အမျိုးအစား  |  odb

ဒုတိယတန်းစား မဟုတ်

ပထမကမ္ဘာစစ်ကြီး ပြီးဆုံးပြီးနောက် သမ္မတ ဝုဒ်ရိုး ဝီလ်ဆင်အား ကမ္ဘာပေါ်ရှိ သြဇာအာဏာကြီးမားသည့် ခေါင်းဆောင်များအနက်တစ်ဦးအဖြစ် သိမှတ်ကြသည်။ သို့သော် သူသည် ၁၉၁၉ ခုနှစ်၌ လေဖြတ်သွားပြီးနောက်ပိုင်း မည်သည့်ပြဿနာများကို သမ္မတကြီးထံ တင်ပြသင့်မသင့် ဆုံးဖြတ်ပေးခြင်း စသည်ဖြင့် သူ၏အမှုရေးရာ အားလုံးနီးပါးကို ဇနီးဖြစ်သူကသာ စီမံခန့်ခွဲကြောင်း လူနည်းစုသာ သိရှိကြသည်။ အချိန်ကာလတစ်ခုအတွင်း အီးဒစ် ဝီလ်ဆင်သည် အမှန်ပင် အမေရိကန် ပြည်ထောင်စု၏ သမ္မတအဖြစ် တာဝန်ထမ်းဆောင်ခဲ့ကြောင်း ခေတ်သစ် သမိုင်းပညာရှင်များ ယုံကြည်ထားကြသည်။

ကနဦးအသင်းတော်၏ ခေါင်းဆောင်များဟု မေးလာလျှင် ကျွန်ုပ်တို့အများစုက ပေတရု၊ ပေါလုနှင့် တိမောသေ စသည်ဖြင့် သူတို့အကြောင်း အချက်အလက် စုံစုံလင်လင် ပြုစုခံရသူများကိုသာ ဖြေမိမည်။ သို့သော် ရောမ ၁၆ တွင် ရှင်ပေါလုက အမျိုးသား၊ အမျိုးသမီး၊ ကျွန်၊ ဂျူးလူမျိုး၊ တစ်ပါးအမျိုးသားစသည်ဖြင့် အသင်းတော်အတွက်…

သံမဏိနှင့် ကတ္တီပါ

‘‘လူသားတို့၏သမိုင်းတွင် ပေါ်ထွန်းလေ့မရှိသည့် သံမဏိနှင့်ကတ္တီပါ ဂုဏ်ရည် နှစ်မျိုးလုံးရှိသူ... ဆိုးရွားလှသည့်မုန်တိုင်းနှင့် နှုတ်ဖြင့်ဖော်မပြနိုင်သော ပြီးပြည့်စုံသည့် ငြိမ်းချမ်းရေးတို့၏ ၀ိရောဓိကို သူ့နှလုံးသားနှင့် စိတ်ထဲ၌ ခံယူစွဲကိုင်သူတစ်ဦးသည် ဤလောက၌ ပေါ်ထွန်းခဲ့သည်’’ ဟူ၍ အမေရိကန်ပြည်ထောင်စု၏သမ္မတဟောင်း အာဗြံဟံလင်ကွန်း ကို ရည်ညွှန်း၍ ကဗျာဆရာ ကားလ် ဆန်းဘတ်က ရေးသားခဲ့သည်။ သူ့ရုံးတော်မှ အခွင့်အာဏာ နှင့် (လွတ်လပ်ရေးကို တောင့်တသူ တစ်ဦးချင်းစီအတွက်) ဝန်တာထားသည့်စိတ်ကို သမ္မတကြီး မည်ကဲ့သို့ညီမျှထိန်းညှိ ခဲ့သည်ကို ‘‘သံမဏိနှင့် ကတ္တီပါ’’တို့က ဖော်ကျူးနေသည်။

သမိုင်းတစ်လျှောက်လုံး၌ ခွန်အားနှင့် သိမ်မွေ့ နူးညံ့မှု၊ တန်ခိုးနှင့်သနားကြင်နာမှုတို့ကို အပြည့်အဝ အကောင်းဆုံး ထိန်းညှိနိုင်ခဲ့သူ တစ်ဦးတည်းရှိသည်။ ထိုသူသည် သခင်ယေရှုခရစ်ပင် ဖြစ်သည်။ ယော ၈ ၌ အပြစ်ကျူးလွန်သည့် အမျိုးသမီးကို အပြစ်စီရင်လိုသည့် ဘာသာရေးခေါင်းဆောင်များနှင့် ရင်ဆိုင်ရသော် သခင်ယေရှုသည် သံမဏိနှင့်ကတ္တီပါ စိတ်ထားကို…

ကျွန်ုပ်တို့ချီးမွမ်းအေးကျူးသောအခါ

၂၀၁၄ ခုနှစ်တွင် အသက် (၉) နှစ်အရွယ် ဝီလီလေး အိမ်ရှေ့ပန်းခြံမှ ပြန်ပေးဆွဲခံရစဉ်က သူ့အကြိုက် Every Praise ဆိုသော ဘုရားသီချင်းကို ထပ်ခါထပ်ခါသီဆိုနေခဲ့သည်။ ပြန်ပေးသမားများက ကားဖြင့် ခေါ်ဆောင်လှည့်ပတ်မောင်းနေသည့် ထိတ်လန့်ဖွယ် (၃) နာရီကာလအတွင်း သူ့အား တိတ်တိတ်နေရန် ပြောသည်ကို လျစ်လျူကာ ဝီလီလေးသည် ချီးမွမ်းသီဆိုမြဲသီဆိုခဲ့သည်။ နောက်ဆုံး၌ ပြန်ပေးသမားက သူ့ကို အန္တရာယ်မပြုဘဲ ပြန်လွှတ်ပေး ခဲ့သည်။ သူ့၏ကြောက်စိတ်ကို ယုံကြည်ခြင်းဖြင့် ပုံအပ် လိုက်သောအခါ ပြန်ပေးသမားများသည် ထိုသီချင်းကြောင့် စိတ်အနှောင့်အယှက် ဖြစ်ပုံရသည်ဟု နောက်ပိုင်းတွင် ဝီလီက သူ့အတွေ့အကြုံကို ပြန်ပြောပြခဲ့သည်။

သူ့အတွက် ကြောက်မက်ဖွယ်အခြေအနေ၌ ဝီလီ၏ တုံ့ပြန်မှုက ပေါလုနှင့်သိလတို့ သက်သေခံဝေမျှခဲ့သည့် အတွေ့အကြုံနှင့် အတူတူပင်ဖြစ်သည်။ ရိုက်နှက်ညှဉ်းဆဲခံရပြီး ထောင်ထဲ အချုပ်ခံ ရပြီးနောက် သူတို့သည် ‘‘ပတ္ထနာပြု၍ ဘုရားသခင်ကို ချီးမွမ်းလျက်…

သမ္မာတရား - ခါးသလား၊ ချိုသလား။

ကျွန်ုပ်၏နှာခေါင်းပေါ်တွင် အဖုလေးတစ်ဖုမှာ တစ်နှစ်ခန့် ဘာမှမဖြစ်ဘဲ ရှိနေခဲ့ပြီးမှ ဆရာဝန်ထံ သွားပြခဲ့သည်။ အသားစ စစ်ဆေးချက်အရ အရေပြားကင်ဆာဟူသည့် ကျွန်ုပ်မကြားလိုသည့် အဖြေထွက်လာသည်။ ဤကင်ဆာရောဂါကို ခွဲစိတ်ကုသနိုင်ပြီး အသက် အန္တရာယ်မစိုးရိမ်ရသော်လည်း ယင်းသည် မျိုရခက်သည့်ဆေးခါးကြီးပါ။

ဘုရားသခင်က ယေဇကျေလအား ညည်းတွား မြည်တမ်းစရာနှင့် စိတ်ပျက်စရာအကြောင်းများပါသည့် စာလိပ် - ဆေးခါးကြီးကို မျိုခိုင်းခဲ့သည် (ယေဇ ၂း၁၀၊ ၃း၁-၂)။ သူသည် ‘‘ထိုစာလိပ်ကိုစား၍ ဝမ်းဖြည့်’’ရမည်ဖြစ်ပြီး ဘုရားသခင်က ‘‘ရဲရင့်သောမျက်နှာနှင့် ခိုင်မာသောနှလုံး’’ ရှိသည်ဟု သတ်မှတ်သည့် ဣသရေလအမျိုးသားတို့ကို ကြားပြောရမည် (၂း၎)။ ပဲ့ပြင် ဆုံးမမှုများနှင့် ပြည့်သည့်စာလိပ်မှာ ဆေးခါးကြီးကဲ့သို့ ခါးလှမည်ဟု အချို့က ထင်မည်။ သို့သော် ယေဇကျေလက သူ့ပါးစပ်၌ "ပျားရည်ကဲ့သို့ ချိုသည်"ဟု ဖော်ပြခဲ့သည် (၃း၃)။

ယေဇကျေလသည် ဘုရားသခင်၏ပြုပြင်ခြင်းအရသာကို ခံစားရခဲ့ပုံပေါ်သည်။ ဘုရားရှင်က အပြစ်ပြသွန်သင်ဆုံးမခြင်းကို…

ငြိမ်ဝပ်သောဘ၀ကို ရှာဖွေခြင်း

‘‘ကြီးလာရင် ဘာဖြစ်ချင်လဲ’’ ဟူသော မေးခွန်းကို ကလေးဘဝမှစ တစ်ခါတစ်ရံ ကြီးပြင်းလာချိန်ထိ ကျွန်ုပ်တို့အားလုံးကြားဖူးကြသည်။ စူးစမ်းသိလိုသည့်စိတ်မှ ဤမေးခွန်းကိုမေးတတ်ပြီး အဖြေက မိမိ၏ ရည်မှန်းချက်ကို ဖော်ပြနေတတ်သည်။ နှစ်များပြောင်းလာသည်နှင့် ကျွန်ုပ်၏အဖြေလည်း အမျိုးမျိုး ပြောင်းခဲ့သည်။ နွားကျောင်းသား ကောင်းဘွိုင်း၊ ကုန်ကားမောင်းသူ၊ စစ်သား စသဖြင့် ဖြစ်ချင်ပြီး ကောလိပ်ကျောင်းတက်ချိန်တွင် ဆရာဝန်ဖြစ်ရန် ရည်မှန်းခဲ့သည်။ သို့သော် ‘‘ဆိတ်ငြိမ်သော ဘဝ’’ ကို ရှာရန် မည်သူမျှ တစ်ယောက်မျှ အကြံမပေးခဲ့ဖူးပါ။ ကျွန်ုပ်ကိုယ်တိုင်လည်း ရှာရန် စိတ်မကူးခဲ့ဖူးပါ။"

၎င်းသည် သက်သာလောနိတ်မြို့သားများကို ရှင်ပေါလု အသေအချာပြောခဲ့သည့်စကားဖြစ်သည်။ ရှေးဦးစွာ သက်သာလောနိတ်မြို့သားများအား အချင်းချင်း ချစ်ကြရန်၊ အထူးသဖြင့် ဘုရားသခင်၏မိသားစုဝင်များအားလုံးကို ပိုချစ်ရန် ရှင်ပေါလု တိုက်တွန်းသည် (၁ သက် ၄း၁၀)။ ထို့နောက် သက်သာလောနိတ်မြို့သားတို့၏လက်နှင့် လုပ်ဆောင်သမျှတို့တွင် သတိထားရန်၊ ‘‘ငြိမ်ဝပ်စွာနေ၍ ကိုယ်အမှုကို…

ကောက်ရိုးပုံဆုတောင်း

ရှင်ယေရှု၏သတင်းကောင်းကို ဝေမျှမည့်သူများကို ဘုရားရှင်ပို့ဆောင်ပေးရန် ဆယ်မြူရယ် မေးလ်စ် နှင့် သူ့မိတ်ဆွေလေးဦးတို့သည် အတူတကွဆုတောင်းကြသည်။ ၁၈၀၆ ခု၊ နေ့တစ်နေ့၌ ဆုတောင်းစည်းဝေးမှအပြန် လမ်းတွင် မိုးကြိုးမုန်တိုင်းမိပြီး ကောက်ရိုးပုံ၌ မိုးခိုခဲ့ရသည်။ ထို့နောက် အပတ်စဉ်အတူဆုတောင်းခြင်း၏ရလဒ် အဖြစ် ကမ္ဘာ့သာသနာလှုပ်ရှားမှု ပေါ်ပေါက်လာရာ၊ ၎င်းတို့၏ အပတ်စဉ်ဆုတောင်းစည်းဝေးမှာ ကောက်ရိုးပုံ ဆုတောင်း စည်းဝေးဟု နောက်ပိုင်းတွင် ထင်ရှားလာခဲ့သည်။ ယနေ့တွင်ဆုတောင်းခြင်းအားဖြင့် ဘုရားသခင် လုပ်ဆောင်နိုင်ကြောင်း ကို အမှတ်ရသတိပေးသည့် ကောက်ရိုးပုံဆုတောင်း အထိမ်းအမှတ်ကျောက်တိုင်ကို အမေရိကန်နိုင်ငံရှိ ဝီလီယံကောလိပ်၌ စိုက်ထူထားသည်။

သားသမီးများက သဘောချင်းတူလျက် သူထံချဉ်းကပ် တောင်းလျှောက်ခြင်းကို ကောင်းကင်ဘုံရှင် အဘဘုရားသခင် ဝမ်းမြောက်ကျေနပ်သည်။ ၎င်းသည် မိသားစုဝင် များက စည်းစည်းလုံးလုံးနှင့် ဝန်ကို ဝေမျှထမ်းရွက်ကာ စုရုံးလာခြင်းနှင့်တူသည်။

ပြင်းထန်စွာ ဆင်းရဲဒုက္ခခံစားရစဉ် အခြားသူများ၏ဆုတောင်းပေးမှုအားဖြင့် ဘုရားသခင်သူ့ကို မည်ကဲ့သို့ကူညီမစခဲ့သည်ကို တမန်တော်ရှင်ပေါလုက အသိအမှတ်ပြု ဖော်ပြထားသည်။…

သီချင်းအားဖြင့် ခွန်အားရ

ဒုတိယကမ္ဘာစစ်အတွင်း နာဇီတို့လက်မှ ပုန်းရှောင်နေသည့် ဂျူးဒုက္ခသည်များကို ပြင်သစ်ရွာသားများကူညီခဲ့သည်။ အချို့က မြို့ပတ်လည်ရှိ တောနက်ထဲတွင် သီချင်း သီဆိုကာ အန္တရာယ်ကင်းပြီ၊ ပုန်းနေရာမှထွက်လာနိုင်ပြီဟု ဂျူးများကို အချက်ပြသည်။ ဤရဲရင့်သည့် Le Chambon-sur-Lignon မြို့သားများသည် သင်းအုပ်ဆရာ André Trocmé နှင့် ဇနီးဖြစ်သူ Magda တို့၏ပန်ကြားမှုကို နာခံလုပ်ဆောင်ခြင်းဖြစ်သည်။ သို့နှင့် ‘‘La Montagne Protestante’’ ဟု ထင်ရှားသည့် လေထန်ကုန်းပြင်မြင့်၌ စစ်အတွင်း ဂျူးများခိုလှုံနိုင်မည့်အရပ်ကို ပြင်ဆင်ပေးသည်။ ဂျူးအယောက် ၃၀၀၀ ကို အသက်ဘေးမှ လွတ်မြောက် စေခဲ့သည့် သူတို့၏တေးဂီတ အချက်ပြမှာ ရွာသားများ၏ ရဲရင့်မှုကိုပြသည့် အမှတ်သညာ တစ်ခုဖြစ်လာခဲ့သည်။

အခြားသော အန္တရာယ်အခြေအနေတစ်ခုမှာ ရန်သူတော်ရှောလုက ညအချိန် လူသတ်သမားများကို ဒါဝိဒ်အိမ်သို့စေလွတ်စဉ် ဒါဝိဒ်သည် သီချင်းသီဆိုခဲ့သည်။ သူ့သီချင်းက အချက်ပြခြင်းထက် သူ၏ခိုလှုံရာဖြစ်သည့် ဘုရား၏ကျေးဇူးတော်ကို…

စောင့်ရကျိုးနပ်ပြီ

တိုကျိုမြို့၊ ရှီဘူယ ဘူတာအပြင်ဘက်တွင် ဟာချီကို ခွေးရုပ်တုတစ်ခုရှိသည်။ ထိုဘူတာ၌ နေ့စဉ်ရထားစီးသော သူ့သခင် တက္ကသိုလ်ပါမောက္ခဆရာကြီးအပေါ် ဟာချီကို၏ ထူးထူးခြားခြား သစ္စာစောင့်သိမှုကို လူတို့အမှတ်ရကြသည်။ မနက်ပိုင်းတွင် ခွေးလေးက သခင့်ကို ဘူတာသို့ အဖော်ပြုလမ်းလျှောက်ပို့ပြီး ရထားစီး ပြန်လာသည့်သခင်ကို ညနေတိုင်း လာကြိုတတ်သည်။

ဝမ်းနည်းဖွယ်မှာ တစ်နေ့တွင် ပါမောက္ခကြီးသည် အလုပ်ထဲ၌ ကွယ်လွန်သွားပြီး ဘူတာသို့ ပြန်မလာတော့ပါ။ သို့သော် ဟာချီကိုသည် ကျန်ရှိသည့် သူ့သက်တမ်း ကိုးနှစ်ကျော်တစ်လျှောက်လုံး ညနေတိုင်း ဘူတာရုံသို့ အချိန်မှန် ရောက်လာသည်။ ရာသီဥတု မည်သို့ပင်ဖြစ်ဖြစ်၊ တစ်ရက်ပြီးတစ်ရက် သခင့်ပြန်အလာကို ခွေးလေးက သစ္စာရှိရှိ စောင့်စားနေခဲ့သည်။

သက်သာလောနိတ်မြို့သားများ၏ ‘‘ယုံကြည်သောစိတ်နှင့် အကျင့်ကိုကျင့်ခြင်း၊ ချစ်သောစိတ်နှင့် ကြိုးစားအားထုတ်ခြင်း၊ ...သခင်ယေရှုခရစ်ကို မျှော်လင့်သောစိတ် နှင့် တည်ကြည်ခြင်း’’တို့ကို (၁ သက် ၁း၂-၃) ကိုးကားလျက် ရှင်ပေါလုက သူတို့၏…

သင့်နာမည်ကို ဖြည့်စွက်ပါ

Love Letters from God စာအုပ်၌ Glenys Nellist က ကလေးများကို မိမိနည်း မိမိဟန်ဖြင့် ဘုရားသခင်နှင့် အပြန်အလှန် နက်ရှိုင်းစွာဆက်သွယ်ကြရန် ဖိတ်ခေါ် ထားသည်။ ဤကလေးစာအုပ်များ၌ သမ္မာကျမ်းစာပုံပြင်တစ်ပုဒ်စီ၏အဆုံးတွင် ဘုရားသခင်မှ ကလေးမျာထံ ပေးပို့သော စာတိုလေးနှင့် ကလေး၏နာမည်ကို ရေးဖြည့်ရန် နေရာလွတ် ပါရှိသည်။ ဝိညာဉ်ရေးသမ္မာတရားကို မိမိတို့နှင့် သက်ဆိုင်စေခြင်းဖြင့် သမ္မာကျမ်းစာသည် ပုံပြင်စာအုပ် မဟုတ်ကြောင်း စာဖတ်သူကလေးများ နားလည်လာသည်။ ဘုရားရှင်သည် ကလေးများနှင့် ရင်းနှီးမိတ်သဟာယဖွဲ့လိုပြီး နှုတ်ကပတ်တော်အားဖြင့် သူအလွန်ချစ်သော ကလေး များကို စကားပြောကြောင်း သူတို့ကို သင်ကြားပေးသည်။

ကျွန်ုပ်၏တူလေးအတွက် ထိုစာအုပ်လေးဝယ်ပေးပြီး ဘုရားသခင်ပေးပို့သောစာတိုလေးများ၏အစ နေရာလွတ် တွင် သူ့နာမည်ကို ဖြည့်ပေးခဲ့သည်။ သူ့နာမည်ကို မြင်ရသော် ဝမ်းမြောက်ပြီး သူက ‘‘ဘုရားသခင်က သားကိုလည်း ချစ်တယ်’’ ဟု ပြောသည်။…

အဓိကဇာတ်ဆောင်

ထင်ရှားသည် ကျမ်းစာကျောင်းတစ်ခု၌ ဟောပြောခြင်းဘာသာရပ်ကို တက်ရောက်သူ ကျောင်းသားတစ်ဦးအကြောင်း တစ်ခါက ကျွန်ုပ်ကြားဖူးသည်။ ထိုလူငယ်သည် မိမိကိုယ်ကို ယုံကြည်မှုအပြည့်ဖြင့် အဟောအပြော ကောင်းကောင်း၊ အချက်ကျကျနှင့် တရားဟောခဲ့ပြီး မိမိကိုယ်ကို ကျေနပ်လျက် သူ့နေရာ၌ ပြန်ထိုင်လိုက်သည်။ ပါမောက္ခက သုံးသပ်ချက်မပေးမီတွင် ခဏဆိုင်းပြီး ‘‘တကယ့်ကို အစွမ်းထက်တဲ့ တရားဟောချက်ပဲ။ သေသေ ချာချာ ပြင်ဆင်ထားလို့ စိတ်ကို တို့ထိစေတယ်။ တစ်ခုတည်း သော ပြဿနာကတော့ မင်းပြောတဲ့ ဝါကျတစ်ခုစီတိုင်းမှာ ဘုရားသခင်အကြောင်း မပါတာဘဲ’’ဟု ပြောခဲ့သည်။

ကျွန်ုပ်တို့အားလုံး အချိန်အတော်များများ နပန်းလုံး နေရသည့် ပြဿနာကို ပါမောက္ခကြီးက မီးမောင်းထိုးပြခဲ့သည်။ အမှန်စင်စစ် ဘုရားသခင်သည် အသက်တာ၌ အဓိကသရုပ်ဆောင်ဖြစ်သော်လည်း ကျွန်ုပ်တို့က မိမိသည် အဓိကဇာတ်ကောင်များ ဖြစ်သည့်အလား (မိမိလုပ်သည့်အရာ၊ မိမိ ပြောသည့် အရာကိုသာ အသားပေး) ပြောဆိုတတ်ကြသည်။ ဘုရားသခင်သည် ‘‘တာဝန်ခံ’’…