အမျိုးအစား  |  odb

ဘုရားသခင်၌ စိတ်ချစွာ နားခိုခြင်း

တရုတ်နိုင်ငံ ဖူဂျီယန်ဒေသမှ သုတေသီများက အသည်းအသန်လူနာများ ကြပ်မတ်ကုသဆောင် အိုင်စီယူ (ICU)ရှိ လူနာများ နှစ်ခြိုက်စွာ အိပ်ပျော်နိုင်အောင် ကူညီပေးလိုသည်။ သူတို့သည် အိုင်စီယူ အခန်းပုံ ပြင်ဆင်ထားသည့်ဝန်းကျင်တွင် ဆေးရုံအဆင့် သတ်မှတ်ထားသည့် အလင်းအမှောင်ကို ချိန်ညှိပြီး၊ စက်ကရိယာများ၏အသံ၊ သူနာပြုတို့၏စကားသံတို့ကို အသံဖမ်းထားကာ၊ စမ်းသပ်ခံအရာဝတ္ထုများ၌ အိပ်ဆေးများ၏ အာနိသင်သက်ရောက်မှုကို တိုင်းတာသည်။ ထိုသုတေသနပြုချက်က အိပ်ပျော်ရန်သုံးသည့် မျက်နှာဖုံးနှင့် နားကြပ်များသည် စမ်းသပ်ခံအရာများ၏ နားနေအိပ်စက်မှုကို တိုးတက်စေကြောင်း ပြခဲ့သည်။ သို့သော် အိုင်စီယူအခန်းအစစ်၌ အမှန်တကယ် ဖျားနာနေသူအတွက်မူ ငြိမ်းချမ်းစွာ အိပ်စက်နိုင်ရေးက ခက်ခဲနေမြဲဖြစ်သည်။

ဒုကများမြောင်လှသော ကမ္ဘာကြီးတွင် ကျွန်ုပ်တို့ မည်သို့ငြိမ်သက်စွာ အနားရနိုင်မည်နည်း။ သမ္မာကျမ်းစာ၌ မည်သည့်အခြေအနေတွင်မဆို ဘုရားရှင်ကို ခိုလှုံသူအတွက် ငြိမ်သက်ခြင်းရှိကြောင်း ရှင်းရှင်းဆိုထားသည်။ ပရောဖက်‌ ဟေရှာယက ဒုက္ခအခက်အခဲများအလွန်တွင် ဣသရေလလူမျိုးတို့အတွက် ပြန်လည်ထူထောင် ပေးမည့် အနာဂတ်အကြောင်း ရေးသားခဲ့သည်။…

လုပ်ရမလား၊ မလုပ်ရဘူးလား

ကျွန်မငယ်စဥ်က ကျွန်မအိမ်အနီးရှိပန်းခြံ၌ ဒုတိယကမ္ဘာစစ်ပွဲဝင် တင့်ကားဟောင်း တစ်စီးကို ခင်းကျင်းပြသထားသည်။ ထိုယာဥ်ပေါ်သို့ မတက်ရန် အန္တရာယ်သတိပေးဆိုင်းဘုတ်များစွာကို ရေးထားသော်လည်း ကျွန်မသူငယ်ချင်းနှစ်ဦးက ရုတ်တရက် ယာဥ်ပေါ်သို့ ကုတ်ကပ်တွယ်တက်သွားသည်။ ကျန်သူငယ်ချင်းများက ‌မတက်ချင်သော်လည်း နောက်ဆုံးတော့ အားလုံးလိုက်တက်ကြတော့သည်။ ကောင်လေးတစ်ဦးက ဆိုင်းဘုတ်သို့လက်ညှိုး ထိုးပြပြီး လိုက်မတက်ပါ။ နောက်တစ်ဦးက လူကြီးတစ်ယောက်လာနေသည်ကို တွေ့သောအခါ ခုန်ဆင်းလိုက်သည်။ ပျော်လိုသည့်သွေးဆောင်မှုက စည်းကမ်းကိုနာခံလိုစိတ်ထက် အလေးသာသွားပါသည်။

ကျွန်မတို့အားလုံး၏အတွင်းစိတ်၌ ကလေးဆန်ဆန် ပုန်ကန်အာခံလိုစိတ်က ခိုအောင်းလျက် စောင့်နေသည်။ ဆောင်ရန် ရှောင်ရန် လာပြောခြင်းကို ကျွန်မတို့ မကြိုက်ပါ။ သို့သော် ရှင်ယာကုပ်ဩဝါဒစာ၌ မှန်ရာကိုသိပြီး မလိုက်နာလိုခြင်းသည် အပြစ်ဖြစ်ကြောင်း (၄:၁၇) ကျွန်မတို့သိပါသည်။ ရောမဩဝါဒစာ ၌လည်း ရှင်ပေါလုက “ငါသည် ကျင့်ချင်သောအကျင့်ကောင်းကို မကျင့်၊ မကျင့်ချင်သောအကျင့်ဆိုးကို ကျင့်၏။ ထိုသို့ ငါသည် မကျင့်ချင်သောအကျင့်ကို ကျင့်လျှင် ငါကိုယ်တိုင်ကျင့်သည်မဟုတ်။ ငါ့အထဲ၌နေသော…

ဘုရားသခင်၌ အခြားအကြံအစည်ရှိသည်

သူတို့၏အသက်အတိအကျကိုဖြင့် မသိပါ။ တစ်ဦးကို ဘုရားကျောင်းတံခါးဝ၌ တွေ့ရှိခဲ့ပြီး၊ ကျန်တစ်ဦးကမူ သူ့အား သီလရှင်များက ပြုစုပျိုးထောင်ခဲ့ကြောင်းကိုသာ သိရှိရသည်။ ဒုတိယကမ္ဘာစစ်အတွင်း ပိုလန်နိုင်ငံ၌ မွေးဖွားခဲ့ကြပြီး Halina (ဟာလီနာ)နှင့် Krystyna (ခရစ္စတီးနာ)တို့သည် နှစ်ပေါင်း (၈၀) မျှ တစ်ဦးနှင့်တစ်ဦး မသိခဲ့ကြပါ။ ထိုနောက် DNA မျိုးရိုးဗီဇစစ်ဆေးချက်အရ သူတို့သည် ညီအစ်မတော်စပ်ကြောင်း သိလိုက်ရသောအခါ သူတို့နှစ်ဦးအတွက် ဝမ်းမြောက်ဖွယ် ပြန်လည်တွေ့ဆုံပေါင်းစည်းမှုပင်ဖြစ်သည်။ ၎င်းတို့သည် ဂျူးလူမျိုးများဖြစ်ပြီး ၎င်းတို့ စွန့်ပစ်ခံရသည့် အကြောင်းရင်းက ပေါ်လွင်နေပါပြီ။ ထိုမိန်းကလေးများ၏ဖြစ်တည်မှုကြောင့် ဆိုးသွမ်းသူများက သူတို့အား အသက်အန္တရာယ်ထဲ ကျရောက်စေခဲ့သည်။

အသက်အန္တရာယ် ခြိမ်းခြောက်ခံရသည့်သမီးများကို သူတို့ကယ်တင်ခံရလိမ့်မည့်နေရာ၌ ချန်ရစ်ခဲ့သည့် ကြောက်ရွံ့နေမည့်မိခင်၏ပုံစံကို မြင်ယောင်ရင်း မောရှေ၏အကြောင်းက ကျွန်တော့်အတွေးထဲ ဝင်လာသည်။ ဟေဗြဲ သားယောကျ်ားဖြစ်သောကြောင့် မောရှေအသတ်ခံရရန် လျာထားခံရပြီးဖြစ်သည် (ထွက် ၁:၂၂)။ သူအသက်ရှင်နိုင်ရေးအတွက် သူ့မိခင်က ဥပါယ်တံမျဥ်ဖြင့်…

ဖိစီးခြင်းမှ ငြိမ်သက်ခြင်းသို့

ဘဝ၌ ပြောင်း‌ရွှေ့ရခြင်းကို အကြီးမားဆုံးသောဖိအားတစ်ခုအဖြစ် သတ်မှတ်နိုင်သည်။ အိမ်ဟောင်း၌ နှစ်ပေါင်း (၂၀) မျှ နေထိုင်လာခဲ့ပြီးနောက် ယခုနေထိုင်သည့်အိမ်သို့ ကျွန်မတို့ပြောင်းရွှေ့လာခဲ့သည်။ ကျွန်မအိမ်ထောင်မကျမီက ထိုအိမ်တွင် ကျွန်မတစ်ဦးတည်း (၈) နှစ်မျှနေထိုင်ခဲ့သည်။ ထို့နောက် ကျွန်မခင်ပွန်းက သူ့ပစ္စည်းများနှင့် ပြောင်းလာခဲ့သည်။ ထို့နောက် ကျွန်မတို့ ကလေးတစ်ယောက်ရသည်။ ပြောချင်သည်မှာ ပစ္စည်း၊ လူ ပိုပိုတိုးလာမှုကို ဆိုလိုပါသည်။

ကျွန်မတို့ အိမ်သစ်သို့ပြောင်းရွှေ့သည့်နေ့ကလည်း အမှတ်မထင်ကိစ္စများဖြစ်ခဲ့သည်။ အိမ်ပြောင်းရွှေ့ပေးမည့်သူများရောက်မလာမီ ငါးမိနစ်ခန့်အလိုထိ စာအုပ်တစ်အုပ်ကို လက်ရေးဖြင့် ကျွန်မအပြီးသတ်ရေးနေချိန် ဖြစ်သည်။ ထို့ပြင် အိမ်သစ်၌ လှေကားအတက်အဆင်းများသဖြင့် စီစဥ်ထားသည်ထက် အလုပ်သမားဦးရေ နှစ်ဆသုံးရပြီး အချိန်လည်း နှစ်ဆကြာခဲ့သည်။

သို့သော် ထိုနေ့က ဖြစ်ပျက်ခဲ့သမျှအတွက် ကျွန်မစိတ်ဖိစီးမှု မရှိခဲ့ပါ။ သမ္မာကျမ်းစာနှင့် ကျမ်းအယူအဆများ၌ အပြည့်အဝအာရုံနှစ်ကာ စာအုပ်ကိုအပြီးသတ်ရန် ကျွန်မအချိန်ယူခဲ့သည်။ ဘုရားသခင်၏ကျေးဇူးတော်အားဖြင့် ကျွန်မသည် ကျမ်းစာ၌သာ စိတ်နှစ်လျက်၊ ဆုတောင်းကာ…

ဘုရားသခင်နားထောင်နေသည်

သရုပ်ဆောင်နှင့် ရိုးရာသိုင်းပညာရှင် Chuck (ချာ့ခ်)သည် သူ့မိခင်၏နှစ် (၁၀၀) ပြည့်မွေးနေ့တွင် သူ၏ဝိညာဥ်ရေးအသက်တာ ပြောင်းလဲမှု၌ မိခင်ကြီး၏အဓိကပါဝင်ခဲ့မှုကို မျှဝေလျက် မိခင်ကို ဂုဏ်ပြုခဲ့သည်။ “အမေရဲ့ ဇွဲနဲ့ကြံ့ကြံ့ခံတဲ့စိတ်နဲ့ ယုံကြည်ခြင်းဟာ စံနမူနာဖြစ်ခဲ့ပါတယ်။ စီးပွားပျက်ကပ်ဆိုက်တဲ့အချိန်မှာ သားသုံးယောက်ကို ပျိုးထောင်ခဲ့တယ်။ အိမ်ထောင် (၂) ဆက်ကျပြီး ခင်ပွန်းတွေ၊ သားတစ်ဦး၊ မွေးစား သားတစ်ဦးနဲ့ မြေးတွေ ဆုံးပါးခဲ့တယ်။ ကြိမ်ဖန်များစွာ ခွဲစိတ်ကုသမှု ခံယူခဲ့ရတယ်။ ကျွန်တော့်ဘဝတစ်‌လျှောက်လုံး အဆိုးအကောင်းကြားမှာ ကျွန်တော့်အတွက် အမေဆုတောင်းပေးခဲ့တယ်။ ဟောလိဝုဒ်ရုပ်ရှင်လောကမှာ ကျွန်တော်ကျရှုံးလုနီးပါး ဖြစ်နေတဲ့အချိန်မှာ အိမ်ကနေပြီး ကျွန်တော့်ရဲ့အောင်မြင်မှုအတွက်၊ ကယ်တင်ခြင်းအတွက် ဆုတောင်းပေးနေခဲ့တယ်။ ကျွန်တော်ဖြစ်လာနိုင်တဲ့ အလားအလာအတိုင်း၊ ဖြစ်သင့်တဲ့အတိုင်း ဖြစ်လာဖို့ ဘုရားသခင်ကို ကူညီပြီး ကျွန်တော့်ကို ပုံသွင်းပေးခဲ့တဲ့အတွက် အမေ့ကို ကျေးဇူးတင်ပါတယ်” ဟု သူရေးသားခဲ့သည်။

ချာ့ခ် မိခင်၏ဆုတောင်းက သူ၏ကယ်တင်ခြင်းနှင့်အတူ ဘုရားကိုချစ်သည့် ဇနီးကို…

စကားပြောခန်း

စပိန်နိုင်ငံမြောက်ပိုင်းဒေသတွင် ပေါင်းဖော်ခြင်းနှင့် မိတ်ဖွဲ့ခြင်းကို လှပသောနည်းလမ်းဖြင့် လုပ်ဆောင်ကြသည်။ လက်လုပ်ဂူ များစွာရှိသည့် တောအရပ်ဒေသတွင် ကောက်ရိတ်သိမ်းချိန်တိုင်း၌ လယ်သမားအချို့သည် ဂူအပေါ်၌ ဆောက်လုပ်ထားသည့်အခန်းတွင် အစားအသောက်မျိုးစုံကို သိုလှောင်ကြသည်။ အချိန်ကုန်လွန်သည်နှင့်အမျှ ထိုအခန်းသည် မိတ်ဆွေများ၊ မိသားစုများနှင့် အတူစုရုံးလျက် သူတို့၏အဖြစ်အပျက်များ၊ လျှို့ဝှက်ချက်များ၊ စိတ်ကူးအိပ်မက်များကို မျှဝေပြောပြသည့်နေရာဖြစ်သော “စကားပြောခန်း” အဖြစ် ထင်ရှားလာခဲ့သည်။ အကျွမ်းတဝင်ရှိပြီး စိတ်ချရသည့် အပေါင်းအဖော်မိတ်ဆွေကို သင်လိုအပ်ပါက စကားပြောခန်းသို့ သွားရမည် ဖြစ်သည်။

ဒါဝိဒ်နှင့်‌ယောနသန်တို့သည် စပိန်၌သာ နေထိုင်ခဲ့ပါက သူတို့၏မိတ်သဟာယက သူတို့အတွက် စကားပြောခန်း ဖန်တီးစရာအကြောင်းဖြစ်လာပေမည်။ ရှောလုမင်း၌ မနာလိုစိတ်က ပြင်းထန်လျက် ဒါဝိဒ်ကို သတ်ချင်လောက်သည့်အထိဖြစ်လာသောအခါ သူ၏သားကြီးယောနသန်က ဒါဝိဒ်ကို မိတ်ဖွဲ့လျက် ကာကွယ်ပေးခဲ့သည်။ သူတို့နှစ်ဦးသည် တစ်စိတ်တစ်ဝမ်းတည်းဖြစ်လျက် (၁ ရာ ၁၈:၁)၊ ယောနသန်သည် “ဒါဝိဒ်ကို ကိုယ်နှင့်အမျှချစ်”သည် (:၁၊ ၃)။ သူသည်…

‌ကျေးဇူးတော် အသစ်တစ်ဖန်အစပြုခြင်း

လွန်ခဲ့သောဆယ်စုနှစ်များစွာက ရုပ်ရှင်အဘိဓာန်သို့ ‘reboot’ (အသစ်တစ်ဖန် အစပြုခြင်း) ဟူသည့် စကားလုံးအသစ် ရောက်ရှိခဲ့သည်။ ရုပ်ရှင်ဝေါဟာရတွင် ‘reboot’ ဆိုသည်မှာ ဇာတ်လမ်းဟောင်းကိုယူကာ ပြန်လည်ရိုက်ကူးခြင်းဖြစ်သည်။ အချို့သော ‘reboot’ များသည် ကျွန်ုပ်တို့သိသော စူပါဟီးရိုး (သို့) နတ်သမီးပုံပြင်များကို ပြန်ပြောခြင်း ဖြစ်သည်။ အချို့ ‘reboot’ များမှာ လူသိနည်းသောပုံပြင်ကို ယူကာ ပုံစံအသစ်ဖြင့် ပြန်လည်တင်ဆက်ခြင်း ဖြစ်သည်။ သို့သော် ပုံစံတိုင်းတွင် ‘reboot’ သည် နောက်တစ်ကြိမ် ထပ်လုပ်သည့်သဘောဖြစ်သည်။ အသစ်သောစတင်မှု၊ ဘဝဟောင်းထဲသို့ အသစ်သောအသက်တာ မှုတ်သွင်းခြင်းဖြစ်သည်။

‘Reboot’ ပါဝင်သည့် နောက်ပုံပြင်တစ်ခုမှာ ဧဝံဂေလိအကြောင်းပင်ဖြစ်သည်။ ဧဝံဂေလိတရားတွင် သခင်ယေရှုသည် ခွင့်လွှတ်ခြင်းအပြင် ကြွယ်ဝသော ထာဝရအသက်ကို ကျွန်ုပ်တို့အား ပေးကမ်းသည် (ယော ၁၀:၁၀)။ ယေရမိမြည်တမ်းစကားတွင် ပရောဖက်ယေရမိက ကျွန်ုပ်တို့အပေါ်ထားသည့် ဘုရားသခင်၏မေတ္တာသည် နေ့ရက်တိုင်းတွင် အသစ်ဖြစ်ကြောင်း သတိပေးဖော်ပြထားသည်။…

ဘုရားသခင်၏အသံတော်ကို သိမှတ်ခြင်း

နှစ်ပေါင်းများစွာ စမ်းသပ်မှုပြုလုပ်ပြီးနောက် ဝံပုလွေများသည် အချင်းချင်းဆက်သွယ်ရာတွင် ကွဲပြားသည့်အသံကို အသုံးပြုကြကြောင်း သိပ္ပံပညာရှင်များ တွေ့ရှိခဲ့သည်။ သိပ္ပံပညာရှင်များသည် အသေးစိတ် အသံခွဲခြမ်းစိတ်ဖြာမှုစနစ်ကို အသုံးပြုခဲ့ရာ ဝံပုလွေအူသံတွင်ပါသည့် အမျိုးမျိုးသော အသံအတိုးအကျယ်၊ အနိမ့်အမြင့်တို့သည် ဝံပုလွေများကို (၁၀၀) ရာခိုင်နှုန်း ရာနှုန်းပြည့် မှန်ကန်စွာ ခွဲခြားနိုင်စေကြောင်း တွေ့ရှိခဲ့ကြသည်။

သမ္မာကျမ်းတွင်လည်း ဘုရားသခင်သည် သူဖန်ဆင်းထားသည့်အရာများ၏ ထူးခြားသည့်အသံများကို မှတ်မိသည့် ဥပမာများစွာ ရှိသည်။ သူသည် မောရှေ၏ နာမည်ကို ခေါ်ပြီး တိုက်ရိုက်စကားပြောသည် (ထွက် ၃:၄-၆)။ ဆာလံဆရာဒါဝိဒ်က “ငါသည် ထာဝရဘုရားထံသို့ အသံကိုလွှင့်၍ အော်ဟစ်သောအခါ၊ သန့်ရှင်းသော တောင်တော်ပေါ်မှာ နားထောင်တော်မူ၏” ဟု ကြွေးကြော်ခဲ့သည် (ဆာ ၃:၄)။ တမန်တော်ရှင်ပေါလုသည်လည်း ဘုရားသခင်၏လူမျိုးတော်များ ကိုယ်တော့်အသံမှတ်မိခြင်း၏ တန်ဖိုးအရေးပါမှုကို အလေးထားဖော်ပြခဲ့သည်။

ဧဖက်အသင်းတော်လူကြီးများကို နှုတ်ဆက်စကားပြောချိန်တွင် ယေရုရှလင်မြို့သို့သွားရန် သန့်ရှင်းသောဝိညာဉ်တော်၏ နှိုးဆော်ခြင်းခံခဲ့ရသည်ဟု ရှင်ပေါလု…

ဘာလို့ဒီလိုလုပ်တာလဲ

ကျွန်တော်၏ (၆) တန်းအရွယ် မြေးလေး Logan (လိုဂန်)၏ ခက်ခဲသည့် အက္ခရာ သင်္ချာ အိမ်စာများကို သူနှင့်အတူ ကူလုပ်ပေးရင်း မြေးက အင်ဂျင်နီယာဖြစ်ချင်သည့် သူ့အိပ်မက်အကြောင်း ပြောပြသည်။ x, y ဝင်ရိုးပုစ္ဆာများကို အဖြေရှာရင်း သူက “သားဒီဟာတွေကို ဘယ်အချိန်မှာ သုံးရမှာလဲ” ဟု မေးခွန်း ထုတ်ခဲ့သည်။

ကျွန်တော်ပြုံးမိရင်း “လိုဂန်၊ ဒါတွေက မင်းအင်ဂျင်နီယာဖြစ်ခဲ့ရင် သုံးရမဲ့ ဟာတွေပဲ” ဟုပြောခဲ့သည်။ အက္ခရာသင်္ချာနှင့် သူ၏အနာဂတ်မျှော်လင့်ချက်ကြား ဆက်နွှယ်မှုကို သူမရိပ်စားမိခဲ့ပေ။

တစ်ခါတစ်ရံ ကျွန်ုပ်တို့လည်း နှုတ်ကပတ်တော်ကို ထိုကဲ့သို့မြင်မိတတ် ကြသည်။ တရားဒေသနာ နားထောင်ချိန် (သို့) အချို့သောကျမ်းပိုဒ်များကို ဖတ်မိချိန်၌ “ငါတို့ ဒါကို ဘယ်အချိန်မှာ သုံးရမှာလဲ” ဟု ကျွန်ုပ်တို့တွေးမိသည်ပင်။ ဆာလံဆရာဒါဝိဒ်ထံ၌ အဖြေများရှိသည်။ နှုတ်ကပတ်တော်၌ ပါသော ဘုရားသခင်၏တရားတော်သည် “စိတ်ဝိညာဉ်ကို…

အနားယူခွင့်

ကျွန်မနှင့်ကျွန်မသူငယ်ချင်း Soozi (စူဇီ)တို့ ပင်လယ်ကျောက်ဆောင်ကြီးပေါ်ထိုင်ကာ ပင်လယ်လှိုင်းတွန့်များကို ကြည့်ခဲ့ကြသည်။ မုခ်ခုံးအသွင် ပင်လယ်လှိုင်းတွန့်များ တစ်ခုပြီးတစ်ခု ကျောက်ဆောင်နံရံသို့ လာရောက်ရိုက်ခတ်သည်ကို ကြည့်ရင်း စူဇီက “ငါပင်လယ်ကြီးကို ချစ်တယ်။ သူကအမြဲလှုပ်နေတော့ ငါရွေ့စရာမလိုဘူး” ဟု ပြောခဲ့သည်။

ကျွန်ုပ်တို့ထဲမှ အချို့က အလုပ်မှခေတ္တအနားယူရန် “ခွင့်ပြုချက်”လိုကြောင်း ခံစားရခြင်းက စိတ်ဝင်စားစရာ မကောင်းပေဘူးလား။ ၎င်းသည် ကျွန်ုပ်တို့၏ ကောင်းမြတ်သောဘုရားရှင် ပေးသည့်အရာပင်။ ‌ခြောက်ရက်လုံး ဘုရားသခင်သည် ကမ္ဘာမြေကြီးကို ဖြစ်တည်စေကာ အလင်း၊ မြေကြီး၊ အပင်၊ တိရစ္ဆာန်နှင့် လူသားတို့အား ဖန်ဆင်းခဲ့သည်။ ထို့နောက် ခုနှစ်ရက်မြောက်တွင် ကိုယ်တော်အနားယူခဲ့သည် (က ၁:၃၁-၂:၂)။ သန့်ရှင်းရာဥပုသ်နေ့ကို ငြိမ်ဝပ်ရာနေ့အဖြစ် အောက်မေ့ရန် ပညတ်ချက်အပါအဝင် (ထွက် ၂၀:၈-၁၁) ဘုရားသခင်ကို ချီးမြှောက်ရိုသေလျက် ကောင်းစွာဘဝရှင်သန်ရန် ပညတ်တော် (၁၀) ပါး၌ စည်းမျဥ်း များချမှတ်ပေးခဲ့သည် (:၃-၁၇)။…