နားမကြားသူ၏ နှလုံးသား
လီဆာသည် သူမ၏ လက်ဟန်အနေအထားဖြင့် ဆက်သွယ်မှု အရည်အချင်း ပိုမိုတိုးတက်လာရေးအတွက် နားမကြားသူများ၏ကမ္ဘာထဲ အာရုံစိုက် စိတ်နှစ်ထား ခဲ့သည်။ မကြာမီပင် နားမကြားသူများကို နားကြားသူများက လျစ်လျူရှုကြပြီး၊ နှုတ်ခမ်းလှုပ်ရှားမှုကို နားမကြားများက ကောင်းစွာ ဖတ်တတ်ရန် နားကြားသူ များက မျှော်လင့်ခြင်း၊ လုပ်ငန်းခွင်၌လည်း ရာထူးတိုးအတွက် အမြဲချန်လှပ်ခံရ လေ့ရှိခြင်း၊ ပွဲလမ်းအခမ်းအနားအများစုတွင် လက်ဟန်ဖြင့် ဘာသာပြန်ပေးသူ မရှိခြင်းစသည့် နားမကြားသူတို့ကြုံရသောပြဿနာများကို သူသိလာရသည်။
လီဆာ၏ လက်ဟန်ဖြင့်ဆက်သွယ်မှုစွမ်းရည် ပုံမှန်တိုးတက်လာပြီး နားမကြား သူများနှင့် တစ်သားတည်းဖြစ်လာခဲ့သည်။ ပါတီပွဲတစ်ခုတွင် နားမကြားသူတစ်ဦးက လီဆာနားကြားနိုင်သည်ကို သိသွားသောအခါ အံ့ဩသွားသည်။ လီဆာဘာမှပြန်မပြောနိုင်ခင် အခြားသူငယ်ချင်းတစ်ဦးက “သူမမှာ နားမကြားသူတစ်ယောက်ရဲ့ နှလုံးသားရှိတယ်”ဟု လက်ဟန်ဖြင့် ပြောခဲ့သည်။ နားမကြားသူတို့ကမ္ဘာ၌ သူတို့နှင့်အတူ ရှင်သန်လိုသည့် လီဆာ၏ စိတ်ဆန္ဒက အဓိကဖြစ်သည်။
လီဆာသည် နားမကြားများနှင့် ရင်းနှီးရန် မတူမတန်နှိမ့်ချခဲ့ခြင်းမဟုတ်ပါ။ သူမ…
ဖန်ဆင်းခြင်းလက်ရာတွင် ဘုရားရှင်အား တွေ့မြင်ခြင်း
Kenny (ကန်နီ)သည် ဘုရားသခင်၌ ယုံကြည်ခြင်းပျောက်ဆုံးခဲ့ပြီးနောက်၊ သူစွန့်ခဲ့သည့်အသင်းတော် လူပရိတ်သတ်တို့ရှေ့တွင် ရပ်လျက်၊ သူ ပြန်လည်သက်ဝင်ယုံကြည်လာပြီဟု ဝေငှသည်။ အဘယ်သို့နည်း။ သူတွေ့ခဲ့သော ဖန်ဆင်းခံအရာများ၏ အလှတရားနှင့် ဒီဇိုင်းမှတစ်ဆင့် ဘုရားသခင်က သူ့စိတ်နှလုံးကို တို့ထိခဲ့ခြင်းဖြစ်ပါသည်။ သဘာဝလောကကြီး၌ တွေ့ရသည့် ဘုရားသခင်၏ သာမန်ဖွင့်ပြချက်များကို မြင်ပြီး ကန်နီသည် ဘုရားသခင်အပေါ် ထပ်၍ အံ့ဩခဲ့သည်။ ယခုတွင် သူသည် သမ္မာကျမ်းစာ၏အထူးဖွင့်ပြချက်တွင် တွေ့ရှိသည့် ဉာဏ်ပညာကို ခံယူဆုပ်ကိုင်ပြီဖြစ်သည်။ သူ့အဖြစ်အပျက်ကို ဝေငှပြီးသောအခါ ကန်နီသည် ဘုရားကျောင်းရှေ့ရှိ ရေကန်ထဲသို့ဆင်းသွားသည်။ ကန်နီ၏ သခင်ယေရှုအား ယုံကြည်မှုကို အခြေခံ၍ သူ့ဖခင်က ပျော်ရွှင်သောမျက်ရည်များဖြင့် သူ့ကို နှစ်ခြင်းပေးခဲ့သည်။
ယောဘသည် ဘဝတွင် အရာများစွာ ဆုံးရှုံးခဲ့ပြီးနောက် သူ့ယုံကြည်ခြင်းလည်း တုန်လှုပ်ခဲ့သည်။ သူက “ကိုယ်တော်အား အကျွန်ုပ် အော်ဟစ်သော်လည်း ကြားတော်မမူ၊ အကျွန်ုပ်သည် မတ်တပ်နေသော်လည်း မှတ်တော်မမူ”…
ဗက်လင်မြို့ငယ်
ဖိလစ်ဘရွတ် (Phillips Brooks)သည် ဗက်လင်မြို့သို့ သွားရောက်ပြီးနောက်တွင် လူအများ ချစ်မြတ်နိုးသော “ဗက်လင်မြို့ငယ်ကျူး” ခရစ္စမတ်တေး သီချင်းစာသားများကို ရေးသားခဲ့သည်။ အမေရိကန်နိုင်ငံရှိ ဘုရားကျောင်းတစ်ခု၏ သင်းအုပ်ဆရာဖြစ်သူ ဘရွတ်သည် သူ့အတွေ့အကြုံကြောင့် အလွန် စိတ်နှလုံးတို့ထိခံခဲ့ရ၍ သူ၏ဆန်းဒေးစကူးကျောင်းသားများအတွက် “မှတ်မိ သေးတယ်။ ခရစ်စမတ်အကြိုနေ့မှာ ယေရှုဖွားမြင်တဲ့နေရာနဲ့နီးတဲ့ ဗက်လင်မြို့ ဘုရားကျောင်းဟောင်းမှာ ရပ်နေတုန်း၊ ဘုရားသခင်ကို ချီးမွမ်းတဲ့ သိပ်ကောင်း တဲ့ ဓမ္မတေးသံတွေ ဘုရားကျောင်းထဲမှာ ပဲ့တင်ထပ်လို့၊ ကျွန်ုပ်ကောင်းကောင်းသိတဲ့အသံတွေက ကယ်တင်ရှင်မွေးဖွားတဲ့ အံ့ဩဖွယ်ညအကြောင်း အချင်း ချင်း ပြောနေသံကို ကျွန်ုပ် ကြားနေသလိုပါပဲ” ဟုရေးသားပေးပို့ခဲ့သည်။
၁၈၆၈ ခုနှစ်တွင် ဘရွတ်က သူ့အတွေးများကို ကဗျာအဖြစ်ရေးဖွဲ့ခဲ့ပြီး၊ သူ့ဘုရားကျောင်းမှ အော်ဂင်တီးသူက သံစဥ် ထည့်သွင်းပေးခဲ့သည်။ အမေရိကန်ပြည်တွင်းစစ်ဖြစ်ပြီးနောက် မပြီးပြတ်သေးဘဲ ရှိနေဆဲအနိဌာရုံများကြားတွင် “ အို သိမ်ငယ်သော ဗက်လင်မြို့မှာ တိတ်ဆိတ်စွာ ရှိနေစဉ်ခါ၊...…
ဘုရားသခင် အားလုံးကို သိသည်
ဘုရားသခင်သည် အမှန်ပင် အရာအားလုံးကို သိသည်။ သို့သော်လည်း The Wall Street Journal (ဝေါစထရိစ် ဂျာနယ်)သတင်းစာအရ အမေရိကန် အမျိုးသားလုံခြုံရေးအေဂျင်စီသည် ကျွန်ုပ်တို့၏ ဖုန်းအသုံးပြုမှုလမ်းကြောင်းမှတစ်ဆင့် ကျွန်ုပ်တို့အကြောင်းကို အများကြီး သိနေသည်။ ဖုန်းတွင် ကျွန်ုပ်တို့လုပ်သမျှသည် ဒစ်ဂျစ်တယ်အချက်အလက်အဖြစ် ကျန်ခဲ့၍ ၎င်းတို့စုပေါင်းလိုက်လျှင် “မက်တာဒေတာ” ဖြစ်သွားသည်။ ဒေတာအချက်အလက်တစ်ခုချင်းစီသည် အသေးအဖွဲ ဟု ထင်ရသော်လည်း ၎င်းတို့အားလုံးကို ပေါင်း၍ စိစစ်လိုက်လျှင် “ထောက်လှမ်း စုံစမ်းရာတွင် အသုံးပြုသည့် လက်နက်များအနက် စွမ်းအားအကြီးဆုံး လက်နက်တခု” အဖြစ် မက်တာဒေတာကို သုံး၍ရသည်။ ကျွန်ုပ်တို့၏မက်တာဒေတာကို ခြေရာခံလျှင် စုံစမ်းသူများသည် ကျွန်ုပ်တို့ ဘယ်ရောက်ဖူးသည်၊ ဘယ်နေရာတွင်ရှိသည်ကို အချိန်မရွေးထောက်ပြနိုင်သည်။
အမျိုးသားလုံခြုံရေးအေဂျင်စီ၏ အချက်အလက်စိစစ်လေ့လာရေးထက် များစွာသာလွန်၍ သိမြင်သော ဘုရားသခင် သည် ကျွန်ုပ်တို့ မည်သည့်နေရာတွင်ရှိသည်ကို သိသည်။ ၁၃၉ ခုမြောက်သောဆာလံတွင် ကျွန်ုပ်တို့ကို…
ဘုရားသခင်အား ပြန်၍ပေးခြင်း
ကျွန်မတို့ အပတ်စဉ်လှူဒါန်းခြင်းအပြင် အားကစားရုံအသစ်တစ်ခုဆောက်ရန်အတွက် အလှူငွေပါဝင်ရန် အသင်းတော်၏ခေါင်းဆောင်များက ကျွန်မတို့ကို တစ်နှစ်က ဖိတ်ခေါ်ခဲ့သည်။ ထိုနေရာကိုအသုံးပြု၍ ကျွန်မတို့ ပတ်ဝန်းကျင်ရှိ မိသားစုများကို သာသနာပြုမည်ဖြစ်သည်။ မသန်စွမ်းဖြစ်နေခြင်းကြောင့် ဆေးဝါးအတွက် ကုန်ကျစရိတ်ကို ဆုတောင်း၍ စဉ်းစားတွက်ချက်ကြည့်ပြီးနောက် “ကျွန်မတို့ ဒါကိုလုပ်နိုင်ပါ့မလား” ဟု ကျွန်မယောက်ျားကို မေးခဲ့သည်။ သူက ခေါင်းငြိမ့် ၍ “ ဘုရားသခင်ရဲ့အပိုင်ဖြစ်နေပြီးသားအရာကိုပဲ ပြန်ပေးတာပဲလေ၊ လိုအပ်သမျှကို ဘုရားသခင်က ထောက်ပံ့မှာပါ”ဟု သူက ဆိုသည်။ ဘုရားသခင်က တကယ်လည်း ထောက်ပံ့ခဲ့သည်။ ဆယ်နှစ်ကြာပြီးနောက် ကျွန်မတို့၏ဘုရားကျောင်း သည် ထိုအဆောက်အအုံတွင် လူများကို ဝန်ဆောင်မှုပေးခြင်းဖြင့် ဘုရားသခင်၏ အမှုတော်ကို ထမ်းဆောင်နိုင်ခွင့် ရနေဆဲဖြစ်သည်။
ရာဇဝင်ချုပ်ပထမစောင် ၂၉ တွင် ဒါဝိဒ်မင်းကြီးက သူ့သားရှောလမုန်ကို ဘုရားသခင် ရွေးချယ်ထားသော ထီးနန်းဆက်ဆံသူနှင့် ဗိမ္မာန်တော်တည်ဆောက် သူအဖြစ် ထောက်ခံကြောင်း ဣသရေလပြည်၏ ခေါင်းဆောင်များကို…
မသိသောအရာကို ကြောက်ရွံ့ခြင်း
နှစ်သစ်၏ပထမဆုံးရက် မနက် ၃နာရီ၌ ကျွန်မကြောက်၍ နိုးလာသည်။ ကြုံရတော့ မည့်နှစ်သည် ကျွန်မကို စိတ်ဖိစီး ပင်ပန်းစေ၍ ကြောက်ရွံ့မှုနှင့် ပြည့်နေစေသည်။ မိသားစုဝင်တစ်ဦး နာဖျားမှုကြောင့် ကျွန်မ ကြာရှည်ပင်ပန်းခဲ့ရပြီး ယခုလည်း အနာဂတ်အကြောင်း အတွေးများကြောင့် ကျွန်မ စိုးရိမ်စိတ်ဝင်လာသည်။ “ဘယ်လိုဆိုးတဲ့အရာတွေ ထပ်ဖြစ်ဦးမှာလဲ” ဟု ကျွန်မ တွေးမိသည်။
မကောင်းသောအရာများဖြစ်မည်ကို ကြောက်သောစိတ်အား သခင်ယေရှု၏ တပည့်တော်များ နားလည်သည်။ သူတို့၏သခင် အသက်မစွန့်မီတစ်ရက်အလိုတွင် သူတို့ကို ပြင်ဆင်လျက် အာမခံချက် ပေးခဲ့သော်လည်း သူတို့ကြောက်ခဲ့သေးသည်။ သခင်အဖမ်းခံရသောအခါ သူတို့ထွက်ပြေးခဲ့သည် (မ ၂၆:၅၆)။ ရှင်ပေတရုက သခင့်အား ငြင်းဆန်ခဲ့ပြီး (ယော ၁၈:၁၅-၁၇၊ ၂၅-၂၇) သူတို့ပုန်းရှောင်နေခဲ့သည် (၂၀:၁၉)။ သခင်ယေရှုဖမ်းဆီးခံရချိန်နှင့်ကားစင်တင်ခံရချိန် ရုတ်ရုတ်သဲသဲဖြစ်စဥ် သူတို့စိုးရိမ်ကြောက်ရွံ့ခြင်း၊ ဖမ်းဆီးနှိပ်စက်ခံမည်ကို သူတို့ကြောက်ခြင်းကြောင့် “မစိုးရိမ်ကြနှင့်” ဆိုသော သခင့်၏အမိန့်တော်နှင့် “ငါသည် လောကကို…
ပျက်စီးခြင်းအလွန်၌ရှိသော ဘုရား၏ကတိတော်
လော်ရာဟာရီကိန်းမုန်တိုင်းသည် မက္ကဆီကိုပင်လယ်ကွေ့မှတစ်ဆင့် အမေရိကန် နိုင်ငံ လူဝီစီယားနားပြည်နယ် ကမ်းရိုးတန်းသို့ ဦးတည် တိုက်ခတ်လာချိန်တွင် အရေးပေါ်သတိပေးချက်များရှိခဲ့သည်။ ၁ နာရီလျှင် ၁၅၀ မိုင်နှုန်း တိုက်နေသော လေကို သတိပြုမိသော နယ်ထိန်းရဲအုပ်တစ်ဦးက “ကျေးဇူးပြုပြီး၊ ဘေးလွတ်ရာကို ရှောင်ကြပါ။ ဒါပေမယ့် ခင်ဗျားတို့ဆက်နေနေပြီး ကျွန်တော်တို့ ခင်ဗျားတို့ဆီကို မလာနိုင်ဘူးဆိုရင် သင့်နာမည်၊ လိပ်စာ၊ လူမှုဖူလုံရေးနံပါတ်နဲ့ အနီးစပ်ဆုံး ဆွေမျိုးနီးစပ်ကို ချရေး၊ ပလက်စတစ်အိတ်ထဲထည့်ပြီး ခင်ဗျားတို့ အိတ်ကပ်ထဲထည့်ထားပါ။ ဒီအထိ လုပ်စရာမလိုဖို့ ဆုတောင်းနေပါတယ်ဗျာ” ဟု တုန်လှုပ်ဖွယ် သတင်းစကားတစ်ခုကို ထုတ်ပြန်ခဲ့သည်။ လော်ရာမုန်တိုင်းက ကုန်းပေါ်သို့ ဝင်လာသည်နှင့်တစ်ပြိုင်နက် မုန်တိုင်း၏ဖျက်ဆီးမှုကို ထိုင်ကြည့်ရုံမှလွဲ၍ ဘာမှမလုပ်နိုင်သည်ကို ကယ်ဆယ်ရေးလုပ်သားများက သိကြသည်။
ဓမ္မဟောင်းကျမ်းတွင် ဘုရားသခင်၏ လူမျိုးတော်တို့ သဘာဝဘေး(သို့) ဝိညာဉ်ရေးရာ ဘေးဒုက္ခများကြုံရသည့်အခါ ဘုရားသခင်၏နှုတ်ကပတ်တော်သည် ပို၍သေချာသော မျှော်လင့်ချက်ကို ပေးပါသည်။ ပျက်စီးဆုံးရှုံးခြင်း…
သခင်ယေရှု၏ ဇာတ်လမ်း
Kate Hankey (ကိတ် ဟန်ကီ) ကို လူအများစု မကြားဖူးကြပါ။ သို့သော် သူမသည် အာဂအမျိုးသမီးဖြစ်သည်။ သူမသည် ဆရာမ၊ ဧဝံဂေလိတရားဟောသူ၊ ကျောင်း အုပ်ချုပ်ရေးအဖွဲ့ဝင်၊ သာသနာပြုနှင့် ကဗျာဆရာမတစ်ဉီးဖြစ်ပြီး ၁၈၀၀ ပြည့်နှစ်များ က အင်္ဂလန်တွင် သခင်ယေရှုကို သစ္စာရှိရှိအစေခံခဲ့သည်။ ၁၈၆၇ ခုနှစ်တွင် ကိတ်အား ရောဂါဆိုးတစ်ခု ကူးစက်ခဲ့သည်။ သူမ နာလန်ပြန်ထူလာစဉ် “လိုချင်ခဲ့သောဇာတ်လမ်း”နှင့် “ဖြစ်လာသောဇာတ်လမ်း” ဟူသည့် အပိုင်း(၂)ပိုင်းပါ ကဗျာရှည်ကို ရေးသားခဲ့သည်။ ကဗျာထဲတွင် သခင်ယေရှုနှင့် သူမကိုယ်တိုင်၏ ဆက်ဆံရေးနှင့် သခင်ယေရှု၏သက်တော်စဉ်ကို ပုဂ္ဂိုလ်ရေးဆန်ဆန် ရေးသားဖော်ပြထားသည်။
သမ္မာကျမ်းစာသည် သခင်ယေရှုကို ဦးတည်၍ သူ၏ဇာတ်လမ်းကို ဖော်ပြသည်။ တမန်တော်ယောဟန်သည် စာဖတ်သူများအား သခင်ယေရှုနှင့် သူတို့ ကိုယ်တိုင်ကိုယ်ကျ တွေ့ကြုံဖူးသည်ကို သတိပေးလျက် သူ၏ဩဝါဒစာကို အစပြုခဲ့သည်။ “ငါတို့သည် ကိုယ်တိုင်ကြားလျက်၊ ကိုယ်မျက်စိနှင့်မြင်လျက်၊…
ဘုရားသခင်၏လက်တော်
၁၉၃၉ ခုနှစ်၊ လတ်တလောဖြစ်သွားခဲ့သောဗြိတိန်စစ်ပွဲနှင့်အတူ၊ ဆဌမမြောက်ဂျော့ဂျ် ဘုရင် (George VI)သည် သူ၏ခရစ်စမတ်နေ့ရေဒီယိုထုတ်လွှင့်မှုတွင် ဗြိတိန်နှင့် ဓနသဟာယ နိုင်ငံသားများအား ဘုရားသခင်ကို ယုံကြည်ဖို့ တိုက်တွန်းရန် ကြိုးပမ်းခဲ့သည်။ သူ့မိခင် တန်ဖိုးထားသော ကဗျာတစ်ပုဒ်ကို ကိုးကားပြီး “အမှောင် ထဲမှ ထွက်သွား၍၊ သင့်ရဲ့လက်ကို ဘုရားသခင် လက်ထဲ အပ်လိုက်ပါ။ ထိုအရာသည် အလင်းထက်သာ၍ ကောင်းပြီး မိမိသိသော လမ်းထက် ပိုလုံခြုံလိမ့်မည်” ဟု ပြောခဲ့သည်။ နှစ်သစ်၌ ဘာဖြစ်လာမည်ကို သူမသိသော်လည်း လာမည့် စိုးရိမ်ပူပန်စရာနေ့ရက်များတွင် ဘုရားသခင် သူ့ကို “ထောက်မ လမ်းပြ” မည်ဟု သူယုံကြည်ခဲ့သည်။
ဟေရှာယအနာဂတ္တိကျမ်းအပါအဝင် သမ္မာကျမ်းစာ၏ နေရာများစွာတွင် ဘုရားသခင်၏လက်တော်ကို မြင်တွေ့ရသည်။ ဤပရောဖက်အားဖြင့် ဘုရားသခင်သည် ၎င်းတို့၏ဖန်ဆင်းရှင်၊ “အဦးဆုံးသောသူနှင့်... နောက်ဆုံးသော သူ” (ဟေရှာ ၄၈:၁၂) ဖြစ်ပြီး သူသည်…
ကျွန်ုပ်မှာမှ ဘာကြောင့်လဲ ဘုရားသခင်
ဂျင်မ်(Jim)သည် ရွေ့လျားမှုကိုလုပ်ဆောင်ပေးသော အာရုံကြောနှင့်ဆိုင်သည့် ရောဂါ နှင့် တစ်နှစ်ကျော်ကြာ ရုန်းကန်နေရသည်။ သူ၏ကြွက်သားများရှိ အာရုံကြောများ လှုပ်ရှားမှု ရပ်တန့်သွားပြီး၊ ကြွက်သားများ အားလျော့သွားသည်။ ကြွက်သား အသေးများ အသုံးပြုရသော လက်၏လှုပ်ရှားမှုများ ဆုံးရှုံးသွားပြီး သူ၏ ခြေလက်များကို ထိန်းချုပ်နိုင်စွမ်း မရှိတော့ပေ။ အင်္ကျီ ကြယ်သီးတပ်ခြင်း (သို့) ဖိနပ်ကြိုးချည်ခြင်းတို့ကို လုပ်၍မရတော့ဘဲ၊ တူကိုင်၍စားသောက်ရန်မှာ မဖြစ်နိုင်တော့ပါ။ ဂျင်မ်က သူ့အခြေအနေနှင့် ရုန်းကန်ရင်း၊ “ဘုရားသခင် ဘာကြောင့် ဒီလိုဖြစ်ခွင့်ပေးရတာလဲ။ ကျွန်တော်မှ ဘာလို့ဖြစ်တာလဲ”ဟုမေးသည်။
သူ၏အပေါင်းအသင်းထဲတွင် ဘုရားသခင်ကို မေးခွန်းထုတ်သည့် ယုံကြည်သူ များစွာ ရှိသည်။ ဆာလံ ၁၃ တွင် ဒါဝိဒ်က “အိုထာဝရဘုရား၊ အကျွန်ုပ်ကို အလျှင်းမမှတ်ဘဲ အဘယ်မျှကာလပတ်လုံး မေ့လျော့တော်မူမည်နည်း။ အဘယ်မျှကာလပတ်လုံး မျက်နှာတော်ကို ကွယ်ထားတော်မူမည်နည်း။ အကျွန်ုပ်သည် အစဉ်ဝမ်းနည်းလျက်၊ အဘယ်မျှကာလပတ်လုံး တွေးတောသောစိတ် ရှိရပါမည်နည်း။…