ကျွန်ုပ်ကားမောင်းတာ ဘယ်လိုနေလဲ
ကျွန်တော့်လမ်းကြောထဲ ကြားဖြတ်ဝင်လာသော ဝပ်ရှော့ထရပ်ကားကြောင့် ကျွန်တော်အော်လိုက်သည်။ ထို့နောက် ထိုထရပ်ကားပေါ်တွင် “ကျွန်ုပ်ကားမောင်းတာ ဘယ်လိုနေလဲ” ဟု စာတန်းနှင့် ဖုန်းနံပါတ်ကို ကျွန်တော်တွေ့လိုက်သဖြင့် ဖုန်းခေါ်လိုက်ပါသည်။ ဖုန်းကိုင်သောအမျိုးသမီးက ဘာကိစ္စလဲဟုမေးသဖြင့် ကျွန်တော်ပေါက်ကွဲပါတော့သည်။ သူမသည် ထရပ်ကားနံပါတ်ကို မှတ်ထားလိုက်ပြီး ငြီးငွေ့သည့်လေသံဖြင့် “ဒီမှာ၊ ကားမောင်းတာ ကောင်းတယ်၊ အဆင်ပြေတယ်လို့ပြောဖို့ အမြဲ ဖုန်းဆက်ပြောလို့ ရပါတယ်” ဟု ပြောလာပါသည်။
သူမ၏မောပန်းစွာပြောသော စကားလုံးများသည် ကျွန်တော့်၏မိမိကိုယ်ကို ဟုတ်လှပြီဟု အထင်ကြီးမှုကို ထိုးဖောက်သွားတော့သည်။ ကျွန်တော်ရှက်မိုး မွန်သွားသည်။ ကျွန်တော့်ဘက်မှ “လုပ်သင့်တာလုပ်ရန်” ဇောကြီးသွားခြင်းကြောင့် ကျွန်တော့်၏ဒေါသလေသံက ခက်ခဲသောအလုပ်ကို လုပ်နေသည့်အမျိုးသမီးအပေါ် မည်သို့သက်ရောက်သွားမည်ကို ကျွန်တော် မစဉ်းစားခဲ့မိပါ။ ထိုအခိုက်တွင် ကျွန်တော်၏ယုံကြည်မှုနှင့် လက်တွေ့လုပ်ရပ်က ဝမ်းနည်းစရာကောင်းလောက်အောင် ကွာဟနေခဲ့ပါ၏။
ရှင်ယာကုပ်ဩဝါဒစာ၌ ကျွန်တော်တို့၏လုပ်ရပ်နှင့် ခံယူချက်များအကြား ကွာဟမှုကို အလေးပေးဖော်ပြထားပါသည်။ ရှင်ယာကုပ်ဩဝါဒစာ ၁:၁၉-၂၀ တွင် “ငါချစ်သောညီအစ်ကိုတို့၊…
မြင်သော၊ နားလည်သော၊ ဂရုစိုက်သောဘုရားသခင်
နာတာရှည်ဝေဒနာနှင့် ပင်ပန်းမှုကို ခံစားနေရခြင်းကြောင့် တစ်ခါတစ်ရံ အိမ်၌ ကျွန်မ မည်သူနှင့်မျှမရောဘဲ၊ တစ်ယောက်တည်းနေပြီး အထီးကျန်မှုကို ခံစားရ သည်။ ဘုရားသခင်နှင့် အခြားသူများက ကျွန်မကို မျက်ကွယ်ပြုသည်ဟုလည်းမကြာခဏခံစားရသည်။ မနက်ပိုင်း ကျွန်မ၏အကူခွေးနှင့်အတူ လမ်းလျှောက်ရင်း ဆုတောင်းစဉ် ထိုခံစားချက်များနှင့် ကျွန်မလုံးပမ်းနေမိသည်။ ထိုအခိုက် ခပ်လှမ်းလှမ်းမှမီးပုံးပျံတစ်လုံးကို ကျွန်မတွေ့လိုက်သည်။ မီးပုံးပျံစီးသူများက ကျွန်မတို့၏ဆိတ်ငြိမ်ရပ်ကွက်ကို အပေါ်စီးမှမြင်နိုင်သော်လည်း ကျွန်မကို တကယ် မမြင်ရပါ။ အိမ်နီးနားချင်းတို့၏အိမ်ရှေ့မှ ဖြတ်လျှောက်လာစဉ် ကျွန်မ သက်ပြင်းချမိသည်။ ထိုအိမ်များထဲမှ င့ါကို သူများမမြင်ဘူး၊ ငါဟာ အရေးမပါဘူးဟု လူမည်မျှတို့ ခံစားနေရမည်နည်း။ လမ်းလျှောက်ပြီးချိန်တွင် ကျွန်မ၏ အိမ်နီးချင်းများကို ကျွန်မမြင်၍ ဂရုစိုက်ကြောင်း၊ ဘုရားသခင်လည်းမြင်၍ ဂရုစိုက်ကြောင်းကိုပြရန် အခွင့်အရေးပေးပါဟု ကျွန်မ ဆုတောင်းခဲ့သည်။
ဘုရားသခင်သည် ကြယ်များကိုဖန်ဆင်းစဉ်က ကြယ်အရေအတွက်အတိအကျကို ဆုံးဖြတ်ခဲ့ပြီး၊ ကြယ်တစ်လုံးချင်းစီအား အမည်မှည့်ခေါ်ခဲ့သည် (ဆာ ၁၄၇:၄)။ ၎င်းသည်…
အခိုးခံရသောဘုရားများ
Ekuwa (အီကူဝါ) အမည်ရှိ အမျိုးသမီးတစ်ဦး၏ အိမ်တွင်းနတ်ဘုရား သစ်သားရုပ်တုတစ်ခု အခိုးခံရသဖြင့် အာဏာပိုင်များထံ သူမတိုင်ကြားခဲ့သည်။ ရုပ်တုကိုတွေ့ပြီဟု ယုံကြည်လျက်၊ ရဲအရာရှိများက ထိုရုပ်တု မှန်ကန်ကြောင်း အတည်ပြုရန် သူမကို ခေါ်ပြီး “ဒါအစ်မရဲ့နတ်ဘုရားလား”ဟုမေးရာ၊ သူမက “မဟုတ်ဘူး။ ကျွန်မရဲ့ နတ်ဘုရားက ဒီထက်ပိုကြီးပြီး ပိုလှတယ်”ဟု ဝမ်းနည်းစွာ ဖြေခဲ့သည်။
နတ်ဘုရားနှင့်ပတ်သက်သော အယူအဆကို လူတို့ပုံဖော်ရန်ကြိုးစားခဲ့ကြပြီး၊ လက်ဖြင့်ထုလုပ်ထားသောဘုရားက သူတို့ကို ကာကွယ်ရန် မျှော်လင့်ခဲ့ကြသည်။ ထို့အတွက်ကြောင့် ယာကုပ်၏မယားရာခေလသည် ဖခင်လာဗန်ထံမှ ထွက်ပြေးစဉ် ဖခင်၏အိမ်တွင်းနတ်ဘုရား (တေရပ်ရုပ်တု)ကို ခိုးယူခြင်း ဖြစ်ကောင်းဖြစ်နိုင်သည် (က ၃၁:၁၉)။ သို့သော် စခန်းတွင် ဝှက်ထားသော ရုပ်တုရှိနေသော်လည်း (:၃၄) ဘုရားသခင်သည် ယာကုပ်ကို ကွယ်ကာစောင့်ရှောက်ပေးခဲ့သည်။
နောက်ပိုင်းတွင် ထိုခရီး၌ပင် ယာကုပ်သည် လူတစ်ဦးနှင့် မိုးလင်းသည် တိုင်အောင် လုံးထွေးလေ၏ (က ၃၂:၂၄)။…
ဘုရား၏သိကျွမ်းခြင်း ခံရသူ
ညီအစ်ကိုနှစ်ဦးသည် မွေးစားခံရပြီး ကွဲသွားသည်။ အနှစ်နှစ်ဆယ်ကြာပြီးမှ သူတို့နှစ်ဦးပြန်လည်တွေ့ဆုံရန် DNA စစ်ဆေးမှုက ကူညီပေးခဲ့သည်။ Kieron (ခီရွန်)က သူ၏ညီအစ်ကိုဟု ယုံကြည်ယူဆရသော Vincent (ဗင်းဆင့်)ထံ မက်ဆေ့ချ်ပို့ ဆက်သွယ်သောအခါ ဗင်းဆင့်က “ဒီလူစိမ်းက ဘယ်သူလဲ”ဟု တွေးခဲ့သည်။ ခီရွန်က သူ့မွေးနာမည်ကို မည်သို့မှည့်ခဲ့သနည်းဟု မေးသောအခါ ဗင်းဆင့်က “Tyler” (တိုင်လာ)ဟု ချက်ချင်း ပြန်ဖြေခဲ့သည်။ ထို့နောက် သူတို့သည် ညီအစ်ကိုဖြစ်ကြောင်း သူသိလိုက်သည်။ သူ၏နာမည်အားဖြင့် သူ့ကိုမှတ်မိလိုက်သည်။
ရှင်ပြန်ထမြောက်ခြင်းအဖြစ်အပျက်တွင် နာမည်တစ်ခု၏ အဓိကအခန်းကဏ္ဍမှ ပါဝင်ပုံကို သုံးသပ်ကြည့်ပါ။ မာဂဒလမာရိသည် ခရစ်တော်၏သင်္ချိုင်းဂူ၌ သခင်၏ခန္ဓာကိုယ် ပျောက်ဆုံးနေသည်ကို တွေ့သောအခါ ငိုကြွေးခဲ့သည်။ သခင်ယေရှုက “အချင်းမိန်းမ၊ အဘယ်ကြောင့် ငိုကြွေးသနည်း” ဟု မေး၏ (ယော ၂၀:၁၅)။ “မာရိ” (:၁၆)ဟု ခရစ်တော်မမြွက်ဆိုမီအထိ သူမသည် သခင့်ကို မမှတ်မိခဲ့ပါ။…
အမှန်တရားကို ရှာဖွေသူများ
အမျိုးသမီးတစ်ဦးသည် သူမ၏အသင်းတော်ကို တစ်စစီကွဲစေသည့် သဘောထားကွဲလွဲမှုတစ်ခုအကြောင်း ကျွန်တော့်အား ပြောပြခဲ့ဖူးသည်။ “ဘာသဘောထားကွဲလွဲမှုလဲ” ဟု သူ့ကိုမေးရာ “ကမ္ဘာကြီးက ပြားတယ်၊ မပြားဘူးဆိုတဲ့ အချက်နဲ့” ဟု ပြန်ဖြေသည်။ လအနည်းငယ်အကြာတွင် စားသောက်ဆိုင်နောက်ခန်းတွင် ညှဥ်းပန်း နှိပ်စက်ခံရသည်ဟု ယူဆရသော ကလေးငယ်များကို ကယ်တင်ရန် ထိုဆိုင်ထဲသို့ လက်နက်ကိုင် ခရစ်ယာန်အမျိုးသားတစ်ဦး ဗြုန်းခနဲ ဝင်ရောက်ခဲ့သည့်သတင်း ထွက်ပေါ်လာသည်။ ထိုဆိုင်တွင် နောက်ခန်းမရှိပေ။ သူလည်း အဖမ်းခံခဲ့ရသည်။ ဖြစ်ရပ်နှစ်ခုစလုံးတွင် ပါဝင်ပတ်သက်သူများသည် အင်တာနက်ပေါ်တွင် သူတို့ဖတ်ခဲ့ရသော မမှန်မကန်လုပ်ကြံသတင်းများကို ယုံပြီး လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။
သခင်ယေရှုကို ယုံကြည်သူများအား နိုင်ငံသားကောင်းများဟု ခေါ်ဆိုကြပြီး (ရော ၁၃:၁-၇)၊ နိုင်ငံသားကောင်းများသည် သတင်းမှားကို မဖြန့်ဝေကြပေ။ ရှင်လုကာခေတ်တွင် သခင်ယေရှုနှင့်ပတ်သက်သော အဖြစ်အပျက်များစွာပြန့်ခဲ့ပြီး (လု ၁:၂) အချို့မှာ မတိကျပါ။ သူကြားသမျှကို သတင်းဖြန့်မည့်အစား ရှင်လုကာသည် အခြေခံကျကျ စုံစမ်းသော…
အတွင်းစိတ် ဝေဒနာကုစားရန်အတွက် ရှာဖွေခြင်း
Carson (ကာရ်စန်)သည် အမဲလိုက်ခြင်း၊ ငါးဖမ်းခြင်း၊ စက်ဘီးစီးခြင်းနှင့် စကိတ်စီးခြင်းဖြင့် အမြဲတမ်းအလုပ်များနေသူ ဖြစ်သည်။ သူသည် အပြင်၌ လုပ်ဆောင်ရသည့်အမှု အရာမှန်သမျှကို ကြိုက်နှစ်သက်သည်။ သို့သော် ဆိုင်ကယ်တိုက်မှုကြောင့် ရင်ဘတ်မှစ၍ အောက်ပိုင်းသေသွားခဲ့သည်။ မကြာခင်မှာပင် စိတ်ဓာတ်ကျလာပြီး သူ၏အနာဂတ်ကို မမြင်နိုင်တော့ပေ။ သို့နှင့် တစ်နေ့တွင် သူ၏အမဲလိုက်သူငယ်ချင်းအချို့က သူ့ကိုခေါ်၍ အမဲလိုက်ကြသည်။ ပတ်ဝန်းကျင်၏ အလှကိုခံစားရင်း သူသည် တစ်ခဏတာ သူ့ဒဏ်ရာကို မေ့နေခဲ့သည်။ ဤအတွေ့အကြုံသည် သူ့အား အတွင်းစိတ်ဝေဒနာကို ကုစားပေးခဲ့ပြီး၊ အခြားသူများအား သူ့နည်းတူ အလားတူ အတွေ့အကြုံကို ပံ့ပိုးပေးရန်ဟူသည့် သူ့ဘဝအတွက် ရည်ရွယ်ချက်အသစ်ကို လှုံ့ဆော်ပေးခဲ့သည်။ သို့နှင့် အကျိုးအမြတ်မယူသော အဖွဲ့အစည်းဖြစ်သည့် ‘Hunt 2 Heal’ (ကုစားရန် အမဲလိုက်ခြင်း) မှတစ်ဆင့် သူ့ရည်ရွယ်ချက် အကောင်အထည်ပေါ်လာသည်။ သူ၏မတော်တဆမှုသည် “ရုပ်ဖျက်ထားတဲ့ ကောင်းချီးတစ်ခုဖြစ်တယ်။ အခု ကျွန်တော်…
ကျေးဇူးတင်တတ်သော နှလုံးသားများ
Hansle Parchment (ဟန်ဆဲလ်ဖတ်ခ်ျမန့်)သည် အကျပ်အတည်းကြုံနေခဲ့သည်။ တိုကျိုအိုလံပစ်ပြိုင်ပွဲတွင် အကြိုဗိုလ်လုပွဲအတွက် ဘတ်စ်ကားမှားစီးမိပြီး အားကစားကွင်းသို့ အချိန်မီရောက်ရန် မျှော်လင့်ချက် အနည်းငယ်သာရှိသည်။ သို့သော်လည်း ကျေးဇူးတင်စရာမှာ အားကစားပွဲများတွင် အကူအညီပေးသည့် စေတနာ့ဝန်ထမ်း Tijana Stojkovic (တီယာနာ စတိုကိုဗစ်ချ်)နှင့် သူတွေခဲ့ပြီး၊ သူမသည် သူ့အား အငှားကားငှားရန်အတွက် ငွေပေးခဲ့သည်။ ဖတ်ခ်ျမန့်သည်အကြိုဗိုလ်လုပွဲသို့ အချိန်မီရောက်သွားပြီး နောက်ဆုံးတွင် မီတာ ၁၁၀ တန်းကျော်ပြေးပွဲတွင် ရွှေတံဆိပ် ဆွတ်ခူးနိုင်ခဲ့သည်။ နောက်ပိုင်းတွင် သူသည် စတိုရှ်ကိုဗစ်ကို သွားပြန်ရှာပြီး သူ၏ကြင်နာတတ်မှုအတွက် ကျေးဇူးတင်ခဲ့သည်။
ရှင်လုကာခရစ်ဝင် ၁၇ တွင် နူနာရောဂါကုသပေးသည့်အတွက် သခင်ယေရှု အား ကျေးဇူးတင်ရန် ပြန်လှည့်လာသည့် ရှမာရိလူအကြောင်းကို ဖတ်ရှုရသည် (:၁၅-၁၆)။ ယေရှုသည် ရွာတစ်ရွာသို့ ဝင်တော်မူသည်တွင် နူနာစွဲသူ (၁၀) ယောက်နှင့် တွေ့ဆုံခဲ့သည်။ သူတို့ကို ကုသပေးရန် သခင်ယေရှုအား…
ကျေးဇူးတော် နှင့် ပြောင်းလဲခြင်း
ပြစ်မှုက အလွန်တုန်လှုပ်စရာကောင်းပြီး ပြစ်မှုကျူးလွန်သူသည် တစ်သက် တစ်ကျွန်း စီရင်ချက်ချမှတ်ခံခဲ့ရသည်။ ထောင်သက် နှစ်အတန်ကြာပြီးနောက် တိုက်ပိတ်ခံရကာ စိတ်ပိုင်းဆိုင်ရာနှင့်ဝိညာဉ်ပိုင်းဆိုင်ရာကုသမှုကို စတင်ခံယူခဲ့ရသည်။ ထိုအမှုအရာက နောင်တစိတ်ကိုဖြစ်စေပြီး သခင်ယေရှုနှင့် မိတ်သဟာယကို ပြန်လည်ရရှိစေခဲ့သည်။ ယခုတွင် အာဏာပိုင်များက သူ့အား အခြားသောအကျဥ်းသားများနှင့် အကန့်အသတ်ဖြင့် တွေ့ဆုံခွင့်ပြုခဲ့သည်။ ထို့ပြင် ဘုရားသခင်၏ကျေးဇူးတော်ကြောင့် သူ၏သက်သေခံချက်ကို ကြားနာရသူအချို့မှာ သခင်၏ခွင့်လွှတ်ခြင်းကို တွေ့ရှိပြီး သခင်ခရစ်တော်အား ကယ်တင်ရှင်အဖြစ် လက်ခံလာခဲ့ကြသည်။
မောရှေသည် ယုံကြည်ခြင်း၌ အကြီးမြတ်ဆုံးသောပုဂ္ဂိုလ်အဖြစ် သတ်မှတ်ခြင်းခံရသော်လည်း တုန်လှုပ်စရာပြစ်မှုကြီးကို ကျူးလွန်ခဲ့ဖူးသည်။ “မိမိအမျိုးသား ဟေဗြဲလူတစ်ယောက်ကို အဲဂုတ္တုလူက ရိုက်သည်ကိုမြင်လျှင်” သူသည် “ပတ်လည်ကို ကြည့်ရှု၍ အဘယ်သူမျှမရှိသည်ကို သိသောအခါ၊ အဲဂုတ္တုလူကိုသတ်”လေ၏ (ထွက် ၂:၁၁-၁၂)။ သူ၌အပြစ်ရှိစေကာမူ ဘုရားသခင်သည် ကျေးဇူးတော်အားဖြင့် မပြည့်စုံသောသူ၏ကျွန်ကို ဤနေရာ၌ ဇတ်လမ်းမပြီးစေပါ။ နောက်ပိုင်းတွင် သူ၏လူမျိုးတော်တို့ကို ဖိနှိပ်ညှဥ်းပန်းခြင်းဒဏ်မှ လွတ်မြောက်စေရန် မောရှေကိုသာရွေးချယ်ခဲ့သည်(၃:၁၀)။…
ဆုတောင်းခြင်းဖြင့် လုပ်ငန်းဆောင်ရွက်ခြင်း
ကျွန်မ၏သား အရိုးခွဲစိတ်သည့်အချိန်တွင် ခွဲစိတ်မှုကိုပြုလုပ်ပေးသော ဆရာဝန်ကြီးအား ကျေးဇူးတင်ခဲ့သည်။ အငြိမ်းစားယူခါနီးဖြစ်သည့် ဆရာဝန်ကြီးက ထိုနည်းတူ အရိုးခွဲစိတ်သူ လူနာထောင်ပေါင်းများစွာကို သူအောင်မြင်စွာ ခွဲစိတ်ပေးခဲ့ကြောင်း ကျွန်မတို့စိတ်ချယုံကြည်မှုရှိအောင် ခွန်အားပေးသည်။ ထိုသို့ဖြစ်လင့်ကစား ခွဲစိတ်မှုမပြုမီ ဆရာဝန်ကြီးသည် ဆုတောင်းကာ ကောင်းမွန်သောရလဒ် ရရှိစေရန် ဘုရားသခင်ထံတောင်းလျှောက်သည်။ ထိုသို့ဆုတောင်းခြင်းအတွက် ဆရာဝန်ကြီးကို ကျွန်မ အလွန်ပင် ကျေးဇူးတင်မိသည်။
အလွန်အတွေ့အကြုံများသော နိုင်ငံ့ခေါင်းဆောင်ကြီး ယောရှဖတ်သည်လည်း ပြဿနာနှင့်ကြုံတွေ့လျှင် ဘုရားသခင်ထံ ဆုတောင်းသည်။ နိုင်ငံ သုံးနိုင်ငံတို့သည် ပေါင်းစည်းပြီး သူ့အား ဆန့်ကျင်လျက် သူ၏လူမျိုးများကို လာရောက်တိုက်ခိုက်ရန် ပြင်ဆင်လျက်ရှိသည်။ အနှစ်နှစ်ဆယ်ခန့် အတွေ့အကြုံရှိသော်လည်း ဘာလုပ်ရမည်ကို ဘုရားသခင်ထံ အကူအညီတောင်းခံရန် သူဆုံးဖြတ်ခဲ့သည်။ “ဆင်းရဲဒုက္ခကြောင့် အော်ဟစ်ကြသောအခါ နားထောင်၍ ကယ်မတော်မူပါ” ဟု သူဆုတောင်းခဲ့သည် (၂ ရာ ၂၀:၉)။ “အဘယ်သို့ပြုရမည်ကို မသိပါ။ ကိုယ်တော်ကိုသာ မျှော်ကြည့်လျက်နေကြပါသည်” ဟု…
ပင်ပန်းနွမ်းနယ်နေသောတဲများ
“တဲသည် နွမ်းနယ်ပင်ပန်းနေပါ၏။” ထိုစကားသည် ကင်ညာနိုင်ငံ နိုင်ရိုဘီမြို့ရှိ အသင်းတော်တစ်ခု၏ သင်းအုပ်ဆရာဖြစ်သော ကျွန်တော်၏သူငယ်ချင်း ပေါလ် ၏စကားဖြစ်သည်။ ၂၀၁၅ ခုနှစ် ကတည်းကစ၍ တဲပုံသဏ္ဌာန်အဆောက်အဦ၌ အသင်းသားတို့ ဝတ်ပြုကိုးကွယ်ခဲ့ကြသည်။ ယခုအခါတွင် “ကျွန်တော်တို့၏တဲသည် ယိုယွင်းပျက်စီးလာပြီး မိုးရွာလျှင် မိုးယိုသည်” ဟု ပေါလ်က စာရေးပြောပါသည်။
တဲအဆောက်အဦ၏ အားနည်းယိုယွင်းမှုများကို ပြောပြသည့် ကျွန်တော့်သူငယ်ချင်း၏စကားက လူသားများ၏ဘဝဖြစ်တည်မှုသည် ပျက်စီးလွယ်ကြောင်း ပြောကြားသည့် တမန်တော်ပေါလု၏စကားကို သတိပေးလာသည်။ “ငါတို့၏ပြင်လူသည် ဖောက်ပြန်ပျက်စီးခြင်းသို့ရောက်သော်လည်း ...ဤတဲ၌နေသော ငါတို့သည် လေးသောဝန်ကို ထမ်း၍ ညည်းတွားမြည်တမ်းကြ၏(၂ ကော ၄:၁၆၊ ၅:၄)။
လူသားတို့၏ဘဝအသက်သည် ဘဝအစောပိုင်းတွင် ပျက်စီးနိုင်ကြောင်း အသိတရားရှိသော်လည်း အသက်ရလာသည့်အခါ ပို၍ပင်သတိထားမိလာသည်။ အချိန်သည် ကျွန်ုပ်တို့၏နုပျိုလန်းဆန်းမှုကို အမှန်ပင် ခိုးယူသွားသည်။ ငယ်ရွယ်နုပျိုမှု၏ အားအင်အစွမ်းများသည်လည်း အသက်အရွယ်ကြီးရင့်လာခြင်းဟူသည့် အမှန်တရားကို တွန့်ဆုတ်လျက် အရှုံးပေးကြရသည် (ဒေ…