အမျိုးအစား  |  odb

အရေးမပါဟု သိမ်ငယ်ခံစားရခြင်း

ရုပ်ရှင်ဝေဖန်အကဲဖြတ်သူများက ဒေးဗစ် လန်း၏ Lawrence of Arabia ကို အကောင်းဆုံး ရုပ်ရှင်ဇာတ်ကားအဖြစ် သတ်မှတ်ကြသည်။ အဆုံးမဲ့သည့် အာရေဘီယန် သဲကန္တာရ ရုပ်ရှင်ဇာတ်ကားသည် ဒါရိုက်တာအကယ်ဒမီဆုရှင် စတီဗင် စပီးဘတ် အပါအဝင် ရုပ်ရှင်ထုတ်လုပ်သူ မျိုးဆက်သစ်များကို လွှမ်းမိုးခဲ့သည်။ ‘‘Lawrence ရုပ်ရှင်ကို ပထမဆုံးကြည့်တဲ့အချိန်ကစပြီး ကျွန်တော့် စိတ်မှာ
လှုံ့ဆော်မှုဖြစ်ခဲ့တယ်။ သူက ကျွန်တော့်ကို သိမ်ငယ် စေတယ်။ ခုထိ သိမ်ငယ်စိတ်ခံစားရတယ်။ အဲဒါက သူ့ရဲ့ကြီးမြတ်ခြင်း
ကို တိုင်းတာနိုင်တဲ့အရာတစ်ခုပဲ’’ဟု စပီးဘတ် ပြောခဲ့သည်။

ပင်လယ်သမုဒ္ဒရာရေပြင်ကြီး၊ မြောက်ဝင်ရိုးစွန်း ရေခဲတောင်၊ တောက်ပသောကြယ် သန်းပေါင်းများစွာနှင့် ညကောင်းကင်ကို ငေးမောကြည့်မိစဉ် အံ့မခန်းသော ဖန်ဆင်းခြင်းလက်ရာများကြောင့် မိမိသည် သေးနုတ်လှ၏ဟု ကျွန်ုပ်ခံစားရသည်။ ဖန်ဆင်းခံ စကြဝဠာကြီးသည် တန်ဖိုးမြင့်လွန်းပါက ၄င်းကို နှုတ်မြွက်ဖန်ဆင်းသော ဖန်ဆင်းရှင် သည် အဘယ်မျှ ကြီးမြတ်လိုက်မည်နည်း။…

လှည့်ပြန်၊ ထွက်ပြေး

အလီသည် လှပသော၊ ထက်မြက်ပြီး ပါရမီထူးသော၊ ချစ်ကြင်နာသည့်မိဘများနှင့် ဘ၀ပြည့်စုံသော ဆယ်ကျော်သက်လေးတစ်ဦးဖြစ်သည်။ သို့သော် အထက်တန်းအောင် ပြီးနောက် ဘိန်းဖြူစမ်းသုံးရန် သွေးဆောင်ခံရပြီး နောက်ဆုံးဆေးစွဲသွားသည်။ မိဘများက သူ၏ပြောင်းလဲမှုများကို သတိထားမိပြီး အလီ က သူဆေးစွဲနေကြောင်း ၀န်ခံလာသောအခါ သူ့ကို ပြန်လည်ထူထောင်ရေးစခန်းသို့ ပို့ပေးခဲ့သည်။ ဆေးကုသမှုခံယူပြီး မူးယစ်ဆေးကို စမ်းခြင်း နှင့် ပတ်သက်၍ သူငယ်ချင်းများကို ဘာပြောလိုသနည်းဟု သူ့ကို မေးရာ ‘‘လှည့်ပြန် ထွက်ပြေးပါ။ မလုပ်ဘူး၊ မစမ်းဘူးလို့ ပြောတာလောက်နဲ့ မရဘူး။ မလုံလောက်ဘူး’’ ဟု သူတိုက်တွန်း အကြံပေးခဲ့သည်။

သို့သော် ဝမ်းနည်းဖွယ်မှာ အလီသည် နောက်တစ်ကြိမ် ဆေးပြန်စွဲပြီး အသက် (၂၂)နှစ် အရွယ်တွင် ဆေးလွန်ကာ သေဆုံးခဲ့ရသည်။ အခြားသူများ၌ ထိုကံကြမ္မာမျိုး မကျရောက်စေရန် ကြိုးစားသည့်အနေနှင့် ကြေကွဲသောမိဘနှစ်ပါးမှာ ဒေသတွင်း သတင်းအစီအစဉ်တစ်ခုမှ မူးယစ်ဆေးနှင့်…

ရေထက်ကို ပိုပါတယ်

အသင်းတော်နှင့်ပတ်သက်ပြီး ကျွန်တော်၏ငယ်ဘဝ အမှတ်တရများအနက်တစ်ခုမှာ သင်းအုပ်ဆရာက ဘုရားကျောင်းအလယ်လမ်းအတိုင်း လျှောက်လာပြီး ‘‘ကျွန်ုပ်တို့ ဗတ္တိဇံ ခံခဲ့သည့် ရေကို သတိရကြပါ’’ဟု စိန်ခေါ်ခြင်း ဖြစ်သည်။ ‘‘ရေကို သတိရရမယ်၊ ဘယ်လိုလုပ် ရေကို သတိရနိုင်မှာလဲ’’ ဟု ကိုယ့်ဘာသာကိုယ် ပြန်မေးမိသည်။ ထို့နောက် ဆရာက လူတိုင်းအပေါ် ရေဖြန်းခြင်းကို လုပ်ဆောင်ရာ ကလေးအနေနှင့် ကျွန်တော့်အတွက် ပျော်စရာရော၊ စိတ်ရှုပ်စရာပါ ဖြစ်ခဲ့သည်။

ဗတ္တိဇံအကြောင်းကို ကျွန်ုပ်တို့ အဘယ်ကြောင့် ဆင်ခြင်အပ်သနည်း။ လူတစ်ဦးသည် ဗတ္တိဇံခံသောအခါ ရေထက် ပိုလေးနက်သည့်အရာရှိသည်။ ယေရှုခရစ်ကို ယုံကြည်ခြင်းအားဖြင့် ကိုယ်တော့်အား ကျွန်ုပ်တို့ ယူတင် ဝတ်ဆင်ပြီးဖြစ်ကြောင်းကို ဗတ္တိဇံက ပုံဆောင်ပါသည် (ဂလာ ၃း၂၇)။ တစ်နည်းအားဖြင့် ကျွန်ုပ်တို့သည် သခင်နှင့်သက်ဆိုင်ပြီး ကျွန်ုပ်တို့အထဲ၌၊ ကျွန်ုပ်တို့အားဖြင့် သခင်အသက်ရှင်ခြင်းကို ဗတ္တိဇံက ဖော်ဆောင်ပေးသည်။

ထိုအချက်က မလုံလောက်သေးဟုခံစားရပါက(း၂၆)တွင် ဤသို့ဆိုထားပါသည်။…

ဝေဖန်ချက်များကို ပြန်လည်မချေပနှင့်

“Don't Feed The Trolls” (ဝေဖန်ချက်များကို ပြန်မချေပနှင့်) ဟူသောအဆိုကို သင်ကြားဖူးပါသလား။ ဝေဖန်ချက်များသည် မျက်မှောက်ခေတ် ဒစ်ဂျစ်တယ်လောက၏ ပြဿနာသစ်တစ်ရပ်ကို ရည်ညွှန်းသည်။ သတင်းနှင့်လူမှုမီဒီယာ ဆွေးနွေးချက်များအပေါ် အွန်လိုင်း အသုံးပြုသူများက ပျစ်ပျစ်နှစ်နှစ်ဝေဖန်ချက်များကို တမင်သက်သက် ထပ်ခါတစ်လဲလဲ တင်ကြခြင်းဖြစ်သည်။ သို့သော် အဆိုပါ ဝေဖန်ချက်များကို လျစ်လျူရှုပါက၊ ဝေဖန်ချက်များကို ပြန်လည်မချေပပါက ဆွေးနွေးချက်နှင့်ပတ်သက်၍ လမ်းကြောင်း ချော်စေနိုင်သဖြင့် ပို၍အခက်တွေ့ရသည်။

အကျိုးရှိသည့် အပြန်အလှန်ဆွေးနွေးမှုကို စိတ်မဝင်စားသူများနှင့် ရင်ဆိုင်ရခြင်းက အသစ်အဆန်း မဟုတ်ပါ။ ‘‘ဝေဖန်ချက်များကို ပြန်လည်မချေပနှင့်’’ ဆိုသည်က ‘‘မိုက်သောသူ၏သဘောသို့လိုက်၍ သူ့စကားကို မချေနှင့်။ ထိုသို့ချေလျှင် သူနှင့်တူလိမ့်မည်’’ ဆိုသည့် သု ၂၆း၎ နှင့် အဓိပ္ပာယ်တူသော ခေတ်စကား ဖြစ်သည်။

သို့သော် ထိုသို့တဇွတ်ထိုးခေါင်းမာသူများပင်လျှင် အဖိုးမဖြတ်နိုင်သည့် ဘုရား၏ ပုံသဏ္ဌာန်တော်ကို ယူဆောင်သူဖြစ်သည်။ ကျွန်ုပ်တို့သည် တစ်ပါးသူများကို…

စည်းလုံးညီညွတ်ခြင်း

ယခုအချိန်တွင် ချက်သမ္မတနိုင်ငံဖြစ်လာသည့်ဒေသ၌နေထိုင်ကြသူ မိုရာဗီယန်ခရစ်ယာန် အုပ်စုလေးသည် ၁၇၂၂ ခုနှစ်က ညှဉ်းပန်းနှိပ်စက်မှုမှ ထွက်ပြေးလွတ်မြောက်လာပြီး သဒ္ဒါထက်သန်သောဂျာမန်မျိုးရိုးမြင့်သူတစ်ဦး၏ အိမ်ခြံမြေထဲတွင် ခိုလှုံခွင့်ရခဲ့သည်။ လေးနှစ်တာအတွင်း လူပေါင်း ၃၀၀ မက ရောက်ရှိလာသည်။ သို့သော် နှိပ်စက်ခံရ သူများ စုပေါင်းနေထိုင်သည့် စံပြအဖွဲ့အစည်းဖြစ်ရမည့်အစား လာရောက် အခြေစိုက်သူများကြား၌ သဘောထား ကွဲပြားမှုများနှင့် ပြည့်နေသည်။ အမျိုးမျိုးသော ခရစ်ယာန် ဘာသာရေး သဘောထား အမြင်များက ကွဲပြားမှုကို ဖြစ်စေ ခဲ့သည်။ ထို့နောက်တွင် သဘောထားချင်း မတိုက်ဆိုင်သည့် အရာပေါ် အာရုံစိုက်ခြင်းထက် သဘောထားတိုက်ဆိုင်သည့် အမှုအရာအပေါ် အာရုံစိုက်ရန် သူတို့ဆုံးဖြတ်ခဲ့ကြသည်။ ဘာမှမဟုတ်သည့် ရွေးချယ်မှုဟု ထင်ရသော်လည်း အထက်ပါဆုံးဖြတ်ချက်ကြောင့် မယုံကြည်နိုင်စရာ နိုးထမှုကြီး စတင်ခဲ့သည်။ ရလဒ်ကား သူတို့စည်းလုံးသွားကြသည်။

ဧဖက်အသင်းတော်ရှိ ယုံကြည်သူများကို စည်းစည်းလုံးလုံး ရှိရန် တမန်တော် ရှင်ပေါလုက တိုက်တွန်း အားပေးခဲ့သည်။…

မည်သည့်အဖိုးအခ ပေးရပါစေ...

“ခရစ်တော်၏တမန်တော်ပေါလု” ရုပ်ရှင်၌ ကနဦးအသင်းတော်၏ ညှဉ်းပန်းနှိပ်စက်ခံရမှု များကို မမှုသည့်အကြောင်းကို ရိုက်ကူးထားသည်။ အရိုက်ခံရသည့် အမျိုးသမီးနှင့် အမျိုးသား၊ ခရစ်ယာန်ဓားစာခံ - ၁၊ ၂၊ ၃ စသည်ဖြင့် ဖော်ပြထားသည့် သရုပ်ဆောင်များ၏ စာရင်းအရ ခရစ်တော်နောက်တော်လိုက်ခြင်း၏အန္တရာယ်ကို ဇာတ်ပို့ဇာတ်ရံများ၏ အခန်းကဏ္ဍများတွင်ပင် တွေ့ရသည်။

ခရစ်တော်၌ မိမိကိုယ်ကို ကိုယ်စားပြုဖော်ထုတ် ပြောဆိုခြင်းသည် တစ်ခါတစ်ရံ အဖိုးအခမြင့်မားစွာ ပေးဆပ်ရသည်။ ကမ္ဘာ့နေရာအတော်များများ၌ ခရစ်တော် နောက်တော်လိုက်ခြင်း၏အန္တရာယ် ကြုံရဆဲဖြစ်သည်။ မျက်မှောက်ခေတ် အသင်းတော်များစွာတို့သည် ညှဉ်းပန်းနှိပ်စက်မှုများကို ခံနေရသည်။ ယုံကြည်သူအချို့တို့လည်း မိမိတို့၏ ယုံကြည်ခြင်းကို ကြမ်းတမ်းစွာ သရော်ခံရသောအခါ (သို့) မိမိတို့၏ယုံကြည်ကိုးကွယ်မှုကြောင့် ရာထူးမတိုးဘဲ အကျော်ခံရသည့်အခါ ‘‘ဖိနှိပ်ညှဉ်းပန်းမှု’’ တစ်မျိုးဟု ခံစားရတတ်သည်။

မိမိ၏လူမှုဘဝကို စွန့်လွှတ်ရခြင်းနှင့် မိမိ၏အသက်ကို စွန့်လွှတ်ရခြင်းသည် မတူ၊ ထိုနှစ်ခုကြား၌ ထင်ရှားသော ကွာခြားမှုကြီးရှိသည်။ လက်တွေ့တွင် မိမိအရေးကိုသာ…

ပြုလေရာရာ၌

Surprised by Joy စာအုပ်၌ ဆရာကြီး စီ အက်စ် လူးဝစ်က သူသည် ‘‘ကန်ကျောက်၊ ရုန်းကန်လျက်၊ နာကြည်းခါးသီးမှုကို ခံစားရလျက်၊ လွတ်မြောက်မည့်အရေးကို ကျီးကန်းတောင်းမှောက် ရှာဖွေပြီး’’ အသက် ၃၃ နှစ်မှ ခရစ်ယာန်ဖြစ်လာကြောင်း ဝန်ခံထားသည်။ သူ၏ခံနိုင်စွမ်း၊ အားနည်းချက်၊ ရင်ဆိုင်ရသည့်အတားအဆီးများ မည်သို့ပင်ရှိရှိ သူ့အား သတ္တိရှိသော၊ ထိုးထွင်းဉာဏ်ဖြင့် ဆန်းသစ်စွာ ယုံကြည်ခြင်းကို ကာကွယ်သူအဖြစ် ဘုရားရှင်က ပြောင်းလဲခဲ့သည်။ ဘုရားရှင်၏သမ္မာတရားနှင့် မေတ္တာတော်အကြောင်း သူရေးသားကြွေးကြော်ခဲ့သည့် ထိမိသောဆောင်းပါးနှင့် ဝတ္ထုတိုများကို သူကွယ်လွန်ပြီး နှစ်ပေါင်း (၅၀) ကျော်ထိ ယနေ့ထိတိုင် လူများဖတ်ရှု၊ လေ့လာ၊ ဝေမျှဆဲဖြစ်သည်။ ‘‘လူသည် ပန်းတိုင် နောက်တစ်ခုချမှတ်ရန် (သို့) အိပ်မက်သစ်မက်ရန် ဘယ်ခါမှ အရွယ်လွန် သွားခြင်းမရှိ’’ ဟူသည့် သူ့ယုံကြည်ချက်ကို သူ့အသက်တာက ထင်ဟပ်ပြသနေသည်။

မိမိအစီအစဉ်များချမှတ်ကာ မိမိ၏အိပ်မက်ကို…

လျှာကို ထိန်းကျောင်းသူ

West With The Night စာအုပ်၌ စာရေးဆရာမ ဘာရီမာ့ခမ်း က တက်ကြွသော မြင်းထီး Camciscan ကို ယဉ်ပါးအောင် သူထိန်းကျောင်းခဲ့ရသည့်အကြောင်းကို အသေးစိတ် ရေးသားထားသည်။ သူနှင့် မြင်းထီး Camciscan တို့ အပြိုင် ကြဲခဲ့ရသည်။ မည်သည့်နည်းဗျူဟာသုံးသုံး၊ မာန်ထောင်နေသည့်မြင်းထီးကို လုံးလုံးလျားလျား ယဉ်ပါးသွားအောင် သူမစွမ်းဆောင်နိုင်ခဲ့ပါ။ မြင်းထီး၏ တဇောက်ကန်းစိတ်ကို တစ်ကြိမ်သာအနိုင်ရခဲ့ဖူးသည်နှင့် ကျေနပ်ခဲ့ရသည်။

မိမိတို့၏လျှာကို ထိန်းကျောင်းရသည့် စစ်ပွဲ၌ ဤခံစားချက်မျိုးကို ကျွန်ုပ်တို့ဘယ်နှစ်ဦး ခံစားဖူးပါသနည်း။ ရှင်ယာကုပ်က လျှာကို မြင်းဇက်ကြိုး၊ သင်္ဘောတက်မ တို့နှင့် နှိုင်းယှဉ်သလို (ယာ ၃း၃-၅)၊ "နှုတ်တစ်ပါးတည်း အထဲက ထောမနာချီးမွမ်းခြင်းနှင့် ကျိန်ဆဲခြင်း ထွက်တတ် ပါသည်တကား၊ ငါ့ညီအစ်ကိုတို့၊ ထိုသို့မဖြစ်ကောင်းရာ" (း၁၀) ဟုလည်း ညည်းတွားခဲ့သည်။

သို့ဖြစ်၍ လျှာကိုထိန်းကျောင်းရာတွင် ကျွန်ုပ်တို့ မည်သို့အနိုင်ရနိုင်မည်နည်း။…

အရင်ကထက် ပိုကောင်းသော

ပဲရစ်မြို့ရှိ နော်ထရီ ဒိမ်းဘုရားကျောင်းကြီးသည် လွန်စွာမှ ခမ်းနားကြီးကျယ်လှသည်။ ၎င်း၏ ဗိသုကာလက်ရာမှာ ညို့ယူဖမ်းစားနိုင်စွမ်းပြီး ရောင်စုံမှန် ပြတင်းပေါက်များနှင့် လှပသည့်အတွင်းပိုင်း အပြင်အဆင်မှာလည်း အသက်ရှူ မှားလောက်သည်။ သို့သော် ပဲရစ်မြို့တော်၏ရှုခင်းကို ရာစုနှစ်များစွာလွှမ်းမိုးထားရာမှ ယခုတွင် မီးလောင်မှုကြီး ကြောင့် အကြီးအကျယ်ပျက်စီးကာ ခမ်းနားထယ်ဝါသည့် အဆောက်အအုံကြီးကို ပြန်လည်ပြုပြင်ရန် လိုအပ်လေပြီ။

သို့နှင့် ၈ ရာစုခေတ်မှ ဤ အဆောက်အအုံဟောင်းကို မြတ်နိုးသူများက ယင်းကို ပြုပြင်ရန်ဖြစ်လာပြီး ဘုရားကျောင်းကြီးကို ထိန်းသိမ်းရန်အတွက် ရံပုံငွေ ဒေါ်လာ သန်း ၁၀၀ ကျော် ရှာဖွေခဲ့သည်။ အဆောက်အအုံနံရံကို ကျားကန်ပေးရမည်၊ ပျက်စီးသွားသည့် အတွင်းပိုင်း အပြင်အဆင်နှင့် အဖိုးတန်အနုပညာ လက်ရာများကို ပြန်လည် ပြုပြင် ထိန်းသိမ်းရမည်။ ဤရှေးဟောင်း ဘုရားကျောင်းသည် လူအများအတွက် မျှော်လင့်ခြင်း အမှတ်လက္ခဏာ ဖြစ်သည့်အတွက် ဤအားထုတ်မှုက အရေးကြီးသည်၊ လုပ်ဆောင်ထိုက်သည်။…

ဘေးအန္တရာယ်ကို မကြောက်ပါ

၁၉၇၅ ခုနှစ်၌ အာကန်ဆပ် ပြည်နယ် လစ်တယ်ရော့ခ် မြို့ရှိ လူဖြူများသာရှိသည့် ဗဟိုအထက်တန်းကျောင်းသို့ ပထမဆုံး ပူးပေါင်းတက်ရောက်မည့် အမေရိကန်-အာဖရိကန် ကျောင်းသူ/သား ကိုးယောက်အဖွဲ့ - “Little Rock Nine” ၏ အဖွဲ့ဝင် အဖြစ် မယ်ဘာပက်တီလိုဘီအယ်လ်စ် အရွေးခံခဲ့ရသည်။ ၂၀၁၈ ခုနှစ်ထုတ် “ကျွန်ုပ် မကြောက်ပါ။ မီးလျှံများကြား ယုံကြည်ခြင်းကို ဘဝတစ်လျှောက်လုံး
တည်ဆောက်ခဲ့ရသည့် ကျွန်ုပ်အကြောင်း’’ ဆိုသည့် သူ၏ ကိုယ်တွေ့မှတ်တမ်းတွင် ဘီင်္အယ်လ်စ် သည် ၁၅ နှစ် အရွယ် ကျောင်းသူတစ်ဦး၏ နေ့စဉ် မတရားမှု၊ အခက်အခဲပြဿနာ များကို သတ္တိရှိရှိ ကြိုးစားရင်ဆိုင်ရသည့် နှလုံးကြေကွဲဖွယ်ရာ အဖြစ်အပျက်များကို ရေးသားဖော်ပြထားသည်။

ဘုရားရှင်အပေါ် သူမ၏နက်ရှိုင်းသောယုံကြည်ခြင်း အကြောင်းကိုလည်း ရေးသားထားသည်။ ကြောက်စိတ်လွှမ်း သည့် ဘ၀၏အမှောင်မိုက်ဆုံးအချိန် အခိုက်အတန့်လေးတွင် ဘီင်္အယ်လ်စ် သည် သူငယ်စဉ်က…