လ - နိုဝင်ဘာ 2021

လှစ်ဟာနေသူကို ကိုယ်တော်ဖြည့်ဆည်းပေးသည်

မိမိကိုယ်ကိုနာကျင်စေတတ်သူများ ဝတ်လေ့ရှိသည့် တီရှပ်အင်္ကျီလက်ရှည်ကို လက်ပေါ်တစ်ဝက်တစ်ပျက် ခေါက်တင်ထားသည့် ၁၅ နှစ်အရွယ်မိန်းကလေး၏ "ခြစ်ရာဖုံးထားပုံ"ကို စိတ်ပညာရှင် Madeline Levine (မယ်ဒလင်းလာဗင်) သတိပြုမိခဲ့သည်။ အင်္ကျီလက်ကို သူဆွဲတင်လိုက်သောအခါ လက်ဖျံပေါ်တွင် "အနတ္တ"ဟူသောစာလုံးကို ဘလိတ်ဓားနှင့်ထွင်းထားသည်ကို တွေ့လိုက်ရ၍ Levine မှင်သက်သွားပြီး ဝမ်းနည်းသွားသော်လည်း ထိုဆယ်ကျော်သက်လေးသည် သူအလွန်အမင်း အလေးအနက် လိုအပ်နေသည့်အကူအညီကို ရယူရန် ပွင့်ပွင့်လင်းလင်းရှိသည့်အတွက် ကျေးဇူးတင်မိသည်။

ဆယ်ကျော်သက်မိန်းကလေးသည် နှလုံးသား၌ "အနတ္တ" ဟု ရေးထွင်းထား သူများကို တစ်နည်းနည်းဖြင့် ကိုယ်စားပြုနေသည်။ လစ်ဟာနေမှုများကို ဖြည့်ဆည်းပေးရန်နှင့် "ပြည့်စုံသော"အသက်ကို ပေးခြင်းငှာ ရှင်ယေရှု ကြွဆင်းလာကြောင်း ရှင်ယောဟန်က ရေးသားခဲ့သည် (ယော ၁၀:၁၀)။ လူသားတိုင်း၏စိတ်၌ ပြည့်စုံသောအသက်ကို ရရှိလိုသောဆန္ဒအား ဘုရားသခင်ပေးထားပြီး သူနှင့်နှစ်သက်ဖွယ်ဆက်ဆံရေးကို လူတို့တွေ့ကြုံခံစားရရန် ကိုယ်တော်အလိုရှိသည်။ သို့သော် ကိုယ်တော်က "သူခိုး"သည် လူ့အသက်ကို ရန်ရှာဖျက်ဆီးရန် လူများ၊…

သင်ရှေ့မဆက်နိုင်သည့်အခါ

၂၀၀၆ ခုနှစ်တွင် ကျွန်ုပ်ဖခင်သည် မှတ်ဉာဏ်ပျောက်၊ စကားမပြော၊ ခန္ဓာလှုပ်ရှားမှုကို မထိန်းချုပ်နိုင်သည့် ဉီးနှောက်အာရုံကြောဆိုင်ရာ ရောဂါဖြစ်နေပြီဟု စစ်ဆေးတွေ့ရှိခဲ့သည်။ ၂၀၁၁ ခုနှစ်တွင် အဖေအိပ်ယာထဲလဲပြီး အမေက သူ့ကို ပြုစုစောင့်ရှောက်ရသည်။ အဖေရောဂါဖြစ်စအချိန်က ဘဝ အမှောင်ကျလျက် ကျွန်ုပ်မှာ ကြောက်ရွံ့နေခဲ့သည်။ လူနာကို မည်သို့ပြုစုရမည်ကို ဘာတစ်ခုမှမသိ၊ ငွေရေးကြေးရေးနှင့် အမေ့ကျန်းမာရေးအတွက်လည်း စိတ်ပူခဲ့သည်။

ယေရမိမြည်တမ်းစကား ၃:၂၂ ပါ နှုတ်ကပတ်တော်သည် မှုန်ရီဝိုးတဝါးဖြစ်နေသည့် ကျွန်ုပ်၏နှလုံးသားကဲ့သို့ မှောင်နေသော မနက်ခင်းများစွာ၌ နှိုးထနိုင်ရန် မစခဲ့သည်။ "ထာဝရဘုရားသည် သနားတော်မူ၍ ကရုဏာတော်သည် မကုန်သောကြောင့် ငါတို့သည် ဆုံးရှုံးခြင်းသို့မရောက်ဘဲနေကြ၏။" ဟေဗြဲ ဝေါဟာရတွင် "ဆုံးရှုံးခြင်း"၏အဓိပ္ပာယ်မှာ "ဘာမှမကျန်အောင် ပြောင်သလင်းခါသည်" သို့မဟုတ် "အဆုံးသို့ရောက်သည်" ဟူ၍ဖြစ်သည်။

ကျွန်ုပ်တို့ရှေ့ဆက်နိုင်အောင်၊ တစ်နေ့တာကို ရင်ဆိုင်နိုင်အောင်၊ ခံရပ်နိုင်အောင် ဘုရားသခင်၏ကြီးမားမေတ္တာက မစသည်။ စစ်ကြောမှုများက လွှမ်းမိုးနေသည်ဟု ခံစားရနိုင်လည်း…

ဘုရားရှင်သည် ကျိုးပဲ့ကြေကွဲမှုများကို ကုသပေး၏

ကောလင်းနှင့် သူ့ဇနီး ဂျော်ဒန်တို့ လက်မှုပစ္စည်းစတိုးဆိုင်ထဲ လှည့်ပတ်ကြည့်ရင်း သူတို့အိမ်၌ချိတ်ဆွဲမည့် ပုံကားချပ်တစ်ချပ် ရှာနေကြသည်။ ကောလင်းက သူတို့နှင့်ကိုက်သည့်ပစ္စည်းတွေ့ပြီဟုအတွေးနှင့် ဂျော်ဒန်ကို လှမ်းခေါ်လိုက်သည်။ သူပြသည့် ကြွေထည်ပစ္စည်း၏ ညာဘက်ခြမ်းတွင် 'ကျေးဇူးတရား' ဟူသော စာလုံးပါရှိပြီး ဘယ်ဘက်ခြမ်းတွင်မူ အက်ကြောင်းရှည်နှစ်ခုရှိနေ၍ "ဒါက ကျိုးနေတာပဲ" ဟု ဂျော်ဒန်ကပြောပြီး စင်ပေါ်မှ အကောင်းတစ်ခုကို ရှာကြည့်လိုက်သည်။ ကောလင်းက "မဟုတ်ဘူး၊ ဒါကမှ အဓိကအချက်ပဲ။ ငါတို့တွေဟာ ကျိုးပဲ့ပျက်စီးနေပြီး အချိန်ကိုက်ကျေးဇူးတရားက ရောက်ရှိလာတာ"ဟု ပြောလိုက်သည်။ သို့နှင့် အက်ကြောင်းများရှိသည့် ကြွေထည်ကို ဝယ်ရန်သူတို့ဆုံးဖြတ်လိုက်သည်။ ငွေရှင်း ကောင်တာတွင် အရောင်းစာရေးက "အို အဲဒါကအက်နေတယ်"ဟု ပြောရာ "ဟုတ်တယ်၊ ငါတို့လည်း အဲလိုပဲလေ" ဟု ဂျော်ဒန်က တီးတိုးပြောလိုက်သည်။

"ကျိုးပဲ့ပျက်စီး"နေသူဆိုသည်မှာ မည်သည့်အဓိပ္ပာယ်နည်း။ လူတစ်ဦးက မည်မျှပင်ကြိုးစားကြိုးစား၊ မိမိ၏စွမ်းရည်ဖြင့် ဘဝအဆင်ပြေအောင် မလုပ်နိုင်ဘဲ ပိုမိုဆိုးရွားလာကြောင်းကို…

သဘောတူလက်ခံသည်

ကလေးတစ်ဉီးအနေနှင့် ထဲနီ သည် စိတ်ပိုင်းဆိုင်ရာ မလုံခြုံမှုကို ခံစားရသည်။ သူ့အဖေ၏လက်ခံမှုကို တောင်းခံသော်လည်း တစ်ခါမှ မရရှိခဲ့ပါ။ ကျောင်း၌ ဖြစ်စေ၊ အိမ်၌ဖြစ်စေ သူလုပ်ဆောင်သမျှက စိတ်တိုင်းမကျစရာ ဖြစ်နေပုံပေါ် နေသည်။ အရွယ်ရောက်လာသည့်တိုင် စိတ်မလုံခြုံမှုက ရှိနေဆဲဖြစ်သည်။ ငါကောင်းကောင်းမလုပ်နိုင်ဘူးလားဟု သူအမြဲ စဉ်းစားနေမိသည်။

ထဲနီသည် ရှင်ယေရှုကို သူ၏ကယ်တင်ပိုင်ရှင်အဖြစ် ယုံကြည်ခဲ့ချိန်တွင်မှ ကြာမြင့်စွာ သူတောင့်တခဲ့သည့် စိတ်လုံခြုံမှုနှင့် သူ့အားလက်ခံမှုကို သူတွေ့ရှိခဲ့သည်။ ဘုရားရှင်သည် သူ့ကိုဖန်ဆင်းပြီး သူ၏သားသမီးကဲ့သို့ သူ့ကိုချစ်မြတ်နိုးကြောင်း သူသိခဲ့ရပြီး နောက်ဆုံးတွင် သူသည် အမှန်တန်ဖိုးထား နှစ်သက်ခံရကြောင်း ယုံကြည်မှုရှိရှိဖြင့် နေထိုင်သွားနိုင်တော့သည်။

ဟေရှာယအနာဂတ္တိကျမ်း ၄၃:၁-၄ တွင် ဘုရားသခင်က သူရွေးကောက်သော လူမျိုးတော်အား သူတို့ကို ဖန်ဆင်းပြုပြင်လျက်၊ သူ၏တန်ခိုးတော်နှင့် မေတ္တာတော်ကို သုံးပြီး သူတို့ကိုကယ်တင်မည်၊ "သင်သည် ငါမြတ်နိုးရာ ဖြစ်သောကြောင့် အသရေရှိပြီ"ဟု မိန့်တော်မူသည်။…

ကျွန်ုပ်တို့၏စစ်မှန်သောဖြစ်တည်မှု

လူတစ်ဉီးသည် ငါးစာရောင်းသည့်ဆိုင်တွင် ငါးဖမ်းကိရိယာဘူးကို ပထမဆုံးရွေးလိုက်သည်။ ဈေးဝယ်တွန်းလှည်းထဲသို့ ငါးမျှားချိတ်၊ ငါးကိုဆွဲဆောင်သည့် ကိရိယာများ၊ ဘော့ဘာ၊ ငါးမျှားကြိုးနှင့် ခဲသီးများ ထည့်လိုက်သည်။ နောက်ဆုံး၌ သက်ရှိငါးစာ၊ ငါးမျှားတံအသစ်နှင့် ရစ်ကြိုးတို့ကို ထပ်ပေါင်းထည့်လိုက်သည်။ ဆိုင်ရှင်က "အရင်က ငါးမျှားဖူးလား" ဟုမေးရာ သူက "မမျှားဖူးဘူး" ဟုပြန်ဖြေသည်။ ဆိုင်ရှင်က "ဒါကိုထပ်ယူရင် ပိုကောင်းမယ်"ဟု ပြောသည်။ ရှေးဉီးသူနာပြုသေတ္တာ ဖြစ်သည်။ သူလည်း သဘောတူကာ ငွေရှင်းပြီး ထွက်လာခဲ့သည်။ ထိုနေ့က ငါးတစ်ကောင်မှမမိဘဲ ငါးမျှားချိတ်နှင့် ဂီယာတို့‌ကြောင့် သူ့လက်ချောင်းများ၌ ရှရာစုတ်ပြဲဒဏ်ရာများသာရခဲ့သည်။

ရှိမုန်ပေတရုအတွက် ၎င်းသည် ပြဿနာမဟုတ်ပါ။ သူ့လှေကိုရေနက်ရာသို့ ရွှေ့ပြီး "ပိုက်ကွန်ကိုချ၍ ငါးကိုအုပ်စမ်းလော့" (လု ၅:၄) ဟု ရှင်ယေရှုပြောလိုက်သည့် စကားကြောင့် အတွေ့အကြုံရင့်ကျက်သည့် တံငါသည်ရှိမုန်မှာ အံ့အားသင့်သွားရသည်။ တစ်ညလုံး ငါးတစ်ကောင်မျှမမိသော်လည်း ရှိမုန်နှင့် သူ့အပေါင်းအဖော်တို့ ပိုက်ကွန်ကိုချလိုက်ရာ…