သာ၍ကြီးမားသောတစ်စုံတစ်ရာ
အင်္ဂလန်နိုင်ငံ၊ ဆောက်သမ်တန်မြို့ရှိ October Books(အောက်တိုဘာ စာအုပ်များ) အမည်ရှိ စာအုပ်ဆိုင် တစ်ဆိုင်သည် လက်ရှိဆိုင်တည်ရှိရာလမ်း၏ အောက်ဘက် နေရာတစ်ခုသို့ ပစ္စည်းများ ပြောင်းရွှေ့ရာ လုပ်အားပေးသူပေါင်း ၂၀၀ ကျော်က ပါဝင်ကူညီ ပြောင်းရွှေ့ပေးခဲ့သည်။ လုပ်အားပေးသူများသည် တန်းစီလျက် "လူသားရွေ့လျားစက်"ပုံစံဖြင့် စာအုပ်များကို လက်ဆင့်ကမ်းကာရွှေ့ပြောင်းခဲ့ကြသည်။ လုပ်အားပေးသူများ၏ကူညီဆောင်ရွက်မှုကို မြင်တွေ့ခဲ့ရသည့် စာအုပ်ဆိုင် ဝန်ထမ်းတစ်ဦးက "အခုလိုမျိုး လူတွေကူညီပေးနေတာကိုတွေ့ရတာ တကယ့်ကို စိတ်လှုပ်ရှားစရာ အတွေ့အကြုံ တစ်ခုပါပဲ။ သာ၍ကြီးမားတဲ့တစ်စုံတစ်ရာထဲမှာ တစ်စိတ်တစ်ဒေသ ပါဝင်ဖို့ သူတို့ဆန္ဒရှိခဲ့ကြတယ်" ဟုဆိုသည်။
မိမိထက် သာလွန်ကြီးမားသည့် တစ်စုံတစ်ရာတွင် ကျွန်ုပ်တို့လည်း တစ်စိတ် တစ်ဒေသ ပါဝင်နိုင်ပါသည်။ သူ၏မေတ္တာသတင်းစကားဖြင့် လောကကြီးကို ထိတွေ့ရန် ဘုရားသခင် ကျွန်ုပ်တို့ကို အသုံးပြုသည်။ တစ်စုံတစ်ဦးက ထိုသတင်း စကားကို ကျွန်ုပ်တို့အား ဝေမျှခဲ့ခြင်းကြောင့် ကျွန်ုပ်တို့လည်း ထိုသတင်းစကားကို အခြားသူတစ်ဦးအား ပြန်လည်လက်ဆင့်ကမ်းဝေမျှနိုင်ပါသည်။…
အနားယူရသည့်အကြောင်းအရင်း
အသက်ရှည်ရှည်နေထိုင်လိုပါက အပန်းဖြေအနားယူပါ။ ဖင်လန်နိုင်ငံ၏မြို့တော် ဟယ်လ်စင်ကီးရှိ သုတေသနပညာရှင်များသည် နှလုံးရောဂါ ဖြစ်နိုင်ခြေရှိသူ သက်လတ်ပိုင်းအမျိုးသားအရာရှိများကို နှစ်ပေါင်း ၄၀ ကြာ လေ့လာဆန်းစစ်ခဲ့ပြီး နောက် ရလဒ်သိရှိရန် ၎င်းတို့ကို နောက်ဆက်တွဲလေ့လာမှုပြုလုပ်ခဲ့သည်။ သိပ္ပံပညာ ရှင်များ မျှော်လင့်မထားသည့် တွေ့ရှိချက်တစ်ခုမှာ အားလပ်ရက် အနားယူကြသူ များထက် အနားမယူသူများသည် သေဆုံးမှုနှုန်း ပိုများကြောင်း တွေ့ရှိခဲ့ကြသည်။
အလုပ်လုပ်ခြင်းသည် ဘဝ၏လိုအပ်သောကဏ္ဍတစ်ခုဖြစ်ပြီး ကမ္ဘာဦးကျမ်း အခန်းကြီး (၃) တွင်ဖော်ပြထားသည့် ဘုရားသခင်နှင့်ကျွန်ုပ်တို့၏ဆက်ဆံရေး မပျက်စီးမီအချိန်ကတည်းကပင် ကျွန်ုပ်တို့အတွက် ဘုရားသခင်ပေးအပ်ထားသည့် တာဝန်တစ်ရပ်ဖြစ်သည်။ ဘုရားသခင်၏ဘုန်းထင်ရှားစေရန် အလုပ် လုပ်ကြသူ မဟုတ်သူများ ကြုံတွေ့ရသော "အလွန်စိတ်စွဲလမ်းပူပင်ခြင်း၊ ဝမ်းနည်းငြိုငြင်ခြင်း" ကို သိမှတ်လျက် ထိုအလုပ်အတွေ့အကြုံ၏ အနတ္တသက်သက်ဖြစ်ခြင်းသဘောကို ရှောလမုန်က ရေးသားခဲ့သည် (ဒေ ၂:၂၂-၂၃)။ သူတို့သည် တက်ကြွစွာလုပ်ဆောင် နေခြင်းမရှိသည့်တိုင် ဆက်ပြီးလုပ်ဆောင်စရာရှိသည်များကို တွေးတောရင်း "သူတို့၏စိတ်နှလုံးသည် ငြိမ်သက်မှုမရှိကြောင်း"…
ပျားရည်ထက်ပိုချိုသော
၁၈၉၃ ခုနှစ်၊ အောက်တိုဘာလ၊ အမေရိကရှိ ချီကာဂိုမြို့တော်၏ပွဲနေ့တွင် ကျင်းပခဲ့သည့် ကိုလံဘတ် နယ်မြေသစ်ကို တွေ့ရှိခြင်း နှစ် ၄၀၀ ပြည့် ပွဲတော် (World's Fair) သို့ လူတိုင်း ပါဝင်ဆင်နွှဲကြမည်ဟု ယူဆသဖြင့် ပြဇာတ်ရုံ ပိုင်ရှင်များသည် မြို့ထဲရှိ ပြဇာတ်ရုံအားလုံးကို ပိတ်ထားလိုက်သည်။ လူပေါင်း ၇ သိန်းကျော် ပါဝင်ဆင်နွှဲ ခဲ့ကြသော်လည်း ဆရာကြီး ဒွိုက်မူးဒီ (Dwight Moody) (၁၈၃၇-၁၈၉၉)ကမူ ချီကာဂိုမြို့၏ အခြားတစ်နေရာ ဂီတခန်းမ၌ တရားဒေသနာ ဟောကြားခြင်းနှင့် ကျမ်းစာသင်ကြားခြင်းများဖြင့် လူပြည့်လျှံနေရန် ဆန္ဒရှိခဲ့သည်။ ပွဲတော်ကျင်းပသည့်နေ့နှင့် တစ်နေ့တည်းဖြစ်၍ မူးဒီအနေဖြင့် တရားပွဲသို့ လူများလာရအောင်ဆွဲဆောင်နိုင်မည်ဟု သူ့မိတ်ဆွေ ဆရာ အာရ် အေ တော်ရီ (R. A. Torrey) (၁၈၅၆-၁၉၂၈) မထင်ပါ။ သို့ရာတွင် ဘုရားသခင်၏ ကျေးဇူးတော်ကြောင့်…
ဘုရားသခင် အလုပ်လုပ်တော်မူလျက်ရှိသည်
သခင်ယေရှုကိုယုံကြည်သူ လူမျိုးပေါင်းစုံပါဝင်သည့်အဖွဲ့နှင့်အတူ မိုးရေထဲရပ်ခဲ့စဉ် ဘေလ်ဟာလီ၏ ၁၀ နှစ် အရွယ်သမီးလေးက "ဘုရားသခင် ငိုနေတယ်"ဟု တီးတိုးရွတ်ဆိုခဲ့သည်။ ဘုရားသခင်ကို ရှာဖွေရန်နှင့် အမေရိက၌ လူမျိုးရေး ပဋိပက္ခ၏ဆိုးမွေနှင့်ပတ်သက်ပြီး သိရှိနားလည်ရန်အတွက် ဗာဂျီးနီးယားရှိ ရှန်နာဒို ချိုင့်ဝှမ်းသို့ သူတို့သွားရောက်ခဲ့သည်။ ယခင်က ကျွန်များကို မြှုပ်နှံထားရာ မြေပေါ်တွင် သူတို့ရပ်လိုက်ကြပြီး တစ်ဦးနှင့်တစ်ဦး လက်တွဲကာ ဆုတောင်းကြ သည်။ ထို့နောက် ရုတ်တရက် လေတိုက်ခတ်လာပြီး မိုးရွာလာသည်။ လူမျိုးရေး ပဋိပက္ခကြောင့် ရရှိခဲ့သည့်ဒဏ်ရာများအတွက် အနာငြိမ်းစေရန် အဖွဲ့ခေါင်းဆောင် က ကြွေးကြော်ဆုတောင်းလိုက်သည်တွင် မိုးက ပိုမိုသည်းလာသည်။ ပြန်လည် သင့်မြတ်ခြင်းနှင့် ခွင့်လွှတ်ခြင်းကို ယူဆောင်လာရန် ဘုရားသခင် လုပ်ဆောင် လျက် ရှိကြောင်း ဤနေရာတွင်ရောက်ရှိစုရုံးကြသူအားလုံးက ယုံကြည်ကြသည်။
ကရာနီတောင်ကုန်း၌ ဘုရားသခင် ထိုကဲ့သို့ပင် ပြုလုပ်တော်မူခဲ့သည်။ ကားစင် တင်သတ်ခြင်းခံရပြီး သခင်ယေရှု၏နောက်ဆုံးထွက်သက်အချိန်တွင် "ဗိမာန်တော်…
မေတ္တာဖြင့် ဆုံးမခြင်း
ကျွန်မ၏ဖခင်သည် အနှစ် ၅၀ ကျော်ထိ စာတည်းဖြတ်ခြင်းလုပ်ငန်းကို ထူးချွန်စွာ လုပ်ကိုင်ခဲ့သည်။ သူ၏စိတ်အားထက်သန်မှုသည် အမှားရှာရန်သာ မဟုတ်ဘဲ ပိုရှင်းလင်းရန်၊ ယုတ္တိရှိရန်၊ အံဝင်ဂွင်ကျရှိရန်နှင့် သဒ္ဒါမှန်ကန်အောင် လုပ်ဆောင် ရန် ဖြစ်သည်။ အဖေသည် အမှားပြင်ဆင်ရန်အတွက် မင်အနီရောင်အစား အစိမ်း ရောင်ကို သုံးသည်။ အစိမ်းရောင်ဘောပင်သည် ပို၍ရင်းနှီးမှုရှိကြောင်းသူခံစား ရပြီး အနီရောင်မျဉ်းစောင်းများသည် အတွေ့အကြုံမရှိသေးသော စာရေးဆရာ အသစ်အတွက် စိတ်အနှောင့်အယှက်ဖြစ်စေနိုင်သည်။ သူ့ရည်ရွယ်ချက်မှာ ပိုမိုကောင်းမွန်သောနည်းလမ်းကို ညင်ညင်သာသာထောက်ပြရန် ဖြစ်သည်။
သခင်ယေရှုသည် လူတို့အား အမှားပြင်ဆင်ပေးသောအခါ၌ မေတ္တာဖြင့် လုပ်ဆောင်ခဲ့သည်။ သူတော်ကောင်းယောင်ဆောင်သောဖာရိရှဲများနှင့် ထိပ်တိုက် ရင်ဆိုင်ရချိန် စသည့်အခြေအနေအချို့တွင် (မ ၂၃) သူတို့ကို ပြင်းထန်စွာ ဆံုးမခဲ့ သော်လည်း ၎င်းသည် သူတို့၏အကျိုးအတွက်သာဖြစ်သည်။ သို့သော် သူ့မိတ်ဆွေ မာသအတွက်မူ ညင်သာစွာ ထောက်ပြမှုသာ လိုအပ်သည် (လု ၁၀:၃၈-၄၂)။…
ခရမ်းရောင် ခြုံပုဝါ
ကျွန်မအိမ်နှင့်မိုင်ပေါင်းရာကျော်ဝေးသော ကင်ဆာစင်တာတွင် အမေအတွက် အတူနေစောင့်ရှောက်သူအဖြစ် လုပ်ကိုင်ပေးစဥ် ကျွန်မတို့အတွက်ဆုတောင်းပေး ရန် အခြားသူများကို ပြောခဲ့သည်။ လများစွာကုန်လွန်ပြီးနောက် တစ်သီးတစ်ခြား ဖြစ်ခြင်းနှင့် အထီးကျန်ခြင်းကြောင့် ကျွန်မအားလျော့လာသည်။ ခန္ဓာ၊ စိတ်နှင့် ခံစားချက်များ ဤမျှမောပန်းနေလျှင် အမေကို မည်သို့စောင့်ရှောက်နိုင်မည်နည်း။
တစ်နေ့တွင် သူငယ်ချင်းတစ်ယောက်က မျှော်လင့်မထားသောလက်ဆောင် ပို့ပေးခဲ့သည်။ ဂျိုဒီသည် ခရမ်းရောင်ခြုံပုဝါတွင် ဆုတောင်းချက်ကို ချည်ဖြင့်ထိုး ထားပြီး ကျွန်မတို့အတွက် နေ့စဥ် ဆုတောင်းပေးနေသူများရှိကြောင်း နွေးထွေးစွာ သတိပေးသည့်အနေဖြင့်ပေးပို့ခဲ့သည်။ နူးညံ့သောခြုံပုဝါကို ပုခုံး၌ ပတ်လိုက်တိုင်း သူ့လူများ၏ဆုတောင်းခြင်းအားဖြင့် ဘုရားသခင်သည် ကျွန်မကို ထွေးပွေ့ထား ကြောင်း ခံစားရသည်။ နှစ်ပေါင်းများစွာ ကြာပြီးနောက် ဘုရားသခင်သည် ကျွန်မ ကို နှစ်သိမ့်ပေးရန်နှင့် စိတ်ဓာတ်ကြံ့ခိုင်ရန် ဤခြုံပုဝါကို အသုံးပြုနေဆဲဖြစ်သည်။
တမန်တော်ရှင်ပေါလုက သူတစ်ပါးအတွက် ဆုတောင်းပေးခြင်းသည် အရေးပါပြီး စိတ်ဝိညာဉ်ကို လန်းဆန်းစေသောတန်ခိုးရှိကြောင်း အခိုင်အမာပြော ဆိုသည်။…
သေးငယ်သော်လည်း အားကြီးသည်
မြောက်အမေရိက၏ကြမ်းတမ်းသောစိုနိုရန်သဲကန္တရတွင် တိုးညင်းစွာ အမြင့်သံ ဖြင့် မြည်တမ်းနေသောအသံကို ညဉ့်နက်ချိန်၌ ကြားရတတ်သည်။ သို့သော် သူ၏ ပိုင်နက်ကိုတည်ထောင်ရန် လကိုမြည်းတမ်းနေသည့် သေးငယ်ပြီး အားကြီးသော ကြွက်တစ်ကောင်၏အသံဟု သင်ထင်မည် မဟုတ်။
('ဝံပုလွေကြွက်' ဟုလည်းခေါ်သည့်) ဤတစ်မူထူးခြားသောကြွက်သည် အသားစားသတ္တဝါဖြစ်သည်။ တကယ်တော့ ထိုကြွက်သည်သတ္တဝါများသွားမစရဲသည့် ကင်းမြီးကောက်ကဲ့သို့သောအကောင်ကိုသာ ဖမ်းဆီးစားသောက်သည်။ ဝံပုလွေကြွက်သည် ဤတိုက်ပွဲအတွက် ထူးခြားစွာ ဖန်ဆင်းခံရသည်။ ၎င်းက ကင်းမြီးကောက်၏အဆိပ်ကို ခံနိုင်ရည်ရှိယုံမက ထိုအဆိပ်ကို အကိုက်အခဲ ပျောက်ဆေးအဖြစ် ပြောင်းလဲပေးနိုင်သည်။
ဤသေးငယ်ပြီး ခံနိုင်ရည်ရှိသောကြွက်သည် ကြမ်းတမ်းသောဝန်းကျင်တွင် ရှင်သန်နေထိုင်နိုင်ရန် ဖန်ဆင်းခံရခြင်းက စိတ်ဝင်စားဖွယ်ဖြစ်သည်။ ဧဖက် ၂:၁၀ တွင် ရှင်ပေါလုရှင်းပြသကဲ့သို့ ဘုရားသခင်သည် သူ၏လူမျိုးများကိုလည်း အံ့သြဖွယ်လက္ခဏာနှင့် ပုံဖော်ထားသည်။ ကျွန်ုပ်တို့တစ်ယောက်ချင်းစီတိုင်းသည် ယေရှုခရစ်တော်အားဖြင့် "ဘုရားသခင်၏လက်ရာတော်များ"ဖြစ်ပြီး နိုင်ငံတော် ကို အမွေခံရန် ထူးခြားစွာ ပြင်ဆင်ခြင်းခံရသည်။ ဘုရားသခင် သင့်ကို မည်သို့မည်ပုံ…
အဲဒါ ယေရှုပါ
နာမည်ကြီး ရုပ်မြင်သံကြားအစီအစဥ် America’s Got Talent စွမ်းရည်ပြိုင်ပွဲ၏ အပိုင်းတစ်ပိုင်းတွင် ၅ နှစ် အရွယ် ကလေးမတစ်ဦး၏သီဆိုမှုက အလွန်ထူးကဲလှ သဖြင့် ဒိုင်လူကြီးများက ၁၉၃၀ နှစ်များမှ ကျော်ကြားသော ကလေးအဆိုရှင်နှင့် အကမယ်တစ်ဦးနှင့် သူမကို နှိုင်းယှဥ်ခဲ့သည်။ "Shirley Temple က သမီးအထဲ တစ်နေရာမှာ ရှင်သန်နေတယ်လို့ ထင်မိတယ်" ဆိုပြီး မှတ်ချက်ချခဲ့ရာ မထင်မှတ်ဘဲ သူက "Shirley Temple မဟုတ်ပါဘူး။ ယေရှုပါ" ဟုတုံ့ပြန်ခဲ့သည်။
ငယ်ရွယ်သောကလေးမလေးက သူမအထဲ၌ ယေရှုအသက်ရှင်နေခြင်းမှ သူမ၏ဝမ်းမြောက်ခြင်းပေါ်ထွက်လာကြောင်း နက်နဲစွာသိမြင်ခြင်းကို ကျွန်ုပ် အံ့သြသင့်မိသည်။ သမ္မာကျမ်းစာက ယေရှုခရစ်ကို ယုံကြည်သောသူအားလုံးသည် ဘုရားသခင်နှင့် ထာဝရအသက်ကိုရမည်ဟူသော ကတိတော်တစ်ခုတည်း ခံရသည်မဟုတ်ဘဲ ကျွန်ုပ်တို့၏အသက်တာထဲတွင် ဝိညာဥ်တော်အားဖြင့် ယေရှု ရှင်သန်နေခြင်းကိုပါ ရရှိပြီး ကျွန်ုပ်တို့၏နှလုံးသားများသည် ယေရှုခရစ်တော် ကိန်းဝပ်သော အိမ်ဖြစ်လာသည်…
ဂရုစိုက်မှုကိုပြသောစာများ
လွန်ခဲ့သာဆယ်စုနှစ်များက ဒေါက်တာဂျယ်ရီမိုတို သည် "ဂရုစိုက်မှုကိုပြသောစာ" ၏အစွမ်းကို ရှာဖွေတွေ့ရှိခဲ့သည်။ သူ၏သုတေသနတွင် ယခင်က မိမိကိုယ်ကို သေကြောင်းကြံရန် ကြိုးစားခဲ့သောလူနာများ ဆေးရုံဆင်းပြီးနောက် သူတို့အား ဂရုစိုက်ကြောင်းပြသောစာများပေးပို့ရုံဖြင့် သတ်သေရန်ထပ်မံကြိုးစားမှုနှုန်းကို ထက်ဝက်အထိ လျော့ကျစေခဲ့ကြောင်း တွေ့ရှိခဲ့သည်။ မကြာမီက ပြင်းထန်စွာ စိတ်ဓါတ်ကျနေသူများအတွက် နောက်ဆက်တွဲကုသမှုအနေဖြင့် ကျန်းမာရေး ဝန်ထမ်းများက "ဂရုစိုက်"သောစာများ၊ ပို့စကတ်များနှင့် လူမှုကွန်ယက်မှ ရယ်ရွှင်ဖွယ်ပုံများပို့ပေးခြင်းဖြင့် ထိုသက်ရောက်မှုအစွမ်းကို ပြန်တွေ့ရှိခဲ့ကြသည်။
သမ္မာကျမ်းစာထဲမှ ကျမ်း ၂၁ စောင်သည် အကြောင်းတရားအမျိုးမျိုးနှင့် ရုန်းကန်နေရသော ပထမရာစုနှစ်ယုံကြည်သူများထံသို့ ဖေးမသည့်အနေဖြင့် ပေးပိုခဲ့သောစာများ၊ တမန်တော်များရေးသောစာစောင်များ ဖြစ်သည်။ ရှင်ပေါလု၊ ရှင်ယာကုပ်နှင့် ရှင်ယောဟန်တို့သည် ယုံကြည်ခြင်း၊ ဝတ်ပြုကိုးကွယ်ခြင်း၏ အခြေခံသဘောတရားများ၊ ပဋိပက္ခများကိုမည်သို့ဖြေရှင်းပြီး ညီညွတ်ခြင်းကို မည်သို့တည်ဆောက်ရမည့်အကြောင်း ရှင်းပြထားသောစာစောင်များဖြစ်သည်။
အထူးသဖြင့် တမန်တော် ရှင်ပေတရုက ရောမဧကရာဇ် နီရိုး၏ ညှဉ်းပန်း သတ်ဖြတ်ခြင်းခံရသော ယုံကြည်သူများအတွက် စာများရေးသားခဲ့သည်။…
စိုးရိမ်ကြောက်ရွံ့မှုမုန်တိုင်းများ
ရုပ်သံကြော်ငြာတစ်ခုတွင် အမျိုးသမီးတစ်ဦးက တီဗွီကြည့်နေသူများထဲမှ တစ်ယောက်အား "မာခ့် ဘာတွေရှာနေတာလဲ" ဟု သာမန်ကာလျှံကာ မေးလိုက်သည်။ တကယ်တော့ "ဘယ်ရုပ်သံအစီအစဥ်ကို ရှာနေတာလဲ" ဟု မေးခြင်းကို သတိမထားမိဘဲ ထိုသူက အတည်ပေါက်ကြီးနှင့် "မကြောက်ရွံ့ဘဲ ဆုံးဖြတ်ချက် ချမဲ့ ကျွန်တော့်ရဲ့ ကိုယ်ပုံစံတစ်ခုကို ရှာနေတာ" ဟုပြန်ဖြေသည်။
တီဗွီကြော်ငြာတစ်ခုက ကျွန်တော့်ကို ဤသို့လေးလေးနက်နက် ထိမှန်စေ လိမ့်မည် ဟုမထင်ခဲ့ပါ။ သို့သော် သနားစရာ မာခ့်ကို ကျွန်တော် နားလည်ပေးနိုင်ပါသည်။ တစ်ခါတစ်ရံ ကြောက်ရွံ့မှုများက ဘဝကို ပဲ့ကိုင်နေသယောင် ဖြစ်နေမှု များကြောင့် ကျွန်တော်လည်း ရှက်ရွံ့ခဲ့ဖူးသည်။
သခင်ယေရှု၏တပည့်တော်များသည် ကြောက်ရွံ့မှု၏ကြီးမားသော တန်ခိုးကို ကိုယ်တိုင်ခံစားခဲ့ရသည်။ တစ်ခါက သူတို့ဂါလိလဲပင်လယ်ကိုဖြတ်ကာ ကမ်းတစ်ဘက်သို့ကူးစဉ် (မာ ၄:၃၅) "ပြင်းစွာသော မိုးသက်မုန်တိုင်း" ကျသည် (:၃၇)။ သူတို့သည် အလွန်ကြောက်ရွံ့သဖြင့် အိပ်ပျော်နေသော သခင်ယေရှုအား…