မည်သူနိုင်မည်ကို သိနှင့်နေသောအခါ
ကျွန်တော်၏အထက်အရာရှိသည် ကောလိပ် ဘက်စကတ်ဘော အသင်းတစ်သင်း၏ အမာခံပရိသတ်တစ်ဦးဖြစ်သည်။ ယခုနှစ်တွင် ထိုအသင်းသည် အမျိုးသားချန်ပီယံဆု ရရှိခဲ့သဖြင့် လုပ်ဖော်ဆောင်ဖက်တစ်ဦးက ဝမ်းမြောက်ကြောင်း သူ့ထံသို့ စာရိုက်ပို့ခဲ့ သည်။ ပြဿနာမှာ ကျွန်တော့်သူဌေးက နောက်ဆုံးပွဲစဉ်ကို မကြည့်ရသေးသဖြင့် “ပွဲမကြည့်ရသေးဘဲ အဖြေသိနေခြင်းက စိတ်ပျက်စရာပဲ” ဟု ပြောပါသည်။ ထိုကစားပွဲကို ကြည့်ခဲ့လျှင်လည်း ပွဲပြီးခါနီး အချိန်ထိ အမှတ်တက်လာလည်း သူစိတ်လှုပ်ရှားမည် မဟုတ်။ မည်သူနိုင်မည်ကို သူသိပြီးသား ဟု သူဝန်ခံခဲ့သည်။
မနက်ဖြန် ဘာဖြစ်မည်ကို ကျွန်တော်တို့ဘယ်တော့မှ မသိနိုင်။ နေ့ရက်အချို့က ငြီးငွေ့ဖွယ်ကောင်းပြီး သာမန်နေ့များကဲ့သို့သာ ခံစားရမည်။ အခြားရက်များတွင်မူ ၀မ်းမြောက်ခြင်းများနှင့် ပြည့်နေမည်။ တစ်ဖန် ဘဝအသက်တာသည် နာကျင်မှုများ၊ ပင်ပန်း ကြပ်တည်းမှုများနှင့် လေးလံနိုင်ပါသည်။
ခန့်မှန်း၍မရသော ဘဝ၏လောကဓံ အတက်အကျများ ရှိစေကာမူ ဘုရားရှင်၏ငြိမ်သက်ခြင်း၌ ကျွန်တော်တို့လုံခြုံစွာရပ်တည်နိုင်ပါသည်။ ကျွန်တော်၏ အထက်အရာရှိ ကဲ့သို့ပင်…
အပြာရောင်လမ်းကြောင်း
အဖြူရောင်နှင်းဖုံးလွှမ်းသော မြေမျက်နှာပြင်ပေါ်၌ နှင်းလျောစီးပြိုင်ပွဲ လမ်းကြောင်းများကို အပြာရောင် မှုတ်ဆေးဖြန်းကာ သတ်မှတ်ပေးသည်။ သဘာဝအလျောက် အခုံးအကွေးသဏ္ဌာန်ပေါ်နေသည့်လမ်းကြောင်းက ပွဲကြည့်ရှုသူများအတွက် အာရုံလွဲစေသော်လည်း ၎င်းသည် ယှဉ်ပြိုင်သူများ၏လုံခြုံမှုနှင့် အောင်မြင်မှုနှစ်ခုလုံးအတွက် အရေးကြီးသည်။ သည်ဆေးရောင်က ပြိုင်ပွဲဝင်သူများအတွက် တောင်ခြေသို့ အမြန်ဆုံးရောက်စေမည့် လမ်းကြောင်းကို မြင်စေသည့် လမ်းညွှန်ဖြစ်သည်။ ထို့အပြင် ပြိုင်ပွဲဝင်များအနေဖြင့် တောင်ပေါ်မှအရှိန်ဖြင့် နှင်းလျောစီးဆင်းလာစဉ် သူတို့ အန္တရာယ်ကင်း လုံခြုံရေးအတွက် နှင်းပေါ်၌ ထင်ရှားသော ဆေးရောင်က အမြင်ကို ရှင်းလင်းစေပါသည်။
ရှောလမုန်က ဘဝပြိုင်ပွဲတွင် လုံခြုံမှုရှိစေရန် မျှော်လင့်ပြီး သူ၏သားများကို ပညာကို ရှာရန်ပြောခဲ့ပါသည်။ အပြာရောင်မျဉ်းကဲ့သို့ ပညာသည်လည်း “မှန်သောခရီးတို့ကို ပို့ဆောင်မည်၊ ထိမိ၍ လဲခြင်းမရှိ’’ ဟု ပြောထား သည် (း၁၁-၁၂)။ ဖခင်တစ်ယောက်အနေဖြင့် သားများအတွက် အမျှော်လင့်ဆုံး အရာမှာ ဘုရားသခင်၏ဉာဏ်ပညာမှ လမ်းလွဲသွားခြင်းကြောင့် ဘဝ၌ ဖြစ်ပေါ်လာမည့် ပျက်စီးဆုံးရှုံးခြင်းရလဒ်များနှင့်ကင်းဝေးပြီး…
နောက်ပြန် လမ်းလျှောက်ခြင်း
ဗြိတိသျှသတင်းတိုရိုက်ကူးရေးအဖွဲ့မှ ၁၉၃၂ ခုနှစ်က မိသားစုပိုင်လယ်တော၌ ရိုက်ကူးခဲ့သည့် အသက် (၆) နှစ်အရွယ် ဖလဲန်နရီအိုကော်နာ အကြောင်းကို ကျွန်တော် မထင်မှတ်ဘဲ တွေ့ရှိခဲ့သည်။ အမေရိကန်နိုင်ငံ၏ဂုဏ်ထူးဆောင် စာရေးဆရာမ ဖြစ်လာမည့် ဖလဲန်နရီ သည် ကြက်ကို နောက်ပြန်လမ်းလျှောက်ရန် သင်ပေးသည့် အတွက် ရိုက်ကူးရေးအဖွဲ့မှ အလွန် စိတ်ဝင်စားခဲ့သည်။ ဤလျှပ်တစ်ပြက် ရိုက်ချက်က ဖလဲန်နရီ အကြောင်းနှင့် စပ်လျဉ်း၍ လုံလောက်သည့် ဥပမာဟု ကျွန်တော် မြင်မိသည်။ ဖလဲန်နရီ သည် သူမ၏စာအရေးအသားကျွမ်းကျင်မှုနှင့် ခိုင်မာသော ဘာသာရေးခံယူချက်အတိုင်း (၃၉)နှစ်လုံးလုံး အများနည်းတူ မဟုတ်ဘဲ ကွဲပြားစွာတွေးပြီး စာများ ရေးသားခဲ့သည်။ ခေတ်ယဉ်ကျေးမှုကိုဆန့်ကျင်ပြီး နောက်ပြန်လျှောက်ခဲ့သည်။ ထုတ်ဝေသူ များနှင့် စာဖတ်ပရိသတ်များက သူတို့ မျှော်လင့်ထားသော ဘာသာရေးရှုထောင့်နှင့် ဆန့်ကျင်သော သူမ၏သမ္မာကျမ်းစာ ဆိုလိုရင်းများကို နားမလည်နိုင် ဖြစ်ရသည်။
သခင်ယေရှု၏စံနမူနာအတိုင်း အမှန်အသက်ရှင်လိုက်လျှောက်လိုသူများ၏…
ကျွန်ုပ်ချစ်ပါမည်
ရှယ်လီ သည် နောက်မှီထိုင်ခုံတွင် မောမောနှင့် ခြေပစ်လက်ပစ်ထိုင်ချလိုက်သည်။ ထို့နောက် ပြတင်းပေါက်မှလှမ်းကြည့်လိုက်စဉ် သက်ကြီး စုံတွဲတစ်တွဲက ခြံတစ်ခြံမှ ‘အခမဲ့ယူနိုင်သည်’ ဟုရေးထားသည့် ခြံစည်းရိုးဟောင်းအပိုင်းကို သယ်ရန်ကြိုးစား နေသည်ကို သတိထားလိုက်မိသည်။ ရှယ်လီ သည် သူ့ခင်ပွန်းကိုခေါ်ပြီး သူတို့ကို ကူညီရန်အတွက် ထွက်လာခဲ့သည်။ သူတို့ လေးယောက်သား
ခြံစည်းရိုးကို တွန်းလှည်းပေါ်တင်ကာ လမ်းတစ်လျှောက်တွန်းသွားပြီး လမ်းထောင့်ရှိ ထိုလင်မယား၏နေအိမ်အထိ ပို့ပေးခဲ့သည်။ ခြံစည်းရိုးနောက်တစ်ပိုင်းသယ်ရန် ပြန်လာ သောအခါ ထိုအမျိုးသမီးက ရှယ်လီ အား ‘ငါနဲ့သူငယ်ချင်း လုပ်မလား’ ဟု မေးရာ၊ ရှယ်လီ က ‘သိပ်ရတာပေါ့’ ဟု ဖြေလိုက်သည်။ ထိုသူငယ်ချင်းသည် ဗီယက်နမ်လူမျိုးဖြစ်ပြီး အင်္ဂလိပ်စကား အနည်းငယ်သာ တတ်သည်။ ကလေးများလည်း အရွယ်ရောက်ကာ အဝေးတစ်နေရာသို့ ပြောင်းသွားသဖြင့် အထီးကျန်နေကြောင်း ရှယ်လီ နောက်မှ သိခဲ့ရသည်။
ဝတ်ပြုရာကျမ်းထဲ၌ ဣသရေလလူမျိုးများအား…
နောက်ဆုံးအတည်ဖြစ်သောအရာ
ကျောင်းသားဘဝတုန်းက စာရာလင်း ဆိုသော ကောင်မလေးတစ်ယောက်ကို စိတ်ဝင်စား ခဲ့ဖူးသည်။ သူမရယ်လိုက်လျှင် အံ့သြဖွယ်ကောင်းလောက်အောင် နားထောင်ကောင်း လှသည်။ ကျွန်တော် သဘောကျတာကို သူမ သိမသိကို မသေချာသော်လည်း ကျွန်တော့်အထင်တော့ သူမ သိနေသည်။ ဘွဲ့ယူပြီးနောက် သူမနှင့် အဆက်အသွယ် ပြတ်သွားသည်။ ကျွန်တော်တို့ ဘဝများသည် မတူညီသော ဘ၀ဦးတည်ရာအတိုင်း အသီးသီး ကွဲပြားသွားပေတော့သည်။
အွန်လိုင်းဖိုရမ်များတွင် တစ်နှစ်ထဲကျောင်းပြီးသည့် ကျောင်းသားဟောင်းများနှင့် အဆက်အသွယ် ပြန်ရသဖြင့် စာရာလင်း ဆုံးသွားပြီဖြစ်ကြောင်း သတင်းကြားရသောအခါ အင်မတန်မှ ဝမ်းနည်းခဲ့ရသည်။ သူမ ဘ၀ကို မည်သို့ ဖြစ်သန်းခဲ့သနည်းဟု ကျွန်တော်တွေးမိသည်။ အသက် ကြီးလာသည်နှင့်အမျှ ချစ်သောသူငယ်ချင်းများ၊ မိသားစုများကို ဆုံးရှုံးရသည့်အခါ ထိုအကြောင်းကို ပိုမို ဆင်ခြင်မိ လာသည်။ သို့သော် လူအများစုက ထိုအကြောင်းကို မပြောဘဲ ရှောင်လွဲလိုကြသည်။
ကျွန်တော်တို့ ဝမ်းနည်းရစဉ်မှာပင် ထိုသေတတ်သောအရာများသည်…
လမ်းပြနေသော အလင်းအိမ်
စားသောက်ဆိုင်မှာ နှစ်လိုဖွယ်ကောင်းသော်လည်း အမှောင်ကျလှသည်။ စားပွဲတိုင်း၌ တလက်လက်နှင့် လင်းနေသော ဖယောင်းတိုင်ငယ်လေးသာ ရှိနေပါသည်။ အလင်းရောင် ရရန်အတွက် စားသုံးသူများက သူတို့၏ စမတ်ဖုန်းကိုဖွင့်ကာ အစားအသောက် မီနူး၊ အခြား စားသုံးသူများနှင့် သူတို့စားနေသော အစားအစာများကိုပင် မီးထိုးကြည့်ရပါသည်။
နောက်ဆုံးတွင် စားသုံးသူတစ်ယောက်က ထိုင်ခုံမှ ထပြီး စားပွဲထိုးထံသို့သွားကာ ‘‘မီးဖွင့်ပေးနိုင်မလား’’ ဟု ရိုးရှင်းစွာ မေးလိုက်ပါသည်။ မကြာပါ။ မျက်နှာကျက်မှ နွေးထွေးသောအလင်းရောင် ထွက်ပေါ်လာသောအခါ တစ်ခန်းလုံးတွင် လက်ခုပ်သံများဖြင့် ပြည့်လျှံသွားပါတော့ သည်။ အချို့မှာ ရယ်မောနေကြပြီး ဝမ်းသာသော စကားသံများ၊ ကျေးဇူးတင်စကားများ ကြားရပါတော့သည်။ ကျွန်တော့်သူငယ်ချင်းက သူ့ဖုန်းမှမီးကိုပိတ်ပြီး ဇွန်းကိုကိုင်လိုက်ကာ ‘‘အလင်းဖြစ်စေ၊ ကဲ လင်းသွားပြီဆိုတော့ စားကြစို့ဟေ့’’ ဟုပြောလိုက်သည်။
မှိန်သုန်နေသော ညနေခင်းသည် ခလုတ်လေးတစ်ချက်ကြောင့် ဝမ်းသာမှုသို့ ပြောင်းလဲသွားသည်။ သို့သော် စစ်မှန်သောအလင်းကိုသိရန် ပိုအရေးကြီးပါသည်။ ဘုရားရှင်ကိုယ်တိုင်…
အပြင်မှာ ချောတယ်နော်
လွန်ခဲ့သောနှစ်များစွာက နှင်းလျောစီးသင်ခဲ့စဉ် ကျွန်တော့်သား ဂျော့ရှ် ၏ နောက်မှ လိုက်ရင်း ကုန်းစောင်းဆင်ခြေလျောဟုထင်ရသော နေရာသို့ ရောက်လာခဲ့သည်။ သူ့ကိုသာ အာရုံစိုက်နေသောကြောင့် တောင်၏အမတ်စောက်ဆုံးနေရာသို့ ကွေ့လိုက် သည်ကို သတိမထားမိဘဲ အဆင်း၌ ယိမ်းထိုးသွားပြီး ကိုယ်ကိုကိုယ် မထိန်းနိုင်တော့ပါ။ ကျွန်တော်လဲသွားပါတော့သည်။
ဆာလံ ၁၄၁ တွင် ကျွန်ုပ်တို့သည် အပြစ်၏ မတ်စောက်သော ဆင်ခြေလျောများတွင် လဲကျသွားရန် အလွန်လွယ်ကြောင်း ပြောထားသည်။ ဆုတောင်းခြင်းသည် ထိုဆင်ခြင်လျောများကို သတိမူမိစေသည့် အချက်ပြတစ်ခု ဖြစ်သည်။ ‘‘အကျွန်ုပ်၏စိတ်နှလုံးကို မကောင်းသော အမှုအရာသို့ သွေးဆောင်တော်မမူပါနှင့်’’(း၎)ဟူသည့် ဆုတောင်းသည် ‘‘အပြစ်သွေးဆောင်ရာသို့ မလိုက်မပါ စေဘဲ မကောင်းသောအမှုအရာမှလည်း ကယ်နှုတ် တော်မူပါ’’ (မ ၆း၁၃) ဟူသည့် သခင်ဘုရား၏ ဆုတောင်းနှင့် တစ်ထပ်တည်းဖြစ်သည်။ ဘုရားရှင်သည် ကောင်းမြတ်တော်မူသောကြောင့် နားညောင်းတော်မူကား ဆုတောင်းချက်ကို အဖြေပေး ခဲ့သည်။
ထိုဆာလံကျမ်းတွင်…
အဓွန့်ရှည်မည့်အမွေအနှစ်
သောမတ် အယ်ဒီဆင်သည် လက်တွေ့အသုံးပြုနိုင်သော မီးသီးကို ပထမဆုံးတီထွင်ခဲ့သူ ဖြစ်သည်။ ဂျိုးနာ့စ်စော့ သည် ပိုလီယိုရောဂါအတွက် ထိရောက်သောကာကွယ်ဆေးကို ဖော်ထုတ်ခဲ့သည်။ အေမီကာမိုက်ကယ် သည် ဝတ်ပြုကိုးကွယ်ခြင်းတွင် သီဆိုသည့် ဓမ္မသီချင်းပေါင်းများစွာကို ရေးစပ်သီကုံးခဲ့သည်။ သင်ရော...။ မည်သည့်အတွက် ဤလောကသို့ သင်ရောက်ရှိနေရသနည်း။ သင့်ဘ၀ အသက်တာကို မည်သို့ ရင်းနှီးမြှုပ်နှံမှုပြုမည်နည်း။
ကမ္ဘာဦးကျမ်း ၄ တွင် ဧဝသည် ပဋိသန္ဓေစွဲယူ၍ ကာဣနကို ဘွားမြင်ပြီး ပထမဆုံးအကြိမ် ပွေ့ချီလိုက်စဉ် “ထာဝရဘုရား၏လူကို ငါရပြီ”ဟု ဆိုခဲ့သည် (း၁)။ ပထမဆုံးအကြိမ် ကလေးမွေးဖွားရသည့် ဆန်းကြယ်သော ကိုယ်တွေ့ အတွေ့အကြုံကို ဧ၀ရှင်းပြရန် ကြိုးစားရင်း သုံးလိုက်သည့်စကားလုံးက အရာခပ်သိမ်းကိုတတ်စွမ်းသော ဘုရားရှင်၏ အကူအညီ မစမှုကို မှီခိုအားထားကြောင်း ပြနေသည်။ နောက်ပိုင်းတွင် ဧဝ၏မျိုးဆက်အားဖြင့် ဧ၀၏သားနောက်တစ်ဦးအားဖြင့် ဘုရားရှင်သည် သူ့လူမျိုးများကို ကယ်တင်ရန် ပြင်ဆင်ပေးခဲ့သည် (ယော…
မပြောင်းလဲသောအရာ
ကောလိပ်တက်စဉ်က ကျောင်းနေဖက် သူငယ်ချင်းများနှင့် ပြန်လည်တွေ့ဆုံရန်အတွက် ကျွန်တော့်ဇနီး ကာရီနှင့်ကျွန်တော် လွန်ခဲ့သော ၃၅နှစ်က ချစ်ကျွမ်းဝင်ခဲ့သော ကယ်လီဖိုးနီးယားပြည်နယ်ရှိ စန်တာဘာဘရာ မြို့လေးသို့ ခရီးပြုခဲ့ကြသည်။ ကျွန်တော်တို့ လူငယ်ဘဝက လည်ပတ်ခဲ့သော နေရာတော်တော်များများဆီသို့ သွားရောက် လည်ပတ်ရန်လည်း ဆုံးဖြတ်ထားကြသည်။ သို့သော် ကျွန်တော်အလွန်နှစ်သက်ခဲ့သည့် မက်ဆီကန် စားသောက်ဆိုင်သို့ ရောက်သောအခါ ဆောက်လုပ်ရေး ပစ္စည်းများရောင်းသော စတိုးဆိုင်ဖြစ်နေသည်။ နံရံပေါ်တွင် ရပ်ကွက်အတွင်း နှစ်ပေါင်း ၄၀ ၀န်ဆောင်မှုပေးခဲ့သည့် စားသောက်ဆိုင်အမှတ်တရ သံပြားကမ္ဗည်းလေး ချိတ်ဆွဲ ထားသည်။
ခြောက်ကပ်ကပ်ဖြစ်သော်လည်း တစ်ချိန်က ရောင်စုံစားပွဲများ၊ တောက်ပသော ထီးများနှင့် သက်ဝင်နေသော ရင်းနှီးပြီးသား လျှောက်လမ်းနေရာလေးကို လှမ်းကြည့် မိသည်။ အရာများစွာ ပြောင်းလဲခဲ့ပါသည်။ သို့သော် ထိုပြောင်းလဲမှုများကြားတွင် ဘုရားရှင်၏ သစ္စာတော်ကား ပြောင်းလဲမသွားပေ။ ဒါဝိဒ်သည် နက်ရှိုင်းစွာဖြင့် ဆာလံ ၁၀၃း ၁၅-၁၇ တွင်…
အကန့်အသတ်ဘောင်အတွင်း
ကျွန်ုပ်၏ကျောင်းနေဖက် သူငယ်ချင်းတစ်ဦးက ကျွန်ုပ်တို့ မိသားစုအတွက် ကော်လီ ခွေးတစ်ကောင် လက်ဆောင်ပေးသည်။ ထိုခွေးက အမလေးဖြစ်ပြီး သားမပေါက်နိုင် တော့သည့် အရွယ်ဖြစ်သည်။ မကြာမီ ကျွန်ုပ်တို့ သိလိုက်သည်မှာ ထိုခွေးလေးသည် သူ့ဘဝတစ်လျှောက်လုံး လှောင်အိမ်သေးသေးလေး၌သာ နေထိုင်ခဲ့ခြင်းပင်။ ကန့်သတ်ထားသည့် အဝန်းအဝိုင်းအတွင်း၌သာ လှုပ်ရှား သွားလာခဲ့ရသည်။ မျဉ်းဖြောင့်ပေါ်၌ မပြေးနိုင်၊ ပြေးလွှား ဆော့ကစားရန် ခြံဝင်းကျယ်၌ လွှတ်ထားသော်လည်း သူ့ကို ခြံခတ်ထားသည်ဟုသာ ထင်သည်။
ကနဦးခရစ်ယာန်အများစုမှာ ယုဒလူများဖြစ်ပြီး ၎င်း တို့သည် မောရှေ၏ပညတ်ဝင်းကြီး၌ နေသားကျခဲ့ကြသည်။ ပညတ်တော်များက ကောင်းပါသည်။ ၎င်းတို့သည် အပြစ်ကို ဖော်ပြပြီး သခင်ယေရှုထံ ပို့ဆောင်ပေးရန် (ဂလာ ၃း၁၉-၂၅) ဘုရားသခင်က ပေးထားခြင်းဖြစ်သည်။ သို့သော် ယခုတွင် ဘုရားသခင်၏ကျေးဇူးတော်နှင့် သခင် ခရစ်တော်၏ လွတ်ခြင်းအခွင့်အားဖြင့် ၎င်းတို့၏ယုံကြည်ခြင်းအသစ်ကို ရှင်သန်ပြရမည့် အချိန်ဖြစ်သည်။ ယခု သူတို့…