မှန်ကြည့်စမ်းသပ်ခြင်း
ကိုယ့်ကိုယ်ကိုယ်အသိအမှတ်ပြုခြင်း စမ်းသပ်မှု လုပ်ဆောင်နေသော စိတ်ပညာရှင်များက ကလေးများကို “မှန်ထဲကလူ ဘယ်သူလဲ” ဟု မေးမြန်းခဲ့ပါသည်။ (၁၈) လ (သို့) ထိုထက်ငယ်သောအရွယ်တွင် ကလေးများသည် မှန်ထဲမှ မိမိတို့ပုံရိပ်ကိုဆက်စပ်ပြီး မကြည့်တတ်ကြပါ။ သို့သော် ကလေးများ ကြီးပြင်းလာသည်နှင့်အမျှ သူတို့ကိုယ်သူတို့ ကြည့်နေသည်ဟု နားလည်လာကြသည်။ မိမိကိုယ်ကို အသိအမှတ်ပြုခြင်းသည် ကျန်းမာစွာ ကြီးထွားရင့်ကျက်မှုကိုပြသည့် အရေးကြီးသော အမှတ်လက္ခဏာဖြစ်သည်။
သခင်ယေရူ၌ ယုံကြည်သူများ၏ ရင့်ကျက်ကြီးထွားမှုသည် အရေးကြီးသည်။ ရှင်ယာကုပ်က ကြည့်မှန်ဖြင့် အသိအမှတ်ပြု စမ်းသပ်မှုတစ်ခုကို သရုပ်ပြခဲ့သည်။ ထိုမှန်သည် ဘုရားသခင်ထံမှလာသော “သမ္မာတရားစကား” ဖြစ်သည် (ယာ ၁:၁၈)။ ကျွန်ုပ်တို့ သမ္မာကျမ်းစာ ဖတ်သောအခါ မည်သည့်အရာကို မြင်သနည်း။ ချစ်ခြင်းမေတ္တာနှင့် နှိမ့်ချမှုကိုဖော်ပြသောအခါ ကျွန်ုပ်တို့ မိမိကိုယ်ကို ထိုအတိုင်း အသိအမှတ်ပြုပါသလား။ ကျွန်ုပ်တို့ကိုပြုစေလိုသော ဘုရားသခင်၏ အမိန့်တော်ကို ကျမ်းစာ၌ ဖတ်ရှုရသောအခါ…
ဘုရားသခင်၏ကြင်နာသောကျေးဇူးတော်
‘အမှန်တိုင်းအကုန်ပြောပါ၊ ဒါပေမယ့် စောင်းငဲ့ပြီးပြောပါ’ ဟုကဗျာစာဆို Emily Dickinson (အမ်မလီ ဒစ်ကင်စင်)က ရေးသားခဲ့သည်။ အကြောင်းမှာ ဘုရားသခင်၏ အမှန်တရားနှင့်ဘုန်းအသရေသည် အားနည်းသောလူသားအတွက် ချက်ချင်း နားလည်ရန် (သို့) လက်ခံနိုင်ရန် ‘အလွန်တောက်ပလွန်းသည်’ ဟု အကြံ ပြုထားသည်။ ကျွန်ုပ်တို့လက်ခံနိုင်ရန်နှင့် ဘုရားသခင်၏ကျေးဇူးတော်နှင့် အမှန်တရားကိုဝေငှရန် အကောင်းဆုံးမှာ ကြင်နာစွာစောင်းငဲ့ပြီး သွယ်ဝိုက်သောနည်းလမ်းများဖြစ်သည်။ “အမှန်တရားသည် ဖြည်းဖြည်းချင်း စူးရှတောက်ပရမည်၊ သို့မဟုတ် လူတိုင်းမျက်စိကန်းသွားမည်ဖြစ်သည်။”
အလားတူအဆိုကို ဧဖက်ဩဝါဒစာ ၄ တွင် တမန်တော်ရှင်ပေါလုက ယုံကြည်သူများအား “စိတ်နှိမ့်ချခြင်း၊ နူးညံ့သိမ်မွေ့ခြင်း၊ စိတ်ရှည်ခြင်းနှင့်ပြည့်စုံပြီး မေတ္တာစိတ်နှင့် တစ်ယောက်ကိုတစ်ယောက် သည်းခံ”ရန် (:၂) အကြံပြုခဲ့သည်။ ယုံကြည်သူများ၏နူးညံ့သိမ်မွေ့မှုနှင့် အချင်းချင်းကို ကျေးဇူးပြုခြင်း၏ အခြေခံအုတ်မြစ်သည် ကျွန်ုပ်တို့အပေါ်ထားသည့် သခင်ယေရူ၏ကျေးဇူးတော်နည်းလမ်း ပင်ဖြစ်ကြောင်း ရှင်ပေါလုရှင်းပြခဲ့သည်။ သခင်၏လူ့ဇာတိခံယူခြင်း (:၉-၁၀)တွင် လူသားများ သူ့ကို ယုံကြည်လက်ခံလာရေး သခင်ယေရှုသည်…
အကျင့်ကို ကြည့်ပါ
‘အမှန်ကိုပြောပါ’ ကစားနည်းရုပ်သံရှိုးပွဲသည် ထင်ရှားသည့် အနုပညာရှင်လေးဦးအဖွဲ့မှ လူတစ်ဦးတည်းဟုဆိုသော လူသုံးဦးကို မေးခွန်းများမေးပြီး မည်သူသည် အစစ်အမှန်ဖြစ်သည်ကို ရွေးရသည့်ဂိမ်းပွဲဖြစ်သည်။ ပွဲအဆုံးတွင် “အစစ်အမှန်(ကို/မ ...) ကျေးဇူးပြုပြီး မတ်တပ်ရပ်ပေးပါ” ဟု ကာယကံရှင်ကို ထခိုင်းသည့်စကားက လူတိုင်းနှင့်အကျွမ်းဝင်သည်။ နှစ်ဉီးမှာ ယောင်ဆောင်သူ အတုဖြစ်သော်လည်း လူမှန်ကို သုံးဦးထဲမှရွေးနိုင်ရန် ထိုအဖွဲ့ပေါ်မူတည်သည်။ ပွဲတစ်ခုတွင် ‘Rudolph the Red-Nosed Reindeer’ (နှာခေါင်းနီသမင် ရူဒေါ့) ခရစ်စမတ်သီချင်းစာသား ရေးသားသူ Johnny Marks (ဂျော်နီမတ်ခ်)ကို ခန့်မှန်းခဲ့ကြသည်။ မေးခွန်းကောင်းကောင်း မေးနိုင်သည့်တိုင် “ဘယ်သူလဲ”ဟု ခန့်မှန်းရ အလွန်ခက်သည်။ ယောင်ဆောင်သူများက အမှန်တရားကို ပရိယာယ်ဆင်လိမ်ညာခြင်းဖြင့် ရုပ်မြင် သံကြားဖျော်ဖြေရေးသည် ပရိသတ်ကိုဆွဲဆောင်ရန် ဖန်တီးထားသည်။
‘ဆရာအတုအယောင်များ’ နှင့်ပတ်သက်လာလျှင် မည်သူကမည်သူဖြစ်သည်ကို ပိုင်းခြားရာ၌ ၎င်းသည် ရုပ်မြင်သံကြားရှိုးပွဲနှင့် တစ်ခြားစီဖြစ်သည်။ သို့သော် ခက်ခဲနိုင်ခြင်းကတူပြီး၊ ပိုအရေးကြီးသောအချက်ဖြစ်သည်။…
လှည့်ပြန်ရမည့်နေရာ
အထက်တန်းကျောင်းသား ဂျက်ခ်၏ အပူအပင်မရှိသောစိတ်ထားနှင့် အားကစားစွမ်းရည်ကို လူတိုင်းသဘောကျကြသည်။ သူသည် လက်တစ်ဘက်၌ စကိတ်ဘုတ်ပြားကိုကိုင်ကာ ကျန်လက်တစ်ဘက်ကို ဟန်ချက်ညီစေရန် လေထဲတွင်ဆန့်ထားကာ စကိတ်ကွင်းပေါ်သို့ခုန်တက်ရသည်ကို အနှစ်သက်ဆုံးဖြစ်သည်။
ဂျက်ခ်သည် မြို့တွင်းအသင်းတော်တစ်ခုသို့ တတ်ရောက်ပြီးနောက်ပိုင်းတွင် ရှင်ယေရှုနောက်တော်သို့ လိုက်လျှောက်ရန် ဆုံးဖြတ်ခဲ့သည်။ ထိုအချိန်က သူ့မိသားစု၏ရုန်းကန်ရမှုများကို ကြံ့ကြံ့ခံရင်ဆိုင်ခဲ့ရပြီး သူ့နာကျင်မှုများ သက်သာစေရန် မူးယစ်ဆေးသုံးစွဲခဲ့သည်။ သူ့အသက်တာပြောင်းလဲပြီးနောက် သူ့အတွက် အရာရာအဆင်ပြေနေပုံရသည်။ သို့သော် နှစ်အနည်းငယ်အကြာတွင် သူဆေးပြန်သုံးခဲ့သည်။ သင့်လျော်သော ကြားဝင်ဟန့်တားမှုမရှိ၊ စဥ်ဆက်မပြတ်ကုသမှု မခံယူသဖြင့် နောက်ဆုံးဆေးလွန်ကာ သူသေဆုံးသွားခဲ့သည်။
ဒုက္ခအခက်အခဲနှင့် ရင်ဆိုင်ရသောအခါ မိမိပြုနေကျအရာဘက်သို့ လှည့်ပြန်သွားရန် လွယ်ကူလှသည်။ ဣသရေလလူမျိုးတို့သည် အာရှုရိလူတို့ တိုက်ခိုက်လာမည်ကိုသိသောအခါ စိတ်ဓာတ်ကျလျက် သူတို့ကျွန်ခံခဲ့ဘူးသော မှီခိုရာသခင်များဖြစ်သည့် အဲဂုတ္တုလူတို့ထံအကူအညီတောင်းရန် ချဥ်းကပ်ခဲ့ကြသည် (ဟေရှာ ၃၀:၁-၅)။ ဘုရားသခင်က ၎င်းသည် အလွန်ဆိုးသောအမှုဖြစ်မည်ဟု ကြိုတင်မိန့်ကြားထားသော်လည်း ဣသရေလလူမျိုးတို့ ရွေးချယ်မှုမှားခဲ့သောအခါ ကိုယ်တော်ဆက်လက်ဂရုပြုစောင်မခဲ့သည်။ ဟေရှာယက…
ကော်ဖီစေ့ခွက်
ကျွန်ုပ်သည် ကော်ဖီကြိုက်သူမဟုတ်သော်လည်း ကော်ဖီစေ့လေးများ၏ရနံ့ တစ်ချက်ရလိုက်ရုံဖြင့် နှစ်သိမ့်မှုနှင့်ဝမ်းနည်းမှု ခံစားချက်နှစ်ခုလုံး ခံစားရသည်။ ကျွန်ုပ်တို့၏ ဆယ်ကျော်သက်သမီးလေး မယ်လီစာသည် သူမ၏အိပ်ခန်းကို သူမစိတ်ကြိုက်ဖန်တီးသောအခါ သူမ၏အိပ်ခန်းကို နွေးထွေးမှုဖြင့် သင်းရနံ့မွှေးပျံ့နေစေရန် ကော်ဖီစေ့လေးများကို ပန်းကန်လုံးထဲတွင် ထည့်ထားခဲ့သည်။
မယ်လီစာသည် အသက် (၁၇) နှစ်တွင် ယာဥ်မတော်တဆ ထိခိုက်မှုဖြင့် သေဆုံးခဲ့သည်မှာ နှစ်နှစ်ဆယ်ကျော် ကြာခဲ့ပါပြီ။ သို့သော် ကျွန်ုပ်တို့၌ ထိုကော်ဖီခွက်လေးရှိနေဆဲပင်။ ၎င်းသည် မယ်လီစာ ကျွန်ုပ်တို့နှင့်အတူရှိခဲ့သည့်အချိန်ကို အစဥ်သတိရစေသည့် သင်းပျံ့သောအမှတ်တရဖြစ်သည်။
သမ္မာကျမ်းစာ၌လည်း မွှေးရနံ့ကို သတိပေးအချက်ပြအဖြစ် အသုံးပြုထား သည်။ ရှောလမုန်သီချင်းတွင် မွှေးရနံ့ကို အမျိုးသားနှင့်အမျိုးသမီး နှစ်ဦးကြား ချစ်ခြင်းလက္ခဏာအဖြစ် ရည်ညွှန်းရေးဖွဲ့ထားသည် (၁:၃၊ ၄:၁၁၊ ၁၆)။ ဟောရှေအနာဂတ္တိကျမ်းတွင် ဣသရေလလူမျိုးတို့အပေါ် ဘုရားသခင်၏ခွင့်လွှတ်ခြင်းသည် “လေဗနုန်တောကဲ့သို့ မွှေးကြိုင်လိမ့်မည်” (၁၄:၆)ဟု ဖော်ပြထားသည်။ ထို့အပြင် မာသ၏ညီမ မာရိသည် ရှင်ယေရှု၏ခြေကိုဆီနှင့်လောင်းခဲ့ပြီး…
နှလုံးထဲမှ ထွက်လာသောအရာ
‘Operation Noah’s Ark’ (နောဧသင်္ဘောစစ်ဆင်ရေး)ဟု ချစ်စနိုးအမည်ပေးထားသည့် ကယ်ဆယ်ရေးအဖွဲ့သည် တိရစ္ဆာန်ချစ်သူများအတွက် ပျော်ရွှင်ဖွယ်ရာဖြစ်စေနိုင်သော်လည်း Nassau Society for the Prevention of Cruelty to Animals (တိရစ္ဆာန်များအပေါ်ရက်စက်မှုကို ကာကွယ်သည့် နာစောအသင်း) အတွက်မူ ၎င်းသည် အိမ်မက်ဆိုးဖြစ်သည်။ ဆူညံသံနှင့် ဆိုးရွားသည့်အနံ့ဆိုးများကြောင့် ပတ်ဝန်းကျင်မှတိုင်တန်းသဖြင့် ထိုအသင်းမှ အလုပ်သမားများသည် အမေရိကန်နိုင်ငံ၊ နယူးယောက်ပြည်နယ်ရှိ Long Island အိမ်တန်းလျားတစ်ခုသို့ ဝင်စစ်ရာ လျစ်လျူရှုခံရသည့် တိရစ္ဆာန်အကောင် (၄၀၀) ထက်မနည်းကို တွေ့ရှိခဲ့သည် (နောက်ပိုင်းတွင် ၎င်းတို့ကို ဖယ်ရှားခဲ့ကြသည်)။
ညစ်ညမ်းသည့်အခြေအနေတွင် တိရစ္ဆာန်ရာပေါင်းများစွာကို မလှောင်ထားသော်လည်း စိတ်နှလုံး၌ ဆိုးရွား၍အပြစ်ရှိသော အတွေးနှင့်အပြုအမူများကို ကျွန်ုပ်တို့ ဝှက်ထားနိုင်ပြီး ၎င်းတို့ကို ဖွင့်ပြပြီး ဖယ်ရှားပစ်ရန်လိုကြောင်း ရှင်ယေရှုပြောခဲ့သည်။
လူကိုသန့်ရှင်းစေသောအရာ၊ ညစ်ညူးစေသောအရာနှင့် ပတ်သက်၍ တပည့် တော်များအား သွန်သင်ရာ၌…
ကျွန်ုပ်တို့အနာဂတ်အတွက် ဘုရားရှင်၏အကူအညီ
စိတ်ပညာရှင် Meg Jay (မဂ်ဂျေး)၏အဆိုအရ ကျွန်ုပ်တို့၏စိတ်သည် မိမိတို့၏ အနာဂတ်ကိုတွေးရန် ဦးတည်နေပြီး ထိုသို့တွေးတောခြင်းသည် လုံးဝတစိမ်းဆန်သည့်အရာများကို တွေးတောခြင်းနှင့် အလားသဏ္ဌာန်တူသည်။ အဘယ့်ကြောင့်ဆိုသော် “စာနာစိတ် လိုအပ်ချက်” ဟု တစ်ခါတစ်ရံ ခေါ်ဆိုသည့် မိမိကိုယ်တိုင်ကိုယ်ကျ မသိကျွမ်းသူများကို စာနာနားလည်ရန်၊ ဂရုစိုက်ရန် ခက်ခဲနိုင်ခြင်း၊ မိမိ၏ရှေ့ရေးအနာဂတ်ကိုပင် နားလည်နိုင်ရန် ခက်ခဲခြင်းကြောင့် ဖြစ်ကောင်းဖြစ်နိုင်သည်။ ထို့ကြောင့် ဂျေးသည် သူမ၏အလုပ်တွင် လူငယ်များကို မိမိတို့၏အနာဂတ်ကို ပုံဖော်မြင်ယောင်ပြီး ထိုရည်ရွယ်ချက်အတိုင်း ဂရုတစိုက် လျှောက်လှမ်းနိုင်အောင် ကြိုးစားကူညီသည်။ ဤသို့ကူညီရာတွင် လူငယ်များ သူတို့၏အိပ်မက်နောက်သို့ လိုက်ရန်၊ ဆက်လက်ကောင်းမွန်အောင်မြင်စွာ လုပ်ဆောင်ရန် လမ်းကြောင်းပေးပြီး၊ တစ်နေ့တွင် ၎င်းတို့ဖြစ်ချင်သည့်သူများ ဖြစ်လာအောင် သူတို့လုပ်နိုင်သည့် လက်တွေ့ကျသောအစီအစဥ်များကို ဖန်တီးအကောင်အထည်ဖော်ခြင်းလည်း ပါဝင်သည်။
ဆာလံကျမ်း ၉၀ တွင် ကျွန်ုပ်တို့သည် လက်ရှိဘဝကိုသာ တွေ့မြင်နားလည်ခြင်း မဟုတ်ဘဲ အသက်တာတစ်ခုလုံးအတွက် “အကျွန်ုပ်တို့သည်…
ကယ်တင်ခြင်း၏ အံ့ဖွယ်ရာ
ဘလော့ဂါ Kevin Lynn (ကီဗင်လင်း)၏ဘဝသည် တစ်စစီ ကျိုးပဲ့ပျက်စီးခဲ့ဟန်တူသည်။ မကြာမီက ဆောင်းပါးတစ်ခုတွင် “ကျွန်တော်တကယ်ပဲ ကျွန်တော့်ခေါင်းကို သေနတ်နဲ့တေ့ခဲ့တယ်။ အဲဒီအခါမှာ သဘာဝကိုကျော်လွန်ပြီး နားမလည်နိုင်စွာ ကျွန်တော့် အခန်းထဲ၊ ကျွန်တော့်ဘဝထဲ ဘုရားသခင်ဝင်ရောက်လာခဲ့တယ်။ အဲဒီအခိုက်အတန့်မှာ ဘုရားသခင်ကိုတွေ့ရှိခဲ့တယ်ဆိုတာ အခုသိပါပြီ” ဟု သူပြန်ပြောင်းပြောပြသည်။ ဘုရားသခင်သည် လင်း၏ဘဝသို့ ဝင်ရောက်လျက် သူ့ကိုယ်ကို အဆုံးစီရင်မည့်အန္တရာယ်မှ ကာကွယ်ပေးခဲ့သည်။ သူ၏နှစ်သက်ဖွယ်တည်ရှိမှုကို လင်းအား အတည်ပြုဖော်ပြလျက် အံ့သြဖွယ်သတိပေးပြသခဲ့သည်။ လွှမ်းမိုးအားကြီးသော ဤအတွေ့အကြုံကို လင်းသည် ဖုံးကွယ်မထားဘဲ လောကကြီးသို့ ဝေမျှခဲ့သည်။ သူသည် ယူကျု့သာသနာကို တည်ထောင်ကာ သူ့ကိုယ်ပိုင်ပြောင်းလဲမှုအတွေ့အကြုံနှင့် အခြားသူများ၏ဇာတ်ကြောင်းများကို ဝေမျှလျက်ရှိပါသည်။
သခင်ယေရှု၏ နောက်တော်လိုက်မိတ်ဆွေ လာဇရုသေဆုံးသောအခါ လူအများက သခင်ယေရှုအလွန်နောက်ကျမှ ရောက်လာသည်ဟု ယူဆကြသည် (ယော ၁၁:၃၂)။ သခင်ယေရှု ရောက်မလာမီအထိ လာဇရုသည် သချိုင်းတွင်း၌ လေးရက်ပတ်လုံး ရှိနေပြီး၊…
ပညာအမြော်အမြင်ရှိစွာ ရွေးချယ်ပါ
အာကာသယာဉ်တွင် လိုက်ပါမည့်ယာဉ်မှူးများအား ဦးဆောင်မည့် အာကာသ ယာဉ်မှူး Chris Ferguson (ခရစ် ဖါဂါဆန်)သည် အပြည်ပြည်ဆိုင်ရာ အာကာသစခန်းသို့သွားရောက်ရန် ခရီးစဉ်နှင့်ပတ်သက်ပြီး ခက်ခဲစွာဆုံးဖြတ်ချမှတ်ခဲ့ရသည်။ သို့သော် ထိုဆုံးဖြတ်ချက်က အာကာသယာဉ်ဆိုင်ရာ စက်ယန္တရားများ၊ အာကာသ ယာဉ်မှူးများ၏လုံခြုံရေး စသည်တို့နှင့်ပတ်သက်ခြင်းမရှိပါ။ ထိုအချက်အလက်များအစား သူ့ဘဝ၏အရေးကြီးဆုံးကဏ္ဍဟု သူသတ်မှတ်ထားသည့် မိသားစုနှင့် ပတ်သက်သောကိစ္စအတွက် ဆုံးဖြတ်ချက်ချရခြင်းဖြစ်သည်။ သူ၏သမီးမင်္ဂလာပွဲတွင် ပါဝင်နိုင်ရန် ကမ္ဘာမြေပေါ်၌သာရှိနေရန် သူရွေးချယ်ခဲ့သည်။
ဘဝ၌ မည်သည့်အရာက ပို၍အရေးကြီးကြောင်း သုံးသပ်ရသည့် ခက်ခက်ခဲခဲ ဆုံးဖြတ်ချက်ချရသည့်အချိန်များ ရှိသည်။ အဘယ့်ကြောင့်ဆိုသော် ရွေးချယ်မှုတစ်ခုအတွက် အခြားသူတစ်ဉီးက အနစ်နာခံပေးရခြင်းကြောင့်ဖြစ်သည်။ သူ့နောက်တော်လိုက်လျှောက်ရန်ဟူသည့် ဘဝတွင် အရေးကြီးဆုံးသော ဆုံးဖြတ်ချက်နှင့်ပတ်သက်၍ သခင်ယေရှုက သူ၏တပည့်တော်များအပါအဝင် လူပရိသတ်အပေါင်းတို့အား ဤအမှန်တရားကို ပြောကြားရန် ရည်ရွယ်ခဲ့သည်။ သူ၌ ဆည်းကပ်သောတပည့်တော် ဖြစ်ရန်အတွက် “ကိုယ့်ကိုယ်ကိုယ်ငြင်းပယ်”ရန် လိုအပ်ကြောင်း မိန့်ကြားတော်မူခဲ့သည် (မာ ၈:၃၄)။ သူတို့အနေဖြင့်…
အမည်နာမ၏စွမ်းပကား
အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့တွင်းလမ်းများ၌ နေထိုင်ကျက်စားနေသော ကလေးများကို အားပေးရန်နည်းလမ်းရှာလျက် Ranjit (ရန်ဂျစ်)က သူတို့အမည်များကို သီချင်းစပ်ပေးခဲ့သည်။ သူတို့ကိုမှည့်ခေါ်သည့်၊ သူတို့အခေါ်ခံရသည့်နာမည်၏ အဓိပ္ပာယ်အတိုင်း အပြုသဘောအမှတ်တရများ ရပါစေဟုမျှော်လင့်လျက် ကလေးများအား သူတို့နာမည်တစ်ခုစီအတွက် သီးသန့်တေးသွားများကို စပ်ဆိုကာသင်ပေးခဲ့သည်။ သူတို့၏အမည်ကို ချစ်ခြင်းဖြင့်ခေါ်သံကို တစ်ခါမျှမကြားဖူးသော ထိုကလေးများအတွက် လေးစား အလေးထားခြင်းလက်ဆောင်ကို သူပေးလိုက်ခြင်းပင်ဖြစ်သည်။
သမ္မာကျမ်းစာတွင် အမည်နာမများသည် အလွန်အရေးကြီးပြီး တစ်ခါတစ်ရံနာမည်ပိုင်ရှင်၏အကျင့်စရိုက် သို့မဟုတ် အသက်တာ၏ကဏ္ဍသစ်ကို ထင်ဟပ်ဖေါ်ပြသည်။ ဥပမာ - ဘုရားသခင်သည် အာဗြံနှင့်စာရဲတို့နှင့် မေတ္တာပဋိညာဉ်ပြုစဉ် သူတို့၏နာမည်များကိုပြောင်းပေးပြီး ကိုယ်တော်သည် သူတို့၏ဘုရားဖြစ်ပြီး၊ သူတို့သည်လည်း ကိုယ်တော်၏လူမျိုးတော် ဖြစ်ကြလိမ့်မည်ဟု ကတိပြုခဲ့သည်။ “ချီးမြှောက်ခြင်းခံရသောဖခင်” ဟုအဓိပ္ပာယ်ရသည့် ‘အာဗြံ’သည် “လူမျိုးတကာတို့၏ဖခင်” ဟုအဓိပ္ပာယ်ဆောင်သော ‘အာဗြဟံ’ ဖြစ်လာသည်။ “မင်းသမီးတော်” ဟု အဓိပ္ပာယ်ရသော ‘စာရဲ’သည် “အများ၏မိခင်” ဟုအဓိပ္ပာယ်ရသော ‘စာရာ’ ဖြစ်လာသည် (က…