လ - ဇွန် 2020

ဘဝ၏မြန်ဆန်မှုများကို လမ်းညွှန်ခြင်း

လှေဉီးဆောင်သူမှ “ဘယ်ဘက်မှာရှိတဲ့သူအားလုံး အားပြင်းပြင်းနဲ့ အရှေ့ကို သုံးချက် လှော်ပါ” ဟုအော်ပြောလိုက်သည်။ ဘယ်ဘက်၌ရှိသူများက သူ‌ပြောသည့်အတိုင်း လုပ်ဆောင်ခြင်းဖြင့် ကျွန်ုပ်တို့၏လှေမှာ ဝဲကယက်နှင့်ဝေးရာသို့ လွတ်သွားခဲ့သည်။ ဉီးဆောင်သူ၏လမ်းညွှန်မှုကို နားထောင်ခြင်းသည် အရေးကြီးကြောင်း သင်ခန်းစာ ရခဲ့သည်။ သူ၏တည်ငြိမ်သောအသံသည် ရေစီးသန်သောမြစ်တွင် အလုံခြုံဆုံး သော လမ်းကြောင်းအတိုင်းသွားနိုင်ရန် လှေလှော်သည့်အတွေ့အကြုံ မဆိုစလောက် သာရှိသော လူ (၆) ယောက်ကို အတူလုပ်ဆောင်အောင်မြင်စေခဲ့သည်။

ဘဝ၌လည်း ရေစီးသန်သောမြစ်ကဲ့သို့ အလွန်လျင်မြန်သောအရာများ ရှိကြ သည် မဟုတ်ပါလား။ တစ်ချိန်တွင် ဖြောင့်ဖြူးစွာ ရွက်လွှင့်မည်။ ထို့နောက် လျှပ်တပြက်အတွင်း ဝဲကယက်ထဲ တဝဲလည်လည်မဖြစ်အောင် အသည်းအသန် လှော်ကောင်း လှော်နေရမည်။ ဤသို့ ပြင်းထန်သောအချိန်များက မုန်တိုင်းထန်ချိန်၌ ကျွန်ုပ်တို့ကိုကူညီပြီး လမ်းညွှန်ပေးမည့် ယုံကြည်စိတ်ချရသည့်အသံ၊ ကျွမ်းကျင် သော ဉီးဆောင်သူကို လိုအပ်ကြောင်း ပြင်းထန်စွာ သတိပေးနေသည်။

ဆာလံ ၃၂…

ရိုးရိုးလေးမေးပါ

ကွာနေသော မျက်ကြောလွှာကို ပြန်လည်ပြုပြင်ရန် မဖြစ်နိုင်ကြောင်း ဆရာဝန်က ပြောသည်။ သို့နှင့် မွန်တာနာ ပြည်နယ်မှ အမျိုးသမီးတစ်ဦးသည် အလင်းရောင်ကို မမြင်ရဘဲ (၁၅) နှစ်တိုင် မျက်မမြင်စာများကို လေ့လာ၊ ခွေးနှင့်လမ်းလျှောက်တုတ် အကူအညီသုံးလျက် နေထိုင်ခဲ့ပြီးနောက်၊ သူ၏ခင်ပွန်းက အခြားမျက်စိဆရာဝန် တစ်ဉီးအား "ကူညီနိုင်မလား” ဟုရိုးရှင်းသည့်မေးခွန်းကို မေးခဲ့သည့်အချိန်မှစ၍ သူမဘဝ ပြောင်းလဲခဲ့တော့သည်။ ကူညီနိုင်ခဲ့ပါသည်။ ထိုဆရာဝန်၏တွေ့ရှိချက် အရ သူမမျက်လုံးအခြေအနေသည် သာမန်ဖြစ်ပြီး ယာဘက်မျက်လုံးရှိ တိမ်များ ကို ဖယ်ရှားပေးခဲ့သည်။ နောက်နေ့ မျက်လုံးအကာကို ဖယ်လိုက်ချိန်တွင် သူမ၏ အမြင်သည် ၂၀/၂၀ ပုံမှန်ဖြစ်သည်။ ဘယ်ဘက်မျက်လုံးခွဲစိတ်မှုသည်လည်း တူညီသော အောင်မြင်မှုကို ရရှိခဲ့သည်။

မေးခွန်းရိုးရိုးလေးသည် နူနာစွဲနေသော ခွန်အားတန်ခိုးကြီးမားသည့် ဗိုလ်ချုပ်ကြီး နေမန်ဘဝကို ပြောင်းလဲပေးခဲ့သည်။ သို့သော် ပရောဖက်ဧလိရှဲက “သင်သည် သွား၍ ယော်ဒန်မြစ်၌ ခုနှစ်ကြိမ်တိုင်အောင် ရေချိုးလော့။…

ရွေးနှုတ်ခြင်း၏မျှော်လင့်ရာ

ထိုလူသည် ရွေးနှုတ်ကယ်တင်ခြင်းနှင့်မတန်ဟုထင်ရသည်။ သူ၏ပြစ်မှုများမှာ (လူ ၆ယောက်သေခဲ့သည့်) လူ ၈ ယောက်ကို သေနတ်ဖြင့်ပစ်ခြင်း၊ ၁၉၇၀ ခုနှစ် နယူးယောက်မြို့ အကြမ်းဖက်မှုတွင် ရှို့မီး ၁၅၀၀ နီးပါးကို စတင်ခြင်းတို့ ပါဝင်သည်။ သူက အမှုဖြစ်သည့်နေရာများတွင် ရဲများကိုခနဲ့သည့်စာများထားခဲ့ပြီး နောက်ဆုံး အဖမ်းခံခဲ့ရသည်။ လူသတ်မှုတစ်ခုလျှင် ၂၅ နှစ် ဆက်တိုက် ပြစ်ဒဏ်ပြန်ပေးဆပ်ရန် စီရင်ချက်ကျခဲ့သည်။

သို့သော် သူ့ထံသို့ ဘုရားသခင် ကြွရောက်ခဲ့သည်။ ယနေ့ သူသည် နေ့ရက်တိုင်း သမ္မာကျမ်းစာဖြင့်သာ အချိန်ကုန်နေသည့် ခရစ်တော်ကိုယုံကြည်သောသူ ဖြစ်လာ သည်။ သူ့ပြစ်မှု၏ဓားစာခံမိသားစုဝင်များကို အလွန်ဝမ်းနည်းကြောင်းဖော်ပြပြီး သူတို့အတွက် ဆက်ဆုတောင်းပေးသည်။ နှစ်ပေါင်း ၄၀ ကျော်မျှ ထောင်ကျခဲ့ပြီး ရွေးနှုတ်ကယ်တင်ခြင်းနှင့်မတန်ဟုထင်မှတ်ရလည်း ဤသူသည် ဘုရားသခင်ထံ၌ မျှော်လင့်ခြင်းကို ရှာတွေ့ခဲ့ပြီး၊ “ကျွန်ုပ်၏လွတ်မြောက်ခြင်းသည် ယေရှုဟူသော စကားတစ်လုံး၌သာ တွေ့ခဲ့တယ်” ဟု ပြောခဲ့သည်။…

ချစ်ခြင်းမေတ္တာကို လက်ဆင့်ကမ်းခြင်း

ကျွန်မ၏သမီးသည် နန်စီဒရူး ကို သဘောကျနှစ်သက်နေသည်။ လွန်ခဲ့သော သုံးပတ်က အမျိုးသမီးစုံထောက် နန်စီဒရူးဝတ္ထုများကို အနည်းဆုံး စာအုပ် တစ်ဒါဇင်ခန့် သူမဖတ်ခဲ့သည်။ စုံထောက်ဝတ္ထုများကို သူမနှစ်သက်သည်။ ကျွန်မလည်း နန်စီဒရူးကို ကြိုက်ပါသည်။ ၁၉၆၀ ခုနှစ်ခန့် ကျွန်မအမေ ဖတ်ခဲ့သော အဖုံးအပြာရောင်နှင့်စာအုပ်သည် ယခုထိတိုင် အိမ်က စာအုပ်စင်မှာ ရှိသေးသည်။

ဤနှစ်သက်မှုက လက်ဆင့်ကမ်းသွားနေခြင်းကို မြင်တွေ့ရ၍ "ကျွန်မသည် ​နောက်ထပ် ဘာတွေကိုများ လက်ဆင့်ကမ်းနေသလဲ"ဟု အတွေးဝင်မိသည်။ တိမောသေထံပေးပို့သော ဒုတိယစာစောင်တွင် တိမောသေအကြောင်းကို စဉ်းစား သောအခါ သူ၏အမေနှင့်အဖွား၌တည်သော “ယုံကြည်ခြင်းစစ်”ကို သတိရမိ ကြောင်း ရှင်ပေါလုရေးသားခဲ့သည်။ ကျွန်မသမီးသည် လျှို့ဝှက်သည်းဖိုစုံထောက် ဝတ္ထုများကို သဘောကျသလို အဘိုးအဘွားများကဲ့သို့အစေခံရန်၊ ဆုတောင်းရန်၊ “ယေရှုခရစ်၌ တည်သောအသက်ကို ပေးမည်ဟူသော ကတိတော်” (၂ တိ ၁:၁) ကို စွဲကိုင်ရန် စသည့်…

ထပ်မံခုန်လိုက်ပါ

၂၀၁၂ ခုနှစ်တွင် Philips, Craig နှင့် Dean သည် “Tell Your Heart to Beat Again” ဟူသည့် သူတို့၏သီချင်းကို ထုတ်လွှင့်ခဲ့သည်။ ထိုသီချင်းသည် နှလံုးခွဲစိတ် ဆရာဝန်တစ်ဉီး၏ဖြစ်ရပ်မှန်ကိုအခြေခံပြီး ရေးစပ်ထားသည်။ လူနာ၏နှလံုးကို ခွဲစိတ်ပြုပြင်ပြီးနောက် ခွဲစိတ်ဆရာဝန်သည် နှလံုးကို ရင်ဘတ်ထဲပြန်ထည့်ပြီး အသက်ပြန်ဝင်လာစေရန် ဖြေးညှင်းစွာ စတင်ဖိနှိပ်ပေးသည်။ သို့သော် နှလံုးသည် ပြန်လည်အလုပ်မလုပ်ပါ။ ပိုမို ပြင်းထန်စွာဖိနှိပ်ပေးပြီးနောက်တွင်လည်း နှလံုးသည် ပြန်လည်မခုန်သေးပါ။ နောက်ဆံုးတွင် ခွဲစိတ်ဆရာဝန်က သတိမေ့နေသောလူနာ အနီး၌ ဒူးထောက်လိုက်ပြီး သူမကို “မစ်ဂျွန်ဆင်၊ အခု မင်းကို ခွဲစိတ်ပေးတဲ့ ဆရာဝန် စကားပြောနေတာပါ။ ခွဲစိတ်မှု ကောင်းစွာ ပြီးဆံုးသွားပါပြီ။ မင်းရဲ့ နှလံုးသားကို လည်း ခွဲစိတ်ကုသပြီးပါပြီ။ အခု မင်းနှလံုးကို ခုန်ဖို့ပြောလိုက်ပါ” ဟု ပြောခဲ့သည်။ ထိုနောက်…