အကူအညီတောင်းခံခြင်း
David Willis (ဒေးဗစ် ဝေးလစ်(စ်))သည် လန်ဒန်မြို့ရှိ ‘Waterstones’ (ဝါးတားစတုန်းစ်) စာအုပ်ဆိုင်အပေါ်ထပ်တွင်ရှိနေပြီး အောက်ထပ်ဆင်းလာသောအခါ မီးများနှင့် တံခါးများပိတ်ထားသည်ကို တွေ့လိုက်ရသည်။ သူသည် စာအုပ်ဆိုင်ထဲတွင် ပိတ်မိနေသည်။ ဘာလုပ်ရမှန်းမသိသောကြောင့် သူသည် တွစ်တာပေါ်၌ “ဝါးတားစတုန်းစ် ရေ၊ Trafalgar Square (ထရာဖော်လ်ဂါ ရင်ပြင်)က မင်းရဲ့စာအုပ်ဆိုင်မှာ ကျွန်တော်ပိတ်မိနေတာ (၂) နာရီရှိပါပြီ။ ကျေးဇူးပြုပြီး ကျွန်တော့်ကို ထွက်ခွင့်ပေးပါ” ဟု ရေးသားခဲ့သည်။ သူရေးသားပြီး မကြာမီ သူ့အား လာကယ်ခဲ့ကြသည်။
ပြဿနာကြုံသောအခါ အကူအညီရနိုင်မည့် နည်းလမ်းရှိခြင်းသည် ကောင်းပါသည်။ မိမိဘာသာပြုသောပြဿနာများနှင့် ကြုံရသောအခါ ကျွန်ုပ်တို့၏ အကူအညီတောင်းခံမှုကို ဖြေကြားပေးမည့်သူတစ်ဦးရှိသည်ဟု ပရောဖက် ဟေရှာယက ဆိုသည်။ ထာဝရဘုရား၏လူမျိုးတော်သည် တရားလမ်း၌ တလွဲမွေ့လျော်ကြ၍ ထာဝရဘုရားက အပြစ်တင်တော်မူသည်။ သူတို့သည် အစာရှောင်ခြင်း၊ ခြိုးခြံခြင်းတို့ကို ပြုကြသော်လည်း ဆင်းရဲသားတို့အား ဖိနှိပ်ခြင်းကို…
သန့်ရှင်းသောဝိညာဉ်တော်၌ လွတ်လပ်ခြင်း
Orville Wright (အော်ဗေးလ်ရိုက်)နှင့် Wilbur Wright (ဝေးလ်ဘာရိုက်) ညီနောင်တို့သည် လေယာဉ်မှူးလက်မှတ်ရထားကြသူများ မဟုတ်ပါ။ နှစ်ဦးလုံးသည် ကောလိပ်လည်း မတက်ဖူးပါ။ သူတို့သည် ကြိုးစား၍ ပျံသန်းရန်အိပ်မက်နှင့် စမ်းသပ်ဝံံ့သည့်သတ္တိရှိသူ စက်ဘီးပြင်ဆရာများသာဖြစ်ကြသည်။ ၁၉၀၃ ခုနှစ်၊ ဒီဇင်ဘာလ ၁၇ ရက်တွင် သူတို့သည် ‘Wright Flyer’ (ရိုက်လေယာဉ်)ကို တစ်ယောက်တစ်လှည့်စီ (၄) ကြိမ် မောင်းနှင်ခဲ့ကြသည်။ အကြာဆုံးပျံသန်းမှုသည် တစ်မိနစ်မျှသာကြာခဲ့သော်လည်း ၎င်းသည် ကမ္ဘာကြီးကို လုံးဝပြောင်းလဲစေခဲ့သည်။
ပေတရုနှင့် ယောဟန်တို့၌လည်း တရားဟောလက်မှတ်မရှိသည့်အပြင် ကျမ်းစာကျောင်းလည်း မတက်ဖူးကြပါ။ သူတို့သည် တံငါသည်များဖြစ်ပြီး၊ သခင်ယေရှု၏ဝိညာဉ်နှင့် ပြည့်သောအခါ “ထိုသခင်၏ နာမတော်မှတစ်ပါး ငါတို့ကို ကယ်တင်နိုင်သော နာမတစ်စုံတစ်ခုမျှ ကောင်းကင်အောက်လူတို့တွင် မပေါ်မရှိ” (တ ၄:၁၂)ဟူ၍ ဝမ်းမြောက်ဖွယ် သတင်းကောင်းကို ရဲရင့်စွာကြားပြောကြသည်။
ရိုက်ညီနောင်၏အောင်မြင်မှုကို သူတို့၏အိမ်နီးချင်းများက ချက်ချင်းအသိအမှတ်မပြုခဲ့ကြပေ။ သူတို့၏နယ်ခံသတင်းစာမှ…
ချောကလက်နှင်းပွင့်များ
ဆွဇ်ဇာလန်နိုင်ငံ၊ အိုလ်တန် (Olten) မြို့သူမြို့သားများသည် တစ်မြို့လုံးကိုဖုံးလွှမ်းသွားသည့် ချောကလက်အမှုန်ထုကြောင့် အံ့အားသင့်သွားခဲ့သည်။ အနီးအနားမှ ချောကလက်စက်ရုံရှိ လေဝင်လေထွက်စနစ် ချို့ယွင်းသဖြင့် ကိုကိုးမှုန့်များ လေထဲပျံ့နှံ့ကာ ပတ်ဝန်းကျင်တစ်ခုလုံး အချိုသကာအာဟာရများဖြင့် လွှမ်းခြုံသွားခဲ့သည်။ ချောကလက်ကြိုက်သူအဖို့ ဤချောကလက်မှုန့်သည် လက်တွေ့ဖြစ်လာသည့် အိပ်မက်ပင်ဖြစ်သည်။
ချောကလက်သည် လူတစ်ဦး၏ အာဟာရလိုအပ်ချက်များကို လုံလောက်စွာ မဖြည့်ဆည်းပေးနိုင်သော်လည်း ဘုရားသခင်သည် ဣသရေလလူမျိုးများအား အာဟာရပြည့်သော ကောင်းကင်မှမုန့်မိုးကို ဖြည့်ဆည်းချပေးခဲ့သည်။ ကန္တာရကိုဖြတ်သန်းကြစဉ် ဣသရေလလူမျိုးများသည် အဲဂုတ္တုပြည်၌ ကျန်ခဲ့သည့် အမျိုးမျိုးသော စားစရာများအကြောင်းကို ညည်းတွားကြသည်။ ထိုအခါ ဘုရားသခင်က သူတို့ကို အားဖြည့်ပေးရန် “မိုးကောင်းကင်က မုန့်မိုးကိုရွာစေမည်”ဟု မိန့်ကြားခဲ့သည် (ထွက် ၁၆:၄)။ မနက်ခင်းနှင်းစက်များ ခြောက်သွားသောအခါ မုန့်လုံးများကျန်နေခဲ့သည်။ ထိုနေ့က ဣသရေလလူမျိုး (၂) သန်းခန့်အား သူတို့စားလောက်သမျှကို သိမ်းစေခဲ့သည်။ ကန္တရထဲတွင် လှည့်လည်ခဲ့ရသည့် အနှစ် (၄၀) ပတ်လုံးတွင်…
အကျိုးဆက်များကိုလွန်၍ မျှော်လင့်ခြင်း
သင်ဒေါသထွက်နေစဉ် နောက်မှနောင်တရသည့်အရာတစ်ခုခုကို ပြုဖူးပါသလား။ ကျွန်တော့်သားဆေးစွဲနေခဲ့စဉ်က သူ့ရွေးချယ်မှုများနှင့်ပတ်သက်၍ ကြမ်းတမ်းသောစကားများကို ကျွန်တော်ပြောဆိုခဲ့မိသည်။ ကျွန်တော့်ဒေါသသည် သူ့ကို ပို၍သာ စိတ်ပျက်အားငယ်စေခဲ့သည်။ သို့သော် နောက်ဆုံးတွင် သူ့အား အသက်နှင့် မျှော်လင့်ခြင်းအကြောင်း ဝေငှသည့် ယုံကြည်သူများနှင့် တွေ့ခဲ့ပြီး အချိန်မီလွတ်မြောက်ခဲ့သည်။
ယုံကြည်ခြင်းအရာတွင်စံထားရသည့် မောရှေကဲ့သို့သူမျိုးပင်လျှင် နောက်မှ နောင်တရသည့်အရာတစ်ခုကို သူပြုခဲ့သည်။ ကန္တာရထဲတွင် ရေရှားသောအခါ ဣသရေလလူမျိုးများသည် အလွန်အမင်း ညည်းညူခဲ့ကြပါ၏။ ထိုအခါ ဘုရားသခင်က မောရှေနှင့် အာရုန်အား “သူတို့ရှေ့မှာ ကျောက်ကို မှာထားလော့။ ကျောက်သည် မိမိရေကိုထွက်စေ”မည်ဟု (တော ၂၀:၈) သေချာစွာ မိန့်ကြားတော်မူသည်။ သို့သော် မောရှေသည် ဒေါသနှင့်တုံ့ပြန်၍ “အချင်းသူပုန်တို့၊ နားထောင်ကြလော့။ ငါတို့သည် သင်တို့အဖို့ ဤကျောက်ထဲက ရေကို ထွက်စေရမည်လော” (:၁၀) ဟုဆိုကာ နိမိတ်လက္ခဏာအတွက် ဘုရားသခင်အစား သူ့ကိုယ်တိုင်နှင့်အာရုန်တို့ ဝင်ပြီးအမှတ်ယူခဲ့သည်။ ထို့နောက်…
ယေရှုကို တုပခြင်း
ရုပ်ဖျက်ကျွမ်းကျင်သော ရေဘဝဲတစ်ကောင်သည် အင်ဒိုနီးရှားရေပြင်နှင့် ‘Great Barrier Reef’ သန္တာကျောက်တန်းများကြား ကျက်စားလေ့ရှိသည်။ အခြားရေဘဝဲများကဲ့သို့ ထိုတုပနိုင်စွမ်းရှိသောရေဘဝဲသည် ပတ်ဝန်းကျင်နှင့်ထပ်တူကျ ဆင်တူရန် သူ၏အရောင်အသွေးကို ပြောင်းလဲနိုင်စွမ်းရှိသည်။ ခြိမ်းခြောက်ခံရသောအခါ ထက်မြက်သော ထိုသတ္တဝါသည် အဆိပ်ပြင်းသော ပင်လယ်ငါး၊ မြွေများကဲ့သို့ ပုံသဏ္ဌာန်၊ လှုပ်ရှားသွားလာပုံ၊ အပြုအမူများကို ပြောင်းလဲပစ်နိုင်သည်။
ထိုတုပနိုင်စွမ်းရှိသောရေဘဝဲနှင့် မတူဘဲ၊ သခင်ယေရှုကို ယုံကြည်သူများသည် မိမိ၏ဝန်းကျင်နှင့် ခြားနားစွာ ရပ်တည်ရမည်။ မိမိတို့နှင့်သဘောထား မတိုက်ဆိုင်သူများ၏ ခြိမ်းခြောက်မှုခံရသကဲ့သို့ ခံစားရပြီး၊ ခရစ်တော်၏ နောက်လိုက်များအဖြစ် အသိမှတ်ပြုမခံရအောင် သူတို့နှင့်အတူတူ ရောနှောဖြစ်တည်ရန် ကျွန်ုပ်တို့သွေးဆောင်ခံရနိုင်သည်။ သို့သော် မိမိ၏အသက်တာ ကဏ္ဍတိုင်း၌ သခင်ယေရှုကို ကိုယ်စားပြုရန်၊ မိမိတို့ကိုယ်ခန္ဓာများကို “ဘုရားသခင် နှစ်သက်တော်မူဖွယ်သော လက္ခဏာနှင့်ပြည့်စုံသောယဇ်” အဖြစ် (ရော ၁၂:၁) ဆက်ကပ်အပ်နှံရန် တမန်တော်ကြီး ရှင်ပေါလုက နှိုးဆော်ထားသည်။
မိတ်ဆွေ၊ မိသားစုများက “လောကီပုံသဏ္ဌာန်”နှင့်(:၂)လိုက်လျောညီထွေ…
မပြောင်းလဲသောဘုရားသခင်
အထင်ကရဓာတ်ပုံတစ်ခု၌ မီးခိုးရောင်နောက်ခံထားလျက် ရိုက်ထားသော ဖိနပ်ခြေရာတစ်ခုကို တွေ့ရသည်။ ၎င်းသည် အာကာသယာဉ်မှူး Buzz Aldrin (ဘာ့စ်အော်လ်ဒရင်)၏ ၁၉၆၉ ခုနှစ်၊ လကမ္ဘာပေါ်တွင် ထင်ကျန်ခဲ့သော ခြေရာဖြစ်သည်။ ထိုခြေရာများသည် နှစ်ပေါင်းများစွာတိုင် မပြောင်းမလဲ ယနေ့တိုင် လကမ္ဘာပေါ် ကျန်ရစ်နေပုံရကြောင်း သိပ္ပံပညာရှင်များက ဆိုသည်။ လေနှင့်ရေ မရှိသောကြောင့် လပေါ်ရှိ မည်သည့်အရာမဆို တိုက်စားဖယ်ရှားခြင်း မခံရပေ။ လမျက်နှာပြင်ပေါ်တွင် ဖြစ်ပြီးခဲ့သမျှသည် ယနေ့တိုင် ဆက်လက်ကျန်ရှိနေသည်။
ဘရားသခင်၏အစဉ်တည်ရှိခြင်းကို ဆင်ခြင်တွေးတောပါက ပို၍အံ့သြဖွယ်ပင်ဖြစ်သည်။ ကောင်းမွန်စုံလင်သော ဆုကျေးဇူးရှိသမျှတို့သည် ရွေ့လျော့တိမ်းယိမ်းခြင်းမရှိ၊ ပြောင်းလဲခြင်းအရိပ်နှင့်ကင်းလွတ်သော အထက်အရပ်မှ အလင်းတို့၏အဘထံတော်က သက်ရောက်သည်ဟု ရှင်ယာကုပ် ရေးသားခဲ့သည် (ယာ ၁:၁၇)။ ကျွန်ုပ်တို့၏ရုန်းကန်မှုများအတွက် “အထူးထူး အပြားပြား စုံစမ်းနှောင့်ယှက်ခြင်းနှင့်တွေ့ကြုံသောအခါ ဝမ်းမြောက်စရာအကြောင်းသက်သက် ဖြစ်သည်ဟု မှတ်ကြ”ရန် (:၂-၃) တမန်တော်ကြီးက ထိုသို့ ရေးသားခဲ့ခြင်းဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်တို့သည်…
ကိုယ်နှင့်စပ်ဆိုင်သူကို ချစ်ပါ
ကစားနည်းတစ်ခုမှာ လူငယ်များကြား ပျော်စရာကောင်းပြီး၊ ထိုကစားနည်းအားဖြင့် မိတ်ဆွေပြောင်းခြင်းထက်၊ ရှိသည့်မိတ်ဆွေကိုချစ်ရန် သင်ယူရမည်ဟူသည့် သင်ခန်းစာယူစရာလည်း ရှိသည်၊၊ ကစားနည်းတွင် အလယ်၌ရပ်နေသူမှလွဲ၍၊ ကျန်လူများသည် စက်ဝိုင်းပုံသဏ္ဌာန် ဝိုင်းဖွဲ့လျက်၊ ခုံများတွင် ထိုင်နေကြရမည်။ ရပ်နေသူက ထိုင်နေသူတစ်ဦးအား “မင်းဘေးနားကလူကို ချစ်လား” ဟုမေးရမည်။ ခုံ၌ ထိုင်နေသူက ချစ်သည်၊ မချစ်ပါ ဟူ၍ ပြန်ဖြေနိုင်သည်။ ထို့နောက် မိမိအနားထိုင်နေသူကို အခြားသူတစ်ဦးနှင့် အစားထိုးလိုသည်/ အစားမထိုးလိုကို ဆုံးဖြတ်ရမည်ဖြစ်သည်။
လက်တွေ့ဘဝ၌လည်း၊ “မိမိအိမ်နီးချင်း၊ မိတ်ဆွေများ”ကို ကျွန်မတို့ရွေးချယ်ပေါင်းသင်းလိုကြပါသည်။ အထူးသဖြင့် ဆက်ဆံရေးမကောင်းသော လုပ်ဖော်ကိုင်ဖက်၊ အချိန်မဟုတ်အခါမဟုတ် မြက်ရိတ်စက်ဖြင့် မြက်ထရိတ်သော အိမ်နီးချင်းမျိုးနှင့် ကြုံရသည့်အခါမျိုးတွင်ဖြစ်သည်။ သို့သော် လက်ပေါက်ကပ်သော မိတ်ဆွေများနှင့်အတူ ပေါင်းသင်းနေထိုင်ရန် ကျွန်မတို့သင်ယူရပါမည်။
ဣသရေလလူမျိုးများ အမွေခံရာပြည်သို့ ဝင်ရောက်သောအခါ၊ ဘုရားနှင့်သက်ဆိုင်သူများအနေဖြင့် မည်သို့အသက်ရှင်ရမည်ကို ဘုရားရှင်က အရေးကြီးသောညွှန်ကြားချက်များ ပေးခဲ့သည်။ “ကိုယ်နှင့်စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှချစ်”ရန်…
ကျွန်ုပ်တို့၏ခိုလှုံရာ
မြောက်အမေရိကရှိ ထိုဒေသသည် မူလက ကျွဲများကျက်စားရာနေရာဖြစ်ခဲ့သည်။ အစတွင် ထိုလွင်ပြင်ဒေသ၌ ပလိန်းစ် အင်ဒီယန်းလူမျိုးများက ကျွဲရိုင်းများကိုလိုက်လံဖမ်းဆီးပြီး၊ နောက်ပိုင်းတွင် အိမ်မွေးတိရစ္ဆာန်များနှင့် ရွှေ့ပြောင်းလာကာ ကောက်ပဲသီးနှံများစိုက်ပျိုးရင်း အခြေချနေထိုင်ခဲ့ကြသည်။ ဒုတိယကမ္ဘာစစ်အတွင်း Pearl Harbor (ပုလဲဆိပ်ကမ်း)ပြီးလျှင် ဓာတုပစ္စည်းများ ထုတ်လုပ်သည့်နေရာအဖြစ် အသုံးပြုခဲ့ကြပြီး၊ သည့်နောက်တွင် (Cold War) စစ်အေးခေတ်၌ စစ်လက်နက်မဲ့ဇုံအဖြစ် သတ်မှတ်ခဲ့ကြသည်။ သို့သော် ထိုနေရာ၌ လင်းယုန် ငှက်များ ကျက်စားနေသည်ကို ရှာဖွေတွေ့ရှိခဲ့ပြီးနောက်၊ မကြာမီ ကိုလိုရာဒို ပြည်နယ်၊ ဒန်ဗာမြို့အစွန်ရှိ ပရေရီမြက်ခင်းပြင် (prairie)၊ ရွှံ့နွံတောနှင့် သစ်တောထူထပ်သောဒေသတွင် ဧကတစ်သောင်းခွဲကျယ်ပြန့်သော ‘Rocky Mountain Arsenal National Wildlife Refuge’ (ရော့ကီးတောင်လက်နက်တိုက်ရှိ နိုင်ငံ့ တောရိုင်းတိရစ္ဆာန်များ ခိုလှုံရာ)ဘေးမဲ့တောကြီး ပေါ်ပေါက်လာခဲ့သည်။ ယခုတွင် ၎င်းသည် နိုင်ငံအတွင်းရှိ အကြီးမားဆုံးသော မြို့ပြဘေးမဲ့တောများတွင် တစ်ခုအပါအဝင် ဖြစ်သည်။…
တန်ခိုးအရင်းအမြစ်နှင့် ချိတ်ဆက်ထားသည်
မုန်တိုင်းတိုက်ခတ်ပြီးနောက်၊ ကျွန်မတို့ဒေသထုံးစံအတိုင်း၊ အိမ်၌ လျှပ်စစ်မီး ပြတ်တောက်နေကြောင်း သိသော်လည်း၊ အခန်းထဲသို့အဝင် လက်က ရုတ်တရက် မီးခလုတ်ကို ဖွင့်လိုက်မိသည်။ မီးမလာပါ။ အမှောင်ထဲတွင် နေရဆဲပင်။
ပင်မဓာတ်အားလိုင်း ပြတ်တောက်မှုကို သိသော်ငြားလည်း၊ မီးရရန် မျှော်လင့်နေသော အတွေ့အကြုံသည် ကျွန်မအတွက် ဝိညာဉ်ရေးရာ အမှန်တရား တစ်ခုကို ရှင်းလင်းစွာ ဖော်ပြနေသည်။ ဝိညာဉ်တော်ကို အမှီပြုရန် ပျက်ကွက်သည့်တိုင် တန်ခိုးကို ကျွန်မတို့မကြာခဏ မျှော်လင့်တတ်ကြသည်။
သက်သာလောနိတ်သြဝါဒစာပထမစောင်တွင် ရှင်ပေါလုက ဘုရားသခင်သည် သမ္မာတရားသတင်းစကားကို သာမန်စကားလုံးမျှသာမက၊ တန်ခိုးတော်၌၊ သန့်ရှင်းသောဝိညာဉ်တော်အားဖြင့်၊ နက်နဲစွာ ဖွင့်ပြစေလွှတ်ကြောင်း ရေးသားခဲ့သည် (၁:၅)။ ဘုရားသခင်၏ခွင့်လွှတ်ခြင်းကို ကျွန်မတို့လက်ခံသောအခါ၊ ယုံကြည်သူများလည်း အသက်တာ၌ ဝိညာဉ်တော်၏တန်ခိုးကို ချက်ချင်း ဝင်ရောက်ခံယူခွင့်ရရှိပြီး၊ ထိုတန်ခိုးတော်သည် ကျွန်မတို့အတွင်း၌၊ ချစ်ခြင်း၊ ဝမ်းမြောက်ခြင်း၊ ငြိမ်သက်ခြင်း၊ စိတ်ရှည်ခြင်းစသည့် ဝိညာဉ်အသီး များကို သီးပွင့်စေသည် (ဂလာ…
ခွဲခွာခြင်းနှုတ်ဆက်စကားများ
သူ့ဘဝဆုံးခန်းတိုင်ခါနီးတွင် John M. Perkins (ဂျွန်အမ်ပါကင်းစ်) သည် သူချန်ရစ်ခဲ့ရမည့် လူများအတွက် သတင်းစကားတစ်ခုရှိခဲ့သည်။ လူမျိုးရေး ပြန်လည် သင့်မြတ်ရေးကို အားပေးသူအဖြစ် လူသိများသော ပါကင်းစ် က “နောင်တရခြင်းသည် ဘုရားသခင်ထံ ပြန်သွားရန် တစ်ခုတည်းသောနည်းလမ်းဖြစ်၏။ နောင်တမရလျှင် သင်တို့အားလုံး ပျက်စီးလိမ့်မည်” ဟုပြောခဲ့သည်။
ဤစကားများသည် သခင်ယေရှုနှင့် သမ္မာကျမ်းစာရှိ အခြားလူများစွာတို့၏စကားကို ထင်ဟပ်စေပါသည်။ ခရစ်တော်က “သင်တို့ရှိသမျှသည်လည်း နောင်တမရလျှင် ပျက်စီးခြင်းသို့ ရောက်ကြလိမ့်မည်” ဟုပြောခဲ့သည် (လု ၁၃:၃)။ တမန်တော် ရှင်ပေတရုကလည်း “သင်တို့အပြစ်များကို ပြေစေခြင်းငှာ နောင်တရ၍ စိတ်ပြောင်းလဲခြင်းသို့ ရောက်ကြလော့” ဟုပြောခဲ့သည် (တ ၃:၂၀)။
၎င်းတို့ထက်စောပြီး သူ၏လူမျိုးကို ဘုရားသခင်ထံတော်သို့ ပြန်လှည့်စေ လိုသော အခြားသူတစ်ဦး၏စကားကို ကျွန်ုပ်တို့ဖတ်ရှုခဲ့သည်။ ပရောဖက်၊ ယဇ်ပုရောဟိတ်နှင့် တရားသူကြီးဖြစ်သည့် ရှမွေလ၏ “ဣသရေလလူအပေါင်းတို့”ကို (၁…