ကျွန်ုပ်မည်သူနည်း
Kizombo (ကီဇွန်ဘို)သည် မီးပုံဘေးတွင်ထိုင်လျက် “ငါဘာများ ဖြစ်ဖြစ်မြောက်မြောက် လုပ်ခဲ့တာရှိလဲ” ဟု သူ့ဘဝ၏ အရေးပါဆုံးမေးခွန်းများကို ဆင်ခြင်မိသည်။ လျင်မြန်စွာပင် ဘာမှ များများစားစား ဖြစ်မြောက်ခြင်းမရှိဟူ၍ အဖြေထွက်လာသည်။ သူသည် သူ့မွေးရပ်ပြည်သို့ ပြန်ရောက်နေပြီး အမြဲစိမ်းတောနက်တွင် သူ့ဖခင်တည်ထောင်ခဲ့သည့်ကျောင်း၌ စာသင်ပေးနေသည်။ ပြည်တွင်းစစ် (၂) ခု၌ အသက်ရှင်ကျန်ခဲ့သည့် သူ့ဖခင်အကြောင်းကိုလည်း ရေးသားရန် သူကြိုးစားနေ သည်။ “ဒါတွေ အကုန်လုပ်ရအောင် ငါက ဘာမို့လို့လဲ”ဟု သူတွေးမိသည်။
ကီဇွန်ဘို၏ စိတ်မချမှုက မောရှေနှင့်တူနေသည်။ ဘုရားသခင်သည် မောရှေအား ဆောင်ရွက်ရန်အမှုကို ပေးအပ်ထားသည်။ “သင်သည် ငါ၏လူ ဣသရေလအမျိုးသားတို့ကို အဲဂုတ္တုပြည်မှ နှုတ်ဆောင်မည်အကြောင်း သင့်ကို ဖာရောဘုရင်ထံသို့ ငါစေလွှတ်မည်ဟု မိန့်တော်မူ၏” (ထွ ၃:၁၀)။ မောရှေက “အကျွန်ုပ်သည် အဘယ်သို့သောသူ(နည်း)”ဟု ဘုရားသခင်ကို တုံ့ပြန်ခဲ့သည် (:၁၁)။ မောရှေ၏ မခိုင်လုံသောဆင်ခြေများကို…
မမျှော်လင့်ထားသော ဘုရားသခင်၏နည်းလမ်းများ
သင်းအုပ်ဆရာသည် အလွန်အဝေးမှုန်နေသော်လည်း ဂရုတစိုက်ရွေးချယ်ထားသော စကားစုတစ်ခုစီကို စိတ်ဝင်စားစရာမကောင်းသော အသံတစ်တန်းတည်းဖြင့် ဖတ်ပြနေသည်။ သို့သော် ဘုရားသခင်၏ဝိညာဉ်တော်သည် ဆရာကြီး Jonathan Edwards (ဂျွန်နသန် အက်ဒွက်စ်) အားဖြင့် ‘First Great Awakening’ (ပထမဆုံး ကြီးမားသော နိုးထမှု) ပွဲ၏ ဝိညာဥ်မီးကို တောက်လောင်စေခဲ့ပြီး ထောင်နှင့်ချီသောလူများ ခရစ်တော်ကို ယုံကြည်ခဲ့သည်။
ဘုရားသခင်သည် သူ၏စုံလင်သော ရည်ရွယ်ချက်များကို ပြီးမြောက်စေရန် မထင်မှတ်သောအရာများကို အသုံးပြုလေ့ရှိသည်။ လက်ဝါးကပ်တိုင်၌ ကျွန်ုပ်တို့ အတွက် သခင်ယေရှု၏ မေတ္တာနှင့် အသေခံခြင်းအားဖြင့် လမ်းလွဲသောလူသားများကို ကယ်တင်ရန် သူ၏အကြံအစည်ကို ရေးဆွဲခဲ့သည်။ ရှင်ပေါလုက “ဘုရားသခင်သည် ပညာရှိတို့ကို ရှက်ကြောက်စေခြင်းငှာ၊ လောကီအရာ၌ မိုက်မဲသောသူတို့ကို ရွေးကောက်တော်မူ၏။ အစွမ်းသတ္တိရှိသောသူတို့ကို ရှက်ကြောက်စေခြင်းငှာ၊ လောကီအရာ၌ အားနည်းသော သူတို့ကို ရွေးကောက်တော်မူ၏” (၁ ကော ၁:၂၇)ဟူ၍ သုံးသပ်ထားသည်။…
မဖြစ်နိုင်သော ဆုလက်ဆောင်
ကျွန်မယောက္ခမမွေးနေ့အတွက် အကောင်းဆုံးလက်ဆောင်ကို ရှာတွေ့ခဲ့သော ကြောင့် ဝမ်းသာရပါသည်။ ယင်းမှာ သူ့မွေးနေ့ကျောက်တုံးလေးပါသော လက်ကောက် ဖြစ်သည်။ တစ်စုံတစ်ယောက်အတွက် အကောင်းဆုံးဖြစ်မည့်လက်ဆောင်ကို ရှာတွေ့ခြင်းသည် အမြဲပင် ပျော်ရွှင်မှုကို ဖြစ်စေပါသည်။ အကယ်၍ လူတစ်ဦးချင်းစီ လိုအပ်သော လက်ဆောင်သည် ကျွန်မတို့ ပေးနိုင်သော အတိုင်းအတာထက် ကျော်လွန်နေမည်ဆိုလျှင် မည်သို့ဖြစ်မည်နည်း။ စိတ်ငြိမ်သက်မှု၊ အနားယူမှု၊ စိတ်ရှည်မှုများကို ဝယ်၍ရမည်ဆိုပါက ဝယ်ပြီး ထုတ်ပိုးကာ ဖဲပြားလေးတပ်ပြီး တစ်စုံတစ်ဦးကို လက်ဆောင်အဖြစ် ပေးချင်သောဆန္ဒ ကျွန်ုပ်တို့အများစု၌ ရှိကြပါသည်။
ဤလက်ဆောင်မျိုးကို လူတစ်ဦးမှ အခြားတစ်ဦးအား ပေးရန် မဖြစ်နိုင်ပေ။ သို့တိုင် လူ့ဇာတိအဖြစ်၌ရှိသော ယေရှုဘုရားသည် သူ့ကို ယုံကြည်သူများအား ထိုသို့သော “မဖြစ်နိုင်သည့်” လက်ဆောင်ဖြစ်သည့် ငြိမ်သက်ခြင်းလက်ဆောင်ကို ပေးခဲ့သည်။ ကောင်းကင်ဘုံသို့တက်ကြွပြီး တပည့်တော်များနှင့်မခွဲခွါမီ သခင်ယေရှုသည် သန့်ရှင်းသောဝိညာဉ်တော်ကို ပေးမည့်ကတိတော်ဖြင့် သူတို့ကို နှစ်သိမ့်ပေးခဲ့သည်။ “သန့်ရှင်းသောဝိညာဉ်တော်သည် သင်တို့အား…
ယုံကြည်ကိုးစားခြင်း
ဆောင်းမနက်ခင်းတစ်ခုတွင် ကုလားကာဖွင့်လိုက်သောအခါ ထိတ်လန့်စရာ မြင်ကွင်းတစ်ခုကို မြင်လိုက်ရသည်။ တံတိုင်းကဲ့သို့သောမြူအုပ်ကြီး။ “အေးစက်လှတဲ့ မြူ” ဟု မိုးလေဝသ ခန့်မှန်းသူက အမည်ပေးထားသည်။ ကျွန်မတို့နေရာတွင် မြူကျလေ့မရှိသလို ဤမြူခိုးများသည် ပို၍ကြီးမားသော အံ့အားသင့်စရာ တစ်ခုကို ယူဆောင်လာသည်။ မိုးလေဝသခန့်မှန်းချက်က “တစ်နာရီအတွင်း” တိမ်ပြာပြာကောင်းကင်နှင့် နေရောင်ခြည်ကို မြင်ရမည်ဟု ဖော်ပြထားသည်။ “မဖြစ်နိုင်ဘူး။ ရှေ့ခြေတစ်လှမ်းစာတောင် မြင်ရတာမဟုတ်ဘူး” ဟု ကျွန်မခင်ပွန်းကို ပြောလိုက်သည်။ သို့သော် တစ်နာရီမပြည့်မီတွင်ပင် မြူမှုန်များ ကင်းစင်သွားကာ ကောင်းကင်၌ နေသာပြီး ကြည်လင်ပြာလဲ့သွားသည်။
ပြူတင်းပေါက်၌ ရပ်ပြီး၊ ဘဝ၌ မြူခိုးများကိုသာ မြင်ရသည့်အချိန်တွင် ရှိသည့် ကျွန်မ၏ယုံကြည်ခြင်းအကြောင်းကို တွေးမိကာ “မြင်နေရတဲ့အရာအတွက်ပဲ ဘုရားသခင်ကို ကျွန်မယုံနေတာလား” ဟု ကျွန်မခင်ပွန်းသည်ကို မေးခဲ့သည်။
ဩဇိမင်းသေဆုံးပြီး ယုဒပြည်တွင် အကျင့်ပျက်သောဘုရင်အချို့ အုပ်ချုပ်သောအခါ ဟေရှာယက ‘ငါတို့ဘယ်သူကိုယုံနိုင်မလဲ’ ဟူသော အလားတူမေးခွန်းမျိုး…
သိခြင်းနှင့်ချစ်ခြင်း
‘Does My Son Know You?’ (ငါ့သား မင်းကို သိလား) ဟူသော အဓိပ္ပာယ်ရှိလှသည့် ဆောင်းပါးတွင် အားကစား သတင်းရေးသူ Jonathan Tjarks (ဂျွန်နသန်ချာ့စ်)သည် ကင်ဆာရောဂါနှင့် တိုက်ပွဲဝင်ရသည့်အကြောင်းနှင့် အခြားသူတို့ သူ့ဇနီးနှင့်သားငယ်ကို ကောင်းမွန်စွာ ပြုစု စောင့်ရှောက်စေလိုသောဆန္ဒကို ရေးသားခဲ့သည်။ အသက် (၃၄) နှစ်အရွယ် ရှိပြီဖြစ်သော ဂျွန်နသန်သည် သူမသေဆုံးမီ (၆) လအလိုတွင် ထိုစာအုပ်ကို ရေးခဲ့သည်။ သူ၏ဖခင်မှာလည်း သူအရွယ်ရောက်ခါစကပင် ဆုံးပါးသွားခဲ့သည်။ သူသည် ယေရှုကို ယုံကြည်သူဖြစ်ပြီး၊ မုဆိုးမများနှင့် မိဘမဲ့ကလေးများကို ကြည့်ရှုရန် ဖော်ပြသည့် ကျမ်းချက်များကို ဝေမျှခဲ့သည် (ထွ ၂၂:၂၂၊ ဟေရှာ ၁:၁၇၊ ယာ ၁:၂၇)။ သူ့မိတ်ဆွေများအား တိုက်ရိုက်ရည်ညွှန်းလျက် “ကောင်းကင်နိုင်ငံမှာ မင်းတို့ကို တွေ့တဲ့အခါ ငါမေးစရာ တစ်ခုပဲရှိတယ်။ ငါ့သားနဲ့…
ကျွန်ုပ်နှလုံးသား၏အမြင်ကို ဖွင့်ပေးတော်မူပါ
၂၀၀၁ ခုနှစ်တွင် လမစေ့ဘဲ မွေးလာသည့် Christopher Duffley (ခရစ္စတိုဖာ ဒါ့ဖ်လီ)လေး အသက်ရှင်ခဲ့သဖြင့် ဆရာဝန်များ အံ့အားသင့်ခဲ့ရသည်။ သူ့ အဒေါ်မိသားစုက သူ့ကိုမမွေးစားမီ ငါးလသားအရွယ်အထိ ထိန်းသိမ်းစောင့်ရှောက်ရေး ဂေဟာတွင် နေခဲ့ရသည်။ အသက်လေးနှစ်အရွယ် ခရစ္စတိုဖာ သည် မျက်စိမမြင်၊ အော်တစ်ဇင် အထီးကျန်စိတ်ဝေဒနာရှိသူ ဟုသတ်မှတ်ခံရသော်လည်း သူ့အသံ အနိမ့်အမြင့် တည့်မှန်ကြောင်း ဆရာတစ်ဦးက သတိထားမိသည်။ ခြောက်နှစ်ကြာပြီးနောက် ဘုရားကျောင်း၌ ‘Open the Eyes of My Heart’ (ကျွန်ုပ်နှလုံးသား၏ အမြင်ကို ဖွင့်ပေးတော်မူပါ) သီချင်းကို ခရစ်စတိုဖာ သီဆိုခဲ့သည်။ အွန်လိုင်းတွင် ထိုသီချင်းဗီဒီယိုကို လူသန်းနှင့်ချီ ကြည့်ရှုခဲ့ကြသည်။ ၂၀၂၀ ခုနှစ်တွင် ခရစ္စတိုဖာ သည် မသန်စွမ်းသူများအတွက် ထောက်ခံအားပေးရပ်တည်သူအဖြစ် ဆောင်ရွက်မည့် သူ၏ပန်းတိုင်ကို မျှဝေခဲ့သည်။ ဘုရားရှင်၏ အကြံအစည်တော်အတွက် အသင့်ရှိနေသော…
နာကျင်မှုအတွက် မျှော်လင့်ခြင်း
“လူအများစု၌ အခြားသူများ မမြင်နိုင် (သို့) နားမလည်နိုင်သော အမာရွတ်များ ရှိနေကြသည်”။ ထိုစကားသည် စိတ်ကျန်းမာရေးပြဿနာများကြောင့် ၂၀၂၀ ခုနှစ် ပုံမှန်အားကစားရာသီအကုန်တွင် နုတ်ထွက်ခဲ့သည့် Major League Baseball (မေဂျာလိဂ်ဘေ့စ်ဘော) အသင်းမှ ကစားသမား Andrelton Simmons (အန်ဒရယ်လ်တန်စင်မန်စ်) ထံမှ ရိုးသားစွာ ထွက်ပေါ်လာသည်။ သူ၏ဆုံးဖြတ်ချက်ကို သုံးသပ်လျက် အလားတူ စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရသူများကို အားပေးရန်နှင့် စာနာမှုပြရန် သူ့အကြောင်းကိုမျှဝေရန်လိုအပ်ကြောင်း စင်မန်စ် ခံစားမိသည်။
မခန့်မှန်းနိုင်သည့် ကြီးမားနက်နဲသော အနာတရနှင့် ဒဏ်ရာများသည် မမြင်ကွယ်ရာမှ အမာရွတ်များဖြစ်ပြီး၊ ၎င်းသည် အမှန်ပင် နာကျင်လျက် ဝေဒနာခံစားရဆဲဖြစ်သည်။ ဆာလံကျမ်း ၆ တွင် ဒါဝိဒ်က သူသည် “ခွန်အားနည်း”ပြီး “အရိုးတို့ သည် တုန်လှုပ်ကြ”ကြောင်း (:၂)၊ မခံနိုင်လောက်အောင် ပြင်းထန်သော ရုန်းကန်ရမှုကို ရိုးသားစွာ ရေးခဲ့သည်။…
အနှေးဖက်ရှင်ကျေးဇူးတော်
‘ဟက်ရှ်တက်ဂ်အနှေးဖက်ရှင်’ (#slowfashion)အကြောင်း သင်ကြားဖူးပါသလား။ အဝတ်အထည်များကို စျေးပေါပေါဖြင့် ထုတ်လုပ်ပြီး လျင်မြန်စွာစွန့်ပစ်ခြင်းဖြင့် ကြီးစိုးနေသည့် “အမြန်ဖက်ရှင်” လုပ်ငန်းတစ်ခုကို တွန်းလှန်ရန် လှုပ်ရှားမှုတစ်ခုကို ထိုဟက်ရှ်တက်ဂ် လူမူကွန်ယက်ပို့စ် ဆောင်းပါးမှ အာရုံစိုက်လုပ်ဆောင်နေကြသည်။ အမြန်ဖက်ရှင်တွင် စတိုးဆိုင်များရှိ အဝတ်အထည်များသည် လျင်မြန်စွာပင် ခေတ်နောက်ကျကျန်ခဲ့ပြီး အချို့သော အမှတ်တံဆိပ်များ၏ ဖက်ရှင်ထုတ်ကုန် အမြောက်အမြားကို ၎င်းတို့ နှစ်စဉ် စွန့်ပစ်နေရသည်။
အနှေးဖက်ရှင်လှုပ်ရှားမှုသည် လူများကို အရှိန်လျော့စေပြီး၊ အခြားနည်းလမ်းတစ်ခုကို စဥ်းစားလုပ်ဆောင်ရန် အားပေးသည်။ နောက်ဆုံးပေါ် အသွင်သဏ္ဌာန်ဖြစ်နေရန်လိုသည် ဟူသည့်အတွေး၏ ဆွဲငင်မှုခံရသည်ထက်၊ ကောင်းမွန်သော၊ ကျမ်းမာရေးနှင့်ညီညွတ်သော၊ ပစ္စည်းအရည်အသွေး မှန်ကန်သော၊ စီးပွားရေးကျင့်ဝတ်နှင့်ညီသည့် ရေရှည်ခံသည့်ထုတ်ကုန်များကို ရွေးချယ်ရန် အနှေးဖက်ရှင်က ကျွန်ုပ်တို့အား တိုက်တွန်းအားပေးသည်။
‘ဟက်ရှ်တက်ဂ်အနှေးဖက်ရှင်’၏ ဖိတ်ခေါ်မှုကို ပြန်လည်ဆင်ခြင်ကြည့်သောအခါတွင်၊ ကျွန်မသည် ပြည့်စုံမှုကို နောက်ဆုံးပေါ် ခေတ်ရေစီးကြောင်းတွင် အမြဲတစေရှာဖွေနေသော “အမြန်ဖက်ရှင်” တွေးခေါ်မှုပုံစံသို့ ကျရောက်နေသည်ကို တွေ့ခဲ့ရသည်။…
ကျွန်ုပ်တို့လိုအပ်သော ဉာဏ်ပညာ
John M. Barry (ဂျွန်အမ်ဘယ်ရီ)၏ ကြီးကျယ်ခံ့ညားသော ‘The Great Influenza’ (တုပ်ကွေးကပ်ဘေးကြီး) စာအုပ်တွင် ၁၉၁၈ ခုနှစ် တုပ်ကွေးကပ်ရောဂါအကြောင်းကို ပြန်ပြောပြထားသည်။ ကျန်းမာရေးအရာရှိများသည် အံ့ဩနေသည်ထက် ရောဂါ အကြီးအကျယ် ကူးစက်ပြန့်ပွားမည်ကို မျှော်လင့်ထားခဲ့ကြကြောင်း၊ ပထမကမ္ဘာစစ်တွင် တပ်ဖွဲ့ဝင်ထောင်ပေါင်းများစွာသည် ကတုတ်ကျင်းများတွင် ပြွတ်သိပ်စွာ နေရပြီး၊ နယ်စပ်ဖြတ်ကျော်ခြင်းဖြင့် ဗိုင်းရပ်စ်အသစ်များ ပေါ်ထွက်လာမည်ကို သူတို့စိုးရိမ်ခဲ့ကြကြောင်း ဘယ်ရီ က ထုတ်ဖော်ရေးသားခဲ့သည်။ သို့သော်လည်း ဤအသိသည် ပျက်စီးခြင်းကို ရပ်တန့်ပစ်ရန် အသုံးမဝင်ပေ။ ဩဇာကြီးမားသော ခေါင်းဆောင်များသည် စစ်ပွဲကြီးကို အားတက်သရော ထောက်ခံပြီး အကြမ်းဖက်မှုဆီသို့ ဒုန်းစိုင်းဦးတည်ခဲ့ကြသည်။ ကူးစက်ရောဂါဗေဒပညာရှင်များက လူပေါင်း သန်းငါးဆယ်သည် ကပ်ရောဂါနှင့် သေဆုံးကြရပြီး၊ စစ်ပွဲအတွင်း သတ်ဖြတ်မှုမှာ သန်းနှစ်ဆယ်ခန့် သေဆုံးခဲ့သည်ဟု ခန့်မှန်းကြသည်။
လူသားအသိပညာသည် ကျွန်ုပ်တို့အား မကောင်းမှုမှကယ်တင်ရန် မည်သည့်အခါမျှ မလုံလောက်ကြောင်း အကြိမ်ကြိမ်…
ရွေးချယ်မှုတစ်ခု
ကျွန်မချစ်ရသော သူငယ်ချင်းတစ်ဦးဆုံးပါးသွားပြီး ရက်သတ္တပတ် အနည်းငယ်အကြာတွင် သူ၏မိခင်နှင့် စကားပြောခဲ့သည်။ သူမဝမ်းနည်းနေသောကြောင့် “ဘယ်လိုနေလဲ”ဟုမေးရန် မသင့်လျော်သောမေးခွန်းဟု ကျွန်မထင်သဖြင့် မေးရန် ချီတုံချတုံ ဖြစ်နေခဲ့သည်။ သို့သော်လည်း ကျွန်မ၏တွန့်ဆုတ်မှုကို ဘေးဖယ်ကာ၊ သူမမည်ကဲ့သို့ တောင့်ခံနေခဲ့သနည်းဟု မေးခဲ့သည်။ သူမက “နားထောင် သမီး၊ အန်တီကတော့ ဝမ်းမြောက်မှုကို ရွေးချယ်တယ်” ဟု ပြန်ဖြေသည်။
ထိုနေ့က သူမစကားလုံးများသည် မနှစ်မြို့ဖွယ်အခြေအနေများကို ကျော်ဖြတ်ရန် ရုန်းကန်နေရသော ကျွန်မဘဝအတွက် အကျိုးရှိခဲ့သည်။ တရားဟောရာကျမ်းအဆုံးတွင် ဣသရေလလူမျိုးတို့အား မောရှေမိန့်ကြားခဲ့သော စကားများကိုလည်း အမှတ်ရစေသည်။ မောရှေမသေမီနှင့် ဣသရေလလူမျိုးတို့ ကတိတော်ထားရာပြည်သို့မဝင်မီ သူတို့၌ ရွေးချယ်စရာရှိသည်ကို ဘုရားသခင်က သူတို့ကို သိစေချင်ခဲ့သည်။ မောရှေက “အသက်ရှင်ခြင်း၊ သေခြင်း ... တို့ကို သင့်ရှေ့၌ ငါထားသည်။ ... အသက်တရားကို ရွေးယူလော့” (တရား ၃၀:၁၉-၂၀) ဟုဆိုသည်။…