အမျိုးအစား  |  odb

ခရီးသွားခြင်းကရုဏာ

အမေရိကန်ပြည်ထောင်စု အနောက်တောင်ဘက် အရီဇိုးနားပြည်နယ်ရှိ ဖုန်ထူသောမြို့ဖြစ်သည့် ‘Why’ (အဘယ့်ကြောင့်)မှ ခရီးစတင်သည်ဆိုကြပါစို့။ တောလမ်းခရီးကြမ်းကိုဖြတ်ပြီး တက္ကဆက် ပြည်နယ်ရှိ ‘Uncertain’ (မရေရာသော)မြို့သို့ ရောက်ရှိလိမ့်မည်။ ထို့နောက် အရှေ့မြောက်ဘက်သို့ ခရီးဆက်ပါက တဲနဆီပြည်နယ် ‘Dismal’ (စိတ်ပျက်စေသော)မြို့တွင် တစ်ထောက်နားရမည်။ နောက်ဆုံးတွင် ပန်းတိုင်လမ်းဆုံး ပင်ဆာဗေးနီးယားပြည်နယ် ‘Panic’ (ထိတ်လန့်စေသော)မြို့သို့ ရောက်ရှိမည်ဖြစ်သည်။ ၎င်းသည် အမေရိကရေမြေ၌ အမှန်တည်ရှိသည့်မြို့များဖြစ်ပြီး ထိုခရီးစဉ်ကိုသွားရန် သင့်အနေဖြင့် ရွေးချယ်မည် မဟုတ်ပါ။

တစ်ခါတစ်ရံ ဘဝခရီးက ထိုအတိုင်းပင်။ ဘဝလောကဓံ၏ ခက်ခဲမှုကို ကန္တာရတွင် ဣသရေလလူမျိုးတို့ရင်ဆိုင်ခဲ့ရသည့် ကြမ်းတမ်းသောဘဝနှင့် ကျွန်ုပ်တို့ အလွယ်တကူ ကိုယ်ချင်းစာနိုင်သည် (တရား ၂:၇)။ သို့ရာတွင် အခြားတူညီချက်များကိုရော မြင်ပါသလား။ ကျွန်ုပ်တို့သည် ဘုရားသခင်၏လမ်းမှ သွေဖယ်ကာ ကိုယ်ပိုင်လမ်းကို ဖန်တီးကြသည် (၁:၄၂-၄၃)။ လိုအပ်ချက်များ ဖြည့်ဆည်းပေးပုံနှင့်စပ်လျဥ်း ၍ ဣသရေလလူမျိုးတို့နည်းတူ မကြာခဏ…

ချစ်ခြင်းမေတ္တာမရှိလျှင် အသုံးမဝင်

ကျွန်မမှာယူထားသည့် စားပွဲခုံအစိတ်အပိုင်းများကို ဘူးထဲမှ ထုတ်ကာ ရှေ့တွင် ချထားပြီးနောက် တစ်ခုခုလိုနေသည်ကို သတိပြုမိသည်။ စားပွဲအတွက် လှပသောအပေါ်ပိုင်းနှင့် အခြားအစိတ်အပိုင်းများကို ထည့်သွင်းပေးပို့ထားသော်လည်း ခြေထောက်တစ်ဖက် ပျောက်ဆုံးနေပါသည်။ ခြေထောက်များအကုန်မပါလျှင် စားပွဲကို တပ်ဆင်၍မရသလို အသုံးလည်း မဝင်ပါ။

အရေးကြီးသောအစိတ်အပိုင်းတစ်ခု ပျောက်ဆုံးသည့်အခါ အသုံးမဝင်ဖြစ်သည်မှာ စားပွဲတစ်ခုတည်း မဟုတ်ပါ။ ကောရိန္သုသြဝါဒစာပထမစောင်တွင် ရှင်ပေါလုက စာဖတ်သူများအား မရှိမဖြစ်လိုအပ်သောအစိတ်အပိုင်းတစ်ခု ပျောက်ဆုံးနေကြောင်း သတိပေးခဲ့သည်။ ယုံကြည်သူများသည် ဝိညာဉ်ဆုကျေးဇူးများစွာကို ပိုင်ဆိုင်ထားသော်လည်း မေတ္တာမရှိ၊ မေတ္တာလိုနေသည်။

ထိုအချက်ကို အလေးပေးဖော်ပြရန် အကျယ်ချဲ့တင်စားသော စကားလုံးများကို ရှင်ပေါလုအသုံးပြုခဲ့သည်။ အသိပညာ‘အမျိုးမျိုး’ တတ်သော်လည်း၊ ပိုင်ဆိုင်သည့်စည်းစိမ်‘အားလုံး’ကို စွန့်လွှတ်သော်လည်း၊ ဆင်းရဲဒုက္ခခံယူရန် စေတနာစိတ် ရှိကြသော်လည်း၊ အခြေခံအုတ်မြစ်ဖြစ်သည့် မေတ္တာတရားမရှိပါက သူတို့၏လုပ်ရပ်များသည် အချည်းနှီးသာဖြစ်မည်ဟု သူ့သြဝါဒစာကို ဖတ်ရှုသူများထံ ရှင်ပေါလုရေးသားခဲ့သည် (၁ ကော ၁၃:၁-၃)။ အစဥ် ကာကွယ်ပေးသော၊ ယုံကြည်သော၊…

အိမ်ထောင်မိသားစုတစ်ခုလုံး

ထောင်သားဝတ်စုံအစင်းကျားကို ဝတ်ကာ စိုထိုင်းသော ထောင်အားကစားရုံကို ဖြတ်လျှောက်လာပြီး ဂျိမ်းသည် ယာယီရေကန်ထဲသို့ ခုန်ဆင်းခဲ့သည်။ ထိုရေကန်ထဲတွင် ထောင်သင်းအုပ်ဆရာက သူ့အား ဗတ္တိဇံမင်္ဂလာပေးခဲ့သည်။ ထောင်ကျနေသည့် သူ့သမီး ဘရစ်တနီသည်လည်း ထိုရေ၌ပင် ထိုနေ့က ဗတ္တိဇံမင်္ဂလာကို ခံယူခဲ့သည်ကို သူကြားသောအခါ ဂျိမ်း၏ဝမ်းမြောက်ခြင်း ဆပွားတိုးလာသည်။ အဖြစ်အပျက်ကို ဇာတ်ရည်လည်‌ေသောအခါ ဝန်ထမ်းများပင်လျှင် ခံစားရသည်။ “အားလုံးငိုကြရတယ်” ဟု ထောင်သင်းအုပ်က ပြောပြသည်။ နှစ်ပေါင်းများစွာ ထောင်မှထွက်လိုက်ဝင်လိုက်နှင့် ဘရစ်တနီတို့သားအဖနှစ်ဦးစလုံးသည် ဘုရားသခင်၏ခွင့်လွှတ်မှုကို လိုလားခဲ့ပြီး၊ သူတို့နှစ်ဦးစလုံးကို ဘုရားသခင်က အသက်တာသစ်ပေးခဲ့သည်။

သမ္မာကျမ်းစာ၌ အကျဥ်းထောင်နှင့်ပတ်သက်သည့် နောက်အဖြစ်အပျက်တစ်ခုကို ဖော်ပြထားသည်။ ၎င်းတွင် ရှင်ယေရှု၏မေတ္တာဖြင့် ထောင်မှူးနှင့် သူ၏တစ်အိမ်သားလုံးကို ပြောင်းလဲစေခဲ့သည်။ “ပြင်းထန်သော မြေငလျှင်လှုပ်” ခြင်းကြောင့် “ထောင်တံခါးများ ပွင့်ကုန်ကြသည်”၊ ရှင်ပေါလုနှင့်သိလသည် ထွက်မပြေးဘဲ အကျဥ်းခန်းအတွင်း၌ပင် ကျန်ရစ်နေသည် (တ ၁၆:၂၆-၂၈)။ သူတို့ထွက်မပြေးသဖြင့် ထောင်မှူးသည်…

ယုံကြည်ခြင်းအားကို ပြသခြင်း

တိရိစ္ဆာန်ရုံသို့ သွားလည်စဥ်တွင် ခေတ္တနားရန် sloth (စလော့)ဟုခေါ်သည့် အမေရိက ဝက်ဝံပြခန်းအနီးတွင် ကျွန်မရပ်လိုက်သည်။ ဝက်ဝံက ဇောက်ထိုးတွဲ‌လောင်းခိုနေပြီး တည်ငြိမ်စွာနေရသည်ကို ကျေနပ်နေပုံရသည်။ ကျွန်မသက်ပြင်းချမိသည်။ မိမိကျန်းမာရေးကြောင့် ငြိမ်ငြိမ်နေရန် ကျွန်မကြိုးစားနေရပြီး မည်သည့်အရာဖြစ်ဖြစ် တစ်ခုခုကိုလုပ်ရန် အသည်းအသန် ရှေ့တိုးချင်မိသည်။ စိတ်သွားတိုင်း ကိုယ်မပါဖြစ်နေမှုကို မကျေမနပ်ဖြစ်လျက် အားနည်းသည်ဟုခံစားရချက်ကို ရပ်တန့်ပစ်ချင်ပါသည်။ ဝက်ဝံကို ငေးကြည့်နေစဥ် ၎င်းသည် လက်မောင်းတစ်ဘက်ကိုဆန့်ကာ အနီးအနားရှိ သစ်ကိုင်းကိုဖမ်းဆုပ်လိုက်ပြီး နောက်ထပ် ငြိမ်ငြိမ်လေးနေနေပြန်သည်။ ငြိမ်ငြိမ်လေးနေနိုင်ရန် ခွန်အားလိုအပ်သည်။ အကယ်၍ ကျွန်မသည် ဖြည်းဖြည်းလေးရွှေ့ခြင်း (သို့) ဝက်ဝံကဲ့သို့ ငြိမ်ငြိမ်လေးနေခြင်းကို နှစ်သက်ပါက အံ့မခန်းကြွက်သားအစွမ်းကို ထို့ထက်ပို၍ လိုအပ်မည်ဖြစ်သည်။ ဘဝ၏စိတ်ပျက်ဖွယ်အချိန်တိုင်းတွင် ဘုရားသခင်ကိုယုံကြည်ရန် ကျွန်မ၌ သဘာဝလွန်စွမ်းအား လိုအပ်သည်။

ဆာလံကျမ်း ၄၆ တွင် ဆာလံဆရာက ဘုရားသခင်သည် ကျွန်မတို့ကို ခွန်အားပေးသည်သာမက ကျွန်မတို့၏ခွန်အား(ခိုလှုံရာ) လည်းဖြစ်ကြောင်း ဖော်ပြထားသည်…

သခင်ယေရှုမည်သူနည်း

သခင်ယေရှု မည်သူဖြစ်သည်ဟု လူတို့ယုံကြည်ကြသနည်း။ အချို့က သူသည်ဆရာကောင်းတစ်ဦး၊ သို့သော် လူသားမျှသာဖြစ်သည်ဟု ပြောကြသည်။ စာရေး ဆရာ C. S. Lewis (စီအက်စ်လူးဝစ်)က ‘Mere Christianity’ (ခရစ်ယာန်ဘာသာ မျှသာ) စာအုပ်တွင် “ဤသူသည် ဘုရားသားတော် (သို့) သူရူး၊ ထို့ထက်ဆိုးသောသူ မည်သူပင်ဖြစ်ဖြစ်၊ သူ့အား အရူးဖြစ်သည်ဟုဆိုကာ တိတ်တိတ်နေခိုင်းနိုင်သည်။ နတ်ဆိုးတစ်ဦးပဲ ဟုဆိုကာ သူ့ကို တံတွေးထွေးကာ သတ်ပစ်နိုင်သည်။ သို့မဟုတ် သူ့ခြေရင်းတွင် ပျက်ဝပ်ကာ အရှင်၊ သခင်ဘုရားဟု သင်ခေါ်နိုင်သည်။ သို့သော် သူသည် ကြီးမြတ်သော လူသားဆရာတစ်ပါးဟု သူ၏ဖြစ်တည်မှုနှင့်ပတ်သက်၍ အဓိပ္ပာယ်မရှိသော အထက်စီးလေသံဖြင့် သူ့ထံသို့ တိုးဝင်ခြင်းမပြုပါနှင့်” ဟု ရေးသားခဲ့သည်။ ဤထင်ရှားသော စကားများသည် အကယ်၍ သခင်ယေရှုက သူသည် ဘုရားသခင်ဖြစ်သည်ဟု မဟုတ်မမှန်ဘဲ ကြွေးကြော်ခဲ့ပါက သူသည် ကြီးမြတ်သော…

သွန်သင်မှုကို ခံယူသောစိတ်ထား

အခြားသူ၏ထင်မြင်ချက်ကိုသာမက ထိုထင်မြင်ချက်ကိုကိုင်စွဲသူများကိုပါ တိုက်ခိုက် ခြင်းသည် “ပုံမှန်”ကဲ့သို့ ဖြစ်လာခြင်းက ဝမ်းနည်းဖွယ်ဖြစ်သည်။ ပညာရေးလောကတွင်လည်း အလားတူ မှန်ကန်နေသည်။ ထို့ကြောင့် ကျမ်းပညာရှင်နှင့် ဓမ္မပညာရှင် Richard B. Hays (ရစ်ချတ်ဘီဟေး)က အစောပိုင်းနှစ်များတွင် သူရေးသားခဲ့သော စာတမ်းတစ်စောင်ကို အားရပါးရဝေဖန်ကာ ပြန်လည်ရေးသားခဲ့သောအခါ ကျွန်ုပ်အံ့ဩခဲ့ရသည်။ ‘Reading with the Grain of Scripture’ (နှုတ်ကပတ်တော်တစိုးတစိဖြင့် စာဖတ်ခြင်း) စာအုပ်တွင် ရစ်ချတ်သည် အတိတ်က သူ၏အတွေးအခေါ်ကို ပြုပြင်ခြင်းဖြင့် အလွန်နှိမ့်ချသည့်နှလုံးသားကို သရုပ်ဖော်ပြသခဲ့ပြီး ယခုတွင် တစ်ဘဝလုံး သင်ယူလေ့လာနိုင်ရန် ဘဝကို အနည်းငယ် ချိန်ညှိခဲ့သည်။

ရှောလမုန်သည် တ္တံကျမ်းကို စတင်မိတ်ဆက်သည့်အခါ ရည်ရွယ်ချက်မျိုးစုံနှင့် ပညာရှိအဆိုများကို စုဆောင်းစာရင်းပြုစုထားသည်။ ဤရည်ရွယ်ချက်များအလယ်တွင် “ပညာရှိသောသူသည် နားထောင်သဖြင့် ပညာအတတ်တိုးပွားရလိမ့်မည်။ ဉာဏ်ကောင်းသောသူသည် သုတ္တံစကား အနက်အဓိပ္ပာယ်ကိုလည်းကောင်း၊ ပညာရှိဟောပြော၍ နက်နဲသောစကားတို့ကိုလည်းကောင်း၊ နားလည်သော…

လွတ်လပ်မှု အစစ်အမှန်

ရထားပေါ်တွင် စာဖတ်ရင်း မေလင်းသည် စာမျက်နှာဘေးနေရာလွတ်၌ မှတ်စုတိုများ ရေးမှတ်လျက် စာကြောင်းများကို ရောင်စုံမင်ဖြင့် မျဥ်းသားနေသည်။ သို့သော် အနီးတွင်ထိုင်နေသည့် သားအမိနှစ်ဦးတို့၏ အပြန်အလှန်စကားကြောင့် သူမ၏ အပြုအမူကို ရပ်လိုက်သည်။ စာကြည့်တိုက်မှ ငှားလာသောစာအုပ်တွင် ကလေးငယ်က တောင်ခြစ်မြောက်ခြစ် လုပ်နေသဖြင့် မိခင်ဖြစ်သူက ပဲ့ပြင်သွန်သင်နေခြင်းပါ။ မေလင်းသည် သူ၏ရောင်စုံမင်ကို အလျင်အမြန် သိမ်းလိုက်သည်။ လမ်းလျှောက်တတ်စ ကလေးငယ်က သူလုပ်သလိုလိုက်လုပ်ကာ မိခင်၏စကားကို နားမထောင်တော့မည်ကို မေလင်းမလိုလားပေ။ ကလေးငယ်သည် ငှားလာသောစာအုပ်ကို ဖျက်ဆီးခြင်းနှင့် မိမိပိုင်သောစာအုပ်တွင် မှတ်စုရေးခြင်းတို့၏ ခြားနားမှုကို နားလည်မည်မဟုတ်ကြောင်း သူမသဘောပေါက်သည်။

မေလင်း၏အပြုအမူသည် ကောရိန္သုသြဝါဒစာပထမစောင် ၁၀:၂၃-၂၄ မှ ရှင်ပေါလု၏ဖော်ပြထားချက်ကို သတိရစေသည်။ “ငါသည် အပြစ်မသင့်ဘဲ ခပ်သိမ်းသောအမှုအရာကို ပြုနိုင်သည်မှန်စေတော့။ ခပ်သိမ်းသောအမှုအရာကို ပြုသင့်သည်မဟုတ်။ အပြစ်မသင့်ပဲ ခပ်သိမ်းသောအမှုအရာကို ပြုနိုင်သည်မှန်စေတော့။ ခပ်သိမ်းသောအမှုအရာတို့သည် သူတစ်ပါးကို တည်ဆောက်တတ်သည်မဟုတ်။ ကိုယ်အကျိုးကို…

အချင်းချင်းကို အနီးကပ်ကြည့်ရှုစောင်မပါ

အသက် (၇၇)နှစ်အရွယ် အချိန်ပိုင်းအစားထိုးစာသင်ပေးသည့် ဆရာဂျိုစီသည် နှစ်ပေါင်း (၈၀)မျှ ကားထဲ၌ နေထိုင်ခဲ့သူဖြစ်သည်။ ညစဥ်ညတိုင်းတွင် သူ၏ ၁၉၉၇ ထုတ် Ford (ဖို့ဒ်) ကားလေးထဲမှ ဘက်ထရီကို ပုံမှန် စစ်ဆေးသည်။ ထိုဘက်ထရီဖြင့် ကွန်ပြူတာကိုအားသွင်းကာ ညနေပိုင်းအလုပ်ကို လုပ်သည်။ အိမ်ငှားမည့်ငွေကို သူ့ထက်ပို၍လိုအပ်သည့် မက်ဆီကိုနိုင်ငံရှိ သူ့မိသားစုထံသို့ ပေးပို့ခဲ့သည်။ နေ့စဥ်နံနက်စောစောတွင် ကားထဲ၌ ဟိုဟိုဒီဒီ လုပ်နေသည့် ဆရာဂျိုစီကို ကျောင်းသားဟောင်းတစ်ဦးက တွေ့မြင်ခဲ့ပြီး၊ “ကျွန်တော် တစ်ခုခုလုပ်ဖို့ လိုနေပြီလို့ ခံစားခဲ့ရတယ်”ဟု ဆိုကာ ဆရာ့အတွက် ရံပုံငွေကောက်ခံခဲ့သည်။ ရက်သတ္တပတ်အတန်ကြာတွင် ကောက်ခံရရှိသောငွေကို ဆရာဂျိုစီထံပေးအပ်ပြီး အိမ်ငှားနေရန်ကူညီပေးခဲ့သည်။

သမ္မာကျမ်းစာမှ တစ်ဦးနှင့်တစ်ဦးဂရုစိုက်လျက် စောင်မကြည့်ရှုရန် ကျွန်ုပ်တို့ကို အထပ်ထပ်ညွှန်ကြားထားသော်လည်း၊ တစ်ခါတစ်ရံတွင် မိမိ၏သောက ပူပန်စရာများထက်ကျော်ပြီး ကြည့်ရန်ခက်ခဲပါသည်။ ပရောဖက်ဇာခရိက ဣသရေလလူမျိုးတို့အား ၎င်းတို့သည် ဘုရားသခင်ကိုကိုးကွယ်ပြီး အခြားသူများအား အစေခံမည့်အစား…

စိတ်ကူးယဥ်မျှော်လင့်သူတို့အဖွဲ့

မလန်နီနှင့် ထရေဗာသူငယ်ချင်းနှစ်ဦးတို့ တောင်တက်လမ်းကြောင်းအတိုင်း မိုင်ပေါင်းများစွာ ခြေလျင်ခရီးနှင်ခဲ့ကြသည်။ သူတို့နှစ်ဦးသည် တစ်ဦးကိုတစ်ဦး လိုအပ်ကြသည်။ မလန်နီသည် မွေးရာပါကျောရိုးအက်ပြီး ဘီးတပ်ကုလားထိုင်ကို အသုံးပြုရသူ၊ ထရေဗာကမူ မျက်စိအာရုံကြောရောဂါကြောင့် မျက်မမြင်တစ်ဦးဖြစ်သည်။ တောင်တက်ရာတွင် ထရေဗာက မလန်နီကို ကျောပိုးပြီး၊ မလန်နီက သူ့ကို နှုတ်ဖြင့် လမ်းညွှန်သည်။ အမေရိကန်နိုင်ငံ၊ ကော်လိုရာဒို တောတောင်သဘာဝကို ခံစားရရန်အတွက် ၎င်းတို့သည် အကောင်းဆုံးသော တွဲဘက်များဖြစ်ကြောင်း သိကြသည်။ သူတို့ကိုယ်သူတို့ “စိတ်ကူးယဥ်မျှော်လင့်သူတို့အဖွဲ့” ဟု ဖော်ပြကြသည်။

ထိုနည်းတူ ရှင်ပေါလုက ခရစ်တော်၏ကိုယ်ဖြစ်သော သခင်ယေရှုကိုယုံကြည်သူများအား “စိတ်ကူးယဥ်မျှော်လင့်သူတို့အဖွဲ့” ဟူ၍ ဖော်ပြထားသည်။ ရောမအသင်းသားတို့အား ၎င်းတို့တစ်ဦးချင်းစီ ရရှိထားသောဆုကျေးဇူး ကောင်းချီးများသည် ပိုမိုကြီးမားသောအစုအဖွဲ့တွင် မည်မျှအကျိုးကျေးဇူးဖြစ်စေသည်ကို သိမှတ်ရန် ရှင်ပေါလု တိုက်တွန်းနှိုးဆော်ထားသည်။ ကျွန်ုပ်တို့၏ခန္ဓာကိုယ်တွင် မတူညီသော တာဝန်များထမ်းဆောင်သည့် အင်္ဂါအစိတ်အပိုင်းများစွာဖြင့် ဖွဲ့စည်းထားသကဲ့သို့ ကျွန်ုပ်တို့အတူတကွ ပေါင်းစည်းခြင်းအားဖြင့် (ဝိညာဥ်ရေးဆိုင်ရာ)ခန္ဓာတစ်ခုဖြစ်လာပြီး၊ မိမိ၌ရှိသည့်ဆုကျေးဇူးအသီးသီးဖြင့်…

ချစ်ကြောင်းပြောသောအစားအစာ

​ကျွန်မသွားရောက်ခဲ့သည့် မွေးနေ့ပွဲတွင် အိမ်ရှင်မက အိမ်အပြင်အဆင်၊ လက်ဆောင်များ၊ အကောင်းဆုံးအစားအစာ၌ “သူ့အကြိုက်” ဆိုသည့်အချက်လေး ပေါ်လွင်နေအောင် ဖန်တီးစီစဥ်ထားသည်။ မွေးနေ့ရှင်ကလေးမလေးက အမဲသားကင်နှင့်အရွက်သုပ်၊ အဖြူရောင်ချောကလက်နှင့်ရတ်စ်ဘယ်ရီသီး ကိတ်မုန့်ကို ကြိုက် နှစ်သက်သဖြင့်၊ မိခင်က အမဲသားကင်နှင့်ဟင်းနုနယ်ကို ပြင်ဆင်ထားပြီး အကြိုက်ဆုံးကိတ်မုန့်ကို မှာပေးထားသည်။ သူ့အကြိုက်ဆုံးအစားအစာများက “သမီးကို ချစ်တယ်” ဟူ၍ အဓိပ္ပာယ် ပေါ်လွင်နေသည်။

သမ္မာကျမ်းစာထဲတွင် ဘုရားသခင်၏ သစ္စာတော်နှင့်ပြည့်စုံခြင်းအတွက် ဂုဏ်ပြုချီးမွမ်းခြင်းနှင့်တွဲပြီး စားသောက်ပွဲများကျင်းပကြသဖြင့် စားသောက်ပွဲကြီးများနှင့် ပွဲတော်များအကြောင်း ဖော်ပြထားသည်။ စားသောက်ပွဲကျင်းပခြင်းသည် ယဇ်ပူဇော်ခြင်းဖြင့် ဝတ်ပြုကိုးကွယ်သော ဣသရေလလူမျိုးတို့၏အလေ့အထ ဖြစ်သည်။ ပသခါပွဲတော်ကို (၇)ရက် (သို့) (၈)ရက် ကျင်းပပြီး၊ လဆန်းပွဲတော်ကို တစ်လတစ်ကြိမ် ကျင်းပသည် (တော ၂၈:၁၁-၃၁)။ ဆာလံကျမ်း ၂၃:၅ တွင် သူ၏ ကရုဏာနှင့်ချစ်ခြင်းမေတ္တာတို့ ပြည့်လျှံသည့် စားကောင်းသောက်ဖွယ် အလျှံပယ်နှင့် စားသောက်ပွဲကို ဘုရားရှင်ပြင်ဆင်ပေးကြောင်း…