အမျိုးအစား  |  odb

မုန်တိုင်းကို ငြိမ်သက်စေခြင်း

ကျွန်မ၏ သုံးနှစ်အရွယ်တူမလေးသည် မည်သည့်အခြေအနေမျိုး၌မဆို သခင်ယေရှုကို သူယုံကြည်နိုင်ကြောင်း စတင်နားလည်နေပြီဖြစ်သည်။ မုန်တိုင်းထန်သော ညတစ်ညတွင် အိပ်ရာမဝင်မီ သူမက ”ချစ်သောသခင်ယေရှု၊ ကိုယ်တော်သည် ယခု သမီးတို့နှင့်အတူရှိကြောင်း၊ သမီးတို့ကို ချစ်ကြောင်း သိပါ၏။ ဤမုန်တိုင်းကို ရပ်တန့်ရန် ကိုယ်တော်မိန့်တော်မူသောအခါ မုန်တိုင်းငြိမ်သက်မည်ကို သမီး သိပါ၏”ဟု လက်ကိုကျစ်ကျစ်ဆုပ်၍ မျက်လုံးမှိတ်ကာ ဆုတောင်းခဲ့သည်။

သူမသည် သခင်ယေရှုနှင့်သူ၏တပည့်တော်များ ဂါလိလဲအိုင်ကို ဖြတ်ကူးခဲ့သည့်ပုံဝတ္ထုကို မကြာမီကမှ ကြားခဲ့လေသလားဟု ကျွန်မတွေးခဲ့သည်။ မုန်တိုင်းကျပြီး လှေမှောက်လုနီးနီးဖြစ်နေချိန်တွင် သခင်ယေရှုက လှေနောက်ပိုင်းတွင် အိပ်ပျော်နေသည်။ တပည့်တော်တို့သည် ကိုယ်တော်ကို နှိုးပြီး “အရှင်ဘုရား၊ အကျွန်ုပ်တို့သည် ပျက်စီးခြင်းသို့ ရောက်သည်ကို လျစ်လျူသောစိတ် ရှိတော်မူသလောဟု လျှောက်ကြသော်” သခင်ယေရှုသည် သူတို့ကို မိန့်တော်မူမည့်အစား “တိတ်ဆိတ်စွာနေ” ဟု သဘာဝမုန်တိုင်းကို အမိန့်ပေးခဲ့သည် (မာ ၄:၃၈-၃၉)။

လှေထဲသို့ ဝင်လာသောရေများ ရုတ်တရက်…

ဂရုစိုက်ထိုက်သည်အထိ ကြီးမြတ်သော

ဘုရားသခင်သည် ဤလူအားလုံးကို မည်သို့ ဂရုစိုက်နိုင်မည်နည်း။ အိမ်နှင့် မိုင်ပေါင်း များစွာဝေးသော လူသူထူထပ်သည့် မြို့တစ်မြို့ရှိ ရထားစင်္ကြံမှ အပြင်ဘက်သို့ ထွက်လာစဉ် ဤအတွေးက ကျွန်ုပ်အား ရိုက်ခတ်ခဲ့သည်။ ကျွန်ုပ်သည် ပထမဆုံးအကြိမ် နိုင်ငံခြားသို့ ခရီးထွက်သော ဆယ်ကျော်သက်တစ်ဦးဖြစ်ပြီး ကျွန်ုပ်အနီးပတ်လည်ရှိ လူအုပ်အရွယ်အစားကြောင့် စိတ်လှုပ်ရှားမှု လွန်ကဲနေခဲ့သည်။ ထိုလူအုပ်ကြီးနှင့် နှိုင်းယှဉ်လျှင် မိမိကိုယ်မိမိ သေးငယ်သည်ဟု ခံစားခဲ့ရပြီး၊ ဘုရား သခင်သည် လူမြောက်များစွာကို မည်သို့ ချစ်နိုင်မည်နည်းဟု တွေးမိခဲ့သည်။

ပြီးပြည့်စုံသော ဘုရားမေတ္တာ၏ ကျယ်ပြန့်သော အတိုင်းအတာကို ကျွန်ုပ်နားလည်ရန် လိုနေသေးသည်။ သမ္မာကျမ်းစာ၌ ပရောဖက်ယောနလည်း ဤအရာကို နားမလည်နိုင်ခဲ့ပါ။ သူ၏မွေးရပ်မြေ ဣသရေလပြည်ကို ညှဉ်းပန်းနှိပ်စက်ခဲ့သော ရက်စက်ကြမ်းကြုတ်သည့် အာရှုရိအင်ပါယာ၏မြို့တော် နိနေဝေ မြို့သို့ နောင်တတရားကို ဟောပြောရန် ဘုရားသခင်၏စေစားမှုကို နောက်ဆုံးတွင် ယောန နာခံခဲ့သော်လည်း ဘုရားသခင် သူတို့ကို…

စိုးရိမ်မှုများကို အပ်နှံခြင်း

လေယာဥ်ပေါ်တက်ရန် ဆဲလ်ဖုန်းတွင် သိမ်းဆည်းထားသော အတည်ပြုကုဒ်နံပါတ်ကို အသုံးပြု၍ စာရင်းသွင်းရန် လေကြောင်းလိုင်းကောင်တာသို့ ကျွန်မ လျှောက်သွားသည်။ သို့သော် ကျွန်မ၏ဖုန်းပျောက်နေသည်။ ကျွန်မကို လာပို့သော ကားပေါ်တွင် ကျန်ရစ်ခဲ့ခြင်းဖြစ်မည်။ သို့ဆိုလျှင် ကျွန်မအား လာပို့သော ယာဉ်မောင်းကို မည်သို့ ဆက်သွယ်နိုင်မည်နည်း။

လေဆိပ်၏ဝိုင်ဖိုင်နှင့် လက်ပ်တော့ကို ချိတ်ဆက်ရန် ကြိုးစားနေသော်လည်း နောက်ကျသွားမှာ ကျွန်မစိုးရိမ်မိခဲ့သည်။ ကျွန်မ၏ခင်ပွန်းက အက်ပ်(အပလီကေးရှင်း) တစ်ခုကို အသုံးပြု၍ ကျွန်မ၏ဖုန်းသည် လေဆိပ်တွင် ကျွန်မနှင့်အတူ မရှိကြောင်း သတိပြုမိပြီး ကျွန်မအား အီးမေးလ်တစ်စောင် ပေးပို့ထားပြီးဖြစ်ကာ၊ ကျွန်မ ဝိုင်ဖိုင်နှင့် ချိတ်ဆက်မိမည့်အချိန်ကို သူစောင့်နေခဲ့သည်။ သူ၏အီးမေးလ်တွင် “ကားဝန်ဆောင်မှုရဲ့ဖုန်းနံပါတ်ကို ပို့ပေးပါ၊ ကိုယ်ဖြေရှင်းလိုက်မယ်ဟု ရေးထားသည်။ ကိစ္စများကို ဖြေရှင်းပေးရန် ကျွန်မ၏ခင်ပွန်း ကြားဝင်လာခဲ့၍ ချက်ခြင်း ဆိုသလို ငြိမ်သက်ခြင်းကို ကျွန်မ ခံစားခဲ့ရသည်။

၎င်းသည် ဘုရားသခင်နှင့် ကျွန်မတို့၏ဆက်ဆံရေးတွင်…

ဆုတောင်းခြင်း ကိုယ်ဟန်အနေအထား

နာတာရှည်ရောဂါနှင့် တိုက်ပွဲဝင်လျက် ဂျင်မီ ပင်ပန်းနွမ်းလျခဲ့သည်။ ဆုတောင်းခြင်း၊ သမ္မာကျမ်းစာများကို ဆင်ခြင်အောက်မေ့ခြင်းဖြင့် နံနက်တိုင်း ဘုရားသခင်နှင့် အချိန်ယူရန် ဆန္ဒရှိသော်လည်း ကိုယ်ခန္ဓာ နာကျင်သဖြင့် ကုလားထိုင်ပေါ်တွင်ထိုင်ရန်အဆင်မပြေပါ။ ဟိုဘက်သည်ဘက် ပြောင်း၍ လှည့်၍ ထိုင်သော်လည်း သက်သာမှုမရှိခဲ့ပါ။ နောက်ဆုံးတွင် စိတ်ပျက်အားငယ်မှုဖြင့် ဒူးထောက်လျက်သား သူကျသွားသည်။ ထိုအခါ၊ ထိုဆုတောင်းခြင်း ကိုယ်ဟန်အနေအထားက နာကျင်မှုကို လျော့ပါးစေကြောင်း သူသိခဲ့ရသည်။ နောက်ပိုင်း နံနက်ခင်းများတွင် ဂျင်မီသည် ဒူးထောက်လျက် ဘုရားသခင်နှင့် အချိန်ယူခဲ့ပြီး ဆုတောင်းခြင်းဖြင့် ဘုရားသခင်ထံ ဟစ်ခေါ်လျက် နှစ်သိမ့်သက်သာမှုကို ခံစားခဲ့ရသည်။

ယုဒမင်းကြီး ယောရှဖတ်လည်း တိုက်ပွဲတစ်ခုနှင့် ရင်ဆိုင်ခဲ့ရသည်။ နာကျင်မှုဝေဒနာမဟုတ်ဘဲ ခြိမ်းခြောက်သော ရန်သူများနှင့်ရင်ဆိုင်ရခြင်းပါ (၆ ရာ ၂၀:၁-၂)။ မင်းကြီးသည် “ဤသတင်းကြောင့် ကြောက်ရွံ့လျက်” ထာဝရဘုရားထံမှ လမ်းညွှန်မှု တောင်းခံခဲ့သည် (:၃)။ ယုဒလူအပေါင်းတို့လည်း “ထာဝရဘုရား၏မစမှုကို” ရှာဖွေခဲ့ကြသည် (:၄)။…

ဘုရားသခင်၏လမ်းစဥ်မှာ ချစ်ခြင်းမေတ္တာဖြစ်သည်

ကျွန်မ၌ အားလပ်ချိန်များရှိနေ၍ လာမည့်လများအတွက် ကျွန်မ၏အစီအစဉ်မှာ လူများကို တတ်နိုင်သမျှ အစေခံရန်ဖြစ်သည်။ သို့သော် မိတ်ဆွေသစ်တစ်ဦးကို ကူညီရင်း ခလုတ်တိုက်လဲကာ ကျွန်မလက်မောင်းအရိုး သုံးနေရာ ကျိုးသွားသည်။ ရုတ်ခြည်းပင် ကျွန်မသည် အကူအညီလိုအပ်သူ ဖြစ်သွားသည်။ ဘုရားသခင်၏လူများသည် ကျွန်မကို လာကြည့်သည်၊ ဖုန်းခေါ်သည်၊ လက်ဆောင်ကတ်၊ ပန်းများ၊ စာတိုများ၊ ဆုတောင်းချက်နှင့်(ချောကလက်ဘူးပင်ပါဝင်သည့်) အစားအစာများ ပို့ပေးသည်၊ တောက်တိုမယ်ရကိစ္စများကို လုပ်ပေးခြင်းဖြင့် ဂရုစိုက်ခဲ့ကြသည်။ မိသားစု၊ မိတ်ဆွေများနှင့် အသင်းသားများ၏ကြင်နာမှုကို ကျွန်မ မယုံနိုင်လောက်အောင်ဖြစ်ခဲ့ရသည်။ ဘုရားသခင်က “ကဲ ထိုင်။ မင်း အကူအညီ လိုအပ်နေတယ်။ ဂရုစိုက်ခြင်းဆိုတာ ဘာလဲဆိုတာ မင်းမြင်ရလိမ့်မယ်”ဟု ပြောနေသလိုပင်။ သူတို့အားဖြင့် နှလုံးသားဖြင့် အစေခံခြင်းနှင့် အခြားသူများအတွက် ဘုရားရှင်အား ကျေးဇူးတင်ခြင်းကို ကျွန်မ ပိုသိလာခဲ့သည်။

ရောမမြို့ရှိ အသင်းတော်သားများအား ရှင်ပေါလု ညွှန်ကြားသကဲ့သို့ပင် (ရောမ ၁၂)…

ဘုရားသခင်က လိုက်လံရှာဖွေခြင်း

ဒေးဗစ်အက်တဲလ်(David Uttal)သည် လမ်းကြောင်းရှာဖွေမှုဆိုင်ရာ(navigation) စိတ်၏သိမှုဗေဒ(cognitive)ကို လေ့လာသော သိပ္ပံပညာရှင်တစ်ဦးဖြစ်သော်လည်း ပထဝီဝင်တည်နေရာ လမ်းကြောင်းရှာဖွေရာ၌ သူအတွက် အခက်အခဲများရှိခဲ့သည်။ ဤပြဿနာသည် သူ့အတွက် ပြဿနာအသစ်အဆန်းမဟုတ်ပါ။ သူသည် ၁၃ နှစ်သား အရွယ်တွင် တောင်တက်ခရီးစဥ်တစ်ခု၌ နှစ်ရက်ခွဲကြာ လမ်းပျောက်ခဲ့ဖူးသည်။ ဘဝ တွင် ရိုးရှင်းသောလမ်းညွှန်ချက်များနှင့်ပတ်သက်၍ သူညံ့ဖျင်းနေဆဲဟု အက်တဲလ်က ဝန်ခံသည်။ သို့သော် အချို့လူများသည် မွေးရာပါလမ်းညွှန်သူများဖြစ်ကြပြီး သူတို့ ရောက်နေသည့်နေရာနှင့် သူတို့သွားလိုရာသို့ မည်သို့သွားရမည်ကို အတိအကျသိရှိကြသည်။ အချို့လူများမှာမူ အက်တဲလ်ကဲ့သို့ပင် ရှင်းလင်းသောလမ်းညွှန်ချက် ရှိလင့်ကစား ရုန်းကန်နေရပြီး မကြာခဏ လမ်းပျောက်တတ်ကြသည်။

ဆာလံဆရာသည်လည်း “ပျောက်သောသိုးကဲ့သို့ အကျွန်ုပ်သည် လမ်းလွဲပါပြီ။ ကိုယ်တော်၏ကျွန်ကို ရှာတော်မူပါ။ အကျွန်ုပ်သည် ပညတ်တော်တို့ကို မမေ့မလျော့ပါ(ဆာ ၁၁၉:၁၇၆)၊ဟူ၍ လမ်းပျောက်ခြင်းကြောင့် ရှုပ်ထွေးမှုကို ခံစားခဲ့ရပြီး၊ သူ့ကိုယ်ကို လမ်းလွဲနေသော သိုးတစ်ကောင်နှင့် နှိုင်းယှဉ်ခဲ့သည်။ သိုးများသည် အဖိုးတန်သတ္တဝါများဖြစ်နိုင်သော်လည်း…

ခရစ်တော်၏အလင်း၌ လျှောက်လှမ်းခြင်း

ကျွန်မ၏တူမနှစ်ယောက် ငယ်စဥ်က ညစာစားပြီးချိန်တွင် သူတို့နှင့်ဆော့ကစားရန် စကားချိုချိုဖြင့် ပြောလေ့ရှိသည်။ အိမ်ရှိ မီးများကို အကုန်ပိတ်ပြီး၊ အမှောင်ထဲ လျှောက်သွားကာ တစ်ယောက်ကိုတစ်ယောက် ပွေ့ဖက်ရယ်မောခဲ့ကြသည်။ မီးကို အချိန်မရွေးဖွင့်နိုင်မှန်းသိလျက်၊ အမှောင်ထဲ၌ လျှောက်သွားကာ သူတို့ကိုယ်သူတို့ ခြောက်လန့်ရခြင်းကို ပျော်မွေ့ခဲ့ကြသည်။

တမန်တော်ယောဟန်က ၁ ယော ၁:၆ တွင် အပြစ်ကို “မှောင်မိုက်”ဟု ရည်ညွှန်းထားပြီး၊ ထိုမှောင်မိုက်၌ လျှောက်လှမ်းရန် ရွေးချယ်ခြင်းအကြောင်းကို ကနဦး သခင်ယေရှုအား ယုံကြည်သူများထံသို့ ပေးစာတွင် ပြောဆိုခဲ့သည်။ မှောင်မိုက်ထဲ၌ ကျင်လည်ခြင်းသည် တခဏတာ သတိလစ်သွားခြင်းမဟုတ်ဘဲ၊ အမှားများကို ဆက်လက် ထိတွေ့လုပ်ဆောင်ရန် ရွေးချယ်မှုတစ်ခုဖြစ်သည်။ ယောဟန်က သန့်ရှင်းသောဘုရားသခင်သည် “အလင်း”ဖြစ်ပြီး “ဘုရားသခင်၌ မှောင်မိုက်အလျှင်းမရှိ”ကြောင်း သတိပေးထားသည် (:၅)။ ထို့ကြောင့် ကျွန်ုပ်တို့သည် ကိုယ်တော်နှင့် ဆက်ဆံရေးရှိသည်ဟု ဆိုသော်လည်း၊ အပြစ်၌ ဆက်လက်၍ ကျင်လည်နေပါက “သစ္စာတရားကို…

လူနှစ်ဦး အတူတကွ လုပ်ဆောင်ခြင်း

ဂျမေးကားနိုင်ငံ၊ ဒန်(Dunn)မြစ် ရေတံခွန်၏ ချောမွေ့သောကျောက်တုံးများကြားတွင် ဖြာစီးသောရေသည် ကာရေဘီယမ်(Caribbean)ပင်လယ်သို့ စီးဆင်းသွားသည်။ ဒန်မြစ်ရေတံခွန်ကိုဆန်ပြီး တောင်တက်ရခြင်းသည် စိတ်လှုပ်ရှားဖွယ် အတွေ့အကြုံတစ်ခုဖြစ်သည်။ ရေစီးကြောင်းကို ဆန်ပြီး တောင်ထိပ်သို့ တက်ရခြင်းက တောင်တက်သမားများအတွက် စိန်ခေါ်မှုဖြစ်ပြီး၊ အမြင်အာရုံ ချို့ယွင်းပြီး၊ အပ်ပေါက်သာသာအလင်းကိုသာ မြင်နိုင်သည့် JW (ဂျေဒဗလျူ) အမည်ရှိဆယ်ကျော်သက်တစ်ဦးအတွက် ပို၍ပင် မဖြစ်နိုင်။

သို့သော် ဂျေဒဗလျူသည် တောင်တက်ရန် စိတ်ပိုင်းဖြတ်ထားပြီး၊ သူ၏ သူငယ်ချင်း ဂျိုဇိုင်းယာက သူနှင့်တွဲပြီးတက်ရန် ဆန္ဒရှိခဲ့သည်။ ဂျိုဇိုင်းယာသည် ချောသည့်ကျောက်ကိုရှောင်ရန်၊ လက်ခြေတို့ကို မည်သည့်နေရာတွင် ထားရမည်ကို ပြောပြပေးသည့် ဂျေဒဗလျူ၏မျက်လုံးများဖြစ်ပြီး၊ ဂျေဒဗလျူမှာမူ ရဲစွမ်းသတ္တိကို ပြသပေးမည့် ဂျိုဇိုင်းယာ၏ နှလုံးသားဖြစ်ပေသည်။

ဘဝ၏အခြေအနေအများစုသည် ခက်ခဲသောတောင်တက်ခြင်းနှင့်တူသဖြင့် ကျွန်ုပ်တို့တစ်ယောက်တည်း မလျှောက်လှမ်းသင့်ပါ။ ရှောလမုန်မင်းက “လူသည် တစ်ယောက်တည်းထက် နှစ်ယောက်သာ၍ကောင်း၏။ ကြိုးစားအားထုတ်လျှင်၊ ကောင်းသောအကျိုးကို ရတတ်၏”(ဒေ ၄:၉) ဟူ၍…

ဘုရားသခင်ကို ကျေးဇူးတင်ချီးမွမ်းခြင်း

ကျေးဇူးတော်ချီးမွမ်းပွဲကို ကနေဒါနိုင်ငံနှင့် စိန့်လူစီယာ(Saint Lucia)ကျွန်း၌ အောက်တိုဘာလတွင် ကျင်းပကြသည်။ လိုက်ဘေးရီးယားနိုင်ငံက နိုဝင်ဘာလ အစတွင် သတ်မှတ်ပြီး၊ အမေရိကန်နိုင်ငံနှင့် သြစတြေးလျနိုင်ငံတို့က နှစ်စဉ်နိုဝင်ဘာလအကုန်တွင် အားလပ်ရက်အဖြစ် သတ်မှတ်သည်။ ဗြိတိန်နိုင်ငံ၊ ဘရာဇီးနိုင်ငံ၊ ရဝမ်ဒါနိုင်ငံနှင့် ဖိလစ်ပိုင်နိုင်ငံတို့အပါအဝင် အခြားနိုင်ငံများတွင် ကျေးဇူးတင်ခြင်းကို အားပေးရန် တရားဝင်ရုံးပိတ်ရက်မဟုတ်သောနေ့များရှိသည်။

တစ်မျိုးသားလုံးစုပေါင်းလျက် ကျေးဇူးတင်ကြောင်း ဖော်ပြခြင်းနှင့်ပတ်သက်၍ သက်ရောက်မှု တစ်စုံတစ်ရာရှိသည်။ ဘုရားသခင်၏ အတူရှိခြင်း၊ ကွယ်ကာမှုနှင့် ကတိတော်များအတွက် ကျေးဇူးတော်ချီးမွမ်းရန် ဒါဝိဒ်မင်းသည် ဣသရေလလူမျိုးတို့အား စုဝေးစေသည်။ ဣသရေလလူမျိုးတို့နှင့် ဘုရားသခင်အတူရှိခြင်းကို ကိုယ်စားပြုသည့် သေတ္တာတော်သည် ယေရုရှလင်သို့ ပြန်ရောက်ပြီဖြစ်၍၊ “ဘုရားသခင်၏သေတ္တာတော်”ကို ပြန်လည် ဆောင်ယူနိုင်ခြင်းအထိမ်းအမှတ် ချီးမွမ်းခြင်းပွဲတွင် ပြည်သူများ ဝမ်းမြောက်ကြသည် (၅ ရာ ၁၆:၁)။ ဒါဝိဒ်သည် ချီးမွမ်းခြင်းပွဲကို ဦးဆောင်စဉ်၊ ခါနာန်ပြည်ကို ဘိုးဘေးတို့သိမ်းပိုက်စဥ်က ဘုရားသခင်၏ ကွယ်ကာခဲ့မှုကို မမေ့လျော့ရန် (:၁၈-၂၂)နှင့်…

ဘုရားသခင်နှင့်အကျွမ်းဝင်သောဆက်ဆံရေး

ရေးပရစ်ချတ်(Ray Pritchard)၏ Man of Honor စာအုပ်တွင်၊ သူသည် သင်္ချိုင်းတစ်ခုကိုဖြတ်လျှောက်ရင်း တွေ့ခဲ့သည့် လူတစ်ဦး၏အုတ်ဂူမှ စကားလုံးများစွာဖြင့် ရေးထိုးသည့်ဂုဏ်ပြုစာသားအကြောင်းကို ပြောပြပြီး၊ ထို့နောက် ၎င်းနှင့်ကပ်ရက် ထိုသူ၏သားဖြစ်သူအုတ်ဂူ၌ အမြင်အာရုံကိုဖမ်းစားသည့် “သံသယမရှိလောက်အောင် ရိုးသားသူ” ဟူသောစာသားကို ဖော်ပြထားသည်။ ပရစ်ချတ်က “ဘဝတစ်ခုလုံးကို လိုတိုရှင်းစကားလုံးဖြင့် အနှစ်ချုပ်ထားသည်။ အသက် ၆၀ ကျော် ဖြတ်သန်းခဲ့သောဘဝကို ဤစကားမျှနှင့် ဖော်ပြထားသည်။ ထိုစကားလုံးများကပြောသော အမှန်တရားပေ”ဟု ရေးသားခဲ့သည်။

ဆာလံကျမ်း ၁၅:၁ တွင်၊ “အို ထာဝရဘုရား၊ ကိုယ်တော်၏တဲတော်၌ မည်သူနေထိုင်ရပါမည်နည်း။ ကိုယ်တော်၏သန့်ရှင်းသောတောင်တော်ပေါ်၌ မည်သူနေထိုင်ရပါမည်နည်း”ဟု မေးထားသည့်မေးခွန်းကို တွေ့ရသည် (:၁-စံမီ)။ “အပြစ်တင်စရာမရှိအောင် အသက်ရှင်လျှောက်လှမ်းသောသူ၊ ဖြောင့်မတ်စွာပြုကျင့်သောသူ၊ မိမိစိတ်နှလုံးမှသစ္စာစကားကို ပြောဆိုသောသူ”(:၂-စံမီ)ဟူသည့် အဖြေတွင် ဖြောင့်မတ်တည်ကြည်ခြင်း သဘောပါဝင်ပြီး အပြစ်တင်စရာမရှိ ဟူသည့်စကားလုံးဖြင့် ချုပ်ထားသည်။ အခန်းငယ် ၁ နှင့်…