အမျိုးအစား  |  odb

ကောင်းသောအလုပ်

ဆယ်ကျော်သက် Charles Spurgeon (ချားလ်စ် စပါဂျင်) သည် ဘုရားသခင်နှင့်နပန်းလုံးခဲ့ရသည်။ အသင်းတော်၌ ဝတ်ပြုပါဝင်လျက် ကြီးပြင်းခဲ့သော်လည်း တရားဒေသနာများက သူ့အတွက် အဓိပ္ပာယ်မရှိ၊ အရေးမပါသောအရာများသာ ဖြစ်သည်။ သူ့အနေဖြင့် ဘုရားရှင်ကိုယုံကြည်ရန် ခက်ခဲနေပြီး သူ့စကားအရ သူသည် “တော်လှန်ပုန်ကန်” ခဲ့သည်။ ညတစ်ည၌ နှင်းမုန်တိုင်းထန်သဖြင့် (၁၆) နှစ်အရွယ် ချားလ်စ် မှာ မက်သဒစ်ဘုရားကျောင်းလေးတစ်ခု၌ သွားရောက်ခိုလှုံခဲ့သည်။ သင်းအုပ်ဆရာ၏ဒေသနာသည် သူတစ်ဦးတည်းအတွက် ရည်ညွှန်းနေသကဲ့သို့ ခံစားခဲ့ရသည်။ ထိုအခိုက်အတန့် နပန်းလုံးပွဲတွင် ဘုရားရှင်အနိုင်ရခဲ့ပြီး ချားလ်စ်သည်လည်း သူ့နှလုံးသားကို ယေရှုခရစ်တော်ထံ ပေးအပ်ခဲ့သည်။

ချားလ်စ် စပါဂျင်က “ခရစ်တော်နဲ့ ကျွန်ုပ်အစမပြုခင်မှာပဲ ခရစ်တော်က ကျွန်ုပ်နဲ့အစပြုခဲ့တယ်” ဟုရေးခဲ့သည်။ ကျွန်ုပ်တို့ ဘုရားရှင်နှင့်အတူလျှောက်လှမ်းမှု ဘဝသည် ကယ်တင်ခြင်းရသည့် အခိုက်အတန့်မှသာ အစပြုခြင်း မဟုတ်ပါ။ ဆာလံဆရာက “ကိုယ်တော်သည် အကျွန်ုပ်၏ကျောက်ကပ်ကိုပင် ဖန်ဆင်း၍၊ အမိဝမ်းထဲမှာ…

အမြော်မြင်ရှိသောအကြုံပြုချက်

ကျွန်မသည် ကျမ်းစာကျောင်းတက်နေရင်း အချိန်ပြည့်အလုပ်ကို လုပ်နေခဲ့သည်။ ထို့ပြင် အသင်းတော်တွင် အမှုတော်ဆောင်တာဝန်ကို အလှည့်ကျယူပြီး အလုပ်သင် အဖြစ်လည်း ပါဝင်ခဲ့သည်။ ကျွန်မအလွန်အလုပ်များခဲ့သည်။ အဖေ ကျွန်မကို လာတွေ့ချိန်တွင် “သမီးကျန်းမာရေးထိခိုက်လိမ့်မယ်” ဟုသတိပေးခဲ့သည်။ အဖေ၏ သတိပေးမှုကို လျစ်လျူရှုပြီး ခေတ်ကွာခြားမှုကြောင့် လူကြီးများသည် ယခုကဲ့သို့ရည်မှန်းချက်ထားပြီး အလုပ်လုပ်ရခြင်းကို နားမလည်နိုင်ကြ ဟူ၍သာ ယူဆခဲ့သည်။

ကျွန်မ၏ကျန်းမာရေး ဆိုးဝါးစွာမထိခိုက်ခဲ့သော်လည်း ပင်ပန်းနွမ်းလျချိန်တွင် စိတ်ဓာတ်ကျအားငယ်ခဲ့ရသည်။ ထိုအချိန်မှစ၍ သတိပေးမှုများကို ကျွန်မနားထောင်ခဲ့ပြီး အထူးသဖြင့် ချစ်ခင်သူများက သတိပေးလာလျှင် ပို၍အလေးထားခဲ့သည်။

ထိုအဖြစ်က မောရှေအကြောင်းကို သတိရစေသည်။ သူသည်လည်း လုံ့လကြီးစွာ စိုက်ထုတ်လျက် ဣသရေလလူမျိုးတို့အား တရားစီရင်ပေးသူ ဖြစ်သော်လည်း (ထွက် ၁၈:၁၃)၊ သူ့ယောက္ခမ၏သတိပေးချက်ကို လိုက်နာခဲ့သည် (:၁၇-၁၈)။ ယေသရောအနေဖြင့် ဝင်ရောက်စွက်ဖက်ခြင်း မဟုတ်ပါ။ သူသည် မောရှေနှင့်မိသားစုကိုချစ်ပြီး ရှေ့တွင် ကြုံတွေ့နိုင်သောအခက်အခဲကို တွက်ဆမိ…

ဘုရားသခင်၏ကြီးမားသောချစ်ခြင်းမေတ္တာ

သန့်ရှင်းစင်ကြယ်မှုကိုမြှင့်တင်ရေး ဆွေးနွေးပွဲတစ်ခုတွင် ဆယ်ကျော်သက်မိန်းကလေးများကို အားပေးစကားပြောပေးရန် သူငယ်ချင်းက ဖိတ်ခေါ်သောအခါ ကျွန်မငြင်းဆိုခဲ့သည်။ ဆယ်ကျော်သက်အရွယ်တွင် အိမ်ပြေးဖြစ်ခဲ့သော ကျွန်မသည် အတော်ရုန်းကန်ခဲ့ရပြီး စာရိတ္တပျက်ပြားခဲ့သောကြောင့် အမာရွတ်များနှင့် ဆယ်စုနှစ်များစွာ ဒဏ်ရာအနာတရဖြစ်ခဲ့သည်။ အိမ်ထောင်ပြုပြီးနောက် ကျွန်မတို့၏ ပထမဦးဆုံးကလေး ပျက်ကျသောအခါ ပြုခဲ့သောအပြစ်များအတွက် ဘုရားသခင် ဒဏ်ခတ်သည်ဟု ကျွန်မတွေးထင်မိသည်။ အသက် (၃၀) တွင် အသက်တာကို ခရစ်တော်ထံ ဆက်ကပ်အပ်နှံပြီးနောက် နောင်တကြီးစွာဖြင့် ကျွန်မ၏အပြစ်ကို “အဖန်တလဲလဲ” ဝန်ချတောင်းပန်ခဲ့သည်။ သို့သော်လည်း အပြစ်နှင့်ရှက်ကြောက်ခြင်းက ကျွန်မကို ဆုံးရှုံးခြင်းသို့ တွန်းပို့နေဆဲဖြစ်သည်။ “ဘုရားရှင်၏ ကြီးမားသောချစ်ခြင်းမေတ္တာကို ကိုယ်တိုင် ပြည့်ပြည့်ဝဝ မခံယူနိုင်သေးဘဲ ဘုရား၏ချစ်ခြင်းမေတ္တာအကြောင်းကို ကျွန်မမည်ကဲ့သို့ ဝေမျှနိုင်မည်နည်း။” ကျေးဇူးတော်ကြောင့် အချိန်ကာလတစ်ခုလွန်သောအခါ အပြစ်မဝန်ချခင်အချိန်က ကျွန်မသည် ဘယ်ပုံဘယ်ချမ်းသာဟူ၍ မုသာ၏ချည်နှောင်ခံရမှုကို ဘုရားရှင်ဖယ်ရှားပေးခဲ့သည်။ အစဉ်ကမ်းပေးနေသောခွင့်လွှတ်ခြင်းကို အဆုံးတွင် ကျွန်မ“လက်ခံရရှိ”ခဲ့သည်။

ခံစားရသည့်ဖိစီးနှိပ်စက်မှုတို့ကြောင့် မြည်တမ်းခြင်းများ၊ အတိတ်မှ အပြစ်၏…

အတူတကွ တည်ဆောက်ခြင်းဖြင့် အစေခံပါ

ကျေးလက် Amish (အားမစ်ရှ်)လူမျိုးတို့၏ယဉ်ကျေးမှုတွင် ကျီတစ်ခုတည်ဆောက်ခြင်းသည် လူအများ စုပေါင်းလုပ်ဆောင်သောအလုပ် ဖြစ်သည်။ လယ်သမားမိသားစု တစ်ခုအတွက် ကျီတစ်ခုတည်ဆောက်ရန် လနှင့်ချီကြာမြင့်နိုင်သော်လည်း အားမစ်ရှ်များအတွက်မူ အတူတကွလုပ်ဆောင်ခြင်းဖြင့် စောလျင်စွာ ပြီးမြောက်စေသည်။ သစ်များကို အချိန်မီစုထားပြီး ကိရိယာများကိုလည်း ကြိုတင်ပြင်ဆင်ထားသည်။ သတ်မှတ်ထားသည့်ရက်ရောက်သော် တစ်ရွာလုံး နံနက်စောစောစုဝေးကာ ကျီဆောက်ရန်အတွက် ကိုယ်စီတာဝန်များ ခွဲဝေယူကြပြီး ဝိုင်းဝန်းကူညီကြသည်။ တစ်ခါတစ်ရံ တစ်ရက်တည်းနှင့်ပင် အလုပ်ပြီးမြောက်တတ်သည်။

၎င်းသည် အသင်းတော်နှင့် အသင်းတော်ရှိ ကျွန်ုပ်တို့၏အခန်းကဏ္ဍအပေါ် ဘုရားသခင်ထားရှိသော အမြော်အမြင်ပင်ဖြစ်သည်။ သမ္မာကျမ်း၌ “သင်တို့သည် ခရစ်တော်၏ကိုယ်ဖြစ်ကြ၏။ အသီးအသီးအင်္ဂါတော်ဖြစ်ကြ၏” (၁ ကော ၁၂:၂၇) ဟုဖော်ပြထားသည်။ သခင်သည် ကျွန်ုပ်တို့အတွက် အစွမ်းအစများကို ကွဲပြားစွာ ပြင်ဆင်ပေးထားပြီး၊ ကိုယ်လက်အစိတ်ပိုင်း တစ်ခုစီသည် ခန္ဓာကိုယ်တွင် အံဝင်ခွင်ကျ ဖြစ်သကဲ့သို့ (ဧဖက် ၄:၁၆) မိမိကျွမ်းကျင်ရာလုပ်ဆောင်ရန် ကျွန်ုပ်တို့အား သင့်လျော်သည့်တာဝန်များကို ပေးအပ်ထားသည်။ “ထမ်းရွက်စရာဝန်ချင်းတို့ကို…

သက်သေအမှတ်အသား

“တွေ့ရလား”။ နာရီပြင်ဆရာက သူ၏ဓာတ်မီးအလင်းတန်းဖြင့် ကျွန်တော်တို့အိမ်တွင် သူပြုပြင်နေသော မတ်တတ်နာရီအိုကြီးအတွင်း၌ ထွင်းထားသည့် သေးငယ်ထင်ရှားသော အမှတ်အသားကို ပြသည်။ “လွန်ခဲ့တဲ့ရာစုနှစ်တစ်ခုလောက်က နာရီပြင်တဲ့သူတစ်ယောက်က ဒီအမှတ်အသားကို လုပ်ခဲ့တာဖြစ်မယ်” ဟုသူကပြောသည်။ “အဲ့တာ ‘သက်သေအမှတ်အသား (witness mark)’ လို့ ခေါ်တယ်။ အဲ့တာက ကျွန်တော် ဒီစက်ကို ဘယ်လိုချိန်ဆပေးရမလဲဆိုတာကို သိအောင်ပြောပြပေးတယ်” ဟုဆက်ပြောသည်။

နည်းပညာစာစောင်များနှင့် စက်ပြုပြင်သည့်အညွှန်းစာအုပ်များ မရှိမီကပင် ဤကဲ့သို့ ‘သက်သေအမှတ်အသား’များသည် နောင်တွင်ပြုပြင်မည့်သူအတွက် ပစ္စည်းအစိတ်အပိုင်းများကို မှန်ကန်တိကျစွာ ရွှေ့ပြောင်းနိုင်ရန် အထောက်အကူ ပြုသည်။ ထိုအမှတ်အသားလေးများသည် အချိန်ကုန်သက်သာစေရုံမက ဤ အလုပ်ကို နောက်ဆက်လုပ်မည့်သူကိုပြသည့် ရိုးရှင်းသောကြင်နာမှုပင်ဖြစ်သည်။

ယိုယွင်းနေသောဤလောကတွင် သူတစ်ပါးကိုအစေခံခြင်းဖြင့် ဘုရားသခင်၏ အမှုတော်ကို ထမ်းရွက်ကာ မိမိ၏“သက်သေအမှတ်အသား”များ ချန်ရစ်ခဲ့ရန် သမ္မာကျမ်းစာမှတိုက်တွန်းထားသည်။ တမန်တော် ရှင်ပေါလုက “ကိုယ်နှင့်စပ်ဆိုင်သောသူ၏အကျိုးကိုထောက်၍၊ သူ့ကိုတည်ဆောက်စေခြင်းငှာ သူ၏အလိုသို့ လိုက်ကြကုန်အံ့” (ရော ၁၅:၂)ဟု…

ဘုရားသခင်၏သံရုံး

အသက် (၈၂) နှစ်အရွယ် မုဆိုးမ Ludmilla (လုဒ်မီလာ)က “ကျွန်မအိမ်သည်ခရစ်တော်၏နိုင်ငံတော် တိုးချဲ့ဆောင်” ဟုဆိုပြီး ချက်သမ္မတနိုင်ငံတွင်ရှိသောသူမ၏နေအိမ်ကို “ကောင်းကင်နိုင်ငံတော်၏သံရုံး” ဟု ကြေညာခဲ့သည်။ တစ်စိမ်းတစ်ရံဖြစ်စေ၊ မိတ်ဆွေဖြစ်စေ ထိခိုက်နာကျင်ပြီး အကူအညီလိုအပ်သူများကို ချစ်မေတ္တာဖြင့် ပျူငှာစွာ ကြိုဆိုလက်ခံပြုစုသည်။ ရံဖန်ရံခါ အစားအစာနှင့် အိပ်စက်နားနေရန် နေရာထိုင်ခင်းပါပေးသည်။ ဧည့်သည်အာဂန္တုများကို ဂရုစိုက်နိုင်အောင်မစရန် သန့်ရှင်းသောဝိညာဉ်တော်၏ စေ့ဆော်မှုကို အမှီပြုလျက် ထိုသူတို့၏ဆုတောင်းချက်များကို ဘုရားသခင်အဖြေပေးပုံ နည်းလမ်းများအတွက် သူမပီတိ ဖြစ်မိသည်။

အိမ်နှင့်နှလုံးသားကိုဖွင့်ပြီး သခင်ယေရှုအား လုဒ်မီလာ၏ဧည့်ဝတ်ပြုပုံနှင့် ဥပုသ်နေ့တွင် သခင်ယေရှုဝင်၍စားသောက်သော ထင်ရှားသည့် ဘာသာရေးခေါင်းဆောင်တစ်ဦး၏ ဧည့်ဝတ်ပြုပုံချင်း ကွာခြားမှုရှိသည်။ မိမိအား ပြန်လည်ကျေးဇူးဆပ်မည့်သူကို မဟုတ်ဘဲ၊ “ဆင်းရဲသောသူ၊ အင်္ဂါချို့တဲ့သောသူ၊ ခြေမစွမ်းသောသူနှင့် မျက်စိကန်းသောသူများကို” ဖိတ်ခေါ်ကျွေးမွေးသင့်ကြောင်း သခင်ယေရှုက ပညတ်တရားကိုသွန်သင်သူ ကျမ်းတတ်ဖာရိရှဲအား မိန့်ကြားခဲ့သည် (လု ၁၄:၁၃)။ ထိုဖာရိရှဲက ထောင်လွှားစိတ်နှင့် သူ့အား…

အစွန်းအထင်းများကို ဘုရားရှင်သန့်စင်ပေးသည်

အဝတ်အစားပေါ်သို့ ဆော့စ်အချဉ်ရည်၊ မုန်ညင်းအရည်၊ ဖျော်ရည်တစ်ခုခု ဖိတ်ကျပါက သူ့အလိုလို ပြန်လည်သန့်စင်အောင်လုပ်နိုင်စွမ်း ရှိပါသလား။ တရုတ်ပြည်မှ အင်ဂျင်နီယာများက “ချည်ထည်ပေါ်တွင် အထူးဖော်စပ်ထားသော ဆေးခပ်ပါးပါး တစ်လွှာအုပ်ပြီး ခရမ်းလွန်ရောင်ခြည်ပြလိုက်ပါက အစွန်းအထင်းများ သူ့အလိုလို ပျောက်သွားသည့် နည်းပညာ”ကို တီထွင်နိုင်ပြီးဖြစ်ကြောင်း ဘီဘီစီသတင်းအရ သိရှိရသည်။ ထိုကဲ့သို့ သူ့အလိုလိုအစွန်းချွတ်နိုင်သော အဝတ်အထည်ဟု တွေးမိစဥ် မည်သည့် လက်တွေ့အသုံးချရန် သင်ခန်းစာကို မြင်မိပါသနည်း။

အလိုအလျောက် အစွန်းချွတ်နိုင်သည့်ဆေးအလွှာသည် အဝတ်အထည်မှ အစွန်းအထင်းကို ဖယ်ရှားကောင်းဖယ်ရှားနိုင်မည် ဖြစ်သော်လည်း စွန်းထင်းနေသော ကျွန်ုပ်တို့၏စိတ်ဝိညာဉ်ကို ဘုရားသခင် တစ်ပါးတည်းသာ ပြုပြင်နိုင်သည်။ ရှေးခေတ်ယုဒပြည်တွင် ဘုရားသခင်ကို “ကျောခိုင်း”ပြီး အကျင့်ယိုယွင်းလျက် မကောင်းမှုပြုကာ မှားယွင်းသောဘုရားများကို ကိုးကွယ်သည့် သူ၏လူမျိုးတော် တို့ကို ဘုရားရှင် အမျက်ထွက်တော်မူသည် (ဟေရှာ ၁:၂-၄)။ ပိုဆိုးသည်မှာ ထိုသူတို့သည် နံ့သာပေါင်းနှင့် ပူဇော်သက္ကာများကို ပူဇော်ခြင်း၊ အကြိမ်ပေါင်းများစွာ…

သိနားလည်မှုဘောင်အလွန်

ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါကြောင့် ကျွန်မ၏ခင်ပွန်းကိုလည်း အခြားဝန်ထမ်းများနည်းတူ အလုပ်မှ အချိန်ကာလတစ်ခုအထိ လစာမဲ့ ခွင့်ပေးတော့မည်ဟု သိရသောအခါ ကျွန်မအခက်ကြုံတော့သည်။ အခြေခံလိုအပ်ချက်များကို ဘုရားသခင် ဖြည့်ဆည်းပေးမည်ကို ယုံကြည်သော်လည်း ကိုယ်တော်မည်သို့ မစမည်နည်းဟု မသေချာမှုက စိုးကြောက်စရာဖြစ်ခဲ့သည်။

ရှုပ်ထွေးနေသော ကျွန်မ၏စိတ်ခံစားမှုကို ပြန်သုံးသပ်ရင်း (၁၆) ရာစုနှစ်ကပြုပြင်ပြောင်းလဲရေးသမား John of the Cross (ကားတိုင်၏ဂျွန်) ရေးသားခဲ့သည့် ကဗျာတစ်ပုဒ်ကို ပြန်လည်သတိရမိသည်။ ‘I Went In, I Knew Not Where’ (ကျွန်ုပ်တိုးဝင်ခဲ့လည်း ဘယ်နေရာမှန်းမသိခဲ့) ဟူသည့်ကဗျာလေးက “မိမိ၏သိနားလည်မှုဘောင် အလွန်”၊ လက်မြှောက်အရှုံးပေးရသည့် ဘဝခရီး၌ တွေ့ရသည့် “ရုပ်ဖျက်ယောင်ဆောင်ရောက်လာသော ဘုရားသခင်၏မစမှု”ကို ပိုမိုသိနားလည်ရသည့် အံ့သြဖွယ်ရာအကြောင်းကို ဖွဲ့ဆိုထားခြင်းဖြစ်သည်။ သို့နှင့် ကျွန်မတို့ဇနီးမောင်နှံသည် ဤအချိန်တွင် မိမိထိန်းနိုင် နားလည်နိုင်သည့်အရာမှသည် ကျွန်မတို့ပတ်လည်၌ ဘုရားသခင်ကိုတွေ့နိုင်မည့် မျှော်လင့်မထားသော၊ အံ့သြဆန်းကြယ်သော၊…

ကိုယ်တော်၏ငြိမ်သက်ခြင်း

အလုပ်ခွင်၌ အာဏာလုမှုကြောင့် လျှို့ဝှက်ကြံစည်ခြင်းပယောဂများနှင့် လပေါင်းများစွာ ကျွန်မရင်ဆိုင်ခဲ့ရသည်။ စိတ်ပူပန်ခြင်းသည် ကျွန်မ၏ဒုတိယအကျင့်ဖြစ်သောကြောင့် ကျွန်မ၌ငြိမ်သက်ခြင်းရှိနေခြင်းက အံ့သြစရာဖြစ်သည်။ စိတ်ပူပန်ခြင်းထက် အေးချမ်းတည်ငြိမ်သောစိတ်ဖြင့် တုံ့ပြန်လုပ်ဆောင်နိုင်ခဲ့သည်။ ထိုငြိမ်သက်ခြင်းသည် ဘုရားသခင်တစ်ပါးတည်းထံမှသာ လာသည်ကို ကျွန်မသိသည်။

၎င်းနှင့်ဆန့်ကျင်ဘက်မှာ ကျွန်မဘဝတွင် အရာရာအဆင်ပြေနေသော်လည်း စိတ်မငြိမ်မသက်ဖြစ်ရသည့်အချိန် ရှိခဲ့ဖူးသည်။ ဘုရားသခင်ကို ကိုးစားပြီး ကိုယ်တော်၏ဦးဆောင်မှုအပေါ် ယုံကြည်စိတ်ချရမည့်အစား မိမိ၏လုပ်ဆောင်နိုင်စွမ်းကို ကိုးစားခြင်းကြောင့် ကျွန်မထိုသို့ခံစားရခြင်းဖြစ်ကြောင်း ကျွန်မသိသည်။ ပြန်ပြောင်းဆင်ခြင်သော် စစ်မှန်သောငြိမ်သက်ခြင်းဖြစ်သည့် ဘုရားသခင်၏ ငြိမ်သက်ခြင်းသည် မိမိကြံုတွေ့ရသည့်အခြေအနေပေါ် မူမတည်ဘဲ ကိုယ်တော်အား မှီခိုကိုးစားမှုဖြင့်သာရရှိနိုင်ကြောင်း အဓိပ္ပာယ်ဖွင့်ဆိုရပါမည်။

မိမိ၏စိတ်နှလုံး တည်ကြည်သောအခါ ဘုရားသခင်၏ငြိမ်သက်ခြင်းကို ခံစားရမည်(ဟေရှာ ၂၆:၃)။ ဟေဗြဲဘာသာအရ ‘တည်ငြိမ်ခြင်း’ ဟူသည့် စကားလုံး၏အဓိပ္ပာယ်မှာ “မှီခိုခြင်း” ဖြစ်သည်။ ကိုယ်တော်၌မှီခိုလျှင် သူ၏ ငြိမ်သက်သောတည်ရှိမှုကို ကျွန်မတို့ခံစားရမည်ဖြစ်သည်။ ဘုရားသခင်သည် ထောင်လွှားဆိုးညစ်သူတို့ကို နှိမ့်ချပြီး သူ့အား ချစ်သောသူအပေါင်းတို့၏ လမ်းခရီးကို ချောမွေ့စေတော်မူကြောင်းကို…

ဆုတောင်းခြင်း၏အနှစ်သာရ

Abraham Lincoln (အာဗြံဟံလင်ကွန်း)သည် အမေရိကန်ပြည်ထောင်စု၏ သမ္မတဖြစ်လာသည့်အခါ ပြိုကွဲနေသောနိုင်ငံအား ခက်ခက်ခဲခဲတာဝန်ယူဦးဆောင် ခဲ့ရသည်။ လင်ကွန်းအား အမြော်အမြင်နှင့်ပြည့်စုံပြီး အကျင့်စာရိတ္တကောင်းမွန် သော ခေါင်းဆောင်အဖြစ် သိမြင်ကြသော်လည်း အခြားအရာများထက် အဓိကကျသည်ဟု ပြော၍ရသည့် အရည်အချင်းတစ်ရပ်ရှိသည်။ သူ့အား ပေးအပ်သောတာဝန်ကို အကောင်အထည်ဖော်ရန် သူသည် အရည်အချင်းပြည့်ဝသူ မဟုတ်ကြောင်း သူ့ကိုယ်သူသိသည်။ သူ၏မပြည့်စုံမှုအပေါ် သူမည်သို့တုံ့ပြန်သနည်း။ “ဘယ်လိုမှမတတ်နိုင်ဘဲ ဘယ်သွားရမှန်းမသိတဲ့အဆုံး အကြိမ်ပေါင်းများစွာ ဒူးထောက်ခဲ့ရတယ်။ အဲဒီနေ့အတွက် ကျွန်တော့်မှာရှိတဲ့ ဉာဏ်ရည်နဲ့ လုပ်ဆောင်နိုင်စွမ်းဟာ ပြည့်စုံလုံလောက်မှုမရှိတော့သလို ခံစားခဲ့ရတယ်”ဟု လင်ကွန်းက ထုတ်ဖော်ပြောခဲ့သည်။

မိမိ၏စွမ်းအား၊ အသိပညာနှင့် လုပ်ဆောင်နိုင်စွမ်းခွန်အားက အကန့်အသတ် ရှိပေရာ၊ ကြီးမားကြပ်တည်းသော ဘဝစိန်ခေါ်မှုများ၏ဖိစီးမှုကို ရင်ဆိုင်ရသည့်အခါ လင်ကွန်းကဲ့သို့ပင် အကန့်အသတ်မရှိ၊ အရာရာကိုတတ်စွမ်းနိုင်သည့် သခင်ယေရှု၌ ခိုလှုံအားကိုးရမည်ဖြစ်သည်။ “သင်တို့ကို သတိနှင့်ကြည့်ရှုတော်မူသောကြောင့် သင်တို့၌ စိုးရိမ်ခြင်းအမှုရှိသမျှတို့ကို ကိုယ်တော်၌အပ်နှံကြလော့” (၁ ပေ ၅:၇)ဟု…