အမျိုးအစား  |  odb

ဘုရားသခင်ပုံသွင်းထားသည့်တန်ဆာပလာများ

တီထွင်သမျှတွင် အကောင်းဆုံးသောဗွီဒီယိုဂိမ်းအဖြစ် သတ်မှတ်ခံရသော Nintendo ၏ The Legend of Zelda: Ocarina of Time သည် ကမ္ဘာတစ်ဝန်း တွင် ၇ သန်းကျော် ရောင်းခဲ့ရသည်။ ထို့ပြင် ရွှံ့ဖြင့်ပြုလုပ်သော သေးငယ်ပြီး ရှေးကျသည့် အာလူးပုံစံတူရိယာ Ocarina (အိုကာရီးနာ)ကိုလည်း လူသိများခဲ့သည်။

အိုကာရီးနာသည် အခြားတူရိယာများနှင့်မတူပါ။ သို့သော် ပုံသဏ္ဌာန် မမှန်သောမျက်နာပြင် ပတ်လည်ရှိ အပေါက်များကို လက်နှင့်ဖိကာ လေမှုတ်ရ သောနေရာကို တီးမှုတ်လိုက်ပါလျှင် သိသိသာသာ အေးဆေး တည်ငြိမ်သော အသံနှင့် စိတ်ခြောက်ခြားဖွယ် မျှော်လင့်ခြင်းသံစဥ်ကို ပေးပါသည်။

အိုကာရီးနာကိုပြုလုပ်သူသည် ရွှံ့စေးတစ်ဆုပ်ကိုယူပြီး ဖိအားပေး၊ အပူပေး ကာ အံ့ဖွယ်ဂီတတူရိယာအဖြစ် ပြောင်းလဲလိုက်သည်။ ဤတွင် ဘုရားရှင်နှင့်ကျွန်မတို့ ၏ပုံရိပ်ကို မြင်မိသည်။ ဟေရှာယအနာဂတ္တိကျမ်း ၆၄:၆၊ ၈-၉ တွင် "အကျွန်ုပ်တို့…

တပ်အပြင်ဘက်၌

ကျွန်တော်ကြီးပြင်းခဲ့သော ဂါနာနိုင်ငံရှိ ကျေးလက်မြို့လေးတွင် သောကြာနေ့သည် စျေးနေ့ဖြစ်သည်။ နှစ်များမည်မျှကြာပါစေ ထူးခြားသောစျေးသည်တစ်ယောက် ကိုတော့ ယခုထိတိုင်အမှတ်ရနေပါသေးသည်။ အနာကြီးရောဂါ (နူနာရောဂါ)ကြောင့် သူမ၏လက်ချောင်းခြေချောင်းများသည် ပုံပျက်ကာပျက်စီးနေပြီး စျေးရောင်းမည့်ဖျာပေါ်တွင် ကုန်းကာကွကာဖြင့် ဘူးသီးခြောက်ခွက်ဖြင့် ကုန်ပစ္စည်းကို သဲ့သဲ့ချပါသည်။ အချို့က သူမကိုရှောင်ဖယ်သွားကြသည်။ ကျွန်တော့်အမေကဖြင့် သူမထံတွင် အမြဲစျေးဝယ်ခဲ့သည်။ သူမကို သောကြာစျေးနေ့တွင်သာ တွေ့ရသည်။ အခြားရက်များတွင် မြို့ပြင်၌တိမ်းရှောင်ပုန်းအောင်းနေတတ်ပါသည်။

ရှေးခေတ် ဣသရေလလူမျိုးတို့တွင်လည်း နူနာရောဂါသည်များသည် "တပ်အပြင်"၌ နေရပါသည်။ ဤသည်မှာ ခိုကိုးရာမဲ့ဖြစ်ပြီး အထီးကျန်ဆန်လှသည်။ ထိုသူတို့အတွက် ဣသရေလလူမျိုးတို့၏ပညတ်မှာ "တစ်ယောက်တည်း နေရမည်" (ဝတ် ၁၃:၄၆) ဖြစ်သည်။ တပ်အပြင်နေရာသည် ယဇ်ပူဇော်ထားသော နွားတို့ကိုမီးရှို့ပြီး အရိုးပြာတို့ရှိရာအရပ်ဖြစ်သည် (၄:၁၂)။ တပ်အပြင်နေရာသည် နေချင်စရာမကောင်းသော အရပ်လည်းဖြစ်ပါသည်။

ဤသို့ ပြင်းထန်သောဖြစ်ရပ်မှန်များသည် ဟေဗြဲသြဝါဒစာ အခန်းကြီး ၁၃ တွင် သခင်ယေရှု အကြောင်းဖော်ပြထားသော "သို့ဖြစ်၍…

အသက်ရှင်သောစာ

အဘိုးဖြစ်သူ လုပ်ဆောင်ခဲ့သည့်အရာကို အမှတ်ရအောက်မေ့စရာအဖြစ် Peter Croft (ပီတာခရော့ဖ်)က "သမ္မာကျမ်းစာကို ဖတ်ရှုသူတိုင်းသည် မည်သည့် အရေး အသားဖြင့်မဆို ဖတ်ပြီးနားလည်ရုံမကဘဲ ရှေးနှစ်ပေါင်း ၂၀၀၀ ကဲ့သို့ပင် ယခု အချိန်ထိ သက်ရောက်မှုရှိသော၊ အန္တရာယ်ရှိသော၊ စိတ်လှုပ်ရှားစရာကောင်းသော 'ရှင်သန်သော' အကြောင်းအရာအဖြစ် ရေးထားသော နှုတ်ကပတ်တော်ကို ခံစားသိရှိရန်မှာ ကျွန်ုပ်၏လေးနက်သောဆန္ဒဖြစ်သည်" ဟုရေးသားခဲ့သည်။ ပီတာ၏အဖိုးသည် သူ့အသင်းတော်ရှိ ကျောင်းသားများ ရှင်သန်နိုးကြားရေးအတွက် ဒုတိယကမ္ဘာစစ်အတွင်း သမ္မာကျမ်းစာ စကားပြေအရေးအသားအသစ် ရေးသား ရာတွင် တာဝန်ယူခဲ့သော လူငယ်ဓမ္မဆရာ J.B. Phillips (ဂျေဘီဖိလစ်) ဖြစ်သည်။

ဖိလစ်၏ ကျောင်းသားများနည်းတူ သမ္မာကျမ်းစာဘာသာပြန် အရေးအသားကြောင့် မဟုတ်ဘဲ ကျမ်းစာဖတ်ရန်နှင့် လက်တွေ့ခံစားသိရှိနိုင်ရေး အတားအဆီးများနှင့် ကျွန်ုပ်တို့ရင်ဆိုင်နေရသည်။ အချိန်မရှိခြင်း၊ စည်းကမ်း ဝီရိယမရှိခြင်းနှင့် နားလည်ရန်အတွက် မှန်ကန်သောအထောက်အကူများ မရှိသောကြောင့် ဖြစ်ပါသည်။ သို့သော် ဆာလံကျမ်း…

မေတ္တာဖြင့်ပြုသောကြီးသောအမှု

အမေရိကန်နိုင်ငံ၊ Oregon (အော်ရီဂွန်)ပြည်နယ်၏ Malheur (မဲလ်ဟာ) အမျိုးသားသစ်တောတွင် ပျားရည်မှိုဟု လူသိများသော မှိုတစ်မျိုးသည် ဧက ၂၂၀၀ တစ်လျှောက်ရှိ သစ်ပင်အမြစ်တွင် ပျံ့နှံ့စွဲကပ်နေပြီး တွေ့ရှိနိုင်သမျှသက်ရှိများတွင် အများဆုံးဖြစ်သည်။ သစ်တောထဲ၌ "၎င်း၏ အနက်ရောင်ဖိနပ်ကြိုးကဲ့သို့သော အမျှင်"ဖြင့် နှစ်ပေါင်း ၂၀၀၀ ကျော်တိုင် ယက်လုပ်နေပြီး အခြားသစ်ပင်များကို သေစေပါသည်။ ထိုဖိနပ်ကြိုးကဲ့သို့သောအမျှင်ကို "Rhizomorphs" (ရိုင်ဇိုမော့ဖ်)ဟုခေါ်ပြီး မြေကြီးအတွင်း အနက် ၁၀ ပေအထိ နက်ရှိုင်းစွာ ဥမင်လိုဏ်ခေါင်းသဖွယ် ရှိနေသည်။ ထိုသက်ရှိသည် မယုံနိုင်လောက်အောင် များပြားသော်ငြား၊ ၎င်းသည် အဏုကြည့်မှန်ပြောင်းဖြင့်သာ မြင်နိုင်သော မျိုးမှုန်ဆဲလ်တစ်ခုမှသာ စဖြစ်ခဲ့သည်။

သမ္မာကျမ်းစာတွင် အကြီးအကျယ် ပြစ်တင်ရှုတ်ချခံရသော မနာခံခြင်းနှင့် အခြေအနေကို ပြောင်းပြန်ဖြစ်စေခဲ့သော နာခံခြင်းအကြောင်းကို ဖော်ပြထားသည်။ တမန်တော်ရှင်ပေါလုက အာဒံနှင့် သခင်ယေရှုတို့၏ မတူညီမှုကို နှိုင်းယှဥ်ဖော်ပြသည် (ရော ၅:၁၄-၁၅)။ အာဒံ၏အပြစ်သည်…

ဉာဏ်ပညာမှ ဝမ်းမြောက်ခြင်းသို့

မြည်လာသောဖုန်းကို ကျွန်မ မဆိုင်းမတွဘဲ ချက်ချင်းကိုင်လိုက်သည်။ ဖုန်းခေါ်သူမှာ ကျွန်မတို့အသင်းတော်မိသားစုတွင် အသက်ကြီးဆုံးအသင်းသားဖြစ်ပြီး တက်တက်ကြွကြွဖြင့် အလုပ်ကြိုးစားသူ အသက်တစ်ရာနီးပါးရှိ အမျိုးသမီးဖြစ်ပါသည်။ သူမ၏အသစ်ထွက်မည့်စာအုပ်ကို အချောသတ်နေရင်း နောက်ဆုံးပိတ်စာကြောင်းကို ကူပြီးစဥ်းစားပေးရန် စာအရေးအသားနှင့်ဆိုင်သည့် မေးခွန်းအချို့ကို သူမေးသည်။ ခါတိုင်းလိုပင် ကျွန်မလည်း ချက်ခြင်းပင် သူမဘဝ၊ အလုပ်၊ ချစ်သူ၊ မိသားစုနှင့် ပတ်သက်သောမေးခွန်းများ တရစပ် ပြန်မေးလိုက်သည်။ ရှည်လျားလှ သောဘဝမှ သင်ယူခဲ့သော သူမ၏ဘဝသင်ခန်းစာများသည် ပညာ အမြော်အမြင်ဖြင့် တောက်ပနေပါသည်။ သူမက "ဖြည်းဖြည်း၊ ပုံမှန်ပဲသွားပါ"ဟု ကျွန်မကို ပြောပြီး ခဏအကြာတွင် သူမကိုယ်၌ ပုံမှန်လုပ်ရန် မေ့နေခဲ့သောအချိန်များ အကြောင်းကို သတိရပြီး နှစ်ဦးသားရယ်မောလိုက်မိသည်။ အံ့သြဖွယ် သူမ၏ဘဝဇာတ်လမ်းများက စစ်မှန်သော၀မ်းမြောက်ခြင်းများနှင့် အပြည့်ဖြစ်သည်။

ဉာဏ်ပညာသည် ပျော်ရွှင်မှုသို့ ဦးတည်သွားကြောင်း နှုတ်ကပတ်တော်မှ သွန်သင်ထားသည်။ "ဉာဏ်ပညာကို ရှာ၍ရသောသူသည် မင်္ဂလာရှိ၏" (သု…

သံစုံတီးဝိုင်းကဲ့သို့

ကျွန်တော့်မိန်းမ အမြဲကြည့်ချင်နေသော ဂီတအဖွဲ့၏တင်ဆက်မှု ပွဲကြည့်လက်မှတ်နှင့် သူ့ကိုအံ့သြဝမ်းသာသွားအောင် လုပ်ခဲ့သည်။ ပါရမီရှင်အဆိုတော်များနှင့်အတူ ဖျော်ဖြေမည့်အဖွဲ့က ကော်လိုရာဒို ဆင်ဖိုနီ သံစုံတီးဝိုင်းဖြစ်သည်။ စင်အခင်းအကျင်းက တုနှိုင်းမမီသော Red Rocks (အနီရောင်ကျောက်တောင်များ)၌ ဖြစ်သည်။ ပင်လယ်ရေ မျက်နှာပြင်အထက် ပေ ၆၀၀၀ ကျော်မြင့်သည့်နေရာတွင် ပေ ၃၀၀ မြင့်သော ကျောက်တောင်နှစ်ခုကြား တည်ဆောက်ထားသော အမိုးမဲ့ ပွဲကြည့်စင်ဝိုင်းဖြစ်သည်။ သံစုံတီးဝိုင်းသည် ကျော်ကြားသောဂန္တဝင်သီချင်းနှင့် ရိုးရာသံစဥ်များကို တီးခတ်ခဲ့ပြီး တင်ဆက်မှု၏နောက်ဆုံးသီချင်းမှာ ပြန်လည်ဆန်းသစ်ထားသော ဂန္တဝင်ဓမ္မတေး "အံ့ဖွယ်ကျေးဇူး" (Amazing Grace) ဖြစ်သည်။ လှပညီညာသည့် တီးခတ်မှုအစီအစဥ်က ကျွန်တော်တို့ကို အံ့သြမှုများစွာဖြင့် မိန်းမောသွားစေခဲ့သည်။

ညီညွတ်သောသံစဥ်၌ လှပသောအကြောင်းရာရှိသည်။ တူရိယာတစ်ခုချင်းကို အတူတကွ တီးမှုတ်ခြင်းဖြင့် ပို၍ကြီးမားပြီး သံစဥ်အထပ်ထပ်နှင့် ဂီတဖွဲ့စပ်ပုံကို ဖြစ်ပေါ်စေသည်။ တမန်တော်ရှင်ပေါလုက ဖိလိပ္ပိမြို့သားများအား "အချင်းချင်း ချစ်ကြ၍၊ စိတ်မကွဲပြားဘဲ တစ်လုံးတစ်ဝတည်း…

ကိုရိုနာဟိုတယ်

ယေရုရှလင်မြို့ရှိ ဟိုတယ်‘ဒန်’သည် ၂၀၂၀ ခုနှစ်တွင် "ဟိုတယ်ကိုရိုနာ" အမည်ဖြင့် ထင်ရှားလာခဲ့သည်။ အစိုးရက ထိုဟိုတယ်ကို ကိုဗစ်-၁၉ ရောဂါမှ ပြန်လည်ကျန်းမာလာသော လူနာများအတွက် ရည်ရွယ်ခဲ့ပြီး ဟိုတယ်သည် ခက်ခဲသောအချိန်တွင် ပျော်ရွှင်ခြင်းနှင့် စည်းလုံးခြင်းကို ဖြစ်စေသည့် ရှားပါးနေရာအဖြစ် လူသိများခဲ့သည်။ လူနာများသည် ဗိုင်းရပ်ပိုးရှိနှင့်ပြီး ဖြစ်သောကြောင့် လွတ်လပ်စွာ အတူတကွ ရယ်မော၊ ကခုန်၊ သီချင်းဆိုခွင့်ရှိသည်။ သူတို့ ထိုသို့လည်းလုပ်ခဲ့ကြသည်။ မတူညီသော နိုင်ငံရေးနှင့် ဘာသာရေးအဖွဲ့များ၏ တင်းမာမှုများ မြင့်မားသောနိုင်ငံတွင် ကပ်ဆိုးကြီးသည် လူသားအချင်းချင်း လူကိုလူအဖြစ်မြင်ကြရန် သင်ခန်းစာရစေ၍၊ နောင်တွင် မိတ်ဆွေများပင် ဖြစ်လာနိုင်စေသည့် နေရာတစ်ခု ဖန်တီးပေးခဲ့သည်။

လူတို့ကို မိမိနည်းတူ တူညီသောအတွေ့အကြုံများနှင့် တန်ဖိုးထားမှုများ ရှိနေသူများဟု ထင်မြင်ပြီး မိမိနှင့်တူသူများ၏ ဆွဲဆောင်မှုခံရခြင်းက သဘာဝကျပါသည်။ ပုံမှန်ဖြစ်ပါသည်။ "သာမန်"ဟု ကျွန်ုပ်တို့ရှုမြင်သည့် လူသားများအကြားရှိ မည်သည့် အတားအဆီးအတွက်မဆို…

အကျွန်ုပ်ကို စေလွှတ်ပါ

၁၈၉၀ နှစ်များ နောက်ပိုင်းတွင် ဆွီဒင်သာသနာပြုဆရာ Eric Lund (အဲရစ်လန်ဒ်)က သူ့အား စပိန်နိုင်ငံ၌သာသနာပြုရန်အတွက် ခေါ်ယူစေစားကြောင်း ခံစားရသောအခါ သူချက်ချင်းပင် နာခံခဲ့သည်။ ထိုနေရာတွင် အောင်မြင်မှု အနည်းငယ်သာ မြင်ရသော်လည်း ဘုရားရှင်၏စေစားချက်အပေါ်ခိုင်မာသေချာမှုဖြင့် သည်းခံ ကြိုးစားခဲ့သည်။ တစ်နေ့တွင် ဖိလစ်ပိုင်လူမျိုး Braulio Manikan (ဘရူလီယို မန်နီကန်)နှင့် တွေ့ဆုံခဲ့ပြီး သူ့အား ဧဝံဂေလိတရားကို ဝေငှခဲ့သည်။ သူတို့နှစ်ဦးသည် ဒေသခံဖိလစ်ပိုင်ဘာသာစကားသို့ သမ္မာကျမ်းစာကို ဘာသာပြန်ဆိုခဲ့ကြပြီး နောက်ပိုင်းတွင် ဖိလစ်ပိုင်၌ ပထမဦးဆုံး နှစ်ခြင်းသာသနာဌာနကို စတင် ခဲ့ကြသည်။ Lund သည် ပရောဖက်ဟေရှာယကဲ့သို့ ဘုရားသခင်၏ခေါ်ယူစေစားမှုကို နာခံ တုံ့ပြန်ခဲ့သောကြောင့် လူများစွာတို့ သခင်ယေရှုထံသို့ ပြောင်းလဲလာခဲ့သည်။

ဟေရှာယအနာဂတ္တိကျမ်း ၆:၈ တွင် ဘုရားသခင်သည် သူ၏ မျက်မှောက်စီရင်ခြင်းနှင့် အနာဂတ်အတွက် မျှော်လင့်ခြင်းကို ပြောကြားရန်အတွက် ဣသရေလပြည်သို့ သွားရန်…

ခရစ်တော်၌ ပြည့်ဝစုံလင်ခြင်း

နာမည်ကြီးရုပ်ရှင်တစ်ခုတွင် မင်းသားသည် အိမ်ထောင်ပြိုကွဲတော့မည့် အောင်မြင်သောအားကစားအေးဂျင့်အဖြစ် သရုပ်ဆောင်ထားသည်။ သူ့ဇနီးဒေါရသီကို ပြန်သိမ်းပိုက်နိုင်အောင်ကြိုးစားစဉ် သူမ၏မျက်လုံးကိုကြည့်ပြီး “မင်းက ငါ့ဘဝကို ပြည့်စုံစေတယ်” ဟုပြောခဲ့သည်။ ဤစကားသည် ဂရိဒဿနပုံပြင် တစ်ပုဒ်ကို ထင်ဟပ်သော နွေးထွေးသည့် စကားလေးဖြစ်သည်။ ဤဒဏ္ဍာရီအရ ကျွန်ုပ်တို့အယောက်စီတိုင်းသည် 'တစ်ဝက်သာရှိသည့်အပိုင်း'ဖြစ်ပြီး တစ်ခုတည်း ဖြစ်ရန်အတွက် 'အခြားသောအပိုင်း'ကို ရှာရမည်ဖြစ်သည်။

စွဲမက်ချစ်ဖွယ်သောလက်တွဲဖော်က မိမိဘဝကို'ပြည့်စုံစေ'ကြောင်း ခံယူချက်သည် မျက်မှောက်ခေတ်၌ ရေပန်းစားသော ခေတ်ယဥ်ကျေးမှု ဖြစ်သည်။ သို့သော် ၎င်းသည် မှန်ကန်ပါသလား။ ကလေးမရခြင်းကြောင့် မပြည့်စုံဟုခံစားနေရသူ၊ ကလေးရှိသော်လည်း အခြားအရာတစ်ခုခု ပျောက်ဆုံးသကဲ့သို့ ခံစားနေရသူ စသည့် မပြည့်စုံခြင်းကို ခံစားနေရဆဲဖြစ်သည့် အိမ်ထောင်ရှင်စုံတွဲများစွာနှင့် ကျွန်ုပ် စကားပြောဖြစ်သည်။ နောက်ဆုံးတွင် မည်သည့်လူသားကမှ ကျွန်ုပ်တို့ကို အပြည့်အဝ မဖြည့်ဆည်းပေးနိုင်ပါ။

တမန်တော်ရှင်ပေါလုက အခြားအဖြေတစ်ခုကို ပေးခဲ့သည်။ "ဘုရားသခင်၏ ဇာတိအဖြစ်တော်၏ပြည့်စုံခြင်းအပေါင်းသည် ခရစ်တော်၌ ကိုယ်ထင်ရှား၍ ကျိန်းဝပ်တော်မူ၏။…

ဘုရားသခင်၌ လုံခြုံစွာ ခိုနားခြင်း

ကျွန်မကလေးများ ဆယ်ကျော်သက်အရွယ်ရောက်သောအခါ သူတို့ထံသို့ ကျွန်မစာရေးခဲ့သည်။ စာတစ်စောင်တွင် ကျွန်မဆယ်ကျော်သက်အရွယ်၌ မိမိကိုယ်ကို ယုံကြည်မှုမရှိ၊ သေချာမှုမရှိသည့် ခံစားချက်ကို သတိရပြီး ခရစ်တော်၌ မိမိ၏ဖြစ်တည်မှုအကြောင်းကို ပြောခဲ့သည်။ ကျွန်မသည် ဘုရားသခင်ချစ်သော သူ၏သားသမီးဖြစ်ကြောင်း သင်ယူသိရှိခဲ့ပြီး၊ "မိမိကိုယ်ကို သိခြင်းသည် မိမိကို မည်သူပိုင်ကြောင်း သိလာခြင်းပဲ"ဟု ကျွန်မရေးခဲ့သည်။ ဘုရားသခင်သည် မိမိကိုဖန်ဆင်းပြီး သူ့နောက်လိုက်ရန် ကျွန်မတို့ကတိပြုခဲ့ခြင်းကို နားလည်လာသည့်အခါ ကိုယ်တော်ဖန်ဆင်းထားသည့် မိမိ၏ဖြစ်တည်မှုအတိုင်း ငြိမ်ဝပ်စွာ ရှိနေမည်ဖြစ်သည်။ ဘုရားသခင်သည် ကျွန်မတို့ သူနှင့်တူလာရန် နေ့ရက်တိုင်း ပြောင်းလဲပေးနေကြောင်းကိုလည်း ကျွန်မတို့သိသည်။

ဘုရားသခင်၏သားသမီးအဖြစ် ကျွန်မတို့၏ဖြစ်တည်မှုနှင့်ပတ်သက်၍ နှုတ်ကပတ်တော်မှဖော်ပြသော အခြေခံကျမ်းပိုဒ်မှာ တရားဟောရာကျမ်း ၃၃:၁၂ ဖြစ်သည်။ ကတိထားတော်မူသောပြည်သို့ဝင်ရန် ဘုရားသခင်၏လူမျိုးတော်တို့ ပြင်ဆင်ချိန်၊ မောရှေမသေဆုံးမီတွင် "ထာဝရဘုရားချစ်တော်မူသောသူသည် အထံတော်အပါးတွင် လုံခြုံစွာ နေရလိမ့်မည်။ သူ့ကို အစဥ်အမြဲဖုံးလွှမ်း၍ သူ၏ပခုံးကြားမှာ နေရာချတော်မူလိမ့်မည်"ဟု ဗင်္ယာမိန်အမျိုးကို ကောင်းချီးပေးခဲ့…