ထပ်၍ ထွက်မပြေးပါနှင့်
၁၉၈၃ ခုနှစ် ဇူလိုင်လ ၁၈ ရက်နေ့တွင် အမေရိကန်လေတပ်မှ ဗိုလ်ကြီးတစ်ဦးသည် နယူးမက္ကစီကိုပြည်နယ်၊ အယ်ဘာကွာမြို့ မှ သဲလွန်စမရှိဘဲ ပျောက်ဆုံးသွားသည်။ ၃၅ နှစ်ကြာပြီးနောက်တွင် အာဏာပိုင်များက သူ့အား ကယ်လီဖိုးနီးယားပြည်နယ်တွင် ပြန်လည်တွေ့ရှိခဲ့သည်။ The New York Times သတင်းစာမှ သူ၏အလုပ်ကို စိတ်ဓာတ်ကျသဖြင့် ရှောင်ပြေးခဲ့သည် ဟု ရေးသားဖော်ပြခဲ့သည်။
၃၅ နှစ်ကြာ ထွက်ပြေးခဲ့သည်။ လူ့သက်တမ်း တစ်ဝက်နီးပါး တာဝန်ကို ရှောင်လွဲခဲ့ခြင်းဖြစ်သည်။ စိုးရိမ် သောကနှင့်ယုံမှားသံသယများက သူ၏နေ့စဉ်အဖော် ဖြစ်လိမ့်မည်ဟု ကျွန်ုပ် မြင်ယောင်မိသည်။
ကျွန်ုပ်လည်း ဝန်ခံစရာရှိပါသည်။ တစ်ခါမျှ ထွက်မပြေးခဲ့ဖူးသော်လည်း ‘‘ရှောင်ပြေး’’ခြင်းနှင့် စပ်လျဉ်း၍ ကျွန်ုပ်ကောင်းကောင်းသိသည်။ တစ်ခါတစ်ရံတွင် ရင်ဆိုင် ဖြေရှင်းရန် (သို့) ဝန်ခံရန် ဘုရားသခင်အလိုရှိသည့်ကိစ္စ များကို ကျွန်ုပ်သိသော်လည်း မလုပ်ချင်ခဲ့ပါ။ ထို့ကြောင့် ကိုယ့်နည်းကိုယ့်ဟန်ဖြင့် ကျွန်ုပ်ရှောင်ပြေးခဲ့သည်။…
ပြဿနာကို ဝင်ရောက်ဖြေရှင်းပေးသည့်အခွင့်အာဏာ
ဘာဘရာသည် ၁၉၆၀ ခုနှစ်များအတွင်း ဗြိတိသျှအစိုးရ၏ ကြည့်ရှုစောင့်ရှောက်မှု အောက်တွင် ကြီးပြင်းခဲ့ရသည်။ သို့သော် သူမအသက် ၁၆ နှစ်ပြည့်သောအခါ သူနှင့် သူမ၏မွေးဖွားကာစသားငယ်လေးဆိုင်မွန်တို့ အိုးမဲ့အိမ်မဲ့ဖြစ်သွားသည်။ အစိုးရက ထိုအသက်အရွယ်တွင် သူမကို မထောက်ပံ့ တာဝန်မယူတော့ပါ။ သို့နှင့် ဘာဘရာသည် အဲလီဇဘက်ဘုရင်မကြီးထံ စာရေး၍ အကူအညီတောင်းရာ ပြန်စာရရှိခဲ့သည်။ ဘုရင်မကြီးက ကရုဏာသက်စွာဖြင့် ဘာဘရာအား အိမ်တစ်လုံးပေးရန် စီစဉ်ပေးခဲ့သည်။
ဘုရင်မကြီး၌ ဘာဘရာ ကို ကူညီရန် ဥစ္စာဓန ပြည့်စုံစွာရှိပြီး သူမ၏ကြင်နာသောစောင်မမှုက ဘုရားသခင် ၏မစကူညီနိုင်မှုကို ထင်ဟပ်စေသည်။ ကောင်းကင်ဘုံ ရှင်ဘုရင်သည် ကျွန်ုပ်တို့၏လိုအပ်မှုများ အားလုံးကိုသိပြီး ကျွန်ုပ်တို့၏အသက်တာများကို သူ၏အကြံအစည်အတိုင်း တန်ခိုးအာဏာတော်ဖြင့်လုပ်ဆောင်လျက်ရှိသည်။ ထို့ကြောင့် ကျွန်ုပ်တို့ သူ့ထံသို့ လာရန် ဘုရားသခင် အလိုရှိပြီး ကျွန်ုပ်တို့လိုအပ်မှုများနှင့် သောကများကို သူနှင့်ဝေမျှခြင်းက ကိုယ်တော်နှင့်ကျွန်ုပ်တို့၏ နှစ်သက်ဖွယ်ဆက်ဆံရေး၏ အစိတ်အပိုင်းဖြစ်သည်။ ထိုသို့ပြုရန်…
ဘုရားသခင် သာ၍လွှမ်းမိုးသည်
တောင်အာဖရိကမှ တိရိစ္ဆာန်ထိန်းသိမ်းစောင့်ရှောက်ရေးအရာရှိ ဂီးစ် ကယ်မင်ဆန် ပြောပြသည့် မယုံနိုင်ဖွယ် အဖြစ်အပျက်တစ်ခုမှာ အင်အားကြီးသည့် ခြင်္သေ့ ၆ ကောင်နှင့် ခွေးတူဝက်တူ နှစ်ကောင်၏ တိုက်ပွဲဖြစ်သည်။ အင်အားချင်း မမျှသော်လည်း သူတို့ထက် ၁၀ ဆ ခန့် အရွယ်ကြီးမားသည့် ရက်စက်ကြမ်းကြုတ်သည့် သားရဲများကို အရှုံးမပေးပါ။ ၎င်းတို့ကို လွယ်လွယ်သတ်နိုင်မည်ဟု ခြင်္သေ့များထင်ထား သော်လည်း ဗီဒီယိုမှတ်တမ်းတွင် ခွေးတူဝက်တူ နှစ်ကောင် သည် ရင်ကော့၍ ထွက်သွားသည်ကို တွေ့ရသည်။
ဒါဝိဒ်နှင့် ဂေါလျတ်၏အဖြစ်အပျက်က ပို၍ပင် ယုံရ ခက်သည်။ ငယ်ရွယ်ပြီး အတွေ့အကြုံမရှိသော ဒါဝိဒ်သည် ကြောက်မက်ဖွယ် ဖိလိတ္တိလူ ဂေါလျတ်ကို ရင်ဆိုင်ခဲ့သည်။ ငယ်ရွယ်သော ပြိုင်ဘက်ထက် ဂေါလျတ်၏အရပ်က မိုးထိုး နေပြီး သူ၌ ရက်စက်ကြမ်းကြုတ်သည့်ခွန်အား၊ ကြေးဝါ သံချပ်ကာအင်္ကျီနှင့် ကြေးဝါလက်နက်ကို ပိုင်ဆိုင်ထားသည် (၁ ရာ…
ယခုမှစ၍
၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလတွင် ကျွန်မအစ်မအကြီးဆုံး၏အသားစစစ်ဆေးမှုက ကင်ဆာဟု အဖြေထွက်လာသောအခါ “အခုကစပြီး ကယ်ရိုလိုင်းနဲ့ တတ်နိုင် သလောက် အချိန်များများနေပေးရမည်” ဟု ကျွန်မ သူငယ်ချင်းများကို ပြောခဲ့သည်။ ကျွန်မခံစားချက်များကို အကဲပိုသည်ဟု အချို့က မှတ်ချက်ပေးကြသည်။ သို့သော် ဆယ်လအတွင်း အစ်မကြီး သေဆုံးသွားသည်။ နာရီပေါင်း များစွာ အစ်မကြီးနှင့် အချိန်ယူခဲ့ရခြင်းဖြစ်သော်လည်း ချစ်ရသူတစ်ဦးနှင့် အတူရှိရခြင်းက ချစ်၍မဝ၊ မည်သည့် အခါမျှ အချိန် မလောက်ငှပါ။
တမန်တော်ပေတရုက ကနဦးအသင်းတော်မှ သခင်ယေရှု၏နောက်တော်လိုက်များအား “အားကြီးသော ချစ်ခြင်းမေတ္တာဖြင့် ချစ်ရန်” တိုက်တွန်းထားသည် (၁ ပေ ၄း၈)။ သူတို့သည် ညှဉ်းပန်းနှိပ်စက်မှုများနှင့် တွေ့ကြုံနေရပြီး ခရစ်ယာန်အသိုင်းအဝိုင်းမှ ညီအစ်ကို မောင်နှမများ၏မေတ္တာကို ခါတိုင်းထက် သူတို့ ပိုလိုအပ်နေသည်။ တစ်ဖန် သူတို့၏ နှလုံးသား၌ ဘုရားရှင်၏ချစ်ခြင်းမေတ္တာကို သွန်းလောင်းထားသည်ဖြစ်ရာ၊ အပြန်အလှန်အားဖြင့် အခြားသူများကို…
မိမိသွန်သင်သည့်အတိုင်း လိုက်လျှောက်အသက်ရှင်ခြင်း
စာရေးဆရာနှင့်သင်းအုပ်ဆရာဖြစ်သူ ယူဂျင်းပီတာဆင်သည် လေးစားကြည်ညိုဖွယ် ဆရာဝန်နှင့် သင်းအုပ်အကြံပေးပုဂ္ဂိုလ် ဆွဇ်လူမျိုး ဒေါက်တာ ပေါလ်တိုးနီးယား၏ ဟောပြောချက်တစ်ခုကို နားထောင်ခွင့်ရခဲ့သည်။ ဒေါက်တာတိုးနီးယား၏ ဆောင်ရွက် ချက်များကို သူဖတ်ဖူးပြီး သူ၏ဆေးကုသပုံနည်းလမ်းများကို သူနှစ်သက်သည်။ တစ်ဖန် ဒေါက်တာ၏ဟောပြောချက်ကို နားထောင်ခဲ့ရပြန် သဖြင့် ဆရာ ပီတာဆင် သည် ဒေါက်တာ့အပေါ် အလွန် အထင်ကြီးလေးစားမိသည်။ ဟောပြောချက်ကို သူနားထောင်ရင်းမှ ဒေါက်တာ တိုးနီးယားသည် ပြောသည့် အတိုင်း အသက်ရှင်ပြီး၊ သူ အသက်ရှင်သည့်အတိုင်း သူဟောပြောသည်ဟု ခံစားမိသည်။ သူ၏ခံစားချက်ကို “ထပ်တူညီသည်” ဟူသော စကားလုံးဖြင့် ဖော်ပြရန် ရွေးချယ် ခဲ့သည်။ အဲဒါ ကျွန်ုပ်စဉ်းစားလို့ရတဲ့ အကောင်းဆုံး စကားလုံးပဲ” ဟု သူပြောသည်။
“ထပ်တူညီခြင်း” ကို အချို့က “ပြောသည့်အတိုင်း ပြုကျင့်လုပ်ဆောင်ခြင်း” ဟု ရည်ညွှန်းဆိုကြသည်။ တမန်တော်ယောဟန်က ကျွန်ုပ်တို့သည် “အလင်း၌…
ပုံဝတ္ထုတိုင်းက...
ကလေးရုပ်ပြသမ္မာကျမ်းစာကို ဖွင့်လိုက်ပြီး ကျွန်မမြေးအား ဖတ်ပြသည်။ ဘုရားသခင်၏ မေတ္တာတော်နှင့် သူ၏ကူညီမစမှုပုံဝတ္ထုများက ကျွန်မတို့အား ဘဝင်ခိုက်စေပါသည်။ ဖတ်လက်စနေရာကို မှတ်သားထားလိုက်ပြီး စာအုပ်ခေါင်းစဉ်ကို နောက်တစ်ကြိမ် ကျွန်မထပ်ဖတ်လိုက်သည်။ “သခင်ယေရှုအကြောင်း ပုံဝတ္ထုသမ္မာကျမ်းစာ- ပုံဝတ္ထုတိုင်းက ကိုယ်တော်၏နာမတော်ကို မြွက်ဆိုသည်။”
မှန်ပါသည်။ ပုံဝတ္ထုတိုင်းက ကိုယ်တော်၏ နာမတော်ကို မြွက်ဆိုနေပါသည်။
ရိုးသားစွာ ပြောရလျှင် သမ္မာကျမ်းစာသည် နားလည်ရန် ခက်ခဲသည်။ အထူးသဖြင့် ဓမ္မဟောင်းကျမ်းက ပိုခက်သည်။ ဘုရားသခင်ကို မသိမမှတ်သူများက ဘုရား၏ လူများကို အဘယ်ကြောင့် အောင်နိုင်ကြသနည်း။ ဘုရားသခင်၏ဂုဏ်တော်က မြင့်မြတ်ပြီး ကိုယ်တော်၏ ရည်ရွယ်ချက် အကြံအစည်များက ကျွန်မတို့၏ကောင်းကျိုး အတွက်ဖြစ်သည်ကို ကျွန်မတို့သိသော်လည်း အဘယ့် ကြောင့် ထိုရက်စက်မှုများကို ဘုရားသခင် ခွင့်ပြုပါသနည်း။
ရှင်ပြန်ထမြောက်ပြီးနောက် ဧမောက်မြို့သို့ သွားရာလမ်းတွင် မေရှိယဟု သူတို့ မျှော်လင့်ထားသည့် သူတို့၏သခင်(ယေရှု) သေဆုံးသွားသဖြင့် စိတ်ပျက်နေကြသည့်…
ဘုရားသခင်အပေါ် ရိုးသားခြင်း
သုံးနှစ်သားအရွယ် ကျွန်တော့်မြေး၏တစ်နေ့တာက စိတ်ရှုပ်ထွေးမှုနှင့် အစပြုခဲ့သည်။ သူအနှစ်သက်ဆုံးအင်္ကျီကို သူရှာမတွေ့၊ သူစီးချင်သည့် ရှူးဖိနပ်က အလွန်ပူနေသည်။ သို့နှင့် သူ့အဖွားအပေါ် ပုံကြီးချဲ့၊ ဒေါသချောင်းချောင်းထွက်ကာ ထိုင်ငိုတော့သည်။
‘‘ဘာကြောင့် ဒီလောက်ဝမ်းနည်းရတာလဲ မြေးရယ်’’ ဟု ကျွန်တော်မေးလိုက်ပြီး ကျွန်တော်တို့ ခဏလေး စကားပြောဖြစ်သည်။ သူငြိမ်သက် သွားပြီးနောက်မှ ‘‘ဖွားဖွားအပေါ် သားကောင်းရဲ့လား’’ ဟု ကျွန်တော် ဖြည်းညှင်းစွာ မေးလိုက်သည်။ မြေးက သူ့ရှူးဖိနပ်ကို နှံ့နှံ့စပ်စပ် ကြည့်ပြီးနောက် "မကောင်းဘူး သားသား ဆိုးခဲ့တယ်၊ တောင်းပန်ပါတယ်" ဟု တုံ့ပြန်ခဲ့သည်၊
ကျွန်တော့် နှလုံးသားအရည်ပျော်သွားသည်။ သူဘာလုပ်ခဲ့သည်ကို ငြင်းဆန်မည့် အစား သူရိုးသားခဲ့သည်။ ထို့နောက် အမှားလုပ်သောအခါ ခွင့်လွှတ်ရန်နှင့် ပို၍ ကောင်းမွန်စွာ နေထိုင်ပြုမူနိုင်အောင် မစရန် သခင်ယေရှုထံ ကျွန်တော်တို့ဆုတောင်းခဲ့သည်။
ဟေရှာယ ၁ ၌ သူတို့ကျူးလွန်ခဲ့သော အမှားများအတွက်…
ငြိမ်သက်ခြင်းကို မည်ကဲ့သို့ရှာဖွေမည်နည်း
‘‘ငြိမ်သက်ခြင်းကို သင်ဘယ်လိုထင်လဲ’’ ဟု နေ့လည်စာအတူ စားနေစဉ် ကျွန်မ၏ သူငယ်ချင်းက မေးသည်။ ‘‘ငြိမ်သက်ခြင်းလား၊ ကျွန်မသေချာမသိဘူး၊ ဘာဖြစ်လို့မေးတာလဲ’’ ဟု ဇဝေဇဝါဖြစ်လျက် ပြန်မေးရာ သူငယ်ချင်းက ‘‘ကောင်းပြီ၊ ဝတ်ပြုနေတုံးက ရှင့်ခြေထောက် လှုပ်နေပြီး အခြားနေရာကို စိတ်ရောက်နေတာ တို့တွေ့တယ်။ ဘုရားသခင်က သူ့ကို ချစ်တဲ့သူတွေကိုပေးတဲ့ ငြိမ်သက်ခြင်းကို ရှင်ဆင်ခြင်မိသလား’’ ဟု ပြောခဲ့သည်။
ကြာခဲ့ပါပြီ။ ထိုနေ့က ကျွန်မသူငယ်ချင်း၏ မေးခွန်း ကြောင့် အနည်းငယ် နာကျင်ခံစားရသော်လည်း ၄င်းသည် ကျွန်မအတွက် ငြိမ်သက်ခြင်းခရီးကို အစပြုပေးခဲ့သည်။ ဘုရားသခင်၏လူများသည် ခဲယဉ်းဆိုးယုတ်မှုကြား၌ပင် ငြိမ်သက်ခြင်း၏ ကောင်းကျိုးချမ်းသာကို မည်ကဲ့သို့ ပွေ့ပိုက် အလေးထားသည်ကို ကျမ်းစာထဲ၌ ကျွန်မ စတင်လေ့လာ ခဲ့သည်။ ကောလောသဲမြို့သားများထံ ရေးသားသော ပေါလု၏ စာ၌ ခရစ်တော်၏ငြိမ်သက်ခြင်းကို သူတို့နှလုံးသားထဲတွင် အုပ်စိုးခွင့်ပေးရန် တမန်တော်ပေါလု၏မိန့်ကြားချက်ကို ကျွန်မ…
ယခု သင်ဆာလောင်ပါသလား
ဘာလုပ်ရမည်ကို သောမတ်သိသည်။ သူသည် အိန္ဒိယရှိ ဆင်းရဲသောမိသားစုမှ မွေးဖွားခဲ့ကာ အမေရိကန်မိဘများ၏ မွေးစားခြင်းခံခဲ့ရသည်။ အိန္ဒိယသို့ အလည်အပတ် ပြန်လာသည့်ခရီးတွင် ဇာတိမြို့ရှိ ကလေးများ၏လိုအပ်မှုများကို မြင်တွေ့ခဲ့ပြီး ကူညီ ရမည်ကို သူသိသည်။ သို့နှင့် အမေရိကန်သို့ ပြန်သွားပြီး ပညာရေးကို ဆုံးခန်းတိုင်အောင် သင်ယူမည်၊ ပြီးနောက် ပိုက်ဆံစုဆောင်းပြီး အနာဂတ်တွင် ပြန်လာရန် စီစဉ်ခဲ့သည်၊
ထိုနောက် ရှင်ယာကုပ် ၂း၁၄-၁၈ မှ ‘‘တစ်စုံ တစ်ယောက်သောသူက ငါသည် ယုံကြည်ခြင်းရှိ၏ဟု ပြောလျက်၊ အကျင့်ကို မကျင့်ဘဲနေလျှင် အဘယ်အကျိုး ရှိသနည်း’’ ဟူသည့်ကျမ်းပိုဒ်ကို ဖတ်ရှုမိပြီးနောက် ‘‘အမေ၊ သမီးဗိုက်ဆာတယ်’’ ဟု သူ့ဇာတိနိုင်ငံမှ မိန်းကလေးငယ် တစ်ဦး သူ့မိခင်ထံ အော်ဟစ်ငိုကြွေးသံကို သောမတ်ကြားယောင်ရင်း သူငယ်စဉ်က အလွန်အမင်း ဆာလောင် သဖြင့် အမှိုက်ပုံးတွင် စားစရာရှာဖွေခဲ့သည့်အချိန်ကို ပြန်လည်သတိရမိပြီး ကူညီရန်အရေး…
မျက်မှန်အသစ်မှတဆင့်
“သစ်ပင်တစ်ပင်လုံး၏ အစိမ်းရောင်အဆင်းကို မှုံဝါးဝါးမြင်ရတာထက် သစ်ရွက်တစ်ရွက် ချင်းစီကို မြင်ရတာက ပို၍အံ့သြစရာကောင်းတယ်” ဟု ကျွန်မအဖေက ပြောပါသည်။ ဒီထက်မှန်သည့်စကားမရှိတော့ပါ။ ကျွန်မသည် ထိုအချိန်က အသက် ၁၈ နှစ် သာရှိပြီး မျက်မှန်အသစ်တပ်ဆင်ရန်ကိုလည်း စိတ်မ၀င်စားပါ။ သို့သော် ဘယ်အရာကို ကြည့်ကြည့် မှုံဝါးနေသော ကျွန်မအမြင်အားလုံးကို မျက်မှန်သစ်က ပြောင်းလဲလှပစေသည်။
နှုတ်ကပတ်တော်ကို လေ့လာသည့်အခါ သစ်ပင်များ ကို မျက်မှန်မတပ်ဘဲ ကြည့်သကဲ့သို့ ကျမ်းစာအုပ်ကို ကြည့်သဖြင့် မြင်သင့်သလောက်မမြင်ရပါ။ သို့သော် အသေးစိတ် လေ့လာပါက ငြီးငွေ့စရာကောင်းသော ကျမ်းပိုဒ် များသည် စိတ်ဝင်စားစရာဖြစ်လာသည်။
ကျွန်မ ထွက်မြောက်ရာကျမ်းကို ဖတ်သည့်အခါ ပို၍ သိသာသည်။ ဣသရေလလူတို့အကြား ဘုရားသခင် ယာယီ ကျိန်းဝပ်မည့် တဲတော် တည်ဆောက်ရန် ညွှန်ကြားချက်သည် အလွန်မှ စိတ်နောက်ကျိ ငြီးငွေ့စရာဖြစ်သည်။ သို့သော် အခန်းကြီး ၂၅…