝမ်းမြောက်မှုတို့ ဖြာထွက်နေသည်။ နှစ်များစွာ ကုန်လွန်ပြီးနောက် သူတို့တစ်ယောက်စီသည် ဆိုးရွားသော ဖျားနာမှုကို ခံစားနေရချိန်၌ ခံနိုင်ရည်ရှိပြီး အခြားသူများကို နှစ်သိမ့်ပေးနိုင်ခြင်းမှာ ထိုယုံကြည်ခြင်းကြောင့်ပင် ဖြစ်သည်။
ယနေ့ အမှုရေးများနှင့် ကျွန်မ ကြုံရချိန်တွင် ဆရာများ၏သီချင်းဆိုပုံ အမှတ်တရက ရှေ့ဆက်နိုင်ရန် တွန်းအားပေးသည်။ ကျွန်မအတွက် သူတို့သည် အတုယူဖွယ်ရာ ယုံကြည်ခြင်းနှင့်သာ ရှင်သန်ခဲ့သူအချို့ဖြစ်သည်။ ဟေဗြဲသြဝါဒစာ ၁၂:၂-၃ တွင် ဖော်ပြထားသကဲ့သို့ “မိမိရှေ့၌ထားသော ဝမ်းမြောက်ခြင်းအကြောင်းကြောင့် ရှက်ကြောက်သောအရာကို မမှတ်ဘဲ လက်ဝါးကပ်တိုင်၌ခံသော”…
ဘုရားသခင်၏အလုပ်သမား
အရှေ့အလယ်ပိုင်းဒေသရှိ ဒုက္ခသည်စခန်းတွင်နေထိုင်သော Reza (ရေဇာ)သည် ကျမ်းစာအုပ် တစ်အုပ်ရရှိပြီးနောက် ခရစ်တော်ကို သိပြီး ယုံကြည်လက်ခံလာခဲ့သည်။ သခင်ခရစ်တော်၏နာမကို အမှီပြုပြီး ပထမဆုံး သူဆုတောင်းခဲ့သည်မှာ “ကျွန်ုပ်ကို ကိုယ်တော့်၏ အလုပ်သမားအဖြစ် အသုံးပြုမူပါ” ဟူ၍ဖြစ်သည်။ စခန်းမှ သူထွက်ခွာပြီးနောက် သူ့ကို ဘုရားသခင် အဖြေပေးခဲ့သည်။ မမျှော်လင့်ဘဲ ဒုက္ခသည်များကို ကူညီပေးသည့် အဖွဲ့အစည်းနှင့် အတူတူအလုပ်လုပ်ခွင့်ရခဲ့ပြီး၊ စခန်းရှိ သူသိကျွမ်းသူ ချစ်ခင်ရသူများကို ပြန်လည်အစေခံခဲ့သည်။ အားကစားကလပ်များ၊ ဘာသာစကားသင်တန်းများ၊ “လူများကို တစ်စုံတစ်ရာ မျှော်လင့်ချက်ပေးနိုင်သည့်” ဥပဒေရေးရာ ဆွေးနွေးမှုတို့ကို သူတည်ထောင်ခဲ့သည်။ ၎င်းအစီအစဥ်များအားဖြင့် အခြားသူများကို အစေခံနိုင်ပြီး ဘုရား၏ဉာဏ်ပညာနှင့် ချစ်ခြင်းမေတ္တာကို ဝေမျှနိုင်သည်ဟု သူယုံကြည်သည်။
ကျမ်းစာဖတ်နေစဉ် ရေဇာ သည် ကမ္ဘာဦးကျမ်းမှ ယောသပ်နှင့် ဆက်နွယ်မှု တစ်ခုကို ခံစားခဲ့ရသည်။ ယောသပ်ထောင်ထဲ၌ ရှိနေချိန် ဘုရားသည် သူ၏အလုပ်များကို တိုး၍လုပ်ဆောင်ရန်…
ရိုးရှင်းသောတောင်းဆိုမှု
“သမီးအိပ်ရာမဝင်ခင် အရှေ့ခန်းကို ရှင်းပေးပါလား” ဟု ကျွန်တော့်သမီးတစ်ယောက်ကို ပြောလိုက်ရာ “သူကျတော့ ဘာလို့မလုပ်ရတာလဲ” ဟုချက်ခြင်းခွန်းတုံ့ပြန်ခဲ့သည်။
သမီးများ ငယ်ငယ်တုန်းက ထိုကဲ့သို့သော အတိုက်အခံမျိုး အိမ်၌ မကြာခဏ ဖြစ်လေ့ရှိသည်။ ကျွန်တော်၏တုံ့ပြန်မှုမှာလည်း အမြဲတမ်းအတူတူပင်။ “သမီးရဲ့ညီမတွေအတွက် ပူမနေနဲ့။ အဖေခိုင်းတာ သမီးကိုလေ” ဟူ၍ပင်။
ရှင်ယောဟန်ခရစ်ဝင် ၂၁ တွင် တပည့်တော်များကြား ထိုကဲ့သို့ လူသားဆန်သည့် ယိမ်းယိုင်မှုကို တွေ့မြင်ရသည်။ သခင်ယေရှုကို ပေတရုသုံးကြိမ်ငြင်းပယ်ပြီးနောက် သူ့ကို သခင်ပြန်လည်တည်ဆောက်ခဲ့သည် (ယော ၁၈:၁၅-၁၈၊ ၂၅-၂၇ ကိုရှု)။ ယခု သခင်က ပေတရုအား “ငါ့နောက်သို့လိုက်လော့”ဟု ရိုးရှင်းသော်လည်း နာကျင်ရသော အမိန့်ကို ပေးခဲ့သည် (၂၁:၁၉)။ ပေတရုသည် ကိုယ်တော်နောက်တော်သို့ သေသည်ထိ လိုက်လျှောက်ရမည်ဖြစ်ကြောင်း သခင်ယေရှု ရှင်းပြခဲ့သည် (:၁၈-၁၉)။
သူတို့နောက်ရှိ တပည့်တော်အား ရည်ညွှန်းလျက် “ဤသူ၌ အဘယ်သို့ဖြစ်ပါလိမ့်မည်နည်း”…
ဆုတောင်းရန်အတွက် ဖိတ်ခေါ်ခြင်း
Abraham Lincoln (အေဘရာဟမ် လင်ကွန်း)က မိတ်ဆွေတစ်ဦးအား “အကူအညီတောင်းဖို့ ဘယ်နေရာကိုမှ သွားစရာ မရှိတော့ဘူးဆိုတာ အသေအချာသိလိုက်ရလို့ ဒူးထောက်ပြီး ဆုတောင်းဖို့ ကျွန်ုပ် အကြိမ်ကြိမ် တွန်းပို့ခံခဲ့ရတယ်” ဟု ရင်ဖွင့်ခဲ့သည်။ ကြောက်မက်ဖွယ် အမေရိကန်ပြည်တွင်းစစ်ဖြစ်သည့် နှစ်များတွင် သမ္မတလင်ကွန်းသည် စိတ်အားထက်သန်စွာ ဆုတောင်းရုံသာမက တစ်နိုင်ငံလုံးကိုပါ သူနှင့် အတူဆုတောင်းခြင်း၌ ပါဝင်ရန် တောင်းဆိုခဲ့သည်။ ၁၈၆၁ ခုနှစ်တွင် သူသည် “နှိမ့်ချသောနေ့၊ ဆုတောင်းခြင်းနှင့် အစာရှောင်ခြင်းနေ့” ကို ကြေညာခဲ့သည်။ ၁၈၆၃ ခုနှစ်တွင် နောက်တစ်ကြိမ် ဤသို့ ထပ်မံလုပ်ဆောင်ခဲ့ပြီး “ဘုရားသခင်ရဲ့ အုပ်စိုးမှုအာဏာကို မှီခိုအားထားရန်မှာ တစ်မျိုးသားလုံးရဲ့ တာဝန်ဖြစ်တယ်။ စစ်မှန်တဲ့နောင်တတရားက ကရုဏာတော်နှင့် ခွင့်လွှတ်ခြင်းကို ခံစားရစေမှာဖြစ်တယ်ဆိုတာ သေချာတဲ့မျှော်လင့်ချက်နဲ့ မိမိတို့အပြစ်များနှင့် လွန်ကျူးမှုများကို နှိမ့်ချသော ဝမ်းနည်းကြေကွဲမှုဖြင့် ဝန်ခံရမှာ ဖြစ်တယ်” ဟု သူပြောခဲ့သည်။
ဣသရေလလူမျိုးတို့သည်…
ရေတွက်၍ မရနိုင်သော ချစ်ခြင်း
Elizabeth Barrett Browning (အဲလိဇဘတ် ဘာရက်ဘရောင်းနင်း)၏ ‘Sonnets from the Portuguese’ (၁၄ ကြောင်းစပ် ပေါ်တူဂီလင်္ကာများ) စာအုပ်ထဲမှ “ငါ မင်းကို ဘယ်လိုချစ်တာလဲ။ မင်းကို ချစ်တဲ့နည်းလမ်းတွေကို ရေတွက်ကြည့်ရအောင်” ဟူသည့်စကားလုံးများသည် အကျော်ကြားဆုံးသော အင်္ဂလိပ်ဘာသာကဗျာထဲမှ တစ်ခု ဖြစ်သည်။ ထိုကဗျာများသည် သူတို့လက်မထပ်မီက သူ့ချစ်သူ Robert Browning (ရောဘတ် ဘရောင်းနင်း) ထံသို့ သူရေးခဲ့ခြင်းဖြစ်ပြီး၊ သူ့ချစ်သူက ကြိုက်နှစ်သက်လွန်းသဖြင့် ကဗျာပေါင်းချုပ်ကို ထုတ်ဝေရန် သူမကို တိုက်တွန်းခဲ့သည်။ ထိုလင်္ကာများ၏ စကားအသုံးအနှုန်းများသည် အလွန်နူးညံ့သောကြောင့်၊ အဲလိဇဘက် က သူမ၏အတွင်းရေးကို လျို့ဝှက်ထားလိုသဖြင့် ပေါ်တူဂီစာရေးဆရာတစ်ယောက်ထံမှ ဘာသာပြန်ခဲ့သကဲ့သို့ ထုတ်ဝေခဲ့သည်။
အခြားသူကို ချစ်ကြောင်း ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ပြောရာတွင် တစ်ခါတစ်ရံ အဆင်မပြေတတ်ပါ။ ၎င်းနှင့်ဆန့်ကျင်ဘက်မှာ သမ္မာကျမ်းစာသည် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာအကြောင်း ဖော်ပြသည့်အခါ…
ကယ်တင်ရန် ဆန္ဒရှိသောသခင်
ညည့်နက်နက်တွင် ကားမောင်းနေစဉ် နီကိုးလပ်စ်သည် မီးလောင်နေသော အိမ်တစ်လုံးကို တွေ့လိုက်ရသည်။ သူသည် လမ်းဘေး၌ ကားရပ်ကာ မီးလောင်နေသော အိမ်ထဲသို့ ပြေးဝင်ပြီး ကလေး (၄) ဦးကို ဘေးလွတ်ရာသို့ ခေါ်ထုတ်ခဲ့သည်။ ဆယ်ကျော်သက်အရွယ် ကလေးထိန်းက အိမ်ထဲတွင် ကလေးတစ်ဦး ကျန်နေသေးကြောင်း သိလိုက်သောအခါ နီကိုးလပ်စ်ကို သူပြောပြခဲ့သည်။ မဆိုင်းမတွပင် သူသည် မီးလောင်နေသော အိမ်ထဲ ပြန်ဝင်သွားသည်။ ဒုတိယထပ်တွင် ခြောက်နှစ်အရွယ် မိန်းကလေးနှင့် နီကိုးလပ်စ်တို့ ပိတ်မိနေပြီး၊ သူက ပြတင်းပေါက်ကို ဖျက်ကာ၊ အခင်းဖြစ်ပွားရာသို့ အရေးပေါ်အဖွဲ့များ ရောက်ရှိလာချိန်တွင် ကလေးငယ်ကို ပွေ့ချီလျက် ဘေးကင်းရာသို့ ခုန်ချနိုင်ခဲ့သည်။ မိမိကိုယ်ထက် အခြားသူအတွက် ပူပန်လျက် ကလေးအားလုံးကို သူကယ်တင်ခဲ့သည်။
နီကိုးလပ်စ်သည် အခြားသူများအတွက် မိမိလုံခြုံမှုကို စတေးရန် ဝန်မလေးခဲ့ဘဲ သူရဲကောင်းဆန်စွာ သရုပ်ပြခဲ့သည်။ ဤအားကြီးသောမေတ္တာသည် အခြားသော ကယ်တင်ရှင်ဖြစ်သည့်၊ ကျွန်ုပ်တို့အား…
ဘုရားသခင် အသစ်ပြုပြင်ပေးရန် အချိန်တန်ပြီ
မိတ်ဆွေတစ်ဦးမှ စာနှင့်တွဲပို့လိုက်သည့်ဓာတ်ပုံများသည် အံ့မခန်းပင်။ သူ၏ဇနီးအတွက် အံ့အားသင့်ဖွယ်လက်ဆောင် ဓာတ်ပုံများတွင် ပြန်လည်ပြုပြင်ထားသော ၁၉၆၅ ခုနှစ်ထုတ် Ford Mustang ကားကြီးသည် တောက်ပလျက် အပြင်ပိုင်း နက်ပြာရောင်၊ လင်းလက်သော သံထည်အနားကွပ်များ၊ အတွင်းပိုင်း၌ အနက်ရောင်ဖြင့် ပြန်လည်ပြင်ဆင်ပြီး၊ အခြားအဆင့်မြင့်မွမ်းမံမှုများနှင့် ကိုက်ညီအောင် မော်တာတစ်လုံးဆင်ထားသည်။ ထိုကား၏ ဓါတ်ပုံ“ဟောင်း”မှာ မှုန်မှိုင်းဟောင်းနွမ်းပြီး အထင်ကြီးစရာမရှိသော ဝါကျင့်ကျင့်အရောင်နှင့် ဖြစ်သည်။ ကားအသစ်ဘဝတုန်းက ၎င်းသည် အမြင်ကို ဖမ်းစားနိုင်ခဲ့ပါလိမ့်မည်။ သို့သော် အချိန်တိုက်စားမှု၊ ယိုယွင်းပျက်စီးမှုနှင့် အခြားအကြောင်းများကြောင့် ၎င်းကို အသစ်ပြန်လည်ပြောင်းလဲရန် အချိန်တန်လေပြီ။
အသစ်ပြန်လည်ပြောင်းလဲရန်အတွက် အချိန်တန်ပါပြီ။ ဆာလံ ၈၀ တွင် ဘုရားသခင်၏လူမျိုးများ၏ အခြေအနေမှာ ထိုသို့ဖြစ်နေခဲ့ပြီး ထပ်တလဲလဲဆုတောင်းသောအချက်မှာ “အို ဘုရားသခင်၊ အကျွန်ုပ်တို့ကို ပြောင်းလဲစေ၍၊ မျက်နှာတော်အလင်းကို ပြတော်မူပါ။ သို့ပြုလျှင် အကျွန်ုပ်တို့သည် ကယ်တင်ခြင်းသို့ ရောက်ကြပါလိမ့်မည်” ဟူ၍ဖြစ်သည် (:၃၊…
မုရန်၏အဓိပ္ပာယ်
ယနေ့သည် “We Three Kings of Orient Are” (ကျွန်ုပ်တို့ အရှေ့ဖျားမှဘုရင်သုံးပါး) တေးသီချင်း၌စပ်ဆိုထားသော သူငယ်တော်ယေရှုထံ ပညာရှိများ လာရောက်ခြင်းကို ဂုဏ်ပြုသည့် ‘Epiphany’ ‘ဧဖိဖနေ’နေ့ဖြစ်သည်။ ထိုပညာရှိတို့သည် ဘုရင်များမဟုတ်၊ အရှေ့ဖျားမှလာကြခြင်းလည်း မဟုတ်သလို ထိုသူတို့သည်
သုံးဦးတည်း ဟုတ်ချင်မှလည်း ဟုတ်မည်။
သို့သော် လက်ဆောင် သုံးမျိုးပါလာကြပြီး၊ သီချင်းထဲတွင် လက်ဆောင်တစ်ခုချင်းစီအကြောင်း စပ်ဆိုထားသည်။ ဗက်လင်မြို့သို့ မာဂုပညာရှိများ ရောက်လာသောအခါ “မိမိတို့ ဘဏ္ဍာဥစ္စာတို့ကို ဖွင့်ပြီးမှ လောဗန်နှင့် မုရန် တည်းဟူသော နံ့သာမျိုးကို လည်းကောင်း၊ ရွှေကိုလည်းကောင်း ဆက်ကပ်ပူဇော်ကြ၏” (မ ၂:၁၁)။ လက်ဆောင်များသည် သခင်ယေရှု၏လုပ်ဆောင်ရမည့် သာသနာလုပ်ငန်းစဉ်များကို ကိုယ်စားပြုသည်။ ရွှေသည် ဘုရင်အဖြစ် သူ၏အခန်းကဏ္ဍကို ကိုယ်စားပြုသည်။ သန့်ရှင်းရာဌာန၌ မီးရှို့သော နံ့သာပေါင်းနှင့် ရောနှောထားသော လောဗန်သည် သူ၏ဘုရားဖြစ်ခြင်းကို ဖော်ပြနေသည်။ လူသေအလောင်းကို…
လမ်းဆုံလမ်းခွ၌ရှိသော ဘုရားသခင်
ရက်အတန်ကြာဖျားနာပြီးနောက် ကိုယ်ပူချိန်တစ်ရှိန်ထိုးမြင့်တက်လာသဖြင့် ကျွန်မ၏ ခင်ပွန်းသည် အရေးပေါ်ကုသပြုစုမှုခံရန် လိုအပ်လာသည်။ ဆေးရုံကလည်း သူ့ကို ချက်ချင်းဆေးရုံတက်ခွင့်ပြုလိုက်သည်။ နောက်တစ်နေ့တွင် တိုးတက်မှုရှိလာသော်လည်း ဆေးရုံမှဆင်းနိုင်သည့်အခြေအနေတော့ မရှိသေးပါ။ ခင်ပွန်းနှင့်အတူ ရှိနေပေးရမည်လား (သို့) လူများစွာနှင့် လုပ်ဆောင်ရမည့် စီမံချက်များစွာပါဝင်သည့် အရေးကြီးအလုပ်နှင့် ခရီးထွက်ရမည်လားဟု ရွေးချယ်ရန် ကျွန်မအခက်တွေ့ခဲ့ရပါသည်။ ကျွန်မ၏ခင်ပွန်းကတော့ သူနေကောင်းသွားမှာပါဟု အခိုင်အမာပြောပြီး အလုပ်ကို သွားလုပ်ရန်သာပြောသော်လည်း သူနှင့်အလုပ်ကြားတွင် ကျွန်မဗျာများစိတ်ပူပန်ခဲ့ရပါသည်။
ဘုရားလူများသည်လည်း ဘဝအတွက်ဆုံးဖြတ်ချက်ချရမည့် လမ်းဆုံလမ်းခွတွင် ကိုယ်တော်၏အကူအညီလိုအပ်ပါသည်။ သို့သော် ဘုရားသခင် ဖော်ပြညွန်ကြားချက်များကို လူတို့စိတ်မစွဲ၊ မလိုက်နာခြင်းက ဆိုးလှသည်။ ထို့ကြောင့် သခင်၏ပညတ်တော်များကို လိုက်နာခြင်းအားဖြင့် “အသက်”ကို ရွေးချယ်ရန် မောရှေက လူတို့အား မေတ္တာရပ်ခံခဲ့သည် (တရား ၃၀:၁၉)။ နောက်ပိုင်းတွင် ထိန်းကြောင်းရန်ခက်ခဲသော ဘုရားသခင်၏လူတို့အား ကိုယ်တော်၏လမ်း၌ လျှောက်လှမ်း လိုက်နာရန် ပရောဖက် ယေရမိက တိုက်တွန်းသွေးဆောင်ခဲ့သည်။ “လမ်းနားမှာ…