ပုံပြင်ကောင်းတစ်ပုဒ်
မိုက်ကယ်သည် ကျောက်ပုဇွန်ငုပ်နေစဥ် ဝေလငါးကြီးအဟပ်ခံရပြီး ငါးပါးစပ်ထဲရောက်သွားသည်။ သူသည် အမှောင်ထဲ၌ သူ့ကိုညှစ်ထားသည့် ငါးကြီး၏ ကြွက်သားများကို နောက်ပြန်တွန်းထုတ်ရုန်းခဲ့သည်။ သူ့ကိုယ်သူ သေပြီဟုပင်ထင်ခဲ့သည်။ သို့သော် ဝေလငါးကြီးက ပုဇွန်ငုပ်သမားကို မကြိုက်ပုံရသည်။ စက္ကန့် (၃၀) အတွင်း ငါးကြီးက သူ့ကို လေထဲသို့ ထွေးထုတ်လိုက်သည်။ မိုက်ကယ်သည် အရိုးတစ်ချောင်းမျှ မကျိုးမပဲ့ခဲ့ခြင်းက အံ့သြစရာဖြစ်သည်။ သူ၌ ကြီးမားသော ပွန်းပဲ့ရာများသာ ရှိခဲ့ပြီး သူ့အတွေ့အကြံုက ပုံပြင်ကောင်းတစ်ပုဒ် ဖြစ်သွားခဲ့သည်။
မိုက်ကယ်၏အဖြစ်က ပထမဆုံးအဖြစ် မဟုတ်ပါ။ ယောနကိုလည်း ‘ငါးကြီးတစ်ကောင်’က မျိုချခဲ့ပြီး၊ သူ့ကို ပြန်မအန်ထုတ်မီ ငါးကြီးဝမ်း၌ သူ (၃) ရက်နေခဲ့ရသည် (၁:၁၇၊ ၂:၁၀)။ မိုက်ကယ်ကဲ့သို့ မတော်တဆ ငါးအဟပ်ခံရခြင်း မဟုတ်ပါ။ ယောနသည် ဣသရေလလူမျိုး၏ရန်သူများကို မုန်းတီးပြီး သူတို့ကို နောင်တမရစေချင်ပါ။ နိနဝေမြို့၌ သတိပေးစကားပြောရန် ဘုရားသခင်…
နာမတော်ကို ကိုးစားယုံကြည်ခြင်း
ကျွန်မငယ်စဥ်ကလေးဘဝက ကျောင်းသွားရန် ကြောက်ရွံ့ခဲ့သည့်အချိန်များရှိခဲ့ပါသည်။ မိန်းကလေးအချို့က ကျွန်မကို မညှာမတာ ဟာသဖြစ်အောင် ညှဥ်းဆဲပြီး ကျွန်မကို အနိုင်ကျင့်သည်။ ထို့ကြောင့် ကျောင်း၌ အားလပ်ချိန်တွင် စာကြည့်တိုက် သို့သာသွားပြီး ခရစ်ယာန်ပုံပြင်စာအုပ် အတွဲလိုက်ကိုသာ ဖတ်ရှုနေတော့သည်။ ‘ယေရှု’ ဟူသည့်အမည်ကို ပထမဆုံးဖတ်ခဲ့ရချိန်ကိုလည်း ကျွန်မသတိရမိသည်။ မည်သို့ပင်ဖြစ်ဖြစ် ဤနာမည်သည် ကျွန်မကိုချစ်သောသူ၏အမည်နာမ ဖြစ်ကြောင်း ကျွန်မသိသည်။ ထိုနောက်ပိုင်းတွင် အနိုင်ကျင့်ခံရမည့်အရေးကိုကြောက်လျက် ကျောင်းထဲဝင်လာတိုင်း “သခင်ယေရှု၊ သမီးကို ကွယ်ကာပါ” ဟု ဆုတောင်းခဲ့သည်။ ကိုယ်တော်သည် ကျွန်မကို စောင့်ကြပ်ကြည့်ရှုနေသည်ဟုသိပြီး ကျွန်မအနေနှင့် ခိုင်ခံ့လျက် တည်ငြိမ်လျက် ရှိနေခဲ့သည်။ တဖြည်းဖြည်းနှင့် ကျွန်မကို အနိုင်ကျင့်ရသည်ကို သူတို့ ငြီးငွေ့သွားပြီး အနိုင်မကျင့်ကြတော့ပါ။
နှစ်များစွာကုန်လွန်ပြီးနောက် ထိုသခင်၏နာမကို ကိုးစားခြင်းက ကျွန်မအား ခက်ခဲကြပ်တည်းသောအချိန်များတွင် ဆက်လက်မစထောက်ပင့်ခဲ့သည်။ သူ၏ နာမတော်ကို ကိုးစားခြင်းသည် သူ၏စရိုက်လက္ခဏာများနှင့် ပတ်သက်၍ သူပြောသောအရာများ…
ခါးသီးမှုအစား သနားကရုဏာ
၂၀၀၁ ခုနှစ် စက်တင်ဘာလ (၁၁) ရက်တွင် ကမ္ဘာ့ကုန်သွယ်ရေးမျှော်စင် တိုက်ခိုက်ခံရပြီး ပြိုလဲသွားသောအခါ Greg Rodriguez (ဂရိတ်ရိုဒရီဂတ်စ်)သည် အပျက်အစီးများကြားတွင် သေဆုံးခဲ့သည့် ဓားစာခံတစ်ဦးဖြစ်သည်။ သူမိခင် Phyllis (ဖိလစ်)နှင့် ဖခင်တို့ ကြေကွဲခံစားရစဥ်မှာပင် ထိုသို့ ဆိုးရွားကြောက်မက်ဖွယ်တိုက်ခိုက်မှုအပေါ် သူတို့၏တုံ့ပြန်မှုကိုလည်း သတိထား ဆင်ခြင်ခဲ့သည်။ ၂၀၀၂ ခုနှစ်တွင် ဖိလစ်သည် အကြမ်းဖက်သမားများကို ကူညီခဲ့သည်ဟုစွပ်စွဲခံရသူတစ်ဦး၏ မိခင်ဖြစ်သူ Aicha el-Wafe (အိုင်ချာအဲဝါဖီ)နှင့် တွေ့ခဲ့သည်။ ဖိလစ်က “ကျွန်မသူ့ဆီကို လက်ဆန့်တန်းပြီး အနားတိုးသွားလိုက်တယ်။ ကျွန်မတို့ တစ်ယောက်နဲ့တစ်ယောက်ဖက်ပြီး ငိုမိတယ်။ အိုင်ချာနဲ့ ကျွန်မကြားမှာ တိုက်ရိုက်နှောင်ဖွဲ့မှုရှိနေတယ်။ ကျွန်မတို့သားတွေနဲ့ပတ်သက်ပြီး ကျွန်မတို့ခံစားခဲ့ရတယ်လေ” ဟု ပြောခဲ့သည်။
ဖိလစ်သည် တူညီသောနာကျင်မှု၊ ဝမ်းနည်းကြေကွဲမှုဖြင့် အိုင်ချာနှင့် ဆုံခဲ့ရသည်။ သူ့သားသေဆုံးရခြင်းကြောင့် ဒေါသထွက်ခြင်းသည် ဖြစ်သင့်ပါသော်လည်း ထိုဒေါသက စိတ်ကြေကွဲညှိုးငယ်မှုကို မကုစားနိုင်ကြောင်း သူမယုံကြည်သည်။…
ပုံမှန်မဟုတ်သော ခေတ်ကာလ
ရောမဧကရာဇ် Constantine (ကွန်စတန်တိုင်း) (အေဒီ ၂၇၂-၃၃၇)သည် သူ့ဘဝအချိန်အများစုတွင် ရုပ်တုကိုးကွယ်သူအဖြစ် အသက်ရှင်ခဲ့သော်လည်း ခရစ်ယာန်များအား စနစ်ကျကျ ညှဥ်းပန်းနှိပ်စက်မှုကို အဆုံးသတ်စေခဲ့သည့် ပြုပြုပြောင်းလဲမှုများကို ဆောင်ရွက်ခဲ့သည်။ သူသည် ကျွန်ုပ်တို့အသုံးပြုနေသည့် ပြက္ခဒိန်ကိုလည်း အတည်ပြုပြဌာန်းပေးကာ ကမ္ဘာ့သမိုင်းကို BC (before Christ - ခရစ်တော်မပေါ်မီ) နှင့် AD (anno Domini (သို့) “in the year of the Lord” - သခင်ဘုရား၏နှစ်ကာလ)ဟူ၍ ပိုင်းခြားသတ်မှတ်ပေးခဲ့သည်။
၎င်းကို ဘာသာရေးကင်းမဲ့သော လောကီအသုံးအနှုန်းသို့ ပြောင်းလဲလိုက်သည့် အခါ CE (Common Era - သာမန်ခေတ်ကာလ)နှင့် BCE (before the Common Era - သာမန်ခေတ်ကာလမတိုင်မီ) ဟုပြောင်းသွားသည်။ အချို့က ထိုလုပ်ရပ်သည် ဘုရားရှင်အား လောကမှပယ်လိုက်ခြင်း၏…
ကောင်းကင်ဘုံ၌ ပြန်လည်ပေါင်းစည်းတွေ့ဆုံပွဲ
ကျွန်မမိခင်၏နာရေးကြော်ငြာ ရေးနေစဥ် ‘ကွယ်လွန်သည်’ ဟူသည့်စကားစုက ကောင်းကင်ဘုံ၌ ပြန်လည်ဆုံစည်းရမည်ဟူသည့် ကတိတော်အပေါ် ကျွန်မ၏ မျှော်လင့်ခြင်းအတွက် အဆုံးသတ်စကားလုံး ဖြစ်ပုံပေါ်သည်ဟု ခံစားရသည်။ ထိုကြောင့် “သူမသည် သခင်ယေရှု၏ရင်ခွင်တော်သို့ ကြိုဆိုပွေ့ဖက်ခြင်းခံရသည်” ဟု ရေးခဲ့သည်။ သို့သော် တစ်လောက ရိုက်ထားသည့် ကျွန်မ၏မိခင် မပါဝင်သောမိသားစုဓာတ်ပုံများ ပြန်ကြည့်မိသည့်နေ့က ကျွန်မစိတ်မကောင်းဖြစ်မိသေးသည်။ မကြာမီက ကွယ်လွန်သွားပြီဖြစ်သည့် မိသားစုဝင်များကို မိသားစုပုံတူပန်းချီကားတွင် ထည့်သွင်းရေးဆွဲသည့် ပန်းချီဆရာကို ကျွန်မတွေ့ခဲ့သည်။ ထိုပန်းချီဆရာသည် ကျွန်မတို့အရင် ကွယ်လွန်သွားကြသည့် ကျွန်မတို့ချစ်ခင်ရသူတို့၏ဓာတ်ပုံကို ကြည့်ပြီး မိသားစုပန်းချီကားတွင် သူတို့အား ထည့်သွင်းရေးဆွဲသည်။ စုတ်တံတစ်ခု၏ စုတ်ချက်များအားဖြင့် ထိုပန်းချီပညာရှင်သည် ကောင်းကင်ဘုံ၌ ပြန်လည်ပေါင်းစည်းတွေ့ဆုံရမည့် ဘုရားသခင်၏ကတိတော်ကို ပြသသည်။ ကျွန်မ၏ နံဘေး၌ ကျွန်မ၏မိခင်ပြုံးလျက်ရှိနေပုံကို ပြန်လည်တွေ့မြင်ရမည်ဟူသည့်အတွေးကြောင့် ကျေးဇူးတင်စိတ်ဖြင့် ကျွန်မမျက်ရည်ကျခဲ့ပါသည်။
အခြားသူတို့ ဝမ်းနည်းသကဲ့သို့ ကျွန်မတို့ဝမ်းနည်းစရာ မလိုကြောင်း (၁ သက် ၄:၁၃)၊…
အိမ်တစ်အိမ်တည်ဆောက်ခြင်း
၁၈၈၉ ခုနှစ်တွင် ရည်မှန်းချက်အကြီးမားဆုံး ပုဂ္ဂလိကအိမ်ယာဆောက်လုပ်ရေးစီမံကိန်းကို အမေရိကန်ပြည်ထောင်စု၌ အစပြုခဲ့ပြီး လုပ်ငန်းခွင်၌ တစ်နေ့လျှင် အုတ်အချပ် ၃၂,၀၀၀ ခန့် ထုတ်လုပ်ခဲ့သည်။ ထိုစီမံကိန်းမှာ George Vanderbilt II (ဂျော့ဗန်ဒါဗေ့လ်ထ်-၂) ဖြစ်ပြီး “နွေရာသီစံအိမ်” ဆောက်လုပ်ပြီးစီးသည်အထိ (၆) နှစ် ကြာခဲ့သည်။ စီမံကိန်း၏ရလဒ်အနေဖြင့် မြောက်ကယ်ရိုလိုင်းနားပြည်နယ် အက်ရှ်ဗီးလ်မြို့တွင် Biltmore (ဘီလ်မို)အိမ်ယာ ပေါ်ပေါက်လာခဲ့သည်။ ထိုအိမ်ယာတွင် အခန်းပေါင်း (၂၅၀) (အိပ်ခန်း ၃၅ ခန်း နှင့် ရေချိုးခန်း ၄၃ ခန်း) ပါရှိပြီး၊ အံ့သြဖွယ် ကြမ်းပြင်ဧရိယာ ၁၇၈,၉၂၆ စတုရန်းပေဖြင့် အမေရိကန်နိုင်ငံ၏ အကြီးဆုံးပုဂ္ဂလိကအိမ်ယာအဖြစ် ဆက်လက်တည်ရှိနေဆဲဖြစ်သည်။
ရည်မှန်းချက်ကြီးမားသော ထိုစီမံကိန်းမှာ ရှင်မဿဲခရစ်ဝင် ၁၆ တွင် တပည့်တော်များအား သခင်ယေရှုကြေညာမြွက်ဆိုခဲ့သည့် “တည်ဆောက်ခြင်းဆိုင်ရာ” ရည်မှန်းချက်များနှင့် နှိုင်းယှဥ်လျှင် ဘာမှမဟုတ်ပေ။ သခင်ယေရှုသည် “ခရစ်တော်တည်းဟူသော…
ခိုလှုံရာကို ရှာတွေ့ခြင်း
ကျွန်ုပ်တို့ဇနီးမောင်နှံသည် နံရံထူပြီး မှန်ပြတင်းပေါက်ကြီးများနှင့် ဆောက်ထားသည့် ချစ်စရာ ကမ်းခြေဟိုတယ်အိုကြီးတစ်ခုတွင် တည်းခိုခဲ့ဖူးသည်။ တစ်ခုသောနေ့လည်ခင်း၌ ထိုဒေသသို့ မုန်တိုင်းဝင်ရောက်ခဲ့ပြီး ပင်လယ်လှိုင်းများအလိပ်လိပ်ထကာ စိတ်ဆိုးမာန်ဆိုးဖြင့် တံခါးကိုထုရိုက်သကဲ့သို့ ကျွန်ုပ်တို့အခန်း၏ပြတင်းကို ရိုက်ခတ်ခဲ့သည်။ သို့ရာတွင် ကျွန်ုပ်တို့မှာ တည်တည်ငြိမ်ငြိမ်ပင်ရှိခဲ့သည်။ အခန်းနံရံများမှာ အလွန်ခိုင်ခံ့ပြီး ဟိုတယ်၏အုတ်မြစ်များမှာလည်း ခိုင်ခံ့မာကြောလှသည်။ အပြင်ဘက်တွင် မုန်တိုင်းထန်စဥ် ကျွန်ုပ်တို့အခန်းမှာ လုံခြုံသောခိုလှုံရာဖြစ်ခဲ့သည်။
သမ္မာကျမ်းစာတွင် ခိုလှုံရာသည် အရေးပါသည့်အကြောင်းအရာဖြစ်ပြီး ဘုရားသခင်ကိုယ်တော်တိုင်အားဖြင့် အစပြုသည်။ “ကိုယ်တော်သည် ဆင်းရဲသောသူတို့ ခိုလှုံရာ၊ ငတ်မွတ်သောသူအမှုရောက်သည်ကာလ၌ ခိုလှုံရာ ... မိုးသက်မုန်တိုင်းလွတ်ရာ ... ဖြစ်တော်မူ၏” (ဟေရှာ ၂၅:၄)ဟု ဟေရှာယပြောခဲ့သည်။ ထိုအပြင် ဣသရေလတို့၏ရှေးခိုလှုံရာမြို့များ (တော ၃၅:၆) မှတစ်ဆင့်၊ အကူအညီလိုအပ်နေသည့် “ဧည့်သည်အာဂန္တု”တို့အား ဧည့်ဝတ်ပြုခြင်းအားဖြင့် (တရား ၁၀:၁၉) ဘုရားသခင်၏လူတို့သည် ခိုလှုံရာနေရာ ပံ့ပိုးပေးရန်လည်း တာဝန်ရှိသည်။ ယနေ့ ကမ္ဘာတွင် လူသားချင်းစာနာမှုဆိုင်ရာ…
နံရံရှိ အပေါက်တစ်ပေါက်
တစ်စုံတစ်ရာက ကျွန်မ၏ပန်းများကို ကိုက်စားနေပါပြီ။ ထိုသို့ ကိုက်စားခြင်း မခံရမီ ပန်းပွင့်များသည် ဦးမော့ကာ မော်ကြွား ပွင့်လန်းနေခဲ့သည်။ ယခုမူ အပွင့်မဲ့ ရိုးတံများအဖြစ်သာ ကျန်ခဲ့သည်။ ကျွန်မ၏ခြံဝင်းပတ်လည်တွင် လိုက်ရှာကြည့်ရာ ယုန်ဝင်ပေါက်တစ်ခုကို သစ်သားခြံစည်းရိုး၌ တွေ့ရှိခဲ့သည်။ ယုန်လေးများသည် ချစ်စရာကောင်းသော်လည်း ထိုအနှောင့်အယှက်ပေးနိုင်သည့် တိရိစ္ဆာန်လေးများသည် မိနစ်ပိုင်းအတွင်း ပန်းခြံတစ်ခုလုံးကို ကုန်သွားစေနိုင်ပါသည်။
ကျွန်မ၏အသက်တာ၌လည်း ဘုရားသခင်၏စရိုက်လက္ခဏာပန်းများ မပွင့်နိုင်အောင် ဖျက်ဆီးနိုင်သည့် “ကျူးကျော်သူများ” ရှိနေပြီလားဟု ဆင်ခြင်မိသည်။ “ကိုယ်စိတ်ကို မချုပ်တည်းနိုင်သောသူသည် မြို့ရိုးပြိုပျက်၍ ဟင်းလင်းရှိသောမြို့နှင့် တူ၏”ဟု သုတ္တံကျမ်း ၁၅:၂၈ က ဆိုသည်။ ရှေးခေတ်ကာလများတွင် မြို့ရိုးသည် ကျူးကျော်သူတို့ရန်မှ မြို့ကိုကာကွယ်ပေးသည်။ မြို့ရိုးရှိ သေးငယ်သောအပေါက်တစ်ပေါက်ပင်လျှင် တစ်မြို့လုံးအတိုက်ခံရနိုင်သည့် အားနည်းချက်ဖြစ်နိုင်သည်။
သုတ္တံကျမ်းအခန်းကြီးများစွာတွင် မိမိကိုယ်ကိုယ် ထိန်းချုပ်ခြင်းအကြောင်း ဖော်ပြထားသည်။ “ပျားရည်ကိုတွေ့သလော။ ဝရုံသာစားတော့” ဟု သုတ္တံဆရာက ဆိုသည် (၂၅:၁၆)။…
Lego (လီဂို)ပလပ်စတစ်တုံး သင်ခန်းစာများ
ခန့်မှန်းခြေအားဖြင့် ကမ္ဘာပေါ်ရှိလူတစ်ဦးချင်းဆီသို့ တစ်နှစ်လျှင် ‘Lego’ လီဂို ပလပ်စတစ်တုံး (၁၀) တုံးရောင်းရရာ၊ ပလတ်စတစ်တုံးလေးများ စုစုပေါင်း (၇၅) ဘီလီယံကျော်မျှဖြစ်သည်။ သို့သော်လည်း ဒိန်းမတ်နိုင်ငံသား အရုပ်လုပ်သူ Ole Kirk Christiansen (အိုလ်ခါ့ခရစ်တရန်စန်)၏ ကြံ့ကြံ့ခံမှုကြောင့်သာ မဟုတ်လျှင် ကစားစရာလီဂိုတုံး တစ်ခုမျှ ရှိမည်မဟုတ်ပေ။
‘ကောင်းကောင်းကစားပါ’ ဟုအဓိပ္ပာယ်ရသော ‘Leg Godt’ (လက်ဂေါ့)အား မဖန်တီးမီ သူသည် ဆယ်စုနှစ်များကြာအောင် ဒိန်းမတ်နိုင်ငံ၊ ဘေလ်လန်မြို့တွင် ပင်ပန်းစွာ အလုပ်လုပ်ခဲ့ရသည်။ သူ့အလုပ်ရုံမှာ (၂) ကြိမ် မီးလောင်ခံရပြီး သူလည်း ဒေဝါလီခံခဲ့ရသည်။ ကမ္ဘာစစ်ကြီးအတွင်း ပစ္စည်းပြတ်လပ်မှုကို သူကြံ့ကြံ့ခံခဲ့သည်။ နောက်ဆုံးတွင် ၁၉၄၀ ပြည့်နှစ်များနောက်ပိုင်း၌ ချိတ်ဆက်ကစားရသော ပလတ်စတစ်တုံးများကို ဖန်တီးရန်အကြံ ပေါ်လာခဲ့သည်။ အိုလ်ခါ့ ကွယ်လွန်သည့် ၁၉၅၈ ခုနှစ်တွင်မူ လီဂို သည် ကမ္ဘာကျော် ဖြစ်လာတော့မည့်ဆဲဆဲဖြစ်သည်။…
ပြန်လည်ရှာဖွေတွေ့ရှိခြင်း
၁၉၇၀ ပြည့်နှစ်က ကားကုမ္ပဏီတစ်ခု၏ အုပ်ချုပ်ရေးအရာရှိတစ်ဦးသည် ဒိန်းမတ်နိုင်ငံသို့ သွားလည်ပတ်စဥ် ဒေသခံတစ်ဦးထံ၌ ၁၉၃၉ ခုနှစ်ထုတ် ‘Buick Dual Cowl Phaeton’ (ဗျူးဝစ်ဂျူဝယ်ခေါင်းဖေထန်) ကားတစ်စီး ရှိကြောင်း သိခဲ့ရသည်။ ဤကားသည် စက်ရုံထုတ် မဟုတ်သောကြောင့် ရှားပါးသည့် တစ်မူထူးသောကားဖြစ်သည်။ ဤသို့တွေ့ရှိ၍ ပျော်ရွှင်သွားသော အရာရှိသည် ထိုကားကိုဝယ်လိုက်ကာ သူ့အချိန်နှင့်ငွေကြေးကို စိုက်ထုတ်၍ ပြုပြင်မွမ်းမံခဲ့သည်။ ယခုအချိန်တွင် ထိုတစ်မူထူးသောကားသည် ကမ္ဘာကျော် ဂန္တဝင်ကားများစုဆောင်းမှုတွင် ထင်ရှားသောကားဖြစ်သည်။
ဝှက်ထားေသော ရတနာများသည် ပုံသဏ္ဌာန်အမျိုးမျိုး ရှိနေနိုင်ပြီး ရာဇဝင်ချုပ် ဒုတိယစောင်၌ ပျောက်ဆုံးနေသည့် အခြားရတနာတစ်ခုကို ရှာေတွေ့သည့်အကြောင်း တွေ့ရသည်။ ယုဒရှင်ဘုရင် ယောရှိမင်းသည် နန်းသက် (၁၈) နှစ်ခန့်တွင် ယေရုရှလင်မြို့ရှိ ဗိမာန်တော်ကို စတင်ပြုပြင်ခဲ့သည်။ ထိုသို့ပြုပြင်စဥ် ယဇ်ပုရောဟိတ် ဟိလခိသည် “ထာဝရဘုရား၏ပညတ္တိကျမ်းစာစောင်”ကို တွေ့ရှိ ခဲ့သည် (၆ ရာ…