သင်၏နှလုံးကို ကာကွယ်စောင့်ရှောက်ပါ
ဟန်ဂေရီလူမျိုး သင်္ချာပညာရှင် Abraham Wald (အေဘရာဟမ်ဝဒ်)သည် ၁၉၃၈ ခုနှစ်တွင် အမေရိကန်နိုင်ငံသို့ ရောက်ရှိပြီးနောက် သူ၏ကျွမ်းကျင်မှုစွမ်းရည်များကို ဒုတိယကမ္ဘာစစ်တွင် အားဖြည့်အသုံးချခဲ့သည်။ တပ်မတော်သည် ရန်သူတိုက်ခိုက်မှုမှ လေယာဥ်ကိုကာကွယ်ရန် နည်းလမ်းများကို ရှာဖွေလျက်ရှိပြီး စစ်လေယာဥ်များအတွက် ပိုမိုကောင်းမွန်သော ကာကွယ်ရေးနည်းလမ်းများကို ရှာဖွေပေးရန် ဝဒ်နှင့့် အပေါင်းအပါများ၏ Statistical Research Group (စာရင်းအင်း အချက်အလက်များဆိုင်ရာ သုတေသနအဖွဲ့)ကို တောင်းဆိုခဲ့သည်။ သူတို့သည် တိုက်ခိုက်ရာမှ ပြန်ရောက်လာသောလေယာဥ်၏ ပျက်စီးမှုအများဆုံးအပိုင်းကို စတင်စစ်ဆေးကြသည်။လေယာဥ်၏ပျက်စီးမှုက လေယာဥ်၏မည်သည့်အပိုင်းသည် အပစ်ခံရပြီး မပျက်ကျဘဲ ပြန်ရောက်လာနိုင်သည့်အချက်ကို ပြသနေကြောင်း ဝဒ်၏ စူးရှထက်မြက်သည့် ထိုးထွင်းဉာဏ်က မှတ်ကျောက်တင်ဂုဏ်ပြုခံရသည်။ ထိခိုက်ပျက်စီးသောလေယာဥ်ပေါ်တွင် အပိုဆောင်းအကွယ်အကာ အလိုအပ်ဆုံးအပိုင်းကို ရှာဖွေတွေ့ရှိနိုင်ကြောင်း သူသဘောပေါက်ခဲ့သည်။ လေယာဥ်၏အကာအကွယ်အမဲ့ဆုံး အင်ဂျင်ပိုင်း အပစ်ခံရပါက လေယာဥ်ပျက်ကျသွားခြင်းကြောင့် စစ်ဆေး၍ မရနိုင်ပေ။
ကျွန်ုပ်တို့၏အားအနည်းဆုံး စိတ်နှလုံးကို ကာကွယ်ရန် ရှောလမုန်မင်းကြီးသွန်သင်ထားသည်။ “နှလုံးသည်…
အမှန်တကယ် လိုအပ်နေသောအရာ
ငယ်ရွယ်သောမိခင်တစ်ဦးသည် အိုး၌ပြုတ်ကြော်လုပ်ထားသည့် အသားဟင်းကို တစ်ဝက် လှီးဖြတ်ပြီးမှ အိုးကြီးထဲ ပြောင်းထည့်သည်။ သူ့ခင်ပွန်းက “ဘာလို့အဲလိုလုပ်တာလဲ” ဟုမေးရာ၊ သူက “ကျွန်မအမေက အဲလိုပဲလုပ်လို့လေ” ဟုဖြေခဲ့သည်။
ခင်ပွန်း၏မေးခွန်းက သူမ၏သိချင်စိတ်ကို နှိုးဆွခဲ့ပြီး၊ သူ့မိခင်အား ထိုသို့လုပ်ရသည့် အလေ့အထကို မေးမြန်းခဲ့သည်။ သူ့မိခင်က သူချက်ပြုတ်သည့် အိုးသေးနှင့်ဆန့်အောင် အတုံးသေးလှီးဖြတ်ရခြင်းဖြစ်ကြောင်း သိလိုက်ရသောအခါ သူအံ့ဩသွားသည်။ သူမ၌ အိုးကြီးများစွာရှိခြင်းကြောင့် အသားကို အတုံးသေးတုံးရန် မလိုအပ်ပါ။
အစဉ်အလာ ထုံးတမ်းများစွာကို မလိုအပ်တော့သော်လည်း “အဲလိုပဲလုပ်ခဲ့တာလေ” ဟူ၍ မမေးမြန်းမစူးစမ်းဘဲ လုပ်ဖြစ်နေသည်။ ဖာရိရှဲတို့ ခေတ်အချိန်က လူသားတို့၏ရိုးရာအစဥ်အလာများကို ထိန်းသိမ်းတည်စေခြင်းက သဘာဝဖြစ်သည်။ ထို့ကြောင့် ဘာသာရေးစည်းကမ်းတစ်ချက်ကို ချိုးဖောက်သည့်ပုံပေါ်သည့် အမှုအရာကြောင့် သူတို့ အာရုံနှောက်နေသည် (မာ ၇:၁-၅)။
“သင်တို့သည် ဘုရားသခင်၏ပညတ်တော်ကို ပယ်၍ ခွက်ဖလားဆေးခြင်းတည်းဟူသော လူတို့မှဆက်ခံသောနည်းဥပဒေသကို ခံယူလျက်၊ ထိုသို့သော အခြားအကျင့်အလေ့များတို့ကို…
နိုးထပြောင်းလဲမှု ရောက်လာပြီ
Aurukun (အာရုခွန်)သည် ဩစတေးလျအနောက်ပိုင်းရှိ မြို့ငယ်တစ်မြို့ဖြစ်ပြီး၊ မြို့ခံလူဦးရေသည် မူလမျိုးနွယ်စု (၇) စုမှ ဆင်းသက်လာသည်။ လွန်ခဲ့သောနှစ်ပေါင်း တစ်ရာက အာရုခွန်မြို့သို့ ဧဝံဂေလိတရားရောက်ရှိလာချိန်တွင် မျက်လုံးတစ်လုံးအတွက် မျက်လုံး ဟူသည့် တရားစီရင်ချက်က ရှိနေဆဲဖြစ်သည်။ ၂၀၁၅ ခုနှစ်တွင် လူမျိုးနွယ်အချင်းချင်း အဓိကရုန်းဖြစ်ပွားရာ၊ လူသတ်မှုတစ်ခုကျူးလွန်လျှင် တရားခံမိသားစုဝင် တစ်ဦးဦးက အသေခံပေးခြင်းဖြင့် ပေးဆပ်ရသည်။
သို့သော် ၂၀၁၆ ခုနှစ် အစောပိုင်းတွင် ပြောစမှတ်တွင်သွားသည့် အမှုတစ်စုံတစ်ရာ ဖြစ်ပွားခဲ့သည်။ အာရုခွန်မြို့သားတို့သည် ဆုတောင်းလျက် ဘုရားသခင်ကို စတင်ရှာဖွေခဲ့ကြပြီးနောက် နိုးထမှုဖြစ်ပေါ်လွှမ်းမိုးလျက် အစုလိုက်၊ အပြုံလိုက် ဗတ္တိဇံခံယူလာကြကာ မြို့တွင်း၌ပြန်လည်ဆန်းသစ်ခြင်း စတင်ခဲ့သည်။ လူအပေါင်းတို့မှာ အလွန်ဝမ်းမြောက်လျက် မြို့လမ်းမထက်၌ ကခုန်ကြသည်။ တရားလိုမိသားစုသည် တရားခံမျိုးနွယ်အား ပြန်လည်ပေးဆပ်စေခြင်းထက် ခွင့်လွှတ်ပေးခဲ့သည်။ မကြာမီ အပတ်စဥ် တနင်္ဂနွေနေ့၌ လူဦးရေ ၁၃၀၀ မျှသာရှိသည့် မြို့၌ လူ…
ဆုတောင်းစာရင်းကတ်ပြားများ
စာရေးခြင်းအတတ်ပညာဆိုင်ရာ ဆွေးနွေးပွဲတစ်ခုတွင် ကျွန်မသည် ဦးဆောင်ဆွေးနွေးသူတစ်ဦးအဖြစ် ပါဝင်ခဲ့ပြီး၊ ထိုစဥ်က ကျောဘက်၌ လက်ရေးဖြင့် ဆုတောင်းချက်ရေးထားသည့် ပို့စကတ်တစ်ခုကို ကျွန်မအား တမ်မီ ပေးခဲ့သည်။ သူသည် ဦးဆောင်သူများ၏ကိုယ်ရေးရာဇဝင်ကို ဖတ်ပြီး အထူးဆုတောင်းချက်များ ချရေးကာ ဆုတောင်းပေးကြောင်း ပို့စကတ်ကို ပေးရင်း ရှင်းပြသည်။ ကျွန်မထံ တမ်မီသပ်သပ်ပို့ပေးသည့် မက်ဆေ့ဂျ်အသေးစိတ်ကို အံ့ဩလျက်၊ တမ်မီ၏ လုပ်ရပ်အားဖြင့် ကျွန်မကို ခွန်အားပေးသည့် ဘုရားသခင်ကို ကျေးဇူးတင်မိသည်။ သူမအတွက်လည်း အပြန်အလှန်ဆုတောင်းပေးခဲ့သည်။ ဆွေးနွေးပွဲအတွင်း နာကျင်ကိုက်ခဲလျက် ပင်ပန်းသောအခါ ပို့စကတ်လေးကိုထုတ်ပြီး တမ်မီ၏စာတိုလေးကိုဖတ်ရာ၊ ဘုရားရှင်က ကျွန်မ၏စိတ်ဝိညာဥ်ကို ပြန်လည်ရွှင်လန်းစေသည်။
တမန်တော်ပေါလုက တစ်ပါးသူအတွက် ဆုတောင်းခြင်းသည် အသက်နှင့်ဆိုင်သောအကျိုးသက်ရောက်မှုကို ဖြစ်စေကြောင်း သိမှတ်ခဲ့သည်။ ယုံကြည်သူများအား “မိုးကောင်းကင်၌နေသော နတ်ဆိုးတို့နှင့် ... ဆိုင်ပြိုင် တိုက်လှန်”ရန် အသင့်ပြင်ဆင်ထားရန် တိုက်တွန်းခဲ့သည် (ဧ ၆:၁၂)။ အချင်းချင်းအတွက် ကြားဝင်…
လုံးဝ သန့်ရှင်း သန့်စင်သွားပြီ
မကြာမီက ကျွန်တော်တို့ဇနီးမောင်နှံသည် ဧည့်သည်များကို မဖိတ်ခေါ်မီ အိမ်သန့်ရှင်းရေးလုပ်ခဲ့ကြရာ မီးဖိုချောင်ကြမ်းခင်းကြွေပြား၌ ဒူးထောက်ပြီးတိုက်ချွတ်ရမည့် အမဲကွက်အစွန်းများကို တွေ့လိုက်ရသည်။ သို့သော် ကြမ်းကိုတိုက်ချွတ်လေ၊ အခြားအစွန်းကွက်များ တွေ့လာရလေကို ကျွန်ုပ်သိရှိရသည်။ အစွန်းတစ်ကွက်ကို ပြောင်အောင်တိုက်လိုက်တိုင်း အခြားတစ်ကွက် ထင်ရှားပေါ်လာဖို့သာ ဖြစ်နေ သည်။ မီးဖိုချောင်ကြမ်းခင်းက ပြန်ကောင်းလာစရာမရှိသည့်ကြမ်းပြင်ပုံပေါက် သွားသည်။ သို့နှင့် “ငါဘယ်လောက်ပဲ ကြိုးစားတိုက်တိုက် ဒီကြမ်းပြင် လုံးဝသန့်ရှင်းသွားအောင် ငါမလုပ်နိုင်ဘူး” ဟု ကျွန်တော်နားလည်လိုက်သည်။
မိမိကိုယ်ကို သန့်ရှင်းစင်ကြယ်စေခြင်းနှင့် ပတ်သက်၍ ကျမ်းစာကလည်း ထိုသဘောအတိုင်းပင် ပြောထားသည်။ အပြစ်နှင့်ပတ်သက်၍ မိမိဘာသာ မည်မျှပင်အကောင်းဆုံး အပြစ်ကင်းအောင် ကြိုးစားလည်း စံချိန်မမီဘဲ အမြဲရှုံးနိမ့်မည် ဖြစ်သည်။ ဘုရားသခင်၏ကယ်တင်ခြင်းကျေးဇူးကို မပြတ်ခံစားရသည့်တိုင် (ဟေရှာ ၆၄:၅) ပရောဖက်ဟေရှာယက “အကျွန်ုပ်တို့ရှိသမျှသည် စင်ကြယ်ခြင်း မရှိပါ။ ပြုဖူးသမျှသော ကုသိုလ်ကောင်းမှုတို့သည် ညစ်သောအဝတ်နှင့် တူကြပါ၏” (:၆)ဟု ရေးသားခဲ့ခြင်းက ဘုရားသခင်၏လူ…
အလင်းတော်ကို ထင်ဟပ်ပြခြင်း
ရှုခင်းပုံကို ဆီဆေးဖြင့်ရေးဆွဲရာတွင် ရောင်ပြန်အလင်း၏အလှကို သရုပ်ဖော်ရာ၌ ပန်းချီဆရာ Armand Cabrera (အာမန်းဒ်ကာဘရီရာ)သည် “ရောင်ပြန်အလင်းဟာ မူလအလင်းလောက် ဘယ်တော့မှ အရောင်မတောက်ဘူး” ဟူသည့် အနုပညာနိယာမကို ကိုင်စွဲသည်။ တက်သစ်စပန်းချီဆရာများက ရောင်ပြန်အလင်းကို ပိုလှအောင် အလင်းပိုထည့်တတ်ကြခြင်းကို သူသတိပြုမိသည်။ “ရောင်ပြန်အလင်းက အရိပ်နဲ့ဆိုင်တယ်။ ဒါကြောင့် ပန်းချီကားမှာ လင်းရမယ့်နေရာကို ယှဥ်ပြီးအပြိုင်မဆွဲဘဲ အရိပ်ကို ပံ့ပိုးရမှာ” ဟု သူက ပြောသည်။
“လူတို့၏အလင်း” (ယော ၁:၄) ဖြစ်သော သခင်ယေရှုနှင့်စပ်လျဥ်း၍ ထိုအမြင်နှင့် သဘောချင်းတူသည့် ဆင်ခြင်ရန်ထိုးထွင်းအမြင်ကို ကျွန်ုပ်တို့ ကြားရလေ့ရှိသည်။ “ထိုသူ(ယေရှု)ကို လူအပေါင်းတို့သည် အမှီပြု၍ ယုံကြည်ခြင်းသို့ရောက်မည့်အကြောင်း” ဗတ္တိဇံဆရာယောဟန်သည် “အလင်းတော်အကြောင်းကို သက်သေခံခြင်းငှာ လာ၏” (:၇)။ ရှင်ယောဟန်ခရစ်ဝင်ကျမ်းရေးသူက “ထိုသူ(ယောဟန်)သည် အလင်းတော်မဟုတ်၊ အလင်းတော်၏အကြောင်းကို သက်သေခံခြင်းငှာသာ လာ၏” (:၈)ဟု ဆိုပါသည်။
မယုံကြည်သော လောကလောင်းရိပ်၌…
ရှစ်ယောက်မြောက် ခုံသမာဓိလူကြီး
၁၉၅၇ ခုနှစ်၌ ထွက်ရှိသည့် ဂန္တဝင်ရုပ်ရှင် ‘12 Angry Men’ (ဒေါသထွက်နေသူ ၁၂ ဦး) တွင် တရားသူကြီးက “လူတစ်ယောက်ကတော့ သေပြီ။ အခြားလူ တစ်ယောက်ရဲ့အသက်က အန္တရာယ်ရှိနေတယ်”ဟု ဝမ်းနည်းစွာပြောခဲ့သည်။ သံသယရှိသူလူငယ်ကို စွဲဆိုသော အထောက်အထား၊ သက်သေများက အလွန်ခိုင်လုံသည့်ပုံပေါ်နေသည်။ သို့သော် ခုံသမာဓိ ဂျူရီလူကြီးများ ဆုံးဖြတ်ကြသည့် အချိန်တွင် ၎င်းတို့ကြား မညီညွတ်မှု ပေါ်ပေါက်လာသည်။ (၁၂) ဦးအနက် (၈) ဦးမြောက်လူကြီးက ‘အပြစ်မရှိ’ ဟု မဲပေးခဲ့၍ ဒေါသတကြီး အငြင်းပွားမှုဖြစ်လာပြီး၊ သက်သေထွက်ဆိုမှုများထဲမှ မဆီလျော်မှုများကို သူထောက်ပြရာ လှောင်ပြောင်ခံခဲ့ရသည်။ စိတ်ခံစားချက်များအရှိန်မြင့်လာကြပြီး ဂျူရီလူကြီးတို့၏ ကြောက်မက်ဖွယ်ကောင်းသည့် ဘက်လိုက်မှုများက ဗူးပေါ်သလိုပေါ်လာကာ နောက်ဆုံး သူတို့တစ်ဦးပြီးတစ်ဦး အပြစ်မရှိဟု မဲပြောင်းပေးလာကြသည်။
ဘုရားသခင်က ဣသရေလပြည်သစ်အတွက် ပညတ်တော်များပေးသော အခါ ရိုးသားသောသတ္တိရှိရန် တိုက်တွန်းခဲ့ပါ၏။ “တရားတွေ့သည်အမှုမှာ…
ဝမ်းမြောက်ဖွယ် ချစ်ခြင်းမေတ္တာ
ဘရန်ဒန်နှင့်ကေတီတို့ တစ်ယောက်ကိုတစ်ယောက် အားရရွှင်လန်းစွာ ပြုံးပြ သည်။ သူတို့မျက်နှာပေါ်မှ ပျော်ရွှင်မှုကိုကြည့်လျှင် ကိုဗစ်-၁၉ ကန့်သတ်ချက်များကြောင့် သူတို့၏မင်္ဂလာပွဲအစီအစဉ်များကို မည်မျှခက်ခက်ခဲခဲ ရွှေ့ဆိုင်းခဲ့၊ပြောင်းခဲ့ကြရကြောင်း သင်သိနိုင်မည် မဟုတ်ပါ။ မိသားစုဝင် (၂၅) ဦးသာ တက်ရောက်ကြသော်လည်း သူတို့နှစ်ဦး၏ချစ်ခြင်းမေတ္တာ၊ သူတို့ကို စောင့်ရှောက်ပေးသော ဘုရား၏မေတ္တာတော်အတွက် ကျေးဇူးတင်လျက် ကတိသစ္စာဆိုကြချိန်တွင် သူတို့ထံမှ ပျော်ရွှင်မှုနှင့်ငြိမ်သက်ခြင်းတို့ ဖြာထွက်နေသည်။
သတို့သားနှင့်သတို့သမီးတို့ တစ်ဦးအပေါ်တစ်ဦး ကြည်နူးပျော်ရွှင်နေပုံက ပရောဖက်ဟေရှာယ ရေးဖွဲ့ခဲ့သည့် ထာဝရဘုရား၏ သူ့လူမျိုးတော်ကိုချစ်၍ ဝမ်းမြောက်ရပုံ သရုပ်ဖော်ချက်ဖြစ်သည်။ ပရောဖက်ဟေရှာယသည် ထာဝရဘုရားကတိပေးထားသည့် ကယ်နုတ်ခြင်းကို ကဗျာဆန်စွာ လှလှပပဖွဲ့နွဲ့လျက် စိတ်နှလုံးကျိုးပဲ့သူများအတွက် နှစ်သိမ့်ခြင်း၊ ငိုညည်းရသူများအတွက် ဝမ်းမြောက်ခြင်း၊ လူမျိုးတော်၏ လိုအပ်ချက်များအတွက် မစဖြည့်ဆည်းပေးမှု (ဟေရှာ ၆၁:၁-၃) စသည့် ထာဝရဘုရား၏ကယ်တင်ပေးမှုသည် ပျက်စီးနေသောကမ္ဘာကြီး၌ နေထိုင်ရသည့်အဖြစ်မှန်ကို ထင်ဟပ်နေကြောင်း စာဖတ်သူများအား သတိပေးသည်။ ဘုရားသခင်သည် သူ၏လူမျိုးတော်ကို ကူမသည်။…
ကျဥ်းမြောင်းရာထဲသို့ ရောက်သောအခါ
လွန်ခဲ့သောနှစ်များစွာက လမ်းများစွာဆုံနေသောလမ်းဆုံ၌ လမ်းတစ်ဘက်သို့ ဖြတ်ကူးရန် ကြိုးစားရသည်မှာ မည်မျှကြောက်မက်ဖွယ်ကောင်းကြောင်း မိတ်ဆွေတစ်ဦးက ကျွန်တော့်ကို ပြောပြဖူးသည်။ “ဒီလိုမျိုး ကျွန်မတစ်ခါမှ မကြုံဖူးဘူး။ လမ်းကူးဖို့ သင်ထားသမျှတွေက အကျုံးမဝင်တော့သလိုပဲ။ ကျွန်မအရမ်းကြောက်တာနဲ့ လမ်းတစ်ဘက်ကို ကူးချင်လို့ ဘက်စ်ကားစီးခွင့်ပြုပါလို့ ယာဥ်မောင်းကို ပြောခဲ့ရတယ်။ ဒီလမ်းဆုံမှာ လမ်းကူးတတ်ဖို့ကော၊ ကားမောင်းတတ်ဖို့ကော ကျွန်မတော်တော်ကြာအောင် သင်ခဲ့ရတယ်” ဟု သူမက ဆိုသည်။
အန္တရာယ်များသောလမ်းဆုံသည် ရှုပ်ယှက်ခတ်နိုင်သော်လည်း ဘဝ၏ ရှုပ်ထွေးမှုများကြား လမ်းကြောင်းရှာပြီး လျှောက်လှမ်းရှင်သန်ရခြင်းသည် ပို၍ပင် ကြောက်မက်ဖွယ် ကောင်းနိုင်သေးသည်။ ဆာလံဆရာ မည်သို့တွေ့ကြုံနေရသည်ကို ကျွန်တော်တို့ မသိရသော်လည်း သူသည် ခက်ခဲပင်ပန်းလျက် “ငါသည် ကျဉ်းမြောင်းရာထဲက ထာဝရဘုရားကိုခေါ်”ကာ(:၅) ဆုတောင်းခဲ့ခြင်း က မှန်သောအမှုဖြစ်သည်။ “ထာဝရဘုရားသည် ငါ့ဘက်မှာ ရှိတော်မူသည်ဖြစ်၍ ကြောက်စရာမရှိ။ ... ထာဝရဘုရားသည် ငါ့ဘက်၌ မစတော်မူသည်ဖြစ်၍” (:၆-၇) ထာဝရဘုရားအပေါ်…
အချက်အလက်နှင့် အထောက်အထား
Doris Kearns Goodwin (ဒေါရစ်ကီအန်စ်ဂွတ်ဝင်း)က Abraham Lincoln (အေဘရာဟမ်လင်ကွန်း) အကြောင်း စာအုပ်တစ်အုပ်ရေးသားရန် ဆုံးဖြတ်နေ စဥ်တွင် (၁၆) ယောက်မြောက် အမေရိကန်သမ္မတနှင့်ပတ်သက်၍ စာအုပ်ပေါင်း တစ်သောင်းလေးထောင်ကျော် ရေးသားပြီးဖြစ်သည် ဟူသောအချက်က သူမကို အားငယ်စေပါ၏။လူချစ်လူခင်များလှသော ဤခေါင်းဆောင်ကြီးနှင့်ပတ်သက်၍ ဘာများပြောစရာ ကျန်ပါဦးမည်နည်း။ တွန့်ဆုတ်မှုမရှိဘဲ ဂွတ်ဝင်းသည် ‘A Team of Rivals: The Political Genius of Abraham Lincoln’ (ပြိုင်ဘက်များအသင်း - အေဘရာဟမ်လင်ကွန်း၏နိုင်ငံရေးထူးချွန်မှု) စာအုပ်ကို ရေးသားခဲ့သည်။ လင်ကွန်း၏ခေါင်းဆောင်မှုနှင့် ပတ်သက်၍ သူမ၏ဆန်းသစ်သောအမြင်များသည် ထိပ်တန်းအဖြစ် သတ်မှတ်သုံးသပ်ခံရသောစာအုပ်တစ်အုပ် ဖြစ်လာခဲ့သည်။
တမန်တော်ရှင်ယောဟန်ကမူ ခရစ်တော်၏အမှုတော်နှင့် သက်တော်စဉ်အကြောင်း သူ့ကိုယ်တွေ့ကို ရေးသားရာတွင် အခြားအခက်အခဲတစ်မျိုးကို ရင်ဆိုင်ခဲ့ရသည်။ ရှင်ယောဟန်ခရစ်ဝင်ကျမ်း၏ နောက်ဆုံးအပိုဒ်တွင် “ယေရှုပြုတော်မူသော အခြားအမှုအရာများ ရှိသေး၏။ ထိုအမှုအရာရှိသမျှတို့ကို အသီးအခြားရေးထားလျှင်၊…