လ - ဒီဇင်ဘာ 2022

အောင်မြင်စွာ ပန်းဝင်ခြင်း

Man Kaur (မန်ခူဝါ) ဟုခေါ်သော အမျိုးသမီးသည် အသက် (၁၀၃) နှစ်အရွယ်တွင် ၂၀၁၉ ခုနှစ်၊ ပိုလန်နိုင်ငံ ကမ္ဘာ့အထက်တန်းအဆင့် အားကစားပြိုင်ပွဲ၌ အိန္ဒိယနိုင်ငံမှအသက်အကြီးဆုံး အမျိုးသမီးအားကစားသမားအဖြစ် ပါဝင်ယှဉ်ပြိုင် ခဲ့သည်။ အံ့ဩဖွယ်ရာပင် မန်ခူဝါသည် ပြိုင်ပွဲ (၄) ခု (လှံပစ်၊ သံလုံးပစ်၊ မီတာ-၆၀နှင့် မီတာ-၂၀၀ အပြေးပြိုင်ပွဲ)တွင် ရွှေတံဆိပ်ဆုများရရှိခဲ့သည်။ သို့သော် အံ့ဩဖွယ်အကောင်းဆုံးမှာ သူမသည် ၂၀၁၇ ခုနှစ်ပြိုင်ပွဲကထက် ပိုမြန်အောင်ပြေးခဲ့ခြင်းဖြစ်သည်။ မြစ်ချီနေရပြီဖြစ်ပြီး အသက် (၁၀၀) ကျော်အောင်နေရပြီဖြစ်သော သူမသည် ဘဝပြေးပွဲတွင် မည်သို့အောင်မြင်စွာ ပန်းဝင်ရမည်ကို ပြသခဲ့သည်။

တမန်တော်ရှင်ပေါလုက သူသည် သူ့ဘဝနိဂုံးသို့ ချဉ်းကပ်လာကြောင်း “စုတေသောအချိန် ရောက်လေပြီ” (၂ တိ ၄:၆) ဟု တပည့်တော်ငယ် တိမောသေထံသို့ စာရေးသားခဲ့သည်။ သူ့ဘဝကို ပြန်လည်ဆင်ခြင်၍ သူသည် ဘဝကို…

ပရမ်းပတာကြားမှကျေးဇူးတော်

ကျွန်တော်ငိုက်လာသောကြောင့် မှေးကနဲအိပ်ပျော်သွားသည်။ မြေအောက်ခန်းမှနေ၍ ကျွန်တော့်သားသည် သူ၏လျှပ်စစ်ဂီတာကို စတင်တီးခတ်သည်။ နံရံများတုန်ခါနေသည်။ ငြိမ်သက်တိတ်ဆိတ်မှုမရှိ။ အိပ်မပျော်နိုင်ပါ။ ခဏအကြာတွင် အခြားဂီတသံတစ်ခုကို ကြားလိုက်ရသည်။ ကျွန်တော့်သမီးက “အံ့ဩဖွယ် ကျေးဇူးတော်” သီချင်းအား စန္ဒရားနှင့်တီးခတ်နေသည်။

ပုံမှန်အားဖြင့် ကျွန်တော့သားဂစ်တာတီးခြင်းကို ကျွန်တော်သဘောကျသည်။ သို့သော် ထိုအခိုက်အတန့်တွင် ၎င်းအသံသည် ကျွန်တော့်နား၌ ကန့်လန့်ဖြစ်၍ နေမထိထိုင်မသာဖြစ်ခဲ့ရသည်။ တစ်ပြိုင်တည်းတွင် ရင်းနှီးနေကျ John Newton (ဂျွန်နျူတန်)၏ ဓမ္မသီချင်းတီးလုံးများက ပရမ်းပတာအခြေအနေတွင် ကျေးဇူးတော်သည် တောက်ပနေကြောင်းကို ကျွန်တော့်အား သတိပေးခဲ့သည်။ နိဒါန်းမချီဘဲ ဝင်ရောက်လာသော ဘဝမုန်တိုင်းများက မည်မျှပင် ကျယ်လောင်ကာ မလိုလားစရာကောင်းနေစေကာမူ ဘုရားသခင်၏တီးလုံးများသည် ရှင်းလင်းစွာ၊ မှန်ကန်စွာ မြည်နေ၍ ကျွန်တော်တို့အပေါ် ဘုရားသခင် ကြည့်ရှုစောင့်ရှောက်နေကြောင်းကို သတိပေးနေပါသည်။

ဤအဖြစ်မျိုးကို သမ္မာကျမ်းစာထဲတွင် တွေ့နိုင်ပါသည်။ ဆာလံကျမ်း ၁၀၇: ၂၃-၃၂ တွင် သင်္ဘောသားများသည် သူတို့ကို…

ရှိသည်အတိုင်း

အမျိုးသမီးငယ်လေးသည် အိပ်မပျော်နိုင်ပါ။ မသန်စွမ်းဖြစ်သော သူမသည် မနက်ဖြန် ဘုရားကျောင်းဈေးရောင်းပွဲတွင် အဆင့်မြင့်ပညာရေးသင်ယူနိုင်ရေးအလှူငွေရံပုံငွေရှာရမည်ဖြစ်၍ အများ၏အာရုံစိုက်မှုခံရဦးမည် ဖြစ်သည်။ “ငါနဲ့မှမထိုက်တန်တာ” ဟု Charlotte Elliott (ရှားလတ်အဲလိယက်) ဆင်ခြင်ပေးနေမိသည်။ သူမသည် လူးလိမ့်ရင်း သူမ၏သင့်လျော်သောအရည်အချင်းကို သံသယဖြစ်မိကာ သူမ၏ဝိညာဉ်ရေးအသက်တာအား ရှုထောင့်စုံမှမေးခွန်းထုတ်နေသည်။ နောက်တစ်နေ့ကူးသည်အထိ သူမသည် ဂနာမငြိမ်ဖြစ်လျက် စားပွဲသို့သွားပြီး ဖောင်တိန်နှင့်စာရွက်ကိုယူကာ ယခုအချိန်တွင် ဂန္တဝင်ဓမ္မသီချင်းဖြစ်လာသည့် “ရှိသည်အတိုင်း” ဟုအစချီသည့်စာသားများကို ရေးချလိုက်သည်။

“ရှိသည်အတိုင်း ကုသိုလ်မရှိ၊ ပြစ်မှားသူဖို့ သွေးတော်သွန်းပြီ။ ကျွန်ုပ်ကိုလည်း ခေါ်တော်မူ၏။ ချဥ်းကပ်ပါ၏ သိုးငယ်ဘုရား။”

၁၈၃၅ ခုနှစ်က ရေးသားခဲ့သည့် သူမ၏စာသားများသည် သခင်ယေရှုက အမှုတော်ထမ်းရွက်ရန် သူ၏တပည့်တော်များအား မည်ကဲ့သို့ ခေါ်ယူခဲ့ကြောင်း ပြသနေသည်။ သူတို့အဆင်သင့်ဖြစ်နေသောကြောင့် မဟုတ်ပါ။ သူတို့ အဆင်သင့် ဖြစ်မနေပါ။ သို့သော် သူတို့၏အရှိကို အရှိအတိုင်း သခင်ယေရှုက သူတို့ကို ခန့်အပ်သောကြောင့်ဖြစ်သည်။…

လုပ်ဆောင်ပြုလေသမျှ၌

“ငါအကျိုးအမြတ်ရပြီး ငါ့လောဘကို ဖြည့်ဆည်းနိုင်ရင် တော်ပြီ။ ငါ့အိမ်နီးချင်းအကြောင်း ငါဘာမှဂရုမစိုက်’ ဟူသည့် ဆိုရိုးမှာ ကုန်သည်များ တူညီစွာခံယူထားသော ၎င်းတို့၏စည်းမျဥ်းစံဖြစ်သည်”ဟု Martin Luther (မာတင်လူသာ)က ၁၅၂၄ ခုနှစ်တွင် ဆိုခဲ့သည်။ အနှစ် (၂၀၀) ကျော်ကြာပြီးသောအခါ အမေရိကန်နိုင်ငံ၊ နယူးဂျာစီပြည်နယ်၊ မောင့်ဟော်လီမြို့မှ John Woolman (ဂျွန်ဝူး(လ)မန်း)သည် သူ၏အပ်ချုပ်ဆိုင်လုပ်ငန်းကို သခင်ယေရှုထံ ဆက်ကပ်အပ်နှံလျက် လုပ်ဆောင်ခဲ့သည်။ ကျွန်လွတ်မြောက်ရေးကို ထောက်ခံသောအားဖြင့် သူသည် ကျွန်လုပ်အား ကိုအသုံးပြုသော ကုမ္ပဏီများထံမှ မည်သည့်ဝါဂွမ်းနှင့်ဆေးဆိုးပစ္စည်းများကိုမျှ မဝယ်ယူခဲ့ပေ။ သူသည် လိပ်ပြာလုံသောစိတ်ဖြင့် သူနှင့်သက်ဆိုင်သူများကိုချစ်ပြီး၊ ‌လုပ်ဆောင်ပြုမူလေသမျှတွင် ဂုဏ်သိက္ခာ၊ သမာဓိ ရိုးသားမှုတို့နှင့် လုပ်ကိုင်ခဲ့သည်။

တမန်တော်ရှင်ပေါလုသည် “စိတ်ရိုးသဘောရိုးဖြင့် ပွင့်လင်းစွာ” အသက်ရှင်ရန် အားထုတ်ခဲ့သည် (၂ ကော ၁:၁၂ - ခေတ်သုံး)။ သခင်ယေရှု၏တမန်တော်အဖြစ် ရှင်ပေါလု၏ အခွင့်အာဏာအပေါ် ကောရိန္သုမြို့သားများက…

နှလုံးတစ်ပြိုင်တည်း ခုန်ကြခြင်း

ပုံပြင်များ၊ မှတ်တမ်းများသည် ကမ္ဘာဦးကတည်းက လူသားတို့၏အာရုံကို ဖမ်းစားနိုင်ခဲ့ကြသည်။ စာအရေးအသားမပေါ်မီကပင် ၎င်းတို့မှတစ်ဆင့် အသိပညာကိုလက်ဆင့်ကမ်းခဲ့ကြသည်။ “ဟိုးရှေးရှေးတုန်းက” ဖြင့် အစချီသောပုံပြင်များကို ကျွန်ုပ်တို့ကြားရသည့်အခါ၊ ဖတ်သည့်အခါ စိတ်ကြည်နူးသွားပြီး ချက်ချင်းစိတ်ဝင်စားသွားကြသည်။ ပုံပြင်ဇာတ်လမ်းများ၏အစွမ်းသည် သာယာပျော်ရွှင်မှုပေးနိုင်ရုံထက်ပိုပါသည်။ ဇာတ်လမ်းတစ်ပုဒ်ကို ကျွန်ုပ်တို့အတူတကွ နားထောင်ကြသည့်အခါ ကျွန်ုပ်တို့၏နှလုံးများသည် တပြိုင်တည်း စည်းချက်ညီညီ ခုန်ကြပါ သည်။ ကျွန်ုပ်တို့တစ်ဦးချင်းစီ၏ နှလုံးခုန်နှုန်းတို့သည် တစ်ရက်တာအတွင်း အနှေးအမြန် ကွဲပြား၍ အခြားသူတစ်ဦးဦး၏နှလုံးခုန်နှုန်းနှင့် မတော်တဆတူနိုင်သော်လည်း ကျွန်ုပ်တို့သည် ပုံပြင်ဇာတ်လမ်းတစ်ပုဒ်ကို အတူတကွ နားထောင်ကြသည့်အခါ ကျွန်ုပ်တို့၏နှလုံးခုန်နှုန်းများသည် စည်းချက်ညီညီ ခုန်ကြသည်။

ထာဝရဘုရား၏ဇာတ်လမ်းသည် “အစဦး၌” ဟူသောစကားလုံးများဖြင့် အစချီပါသည် (က ၁:၁)။ အာဒံနှင့်ဧဝတို့ကို ပထမဆုံး ဇီဝအသက်မှုတ်သွင်းချိန်မှစ၍ (:၂၇) ဘုရားသခင်သည် ကျွန်ုပ်တို့တစ်ဦးချင်းစီ၏အသက်တာများ သာမက အထူးသဖြင့် ပို၍အရေးကြီးသည်မှာ သူ၏သားသမီးများအဖြစ် ရွေးချယ်ခံရသော ကျွန်ုပ်တို့၏အသက်တာများကို ပုံသွင်းရန် ပုံပြင်များကို ဖွင့်ပြကာ…