အမျိုးအစား  |  odb

ဘုရားသခင်၏နှုတ်ကပတ်တော်ကို ကိုင်စွဲခြင်း

ပြင်းထန်သော အမေရိကန်နိုင်ငံ၊ မင်နီဆိုတာပြည်နယ်၏ ဆောင်းရာသီကို အံတုလျက် ပုံစံပျက်နေသည့် သံကြွပ်သံကွင်းကို ဘကြီး၏ယာခင်းအိမ်အိုကြီး၏ တံခါးဘောင်တွင် ချိတ်ဆွဲထားသည်။ ပေ (၁၀၀) ကျော်အကွာတွင် နို့ထွက်ပစ္စည်းများ သိမ်းဆည်းထားရာ ဂိုဒေါင်တံခါး၌ အခြားသံကွင်းကြီးတစ်ကွင်းကို မြဲမြံစွာချိတ်ဆွဲထားသည်။ နှင်းမုန်တိုင်းကျရောက်စဉ် ယာခင်းအိမ်နှင့် ဂိုဒေါင်ကို ဆက်သွယ်ထားသည့် လမ်းကြောင်းအား လွယ်ကူစွာ ရှာဖွေတွေ့ရှိနိုင်ရန် ဘကြီးက ထိုသံကွင်းနှစ်ခုကို ကြိုးတစ်ချောင်းဖြင့် ချိတ်ဆက်ထားသည်။ ထိုကြိုးအား မြဲမြံစွာကိုင်၍ လှမ်းသွားပါက ဘာမှမမြင်ရသည့် နှင်းမှုန်များကြားတွင် လမ်းမပျောက်တော့ပါ။

နှင်းမုန်တိုင်းကြားတွင် ထိုစိတ်ချရသည့်ကြိုးလိုင်းကို ဘကြီးအသုံးပြုခဲ့ခြင်းက ကျွန်ုပ်တို့ကို အပြစ်နှင့်အမှားများမှ ကာကွယ်ပေးပြီး၊ အသက်တာတစ်လျှောက် လမ်းညွှန်ပေးသော ဘုရားသခင်၏ဉာဏ်ပညာတော်ကို ခြေရာခံရန် ဟေဗြဲကဗျာစာသားများကို လုံခြုံရေးလိုင်းအသွင် ဒါဝိဒ်မင်းကြီး အသုံးချသွားသည်ကို ပြန်လည်အမှတ်ရစေသည်။ “ထာဝရဘုရား၏စီရင်တော်မူချက်တို့သည် သစ္စာတရားနှင့်ညီ၍ တညီတညွတ်တည်း ဖြောင့်မတ်ကြ၏။ ရွှေထက်မက များစွာသောရွှေစင်ထက်နှစ်သက်ဖွယ်ဖြစ်၍ ပျားရည်ထက်မက ပျားလပို့ထက်ချိုကြ၏။ တရားတော် အားဖြင့်…

ပေါင်းစည်းခြင်းသည် သာ၍ကောင်းသည်

တစ်ဦးတည်း ရုန်းကန်လှုပ်ရှားနေရသောမိခင် မာရီးသည် ဘုရားကျောင်းတက်ခြင်းနှင့် ကျမ်းစာလေ့လာခြင်း၌ ပျက်ကွက်ခဲသည်။ အပတ်စဉ် သားသမီး ငါးယောက်နှင့်အတူ ဘတ်စ်ကားစီးလာပြီး ပြင်ဆင်ခြင်းနှင့် သန့်ရှင်းရေးတွင် ကူလုပ်ပေးသည်။

တစ်ခုသောတနင်္ဂနွေနေ့၌ သင်းအုပ်ဆရာက အသင်းတော်မှအသင်းသားအချို့တို့ သူတို့မိသားစုအတွက် လက်ဆောင်များ လှူဒါန်းထားကြောင်း မာရီးအားပြောပြသည်။ ဇနီးမောင်နှံနှစ်ဦးက သက်သာသောဈေးနှုန်းဖြင့် သူတို့မိသားစုကို အိမ်ငှားသည်။ အခြားဇနီးမောင်နှံက သူတို့၏ကော်ဖီဆိုင်၌ သူမကို ခံစားခွင့်များနှင့် အလုပ်ခန့်သည်။ လူငယ်တစ်ဦးက သူပြန်လည်မွမ်းမံထားသော ကားအဟောင်းကို ပေးသည့်အပြင် သူ၏စက်ပြင်ဆရာအဖြစ် လုပ်ဆောင်ပေးမည်ဟု ကတိပေးခဲ့သည်။ ဘုရားရှင်နှင့်အချင်းချင်းကို ကူညီရိုင်းပင်းအစေခံသော ဤအသိုင်းအဝိုင်း၌ ပျော်ရွှင်စွာနေထိုင်ရ၍ မာရီးသည် ဘုရားသခင်အား အလွန်ကျေးဇူးတင်မိသည်။

မာရီး၏အသင်းတော်မိသားစုကဲ့သို့ ကျွန်ုပ်တို့ရက်ရောစွာ ပေးကမ်းနိုင်ချင်မှပေးကမ်းနိုင်မည်ဖြစ်သော်လည်း ဘုရားသားသမီးများအချင်းချင်း မစရန် ဘုရားရှင် အကြံအစည်ရှိပါသည်။ ယုံကြည်သူများအား “တမန်တော်တို့၏ ဆုံးမသြဝါဒကို ခံခြင်း”၊ “အပေါင်းအသင်းဖွဲ့ခြင်း” တို့၌ “စိတ်နှစ်မြှုပ်”ထားကြသူများဟု ခရစ်ဝင် ကျမ်းရေးသူ ရှင်လုကာက…

အလင်းလင်းရန် အခွင့်အလမ်းများ

၂၀၂၀ ပြည့်နှစ် မတ်လတွင် အငြိမ်းစားဘဏ္ဍာရေးပညာရှင် ဝှစ်တနီသည် အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့တော်၏ ဗဟိုပန်းခြံ၌ သူ့ခွေးနှင့်အတူလမ်းလျှောက်နေစဥ် လက်ဝါးကပ်တိုင်ပုံနှင့် သူတစ်ခါမျှမကြားဖူးသော ပရဟိတအဖွဲ့၏နာမည်ပါသော ကုန်တင်ကားများ၊ မိုးကာဖျင်အပုံများ၊ တဲဖြူများကို တွေ့လိုက်သည်။ ထိုအဖွဲ့သည် ကိုဗစ်ရောဂါဖြစ်နေသော နယူးယောက်မြို့သားချင်းတို့ အတွက် လဟာပြင်ဆေးရုံ တည်ဆောက်နေကြောင်း သိလိုက်ရသောအခါ သူကူညီခွင့် တောင်းခဲ့သည်။ ကိုးကွယ်ယုံကြည်မှုနှင့် နိုင်ငံရေးအမြင် ကွဲပြားကြသော်လည်း သူတို့လုပ်နိုင်သမျှကို သူနှင့်သူ့မိသားစုတို့ ရက်သတ္တပတ် အတန်ကြာမျှတိုင် ဝင်ရောက်ကူညီပေးခဲ့ကြသည်။ “ကျွန်တော်ဆုံတွေ့ခဲ့သူတိုင်းက တကယ်ဖော်ရွေ ကောင်းမွန်ကြတဲ့သူတွေချည်းပဲ” ဟု သူက ဆိုသည်။ ထိုသူတို့အား မည်သူမျှ အခကြေးငွေမပေးသော်လည်း သူတို့မြို့တော်၌ လိုအပ်မှုကြီးမားချိန်တွင် ၎င်းတို့ ကူညီကြခြင်းကို သူချီးကျူးပြောဆိုခဲ့သည်။

ကိုဗစ်ကပ်ရောဂါကြောင့် လိုအပ်မှုများအလွန်များပြားလာချိန်၌ သူစိမ်းတို့သည် တာဝန်ထမ်းဆောင်ရင်း မိတ်ဆွေများဖြစ်လာကြပြီး ခရစ်တော်၏နောက်တော်လိုက်တို့မှာ ခရစ်တော်၏အလင်းကို အခြားသူများထံ ဝေမျှခွင့်ရခဲ့ကြသည်။ တောင်ပေါ်ဒေသနာ၌ သခင်ယေရှုက တပည့်တော်များအား “သူတစ်ပါးတို့သည်…

ဘုရားသခင်၌ မျှော်လင့်ခြင်း

ခရစ္စမတ်နားနီးလာသည်နှင့်အမျှ အွန်လိုင်းမှ မှာယူမှုများ မကြုံစဖူး စုပြုံလွန်းလာသောကြောင့် ပါဆယ်ထုပ် သယ်ယူပို့ဆောင်မှုများ နှောင့်နှေးကုန်သည်။ စာတိုက်ဝန်ဆောင်မှု မည်မျှမြန်မည်ကို မသေချာသောကြောင့် ကျွန်မတို့မိသားစုသည် ဆိုင်၌သာ ပစ္စည်းများ သွားရောက်ဝယ်ယူခဲ့ကြသည်ကို ကျွန်မမှတ်မိပါသေးသည်။ သို့သော်လည်း ကျွန်မအမေက အမြန်ချောပို့ဝန်ဆောင်မှုရယူရန် စာရင်းသွင်းလိုက်သောအခါ မျှော်မှန်းချက်များ ပြောင်းလဲကုန်သည်။ ယခုအခါ (၂) ရက်အတွင်း ပစ္စည်းရောက်ရန် အာမခံသည့်စနစ်ကြောင့် ပစ္စည်းများ အမြန်ရောက်လာသည့်စနစ်နှင့် ကျွန်မတို့အသားကျလာပြီး နှောင့်နှေးမှုကြုံရလျှင် စိတ်ရှုပ်လာတော့သည်။

ကျွန်မတို့သည် ချက်ချင်းအလိုပြည့်ဝခြင်းနှင့် နေသားကျလာသောအခါ စောင့်ဆိုင်းရခြင်းသည် ခက်ခဲလာသည်။ သို့သော် ဝိညာဥ်ရေးရာတွင် သည်းခံခြင်းသည် အကျိုးရှိပါသည်။ ယေရမိမြည်တမ်းစကား ရေးသားစဥ်က ဗာဗုလုန်စစ်တပ်က ယေရုရှလင်မြို့ကို ဖျက်ဆီးခဲ့ခြင်းကြောင့် ဣသရေလအမျိုးသားတို့ ငိုကြွေးမြည်တမ်းနေကြပြီး အခက်အခဲများစွာ ကြုံတွေ့နေရချိန်ဖြစ်သည်။ သို့သော်လည်း ဖရိုဖရဲအခြေအနေကြားမှ ထာဝရဘုရားသည် သူလိုအပ်သမျှကိုဖြည့်ဆည်းပေးမည်ဟု ယုံကြည်သောကြောင့် ကျမ်းရေးသူက ထာဝရဘုရားအား စောင့်ဆိုင်းမည်ဟု ရဲရင့်စွာ ဆိုသည်…

အားနည်းမှုသည် ခွန်အားဖြစ်သောအခါဝယ်

သခင်ယေရှုကို အစေခံခြင်းကြောင့် ဒရူး ထောင် (၂) နှစ် ကျခဲ့သည်။ သာသနာပြု များ အကျဥ်းချခံရစဥ် အမြဲဝမ်းမြောက်ကြောင်းကို သူဖတ်ဖူးသည်။ သို့သော် သူကထို့ကဲ့သို့ မခံစားရကြောင်း၊ သူ့အတွက် ဒုက္ခခံမည့်သူကို ဘုရားသခင် လူရွေးမှားပြီဟု သူက သူ့မိန်းမအား ဆိုသည်။ သူ့မိန်းမက “မဟုတ်ဘူး။ ဘုရားသခင် လူရွေးတာမှန်တယ်လို့ ထင်တယ်။ ဒါမတော်တဆ မဟုတ်ဘူး” ဟုဆိုသည်။

ယုဒပြည်အား သူတို့၏ဒုစရိုက်မှုများအတွက် ဘုရားသခင်အပြစ်ပေးမည်ဟုသတိပေးလျက် ဘုရားသခင်အား သစ္စာရှိစွာအစေခံခဲ့သော ပရောဖက်ယေရမိကို ဒရူးစာနာနိုင်ပေလိမ့်မည်။ ဘုရားသခင်ပြင်ဆင်သောဘေးဒဏ် မကျရောက်သေးချိန်တွင် ယုဒပြည်ခေါင်းဆောင်တို့သည် ယေရမိအား ရိုက်နှက်ပြီး ထိပ်တုံးခတ်ထား သည်။ ယေရမိက “ကိုယ်တော်သည် အကျွန်ုပ်ကို သွေးဆောင်(လှည့်ဖြား)တော်မူသည်” ( :၇) ဟု ဘုရားသခင်အား အပြစ်တင်ခဲ့သည်။ ဘုရားသခင်သည် သူမိန့်မှာသည့်အတိုင်း မလုပ်ဟု ယေရမိမှတ်ယူခဲ့သည်။ “ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် အကျွန်ုပ်၌…

ဧဝံဂေလိသတင်းကောင်းအဖို့အလို့ငှာ

၁၉၁၆ ခုနှစ်တွင် Nelson Bell (နယ်လ်ဆင်ဘဲလ်)သည် သူ့ဇာတိ အမေရိကန်နိုင်ငံ၊ ဗာဂျီးနီးယားပြည်နယ်ရှိ ဆေးကျောင်းမှဘွဲ့ရခဲ့သည်။ ထိုနှစ်နှောင်းပိုင်းတွင် (၆) လမျှသာ ပေါင်းဖက်ရသေးသောဇနီးနှင့်အတူ တရုတ်ပြည်သို့ သူတို့ရောက်လာခဲ့သည်။ အသက် (၂၂) နှစ်တွင် သူသည် တရုတ်လူမျိုးအနည်းဆုံး (၂) သန်းရှိသောဒေသရှိ တစ်ခုတည်းသော ဆေးရံုဖြစ်သည့် ‘Love and Mercy’ (မေတ္တာကရုဏာ)ဆေးရုံ၌ ခွဲစိတ်ဆရာဝန်ဖြစ်လာခဲ့သည်။ သူသည် ဆေးရုံကိုစီမံလျက် ခွဲစိတ်မှုများဆောင်ရွက်ကာ ထောင်နှင့်ချီသောလူတို့ကို ဧဝံဂလိတရားဟောကြားလျက် မိသားစုနှင့်အတူ ထိုဒေသတွင် (၂၄) နှစ် ဆက်လက်နေထိုင်ခဲ့သည်။ နိုင်ငံခြားသားများကို မယုံကြည်သူတို့မှ ‘တိုင်းတစ်ပါးမိစ္ဆာ’ ဟုအခေါ်ခံခဲ့ရဖူးသော နယ်လ်ဆင်ဘဲလ်သည် နောက်ပိုင်းတွင် ‘တရုတ်လူမျိုးများချစ်သော ခေါင်းလောင်း’ ဟုလူသိများလာခဲ့သည်။ သူ့သမီးရုသ်သည် ဧဝံဂလိဆရာ Billy Graham (ဘေလီဂရေဟမ်)နှင့် ထိမ်းမြားခဲ့သည်။

နယ်လ်ဆင်သည် ထူးချွန်သောခွဲစိတ်ဆရာဝန်နှင့် ကျမ်းစာသင်ကြားသည့်ဆရာဖြစ်သော်လည်း သူ့အရည်အချင်းများကြောင့် လူအများ သခင်ယေရှု၏…

နှမမှ အစ်ကိုသို့

ရိပ်သာမှူးခေါင်းဆောင်က ခယ်ရံ အား သီးသန့်စကားပြောရန် ကျွန်တော့်ကိုပြောသောအခါ ဆွေးနွေးအကြံပေးခန်းထဲတွင် မျက်လုံးများနီပြီး ပါးပြင်၌ မျက်ရည်အရွှဲသားနှင့် သူမကို တွေ့လိုက်ရသည်။ (၄၂) နှစ်အရွယ် ခယ်ရံသည် အိမ်ထောင်ပြုလိုစိတ်ရှိပြီး အမျိုးသားတစ်ဦးကလည်း သူမအား စိတ်ဝင်စားနေသည်။ သို့သော် ထိုလူသည် သူမ၏သူဌေးအလုပ်ရှင်ဖြစ်ပြီး အိမ်ထောင်ရှင်ဖြစ်သည်။

သူမအား မညှာမတာစနောက်ခဲ့သောအစ်ကိုနှင့် ဂရုမစိုက်တတ်သောအဖေကြောင့် ခယ်ရံသည် ယောက်ျားများ၏အသာစီးယူမှုကို ခံရလေ့ရှိကြောင်း ငယ်စဥ်ကပင်သိခဲ့သည်။ သူ့ယုံကြည်ခြင်းကို အားသစ်လောင်းပြီးနောက် သူမသည် စည်းဘောင်များနှင့် နေတတ်လာသော်လည်း သူမ၏တောင့်တမှုရှိနေဆဲဖြစ်ပြီး ထိုမေတ္တာကို သူမရလေခြင်းဟူသည့်အတွေးက သူမအား နှိပ်စက်နေသည်။

စကားပြောပြီးနောက် ခယ်ရံနှင့်ကျွန်တော်တို့ စိတ်အားထက်သန်စွာ ဆုတောင်းကြသည့်အခါ သူမသည် သူမ၏သွေးဆောင်ဖြားယောင်းမှုကို ရှက်ရွံမှုဖြင့် ဘုရားရှင်ထံဝန်ခံ၊ သူမသူဌေးကိုရှောင်မည်ဟု အတိအလင်းဝန်ခံလျက် သူမ၏တောင့်တမှုကို ဘုရားရှင်ထံအပ်နှံကာ ပေါ့ပါးသောစိတ်ဖြင့် အခန်းထဲမှထွက်သွားသည်။

ထိုနေ့တွင် ယုံကြည်သူအချင်းချင်းအား ညီအစ်ကိုမောင်နှမများအဖြစ် ဆက်ဆံရန် ရှင်ပေါလု၏အကြံပြုချက်သည် မည်မျှကောင်းကြောင်း ကျွန်တော်…

အလွတ်တမ်းကစားသမား

‘Walk on’ (အလွတ်တမ်းကစားသမား)သည် ကျောင်းသား Ben Malcolmson (ဘန်မယ်လ်ကွန်ဆန်) ၏စိတ်ဝင်စားဖွယ် ဘဝမှတ်တမ်းဖြစ်သည်။ သူသည် ဘောလုံးကစားသည့် အတွေ့အကြုံမရှိဘဲ ၂၀၀၇ ခုနှစ်တွင် အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားပြည်နယ် တောင်ပိုင်းတက္ကသိုလ် နှင်းဆီဖလားရသော ချန်ပီယံအသင်းအတွက် အလွတ်တမ်းကစားသူ ‘Walk on’ ဖြစ်လာသည်။ အလွန်ပင်ပန်းသော လက်တွေ့စစ်ဆေးမှုအကြောင်းကို ကိုယ်တွေ့မှတ်တမ်းရေးသားရန် ဆုံးဖြတ်ခဲ့သော ကောလိပ်သတင်းစာဆရာ မယ်လ်ကွန်ဆန်သည် မထင်မှတ်ဘဲ အသင်းမှအလိုချင်ဆုံး ဘောလုံးအသင်းဝင် ဖြစ်လာခဲ့သည်။

အသင်းဝင်ဖြစ်ပြီးသောအခါ မယ်လ်ကွန်ဆန်သည် မမျှော်လင့်ဘဲ ရလာသော ဤအခွင့်အရေးမှတစ်ဆင့် သူ့အတွက် ဘုရားသခင်၏ရည်ရွယ်ချက်ကို ရှာဖွေရန် စိတ်ထက်သန်ခဲ့သည်။ သို့သော် သူ့အသင်းဖော်များက ယုံကြည်ခြင်းအကြောင်း ဆွေးနွေးရန် စိတ်မဝင်စားမှုကြောင့် သူစိတ်ပျက်အားလျှော့ခဲ့ရသည်။ ထာဝရဘုရားထံမှ လမ်းပြမှု တောင်းခံနေစဥ် သူသည် ဟေရှာယအနာဂတ္တိကျမ်းထဲ၌ “ငါ၏နှုတ်ကပတ်စကားသည် ... ငါ့အလိုကိုပြည့်စုံစေမည်။ ငါစေခိုင်းသောအမှု၌အောင်လိမ့်မည်” (၅၅:၁၁) ဟု ဘုရားသခင်၏မိန့်မှာချက်ကို…

ထာဝရဘုရား၏အမြော်အမြင်အား ယုံကြည်ခြင်း

ကျွန်မခင်ပွန်း ဒန်းက ကျွန်မတို့မရောက်ဖူးသောနေရာသို့ ကားမောင်း၍လိုက်ပို့စဥ် GPS လမ်းညွှန်ချက်များ မှားနေပုံပေါ်သည်ကို သတိထားမိသည်။ လေးလမ်းသွား အဝေးပြေးလမ်းပေါ် ရောက်ပြီးကာမှ ထိုလမ်းနှင့်အပြိုင် တစ်လမ်းသွား ‘မျက်နှာစာလမ်း’ သို့ဆင်းရန် အကြံပေးလာသည်။ ကားလမ်းမကြပ်သော်လည်း ဒန်းက “ငါ အဲ့တာကိုပဲ ယုံလိုက်မယ်” ဟုဆိုသည်။ (၁၀) မိုင်ခန့်မောင်းပြီးသောအခါ အဝေးပြေးလမ်းပေါ်တွင် ကား စတင်ပိတ်လာသည်ကို တွေ့ရသည်။ အဝေးပြေးလမ်းပေါ်တွင် အကြီးစားပြင်ဆင်မှုပြုလုပ်နေပြီး မျက်နှာစာလမ်း၌မူ ကားအနည်းငယ်သာရှိပြီး ကျွန်မတို့သွားလိုရာသို့ ရှင်းလင်းစွာ ပို့ဆောင်သွားပါသည်။ “ငါ ရှေ့ကိုကြို မမြင်နိုင်ပေမယ့် GPS က မြင်နိုင်တယ်။ ဘုရားသခင်လည်း မြင်နိုင်တယ်” ဟု ဒန်းပြောသောအခါ ကျွန်မတို့သဘောတူကြသည်။

“ယခုဖွားမြင်သောယုဒရှင်ဘုရင်” (မ ၂:၂) သခင်ယေရှုအား လာရောက်ဖူးမျှော်ကြသည့် အရှေ့ပြည်မှ ပညာရှိ (၃) ပါးအားလည်း ဘုရားသခင်သည် အလားတူ ဦးတည်ချက်ပြောင်းရန် အိပ်မက်ပေးခဲ့ပါသည်။ “ပြိုင်ဘက်”ဘုရင်ပေါ်လာမည့်သတင်းကြောင့်…

ကြက်ဆင်များထံမှ ထွက်ပြေးခြင်း

တောလမ်းထဲတွင် ကျွန်တော်ပြေးနေစဉ် ရှေ့၌ ကြက်ဆင်ရိုင်း (၂) ကောင်ရှိနေ သည်။ မည်မျှနီးနီး အနားကပ်နိုင်မည်နည်းဟု ကျွန်တော်တွေးရင်း ပြေးနေရာမှ အရှိန်လျော့ကာ လမ်းလျှောက်လိုက်ပြီး လုံးဝရပ်တန့်လိုက်သည်။ အလုပ်ဖြစ်ပါသည်။ ကြက်ဆင်များက ကျွန်တော့်အနီးသို့ တိုးလာကြသည်။ သို့သော် ခဏချင်းတွင်ပင် ကျွန်တော့် ခါးနှင့်ခါးအနောက်ဘက်ကို ထိုးဆိတ်ကြတော့သည်။ နှုတ်သီးများက ချွန်လှပါပေ့။ ကျွန်တော်ထွက်ပြေးရတော့သည်။ ၎င်းတို့လက်မလျှော့မီအထိ ကျွန်တော့်နောက်သို့ ယက်ကန် ယက်ကန်ဖြင့် လိုက်ကြသေးသည်။

သူတို့က ချက်ချင်းအရေးသာသွားခြင်းပါ။ ကြက်ဆင်များက လက်ဦးမှုရယူသောအခါ မုဆိုးသည် သားကောင်ဖြစ်သွားသည်။ သူတို့သည် ထုံအသောကြောင့် ကျွန်တော်ခြောက်လှန့်လျှင်ပင် ကြောက်သွားမည်ဟု ကျွန်တော်မိုက်မဲစွာ တွေးမိပါသေးသည်။ လက်လွတ်စပယ် အနာတရအဖြစ် မခံနိုင်သောကြောင့် ကြက်ဆင်များလက်မှ ကျွန်တော်ပြေးခဲ့ပါသည်။

ဒါဝိဒ်သည် အန္တရာယ်ရှိပုံမပေါ်သောကြောင့် ဂေါလျက်က သူ့နားလာရန်မထီမဲ့မြင်ပြောပါသည်။ သူက “လာခဲ့။ သင့်အသားကို မိုးကောင်းကင်ငှက်နှင့် တောသားရဲတို့အား ငါပေးမည်” (၁ ရာ…