ဂုဏ်သိက္ခာရှိသောအသက်တာ
ခက်ခဲပင်ပန်းသည့် အပြည်ပြည်ဆိုင်ရာ တောလမ်းခရီးကြမ်းအပြေးပြိုင်ပွဲတွင် ကင်ညာနိုင်ငံသားအပြေးသမား Abel Mutai (အေဘဲလ်မူတိုင်)သည် ရှေ့ဆုံးမှဦးဆောင်နေပြီး အောင်နိုင်သူဖြစ်ရန် ကိုက်အနည်းငယ်သာလိုတော့သည်။ ပြေးလမ်းကြောင်း၏သင်္ကေတကို အကြည့်မှား၍ ပြိုင်ပွဲပန်းဝင်သည့်မျဉ်းကို သူဖြတ်ကျော်ပြီးဟုထင်ကာ အပြေးရပ်လိုက်သည်။ သူ့နောက် ဒုတိယနေရာမှလိုက်လာသော စပိန်နိုင်ငံသား Ivan Fernandez Anaya (အိုင်ဗင်ဖါနန်ဒတ်စ်အနယာ)သည် မူတိုင်၏အမှားကို တွေ့လိုက်သည်။ သူ့အတွက် ဗိုလ်စွဲရန် အခွင့်ကောင်းဖြစ်သော်လည်း သူသည် မူတိုင်ကိုလက်ကမ်းကာ ရွှေတံဆိပ်ရမည့်ပန်းတိုင်သို့ ညွှန်ပြပို့ဆောင်ပေးလိုက်သည်။ သတင်းထောက်များက အဘယ်ကြောင့် တမင်အရှုံးပေးလိုက်သနည်းဟု မေးသောအခါ အနယာ က မူတိုင်သာလျှင် အောင်နိုင်သူဖြစ်ထိုက်ကြောင်း၊ “ကျွန်တော်ရရှိမဲ့အောင်မြင်မှုက ဘယ်လောက်မွန်မြတ်လဲ၊ အဲဒီဆုတံဆိပ်က ဘယ်လောက်သိက္ခာရှိသလဲ၊ ကျွန်တော့်အမေက ဘယ်လိုထင်ကြေးပေးမလဲ” ဟုပြန်လည်ဖြေကြားသည်။ “အနယာ သည် အောင်မြင်မှုထက် ရိုးသားဖြောင့်မတ်မှုကို ရွေးချယ်ခဲ့သည်”ဟု သတင်းထောက်တစ်ဦးက မှတ်ချက်ပေးခဲ့သည်။
သုတ္တံကျမ်းတွင် ဂုဏ်သိက္ခာရှိစွာနှင့် စစ်မှန်သောအသက်တာ၊ သစ္စာရှိသောအသက်တာဖြင့် အသက်ရှင်လိုပါက မလျော်ကန်သောနည်းလမ်းထက် ဖြောင့်မတ်မှန်ကန်မှု၌အခြေပြုသော…
ဘုရားသခင်ဘယ်မှာလဲ
Martin Handford (မာတင်ဟန်းဖော့)သည် ‘Where’s Waldo?’ (ဝေါ်လ်ဒို ဘယ်မှာလဲ) ဟူသည့် ကလေးများအတွက် ပဟေဠိပေါင်းချုပ်ကို ၁၉၈၇ ခုနှစ်တွင် ပထမဦးဆုံး ဖန်တီးခဲ့သည်။ ရှာရခက်သောဇာတ်ကောင်က အနီအဖြူအစင်းကျား ရှပ်အင်္ကျီ၊ ခြေအိတ်နှင့်လိုက်ဖက်သောဦးထုပ်၊ အပြာရောင်ဂျင်းဘောင်းဘီ၊ အညိုရောင်ဘွတ်ဖိနပ်နှင့် မျက်မှန်တို့ကို ဝတ်ဆင်ထားသည်။ ကမ္ဘာတစ်ဝန်းရှိ နေရာ ဒေသအမျိုးမျိုးတွင် ဇာတ်ကောင်အမျိူးမျိူးဖြင့် ပြည့်နေသော ရှုပ်ထွေးသည့် သရုပ်ဖော်ရုပ်ပုံတွင် ဟန်းဖော့သည် ရှင်းလင်းသောမြင်ကွင်း၌ ဝေါလ်ဒိုကို ပါးနပ်စွာ ဝှက်ထားသည်။ ဝေါ်လ်ဒိုကို အမြဲရှာရမလွယ်ကူသော်လည်း ဖန်တီးသူက သူ့အား အမြဲရှာတွေ့မည်ဖြစ်ကြောင်း ကတိပေးသည်။ ပဟေဠိစာအုပ်တွင် ဝေါ်လ်ဒိုအား ရှာဖွေခြင်းသည် ဘုရားသခင်အား ရှာဖွေခြင်းနှင့် မတူညီသော်လည်း ကျွန်ုပ်တို့၏ ဖန်ဆင်းရှင်က သူအား ရှာတွေ့မည်ဖြစ်ကြောင်းကိုလည်း ကတိပေးထားသည်။
ပရောဖက်ယေရမိအားဖြင့် ဘုရားသခင်သည် သူ၏လူမျိူးတော်တို့အား ၎င်းတို့ ဖမ်းသွားခေါ်ဆောင်ခံရသည့်ပြည်တွင် တိုင်းတစ်ပါးသားအဖြစ် မည်ကဲ့သို့ ဆက်လက်နေထိုင်ရမည်ကို ညွှန်ကြားခဲ့သည်…
ထို့အပြင် အခြားသောလူခုနစ်ဦး
၂၀၂၀ ခုနစ်၊ ဇန်နဝါရီလတွင် အမေရိကန်နိုင်ငံ၊ လော့အိန်ဂျလစ်မြို့အနီးတွင် ရဟတ်ယာဥ်ပျက်ကျပြီး လူ (၉)ဦး သေဆုံးခဲ့သည့်သတင်းမှာ ကြေကွဲစရာဖြစ်သည်။ သတင်းအများစုက “NBA (ဘက်စကတ်ဘော)နာမည်ကျော် Kobe Bryant (ခိုဘီဘရိုင်းယန့်)နှင့်သမီး Gianna (ဂျီအန်နာ/ဂျီဂျီ) နှင့် အခြားသောလူ (၇)ဦးတို့သည် မတော်တဆထိခိုက်မှုတွင် သေဆုံးခဲ့သည်” ဟုအစပြုသည်။
ဤကဲ့သို့အခြေအနေဆိုးမျိုးတွင် နာမည်ကျော်ပုဂ္ဂိုလ်များကို အဓိကထားသည် မှာ သဘာဝကျပြီး နားလည်နိုင်ပါသည်။ ခိုဘီနှင့်သူ၏ အဖိုးတန် ဆယ်ကျော်သက်သမီးဂျီဂျီတို့၏ သေဆုံးမှုသည် ပြောမပြနိုင်လောက်သည့် ကြေကွဲဝမ်းနည်းဖွယ်ရာ ဖြစ်သည်။ သို့သော်လည်း ဘဝပန်းချီကားချပ်ထဲတွင် “အခြားသောခုနစ်ဦး” ဖြစ်သည့် ဖေတွန်၊ စာရာ၊ ခရစ်တီးနာ၊ အယ်လစ်စာ၊ ဂျွန်၊ ခီရီနှင့် အာရာတို့သည် သိပ်အရေးမပါဟု ခွဲခြားသောမျဥ်း မရှိကြောင်း ကျွန်ုပ်တို့စိတ်ထဲတွင် သိမှတ်ရပါမည်။
ဘုရားသခင်၏အမြင်တွင် လူသားတစ်ဦးချင်းစီသည် အရေးကြီးကြောင်း ကျွန်ုပ်တို့သတိရရန် လိုအပ်သည်။ လူမှုအသိုင်းအဝိုင်းက ချမ်းသာ၍…
ဘုရားသခင်၏ကောင်းသောကော်
မကြာသေးမီက အမေရိကန်နိုင်ငံရှိ Penn State (ဖန်းစတိတ်)တက္ကသိုလ်မှ သိပ္ပံပညာရှင်များသည် ကပ်အား အလွန်ကောင်းပြီး ပယ်ဖျက်နိုင်သော ကော်အသစ်တစ်မျိုးကို တီထွင်ခဲ့သည်။ ၎င်းတို့၏ဒီဇိုင်းသည် ခြောက်သွေ့သောအခြေအနေများတွင် မာပြီး စိုသောအခါ ပျော့သွားတတ်သည့်ခရု၏ ချွဲကျိကျိအနှစ်ကို နမူနာယူကာ တီထွင်ထားခြင်းဖြစ်သည်။ ဆန့်ကျင်ဘက်သဘာဝရှိသော ခရု၏ချွဲကျိကျိအနှစ်သည် ပူ၍စိုထိုင်းသောအခြေအနေတွင် ခရုများလုံခြုံ လွတ်လပ်စွာသွားနိုင်ရန်နှင့် အန္တရာယ်ရှိမည့်လှုပ်ရှားမှုမျိုးတွင် မိမိပတ်ဝန်းကျင်၌ လုံခြုံစွာတွယ်ကပ်နေရန် ထိန်းပေးသည်။
သဘာဝတရားမှတွေ့ရှိရသော ချွဲကျိကျိအနှစ်ကို သုတေသီတို့ အတုယူတီထွင်ခြင်းက သူ၏လေ့လာတွေ့ရှိမှုနှင့်စပ်လျဥ်း၍ ပြောပြသည့် သိပ္ပံပညာရှင် Johannes Kepler (ရိုးဟားနက်စ်ခက်ပလာ)၏ သရုပ်ဖော်ချက်ကို ဆင်ခြင်မိစေသည်။ သူသည် “ဘုရားသခင် သူ့အား ဂရုစိုက်မှုအပေါ် ဆင်ခြင်တွေးတောခြင်းဖြစ်သည်” ဟုပြောခဲ့သည်။ ဘုရားသခင်သည် မြေကြီးနှင့် မြေကြီး၌ရှိသော အပင်များ (က ၁:၁၂)၊ ပင်လယ်သတ္တဝါများအားလုံးနှင့် ပျံတတ်သောငှက်မျိုးများ (:၂၁)၊ “မြေပေါ်မှာတွားတတ်သော တိရိစ္ဆာန်မျိုးအပေါင်း” (:၂၅)နှင့် “မိမိပုံသဏ္ဌာန်နှင့်အညီ လူကို”ဖန်ဆင်းကြောင်း…
ရိုးရိုးလေးပဲ ပြောပါ
“ကယ်တင်ခြင်းကို တောင်းခံပါတယ်။ သခင်ယေရှုအကြောင်းသိချင်ပါတယ်။” အီးမေးလ်စာက တိုသော်လည်း အလျင်လိုနေသည်။ အံ့ဩဖွယ်တောင်းဆိုမှုပါ တကား။ သခင်ယေရှုကို မယုံကြည်လက်မခံရသေးသော စိတ်မပါသည့် မိတ်ဆွေများ၊ မိသားစုများနှင့် မတူဘဲ ထိုသူအား အထူးတလည် သိမ်းသွင်းစည်းရုံးရန်ပင် မလို။ ကျွန်မလုပ်ဆောင်ရမည်မှာ ဧဝံဂေလိဟောပြောခြင်းနှင့် စပ်လျဥ်း၍ မိမိ၏ သံသယများကို ဘေးဖယ်ပြီး၊ ထိုသူ၏တောင်းဆိုမှုအတွက် အဖြေဖြစ်မည့် အဓိကအချက်များ၊ ကျမ်းချက်များအပါအဝင် စိတ်ချရလောက်သည့် စာအုပ်စာပေများကို ရိုးသားစွာ ဝေငှရန်ဖြစ်သည်။ ထိုမှအစပြုကာ ယုံကြည်ခြင်းအားဖြင့် သူ၏ခရီးလမ်းကို ဘုရားသခင်လမ်းပြမည် ဖြစ်သည်။
ကန္တာရ၌ခရီးပြုရင်း ဟေရှာယအနာဂတ္တိကျမ်းကို အသံထွက်ဖတ်နေသော အဲသယောပိ ဘဏ္ဍာထိန်းအမတ်အား ထိုမျှရိုးရှင်းသော ဧဝံဂေလိတရားဝေမျှခြင်းကို ဖိလိပ္ပုဟောပြောသရုပ်ပြခဲ့သည်။ “ဖတ်သောအရာကို နားလည်ပါ၏လောဟု (သူ)မေးမြန်း”ရာ (တ ၈:၃၀)၊ “ထိုအမတ်ကလည်း သွန်သင်ပဲ့ပြင်သောသူမရှိလျှင် အဘယ်သို့နားလည်နိုင်မည်နည်း ဟုဆို”ခဲ့သည် (တ ၈:၃၁)။ “ဖိလိပ္ပု အား မေးမြန်းလျှင်၊ ဖိလိပ္ပုသည်…
အတိတ်တွင် ပျောက်ဆုံးကျန်ခဲ့ပြီ
နိုင်ငံအတွင်း လာဘ်ပေးလာဘ်ယူပြီး စာရိတ္တပျက်စီးမှုကြောင့် ကိုးရီးယားဘုရင် Yeongjo (ရုန်ဂျို) (၁၆၉၄-၁၇၇၆)သည် ပြုပြင်ပြောင်းလဲမှုလုပ်ရန် ဆုံးဖြတ်ခဲ့ပြီး၊ ရွှေမျှင်ဖြင့် ချည်ထိုးပန်းထိုးသည့် ရိုးရာပညာရပ်ကို ပိတ်ပင်တားဆီးခဲ့သည်။ မကြာမီ မှာပင် အဆင့်ပေါင်းများစွာဖြင့် လက်ရာမြောက်စွာ လုပ်ဆောင်ရသည့်ပညာမှာ တိမ်မြှုပ် ပျောက်ကွယ်သွားပြီး အဖိုးတန်ပညာရပ်ကို ဆုံးရှုံးခဲ့ရသည်။
၂၀၁၁ ခုနှစ်တွင် ပရော်ဖက်ဆာ Sim Yeon-ok (စင်မ်ရော်န်အုပ်ခ်)က နှစ်ရှည် ပျောက်ဆုံးခဲ့သော ရိုးရာဓလေ့ကို ပြန်လည်ဖော်ထုတ်လိုသည်။ လုပ်နည်းကိုမှန်းဆ၍ အနီရင့်ရောင်စက္ကူပေါ်တွင် ရွှေချပ်လွှာပါးပါးကို ကပ်ကာ သေးသွယ်သော ရွှေချည်မျှင်ချောင်းများရအောင် ညှပ်ယူပြီး လုပ်ဆောင်မှုအဆင့်ဆင့်ကို ပြန်လည်ဖန်တီးဖော်ထုတ်ကာ ရှေးအနုပညာကို ပြန်လည်သက်ဝင်စေခဲ့သည်။
ထွက်မြောက်ရာကျမ်းတွင် အာရုန်၏ယဇ်ပုရောဟိတ်ဝတ်လုံကို ရွှေချည်ဖြင့်ချုပ်လုပ်ခြင်း အပါအဝင် ထူးကဲသော အတိုင်းအတာများဖြင့် တဲတော်ကို ဆောက်လုပ်ရန် ဖော်ပြထားသည်။ ကျွမ်းကျင်သောပညာသည်တို့သည် “ရွှေကို အပြားခတ်၍ ရွှေကြိုးကိုလှီးပြီးမှ ပြာသောအထည်၊ မောင်းသောအထည်၊ နီသောအထည်၊ ပိတ်ချောတို့ကို…
ကရန် ထလာခြင်း
လူများစွာတို့ ဖြန့်ဝေခဲ့သည့် ဗီဒီယိုတစ်ခုတွင် ကျက်သရေရှိသော အဘွားအို တစ်ဦးသည် ဘီးတပ်ကုလားထိုင်ပေါ်တွင် ထိုင်နေသည်။ တစ်ချိန်ကကျော်ကြားခဲ့သော ဘဲလေးကချေသည် Marta González Saldaña (မာတာ ဂန်ဇားလေ့စ် ဆာဒါးညှာ)သည် ယခုတွင် မှတ်ဉာဏ်ချို့တဲ့သည့် အယ်လ်ဇိုင်းမားရောဂါကို ခံစားနေရသည်။ သို့သော် Tchaikovsky (ချိုင်းကော့စကီ)၏ ‘Swan Lake’ (ဘဲငန်းကန်) သီချင်းကို ဖွင့်ပြသည့်အခါ အံ့ဖွယ်အမှု ဖြစ်လာသည်။ သီချင်းအရှိန်မြင့်လာသည့်အခါ သူမ၏ချည့်နဲ့သောလက်များ တစ်ဖြည်းဖြည်းမြှောက်လာပြီး ပထမခရာမှုတ်သံ ကြားလိုက်သည့်အခါ ကုလားထိုင်ပေါ်၌ စတင်လှုပ်ရှား ကပါတော့သည်။ သူမ၏စိတ်နှင့်ရုပ်ခန္ဓာက ယိုယွင်းသော်လည်း သူ့စွမ်းရည်က ကျန်နေသေးသည်။
ထိုဗီဒီယိုကို မြင်လိုက်ရချိန်၌ ကောရိန္သုသြဝါဒစာပထမစောင် ၁၅ မှ ထမြောက်ခြင်းနှင့် ပတ်သက်ပြီး တမန်တော်ရှင်ပေါလု၏ သွန်သင်ချက်များသို့ ကျွန်ုပ်၏အတွေး ရောက်သွားသည်။ ကျွန်ုပ်တို့၏ကိုယ်ခန္ဓာကို အပင်ပေါက်စေရန် မြေ၌စိုက်သည့်အစေ့နှင့်နှိုင်းပြီး၊ ကျွန်ုပ်တို့၏ကိုယ်ခန္ဓာသည် အိုခြင်း၊ နာခြင်းကြောင့် အသရေမဲ့ပြီး…
ကျွန်ုပ်တို့၏အချိန်ကို ပြန်လည်သိမ်းယူခြင်း
၁၉၆၀ ပြည့်နှစ်များတွင် ကျွန်မ၏အမေသည် ကျွန်မ၏အဖေနှင့်လက်ထပ်နိုင်ရေး ကောလိပ်ဆက်မတက်ရန် ဆုံးဖြတ်ခဲ့ကြောင်း ကျွန်မကို ပြောပြခဲ့သည်။ သို့သော် အိမ်တွင်းမှုသိပ္ပံဆရာမ ဖြစ်ချင်သည့် သူမ၏အိမ်မက်ကို အမြဲဖက်တွယ်ထားဆဲပင်။ ကလေးသုံးယောက်မွေးပြီးသည့်နောက်၊ အမေသည် ဘွဲ့ရမဟုတ်သော်လည်း အမေရိကန်နိုင်ငံ၊ လူဝီစီယားနားပြည်နယ်၏ ကျန်းမာရေးဌာနတွင် လက်ထောက်အာဟာရဗေဒပညာရှင် ဖြစ်လာခဲ့သည်။ အိမ်တွင်းမှုသိပ္ပံ ဆရာမကဲ့သို့ပင် အာဟာရပြည့်၀သော အစားအစာများကိုရွေးချယ်ရန် ကိုယ်တိုင်ချက်ပြုတ်ပြခဲ့သည်။ သူမ၏ဘ၀နှင့်အိပ်မက်အကြောင်းကို ကျွန်မအား ပြန်ပြောပြရင်း သူမ၏ဆုတောင်းသံကို ဘုရားသခင်ကြားပြီး သူမဖြစ်ချင်သည့်ဆန္ဒကိုဖြည့်ဆည်းပေးခဲ့သည်ဟု သက်သေခံခဲ့သည်။
ကျွန်မတို့၏ဘဝတွင်လည်း ထိုကဲ့သို့ဖြစ်နိုင်ပါသည်။ ကျွန်မတို့၏ အစီအစဉ်က တစ်ခု၊ တကယ့်လက်တွေ့က တစ်ခြားဖြစ်နေတတ်သည်။ သို့သော် ဘုရားသခင်နှင့်သာဆိုလျှင် ကျွန်မတို့၏အချိန်နှင့်ဘဝသည် သူ၏ကရုဏာ၊ ချစ်ခြင်းနှင့် ပြုပြင်တည်ဆောက်ပေးခြင်းတို့ ထင်ဟပ်နေသည့် အသက်တာအသွင်သို့ ကူးပြောင်းသွားနိုင်သည်။ ဘုရားသခင်သည် ယုဒလူမျိုးများအား ကျိုင်းကောင်များကြောင့် ဆုံးရှုံးပျက်စီးခဲ့ရသောနှစ်များကို ပြန်ပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည် (ယောလ ၂:၂၅)။ စိန်ခေါ်မှုများနှင့် ဖြစ်မလာသေးသော အိပ်မက်များကို…
မြေခွေးပေါက်စလေးများ
လေယာဉ်မှူးတစ်ဦးသည် သူ၏လက်ဖက်ရည်ခွက်ကို အံခွက်ထဲထည့်မရ၍ စက်ခလုတ်ခုံပေါ်၌ တင်ထားမိသည်။ ထို့နောက် လေယာဉ်မှာ လေပြင်းနှင့်ဝင်တိုးမိပြီး ထိန်းချုပ်ကိရိယာပေါ်သို့ လက်ဖက်ရည်မှောက်ကျ၍ အင်ဂျင်စက်တစ်လုံး ရပ်သွားသဖြင့် လေကြောင်းလမ်း ပြောင်းလိုက်ရကာ ဘေးကင်းစွာသက်ဆင်းနိုင်ခဲ့သည်။ နှစ်လအကြာတွင် အခြားလေကြောင်းလိုင်း၌လည်း အလားတူ ဖြစ်ပျက်သည့်အခါ ပြဿနာတစ်ခုခုရှိနေပြီဟု လေယာဉ်ထုတ်လုပ်သူများ သတိထားမိတော့သည်။ လေယာဉ်တစ်စီး၏ကုန်ကျစရိတ်မှာ ဒေါ်လာ (၃၀၀) မီလီယံဖြစ်သော်လည်း ခွက်ထည့်သည့်အံခွက်များက အလွန်သေးသည်။ ဤသို့ အသေးအမွှားလေးကို သတိမမူမိခြင်းသည် အလွန်ဆိုးရွားသည့် ကိစ္စရပ်များကိုဖြစ်စေသည်။
အသေးအဖွဲအရာလေးများသည် မဟာအကြံအစည်များကို ဖျက်ဆီးနိုင် သည်။ ထို့ကြောင့် ရှောလမုန်သီချင်းမှ အမျိုးသားသည် သူ၏ချစ်သူအား “စပျစ်နွယ်ပင်တို့ကို ဖျက်လတ္တံ့သော မြေခွေးများနှင့် မြေခွေးကလေးများကို ဖမ်း”ရန် တိုက်တွန်းခဲ့သည် (၂:၁၅)။ မြေခွေးများ နံရံကိုကျော်တက်ပြီး စပျစ်နွယ်များကို တူးထုတ်ကာ စပျစ်သီးများ ရှာဖွေသည်ကို သူမြင်ဖူးခဲ့သည်။ စပျစ်ခြံထဲ လှစ်ခနဲ ပြေးဝင်ပြီး ညအမှောင်ထဲ ပျောက်ကွယ်သွားသဖြင့်…
ကျွန်ုပ်တို့အတွက် နေရာပြင်ဆင်နေသည်
ကျွန်တော်တို့မိသားစု ခွေးမွေးရန်အစီအစဉ်ရှိသဖြင့် ကျွန်တော်၏ (၁၁) နှစ်အရွယ် သမီးသည် လပေါင်းများစွာ လေ့လာစုံစမ်းခဲ့သည်။ အသေးစိတ် ဂရုစိုက်ရမည့် အရာများအနက် ခွေးကိုဘာကျွေးရမည်၊ အိမ်အသစ်၌ နေသားကျအောင် မည်သို့ လုပ်ပေးရမည် စသည်တို့ကို သူမသိသည်။
ခွေးပေါက်လေးများအတွက် အကောင်းဆုံးမှာ အခန်းတစ်ခန်းတွင် နေသားကျ အောင် လုပ်ပေးပြီးမှ တစ်ခန်းပြီးတစ်ခန်း ရွှေ့ပေးရခြင်းဖြစ်သည်ဟု သူမပြောသည်။ ထို့ကြောင့် အခန်းပိုတစ်ခန်းကို ဂရုတစိုက်ပြင်ဆင်ခဲ့ကြသည်။ အသစ်စက်စက် ခွေးလေးကို ပြုစုပျိုးထောင်ချိန်အတွင်း အံ့ဩစရာများတွေ့ကြုံရမည်မှာ သေချာသော်လည်း ပျော်ရွှင်နေသည့် သမီးလေး၏ ကြိုတင်ပြင်ဆင်မှုကို မီမည်မဟုတ်ပါ။
ခွေးလေးလိုချင်နေသည့် သူမ၏စိတ်ပြင်းပြမှုကို သမီးက ချစ်စရာကောင်းသည့် ပြင်ဆင်မှုအဖြစ် အကောင်အထည်ဖော်လိုက်ပုံသည် ဣသရေလလူမျိုးများနှင့် အတူနေထိုင်လိုသည့် ခရစ်တော်၏ဆန္ဒ၊ သူတို့အတွက် အိမ်ပြင်ဆင်ပေးမည့် သူ၏ ကတိတော်ကို အမှတ်ရစေသည်။ သူ၏လောကသာသနာ ပြီးဆုံးခါနီးတွင် ရှင်ယေရှုက တပည့်တော်များအား “ဘုရားသခင်ကို ယုံကြည်ကြလော့။ ငါ့ကိုလည်း…