ခွန်အားအစွမ်းကြီးသူနှင့် အားနည်းသူ
အမေရိကန်နိုင်ငံ၊ Iowa (အိုင်ဝါ) ပြည်နယ်တက္ကသိုလ်၌ ဖြစ်ခဲ့သော ဖြစ်ရပ်တစ်ခု သည် စိတ်အားတက်စရာ အကောင်းဆုံး အစဥ်အလာတစ်ခု ဖြစ်ကောင်းဖြစ်လိမ့်မည်။ Stead Family Children's Hospital (စတက်မိသားစုပိုင် ကလေးဆေးရုံ)သည် အိုင်ဝါပြည်နယ်၏ ‘Kinnick’ (ကင်းနစ်) ဘောလုံးကွင်းနှင့် ကပ်ရက်တည်ရှိပြီး၊ ဆေးရုံ၏အပေါ်ဆုံးအလွှာပတ်လည်ကို ခန်းလုံးပြည့်မှန်များဖြင့် ကာရံထားသဖြင့် ဘောလုံးကွင်းကို ကောင်းကောင်းမြင်ရသည်။ ပြိုင်ပွဲရှိသည့်နေ့ဆိုလျှင် ထိုအထပ်၌ လူမမာကလေးများနှင့် ၎င်းတို့၏မိသားစုတို့ဖြင့် ပြည့်နေပြီး၊ အောက်ရှိအားကစားပွဲကို ကြည့်ကြသည်။ ပြိုင်ပွဲပထမအချီအပြီးတွင် နည်းပြများ၊ အားကစားသမားများနှင့် ထောင်နှင့်ချီသည့် အားကစားပရိသတ်များက ဆေးရုံဘက်သို့လှည့်ပြီး လက်ဝှေ့ယမ်းပြကြသည်။ ထိုအချိန်များ၌ ကလေးများ၏မျက်လုံးလေးများမှာ တောက်ပသွားသည်။ အားကစားသမားများ၊ ကွင်းထဲရှိ ပြည့်ကြပ်နေသည့်ပရိသတ်များ၊ ထောင်ချီသော ရုပ်မြင်သံကြားမှ ကြည့်ရှုအားပေးနေသူများက ထိုသို့ မေတ္တာပြခြင်းကို ကြည့်ရသည်မှာ အားရနှစ်သက်ဖွယ်ဖြစ်သည်။
ကျွန်ုပ်တို့၌ အားအစွမ်း တစ်ခုမဟုတ် တစ်ခုတော့ ရှိကြပြီး အားရှိသူ၊…
သူငယ်တစ်ဦး၏ ယုံကြည်ခြင်း
ကျွန်မတို့၏မွေးစားဘွားဘွားကြီး လေအကြိမ်ကြိမ်ဖြတ်ကာ ဆေးရုံတက်ရသောအခါ သူမ၏ဆရာဝန်များက သူမ၏ဦးနှောက်မည်မျှ ပျက်စီးသွားသည်ကို အသေအချာ မပြောနိုင်ခဲ့ပါ။ ဦးနှောက်အလုပ် လုပ်ဆောင်မှုကို စမ်းသပ်ရန် သူမ အတန်ငယ် နေပြန်ကောင်းလာသည့်အချိန်အထိ စောင့်ဆိုင်းခဲ့ရသည်။ သူမ စကားအနည်းငယ်သာပြောပြီး သူပြောသမျှကို နားလည်နိုင်သည်။ သို့သော် ကျွန်မသမီးကို (၁၂) နှစ်တာမျှ ထိန်းကျောင်းကြည့်ရှုခဲ့သည့် အသက် (၈၆) နှစ်အရွယ် ဘွားဘွားက ကျွန်မကို မြင်သောအခါ ခြောက်သွေ့သောပါးစပ်ကိုဖွင့်ပြီး “ကေလာ ကော၊ နေကောင်းလား”ဟု မေးခဲ့သည်။ ကျွန်မကို သူပထမဆုံးပြောခဲ့သည့်စကားများက သူအချည်အနှောင်မဲ့စွာ အပြည့်အဝချစ်ခဲ့သည့် ကျွန်မသမီးကိုမေးသည့်စကား ဖြစ်နေသည်။
သခင်ယေရှုသည်လည်း ကလေးသူငယ်များကိုချစ်ပြီး သူ၏တပည့်တော်များ သဘောမကျသော်လည်း သူငယ်များကိုရှေ့ဆုံးမှ ဦးစားပေးခဲ့သည်။ မိဘအချို့က ခရစ်တော်ကို ရှာပြီး သူ့ထံသို့ ကလေးများကို ခေါ်ဆောင်လာခဲ့သည်။ သခင်သည် သူငယ်တို့အပေါ်မှာ လက်ကိုတင်လျက်(လု ၁၈:၁၅) ကောင်းချီးပေးခဲ့သည်။ သူငယ်များအား ကောင်းချီးပေးခြင်းကို…
ဘုရားနှင့်အတူ လမ်းကြောင်းပေါ်တွင် ရှိနေခြင်း
လွန်ခဲ့သောနှစ်များက စပိန်နိုင်ငံအနောက်မြောက်ဘက်တွင် ခရီးသည် (၂၁၈) ဦး တင်ဆောင်လာသော မီးရထားတစ်စီးသည် လမ်းချော်တိမ်းမှောက်ခဲ့ပြီး (၇၉) ဦး သေဆုံးကာ (၆၆) ဦးထက်မက ဒဏ်ရာရခဲ့သည်။ ရထားမောင်းသူက ထိုအဖြစ်အပျက်နှင့်ပတ်သက်၍ မရှင်းပြနိုင်သော်လည်း ဗွီဒီယိုမှတ်တမ်းက ဖော်ပြနိုင်ခဲ့သည်။ အန္တရာယ်ရှိသည့် အကွေ့မရောက်မီတွင် ရထားသည် အရှိန်ပြင်းစွာ မောင်းလာသည်ကို တွေ့ရသည်။ အမြန်နှုန်းသတ်မှတ်ရခြင်းသည် ရထားပေါ်၌ပါလာသော ခရီးသည်များ၏ အသက်အန္တရာယ်ကို ကာကွယ်ရန် အတွက်ဖြစ်ပါသည်။ စပိန်အမျိုးသားမီးရထားဌာနတွင် အတွေ့အကြုံ နှစ်သုံးဆယ်ရှိသော ဝါရင့် ရထားမောင်းသူသည် သတ်မှတ်အမြန်နှုန်းကိုလျစ်လျူရှုခဲ့၍ အသက်ပေါင်းများစွာ ဆုံးရှုံးခဲ့ရသည်။
တရားဟောရာကျမ်း ၅ တွင် မောရှေသည် သူ၏လူမျိုးများအတွက် မူလ ဘုရားသခင်နှင့်ပြုသောပဋ္ဋိညာဉ်ကို ပြန်လည်ဆန်းစစ်ပြီး၊ မျိုးဆက်သစ် တို့အား ဘုရားသခင်နှင့်သူတို့ ပဋ္ဋိညာဉ်ပြုသည့်အလား မှတ်ယူရန် အားပေးတိုက်တွန်းလျက် (:၃)၊ ပညတ်တော်ဆယ်ပါးကို ပြန်လည်မိန့်ကြားခဲ့သည် (:၇-၂၁)။ ပညတ်တော်များကို ထပ်မံပြောကြားပြီး ယခင်မျိုးဆက်များ၏…
သင်္ဘောကုန်းပတ်အောက်ထပ်တွင် ရှိသူများ
ကျွန်တော့်သူငယ်ချင်းသည် ဖွံ့ဖြိုးဆဲနိုင်ငံများအား အခမဲ့ ကျန်းမာရေးဝန်ဆောင်မှုပေးသည့် ‘Africa Mercy’ (အာဖရိက ကရုဏာ) အမည်ရှိ သင်္ဘောဆေးရုံပေါ်တွင် အလုပ်လုပ်သည်။ ရာနှင့်ချီသောလူနာများစွာကို ဝန်ထမ်းများက နေ့စဉ်ဆေးကုသပေးရသည်။ သို့မဟုတ်ပါက သူတို့အနာသက်သာမည် မဟုတ်ပေ။
အခါအားလျော်စွာ တီဗွီရိုက်ကူးရေးအဖွဲ့များသည် သင်္ဘောပေါ်သို့ တက်လာကာ အာခေါင်ကွဲလူနာ၊ ခြေပြားခွင်သော လူနာများကို အံ့သြဖွယ်ကုသပေးနေသော ဝန်ထမ်းများအား ကင်မရာများချိန်၍ ရိုက်ကူးလေ့ရှိသည်။ တစ်ခါတစ်ရံ သူတို့သည် ကုန်းပတ်အောက်ထပ်ရှိ အခြားသောဝန်ထမ်းများကို တွေ့ဆုံမေးမြန်းတတ်သော်လည်း Mick (မစ်ခ်) လုပ်နေရသောအလုပ်ကို သတိမထားမိကြပေ။
မစ်ခ် သည် အင်ဂျင်နီယာတစ်ယောက်ဖြစ်ပြီး သူအား အလုပ်ခန့်သည့်နေ့က သင်္ဘော၏ အညစ်အကြေးများစွန့်ပစ်ရာ မိလ္လာဌာန၌ တာဝန်ချသည့်အတွက် သူအလွန်အံ့သြမိသည်။ နေ့စဉ် အဆိပ်အတောက် အညစ်အကြေး လီတာ (၄၀,၀၀၀) ခန့်ကို ရှင်းထုတ်ပေးရသောအလုပ်သည် အလွန်အရေးကြီးသောအလုပ်ဖြစ်သည်။ မစ်ခ် သာ ထိုပိုက်များ၊ ပန့်စုပ်စက်များကို ဂရုမစိုက်ပါက…
ကျေးဇူးပြု၍ တိတ်ဆိတ်စွာ နေပေးပါ
အနောက်ဗာဂျီးနီးယားပြည်နယ်၊ ကြမ်းတမ်းသော Appalachian (အပလေရှင်) တောင်တန်းကျောက်ကမ်းပါးဒေသရှိ ‘Green Bank’ (ဂရင်းဘဲန့်ခ်)သည် သေးငယ်သောမြို့လေးဖြစ်သည်။ ထိုမြို့လေးသည် အနီးအနားရှိ အခြားဒါဇင်ပေါင်းများစွာသော မြို့ငယ်များနှင့် ဆင်တူပြီး အဓိကခြွင်းချက်အနေဖြင့် ထိုမြို့၌ အခြေချနေထိုင်သူ အိမ်ထောင်စုပေါင်း (၁၄၂) စုသည် အင်တာနက် အသုံးပြု၍ မရကြပါ။ ဂရင်းဘဲန့်ခ် အာကာသစူးစမ်းလေ့လာရေးစခန်းရှိ မှန်ဘီလူးကြီးကို စူးစမ်း လေ့လာမှုအတွက် ဆက်တိုက် လှုပ်ရှားအသုံးပြုနေရသဖြင့် ပတ်ဝန်းကျင်ရှိ ဝိုင်ဖိုင်နှင့်ဆဲလ်လျူလာဖုန်းတိုင်များမှ အနှောင့်အယှက်ပေးခြင်းကို မခံရလေအောင် ပိတ်ပင်ထားခြင်းဖြစ်သည်။ အကျိုးဆက်အနေဖြင့် ဂရင်းဘဲန့်ခ်သည် မြောက်အမေရိကတွင် နည်းပညာပိုင်းဆိုင်ရာ တိတ်ဆိတ်ငြိမ်သက်ဆုံးသောနေရာတစ်ခုဖြစ်ခဲ့ရသည်။
တစ်ခါတစ်ရံ ငြိမ်သက်ခြင်းသည် ရှေ့ဆက်လုပ်ရမည့်အရာများ အထူးသဖြင့် ဘုရားသခင်နှင့်မိတ်သဟာယဖွဲ့ ဆက်ဆံရေးအတွက် အကောင်းဆုံးသော ပတ်ဝန်းကျင်အခြေအနေတစ်ရပ် ဖြစ်သည်။ သခင်ယေရှုကိုယ်တိုင် သူ၏အဘ ခမည်းတော်နှင့် စကားပြောရန် တိတ်ဆိတ်ငြိမ်သက်သည့် နေရာကိုသာ ရွေးချယ်ခြင်းဖြင့် ကျွန်ုပ်တို့အတွက် စံနမူနာပြခဲ့သည်။ ရှင်လုကာခရစ်ဝင် ၅:၁၆…
ရှည်ကြာသော ကစားပွဲ
ဒေးဗစ်၏နိုင်ငံ၌ ခရစ်တော်ကိုယုံကြည်သူများ ဖိနှိပ်ညှဥ်းပန်းမှုခံရစဥ်က သူတို့၏ လယ်ယာသုံး တိရစ္ဆာန်များ သတ်ပစ်ခြင်းခံရသည်။ ဒေးဗစ်၏မိသားစုမှာ ဘဝပျက်ပြီး အခြားနိုင်ငံအသီးသီးသို့ ထွက်ပြေးရသဖြင့် မိသားစုဝင်များ တစ်ကွဲတစ်ပြားစီ ဖြစ်ကုန်သည်။ ဒေးဗစ်သည် မိသားစုနှင့်ဝေးကွာလျက် ဒုက္ခသည်စခန်းတွင် (၉) နှစ်ကြာ နေထိုင်ခဲ့ရသည်။ သူနှင့်အတူ ဘုရားသခင်ရှိကြောင်း သူသိသော်လည်း ထိုသို့ ကွဲကွာနေချိန်တွင် မိသားစုဝင်နှစ်ဦး ဆုံးပါးသွား၍ သူ၌ မျှော်လင့်ချက်ကင်းမဲ့ခဲ့ရသည်။
ရှေးလူမျိုးတစ်စုသည် ရက်စက်စွာ ဖိနှိပ်ညှဥ်းပန်းခံခဲ့ရဖူးသည်။ ထိုဣသရေလ လူမျိုးကို အဲဂုတ္တုပြည်မှ ကယ်ထုတ်ရန် မောရှေအား ဘုရားသခင်ရွေးချယ်ခဲ့သည်။ မောရှေသည် ထိုခိုင်းစေမှုကို တွန့်ဆုတ်စွာ သဘောတူခဲ့သည်။ သူသည် ဖါရောဘုရင်ထံ ချဥ်းကပ်သောအခါ ဖိနှိပ်မှုများက ပိုဆိုးဝါးပြင်းထန်လာပြီး (ထွက် ၅:၆-၉)၊ ဘုရင်က “ထာဝရဘုရားကို ငါမသိ၊ ဣသရေလ အမျိုးသားတို့ကို ငါမလွှတ်” ဟု ဆို၏ (:၂)။ လူတို့က မောရှေအား…
ကျေးဇူးတော်အပို လိုအပ်သည်
အသင်းတော်တွင် အထူးအစီအစဉ်တစ်ခုပြုလုပ်ရန် ပြင်ဆင်နေစဉ် အမျီုးသမီး ခေါင်းဆောင်တစ်ဦးက ကျွန်မ၏အတွေ့အကြုံနည်းမှုအပေါ် လာ၍ဆရာ လုပ်သည်။ သူမ ထွက်သွားသည့်အခါ အခြားအမျိုးသမီးတစ်ဦး ထပ်ရောက်လာပြီး “အဲဒီအမျိုးသမီးကို စိတ်မရှိပါနဲ့နော်။ သူက ကျွန်မတို့အခေါ် E.G.R. (Extra Grace Required)လေ။ ကျေးဇူးတော်အပို လိုနေတဲ့သူပေါ့” ဟု ပြောသည်။
ကျွန်မရယ်မိသည်။ မကြာပါ။ တစ်ယောက်ယောက်နှင့် အဆင်မပြေဖြစ်တိုင်း ထိုသူကို အထက်ပါအတိုင်း ကင်ပွန်းတပ်ခဲ့သည်။ နှစ်အတန်ကြာပြီးနောက် ထိုအသင်းတော်၏ ခုံတန်းပေါ်ထိုင်လျက် ကျေးဇူးတော်အပို လိုအပ်သူ ထိုအမျိုးသမီး၏စျာပနဝတ်ကို တက်ရောက်ခဲ့သည်။ သင်းအုပ်ဆရာက မြင်ကွင်းနောက်ကွယ်တွင် ဘုရားသခင်ကို သူမ မည်မျှအစေခံခဲ့သည်၊ အခြားသူများအပေါ် မည်မျှရက်ရောစွာ ပေးကမ်းကြောင်းတို့ကို ဝေငှပြောပြသည်။ ယခင်က သူမနှင့် သူတစ်ပါးတို့အား E.G.R. တံဆိပ်တပ်လျက် စီရင်ခြင်း၊ အတင်း ပြောခြင်းတို့အတွက် ကျွန်မကိုခွင့်လွှတ်ရန် ဘုရားသခင်ထံ တောင်းလျှောက်ခဲ့ပါသည်။ တစ်ကယ်တော့ ကျွန်မသည်လည်း…
ရေမျောကမ်းတင် ယုံကြည်ခြင်း
၁၉၆၅ ခုနှစ်၊ ဇွန်လတွင် သမုဒ္ဒရာအတွင်း ပျံ့ကြဲနေသော ကျွန်းများဖြင့် ဖွဲ့စည်းထားသည့် Polynesia (ပိုလီနီးစီးယား) နိုင်ငံတစ်ခုဖြစ်သော Tonga (တုန်ဂါ) ကျွန်းမှ Tongan (တုန်ဂန်) လူငယ် (၆) ယောက်သည် စူးစမ်း စွန့်စားလျက် သူတို့နေထိုင်ရာကျွန်းမှ ထွက်ခွာလာခဲ့သည်။ သို့သော် ပထမညတွင်ပင် လေမုန်တိုင်းဒဏ်ကြောင့် သူတို့လှေ၏ ရွက်တိုင်နှင့်တက်မ ကျိုးသွားကာ အစားအစာနှင့်သောက်ရေ ပြတ်လပ်ပြီး လူမနေသော ‘Ata (အာတာ) ကျွန်းသို့ မရောက်မီ ရက်ပေါင်းများစွာ ရေထဲတွင် မျောနေသည်။ (၁၅) လကြာပြီးမှ သူတို့ကို ရှာတွေ့ခဲ့သည်။
လူငယ်လေးများသည် အာတာကျွန်းပေါ်တွင် ဆက်လက်အသက်ရှင်နိုင်ရန် စိုက်ပျိုးရေးခြံလေးတစ်ခုဖန်တီး၍ သစ်လုံးထွင်းပြီး မိုးရေသိုလှောင်ခဲ့ကြသည်။ ယာယီ အားကစားလေ့ကျင့်ရုံတစ်ခုကိုပင် ဆောက်လုပ်ခဲ့ကြသည်။ လူငယ်တစ်ဦး ချောက်ကမ်းပါးမှ လိမ့်ကျပြီး ခြေကျိုးသွားရာ၊ သူ့သူငယ်ချင်းများက သစ်ချောင်း၊ သစ်ရွက်များဖြင့် ဆေးကုပေးခဲ့ကြသည်။ အငြင်းပွားမှုများ…
ဝမ်းနည်းပူဆွေးမှုတိုင်း၌
၁၉ ရာစုနှစ် ကဗျာဆရာမ Emily Dickinson (အမ်မလီဒစ်ကင်ဆန်)က “ကြုံတွေ့ရသည့် ပူဆွေးမှုတိုင်းကို ကျွန်မတိုင်းတာမိ၊ စူးစမ်းတဲ့မျက်လုံးကျဥ်းတစ်စုံနဲ့ အဲဒီပူဆွေးမှုဟာ မိမိခံစားခဲ့ရတာနဲ့ ထပ်တူကျလား ဒါမှမဟုတ်၊ မိမိပူဆွေးမှုလောက် ပြင်းထန်မှုမရှိဘူးလားလို့ ကျွန်မတွေးမိတယ်”ဟု ကဗျာ ရေးဖွဲ့ခဲ့သည်။ ဘဝ၌ ကြုံတွေ့ခဲ့ရသည့် နာကျင်ပူဆွေးမှုများကို ကိုယ့်နည်းကိုယ့်ဟန် ကိုယ့်နည်းလမ်းဖြင့် လူတို့ ကြံ့ကြံ့ခံကြသည်ကို ထိုကဗျာက စိတ်လှုပ်ရှားဖွယ် ထင်ဟပ်ပြနေသည်။ ကရာနီကုန်း၌ ရရှိခံစားခဲ့ရသော ကယ်တင်ရှင်၏ ဒဏ်ချက်တော်၌ သူ၏ဒဏ်ရာဒဏ်ချက်ကို မြင်ရခြင်းက တစ်ခုတည်းသော၊ ‘စိတ်နှလုံးကို ထိုးခွင်းသော နှစ်သိမ့်သက်သာမှု’ ဖြစ်ကြောင်း “ဒဏ်ချက်တော် အချို့ဟာ ကျွန်မဒဏ်ရာတွေလိုပဲလို့ ခံယူယုံကြည်ရတာ နှစ်သက်စွဲမက်ဖွယ်ပါပဲ” ဟု သူ၏ကဗျာကို နှစ်သိမ့်မှုဖြင့် အဆုံးသတ်ထားသည်။
ဗျာဒိတ်ကျမ်းတွင် ကယ်တင်ရှင် သခင်ယေရှုကို “အသေသတ်ပြီးသကဲ့သို့ သော သိုးသူငယ်” အဖြစ် ဖော်ပြထားပြီး (၅:၆၊ ၁၂ ကိုရှု)၊…
ဝမ်းနည်းခြင်းထဲက မျှော်လင့်ခြင်း
Louise (လူးဝိစ်)သည် သူနှင့်ဆုံတွေ့သူတိုင်းအား ပြုံးပျော်စေသည့် တက်ကြွပျော်ရွှင်သော မိန်းကလေးငယ်လေးဖြစ်သည်။ သူ့အသက် (၅) နှစ်အရွယ်၌ ရှားပါးရောဂါတစ်ခုဖြင့် ဆုံးပါးသွားခြင်းက ဝမ်းနည်းစရာဖြစ်သည်။ သူမရုတ်တရက်ကွယ်လွန်သွားခြင်းကြောင့် မိဘများဖြစ်သည့် ဒေးဒေးနှင့် ပီတာတို့ အပါဝင် သူတို့၏လုပ်ဖော်ဆောင်ဖက်များဖြစ်သည့် ကျွန်တော်တို့လည်း အလွန် စိတ်ထိခိုက်ခဲ့ရပြီး၊ သူတို့နှင့်အတူ ဝမ်းနည်းပူဆွေးခဲ့ရသည်။
ထိုသို့သောအခြေအနေကြားမှပင် ဒေးဒေးနှင့် ပီတာတို့သည် အသက်တာခရီးရှေ့ဆက်နိုင်ရန် ခွန်အားကို တွေ့ရှိခဲ့သည်။ ထိုအခြေအနေကို မည်ကဲ့သို့ ရင်ဆိုင်ကျော်ဖြတ်နေသနည်းဟု ဒေးဒေးအား မေးရာ၊ လူးဝိစ် သည် ချစ်မေတ္တာဖြင့် ထွေးဖက်ထားသည့် သခင်ယေရှု၏လက်တော်၌ ရှိနေသည်ဟူသည့် အချက်အပေါ်၌ အာရုံပြုလျက် ခွန်အားယူသည်ဟု ပြန်ပြောခဲ့သည်။ “ထာဝရအသက်ကိုဝင်စားဖို့ အချိန်ကျခဲ့ပြီဖြစ်တဲ့ သမီးအတွက် ကျွန်မတို့ဝမ်းမြောက်ရပါတယ်။ ... ဘုရားရှင်ရဲ့ကျေးဇူးတော်နဲ့ခွန်အားကို အမှီပြုပြီး ဝမ်းနည်းခြင်းထဲမှာ ကျွန်မတို့ အားယူလျှောက်လှမ်းနိုင်ကာ ကျွန်မတို့ကို ဘုရားသခင်အပ်နှံထားတဲ့အရာတွေကို ဆက်လက်လုပ်ဆောင်နိုင်ပါတယ်” ဟု ဒေးဒေးက ပြောသည်။…