သူငယ်တော်ကို ရှာဖွေခြင်း
ဆရာကြီးပီတာ တာချီ(Peter Turchi)သည် စာရေးရာ၌ မြေပုံကို ကြည့်ပြီး၊ ထိုမြေပုံ၌ပါရှိသည့် အကြောင်းအရာများနှင့် စွန်းစားခန်းများကို ရှာဖွေသည်။ “မြေပုံတောင်းတယ်ဆိုရင် အဲဒါက ဇာတ်လမ်းတစ်ပုဒ် ပြောပြပါလို့ ဆိုလိုခြင်းဖြစ်တယ်”ဟု ဆရာကြီးက ဆိုသည်။ ဤအိုင်ဒီယာကို အမိအရယူကာ ခရစ်စမတ်ကာလအတွင်း “မာဂုပညာရှိများ၏ယုံကြည်ခြင်း”ဆိုသည့် ခေါင်းစဉ်ဖြင့် ကျွန်မ၏ ဆန်းဒေးစကူးအတန်းအတွက် သင်ခန်းစာပြင်ဆင်လျက်၊ မြေပုံကို လေ့လာရာ၊ သူငယ်တော်ကို ဖူးမြင်ရရန် မာဂုပညာရှိတို့သည် မိုင်ပေါင်း ၉၀၀ ကျော်ခန့် ခရီးနှင်ခဲ့ရပြီး၊ ၎င်းသည် လပေါင်းများစွာကြာနိုင်သည်။ ခရစ်တော်ကို တွေ့ရှိချိန်တွင် သူငယ်တော်သည် နွားစားခွက်ထဲ၌ မဟုတ်တော့ဘဲ၊ မိဘနှင့်အတူရှိနေသည့် လမ်းလျှောက်တတ်စ အရွယ်ပင် ရောက်နေပါပြီ။ ထိုမျှလောက်ခရီးနှင်ခဲ့ပြီး သူငယ်ကို တွေ့သောအခါ မာဂုပညာရှိတို့၏ တုံ့ပြန်ပုံမှာ သူတို့သည် “သူငယ်တော်ကို ပြပ်ဝပ်ကိုးကွယ်”ခဲ့ကြသည်(မ ၂:၁၁)။
မာဂုပညာရှိတို့၏ခရီးစဥ်မှ သခင်ခရစ်တော်အကြောင်းကို ပိုမို၍ပြည့်စုံစွာ သိအောင် ရည်ရွယ်ချက်ရှိရှိ ရှာဖွေလုပ်ဆောင်ရန်…
ဂရုစိုက်မှုကို ဖော်ပြသော ဆုတောင်းခြင်း
အမျိုးသမီးတစ်ဦးသည် ကုသမှုခံယူရန် သွားဆရာဝန်ရှေ့ထိုင်ခုံ၌ ရှိနေစဉ် ပုံမှန်မဟုတ်ဘဲ စိတ်လှုပ်ရှားနေခဲ့သည်။ မိသားစုဝန်ထုပ်ဝန်ပိုးများက သူမကို အလွန် ဒုက္ခပေးဖိစီးနေသည်မှာ သိသာသည်။ သွားဆရာဝန်သည် သူမ၏ သောကကို သတိပြုမိပြီး မေးမြန်းလျက်၊ သူမ၏အဖြေကို နားထောင်ကာ“မင်းအတွက် ဆုတောင်းပေးလို့ရမလား”ဟု မေးပြီး ဆုတောင်းပေးခဲ့သည်။ ထိုနောက် သွားသန့်ရှင်းရေးပညာရှင် ဝင်လာသောအခါ သူမလည်း ထိုအမျိုးသမီး အတွက် ဆုတောင်းပေးခဲ့သည်။ သွားဆရာဝန်နှင့် တစ်ကြိမ်ပြသပြီး၊ ဆုတောင်းပေးမှု နှစ်ကြိမ်ခံခဲ့ရ၍၊ ထိုအမျိုးသမီးသည် အမှန်တကယ် ဂရုစိုက်ခံခဲ့ရသည်ဟု သိရှိခံစားရလျက် ဆေးခန်းမှ ပြန်သွားသည်။
အခြားသူများအတွက် ဆုတောင်းပေးခြင်းသည် ကျွန်ုပ်တို့၏ ဂရုစိုက်မှုကို ပြသရန် အကောင်းဆုံးနည်းလမ်းများအနက်တစ်ခုဖြစ်သည်။ အကြောင်းမှာ ၎င်းသည် အကြီးမြတ်ဆုံး အရင်းအမြစ်အဖြစ် ကျွန်ုပ်တို့သိထားသည့် ကောင်းကင် ဘုံရှင် ခမည်းတော်အား အခြားသူများ၏ဘဝတွင် တက်ကြွစွာပါဝင်လှုပ်ရှားရန် တောင်းဆိုခြင်း ဖြစ်သည်။ ၁ ရာ ၁၂ တွင်…
ဘုရားသခင်၏ လှပသောဖန်ဆင်းခြင်း
သားသမီးတစ်ဦးဆုံးပါးသွားခြင်းသည် မိဘများအတွက် အင်မတန်စိတ်ထိခိုက်ဖွယ်ရာပင်။ သားသမီးနှစ်ဦးကို ဆုံးရှုံးရသည်ဆိုလျှင် တွေးပင် မတွေးရဲပါ။ သို့သော် ဩစတြေးလျ ဂီတပညာရှင်၊ စာရေးဆရာနှင့် သရုပ်ဆောင် နစ်ကေ့ဗ်(Nick Cave)သည် ထိုအတွေ့အကြုံကို ဖြတ်သန်းခဲ့ရသူဖြစ်သည်။ ၂၀၁၅ တွင် သူ၏ ၁၅ နှစ်အရွယ်သားသည် ချောက်ကမ်းပါးမှ ပြုတ်ကျသေဆုံးခဲ့သည်။ နောက်နှစ်အတန်ကြာတွင် သူ၏သားဦးလည်း ကွယ်လွန်သွားပြန်သည်။ ထိုသို့ ပြင်းထန်လွန်းသည့် ဝမ်းနည်းခြင်းဒဏ်ကို ခံစားနေရချိန်တွင် ကေ့ဗ်နှင့် သူ၏ဇနီးတို့ မည်သို့ ဆက်လက်ရှင်သန်ခဲ့ကြသနည်း။ သင်ဆိုလျှင် မည်သို့ပြုမည်နည်း။
ကေ့ဗ်သည် သူ့ပတ်ဝန်းကျင်တွင် နှစ်သိမ့်မှုကို ရှာဖွေရန် ကြိုးစားခဲ့သည်။ “ဆိုးရွားတဲ့ ဒုက္ခခံစားရချိန်မှာတောင် ဆက်ပြီးလှပနေဖို့က ကမ္ဘာကြီးရဲ့ရဲရင့်မှုပဲ။ ကမ္ဘာကြီးဟာ စနစ်တကျနဲ့ ခမ်းနားလှပစွာ ဆက်လက်ရှင်သန်နေခဲ့တယ်။ အဲဒါ ကမ္ဘာလောကကို ကျွန်တော်မြင်ခဲ့တဲ့အမြင်ပဲ”ဟု သူက ပြောခဲ့သည်။
သခင်ယေရှုသည် ထိုသို့သော အလှတရားကို မိန့်တော်မူခဲ့ပြီး၊ ၎င်းသည် ဘုရားသခင်၏…
မိတ်ဆွေခုံတန်းလျား
လူငယ်အရွယ်လူနာတစ်ဦးသည် စိတ်ကျန်းမာရေးကုသမှုအတွက် ဆေးရုံသွားရန် ဘတ်စ်ကားခ မတတ်နိုင်သဖြင့် ကိုယ့်ကိုယ်ကိုယ် သတ်သေခဲ့သည်။ စိတ်မသက်မသာဖြစ်ခဲ့ရသည့် ဇင်ဘာဘွေနိုင်ငံမှ ဒေါက်တာချီဘန်ဒါ(Chibanda)သည် ကုသမှုကို ပိုမိုလွယ်ကူစွာ ရရှိနိုင်မည့် နည်းလမ်းများကို စမ်းသပ်ခဲ့သည်။ သို့နှင့် အမြော်အမြင်နှင့် နေရာချထားသော ခုံတန်းများတွင် ထိုင်ကာ အကူအညီလိုသူများကို နှစ်သိမ့်ဆွေးနွေးပေးမည့် ကုထုံးပညာရှင်များ အသင့်ရှိနေသည့် မိတ်ဆွေခုံတန်းလျား အစီအစဥ် စတင်ပေါက်ဖွားလာခဲ့သည်။ ထိုကုထုံးပညာရှင်များအဖြစ် မည်သူတို့ကို သူလေ့ကျင့်ပေးခဲ့သနည်း။ ဖွားဖွားများပင် ဖြစ်ပါသည်။ အင်တာဗျူးတစ်ခုတွင် ဒေါက်တာချီဘန်ဒါက “(အဖွားတွေဟာ) သူတို့ရဲ့ရပ်ရွာမှာ ထဲထဲဝင်ဝင် ပါဝင်ပတ်သက်နေသူများဖြစ်ပြီး၊ သူတို့ဟာ ရိုသေလေးစားခံရတယ်။ သူတို့မှာ ကိုယ့်ကို အခြားသူတွေက နားလည်ပေးတယ်လို့ ခံစားရအောင် လုပ်ပေးနိုင်တဲ့ အံ့သြဖွယ်စွမ်းရည်ရှိကြတယ်”ဟု ဝေမျှခဲ့သည်။
နေဟမိ ၃ တွင်၊ လူတန်းစားအမျိုးမျိုးများ ပါဝင်ခဲ့သည့်စီမံကိန်းတစ်ခုအကြောင်းကို ဖတ်ရှုရသည်။ ယေရုရှလင်မြို့မှာ ပျက်စီးလျက်ရှိပြီး၊ ၎င်း၏ရှုံးနိမ့်မှုကို ပတ်ဝန်းကျင်နိုင်ငံများက လှောင်ပြောင်ခဲ့ကြသည်။ “ကဲ့ရဲ့ခံရခြင်းမှ…
အကြွေး မရှိတော့ပါ
ဆရာဝန်တစ်ဦးသည် ကင်ဆာလူနာများကို နှစ်ပေါင်း ၃၀ နီးပါး ကုသပြီးနောက် အနားယူရန် ဆုံးဖြတ်ခဲ့သည်။ သူ့ဆေးခန်း၏ဘဏ္ဍာရေးကိစ္စရှင်းတမ်းအတွက် ငွေစာရင်းကုမ္ပဏီတစ်ခုနှင့် လုပ်ဆောင်ရင်း လူတို့ သူ့အားပြန်ဆပ်ရန်ရှိသည့် အကြွေး ဒေါ်လာ ၆၅၀,၀၀၀ ကို လျှော်ပေးရန် ဆုံးဖြတ်ခဲ့သည်။ “ကျွန်တော့်အနေနဲ့ ဖျားနာနေတဲ့ လူနာတွေရဲ့ကျန်းမာရေးကိုသာမက သူတို့ရဲ့မိသားစု၊ အလုပ်အကိုင်နဲ့ ငွေကြေးကိစ္စတွေကိုပါ စိတ်ပူပန်လို့ အမြဲစိတ်မသက်မသာ ခံစားခဲ့ရတယ်။ အဲဒီအရာကြောင့် စိတ်ထဲမှာ အမြဲတမ်း စနိုးစနှောင့် ဖြစ်ခဲ့ရတယ်”ဟု သူက တွေ့ဆုံမေးမြန်းခန်းတစ်ခု၌ ရှင်းပြခဲ့သည်။
ငွေရေးကြေးရေးအကြွေးကိစ္စကို ကျွန်မတို့ထဲထဲဝင်ဝင် မကြုံခဲ့ဖူးသည့်တိုင် ဝိညာဉ်ရေးတွင် အလားတူတစ်စုံတစ်ခုကို တွေ့ကြုံခံစားခဲ့ကြရသည်။ သမ္မာကျမ်းစာက အပြစ်ကို“အကြွေး”နှင့် နှိုင်းယှဉ်ထားပြီး(မ ၆:၁၂)၊ ဘုရားသခင်ထံတင်နေသည့် အကြွေးကို ပြန်ဆပ်ရန် ကျွန်မတို့၌ နည်းလမ်းမရှိဟုလည်း ဖော်ပြထားသည်။ ပရဟိတအတွက် ငွေလှူဒါန်းခြင်း၊ အခြားသူများကို အစေခံခြင်း၊ သို့မဟုတ် ဘုရားသခင်နှင့် သဘောတူညီမှုတစ်ခု ရယူခြင်းစသည့်…
ထာဝရအစဥ် အသက်ရှင်နိုင်မည်လား
အွန်လိုင်းသတင်းများမှ မှတ်ချက်များကို ဝင်ရောက်ကြည့်ရှုခြင်းက အန္တရာယ်ကြီးလှသည်။ အန္တရာယ်ရှိလည်း ဆွဲဆောင်သည် မဟုတ်ပါလား။ ဤဘဝ၌ အစဥ် ထာဝရအသက်ရှင်သန် နေနိုင်ရန် ကြိုးပမ်းနေသည့် သန်းကြွယ်သူဌေးတစ်ဦးနှင့် တွေ့ဆုံမေးမြန်းခန်းတွင် ကြည့်ရှုသူတစ်ဦးက “အကြင်သူသည် မိမိအသက်ကို ကယ်ဆယ်ခြင်းငှာ အလိုရှိ၏။ ထိုသူသည် အသက်ရှုံးလိမ့်မည်။ အကြင်သူသည် ငါ့ကြောင့် အသက်ရှုံး၏။ ထိုသူသည် အသက်ကိုတွေ့လိမ့်မည်။ ပုံ/ ယေရှု” ဟူ၍ (မ ၁၆:၂၅)ကျမ်းချက်ကို ပို့စ်တင်ခဲ့သည်။ ထိုပို့စ်ကို အခြားသူ တစ်ဦးက “အဲဒီလူအကြောင်း ရေးထားတဲ့စာအုပ်မရှိဘူးလား”ဟု မှတ်ချက်ရေးရာ၊ တတိယလူက “ရှိတာပေါ့။ စိတ်ကူးယဥ်လံကြုပ်စာအုပ်ရှိတယ်”ဟု တုံ့ပြန်ခဲ့သည်။
သခင်ယေရှုကို ယုံကြည်ခြင်းအပေါ် ပြက်ရယ်ပြုသူများ အမြဲပင် ရှိသည်။ တမန်တော်ရှင်ပေါလုသည် အာသင်မြို့သားအပေါင်းတို့အား ခရစ်တော်အကြောင်း ဟောပြောခဲ့စဥ်က ရလဒ်များမှာ ရောထွေးနေခဲ့သည်။ “သေသောသူတို့၏ ထမြောက်ခြင်းအကြောင်းကို ကြားရလျှင် အချို့တို့သည် ကဲ့ရဲ့ကြ၏။ အချို့တို့က ဤအမှုမှာ…
တာဝန်များကို လျှော့ချရန် ဆုံးဖြတ်ခြင်း
နှစ်သစ်ကူးသံန္နိဌာန်များအကြောင်း စဉ်းစားသောအခါ၊ စိန်ခေါ်မှုကြီးမားသည့် ရည်မှန်းချက်စာရင်းက စိတ်ထဲပေါ်လာပြီး၊ ချမှတ်သောနှစ်သစ်ရည်မှန်းချက်များ၏ ၈၀ % ကို ဖေဖော်ဝါရီလလယ်တွင် ကျွန်ုပ်တို့ စွန့်လွှတ်လိုက်ပြီးဖြစ်သည်။ “မိမိဘဝ ပိုကောင်းလာစေရန် မိမိကိုယ်ကို အရင်ပြုပြင်ရမည်ဟူသည့်အတွေး”ကို လုံးဝငြင်းပယ်ပါဟူသည့် ပိုကောင်းသည့်အကြံကို စာရေးဆရာမ အေမီ ဝီလ်ဆင်(Amy Wilson)က အကြံပြုထားသည်။ ကတိကဝတ်များ ပေါင်းထည့်မည့်အစား၊ နှစ်သစ်ကို အခွင့်အလမ်းတစ်ခုအဖြစ်ရှုမြင်ကာ၊ “မိမိ၏အချိန်နှင့် အင်အားကို အသုံးပြုရသော်လည်း အကျိုးကျေးဇူးများစွာ ပြန်မရမည့် ကြီးမားပြီး ဆက်လက်ဖြည့်ဆည်းလုပ်ဆောင်ဆဲ ကတိကဝတ်အချို့”ကို “စတင်ငြင်းဆန်ခြင်း”ဖြင့် တာဝန်များလျှော့ချသင့်ကြောင်း အကြုံပြုထားသည်။
လုပ်ဆောင်ရန်၊ ပိုတိုး၍လုပ်ဆောင်ရန် အဆက်မပြတ်ဖိအားပေးနေသော ကမ္ဘာတွင်၊ သခင်ယေရှုက သူ၌သာတည် နေရန် ဟူသည့် အခြားသော လက်တွေ့ ကျသောဘဝစည်းချက်သို့ တပည့်တော်များအား ခေါ်ဖိတ်ခဲ့သည်။ ရှင်ယောဟန်ခရစ်ဝင် ၁၅ တွင်၊ သခင်ယေရှုက သူ့ကိုယ်ကို “မှန်သောစပျစ်နွယ်ပင်”(:၁)၊ တပည့်တော်များကို “အခက်များ”(:၅)အဖြစ် ဖော်ပြခဲ့သည်။…
ဘုရားသခင်၏ သစ္စာတည်သောချစ်ခြင်းမေတ္တာ
ကျွန်ုပ်တို့၏ဘုရားကျောင်းမှ ဘိုးဘွားရိပ်သာတစ်ခုသို့ ဧဝံဂေလိအစီအစဥ်ဖြင့် သွားရောက်ခဲ့စဉ်၊ သက်ကြွယ်အဖိုးအိုတစ်ဦးက သူ၏သမီးသည် လွန်ခဲ့သည့်နှစ် အတန်ကြာက သူ့ကို လူသွားစင်္ကြံ၌ထားခဲ့ကြောင်း ပြောပြခဲ့သည်။ အက်ဒ်(Ed) သည် ဘီးတပ်ကုလားထိုင်တွင် နေရသူဖြစ်သောကြောင့် သူမနောက်သို့ ပြေးမလိုက် နိုင်ပေ။ သူမလည်း နောက်လှည့်မကြည့်ဘဲ ကားပေါ်ပြန်တက်ကာ မောင်းထွက်သွားခဲ့သည်။ “ကျွန်မတို့ ဟိုတယ်ကောင်းကောင်းကို သွားကြမယ်”ဟု သူမ ပြောခဲ့သော်လည်း၊ ထိုနေ့မှာ သူမကို နောက်ဆုံးတွေ့ခဲ့သည့်နေ့ပင်။
မိဘဘိုးဘွားများကို ပြုစုစောင့်ရှောက်သည့် မေတ္တာနှင့်ပြည့်သော မိသားစုများနှင့် အလွန်ကွာခြားသည့် ဤအဖြစ်အပျက်ကြောင့် အက်ဒ်မှာ စိတ်ဒဏ်ရာ ရခဲ့ပြီး၊ ၎င်းနေ့နှင့်ပတ်သက်၍ အိပ်မက်ဆိုးကို ခံစားနေရဆဲဖြစ်သည်။
ရှေးရာစုနှစ်များစွာက ယောသပ်ဆိုသောလူငယ်တစ်ဦးကို သူ့အစ်ကိုများက ရေတွင်းထဲပစ်ချပြီး၊ အီဂျစ်ပြည်သို့သွားသောကုန်သည်များထံ ရောင်းစားခဲ့ခြင်းကြောင့် သူစိတ်ဒဏ်ရာရခဲ့သည်(က ၃၇:၁၂-၃၆)။ သို့သော် “ထာဝရဘုရားသည် ယောသပ်ဘက်၌ရှိတော်မူသဖြင့်”(၃၉:၂)၊ယောသပ်သည် သူ မကျွမ်းသောပြည်၌ သူ၏သခင်အိမ်နှင့်(:၇-၁၀)၊ ထောင်ထဲတွင်ပါ ဘုရား၏အမြင်၌ မှန်သောအရာကို ရဲရဲဝံ့ဝံ့…
ဝမ်းမြောက်ရွှင်လန်းလျက် ခံနိုင်ရည်ရှိခြင်း
သိပ္ပံပညာရှင်များက ကနေဒါနိုင်ငံ ယူခွန်ဒေသ(Yukon)နှင့် ဩစတြေးလျတိုက်ရှိ လူမနေသောကုန်းတွင်းပိုင်းဒေသအပါအဝင် ကမ္ဘာတစ်ဝန်းရှိ လူ့အသိုင်းအဝိုင်း ၁၆ခု ၏ ခံနိုင်ရည်အားရှိမှုကို လေ့လာခဲ့သည်။ ၎င်းတို့သည် နှစ်ပေါင်းထောင်ချီသော ရှေးဟောင်းသုတေသနမှတ်တမ်းများကို ခွဲခြမ်းစိတ်ဖြာလျက်၊ အစာခေါင်းပါးမှု၊ စစ်ပွဲများနှင့် ရာသီဥတု၏သက်ရောက်မှုများကို ခြေရာကောက်ခဲ့ပြီး၊ “ကြိမ်ဖန်များစွာသော ကျဆင်းမှု”ဟူသည့် ထင်ရှားသောအချက်တစ်ချက်ကိုတွေ့ရှိခဲ့သည်။ ၎င်းကျဆင်းမှုများသည် လူမှုအဖွဲ့အစည်းများကို အားနည်းဆုတ်ယုတ်စေသည်ဟု ယူဆနိုင်သော်လည်း၊ ဆန့်ကျင်ဘက်ဖြစ်စဥ်ကသာ မှန်ကန်ကြောင်း၊ လူမှုအသိုင်း အဝိုင်းများသည် မကြာခဏကြုံတွေ့ရသော အခက်အခဲများအပေါ် ခံနိုင်ရည်ရှိလာကာ၊ ကြုံရမည့်စိန်ခေါ်မှုများ၌လည်း ပုံမှန်အခြေအနေသို့မြန်ဆန်စွာ ပြန်ရောက်နိုင်သည့်တိုးတက်မှုဖြစ်စဥ်ကို သုတေသီများက တွေ့ရှိခဲ့သည်။ ထို့ကြောင့်ဖိနှိပ်ဖိစီးမှုများက ခံနိုင်ရည်အားရှိအောင် ဖန်တီးပေးနိုင်ပုံပေါ်နေပါသည်။
ပရောဖက်ဟဗက္ကုတ်သည် ဤခံနိုင်ရည်ကို သိနားလည်ခဲ့သည်။ ယုဒပြည်ပျက်စီးတော့မည့်အကြောင်းဆင်ခြင်ရင်း “အသီးအနှံ မပွင့်မသီးရ၊ သိုးကုန်၍ ...နွားမရှိရ”ဟု မျှော်လင့်ချက်မဲ့သောပုံရိပ်ကို ရေးခဲ့သည်(၃:၁၇)။ သို့ရာတွင် လောကမှပေးသောလုံခြုံမှုများ ဆုံးရှုံးခဲ့သော်လည်း၊ သူက “ထာဝရဘုရား၌ ငါဝမ်းမြောက်၍၊ ငါ့ကို ကယ်တင်တော်မူသောဘုရားသခင်ကို အမှီပြုလျက်…
စိတ်နှလုံးများကို ပြောင်းလဲပေးသောဘုရားသခင်
ရပ်ဆဲလ်(Russell)သည် လူများစွာတို့ကဲ့သို့ပင် ညစ်ညမ်းရုပ်ရှင်စွဲလမ်းမှုပြဿနာကို ငယ်ရွယ်ချိန်မှာပင် တွေ့ကြုံခဲ့ရသည်။ စွဲလမ်းစိတ်က ပြင်းထန်ပြီး သူ၏နှလုံးသားဖျက်ဆီးခံခဲ့ရပုံကို “ကျွန်တော့်ဘဝ၌ ထိုအရာများနှင့်သာ ပြည့်နေခဲ့ပြီး၊ ကင်ဆာရောဂါကဲ့သို့ပင် ကျွန်တော့်အသွေးအသား၌ နက်ရှိုင်းစွာ အမြစ်တွယ်နေသည်”ဟု ရေးသားခဲ့သည်။ ရပ်ဆဲလ်သည် သခင်ယေရှုအားဖြင့် ကယ်တင်ခြင်းကို လက်ခံရရှိပြီး၊ အသက်တာပြောင်းလဲလာသောအခါ၊ ဘုရားသခင်၏ ကျေးဇူးတော်ကြောင့် ညစ်ညမ်းရုပ်ရှင်နှင့် အခြားစွဲလမ်းမှုများမှ လွတ်မြောက်ခဲ့ကြောင်း “ယေရှုခရစ်က ကျွန်တော့်ကို ကယ်တင်ခဲ့သောကြောင့် ကိုယ်တော်သာ ဂုဏ်ပြုခြင်းအလုံးစုံကို ခံထိုက်ပါတယ်”ဟု ပြောခဲ့သည်။
တစ်နေ့တွင် “[ထာဝရဘုရား၏]ပညတ်တရားကို သူတို့အတွင်းထဲသို့သွင်းမည်။ သူတို့နှလုံးပေါ်မှာ ရေးထားမည်”ဟု ဘုရားသခင်၏အမိန့်တော်ကို ဣသရေလလူမျိုးတို့အား ယေရမိ ပြောကြားခဲ့သည် (၃၁:၃၃)။ ခရစ်တော်၌ ပြီးပြည့်စုံခဲ့သည့် (ဟေဗြဲ ၈:၆-၁၃)၊ ဤပဋိညာဉ်တရားသစ်အောက်တွင် ယုံကြည်ခြင်းအားဖြင့် ဘုရားသခင်၏ကျေးဇူးတော်ကြောင့် လူအပေါင်းတို့သည် ပြောင်းလဲနိုင်ပါသည်။ ယခုမူကား “ဝိညာဉ်တော်သည် [ကျွန်ုပ်တို့]အထဲ၌ ကျိန်းဝပ်တော်မူ”၍(ရော ၈:၁၁)၊ ဖြောင့်မတ်ခြင်းနှင့်ဆိုင်သော ဘုရားသခင်၏ပဋိညာဉ်တရားကို ကျွန်ုပ်တို့နှလုံးသား၌…