အမျိုးအစား  |  odb

အခြားသူတို့အတွက်

ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါဖြစ်ပွားစဉ်ကာလ၌ စင်ကာပူနိုင်ငံသားများသည် ရောဂါပိုးကူးစက် မခံရစေရန် အိမ်၌သာနေကြသည်။ သို့သော် ကျွန်တော်ကတော့ မည်သည့်အန္တရာယ်မှမရှိဟု မှတ်ယူကာ ပျော်ရွှင်စွာနှင့်ရေကူးမပျက်ခဲ့ပါ။ သို့သော် ကျွန်တော့်ဇနီးက ပြည်သူ့ရေကူးကန်မှတစ်ဆင့် ရောဂါပိုးပါလာပြီး ရောဂါကူးစက်လွယ်နိုင်သည့် သူ့မိခင်အိုအတွက် ပူပန်ခဲ့သည်။ "ကျွန်မအတွက် အချိန်ကာလတစ်ခု လောက်အထိ ရှင်ရေမကူးဘဲနေလို့မရဖူးလား" ဟု သူမတောင်းဆိုခဲ့သည်။

ပထမတွင် "ရေကူးတာ အန္တရာယ်မရှိပါဘူး"ဟု ကျွန်တော်စောဒကတက်လို သော်လည်း ရေကူးခြင်းထက် သူမခံစားချက်က ပိုအရေးပါကြောင်း ကျွန်တော်နားလည်ခဲ့သည်။ သူမကို မလိုအပ်ဘဲစိတ်ပူစေသဖြင့် မဖြစ်မနေလိုအပ်သောအရာ မဟုတ်သည့် ရေကူးခြင်းကို ကျွန်တော်အဘယ့်ကြောင့် ဖက်တွယ်နေရမည်နည်း။

ရောမသြဝါဒစာ အခန်းကြီး ၁၄ တွင် ခရစ်တော်၌ယုံကြည်သူတို့သည် သတ်မှတ်ထားသည့် အစားအသောက်များကိုသာ စားရမည်လား၊ သတ်မှတ်ထားသည့် ပွဲတော်များ၌သာ ပါဝင်ဆင်နွဲရမည်လားစသည့် ပြဿနာများကို ရှင်ပေါလု ဖော်ပြထားသည်။ လူအချို့က သူတို့၏အမြင်ကို အခြားသူများလက်ခံအောင် အတင်းအကြပ်လုပ်ဆောင်ခြင်းကြောင့် ရှင်ပေါလုစိတ်ပူပန်ခဲ့ရသည်။

ယေရှုကိုယုံကြည်သူတို့သည်…

ဉာဏ်ပညာကို လိုအပ်ခြင်း

ဖခင်မရှိဘဲ ကြီးပြင်းလာရသည့်အတွက် ဖခင်က သားသမီးများကို ပို့ချရမည့် လက်‌တွေ့အသိပညာကို သူမရရှိခဲ့ဟု Rob (ရော့ဘ်) တစ်ယောက် ခံစားခဲ့ရသည်။ အရေးကြီးသည့် ဘဝအတွက် တတ်မြောက်အပ်သော အရေးကြီးသည့် ကျွမ်းကျင်မှု စွမ်းရည်ကို လူတိုင်းရနိုင်အောင် စင်ဆောက်ခြင်းမှအစ တာယာလဲနည်းအဆုံး စသည်တို့ပါဝဝင်သော "အဖေ၊ ကျွန်တော်ဘယ်လိုလုပ်ရမလဲ" ဟူသည့် လက်တွေ့ဗီဒီယိုစီးရီးကို ထုတ်လွှင့်ခဲ့သည်။ သူ၏ကြင်နာတတ်သော ကရုဏာနှင့်နွေးထွေးမှုကြောင့် သူသည် သန်းချီသော followers (နောက်လိုက်)များရှိသည့် YouTube (ယူကျူ့) အကျော်အမော်တစ်ယောက် ဖြစ်လာသည်။

အရေးပါသည့်စွမ်းရည်များ သင်ကြားပေးပြီးခက်ခဲသည့် အခြေ‌အနေများကို ဖြေရှင်းရာ၌ ကူညီပေးနိုင်မည့် မိဘပမာ စံထားနိုင်သူတို့၏ ကျွမ်းကျင်မှုစွမ်းရည်ကိုကျွန်ုပ်တို့အများစုက တောင့်တတတ်ကြသည်။ မောရှေနှင့် ဣသရေလလူမျိုးများ အီဂျစ်ပြည်မှ လွတ်မြောက်ပြီး ကိုယ်ပိုင်နိုင်ငံတစ်ခု ထူထောင်ရန်အတွက် မောရှေ အနေနှင့် ဉာဏ်ပညာကို လိုအပ်ခဲ့သည်။ ဣသရေလလူတို့အကြား ဖြစ်ပွားသည့် ငြင်းခုံမှုပဋိပက္ခများကို ဖြေရှင်းပေးရင်း မောရှေစိတ်ဖိစီးမှုရနေကြောင်း…

သာမန်မဖြစ်နိုင်သော

အယ်နီတာသည် သူမအသက်၉၀ပြည့်မွေးနေ့တွင် အိပ်ပျော်ရင်း ဆုံးပါးသွားခဲ့သည်။ သူမ၏တိတ်တဆိတ်ထွက်ခွာမှုသည် သူမဘဝ၏တိတ်ဆိတ်မှုကို ထင်ဟပ်စေခဲ့သည်။ သူသည် မုဆိုးမဖြစ်ပြီး သူမ၏သားသမီးနှင့် မြေးများအတွက်ပေးဆပ်ခဲ့သည်။ ဘုရားကျောင်းရှိ ငယ်ရွယ်သောအမျိုးသမီးများအတွက် မိတ်ဆွေဖြစ်ပေးလျက် အချိန်ပေးခဲ့သည်။

အယ်နီတာသည် ထူးထူးခြားခြားထူးချွန်ပြီး အောင်မြင်သူမဟုတ်ပါ။ သို့သော် ဘုရားသခင်အပေါ် သူမ၏နက်ရှိုင်းသောယုံကြည်မှုက သူမကိုသိသူများအတွက် အတုယူစရာဖြစ်ခဲ့သည်။ "ပြဿနာတစ်ခုခုနဲ့ပတ်သက်ပြီး ဘာလုပ်ရမှန်းမသိတော့တဲ့အချိန်မှာ ကျော်ကြားတဲ့တရားဟောဆရာ၊ စာရေးဆရာတွေရဲ့ စကားကို မတွေးမိဘူး။ အယ်နီတာဆိုရင် ဘာပြောမလဲလို့ပဲ စဉ်းစားမိတယ်"ဟု ကျွန်ုပ်၏ သူငယ်ချင်းတစ်ဦးက ပြောပါသည်။

ကျွန်ုပ်တို့အများစုသည် အယ်နီတာကဲ့သို့ပင် သာမန်ဘဝ၌ ရှင်သန်ကြသည့် သာမန်လူများသာ ဖြစ်သည်။ ကျွန်ုပ်တို့၏နာမည်များ သတင်း၌ ဟိုးလေးတစ်ကျော်ဘယ်တော့မှပါလာမည် မဟုတ်သလို ကျွန်ုပ်တို့ကိုဂုဏ်ပြုပြီး ရုပ်တုတည်ထား ပေးခြင်းများလည်း မရှိပါ။ သို့သော် သခင်ယေရှုကိုယုံကြည်ပြီး ရှင်သန်သည့် ဘဝအသက်တာသည် ဘယ်တော့မှ သာမန်မဟုတ်ပါ။ ဟေဗြဲသြဝါဒစာ အခန်းကြီး ၁၁ ၌ ပါရှိသည့်…

လျှပ်စီးကြောင်းတိုက်ပွဲများ

ပေါင်မုန့်မီးကင်စက်ကို အသုံးပြုနိုင်ခြင်းသည် ၁၉ရာစု၏ ပြင်းထန်သည့်အငြင်းပွားမှုတစ်ခုမှ ထွက်ပေါ်လာသည့်ရလဒ်အကျိုးကို ခံစားရခြင်းဖြစ်ပါသည်။ ထိုစဥ်က တီထွင်သူ Thomas Edison (သောမတ်စ်အက်ဒီဆင်)နှင့် Nikola Tesla (နီကိုလာတက်စ်လာ)တို့ တီထွင်မှု၏တိုးတက်မှုဖြစ်စဥ်အတွက် မီးလင်း‌ရန် ဘက်ထရီမှဓာတ်မီးသို့သွားသည့် တိုက်ရိုက်လျှပ်စီး (DC)လား၊ လျှပ်စီးပေါက်တစ်ပေါက်ထဲမှ တစ်ဆင့်ခံသွားသည့် လျှပ်စီးကြောင်း (AC)လား စသည်ဖြင့် မည်သည့် လျှပ်စီးကြောင်းက အကောင်းဆုံးဖြစ်မည်နည်းဟု ငြင်းခုံခဲ့ကြသည်။

နောက်ဆုံးတွင် Tesla၏ AC အယူအဆက အနိုင်ရသွားပြီး ကမ္ဘာတစ်ဝန်း၌ အိမ်များ၊ လုပ်ငန်းကြီးများနှင့် ရပ်ရွာများတွင် လျှပ်စစ်ဓာတ်အား ရရန် AC စနစ်ကိုအသုံးပြုခဲ့ကြသည်။ ပိုဝေးသည့်အကွာအဝေးသို့ လျှပ်စစ်ပံ့ပိုးရန် AC စနစ်သာလျှင်ပိုသင့်လျော်ပြီး ရွေးချယ်မှုကောင်းတစ်ခုဖြစ်ကြောင်း သက်သေပြခဲ့သည်။

တစ်ခါတစ်ရံ ခရစ်တော်ကို ယုံကြည်သူများအကြား ပူပန်စရာပြဿနာ ကြုံလာပြီဆိုလျှင် ဉာဏ်ပညာကို ကျွန်ုပ်တို့လိုအပ်သည် (ရော ၁၄:၁-၁၂)။ ပြဿနာကိုရှင်းလင်းရန် ဘုရားသခင်၏အကူအညီကို ရှာဖွေရန်၊ "သင်တို့သည်…

တစ်ဦးကိုတစ်ဦး ကူညီခြင်း

အမ်ဘာသည် သူမ၏မိန်းကလေးသူငယ်ချင်းများနှင့် ဘက်စကက်ဘောကစားရင်း အမျိုးသမီးအဖွဲ့အားဖြင့် ရပ်ရွာအကျိုးရှိနိုင်ကြောင်း သူသိလိုက်သည်။ ထို့ကြောင့် အသင်းအဖွဲ့နှင့်ဆောင်ရွက်မှုကို အားပေးမြှင့်တင်ပြီး နောက်မျိုးဆက်အတွက် အကျိုးပြုရန် အမြတ်အစွန်းမကြည့်သည့် Ladies Who Hoop (ကွင်းသဏ္ဌာန် နှောင်ဖွဲ့ဝိုင်းပတ်ထားသော အမျိုးသမီးများ) အဖွဲ့ကို စတင် တည်ထောင်ခဲ့သည်။ အဖွဲ့ခေါင်းဆောင်များက အမျိုးသမီးများအား မိမိကိုယ်ကိုစိတ်ချယုံကြည်မှုနှင့် အရည်အချင်းတိုးတက်စေရန် ကြိုးပမ်းတည်ဆောက်ပေးလျက် မိမိရပ်ရွာအကျိုး အတွက် တန်ဖိုးရှိသူများဖြစ်လာအောင် အားပေးခဲ့သည်။ ကစားသမားဟောင်းများအနက် ယခုတွင် အခြားမိန်းကလေးများအား နည်းပြပေးလျက်ရှိသူတစ်ဦးက "ငါတို့ကြားမှာ ရဲဘော်ရဲဘက်စိတ်ဓာတ် အပြည့်ရှိတယ်။ ဒီဟာက ငါလိုအပ်နေခဲ့တဲ့ အရာပဲ။ နည်းလမ်းအမျိုးမျိုးနဲ့ ငါတို့တစ်ဦးကိုတစ်ဦး ပံ့ပိုးကြတယ်။ မိန်းကလေးတွေ အောင်မြင်ပြီး ရင့်ကျက်‌တာကိုတွေ့ရတာ ဝမ်းသာတယ်" ဟုပြောခဲ့သည်။

ထိုနည်းတူ လူမျိုးတော်တို့ တစ်ဦးနှင့်တစ်ဦးကူညီရန် အစုအဖွဲ့အဖြစ်ရှိနေရန် ဘုရားသခင် ရည်ရွယ်ချက်ရှိခဲ့သည်။ ရှင်ပေါလုက သက်သာလောနိတ်မြို့သားများအား "အချင်းချင်းတိုက်တွန်း၍ တစ်ယောက်ကိုတစ်ယောက် တည်ဆောက်ကြလော့" ဟုနှိုးဆော်သည်…

ချိုင့်ဝှမ်းထဲ၌ ကျွန်ုပ်တို့နှင့်အတူ

ဗြိတိသျှလူမျိုး ကျွန်စနစ်ဖျက်သိမ်းရေးဝါဒီ William Wilberforce (ဝီလီယံဝေးဘာဖော့စ်)၏ အဒေါ်ဖြစ်သူ Hannah Wilberforce (ဟာနဝေးဘာဖော့စ်) သည် အသည်းအသန်ဖြစ်နေစဉ် ယေရှုကို ယုံကြည်သည့် သူ့မိတ်ဆွေတစ်ဦး ကွယ်လွန်ကြောင်း ကြားခဲ့သည့်အကြောင်း စာတစ်စောင်ရေးခဲ့သည်။"ဘုန်းတော် ဝင်စားသွားသောချစ်မိတ်ဆွေမှာ ယခု သူချစ်သောသခင်ယေရှု၏ မျက်မှောက်၌ ပျော်ရွှင်နေပြီ၊ ဝမ်းမြောက်ခြင်းဖြင့် ကျွန်မနှလုံးသား ခုန်ပေါက်နေသလား ထင်ရသည်" ဟုရေးပြီးမှ "ကျွန်မအခြေအနေကတော့ ဆိုးတလှည့်၊ ကောင်းတလှည့် ဖြစ်သော်လည်း၊ သခင်ယေရှုကတော့ အရင်အတိုင်း အမြဲကောင်းမြတ်ပါ၏”ဟု သူမအခြေအနေကို ဖော်ပြခဲ့သည်။

သူမ၏စကားများက ဒါဝိဒ်ရေးစပ်သော "သေမင်း၏အရိပ်လွှမ်းမိုးသောချိုင့်ထဲသို့ လျှောက်သွားရသော်လည်း ဘေးအန္တရာယ်ကိုမကြောက်ပါ။ အကြောင်း မူကား ကိုယ်တော်သည် ကျွန်ုပ်နှင့်အတူရှိတော်မူသည်" (:၄) ဟူသည့် ဆာလံကျမ်းအခန်းကြီး ၂၃ ကိုဆင်ခြင်မိစေသည်။ ဒါဝိဒ်သည် သေမင်းအရိပ်လွှမ်းမိုးသောချိုင့်၌ ထာဝရဘုရားကို မိမိရင်းနှီးစွာသိကျွမ်းသူအဖြစ် အလေးအနက်တင်စားထားသည်။ ကျမ်းအစတွင် "ထာဝရဘုရားသည် ငါ၏သိုးထိန်းဖြစ်တော်မူ၏" (:၁)ဟု 'ဘုရား…

ဝတ်ပြုကိုးကွယ်သည့်နေရာ ဘယ်နေရာဖြစ်ဖြစ်

အလွန်အမင်းနာကျင်လျက် မလှုပ်ရှားချင်လောက်အောင် ခေါင်းကိုက်ခြင်းကြောင့်အသင်းတော်ဝတ်ပြုခြင်းအစီအစဉ်ကို ကျွန်မမပါဝင်နိုင်ပါ။ ယုံကြည်သူများနှင့် အတူဝတ်မပြုနိုင်သဖြင့် စိတ်မကောင်းဖြစ်ရင်း အွန်လိုင်းတရားဟောချက်ကို ကြည့်ခဲ့သည်။ ပထမတွင် ခံစားရသမျှကြောင့် မကျေနပ်မှုနှင့် စိတ်ကုန်ရသည့်အထဲ အသံမကြည်၊ ရုပ်မရှင်းမှုကြောင့် အာရုံမစိုက်နိုင်ဖြစ်ခဲ့သည်။ သို့သော် ကျွန်မအကျွမ်းဝင်သည့် ဓမ္မသီချင်းသံထွက်ပေါ်လာရာ၊ သီချင်းလိုက်ဆိုရင်း ကျွန်မ မျက်ရည်များစီးကျလာသည်။ "အကျွန့်နှလုံး၏သခင်သည် ကျွန်ုပ်မျက်မှောက်ပြုရာတည်း။ အခြားမရှိ၊ သခင်သာ ကျွန်ုပ်၏ကယ်တင်ခြင်း။ အကောင်းမြတ်ဆုံး တွေးဆင်ခြင်စရာ၌ နှစ်မျောလျက် နေ့ညမပြတ် နိုးလျက် အိပ်လျက်၊ သခင်၏တည်ရှိမှုသာ ကျွန်ုပ်၏အလင်းပါ။" ဘုရားသခင်၏အစဉ်အမြဲ တည်ရှိမှုကို အာရုံပြုရင်း ဧည့်ခန်းထဲ၌ ကိုယ်တော့်အား ကျွန်မဝတ်ပြုခဲ့သည်။

စုပေါင်းဝတ်ပြုခြင်းသည် အရေးကြီးပြီး လိုအပ်ကြောင်း သမ္မာကျမ်းစာမှ အခိုင်အမာဆိုသော်လည်း (ဟေ ၁၀:၂၅)၊ ဘုရားသခင်ကို ဘုရားကျောင်းအတွင်း ၌သာ ကန့်သတ်ထား၍မရပါ။ ရေတွင်း၌ ရှမာရိအမျိုးသမီးနှင့် အပြန်အလှန် စကားပြောဆိုစဉ် မေရှိယနှင့်ပတ်သက်ပြီး မျှော်လင့်ထားသည့်အရာမှန်သမျှကို သခင်ယေရှု ချေပပြောဆိုခဲ့သည်…

တစ်စစ ယိုယွင်းလာခြင်း

လည်ချောင်းယားခြင်းမှ အစပြုသည်။ အမလေး။ လည်ချောင်းယားခြင်းက တုပ်ကွေးသို့ ပြောင်းသွားသည်။ ၄င်းသည် လေပြွန်ဆိုင်ရာရောဂါ၏ အစဖြစ်သည်။ တုပ်ကွေးမှတစ်ဆင့် ကြက်ညှာချောင်းဆိုး၊ ထိုကြက်ညှာချောင်းဆိုးမှ အဆုတ်ရောင်ရောဂါအဖြစ်သို့ ဆိုက်ရောက်သွား၏။

ကြက်ညှာချောင်းဆိုးဟု အကြောင်းမဲ့ခေါ်ခြင်းမဟုတ်ပါ။ ရှစ်ပတ်ကြာ ချောင်းတဟွပ်ဟွပ်ဆိုးခြင်းကြောင့် ကျွန်ုပ်ငြိမ်ကုပ်သွားသည်။ ကိုယ့်ကိုယ်ကို အသက်ကြီးပြီဟု မခံယူသော်လည်း သက်ကြီးပိုင်းသို့ ခြေဦးလှည့်နေပြီဟု စဉ်းစားရတော့မည့် အရွယ်တော့ရောက်နေပါပြီ။ အသင်းတော်ရှိ ကျွန်ုပ်တို့အဖွဲ့ငယ်လေး၏ အဖွဲ့ဝင်တစ်ဦးက အသက်ရလာသည်နှင့်အမျှ ကြုံလာရသည့် ကျန်းမာ‌ရေးကိစ္စ အတွက် "တစ်စစယိုယွင်းလာခြင်း"ဟု ရယ်စရာအမည်ပေးထားသည်။ "လက်တွေ့" တွင်မူ တစ်စစကျန်းမာရေး ယိုယွင်းလာသည့်အဖြစ်က ရယ်စရာမဟုတ်ပါ။

ကောရိန္သုသြဝါဒစာဒုတိယစောင် အခန်းကြီး ၄ ၌ ရှင်ပေါလုကလည်း "ပျက်စီးယိုယွင်းလာခြင်း"နှင့်ပတ်သက်ပြီး သူ့နည်းသူ့ဟန်နှင့်ရေးသားထားသည်။ သူနှင့် သူ့အဖွဲ့သားများကြုံရသည့် ညှဉ်းပန်းနှိပ်စက်ခံရခြင်းအကြောင်းစုံကို ရေးသား ထားသည်။ သာသနာလုပ်ငန်းပြီးမြောက်အောင် အဖိုးအခကြီးစွာ ပေးဆပ်ရသည်။ "ငါတို့၏ပြင်လူသည် ဖောက်ပြန်ပျက်စီးခြင်းသို့ ရောက်"ရသည်ဟု သူဝန်ခံခဲ့သည်။ အသက်အရွယ်၊…

ကြီးကောင်ဝင်ချိန် ယုံကြည်ခြင်း

ဆယ်ကျော်သက်အရွယ်နှစ်များသည် ရံဖန်ရံခါ မိဘရော သားသမီးအတွက်ပါ ဘဝ၌ အလွန်ပင် စိတ်သောကပွားရသောအချိန်ဖြစ်သည်။ ကျွန်မ မြီးကောင်ပေါက်အရွယ် ဘဝစူးစမ်းမှု၌ အမေနှင့် "တသီးတခြား" ဖြစ်ရန်၊ အမေတန်ဖိုးထားသည့် အရာများကို လက်မခံ၊ သူ့စည်းကမ်းများကို ဆန့်ကျင်သည်။ မိဘတို့၏ ရည်မှန်းချက်များသည် ကျွန်မကို စိတ်မသက်မသာဖြစ်အောင်လုပ်ရန်မျှသာဖြစ်သည်ဟု သံသယဝင်ခဲ့သည်။ ထိုကိစ္စများအတွက် ကျွန်မတို့ သဘောတူညီမှုရယူခဲ့သော်လည်း ထိုအချိန်က ကျွန်မတို့၏ဆက်ဆံရေးမှာ တင်းမာမှုများနှင့်ပြည့်နေသည်။ မလိုအပ်သည့် စိတ်ခံစားမှုနှင့် ရုပ်ပိုင်းနာကျင် ခံစားရမှုများမှ ကာကွယ်ပေးမည်ကို သိလျက်နှင့်ပင် အမေ၏ အမြော်အမြင်နှင့်သွန်သင်မှုကို မနာခံသည့်အတွက် အမေ ဝမ်းနည်းခဲ့မည် မလွဲပါ။

ဘုရားသခင်၌လည်း သူ့သားသမီး ဣသရေလလူမျိုးများအတွက် အလားတူနှလုံးသားမျိုးရှိသည်။ ဘုရားသခင်သည် အသက်ရှင်မှုအတွက် ကျွန်ုပ်တို့သိပြီးသား ပညတ်တော်(၁၀)ပါးကို(တရား ၅:၇-၂၁) သူ၏ပညာတော်နှင့် ချမှတ်ပေးသည်။ ၄င်းတို့ကို စည်းမျဉ်းစည်းကမ်းများဟု ရှုမြင်နိုင်သော်လည်း "သူတို့နှင့်သားမြေး အစဉ်အဆက်တို့သည် ချမ်းသာရမည်အ‌ကြောင်း" ဟူ၍ (:၂၉)…

သင့်နာမည် ဘယ်လိုခေါ်ပါသလဲ

မိဘမှည့်ပေးသောနာမည်၊ အခြားသူပေးသောနာမည်(ကျွန်ုပ်တို့၏ဂုဏ်သတင်း)၊ မိမိကိုယ်ကိုပေးသောနာမည် (ကျွန်ုပ်တို့၏အကျင့်စရိုက်) စသည့်ဖြင့် ကျွန်ုပ်တို့ သည် လူ့ဘဝကို နာမည်သုံးမျိုးနှင့်ဖြတ်သန်းရသည်ဟု လူတစ်ဦးကပြောဖူးသည်။"ကောင်းသောအသရေကို များစွာသောဥစ္စာထက် သာ၍ရွေးစရာကောင်း၏။ သူတစ်ပါးစုံမက်ခြင်းကျေးဇူးသည် ရွှေငွေထက်သာ၍ကောင်း၏" (သု ၂၂:၁) ဟုဆိုသည့်အတွက် ကျွန်ုပ်တို့ကို အခြားသူများပေးသည့်နာမည်က အရေးပါသော်ငြားလည်း ကျွန်ုပ်တို့၏အကျင့်စရိုက်က ပိုအရေးကြီးပါသည်။

သို့သော် အရေးကြီးသည့် နောက်ထပ်နာမည်တစ်မျိုးရှိပါသေးသည်။ ပေရဂံမှ ခရစ်ယာန်များသည် ၎င်းတို့၏ဂုဏ်သတင်းအ‌ေပေါ် အနည်းငယ်အပြစ်တင်စရာ ရှိသော်လည်း ဖြားယောင်းသွေးဆောင်မှုကို တန်ပြန်ခုခံပြီး အောင်မြင်သောသူအတွက် ကောင်းကင်ဘုံ၌ အမည်နာမအသစ်ရှိထားကြောင်း သခင်ယေရှုက ၎င်းတို့ကို ပြောကြားသည်။ "အကြင်သူသည် အောင်မြင်၏။ ... ကျောက်ဖြူလက်ဖွဲ့ကိုလည်းကောင်း၊ ထိုကျောက်ပေါ်၌ အက္ခရာတင်သော နာမသစ်ကိုလည်းကောင်း ထိုသူအား ငါပေးမည်" (ဗျာ ၂:၁၇)။

သခင်ယေရှုက ကျောက်ဖြူလက်ဖွဲ့ကိုပေးမည်ဟု အဘယ်ကြောင့်ကတိ ပေးခဲ့သည်ကို ကျွန်ုပ်တို့သေချာမသိပါ။ ‌ေအောင်မြင်မှုအတွက် ဆုလား၊ မေရှိယ ကယ်တင်ရှင်၏ညစာစားပွဲသို့ ဝင်ခွင့်အမှတ်အသားလား။ ခုံသမာဓိအဖွဲ့ဝင်များ…