မေးခွန်းများရှိပါသလား
အန်းန် သည် ပဏာမစစ်ဆေးမှုအတွက် နှစ်ပေါင်းများစွာ သိကျွမ်းခဲ့သော ခံတွင်းခွဲစိတ်သမားတော်တစ်ဦးနှင့် တွေ့ဆုံနေသည်။ “မင်းမှာ မေးစရာတွေရှိလား”ဟု မေးရာ၊ သူမက “ရှိတယ်။ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ဆရာဘုရားကျောင်းသွားခဲ့လား” ဟုမေးခဲ့သည်။ ထိုမေးခွန်းက ဝေဖန်ရန် မရည်ရွယ်ဘဲ ယုံကြည်ခြင်းနှင့်ပတ်သက်၍ စကားစမြည်ပြောရန် ရိုးရိုးလေး စကားစလိုက်ခြင်းဖြစ်သည်။
ခွဲစိတ်ဆရာဝန်သည် ဘုရားကျောင်းနှင့်ပတ်သက်၍ အပြုသဘောအတွေ့အကြုံနည်းပါးစွာ ကြီးပြင်းခဲ့ပြီး ဘုရားကျောင်းသို့ ပြန်မရောက်ခဲ့ပါ။ အန်းန်၏မေးခွန်းနှင့် သူတို့စကားပြောဆိုမှုများကြောင့်၊ သူ၏ဘဝတွင် သခင်ယေရှုနှင့် အသင်းတော်၏အခန်းကဏ္ဍကို ပြန်လည်သုံးသပ်ခဲ့သည်။ နောက်ပိုင်းတွင် သူ၏အမည်ကို ရေးထိုးထားသည့် ကျမ်းစာအုပ်ကို အန်းန် လက်ဆောင်ပေးသောအခါ မျက်ရည်များနှင့် သူလက်ခံခဲ့သည်။
တစ်ခါတစ်ရံ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ယုံကြည်ခြင်းကို မျှဝေရာတွင် အလွန်တက်ကြွ စိတ်ထက်သန်သည့်ပုံ မပေါ်စေလိုပါ။ သို့မဟုတ်ပါကလည်း ထိပ်တိုက်ရင်ဆိုင်ရန် ကြောက်လန့်တတ်ကြသည်။ သို့သော် မေးခွန်းများ မေးခြင်းဟူသည့် သခင်ယေရှုအကြောင်း သက်သေခံရန် ဆွဲဆောင်မှုရှိသောနည်းလမ်း ရှိနိုင်ပါသည်။…
သခင်ယေရှုကဲ့သို့
၂၀၁၄ ခုနှစ်တွင် ဇီဝဗေဒပညာရှင်များသည် ဖိလစ်ပိုင်နိုင်ငံ၌ လိမ္မော်ရောင် ရေနဂါး အသေးမျိုးတစ်စုံကို ဖမ်းမိခဲ့သည်။ သူတို့၏အိမ်ဟုသတ်မှတ်သည့် လိမ္မော်ရောင် ပင်လယ်သန္တာကျောက် တစ်ပိုင်းနှင့်အတူ ၎င်းတို့ကို အမေရိကန်နိုင်ငံ၊ ဆန်ဖရန်စစ္စကိုမြို့ရှိ ကယ်လီဖိုးနီးယား သိပ္ပံတက္ကသိုလ်သို့ ခေါ်ဆောင်သွားခဲ့သည်။ ထိုရေနဂါး အသေးမျိုးသည် ၎င်းတို့၏မိဘများ၏အရောင် (သို့) ပတ်ဝန်းကျင်အရောင်နှင့်လိုက်လျောညီထွေ ဖြစ်ရန် မွေးဖွားလာသလား ဆိုသည်ကို သိပ္ပံပညာရှင်များက သိချင်ကြသည်။ အညိုရောင်မှိုင်းမှိုင်း ရေနဂါးငယ်များ မွေးဖွားလာသောအခါ သိပ္ပံပညာရှင်များက ခရမ်းရောင်ပင်လယ်သန္တာကျောက်ကို ကန်ထဲသို့ ထည့်လိုက်ရာ၊ လိမ္မော်ရောင်မိဘများမှ ပေါက်လာသည့် ရေနဂါးငယ်လေးများသည် ဖြာထွက်နေသော ခရမ်းရောင် သန္တာကျောက်နှင့် လိုက်ဖက်အောင် အရောင်ပြောင်းသွားသည်။ ၎င်းတို့၏ နုနယ်သောသဘာဝကြောင့် ၎င်းတို့၏ရှင်သန်မှုသည် ဘုရားသခင်ပေးသော ပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်နိုင်စွမ်းပေါ်မူတည်နေပါသည်။
သဟဇာတဖြစ်ခြင်းသည် သဘာဝတရားတွင် အသုံးဝင်သော ကာကွယ်ရေး ယန္တရားတစ်ခု ဖြစ်သည်။ သို့သော် လူသားအားလုံး ကယ်တင်ခြင်းကို လက်ခံပြီး၊ မိမိ၏အသက်ရှင်မှုသည်…
ပရောဖက်များ၏ သတင်းစကား
၁၉၀၆ ခုနှစ် ဘေ့စ်ဘော ကမ္ဘာ့ဖလားပွဲစဥ် (World Series) မတိုင်မီ၊ အားကစားစာရေးဆရာ Hugh Fullerton (ဟရူး ဖူလာတန်) သည် ပါးနပ်သော ခန့်မှန်းချက်တစ်ခုပြုခဲ့သည်။ အနိုင်ရရန် ရေပန်းစားနေသည့် Chicago Cubs (ချီကာဂိုသားပေါက်လေးများ) အဖွဲ့သည် ပထမပွဲနှင့် တတိယပွဲများတွင် ရှုံးပြီး ဒုတိယပွဲတွင် အနိုင်ရမည်ဟု သူပြောခဲ့သည်။ စတုတ္ထပွဲတွင်လည်း နိုင်လိမ့်မည်ဟု ပြောခဲ့သည်။ သူခန့်မှန်းသည့်အတိုင်း မှန်ကန်ခဲ့သည်။ ထို့နောက် ၁၉၁၉ ခုနှစ်တွင် သူ၏ခန့်မှန်းသုံးသပ်မှုစွမ်းရည်ဖြင့် ကစားသမားအချို့သည် ကမ္ဘာ့ဖလားပွဲစဥ်များကို တမင်တကာ ရှုံးနိမ့်အောင်လုပ်နေကြောင်း သူပြောပြခဲ့သည်။ ဖူလာတန်က ထိုကစားသမားများကို လာဘ်ထိုးထားသည်ဟု သံသယရှိသည်။ ထင်ရှားသည့် ဝေဖန်မှုများဖြင့် သူလှောင်ပြောင်ခံခဲ့ရသည်။ သို့ရာတွင် သူ့ခန့်မှန်းချက်များ မှန်ကန်ခဲ့ပြန်သည်။
ဖူလာတန်သည် ပရောဖက်မဟုတ်၊ အထောက်အထားများကို လေ့လာသော ပညာရှင်တစ်ဦးမျှသာ ဖြစ်သည်။ ယေရမိသည် သူ၏ပရောဖက်ပြုချက်များ အမြဲပြည့်စုံခဲ့သော…
လက်လွှတ်လိုက်ပါ
ကိသ် အလုပ်လုပ်နေသည့် စာအုပ်ဆိုင်ပိုင်ရှင်သည် အားလပ်ရက်ခရီးထွက်သွားသည်မှာ နှစ်ရက်သာ ရှိသေးသော်လည်း ၎င်း၏လက်ထောက်ဖြစ်သူ ကိသ် မှာ စိုးရိမ်ထိတ်လန့်နေပြီဖြစ်သည်။ လုပ်ငန်းလည်ပတ်မှု ချောမွေ့သော်လည်း ကိသ် သည် စတိုးဆိုင်ကြီးကြပ်ရသည့်အလုပ်ကို ကောင်းမွန်စွာ မလုပ်နိုင်မှာကို စိုးရိမ်နေ ပြီး၊ ကမူးကရှူးထိုးနှင့် သူတတ်နိုင်သမျှ အသေးစိတ် ကြီးကြပ်လုပ်ဆောင်ခဲ့သည်။
နောက်ဆုံး သူ့သူဌေးက ဗီဒီယိုဖုန်းခေါ်၍ “ေတော်တော့။ မင်းအလုပ်က မင်းကို ငါနေ့စဉ် အီးမေးလ်နဲ့ပို့ပေးတဲ့ ညွှန်ကြားချက်တွေကို လိုက်လုပ်ရုံပဲ။ စိတ်ပူမနေနဲ့ ကိသ်။ တာဝန်ရှိတဲ့သူက ငါဖြစ်တယ်။ မင်းမဟုတ်ဘူး” ဟု ပြောခဲ့သည်။
အခြားတိုင်းနိုင်ငံများနှင့် ပဋိပက္ခဖြစ်ချိန်၌ ဣသရေလလူမျိုးတို့သည် ဘုရားသခင်ထံမှ “ငြိမ်ဝပ်လျက်နေကြလော့” (ဆာ ၄၆:၁၀) ဟု အလားတူစကားများကို လက်ခံရရှိခဲ့သည်။ တစ်နည်းအားဖြင့် “ကိုယ့်အစွမ်းနဲ့ ရုန်းကန်နေတာကို ရပ်လိုက်။ ငါပြောတာကို လိုက်နာ၊ မင်းအတွက် ငါတိုက်ပွဲဝင်ပေးမယ်” ဟု ပြောနေခြင်းဖြစ်သည်။…
ဧည့်သည်ကို ကြိုဆိုခြင်း
ထောင်နှင့်ချီသော စစ်ရှောင် ယူကရိန်းအမျိုးသမီးများနှင့် ကလေးများ ဘာလင်မီးရထားဘူတာသို့ ရောက်ရှိလာချိန်တွင် ဂျာမန်မိသားစုများက သူတို့၏နေအိမ်များတွင် ခိုလှုံရန် ကမ်းလှမ်းချက် လက်လုပ်ဆိုင်းဘုတ်များ ကိုင်ဆောင်ထားသည်ကို အံ့အားသင့်ဖွယ်မြင်တွေ့ခဲ့ကြသည်။ ဆိုင်းဘုတ်များတွင် “လူနှစ်ယောက် လက်ခံလို့ရတယ်”၊ “အခန်းကြီးကြီးရှိတယ်” စသည်ဖြင့် ရေးထားသည်။ သူစိမ်းများကို အဘယ့်ကြောင့် ဤသို့ ဧည့်ဝတ်ပြုရသနည်းဟု အမျိုးသမီးတစ်ဦးကိုမေးရာ နာဇီများရန်မှ ထွက်ပြေးစဉ်တွင် သူ၏မိခင်သည် ခိုလှုံရန်နေရာလိုအပ်ခဲ့သကဲ့သို့ ယခုကဲ့သို့ အချိန်တွင်လည်း အခြားလိုအပ်နေသူများကို ကူညီလို၍ဖြစ်ကြောင်း ပြောသည်။
တရားဟောရာကျမ်းတွင် မိမိတို့၏ဇာတိမြေနှင့် ဝေးကွာနေသူတို့အား ပြုစုစောင့်ရှောက်ရန် ဣသရေလလူမျိုးတို့အား ဘုရားသခင်မိန့်ကြားခဲ့သည်။ အကြောင်းမူကား၊ ဘုရားသခင်သည် မိဘမရှိသောသူငယ်၊ မုဆိုးမနှင့် ဧည့်သည်အာဂန္တုတို့ကို ကြည့်ရှုစောင့်ရှောက်သူ ဖြစ်သောကြောင့်တည်း (၁၀:၁၈)။ ထို့ပြင်ဣသရေလလူမျိုးတို့သည် ထိုသို့သော အားငယ်ဖွယ်အဖြစ်ကို ကြုံဖူးကြသည်။ “သင်တို့သည် အဲဂုတ္တုပြည်၌ ဧည့်သည်ဖြစ်ကြဖူးပြီ” (၁၀:၁၉)။ ကိုယ်ချင်းစာ တရားသည် ၎င်းတို့၏ ကူညီဖေးမမှု ဖြစ်ပေါ်လာစေရန်…
ငြိမ်သက်စွာနေလော့
သီးသန့်ရေကန်အခန်းတွင် ကျွန်မ၏ခန္ဓာကိုယ်သည် ရေပေါ်၌ သက်သောင့် သက်သာ လွင့်မျောသွားကာ အခန်းသည် အမှောင်ကျသွားပြီး နောက်ခံတီးခတ်နေသည့် ညင်သာသောဂီတသံလည်း တိတ်ဆိတ်သွားသည်။ သီးသန့်ရေကန်များသည် ကုထုံးတစ်ခုဖြစ်ပြီး စိတ်ဖိစီးမှုနှင့် စိုးရိမ်ပူပန်မှုများကို သက်သာရာရစေသည်ဟု ကျွန်မဖတ်ဖူးသည်။ သို့သော် ၎င်းသည် ကျွန်မတစ်ခါမှ မကြုံဖူးသောအရာဖြစ်သည်။ ကမ္ဘာကြီး၏မငြိမ်မသက်မှုများ ရပ်သွားသကဲ့သို့ ခံစားခဲ့ရပြီး ကျွန်မ၏အတွင်းအကျဆုံး အတွေးများကို ရှင်းရှင်းလင်းလင်း ကြားနေရသည်။ ဟန်ချက်ညီပြီး ပြန်လည်အားသစ်လောင်းမှု ခံစားရလျက် ငြိမ်သက်ခြင်းတွင် စွမ်းအားရှိကြောင်း ကျွန်မသိခဲ့ရသည်။
ခွန်အားကို ပြန်လည်အသစ်ပြုပြင်ပေးသော ဘုရားသခင်သည် ကျွန်မတို့နေ့စဥ်ရင်ဆိုင်ရသော အခက်အခဲများကို ကိုင်တွယ်ဖြေရှင်းရန် လိုအပ်သော ဉာဏ်ပညာကို ပေးသနားပြီး၊ ငြိမ်ဝပ်စွာ ဘုရားသခင်၏ရှေ့တော်မှောက်တွင် ကျွန်မတို့အေးချမ်းသက်သာစွာ အနားယူနိုင်သည်။ ဆူညံမှုများကို တိတ်ဆိတ်စေပြီး အသက်တာ၏အနှောင့်အယှက်များကို ဖယ်ရှားလျက် ကျွန်မတို့ငြိမ်ဝပ်စွာနေလျှင် ကိုယ်တော်၏နူးညံ့သိမ်မွေ့သောအသံကို ပို၍ ရှင်းလင်းစွာကြားရအောင် ကိုယ်တော်သည် ကျွန်မတို့အား ခွန်အားပေးသည် (ဆာ ၃၇:၇)။…
မည်သည့်ပညာကို ဆည်းပူးမည်နည်း
၂၀၁၈ ခုနှစ် အီစတာနေ့မတိုင်မီလေးတွင် အကြမ်းဖက်သမားတစ်ဦးသည် စျေးထဲတွင် လူနှစ်ဦးကို သတ်ပစ်ခဲ့ပြီး၊ အမျိုးသမီးတစ်ဦးကို ဓားစာခံအဖြစ်ဖမ်းသွားသည်။ အမျိုးသမီးကို ပြန်လွှတ်ပေးရန် ကြိုးပမ်းမှု မအောင်မြင်သောအခါ ရဲတစ်ဦးက ထိုအမျိုးသမီးအစား သူ့ကိုခေါ်သွားရန် အကြမ်းဖက်သမားကို ကမ်းလှမ်းခဲ့သည်။
ထိုကမ်းလှမ်းမှုသည် လူများတွေးထင်နေကြ ဉာဏ်ပညာနှင့် ဆန့်ကျင်နေသောကြောင့် အံ့ဩစရာဖြစ်ခဲ့သည်။ လူမှုကွန်ယက်မီဒီယာတွင် တင်ထားသော လူတို့အမွမ်းတင်သည့် နာမည်ကြီး ကိုးကားချက် အဆိုများ၊ စကားများကို ကြည့်ခြင်းဖြင့် ခေတ်ယဉ်ကျေးမှုတစ်ခု၏ “အသိပညာ”ကို အမြဲပြောနိုင်သည်။ လူကြိုက်များသော ကိုးကားချက်တစ်ခုမှာ “ဘဝရဲ့အကြီးမားဆုံးစွန့်စားမှုက ကိုယ့်အိပ်မက်အတိုင်း ရှင်သန်နေထိုင်ခြင်းပါပဲ” ပင်ဖြစ်သည်။ တစ်ဖန် “ကိုယ့်ကိုယ်ကို အရင်ချစ်၊ ပြီးရင် တခြားအရာအားလုံးက အဆင်ပြေသွားလိမ့်မယ်”၊ “မင်းအတွက် မင်းလုပ်စရာရှိတာကို လုပ်ပါ” စသည်ဖြင့် ဆိုကြပြန်သည်။ ရဲအရာရှိသည် ထိုအကြံဉာဏ်များကို လိုက်နာခဲ့လျှင် သူ့အကျိုးကိုသာ ရှေ့တန်းတင်ပြီး ထွက်ပြေးသွားလိမ့်မည်။
တမန်တော်ရှင်ယာကုပ်က ကမ္ဘာပေါ်တွင် “ဇာတိပကတိပညာ”…
ကတိတော်ပြည့်စုံစေပြီ
ကျွန်မငယ်စဥ်က မိုင် (၂၀၀) ဝေးသည့်အရပ်ရှိ အဘိုးအဘွားများနှင့်အတူ တစ်ပတ်တာ ပျော်ရွှင်စွာနေထိုင်ရန် နွေရာသီတိုင်း ခရီးထွက်ခဲ့ရသည်။ ကျွန်မချစ်ရသော လူနှစ်ဦးထံမှ ဉာဏ်ပညာ မည်မျှရရှိခဲ့သည်ကို ထိုစဥ်က ကျွန်မ မသိခဲ့ပါ။ သူတို့၏ဘဝအတွေ့အကြုံများနှင့် ဘုရားသခင်နှင့်အတူ လျှောက်လှမ်းမှုက ဘဝကို ပကတိအတိုင်း ရှုမြင်တတ်သောအမြင်ကို ပေးသည်။ ၎င်းတို့၏အမြင်ကို ကျွန်မ၏ငယ်ရွယ်သောစိတ်၌ မတွေးတတ်သေးပါ။ ဘုရားသခင်၏ သစ္စာရှိမှုအကြောင်း သူတို့နှင့်ပြောဆိုခဲ့ခြင်းက ဘုရားရှင်သည် ယုံကြည်ကိုးစားထိုက်ပြီး သူ၏ကတိတိုင်းကို ဖြည့်ဆည်းပေးကြောင်း ကျွန်မအား စိတ်ချစေသည်။
သခင်ယေရှု၏မိခင် မာရိထံသို့ ကောင်းကင်တမန်တစ်ပါး ရောက်လာသောအခါ သူမသည် ဆယ်ကျော်သက်အရွယ်သာ ရှိသေးသည်။ ဂါဗြေလပြောသော သတင်းစကားသည် အလွန်အမင်း မယုံနိုင်လောက်စရာဖြစ်သော်လည်း သူမသည် ထိုတာဝန်ကို ကျေကျေနပ်နပ် လက်ခံခဲ့သည် (လု ၁:၃၈)။ သို့သော် (ကျမ်းပညာရှင်အချို့က အသက် (၆၀) ရှိသည်ဟု ယူဆကြသည့်) သက်ကြွယ်ဆွေမျိုး ဧလိရှဗက်ထံသို့…
လမ်းညွှန်မှုကို လက်ခံခြင်း
ကျွန်မသူငယ်ချင်း မီရှဲက ကျွန်မသမီးကို မြင်းစီသင်ပေးသည့် တင်းကုပ်၌ ကျွန်မတို့ရပ်နေစဥ် သားရေနှင့် အုတ်ဂျုံအနံ့ကို ရခဲ့ကြသည်။ မြင်းပု၏ သွားအနောက်တွင် မြင်းဇက်သွားကို မည်သို့တပ်ဆင်ရမည်ကို သူမပြသောအခါ မီရှဲ၏အဖြူရောင်မြင်းပု၏ ပါးစပ်ဟသွားသည်။ သူမသည် မြင်းဇက်ကြိုးကို နားရွက်သို့ဆွဲတင်ရင်း၊ မြင်းစီးသူများအတွက် မြင်းကို အရှိန်လျော့ရန်နှင့် ဘယ်၊ ညာလှည့်ပြီး ထိန်းကျောင်းရန်အတွက် မြင်းဇက်သွားသည် အရေးပါကြောင်းကို မီရှဲရှင်းပြခဲ့သည်။
လူ၏လျှာကဲ့သို့ပင် မြင်းဇက်သွားသည် သေးငယ်သော်လည်း အရေးကြီးသည်။ နှစ်ခုစလုံးသည် ကြီးမားပြီး အင်အားကြီးသောအရာအပေါ် လွှမ်းမိုးမှုကြီးမားသည်။ မြင်းဇက်သွားက မြင်းကို၊ လျှာက ကျွန်မတို့၏စကားလုံးများကို (ယာ ၃:၃၊ ၅) လွှမ်းမိုးသည်။
ကျွန်မတို့၏စကားလုံးများသည် ဦးတည်ချက်အမျိုးမျိုးသို့ ဦးတည်နိုင်သည်။ “ငါတို့သည် လျှာဖြင့် ခမည်းတော်ဘုရားသခင်ကို ကောင်းချီးပေးတတ်ကြ၏။ ဘုရားသခင်၏ပုံသဏ္ဌာန်တော်နှင့်အညီ ဖန်ဆင်းသောလူတို့ကို လျှာဖြင့် ကျိန်ဆဲတတ်ကြ၏” (:၉)။ စကားလုံးများက စိတ်နှလုံးထဲမှ ထွက်လာခြင်းဖြစ်သောကြောင့် ကျွန်မတို့၏စကားများကို…
အံ့သြဖွယ်ရာများ၏ဘုရား
ကွန်ဗန်းရှင်းစင်တာက မှောင်သွားပြီး၊ ဆက်ကပ်ရန် ကတိပြုခြင်းအတွက် တရားဟောဆရာက ဦးဆောင်ဆုတောင်းပေးချိန်၌ ထောင်နှင့်ချီသောတက္ကသိုလ်ကျောင်းသားများ ခေါင်းငုံ့ထားကြသည်။ နိုင်ငံရပ်ခြားသာသနာအတွက် အစေခံရန်စေစားမှုကို ခံစားရသူများ မတ်တပ်ရပ်ရန် ဆရာဖိတ်ခေါ်သောအခါ ကျွန်မ၏ သူငယ်ချင်း လင်းနက်သည် နေရာမှ ထရပ်လိုက်သည်ကို ကျွန်မခံစားရသည်။ သူမသည် ဖိလစ်ပိုင်တွင် နေထိုင်ပြီး အစေခံရန် ကတိပြုထားသည်ကို ကျွန်မသိသည်။ ကျွန်မကမူ မတ်တပ်ရပ်ရန် ဆန္ဒမရှိသေးပါ။ အမေရိကန်ပြည်ထောင်စုတွင် လိုအပ်မှုများကို သိမြင်ပြီးနောက် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို ကျွန်မ၏ မွေးရပ်မြေ၌သာ ဝေမျှချင်ခဲ့သည်။ သို့သော် ဆယ်နှစ်ခန့်ကြာပြီးနောက် ကျွန်မအား အိမ်နီးချင်းများအဖြစ် ဘုရားသခင် ပေးထားသော လူများကြား၌ အမှုဆောင်ရန် ကြိုးစားရင်း ဗြိတိန်သို့ ကျွန်မပြောင်းရွှေ့နေထိုင်ခဲ့သည်။ ကျွန်မမျှော်လင့်ထားသည်နှင့် မတူသည့် စွန့်စားခန်းတစ်ခုသို့ ဘုရားသခင် ကျွန်မအား ဖိတ်ခေါ်သည်ကို သိလိုက်ရသောအခါ ကိုယ့်ဘဝကို မည်သို့ရှင်သန်မည်နှင့်ပတ်သက်၍ ကျွန်မစိတ်ကူးများ ပြောင်းလဲသွားသည်။
သခင်ယေရှုသည် သူ့နောက်သို့လိုက်ရန်ခေါ်ခဲ့သော…