လ - နိုဝင်ဘာ 2021

ကျေးဇူးတင်တတ်သော စိတ်နှလုံးသား

ရှေးဟောင်းရောမခေတ်မှ ဒဿနိကပညာရှင် Seneca (စီနီကာ) (ဘီစီ ၄ ရာစု- အေဒီ ၆၅)အား ဧကရာဇ်မင်းကတော် Messalina (မက်စာလီနာ)က သူတစ်ပါးသားမယားကို ပြစ်မှားသည်ဟု စွပ်စွဲခဲ့သည်။ Seneca အား လွတ်တော်မှ သေဒဏ်ချမှတ်လိုက်ပြီးနောက် သူ့အပေါ်စွပ်စွဲမှုသည် မှားယွင်းမှုဟု ဧကရာဇ်မင်း Claudius (ကလောဒိယက်စ်)က သံသယရှိခြင်းကြောင့် သူ့ကို Corsica (ကော်စီကာ)နယ်သို့ပြည်နှင်ဒဏ်ပေးလိုက်သည်။ ဤပြစ်ဒဏ်က ကျေးဇူးတင်ခြင်းနှင့်ပတ်သက်သည့် Seneca ၏အမြင်ကို ပုံသွင်းခဲ့ခြင်း ဖြစ်ကောင်းဖြစ်မည်။ ထို့ကြောင့် သူက "လူသတ်သမား၊ မင်းဆိုး၊ သူခိုး၊ သူတစ်ပါးသားမယားပြစ်မှားသူ၊ ထားပြ၊ ဘုရားကိုပြစ်မှားသူ၊ သစ္စာဖောက် စသည်တို့က ရှိမြဲရှိနေမည်။ သို့သော် ဤပြစ်မှုများထက် ကျေးဇူးမတင်တတ်ခြင်းက အဆိုးဝါးဆုံးပြစ်မှုဖြစ်သည်" ဟု ရေးခဲ့သည်။

Seneca နှင့်ခေတ်ပြိုင်ပေါ်ထွန်းခဲ့သည့် တမန်တော်ရှင်ပေါလုက ယင်းကို သဘောတူကောင်းတူခဲ့လိမ့်မည်။ ရောမသြဝါဒစာ ၁:၂၁ တွင် လူသားတို့၏ပြိုလဲကျဆင်းမှု၏အဓိကတရားခံမှာ…

ဘုရားသခင်၏အလိုတော်

တစ်ခါတစ်ရံ၌ ဘုရားသခင်၏အလိုတော်ကိုလျှောက်လိုက်ရန် ခက်ပါသည်။ ကိုယ်တော်က ကျွန်ုပ်တို့ကို မှန်ရာကို လုပ်ရန်ပြောသည်။ ဆင်းရဲဒုက္ခကို မြည်တမ်းမှုမရှိဘဲ သည်းခံခိုင်းသည်။ ဂွကျလှသည့် လူများကို ချစ်ခိုင်းသည်။ "မလုပ်သင့်ဘူး" ဟုပြောသည့် အတွင်းမှအသံကို နားထောင်လိုက်နာရန်၊ မလိုက်လိုသည့်လမ်းကို လိုက်ရန်ပြောသည်။ ထို့ကြောင့် တစ်နေ့တာလုံးတွင် "အို ငါ့ဝိညာဥ်၊ နားထောင်ပါ။ ငြိမ်ဝပ်စွာနေပါ။ သခင်ယေရှု စေခိုင်းသည့်အရာကို ပြုပါ"ဟု ကျွန်ုပ်တို့ ကိုယ့်စိတ်ကိုယ်ကို သတိပေးမှဖြစ်ပါမည်။

"ငါ့ဝိညာဥ်သည် ဘုရားသခင်ရှေ့မှာ ငြိမ်ဝပ်စွာနေတတ်၏" ဟု ဆာ ၆၂:၁ နှင့် ၆၂:၅ တွင် တူညီစွာ ဖော်ပြထားသော်လည်း ခြားနားမှုရှိသည်။ ပထမတွင် ဒါဝိဒ်က သူ့စိတ်အကြောင်းကို ပြောနေခြင်းဖြစ်ပြီး၊ ဒုတိယတစ်ခေါက်တွင်မူ သူ့စိတ်ကို သူဆုံးမပြောဆို နေခြင်းဖြစ်သည်။အခန်းငယ် ၁ မှ"ငြိမ်ဝပ်စွာနေတတ်၏" ဟူသည့်အချက်မှာ သံန္နိဌာန်ချထားသည့် စိတ်ဆုံးဖြတ်ချက်ဖြစ်ပြီး အခန်းငယ် ၅ တွင် ထိုဆုံးဖြတ်ချက်ကိုသတိရရန်…

မျှော်လင့်ခြင်းကို မျှဝေခြင်း

ကျွန်မတို့၏စကားဝိုင်း၌ အဲမာက ဘုရားသားသမီးအနေဖြင့် သူမ၏ဖြစ်တည်မှုကို ကိုင်စွဲနိုင်အောင် ဘုရားရှင်မစခဲ့ပုံကို သက်သေခံရင်း ကျမ်းချက်များ ရွတ်ဆိုခဲ့သည်။ အထက်တန်းကျောင်းသူလေးက ကိုယ့်စကားကိုယ်မပြောဘဲ ဘုရားနှုတ်ကပတ်တော်ကို မည်သည့်အချိန်ကစ၍ ကိုးကားရွတ်ဆိုနိုင်သည်ကို ကျွန်မနားမလည်နိုင်ပါ။ လမ်းလျှောက်နေသည့် ကျမ်းစာအုပ်နှင့်တူသည်ဟု သူမကိုချီးမွမ်းလိုက်သောအခါ သူမ မျက်မှောက်ကြုံ့သွားသည်။ ကျမ်းစာကို တမင်သူရွတ်ဆိုနေခြင်း မဟုတ်ပါ။ သမ္မာကျမ်းစာကို နေ့စဥ်ဖတ်ရှုခြင်းမှ ရရှိခဲ့သည့်ပညာဉာဏ်က သူမ၏နေ့စဥ်အသက်တာ အပြောအဆို၏တစ်စိတ်တစ်ပိုင်း ဖြစ်နေခဲ့ခြင်းပါ။ ဘုရားရှင်၏အစဥ် တည်ရှိခြင်းမျက်မှောက်တော်ကို ဝမ်းမြောက်ခံစားလျက် အခြားသူများနှင့် သမ္မာတရားကိုမျှဝေရန် ရရှိသည့်အခွင့်အရေး၌ သူပျော်မွေ့သည်။ အခြားသူတို့အား ဆုတောင်းလျက် ကျမ်းစာဖတ်ရန်၊ အလွတ်ကျက်မှတ်ပြီး လက်တွေ့အသက်ရှင်အောင် နိုးဆော်ရန် ဘုရားရှင်အသုံးပြုသူလူငယ်မှာ အဲမာ ပထမဦးဆုံး မဟုတ်ပါ။

တိမောသေအား ဦးဆောင်မှု ခေါင်းဆောင်နေရာကိုခံယူရန် အားပေးခဲ့ချိန်က ဤလူငယ်လေးအပေါ် စိတ်ချယုံကြည်မှုကို တမန်တော်ရှင်ပေါလု ပြခဲ့သည် (၁ တိ ၄:၁၁-၁၆)။ တိမောသေသည် ငယ်စဥ်ကပင် ကျမ်းစာ၌အမြစ်စွဲသူ…

စစ်မှန်သောကိုးကွယ်ဝတ်ပြုသူများ

နောက်ဆုံးတွင် ဘုရားကျောင်းသို့သွားရန် အခွင့်ရခဲ့ပါပြီ။ ဘုရားကျောင်းအတွင်း မြေအောက်ခန်းအောက်ဆုံးရှိ ဂူသေးသေးလေးထိ သူမ ရောက်သွားသည်။ နေရာကျဥ်းကျဥ်းလေး၌ ဖယောင်းတိုင်အပြည့်ရှိနေပြီး ချိတ်ဆွဲထားသည့်မီးအိမ်လေး ကြောင့် ကြမ်းပြင်ထောင့်လေးလင်းနေသည်။ ထိုနေရာတွင် အချွန်အတက် ၁၄ ခုပါရှိသည့် ငွေရောင်ကြယ်ကြီးက နေရာယူထားသည်။ သမိုင်းအရ ခရစ်တော် ဖွားမြင်ခဲ့သည့်နေရာဟု ယူဆထားသည့်ဗက်လင်မြို့ရှိ ဖွားမြင်ခြင်းနိပတ်တော်ကို ခင်းကျင်းပြထားသည့်ဂူသို့ သူမ ရောက်ရှိခဲ့ခြင်းဖြစ်ပါသည်။ သိုသော် ဘုရားသခင်သည် ထိုနေရာထက် ကြီးမြတ်ကြောင်း သိရှိသောကြောင့် စာရေးဆရာမ Annie Dillard (အယ်နီဒီလတ်)သည် ထိုနေရာကို အထင်မကြီးမိပါ။

သို့သော် ထိုနေရာမျိုးသည် ကျွန်ုပ်တို့၏ယုံကြည်ခြင်းဇာတ်လမ်း၌ ကြီးမား သော ထူးခြားသက်ရောက်မှုကို ဖြစ်စေသည်။ သခင်ယေရှုနှင့် အမျိုးသမီးတစ်ဦးတို့ ရေတွင်းအနီးစကားပြောသည့်အဖြစ်အပျက်တွင် အခြားနေရာတစ်ခုကို ဖော်ပြ ထားသည်။ ထိုအမျိုးသမီး၏ဘိုးဘေးများ ကိုးကွယ်မှုပြုလေ့ရှိသည့်တောင်မှာ (ယော ၄:၂၀) ဂေရဇိမ်တောင်ကိုရည်ညွှန်းပါသည် (တရား ၁၁:၂၉)။ ယေရုရှလင် ၌…

လဘရာဒေါ ကောင်းကင်တမန်

၂၀၁၉ ခုနှစ်တွင် Cap Dashwood (ကက်ဒက်ရှ်ဝု)နှင့် သူ့အချစ်တော်ခွေးမည်းလေး Chaela (ခေးလာ)တို့ အမှုထူးတစ်ခုကို လုပ်ဆောင်နိုင်ခဲ့သည်။ ထိုအမှုမှာ နေ့စဥ်အဆက်မပြတ် တောင်တက်ပြီး ရက်ပေါင်း ၃၆၅ ရက်တွင် တောင်ထိပ်ပေါ် ရောက်ခဲ့ကြသည်။ ('Chae' မှာ ကွယ်လွန်သွားသော သူ့ယခင် လဘရာဒေါခွေး၏ အမည်ဖြစ်ပြီး 'la' မှာ 'Labrador angel' (လဘရာဒေါ ကောင်းကင်တမန်) ခွေးမျိုးအမည်၏ အစ စာလုံးဖြစ်သည်။

Dashwood ကိုယ်၌က စိတ်ဝင်စားဖွယ်ဇာတ်လမ်းရှိသည်။ အသက် ၁၆ နှစ်တွင် ဆိုးဝါးသောမိသားစုဘဝကြောင့် သူအိမ်မှထွက်ခွာခဲ့သည်။ အတိတ်၏ ဒဏ်ရာဟောင်းများက သူ့အား ကုစားနိုင်မည်ထင်သည့်အရာများကို ရှာဖွေစေခဲ့သည်။ "တစ်ခါတစ်လေ လူတွေကို စိတ်ပျက်စိတ်ကုန်သွားတဲ့အခါ အခြားအရာကိုပဲ အာရုံစိုက်လိုက်တော့တယ်" ဟု သူရှင်းပြသည်။ Dashwood အတွက် ထို"အခြားအရာ"က သူ့ဘဝ၏တစ်စိတ်တစ်ပိုင်းဖြစ်လာသည့် တောင်တက်ခြင်းနှင့် သူ့အဖော် လဘရာဒေါခွေးမည်းလေး၏…