အမျိုးအစား  |  odb

ဘုရားဘက်မှကြည့်မြင်ခြင်း

ထရီးနာသည် လက်မှတ်ပြတ်သွားသောရှိုးပွဲအတွက် အခမဲ့လက်မှတ်ကို လက်ခံရရှိပြီး၊ ထိုလက်မှတ်ကို သူမ၏ကျမ်းစာအုပ်၌ ညှပ်ထားခဲ့သည်။ ထို့နောက်တွင် စားစရာများထားသောဘီရို၌ သူမသည် ထိတ်ပျာစွာ တစ်စုံတစ်ခု ရှာနေသည်ကို သူမ၏သားက တွေ့လိုက်သည်။ သူမက “ကျမ်းစာအုပ်ပျောက်နေလို့”ဟု ရှင်းပြရာ၊ သားက “ဘာလို့ စားစရာဘီရိုထဲ ရှာနေတာလဲ”ဟု ပြန်မေးလိုက်သည်။ သူမက “တစ်အိမ်လုံးကို ရှာနေတာ၊ ပွဲက နောက်နာရီဝက်ဆို စတော့မှာ၊ တစ်ချက်လေးတောင် အလွတ်မခံချင်ဘူး”ဟု ပြောသည်။ သားက ရယ်လိုက်ပြီး “အသက်ရှူပါအုံး အမေရယ်။ ကျွန်တော့်အထင် အမေက တစ်ခုခုပျောက်သွားမှာကို စိုးရိမ်ထိတ်လန့်တဲ့ FOMO(ဖိုမို)ဝေဒနာ ခံစားနေရတယ်ထင်တယ်”ဟု ပြောသဖြင့် သူမ ရယ်လေသည်။ သားလည်း ကူညီရှာစဥ် ထရီးနာ၏ခင်ပွန်းက သူကျမ်းစာအုပ်ကို ကိုင်ပြီး ဝင်လာကာ “မင်းကားထဲမှာ ကျန်ခဲ့တယ်လေ”ဟုပြောလိုက်သည်။

မျှော်လင့်မထားသောကောင်းချီးများ၊ နားရက်ရှည်များ၊ တစ်သက်မှာတစ်ခါရသော အခွင့်အရေးများကို ခံစားပျော်မွေ့ခြင်းက အမှားမဟုတ်သော်လည်း ခံစား…

စိတ်လျှော့ပြီး ငြိမ်ဝပ်စွာနေခြင်း

အက်ဒလေးဒ်ဖိုးလာဒ် (Adelaide Pollard) အကြောင်းကို ကျွန်ုပ်တို့အများကြီး မသိရပါ။ သို့သော် ထိုသို့ မသိရခြင်းက အကြောင်းရှိသည်။ သူမသည် သူ့အတွက် မည်သည့် အသိအမှတ်ပြုမှုကိုမျှ မလိုချင်သော ဘုရားသခင်၏နှိမ့်ချသော အစေခံတစ်ဦး ဖြစ်သည်။ သူမအသက် ၄၀ အရွယ်တွင် အာဖရိကတိုက်သို့ သာသနာပြုရန် ကြီးလေးသော ‌စေခိုင်းမူခြင်းကို ခံစားခဲ့ရသော်လည်း ထိုအခွင့်အ‌ရေး ပိတ်သွားသောကြောင့် သူမအလွန်စိတ်ပျက်ခဲ့သည်။ သို့သော်လည်း “အိုးမြေသည် အိုးထိန်းသမားလက်၌ရှိသကဲ့သို့ သင်တို့သည် ငါ့လက်၌ရှိကြ၏” (ယေ ၁၈:၆) ဟူသောကျမ်းချက်ကို သူမအမှတ်ရသည်။ နောက်ပိုင်းတွင် “ကိုယ်တော်ရှင်အိုးထိန်း၊ ကျွန်ုပ်အိုးမြေ”ဟူသော ဓမ္မသီချင်းစာသားများကို သူမရေးခဲ့သည်။

ယေရမိအနာဂတ္တိကျမ်း၌ရှိသော ဤသရုပ်ပုံရိပ်က ကျွန်ုပ်တို့အသက်တာကို များစွာ စကားပြောသည်။ “အိုးမြေဖြင့်လုပ်သောအိုးသည်၊ အိုးထိန်းသမားလက်၌ ပျက်စီးသောကြောင့်၊ သူသည် အလိုအလျောက် အသစ်ပြုပြင်၍၊ အခြားသောအိုးကို လုပ်ပြန်လေ၏” (ယေ ၁၈:၄)။ ၎င်းမှာ ဘုရားသခင်သည်…

ပြန်လည်ထူထောင်ရေး ကြိုးပမ်းမှုများ

၂၀၁၉ ခုနှစ် ဧပြီလတွင် မြို့ဂုဏ်ဆောင် အလယ်ခေတ် ဝတ်ပြုကျောင်းတော်ကြီး နော့ထရာဒမ်ဒါပါရီ (Notre-Dame de Paris)တွင် မီးလောင်မှုဖြစ်ပွားပြီး၊ ခေါင်ချွန်းနှင့် ဝက်သစ်ချသစ်သားယက်မဖြင့် ပိုးထားသည့် ခဲခေါင်မိုးတို့ ပျက်စီးသွားသည်။ ချက်ချင်းဆိုသလိုပင် ဘုရားကျောင်းကို ပြန်လည်ပြုပြင်ရန် စီစဉ်လုပ်ဆောင်ခဲ့သည်။ ကမ္ဘာတစ်ဝန်းမှလှူဒါန်းမှုများ တဖွဲဖွဲဝင်လာပြီး၊ လက်သမားဆရာများက တူညီသောအဆောက်အအုံ နည်းပညာများနှင့် မူလတည်ဆောက်ပုံတွင် အသုံးပြုသည့် သစ်သားနှင့် ကျောက်အမျိုးအစားများကို အသုံးပြု၍ ပြန်လည်ပြုပြင်ခဲ့သည်။

ဘီစီ ၅၈၆ တွင် နေဗုခဒ်နေဇာသည် ယေရုရှလင်မြို့ကို ဝိုင်းထားပြီး ဘုရားသခင်၏ဗိမာန်တော်ကို မီးရှို့ရန် သူ၏တပ်များကို ညွှန်ကြားခဲ့၍ ဗိမာန်တော်ပျက်စီးသွားသည်(၄ရာ ၂၅:၉)။ ဗာဗုလုန်တွင် ဆယ်စုနှစ်များစွာ ဖမ်းဆီးကျွန်ပြုခံရပြီးနောက် ယေရုရှလင်မြို့သို့ ပြန်လာသောအခါ လူအပေါင်းတို့သည် “ဗိမာန်တော်ကို တည်ဆောက်ခြင်းငှာ၊ မိမိဆန္ဒရှိသည့်အတိုင်း လှူဒါန်း”(ဧဇ ၂:၆၈)ခဲ့ကြသည်။

ရှေးဦးစွာ ယဇ်ပလ္လင်ကိုပြန်တည်ပြီးနောက်၊ သူတို့သည် “ပန်းရန်သမားနှင့် လက်သမားတို့အား ငွေကိုပေး”ပြီး၊…

သခင်ခရစ်တော်ကဲ့သို့ အစေခံပါ

ဆေးရုံ၌ လူနာတစ်ဦးထံ ကျွန်မသွားရောက်စဉ် အတွေ့အကြုံနုနယ်သေးသော အထွေထွေရောဂါကုဆရာဝန်အဖွဲ့မှ လူငယ်ဆရာဝန်တစ်ဦး၏အပြုအမူကြောင့် ကျွန်မအံ့အားသင့်ခဲ့ရသည်။ ပို၍အတွေ့အကြုံများသော ဆရာဝန်ကြီးက လူနာ၏ ကျန်းမာရေးအခြေအနေကို ရှင်းလင်းပြနေပြီး၊ အခြားဆရာဝန်များက နားထောင်နေကြစဥ်၊ ရုတ်တရက် လူနာသည် မသက်မသာနှင့် အိမ်သာသွားလိုကြောင်း ပြောသည်။ သို့သော်လည်း သူကိုယ်၌က မထိုင်နိုင်။ သူ့အား အိမ်သာသို့ တွဲခေါ်သွားမည့်သူနာပြုအကူ လာသည်အထိလည်း သူမစောင့်နိုင်ပါ။

ထိုသို့ ကသုတ်ကရက်ဖြစ်နေစဉ် လူငယ်ဆရာဝန်လေးက အိပ်ရာသုံးအိမ်သာခွက်ကိုယူပြီး လူနာအား ကူညီပေးလိုက်သည်။ သူနာပြုအကူရောက်လာသည့်အခါ လူနာကို ကူညီပေးပြီးဖြစ်သည်ကို တွေ့လိုက်ရ၍ အံ့သြတုန်လှုပ်မိသွားသည်။ ခေါင်းဆောင်ဆရာဝန်က လူငယ်ဆရာဝန်လေး၏လုပ်ရပ်ကို အသိအမှတ်ပြုကာ ဂုဏ်ယူမိသွားသည်။

သခင်ခရစ်တော်သည် သူ၏ဘုရားဇာတိကို ဆုပ်ကိုင်ထားပြီး၊ လူသားတို့အား မငြင်းပယ်ဘဲ၊ မကူညီဘဲ မနေခဲ့ပါ။ ထိုသခင်သည် “ဘုရားသခင်၏သဏ္ဌာန်တော်နှင့်ပြည့်စုံတော်မူသည်ဖြစ်၍ ဘုရားသခင်နှင့်ပြိုင်သောအမှုကို လုယူခြင်းအမှုဟူ၍ မထင်မမှတ်ပါ”(ဖိ ၂:၆)။ လူသားအနေနှင့် ခရစ်တော်သည် ကျွန်ုပ်တို့ လွန်ကျူးသော အပြစ်များအတွက်…

ဖြတ်ကျော်ရမည့်မြစ်များ

ခရစ်မက်ကဲန်လက်စ်(Chris McCandless)သည် လူမသိသူမသိဇာတ်မြှုပ်ကာ အလက်စကားတောနက်(Alaskan wilderness)တွင် နေထိုင်ခဲ့ပြီးမှ၊ မြို့သို့ပြန်လာရန် ပြင်ဆင်ခဲ့သည်။ ဧပြီလတွင် ရေခဲများ အရည်ပျော်ပြီး မြစ်အတွင်းရေစီးကြမ်းသဖြင့် တက်ကလာနီကာ(Teklanika)မြစ်ကို ဖြတ်ကျော်ရန် မဖြစ်နိုင်ပါ။ သို့သော် သူက ဧပြီလမတိုင်မီတွင် မြစ်ကို ဖြတ်ကျော်နိုင်ခဲ့သည်။ လပေါင်းများစွာကြာပြီးနောက် အစာရေစာပြတ်လပ်ပြီး မက်ကဲန်လက်စ်သည် အိမ်ပြန်မရောက်နိုင်တော့ပေ။ ဝမ်းနည်းဖွယ် သူ၏သေဆုံးခြင်းကို စာအုပ်များနှင့်ရုပ်ရှင်များဖြင့် အမှတ်တရ မှတ်တမ်းတင်ခဲ့သည်။

ရှေးအခါက ဣသရေလလူမျိုးတို့သည် ကတိထားရာပြည်သို့ဝင်ရောက်ရန် မြစ်တစ်စင်းကို ဖြတ်ကျော်ရမည့်အရေး‌ပေါ်ခဲ့သည်။ သို့ရာတွင် ယော်ဒန်မြစ်ရေ လျှံနေသည့်အခြေအနေတွင်ရှိပြီး (ယောရှု ၃:၁၅)၊ ၎င်းသည် သူတို့၏ယုံကြည်ခြင်းကို ကြီးထွားစေမည့် စိန်ခေါ်ချက်ဖြစ်သည်။ “ငါသည် မောရှေနှင့်အတူ ရှိသကဲ့သို့ သင်နှင့်အတူ ရှိသည်ကို ဣသရေလအမျိုးသားအပေါင်းတို့သည် သိကြမည်အကြောင်း၊ သူတို့မျက်မှောက်၌ သင့်ကို ယနေ့ ငါချီးမြှင့်စပြုမည်”ဟု ယောရှုအား ထာဝရဘုရား မိန့်ကြားခဲ့သည် (:၇)။

“မြေကြီးတစ်ပြင်လုံးကို အစိုးရတော်မူသောထာဝရဘုရား၏ပဋိညာဉ်သေတ္တာသည်…

တစ်လှမ်းချင်း မှန်မှန်သွားပါ

လီလီယံကိုလုံ(Lillian Colon)သည် မိဘမဲ့ဂေဟာတွင် ကြီးပြင်းလာသူဖြစ်ပြီး၊ ကမ္ဘာကြီး၏အာရုံစူးစိုက်ခံရသည့် အဖွဲ့လိုက် အကပြိုင်ပွဲတွင် ပြိုင်ဘက်အသင်းမှ ကချေသည် အယောက် ၄၀၀ ကို အနိုင်ယူခဲ့သူဖြစ်သည်။ သူမသည် ညီညာစွာကတတ်ရန် စည်းကမ်းအလွန်ကြပ်မတ်သည့် လေ့ကျင့်မှုအောက်တွင် အသက် ၄၀ ကျော်သည် အထိ ထိုအကအဖွဲ့တွင် ပါဝင်ခဲ့သည်။ ယခုအခါ သူမသည် အသက် ၇၀ ရှိပြီဖြစ်ကာ၊ အကဆရာမအဖြစ် သင်တန်းသားများအား “အတူတကွလုပ်ဆောင်ခြင်း”ဟူသည့် တိကျသေချာသောကကွက်များကို ဆက်လက် လက်ဆင့်ကမ်း သင်ကြားပေးလျက်ရှိသည်။ “ကျွန်မတို့ရဲ့အသက်တာဟာ စင်ပေါ်မှာဖြစ်စေ၊ စင်အောက်မှာဖြစ်စေ နက်နဲစွာယှက်နွယ်လျက်ရှိတယ်။ ... “တစ်ဦးနှင့်တစ်ဦး ဂရုစိုက်ပြီး ပံ့ပိုးကူညီကြတဲ့အခါ ကျွန်မတို့ပိုပြီးတိုးတက်လာပါတယ်”ဟုပြောပြသည်။

အရေးပါသော ထိုနိယာမကို ရှင်ပေါလုသိသည်။ သခင်ခရစ်တော်၌ သဟဇာတဖြစ်ခြင်းသည် ဘုရားသခင်ကို ချီးမြှောက်ချီးမွမ်းရသည့်အကြောင်းရင်း အစစ်အမှန်ဖြစ်သည်။ ရှင်ပေါလုက ရောမမြို့ရှိ ယုံကြည်သူ ယုဒလူမျိုးများနှင့် တစ်ပါးအမျိုးသားများအား စည်းလုံးညီညွတ်မှုရှိရန် နှိုးဆော်သွန်သင်ခဲ့ပြီး၊ “သင်တို့သည်…

မစကူညီဖို့ ဘုရားသခင်နှင့်ပူးပေါင်းစို့

၂၀၂၁ ခုနှစ်တွင် တာလီဘန်များသည် အာဖဂန်နစ္စတန်အစိုးရအား လျင်မြန်စွာ အနိုင်ယူစိုးမိုးခဲ့ချိန်၌ လူထောင်ပေါင်းများစွာတို့မှာ ထွက်ပြေးလွတ်မြောက်ရန်
လမ်းမရှိဘဲ ချောင်ပိတ်မိနေကြပြီး၊ ဘာလုပ်ရမှန်းမသိ ဖြစ်နေခဲ့သည်။ သာမန်ပြည်သူများက ထိုပြဿနာကို ဖြေရှင်းရန် နည်းလမ်းရှာရာ၊ လူငယ်တစ်ဦးက အင်စတက်ဂရမ်ပေါ်တွင် သူတို့ ထွက်ပြေးလွတ်မြောက်ရန် လေယာဉ်ပျံငှားရမ်းခ ငွေ ဒေါ်လာ ၇ သန်း ရရှိရေး ရံပုံငွေရှာဖွေရေးအစီအစဉ်ကို စတင်ခဲ့သည်။ သူက သတင်းဌာနတစ်ခုသို့ “နိုင်ငံရေးအရ မတူညီကွဲပြားနေသော ဤအခြေအနေဆိုးကြီးတွင် ရုန်းကန်နေကြရသည့် လူတန်းစားအသီးသီးအတွက် အတူပါဝင်ပြီး ဤသူတို့ကို ဝိုင်းဝန်းကယ်တင်ရအောင်” ပြောခဲ့သည်။ ရှုပ်ထွေးပွေလီသည့်အမှုအရေးတွင် သူတို့ဝင်ရောက်ကူညီရန် ရွေးချယ်ခဲ့ကြသည်။

အာဖကန်နစ္စတန်နိုင်ငံ တစ်နိုင်ငံတည်းသာ မဟုတ်ပါ။ မိုးမျှော်တိုက်နှင့်မြို့ပြများမှအစ တောရွာဇနပုဒ်အထိ ကမ္ဘာအနှံ့တွင် လူများစွာတို့သည် အထီးကျန်ဖြစ်လျက် ကြေကွဲဝမ်းနည်းစိတ်၏ဖိစီးမှုကို အလူးအလဲ ခံစားနေကြရသည်။ ထိုသို့ ဆင်းရဲဒုက္ခနှင့် မျှော်လင့်ချက်မဲ့သောနေရာများတွင် ဘုရားသခင်၏အာရုံစူးစိုက်မှု သက်ရောက်သည်ကို အံ့သြဖွယ်တွေ့ရှိရသည်။ မည်သို့ပင်ဖြစ်စေ…

ပျောက်သွားခဲ့သည်။ သို့သော် ယခုပြန်တွေ့ပြီ

လွန်ခဲ့သည့်နှစ်များစွာက ကျွန်မ၏ဖခင်နှင့်အတူ အီကွေဒေါနိုင်ငံ၊ အမေဇုံတောထဲသို့ ရောက်ခဲ့စဉ် စက်လှေဖြင့် ရွာငယ်လေးတစ်ရွာသို့ သွားရောက်လည်ပတ်ကာ ထိုဒေသခံလူမျိုးတို့၏ နေထိုင်မှုဓလေ့ကို လေ့လာခဲ့သည်။ ကျွန်မချစ်သောဖေဖေက ကျွန်မအတွက် နားကပ်တစ်စုံအပါအဝင် ကျောက်စီလက်မှုတန်ဆာများ ဝယ်ပေးသည်။ ထိုနားကပ်လှလှလေးကို ကျွန်မမွေးနေ့ရက်တွင် အစ်မအိမ်သို့သွားလည်ချိန် အပါအဝင် နေ့ထူးနေ့မြတ်များတွင်သာ ဝတ်လေ့ရှိသည်။ အမထံမှအပြန် ကျွန်မ၏နားကပ်တစ်ဘက် ကျပျောက်သွားသည်ကို သိလိုက်ရ၍ အလွန်တုန်လှုပ်မိပြီး နေရာအနှံ့ ကျွန်မ လိုက်ရှာခဲ့သည်။

နားကပ်သေးသေးလေးဖြစ်သော်လည်း ၎င်းကိုပြန်အစားထိုးရန်အတွက် အမေဇုံသို့တစ်ခေါက်ပြန်သွား၍ ရှာဝယ်ရမည်ဖြစ်သည်။ အံ့သြစရာမှာ အစ်မက ကျွန်မမွေးနေ့ကျင်းပသည့် စားသောက်ဆိုင်သို့သွားပြီး ပစ္စည်းပျောက်ဆုံး/ပြန်တွေ့ဌာနမှ နားကပ်ပြန်ရရှိခဲ့၍ ကျွန်မအလွန်ဝမ်းသာခဲ့သည်။

အမျိုးသမီးတစ်ဦး၏ငွေဒင်္ဂါးပျောက်သွားသည့်အကြောင်း ပုံပမာကို သခင်ယေရှုပြောပြခဲ့သည်။ ပျောက်သွားသော အဖိုးတန်ငွေဒင်္ဂါးကို သူ မနားမနေ ရှာဖွေခဲ့သည်။ “...တစ်စုံတစ်ယောက်သောမိန်းမ၌ ငွေဆယ်ပြားရှိ၍ တစ်ပြားပျောက်လျှင် ဆီမီးကိုထွန်း၍ မတွေ့မီတိုင်အောင် တစ်အိမ်လုံးကိုလှည်း၍ စေ့စေ့မရှာဘဲ နေမည်လော” (လု ၁၅:၈)။ ငွေဒင်္ဂါးကိုပြန်တွေ့သောအခါ…

နှိမ့်ချလျက် စွန့်လွှတ်အနစ်နာခံခြင်း

အလက်စကာပြည်နယ်၊ ဆိုလ်ဒေါ့နာ(Soldotna)မြို့မှ လေယာဉ်မှူးတစ်ဦးနှင့် ၎င်း၏ သမီးနှစ်ဦးတို့သည် ရှုခင်းများကို ကြည့်ရှုရန် လေယာဥ်ငယ်ဖြင့် ခရီးထွက်ခဲ့ကြသည်။ သို့သော် သူတို့ မျှော်မှန်းချက် မပြည့်ဝခဲ့ပါ။ လေယာဥ်ပျက်ကျသွားပြီး၊ ဒေသခံလေယာဥ်မှူးများမှ ပျက်ကျလေယာဥ်ကို ကြိုးစားရှာဖွေခဲ့ကြသည်။ ၎င်းတို့ အထဲမှ ‌လေယာဥ်မှူး Terry Godes(တယ်ရီဂေါ့ဒက်စ်)က နောက်ဆုံး၌ ‌ရေခဲနေသော ရေအိုင်တစ်ခုအနီး၌ လေယာဥ်အပျက်အစီးများကို ခြေရာခံမိခဲ့သည်။ လေယာဥ်တောင်ပံပေါ်၌ သားအဖသုံးဦး နာရီအတော်ကြာကြာ ရပ်နေခဲ့ကြရသည်။ ကျေးဇူးတော်ပင်။ ထိုမိသားစုသုံးဦးကို မကြာမီမှာပင် အမျိုးသားကာကွယ်ရေးအရန်တပ်ဖွဲ့(National Guard)က ကယ်ဆယ်နိုင်ခဲ့သည်။ ဂေါ့ဒက်စ်၏ သူ့အချိန်နှင့် သူ့စွမ်းရည်များကို အခြားသူတို့အတွက် နှိမ့်ချလျက် ပေးဆပ်ခဲ့ခြင်းက အသက်များကို ကယ်တင်နိုင်ခဲ့သည်။ သူ၏ကြိုးစားအားထုတ်မှုနှင့်စပ်လျဥ်း၍ သူက နှိမ့်ချစွာဖြင့် “ကျွန်တော်က အဲဒီလေယာဥ်ကို ပထမဦးဆုံးတွေ့ရှိခဲ့သူဖြစ်ရုံပါပဲ”ဟု ပြောခဲ့ပါသည်။

ဒါဝိဒ်မင်းသည် ဣသရေလလူမျိုးများကို ၎င်းတို့၏ရန်သူများ၏ အန္တရာယ်များမှ ကယ်တင်ခြင်းအပါအဝင် (၅ ရာ ၁၄:၈-၁၇)၊…

တာဝန်ယူမှု တာဝန်ခံမှုသည် အရေးကြီးသည်

တရားသူကြီးတစ်ဦးသည် ဆိုင်၌ အလစ်သုတ်သည့်အမှုကို ကိုင်တွယ်ရာ၌ သူက ရပ်ရွာအကျိုးပြုပရဟိတအလုပ်တစ်စိတ်တစ်ဒေသအနေဖြင့် ပြစ်မှုကျူးလွန်သူအလစ်သမားများအား စတိုးဆိုင်၏ကားရပ်နားရာနေရာမှ ကားများကို ဆေးကြောရန် ထူးထူးခြားခြား စီရင်ချက်ချခဲ့သည်။ ၎င်းသည် ရှေ့လျှောက် အလစ်သုတ်မှုများကို ဟန့်တားနိုင်ပြီး၊ အမှားလုပ်ခြင်း၏အကျိုးဆက်ကို သတိပေးမည့်လုပ်ရပ်ဖြစ်ရန် သူမျှော်လင့်ခဲ့သည်။ လုပ်ရပ်တိုင်း၌ အကျိုးဆက်ရှိပြီး၊ တာဝန်ယူမှုသည် အ‌ရေးကြီးကြောင်းကို သူအလေးထားခဲ့သည်။

ထိုတရားသူကြီး၏ပြစ်ဒဏ်စီရင်မှုက “လူပြုတတ်သော အပြစ်တစ်စုံတစ်ရာကို ပြုသောသူ(သည်) ... မိမိအပြစ်ကို ဖော်ပြဝန်ခံရမည်။ ထိုအပြစ်အတွက် မိမိပြစ်မှားသောသူကို အပြည့်အဝ ပြန်လျော်ရမည်” ဟူသော ကျမ်းချက်ကို ထင်ဟပ်သည်(တော ၅:၆-၇ စံမီ)။ ဤကျမ်းပိုဒ်တွင် အမှားကို သိမှတ်ခြင်း၊ အပြစ်ကို ဝန်ခံခြင်း၊ ပြန်လည်ပြုပြင်ခြင်းတို့သည် အရေးကြီးကြောင်း ဘုရားရှင်၏ဖော်ပြချက်ကိုတွေ့ရသည်။ ထိုအချက်များက အပြစ်ကျူးလွန်သူသည် ဣသရေလ လူမှုအသိုင်းအဝိုင်းအပေါ် သစ္စာမရှိမှုကို ဖော်ပြသကဲ့သို့ “ဘုရားအပေါ်၌ သစ္စာမရှိကြောင်း” ကိုလည်း ပြသရာရောက်သည် (:၆)ဟူသည့် လေးနက်သော…