လ - နိုဝင်ဘာ 2022

တည်မြဲသောမျှော်လင့်ခြင်း

ဆရာဝန်များက (၄) နှစ်သားလေး ဆော်လမွန်တွင် ကြွက်သားများ တဖြည်းဖြည်း ကြုံလှီလာသည့် Duchenne (ဓူးရှန်)ရောဂါကို ရှာဖွေတွေ့ရှိခဲ့သည်။ တစ်နှစ်အကြာ တွင် ဆရာဝန်များက မိသားစုနှင့် ဘီးတပ်ကုလားထိုင်သုံးရမည့်ကိစ္စကို ဆွေးနွေးခဲ့ကြသည်။ သို့သော် ဆော်လမွန်က ၎င်းကို အသုံးမပြုလိုဟု ကန့်ကွက်ခဲ့သည်။ မိသားစုနှင့် သူငယ်ချင်းများက သူ့အတွက် ဆုတောင်းပြီး ဘီးတပ်ကုလားထိုင်မလိုအောင် ကူညီပေးမည့် ကျွမ်းကျင်စွာ လေ့ကျင့်ထားသော ဝန်ဆောင်မှုပေးသည့် ခွေးတစ်ကောင်ရရှိရန် တတ်နိုင်သမျှ ရန်ပုံငွေ ရှာဖွေခဲ့သည်။ ကျွန်မကိုဝန်ဆောင်မှုပေးသည့် ခွေးလေး Callie (ခယ်လီ)ကို လေ့ကျင့်ပေးသော အဖွဲ့အစည်းဖြစ်သည့် ‘Tails for Life’ (အသက်အတွက်အမြီးများ)သည် လက်ရှိတွင် ဆော်လမွန်ကို ကူညီရန်အတွက် ခွေးလေး Waffles (ဝါဖလ်) ကို ပြင်ဆင်လေ့ကျင့်ပေးနေပါသည်။

ဆော်လမွန်သည် ကုသမှုကိုလက်ခံကာ မကြာခဏဆိုသလို ဘုရားသခင်ကိုချီးမွမ်းသီချင်းဆိုသော်လည်း အချို့သောနေ့ရက်များက သူ့အတွက် ပိုခက်ခဲသည်။ ထိုခက်ခဲသောနေ့များတွင်…

မျှော်လင့်ချက်များနှင့် ဆန္ဒများ

ကျွန်မ အင်္ဂလန်သို့ ပြောင်းလာသည့်အခါ အမေရိကန်ဓလေ့ ‘ကျေးဇူးတော်ချီးမွမ်းခြင်း’အားလပ်ရက်သည် နိုဝင်ဘာလ၏ ကြာသပတေးနေ့တစ်နေ့မျှသာ ဖြစ်လာသည်။ စနေတနင်္ဂနွေပိတ်ရက်တွင်မှ စားသောက်ပွဲကိုပြုလုပ်ခဲ့သော်လည်း ထိုနေ့တွင် မိသားစုနှင့်အတူ၊ သူငယ်ချင်းများနှင့်အတူ ရှိချင်ခဲ့သည်။ ကျွန်မဆန္ဒများသည် ကျွန်မအတွက် တစ်မူထူးနေခြင်း မဟုတ်သည်ကို ကျွန်မနားလည်သည်။ ကျွန်မတို့အားလုံးသည် အထူးပွဲတော်များနှင့် အားလပ်ရက်များတွင် မိမိချစ်ခင်ရသူများနှင့် အတူရှိချင်ကြသည်။ စားသောက်ပွဲဆင်နွှဲနေချိန်တွင်ပင် မိမိနှင့်အတူ မပါဝင်နိုင်သူကို လွမ်းဆွတ်တတ်သကဲ့သို့ ပြိုကွဲနေသောမိသားစုများလည်း ငြိမ်းချမ်းပါစေဟု ဆုတောင်းပေးတတ်ကြသည်။

ဤအချိန်အတောအတွင်း၊ ဆုတောင်းခြင်းနှင့် “မျှော်လင့်သောအရာသည် ဖင့်နွှဲလျှင် စိတ်နှလုံးကို ပူပန်စေတတ်၏။ အလိုပြည့်စုံသောအခါမူကား အသက်ပင်ဖြစ်၏” (သု ၁၃:၁၂) ဟူသည့် ရှောလမုန်မင်းကြီး၏သုတ္တံစကား အပါအဝင် သမ္မာ ကျမ်းစာ၏ဉာဏ်ပညာကို တွေးတောဆင်ခြင်ခြင်းက ကျွန်မအတွက်ခွန်အား ဖြစ်ခဲ့သည်။ ဤသုတ္တံကျမ်းတွင် ရှောလမုန်ဝေမျှသည့် အမြော်အမြင်မှာ “မျှော်လင့်သောအရာဖင့်နွှဲခြင်း”ကြောင့် ဖြစ်နိုင်ခြေသက်ရောက်မှုနှင့် အလွန်တောင့်တသောအရာကို မရဘဲ နှောင့်နှေးခြင်းသည် ဒေါသနှင့်နာကျင်ခြင်းတို့ကို ဖြစ်စေနိုင်ခြင်း ဟူသည့်အနှစ်ချုပ်ကို…

ဘုရားသခင်၌ ကျွန်ုပ်တို့၏အနာဂတ်ကို ပုံအပ်ခြင်း

၂၀၁၀ ခုနှစ်တွင် Laszlo Hanyecz (လက်ဇလို ဟန်ရက်ချ်)သည် (တစ်ပြား ၏တစ်စိတ်တစ်ပိုင်း တန်ဖိုးရှိသော ဒစ်ဂျစ်တယ်ငွေကြေး) bitcoin (ဘစ်ကွိုင်) ဖြင့် ပထမဆုံး စျေးဝယ်ခဲ့ပြီး (၂၅) ဒေါ်လာတန် ပီဇာနှစ်ခုအတွက် ဘစ်ကွိုင် ၁၀,၀၀၀ ပေးချေခဲ့သည်။ ၂၀၂၁ ခုနှစ်တွင်၊ တစ်နှစ်တာအတွင်း ၎င်း၏အမြင့်ဆုံးတန်ဖိုးဖြင့်၊ ထိုဘစ်ကွိုင်များသည် ဒေါ်လာ သန်း (၅၀၀) ကျော် တန်ဖိုးရှိမည်ဖြစ်သည်။ တန်ဖိုး တစ်ဟုန်ထိုးတက်မလာမီ သူသည် ပီဇာဖိုးကို အကြွေစေ့များဖြင့် ဆက်လက်ပေးချေခဲ့ပြီး ဘစ်ကွိုင် စုစုပေါင်း ၁၀၀,၀၀၀ သုံးခဲ့သည်။ အကယ်၍ အဆိုပါ ဘစ်ကွိုင်များကို သူသိမ်းဆည်းထားမည်ဆိုပါက ၎င်းတို့၏တန်ဖိုးသည် သူ့ကို ဘီလျံနာ (၆၈) ကြိမ်မက ဖြစ်လာစေပြီး၊ Forbes (ဖော့ဘ်စ်) ဝဘ်ဆိုဒ် ၏ “ကမ္ဘာ့အချမ်းသာဆုံးလူများ” စာရင်းတွင် သူပါဝင်လာမည်ဖြစ်သည်။ ဖြစ်လာမည့်အရာကို သူသိခဲ့မည်…

လက်တွေ့လုပ်ဆောင်သော ယုံကြည်မှု

၂၀၂၁ ခုနှစ် ဇွန်လညနေခင်း၌ လေဆင်နှာမောင်း တိုက်ခတ်ခဲ့ပြီး ရပ်ကွက်တစ်ခုတွင် မိသားစုတစ်စု၏စပါးကျီကြီး ပျက်စီးသွားသည်။ စပါးကျီသည် ၁၈၀၀ ခုနှစ်နှောင်းပိုင်းကတည်းက မိသားစုပိုင်စည်းစိမ်ဖြစ်သောကြောင့် ဝမ်းနည်းဖွယ် ဆုံးရှုံးမှုတစ်ခုဖြစ်သည်။ နောက်တစ်နေ့နံနက်တွင် ဂျွန် နှင့် ဘာဘ် တို့သည် ဘုရားကျောင်းသို့ သွားရန်ကားမောင်းလာရင်း အပျက်အစီးများကိုမြင်ပြီး မည်သို့ကူညီရမည်နည်း ဟု တွေးလျက် ကားရပ်ပြီး စနည်းနာကြည့်ရာ၊ အပျက်အစီးများကို ရှင်းလင်းရန် အကူအညီလိုနေကြောင်း သိရှိခဲ့သည်။ သို့နှင့် ကားကိုပြန်လှည့်ကာ အိမ်ပြန်အဝတ် အစားလဲပြီး မုန်တိုင်းကြောင့် ဖြစ်ပေါ်ခဲ့သော အမှိုက်သရိုက်များကို ကူညီရှင်းလင်းပေးရန်အတွက် တစ်နေ့တာအချိန်ပေးခဲ့ကြသည်။ ထိုမိသားစုကို အကူအညီပေးခြင်းဖြင့် သူတို့၏ယုံကြည်ခြင်းကို သူတို့လက်တွေ့ အကောင်အထည်ဖော်ခဲ့သည်။

“အကျင့်နှင့်ကင်းသော ယုံကြည်ခြင်းသည် အသေဖြစ်၏” (ယာ ၂:၂၆) ဟု ရှင်ယာကုပ် ပြောခဲ့သည်။ သူက မည်သည့်နေရာသို့သွားနေမှန်း မသိသော် လည်း နာခံမှုဖြင့် ဘုရားသခင်နောက်သို့လိုက်သူ အာဗြဟံအား…

နောက်ပြန်ဖတ်ရှုခြင်း

လျှို့ဝှက်ဆန်းကြယ်ဝတ္ထု၏ နောက်ဆုံးအခန်းကို ဦးစွာဖတ်ရှုခြင်းသည် ဇာတ်လမ်းကောင်းတစ်ပုဒ်၏ သည်းထိတ်ရင်ဖိုဖြစ်ခြင်းကို နှစ်သက်သူများအတွက် ဆိုးရွားသောစိတ်ကူးဖြစ်သည်။ သို့သော် အချို့လူတို့သည် စာအုပ်တစ်အုပ်၏ အဆုံးသတ်ကိုသိပါက ထိုစာအုပ်ကိုဖတ်ရသည်ကို ပိုပြီးနှစ်သက်ကြသည်။

စာရေးဆရာ Richard Hays (ရစ်ချက်ဟေးစ်)က ‘Reading Backwards’ (နောက်ပြန်ဖတ်ရှုခြင်း) စာအုပ်တွင် ကျွန်ုပ်တို့ သမ္မာကျမ်းစာကို နားလည်ရေးအတွက် ထိုသို့ဖတ်ရှုခြင်းက မည်မျှအရေးကြီးသော အလေ့အကျင့်ဖြစ်ကြောင်း ဖော်ပြထားသည်။ ကျမ်းစာ၌ပါရှိသော အဖြစ်အပျက်များနှင့် ဖွင့်ပြသောစကားလုံးများက ကျမ်းစာ၏ မျှော်မှန်းချက်နှင့် ထင်ဟပ်ချက်တို့ကို အပြန်အလှန် ရှင်းလင်းဖော်ပြပေးကြောင်းကို သရုပ်ဖော်လျက် ပါမောက္ခဟေးစ်က ကျမ်းစာကို ရှေ့ပြန်နောက်ပြန်ဖတ်ရှုသင့်ကြောင်း ကြောင်းကျိုးပြဆင်ခြင်စေသည်။

ဖျက်ဆီးခံခဲ့ရသော ဗိမာန်တော်ကို သုံးရက်အတွင်း ပြန်လည်တည်ဆောက်ရန် သခင်ယေရှု ပြောခဲ့ခြင်းကို သခင်ထမြောက်ပြီးမှသာ တပည့်တော်တို့နားလည်ကြကြောင်း ဟေးစ်က စာဖတ်သူများကို သတိပေးသည်။ “မိမိကိုယ်တည်းဟူသော ဗိမာန်ကိုအမှတ်ပြု၍ မိန့်တော်မူ၏” (ယော ၂:၂၁)ဟု ရှင်ယောဟန် ဆိုသည်။ ယခင်က…