ခေါင်းလောင်းသံများ ကြားရသည်
၁၈၆၃ ခုနှစ်က Henry Wadsworth Longfellow (ဟင်နရီဝဒ်စ်ဝသ်လောင်းဖဲလို) ရေးခဲ့သည့် ကဗျာတစ်ပုဒ်အပေါ် အခြေပြုရေးစပ်ထားသည့် ‘I Heard the Bells on Christmas Day’ (ခရစ္စမတ်နေ့၌ ခေါင်းလောင်းသံများ ကျွန်ုပ်ကြားရသည်) သီချင်းသည် သာမန်ကြားနေကျမဟုတ်သော ခရစ္စမတ်သီချင်းတစ်ပုဒ်ဖြစ်သည်။ မျှော်လင့်ထားသည့် ခရစ္စမတ်၏ပျော်ရွှင်ဝမ်းမြောက်မှုအစား သီချင်းစာသားများက “စိတ်ပျက်ခြင်း၌ ခေါင်းငိုက်စိုက်လျက် ကမ္ဘာမြေပေါ်မှာ ငြိမ်သက်ခြင်း မရှိ ဟုကျွန်ုပ်ဆို၏။ အမုန်းတရားက ပြင်းထန်ပြီး ‘မြေကြီးပေါ်၌ ငြိမ်သက်ခြင်း ရှိစေ၊ လူတို့အား မေတ္တာကရုဏာရှိစေ’ သီချင်းကို ပျက်ရယ်ပြုလေပြီ”ဟူ၍ မြည်တမ်းချက်ကို ရေးဖွဲ့ထားသည်။ သို့ရာတွင် ထိုမြည်တမ်းခြင်းက မျှော်လင့်ခြင်းဆီသို့ ရှေးရှုလျက် “ဘုရားသခင် မသေဆုံး၊ ငိုက်မြည်းအိပ်ပျော်ခြင်း မရှိပါ။ မတရားမှုကျရှုံးပြီး အမှန်တရားအောင်လိမ့်မည်။ မြေကြီးပေါ်၌ ငြိမ်သက်ခြင်းရှိစေ၊ လူတို့အား မေတ္တာကရုဏာရှိစေ”ဟူ၍ ပြန်လည်အာမခံရေးဖွဲ့ထားသည်။
မြည်တမ်းခြင်းမှ မျှော်လင့်ခြင်းထွက်ပေါ်လာခြင်းကို သမ္မာကျမ်းစာရှိ…
ကောင်းမွန်သောအမှု၌ မှီဝဲဆည်းကပ်ခြင်း
လယ်ကွင်းပြင်တစ်ခုအနီး၌ ကားကိုရပ်ထားပြီး ထိုကွင်းပြင်ကိုဖြတ်လျှောက်ကာ ကျွန်မတို့အိမ်သို့ သွားသည့်အခါတိုင်း အထူးသဖြင့် ဆောင်းတွင်း၌ ကပ်စေးနှဲစေ့များ ကျွန်မတို့၏အဝတ်များ၌ ကပ်ပါလာလေ့ရှိသည်။ အဆိုပါသေးငယ်သော “လမ်းကြုံလိုက်သူများ”သည် အဝတ်အစား၊ ရှုးဖိနပ်နှင့် ၎င်းတို့အနားဖြတ်သန်းသွားသည့်အရာပေါ် ကပ်လျက် ၎င်းတို့၏ နောက်ထပ်မျိုးပွားခရီးစဥ်အတွက် လိုက်ပါလာကြသည်။ ၎င်းသည် လယ်ကွင်းနှင့် ကမ္ဘာတစ်ဝန်းတွင် ကပ်စေးနှဲစေ့များကို ပျံ့နှံ့စေသည့် သဘာဝတရား၏လုပ်ဆောင်ချက် နည်းလမ်းပင်ဖြစ်သည်။
တွယ်ကပ်နေသည့် ကပ်စေးနှဲစေ့များကို ဂရုတစိုက်ဖယ်ရှားရင်း သခင်ယေရှုကို ယုံကြည်သူတို့အား “ကောင်းမွန်သောအမှု၌ မှီဝဲဆည်းကပ်ရန်”တိုက်တွန်းသည့် (ရော ၁၂:၉) ကျမ်းချက်ကို ကျွန်မ မကြာခဏဆင်ခြင်မိသည်။ တစ်ပါးသူတို့အား ချစ်နိုင်ရန်ကြိုးစားသည့်အခါ ခက်ခဲနိုင်ပါသည်။ သို့သော် ရှိသမျှအစွမ်းဖြင့် ကောင်းသောအမှု၌ မှီဝဲဆည်းကပ်နိုင်အောင် သန့်ရှင်းသောဝိညာဥ်တော်က မစခြင်းကြောင့် ကျွန်မတို့သည် ဝိဉာဥ်တော်၏လမ်းပြမှုဖြင့် ဆိုးညစ်မှုတို့ကို ဖယ်ရှားနိုင်ပြီး ‘စစ်မှန်သည့်’ မေတ္တာသဘောကို ပြနိုင်မည်ဖြစ်သည် (:၉)။
ကပ်စေးနှဲစေ့များသည် လက်နှင့်ခါချရုံဖြစ် မကွာကျသွားဘဲ ဆက်လက်တွယ်ကပ်နေတတ်သည်။ ဘုရားသခင်၏သနားခြင်းကရုဏာတော်နှင့်…
ကျွန်ုပ်တို့၏ကွယ်ကာရာသို့ ပြေးသွားခြင်း
ဆဋ္ဌမတန်း ဘတ်စကတ်ဘောကစားပွဲသည် ကောင်းမွန်စွာ စတင်နေပြီဖြစ်သည်။ မိဘများနှင့် အဖိုးအဖွားများက ၎င်းတို့၏သားမြေးကစားသမားများကို အားပေးနေကြစဉ် ကစားသမားများ၏ ညီငယ်ညီမငယ်များက ကျောင်းစင်္ကြံတွင် သူတို့ ဘာသာသူတို့ ကစားနေကြသည်။ ရုတ်တရက် ဥသြဆွဲသံများ ထွက်ပေါ်လာပြီး အားကစားခန်းမထဲ မီးများလင်းလက်သွားသည်။ မီးလောင်လျှင် အချက်ပေးသည့်ခလုတ် ပွင့်သွားခြင်းဖြစ်သည်။ ချက်ချင်းပင် ကလေးငယ်များသည် မိဘများကို လိုက်ရှာရင်း အထိတ်တလန့်ဖြင့် အားကစားရုံထဲသို့ ပြေးဝင်လာကြသည်။
မီးအမှန်တကယ်လောင်ခြင်းမဟုတ်ဘဲ၊ အချက်ပေးခလုတ် မတော်တဆ ပွင့်သွားခြင်း ဖြစ်သည်။ သို့သော် ထိုသို့ ကလေးသူငယ်များသည် အကြပ်အတည်းတစ်ခုဟု ခံစားမိလျှင် ရှက်ရွံ့ခြင်းများမရှိဘဲ မိဘများထံသို့ တိုးဝင်ပွေ့ဖက်ရန် ပြေးလာကြသည့် မြင်ကွင်းသည် ကျွန်တော့်စိတ်နှလုံးကို ရိုက်ခတ်ခဲ့သည်။ ၎င်းသည် ကြောက်ရွံ့နေသည့်အချိန်တွင် ဘေးကင်းမှုနှင့် စိတ်ချလုံခြုံမှု ပေးစွမ်းနိုင်သူများအပေါ် ယုံကြည်မှုရှိခြင်းကို ပြသလိုက်သည့် မြင်ကွင်းပင်ဖြစ်သည်။
ဒါဝိဒ် အလွန်ကြောက်ရွံ့ခဲ့ရသည့်အချိန်ကို သမ္မာကျမ်းစာတွင် ဖော်ပြထား သည်။ ရှောလုနှင့်…
ဝန်ကို ပေါ့ပါးစေပါ
ကျွန်မတို့အသစ်ဖွဲ့ထားသော ကျမ်းစာလေ့လာခြင်းအဖွဲ့မှ အမျိုးသမီးများသည် အဖြစ်ဆိုးအမျိုးမျိုးကို ကြုံတွေ့ရသောအခါ နက်ရှိုင်းသော ကိုယ်ရေးကိုယ်တာ အတွေ့အကြုံများကို အတူတကွ မျှဝေပြောပြကြသည်ကို တွေ့ခဲ့ရသည်။ ဖခင် ကွယ်လွန်သွားခြင်း၊ အိမ်ထောင်ကွဲပြီးနောက် မင်္ဂလာနှစ်ပတ်လည်ကို ဖြတ်သန်းရသည့်ဝေဒနာ၊ နားမကြားသောကလေးကို မွေးဖွားခြင်း၊ မိမိရင်သွေးကို အရေးပေါ်ခန်းသို့ အသည်းအသန်ပို့ရခြင်းအတွေ့အကြုံ စသည်တို့ကို တစ်ဦးတည်း ရင်ဆိုင်ကျော်လွှားရန်မှာ ကြီးလေးပြင်းထန်လှသည်။ တစ်ဦးစီ၏ခံနိုင်ရည်မဲ့မှုများကို မျှဝေခြင်းဖြင့် ပို၍ပွင့်လင်းမြင်သာမှု ရှိလာစေသည်။ ကျွန်မတို့အတူ ငိုယိုဆုတောင်းခဲ့ကြသည်။ သို့နှင့် သီတင်းပတ်အနည်းငယ်အတွင်းတွင် အချင်းချင်း အကျွမ်းဝင်မှုမရှိသောအုပ်စုမှ အလွန်ခင်မင်ရင်းနှီးသော မိတ်ဆွေတစ်စု ဖြစ်လာသည်။
အသင်းတော်၏အစိတ်အပိုင်းအနေဖြင့်၊ သခင်ယေရှုကို ယုံကြည်သူများသည် မိမိအဆင်ပြေသလို ဆင်းရဲဒုက္ခခံစားနေရသူများနှင့်အတူ မျှဝေခံစားနိုင်ပါသည်။ ခရစ်တော်၌ညီအစ်ကိုမောင်နှမများ၏ အချင်းချင်းချည်နှောင်သော ဆက်ဆံရေးသည် ကျွန်ုပ်တို့ တစ်ဦးနှင့်တစ်ဦးသိကျွမ်းခဲ့ကြသည့် အချိန်ကာလ (သို့) စိတ်တူသဘောတူဖြစ်မှုပေါ်တွင် မမူတည်ပါ။ ၎င်းအစား “ထမ်းရွက်စရာ ဝန်ချင်းတို့ကို အချင်းချင်းကူညီ၍ ထမ်းရွက်”ရန် ရှင်ပေါလုက သွန်သင်ခဲ့သည်…
အသင့်စားအစာဖြင့်ခွန်အားပေးမှု
မာရီယာသည် သူမ၏အသင့်စားနေ့လယ်စာကို သယ်ပြီး စားပွဲလွတ်တစ်ခုသို့ သွားလိုက်သည်။ သူမ ဘာဂါကိုကိုက်ရင်း စားပွဲခပ်လှမ်းလှမ်းတွင် ထိုင်နေသော လူငယ်တစ်ယောက်ဆီသို့ သူမ၏မျက်လုံးများ အာရုံစိုက်မိသွားသည်။ သူ့အဝတ် အစားများက ညစ်ပတ်နေပြီး၊ ဆံပင်ဖရိုဖရဲနှင့် စက္ကူခွက် အလွတ်တစ်လုံးကို ဆုပ်ကိုင်ထားသည်။ သူဗိုက်ဆာနေကြောင်း အတပ်ပြောနိုင်ပါသည်။ သူမ မည်သို့ကူညီနိုင်မည်နည်း။ ငွေသားပေးခြင်းက မသင့်လျော်၊ စားစရာ တစ်နပ်စာဝယ်ပြီး လက်ဆောင်ပေးလျှင် သူရှက်နေမည်လား။
ထိုအခိုက် ရုသ၏ ဇာတ်လမ်းကို မာရီယာ သတိရသွားသည်။ မြေပိုင်ရှင် သူဌေးကြီး ဗောဇသည် ဆင်းရဲနွမ်းပါးသော ရွှေ့ပြောင်းလာသူ မုဆိုးမအား သူ့လယ်ကွက်၌ ကောက်သင်းကောက်ရန် ဖိတ်ခေါ်ခဲ့သည်။ ဗောဇသည် သူ၏လူတို့အား “ထိုမိန်းမသည် ကောက်လှိုင်းစုထဲမှာ ကျန်သောစပါးကို ကောက်သိမ်းပါစေ၊ အရှက်မခွဲကြနှင့်။ ရိတ်ပြီးသောစပါးအချို့ကိုလည်း သူ့အဖို့ချထားလော့။ ကောက်ယူပါစေ။ အပြစ်မတင်ကြနှင့်ဟု မှာထား၏” (ရု ၂:၁၅-၁၆)။ အမျိုးသမီးများ၏ အသက်ရှင်ရပ်တည်နိုင်ရေးသည် အမျိုးသားများနှင့်ပတ်သက်ဆက်နွယ်မှုအပေါ်…
သင့်နောက်သို့ ဘုရားသခင် အသေအချာလိုက်နေခြင်း
လွန်ခဲ့သည့် နှစ်အနည်းငယ်က ကျွန်တော့်အရှေ့ ဘလောက်တစ်ခုအကွာခန့်တွင် လူတစ်ယောက်သွားနေပြီး သူ့လက်၌ အထုပ်အပိုးများ အပြည့်ဖြစ်သည်ကို အထင်းသား မြင်ရသည်။ ရုတ်တရက်ပင် ထိုသူသည် ခလုတ်တိုက်ပြီး လက်မှပစ္စည်းအားလုံး လွတ်ကျသွားသည်။ လူတစ်ချို့က သူ့ကို ဆွဲထူမပေးပြီး ပြုတ်ကျသွားသည်များကို ပြန်လည်၍ကူညီကောက်ပေးခဲ့သည်။ သို့သော် သူ၏ပိုက်ဆံအိတ်ကို မတွေ့ဘဲ ကျန်နေခဲ့သည်။ ပိုက်ဆံအိတ်ကို ကျွန်တော်ကောက်ယူပြီး ဤအရေးကြီးပစ္စည်းကို ပြန်ပေးရန် မျှော်လင့်ချက်ဖြင့် ထိုသူစိမ်းနောက်သို့ အသည်းအသန် လိုက်ခဲ့သည်။ “အစ်ကို အစ်ကို” ဟု ကျွန်တော် အော်ခေါ်သည်။ နောက်ဆုံးတွင် သူသတိထားမိပြီး ကျွန်တော်သူ့ဆီအရောက် သူကလှည့်အကြည့်၊ ပိုက်ဆံအိတ်ကို သူ့အားကမ်းပေးချိန်တွင် အံ့ဩလျက် သက်သာရာရမှုနှင့် ကျေးဇူးတင်ကြောင်း ပေါ်လွင်နေသည့် သူ၏မျက်နှာကို ကျွန်တော် ဘယ်တော့မှ မေ့နိုင်တော့ပါ။
အစတွင် ထိုလူနောက်ပြေးလိုက်ခြင်းဖြစ်သော်လည်း ထူးခြားသောအရာအဖြစ် ပြောင်းလဲသွားသည်။ အကျွမ်းတဝင်ရှိလှသော ဆာလံကျမ်း ၂၃ ၏ နောက်ဆုံးအခန်းငယ်တွင်…
ကြီးမားသော မျှော်လင့်ခြင်းများ
အလုပ်များလှသော ခရစ္စမတ်မတိုင်မီနေ့တစ်နေ့တွင် အဘွားအိုတစ်ဦးသည် ကျွန်ုပ်တို့ ရပ်ကွက်ရှိ လူစည်ကားသောစာတိုက်၏ စာတိုက်ကောင်တာသို့ ချဉ်းကပ်လာသည်။ သူမ၏နှေးကွေးသောပုံသဏ္ဌာန်ကို ကြည့်ပြီး စိတ်ရှည်သောစာတိုက်စာရေးက သူမကို “မင်္ဂလာပါ မိန်းမပျိုလေး” ဟု နှုတ်ဆက်သည်။ သူ၏စကား များသည် ဖော်ရွေသော်လည်း “ပိုငယ်တဲ့မိန်းမပျိုလို့ပြောတာက ပိုကောင်းတာပေါ့” ဟုဆိုလို၍ပြောလိုက်ခြင်းကို လူတစ်ချို့က ကြားနိုင်သည်။
ရင့်ကျက်ကြီးရင့်သောအရွယ်သည် ကျွန်ုပ်တို့၏မျှော်လင့်ချက်ကို တွန်းအား ပေးနိုင်ကြောင်း သိမြင်ရန် သမ္မာကျမ်းစာက ခွန်အားပေးထားသည်။ မွေးကင်းစသူငယ်တော်ယေရှုကို သန့်ရှင်းစေလျက် ဘုရားသခင်ထံဆက်ကပ်ရန် ယောသပ်နှင့်မာရိတို့က ဗိမာန်တော်သို့ခေါ်ဆောင်လာသည်တွင် (လု ၂:၂၃၊ ထွက် ၁၃:၂၊ ၁၂) အသက်ကြီး ယုံကြည်သူနှစ်ဦးသည် ရုတ်တရက် အဓိကနေရာကို ယူလိုက်သည်။
ရှေ့ဦးစွာ၊ မေရှိယကိုတွေ့ရန် နှစ်ပေါင်းများစွာ စောင့်မျှော်ခဲ့သူ ရှုမောင်က —“ယေရှုကို လက်နှင့်ချီပိုက်၍၊ ဘုရားသခင်၏ကျေးဇူးတော်ကို ချီးမွမ်းလျက်၊ အစိုးရတော်မူသောအရှင်၊ ဗျာဒိတ်တော်အတိုင်း ကိုယ်တော်၏ကျွန်သည် ငြိမ်ဝပ်စွာ စုတေ့ရသောအခွင့်ကို…
နေ့စဉ်မှီခိုမှု
တစ်မနက်ခင်း၌ ကျွန်တော်တို့၏သားသမီးငယ်များ သူတို့ကိုယ်တိုင် မနက်စာပြင်ရန် ဆုံးဖြတ်ခဲ့ကြသည်။ တစ်ပတ်တာလုံး ပင်ပန်းနွမ်းနယ်ခဲ့၍ ကျွန်တော်တို့ဇနီးမောင်နှံသည် ထိုစနေနေ့က မနက် (၇) နာရီထိ အိပ်ရန် ကြိုးစားခဲ့သည်။ ရုတ်တရက် ကျယ်လောင်သောကျကွဲသံတစ်ခုကို ကြားလိုက်ရသဖြင့် အိပ်ရာမှခုန်ဆင်းပြီး အောက်ထပ်သို့ ပြေးဆင်းသွားသောအခါ အစိတ်စိတ်ကွဲနေသောပန်းကန်လုံးတစ်လုံး၊ ကြမ်းပြင်ပေါ်တွင် ပြန့်ကျဲနေသောအုတ်ဂျုံမှုန့်နှင့်အတူ ငါးနှစ်သားလေးဂျိုးနာစ့်၏ အသည်းအသန်ကြိုးစားပြီး ကြမ်းပြင်ကို လှည်းကျင်းသန့်စင်နေသည်ကို တွေ့လိုက်ရသည် (ပို၍ပေပွစေပါသည်)။ ကျွန်တော်၏သားသမီးများ သည် ဗိုက်ဆာနေသော်လည်း အကူအညီမတောင်းရန် ရွေးချယ်ခဲ့သည်။ တစ်ပါးသူအားမှီခိုမည့်အစား လွတ်လပ်စွာလုပ်ဆောင်ရန် သူတို့ရွေးချယ်ခဲ့သည်။ ရလဒ်မှာ ကျေနပ်ဖွယ်ကောင်းသော အချက်အပြုတ် မဟုတ်သည်မှာ သေချာပါသည်။
လူသား၏စံသတ်မှတ်ချက်အရ ကလေးသူငယ်များသည် မှီခိုခြင်းမှသည် အမှီအခိုကင်းခြင်းသို့ ကြီးပြင်းရန်ဖြစ်သည်။ သို့သော် ဘုရားသခင်နှင့်ကျွန်ုပ်တို့၏ ဆက်ဆံရေးတွင် ရင့်ကျက်မှုဆိုသည်မှာ အမှီအခိုကင်းခြင်းမှသည် ကိုယ်တော်ကို မှီခိုအားထားခြင်းသို့ ရွေ့လျားလာခြင်းကို ဆိုလိုသည်။ ဆုတောင်းခြင်းသည် ထိုကဲ့သို့မှီခိုခြင်းနည်းလမ်းကို ကျင့်သုံးခြင်းဖြစ်သည်။ သခင်ယေရူသည်…
ချစ်ခြင်းမေတ္တာ၏လုပ်ဆောင်မှု
ဒေါက်တာ Rebecca Lee Crumpler (ရီဘက်ခါလီခရမ်ပလာ) သည် ဆေးပညာဘွဲ့ကို ပထမဆုံးရရှိခဲ့သည့် အာဖရိကန်အမေရိကန်အမျိုးသမီးဖြစ်သည်။ သူမ၏ဘဝသက်တမ်း (၁၈၃၁-၁၈၉၅) အတွင်း သူမသည် “လျစ်လျူရှုခံရခြင်း၊ အရှက်ခွဲခံရခြင်းနှင့် အရေးမပါသူအဖြစ်ရှိခဲ့ခြင်း”ကို သူမှတ်မိနေသည်။ သို့သော်လည်း သူမသည် ဆေးကုသခြင်းအမှုနှင့် သူမ၏ရည်မှန်းချက်ပြည့်စုံရေး၌သာ အာရုံစိုက်ခဲ့သည်။ အချို့သူများက သူမ၏လူမျိုးနှင့် အမျိုးသမီးတစ်ဦးဖြစ်နေခြင်းကို အခြေခံ၍ ဝေဖန်အကဲဖြတ်သော်လည်း၊ သူမသည် “တာဝန်ဆင့်ခေါ်သည့် မည်သည့်အချိန်၊ မည်သည့်နေရာတွင်မဆို သတ္တိရှိရှိနှင့်သွားရန် အဆင်သင့် ရှိနေသည်” ဟု ခရမ်ပလာ အခိုင်အမာပြောဆိုခဲ့ပြီး၊ ပြောသည့်အတိုင်း သူတစ်ကယ်လုပ်ဆောင်ခဲ့သည်။ အမျိုးသမီးနှင့် ကလေးသူငယ်များ၊ လွတ်မြောက်ကျွန်များကို ဂရုတစိုက်ဆေးကုသပေးခြင်းသည် ဘုရားအမှုတော်ကို ဆောင်ရွက်ပေးနေခြင်းဟု သူမယုံကြည်ခဲ့သည်။ ဝမ်းနည်းစရာမှာ သူမသည် ရာစုနှစ်တစ်ခုနီးပါးကြာသည်အထိ သူမပြီးမြောက်ထမ်းဆောင်အောင်မြင်မှုများအတွက် တရားဝင်အသိအမှတ်ပြုမှု မရရှိခဲ့ပေ။
မိမိဝန်းကျင်ရှိသူများက လျစ်လျူရှု၊ တန်ဖိုးမထား၊ အသိအမှတ်မပြု စသည်တို့ ကြုံရသည့်အချိန်များ ရှိတတ်ပါသည်။ မည်သို့ပင်ဖြစ်စေ…
ခရစ်စမတ်အလင်း
ကျွန်ုပ်၏အမြင်၌ ခရစ်စမတ်သစ်ပင်က တောက်ပထွန်းလင်းနေသည်။ မီးကြိုးများသွယ်တန်းထွန်းထားခြင်း မဟုတ်ဘဲ တကယ့်မီးအစစ်ဖြစ်သည်။ မိတ်ဆွေတစ်ဦးက ရှေးဂျာမန်ရိုးရာအတိုင်း ခရစ်စမတ်သစ်ပင်ကို ဖယောင်းတိုင်အစစ်များဖြင့် ထွန်းညှိထားပြီး၊ အရသာရှိသည့် ရိုးရာအချိုပွဲများဖြင့် တည်ခင်းသောစားသောက်ပွဲသို့ ကျွန်ုပ်တို့မိသားစုကို ဖိတ်ကြားခဲ့ပါသည်။ (အန္တရာယ်ကင်းစေရန် မကြာမီက ညှပ်ဖြတ်ပုံသွင်းထားသည့် သစ်ပင်ကို တစ်ညတာသာ မီးထွန်းညှိပါသည်။)
မီးလောင်နေပုံထင်ရသည့် ခရစ်စမတ်သစ်ပင်ကိုကြည့်ရင်း မီးလောင်နေသောချုံပုတ်မှ ဘုရားသခင်နှင့် မောရှေဆုံတွေ့ခဲ့ခြင်းကို ကျွန်ုပ်တွေးဆင်ခြင် မိသည်။ ကန္တာရတွင် သိုးကျောင်းနေစဉ် မီးလောင်သော်လည်း ကျွမ်းလောင် မသွားသည့်ချုံပုတ်ကြောင့် မောရှေအံဩခဲ့ရသည်။ စူးစမ်းရန် ချုံပုတ်အနီးသို့ သူချဉ်းလာသောအခါ ဘုရားသခင်က သူ့ကို ခေါ်တော်မူသည်။ မီးလောင်နေသောချုံပုတ်မှ သတင်းစကားမှာ ဣသရေလလူမျိုးအတွက် တရားစီရင်ခြင်းမဟုတ်ဘဲ၊ အဲဂုတ္တုပြည်၌ ကျွန်ခံနေရသောသူ၏လူမျိုးများ၏ ဒုက္ခနှင့်ဆင်းရဲခြင်းကို ဘုရားရှင်မြင်တွေ့ခဲ့ပြီး သူတို့ကို ကယ်နှုတ်ခြင်းငှာ ကြွဆင်းလာခြင်း (ထွက် ၃:၈) ဖြစ်သည်။
ဘုရားသခင်သည် ဣသရေလလူမျိုးတို့ကို အီဂျစ်လူတို့လက်မှကယ်တင်ခဲ့သကဲ့သို့ လူသားမျိုးနွယ်အားလုံးသည် ၎င်းတို့၏…