အမျိုးအစား  |  odb

စိတ်လျော့အနားယူသင့်သည်

ဒစ္စနေး ကာတွန်း Rescurers Down Under မှ ထိခိုက်ဒဏ်ရာရသော ပင်လယ်ဇင်ယော်ငှက်ကြီး ဝေလ်ဘာအား ဆရာဝန်က စူးရှသောအသံဖြင့် “မင်းစိတ်ကို ဖြေလျော့ထားစမ်းပါ” ဟု အမိန့်ပေးလိုက်သည်။ ဝေလ်ဘာက “စိတ်လျော့ထားရမယ် ဟုတ်လား။ ငါစိတ်လျော့ထားပြီးလေ” ဟု ပြန်ပြောသော်လည်း သူကြောက်နေသည်။ “ဒါ့ထက် စိတ်လျော့ရရင်တော့ သေဖို့ဘဲ ရှိတော့တယ်” ဟု ခနဲ့တဲ့တဲ့ တုံ့ပြန်သည်။

သင်နားလည်ပါသလား။ (ချိန်းလွှကို အရေပြား ပေါ်ရှိ အကြောမျှင်များ ဖယ်ထုတ်မည့် ကရိယာဟု အမည်ပြောင်းခေါ်သည့်) ဆရာဝန်၏လုပ်ရပ်က သံသယ ဖြစ်စရာပါ။ ဝေလ်ဘာ စိတ်ဒွိဟဖြစ်မည်ဆို ဖြစ်သင့်ပါသည်။ ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ သေရေးရှင်ရေး အသက်အန္တရာယ်နှင့်တွေ့ကြုံရလျှင် အမှန်ပင် ကြောက်စိတ်ဝင်လာပြီး မကြောက်သည့် ဟန်ဖြင့် နေမည်ဆိုလျှင် ရယ်စရာဖြစ်နေပေမည်။

အဖြစ်ဆိုးနှင့်ကြုံတွေ့ရသည့်အချိန်တွင် စိတ်အေးလက်အေးနေရန် တိုက်တွန်း ပါက ဟာသဖြစ်လိမ့်မည်။ “သေခြင်းကြိုးတို့သည် ဝိုင်း၍…

အစေခံနှလုံးသား

စားဖိုမှူး၊ အစီအစဉ်ရေးဆွဲသူ၊ အဟာရပြည့်ဝအောင်ဆောင်ရွက်သူ၊ လူနာပြုစုသူ စသည့်အလုပ်များသည် ယခုခေတ် မိခင်များ၏တာဝန်ဝတ္တရားအချို့ဖြစ်သည်။ ၂၀၁၆ ခုနှစ်အတွင်း သုတေသနပြုချက်အရ မိခင်များသည် သားသမီးအရေးအတွက် တစ်ပတ်လျှင် နာရီပေါင်း ၅၉ နာရီ မှ ၉၆ နာရီခန့် အလုပ်လုပ်ရသည်။

မိခင်များ ပင်ပန်းနွမ်းနယ်ကြသည်မှာ မဆန်းပါ။ မိခင်ဘ၀ဟူသည် ကမ္ဘာကြီးကို ထိန်းကျောင်းနိုင်ရန် ပညာ သင်ယူလျက်ရှိသော သားသမီးများအတွက် အချိန်နှင့် အင်အားကို ပေးဆပ်ရခြင်းပင်ဖြစ်သည်။

ကျွန်မ၏နေရက်များသည် ရှည်ကြာလျက်ငြီးငွေ့စွာ ခံစားရလျက် အခြားသူများကို ပြုစုခြင်းသည် အကျိုးကျေးဇူး ရှိပါသည်ဟု ကိုယ့်ကိုကိုယ်ပြန်၍ သတိပေးရန် လိုအပ်ချိန်တွင် သခင်ယေရှုက အခြားသူများကို အစေခံသူတို့အား အခိုင်အမာ မိန့်ကြားသည့်စကားအားဖြင့် မျှော်လင့်ချက်ကို ကျွန်မတွေ့ရှိခဲ့သည်။

ရှင်မာကုခရစ်ဝင်ကျမ်းတွင် ကိုယ်တော်၏တပည့်တော်များသည် သူတို့အထဲ၌ မည်သူသည် အကြီးမြတ်ဆုံးဖြစ်သနည်းဟု ငြင်းခုံကြသည်။ သခင်ယေရှုက ငြိမ်သက်စွာ ထိုင်နေပြီးနောက် “သင်တို့အထဲ၌ အရင်အဦး…

ပြဿနာ၏အဖြေထက် မကသော

ကျွန်ုပ်၏မြေးတစ်ဦးက မီးလင်းဖို မှန်ပြတင်းဘောင်၌ သူ့ယုန်အရုပ်လေးကို ထားပြီး မီးလှုံစေသည်။ ဤတွင် လျှို့ဝှက်သော ပြဿနာအတွက် လိမ္မာသော အဖြေကို ကျွန်ုပ် တွေ့လိုက်ပါသည်။ ယုန်ကလေး၏အမွေးတုက အရည်ပျော်ပြီး မှန်တွင်ကပ်နေသဖြင့် မှန်က ညစ်ပေနေပုံပေါ်သည်။ သို့သော် မီးလင်းဖိုပညာရှင်က မှန်များ အသစ်ကဲ့သို့ ထင်ရအောင် မည်သို့ပြုလုပ်ရမည်ကို အကြံပေးသည်။ ထိုအကြံက အလုပ်ဖြစ်ခဲ့သည်။ ထိုမှစ၍ မီးလင်းဖိုအနီးတွင် မည်သည့် တိရိစ္ဆာန်အရုပ်ကိုမျှ ထားခွင့် မပြုတော့ပါ။

သမ္မာကျမ်းကို ဘဝအသက်တာအား အဆင်ပြေ လွယ်ကူစေသည့် အကြံပေးချက်ပေါင်းချုပ်စာအုပ်အဖြစ်ကျွန်ုပ်တို့ ရှုမြင်တတ်ခြင်းကြောင့် ဤအချက်ကို ကျွန်ုပ် တင်ပြရခြင်းဖြစ်သည်။ ခရစ်တော်ကို ချီးမြှောက်သည့် အသက်တာသစ်ဖြင့် မည်သို့ရှင်သန်ရမည်ကို ကျမ်းစာက ဖော်ပြထားသည့်မှာ မှန်ကန်ပါသော်လည်း ကျမ်းစာ၏ ရည်ရွယ်ချက်မှာ ၎င်းတစ်ခုတည်း မဟုတ်ပါ။ အပြစ်မှ၊ ထာဝရဘုရားသခင်နှင့် ထာဝရကွဲကွာရခြင်းအဖြစ်မှ ကယ်တင်ရန်မှာ လူသားတို့၏ အကြီးမားဆုံးသော လိုအပ်မှု…

အသက်တာပြောင်းလဲခြင်း

စတီဖန်သည် လန်ဒန်မြို့အရှေ့ပိုင်း ဆိုးသွမ်းသည့်ဆင်ခြေဖုံးရပ်ကွက်တွင် ကြီးပြင်းလာသူ ဖြစ်ပြီး အသက် ၁၀ နှစ် တွင် ပြစ်မှုကျူးလွန်ခဲ့သည်။ “လူတိုင်း မူးယစ်ဆေးရောင်းပြီး ဓားပြတိုက် လိမ်စားနေတဲ့အသိုင်းအဝိုင်းမှာ နေရင်တော့ အဲဒီအထဲ ပါမိမှာပဲ။ အဲဒါဆန်းသလားဗျာ” ဟု သူက ဆိုသည်။ သို့သော် သူအသက် ၂၀ တွင် သူ့ဘဝကိုပြောင်းလဲစေသည့် အိပ်မက်တစ်ခုကို မက်သည်။ အိမ်မက်တွင် “ဘုရားသခင်က စတီဖန်၊ မင်းလူသတ်မှုနဲ့ ထောင်ကျလိမ့်မယ်” ဟု ပြောသံကို သူကြား ခဲ့သည်။ ထိုအိပ်မက်သည် သူ့အား သတိပေးသကဲ့သို့ ဖြစ်ပြီး ဘုရားသခင်ထံသို့ ပြန်လှည့်ကာ သခင်ယေရှုကို သူ၏ကယ်တင်ရှင်အဖြစ် လက်ခံကာ သန့်ရှင်းသော ဝိညာဉ်တော်က သူ့၏အသက်တာကို ပြောင်းလဲစေခဲ့သည်။

ထိုနောက် စတီဖန်သည် မြို့တွင်းရှိ လူငယ်များကို အားကစားဖြင့် စည်းကမ်း၊ စာရိတ္တသွန်သင်ပေးသော အဖွဲ့အစည်းတစ်ခုကို တည်ထောင်လိုက်သည်။ သူလေ့ကျင့်ပျိုးထောင်ပေးသော…

ကျေးဇူးတော်၏တို့ထိမှု

စာရေးဆရာလိဖ်အန်ဂါ၏ Peace Like a River ဝတ္ထု၌ ဂျဲရမိုင်းယားလဲန်သည် ဒေသခံကျောင်းတစ်ကျောင်း၌ သန့်ရှင်းရေးလုပ်သားအဖြစ်လုပ်ကိုင်ရင်း ကလေး သုံးဦးကို သူတစ်ဦးတည်း ကျွေးမွေးစောင့်ရှောက်ရသည်။ သူသည် ယုံကြည်ခြင်း နက်နဲခိုင်မာသူ ဖြစ်ပြီး တစ်ခါတစ်ရံ သူ့ယုံကြည်ခြင်းက အံ့သြစရာ ကောင်းလှသည်။ ဝတ္ထုတစ်ပုဒ်လုံး၌ သူ့ယုံကြည်ခြင်းမှာ မကြာခဏ စစ်ကြောခံရ သည်။

ထိုကျောင်းကို စီမံအုပ်ချုပ်သူမှာ မျက်နှာ၌ အမာရွတ် ရှိသည့် လူဂွစာ ချက်စတာဟိုဒင် ဖြစ်သည်။ ဂျဲရမိုင်းယားက အလုပ်နှင့် ပတ်သက်၍ စံပြစိတ်ထားရှိသည်။ မိလ္လာများပေကျံသည့်အိမ်သာကြမ်းပြင်ကို မငြီးမငြူ တိုက်ချွတ်သည်။ ဆရာကြီး ဟိုဒင်ခွဲပစ်သည့် ပုလင်းကွဲများ ကိုလည်း ရှင်းလင်းပေးသည်။ သို့သော် ဆရာကြီးက သူ့ကို ထွက်သွားစေချင်သည်။ တစ်နေ့တွင် ကျောင်းသားများရှေ့၌ ဆရာကြီးက သူ့ကို အရက်သောက် မူးရူးသည်ဟု စွပ်စွဲပြီး အလုပ်ထုတ်ပစ်လိုက်သည်။ ၎င်းသည် တစ်ဖက်သားကို…

အိမ်သစ်

၁၈၉၂ ခုနှစ်က အယ်လစ်ကျွန်း ကို ဖြတ်ကျော်၍ အမေရိကန်ပြည်ထောင်စုသို့ ပထမဦးဆုံး ပြောင်းရွေ့ဝင်ရောက်လာသူအနေဖြင့် အယ်နီမိုးသည် အိမ်ယာသစ်နှင့် ဘဝသစ်စရတော့မည်ဟူသည့် အတွေးဖြင့် အလွန်စိတ်လှုပ်ရှားခဲ့ပေလိမ့်မည်။ ထိုနောက်ပိုင်းတွင်လည်း လူသန်းနှင့်ချီ၍ သူ့နည်းတူ ဝင်ရောက်ခဲ့ကြသည်။ ဆယ်ကျော်သက်အရွယ် အယ်နီသည် ဘဝသစ်စတင်ရန် အိုင်ယာလန်ပြည်၌ ခက်ခဲရုန်းကန်ရသည့်ဘဝကို စွန့်ခဲ့သည်။

ကောင်းကင်သစ်နှင့် မြေကြီးသစ်ကို မြင်ရလျှင် (ဗျာ ၂၁း၁) ဘုရားသားသမီးတို့ မည်မျှ စိတ်လှုပ်ရှား အံ့သြကြမည်နည်း။ ဗျာဒိတ်ကျမ်းမှ သန့်ရှင်းသောမြို့ ဟု ခေါ်ဆိုသည့် ယေရုရှလင်မြို့သစ်သို့ (း၂) ကျွန်ုပ်တို့ ဝင်ရောက်ကြမည်။ တမန်တော်ရှင်ယောဟန်က ဤမြို့ကို အံ့မခမ်း သရုပ်ဖော်ခဲ့သည်။ ‘‘ကျောက်သလင်းကဲ့သို့ ကြည်လင်၍ ဘုရားသခင်နှင့် သိုးသူငယ်ပလ္လင်တော်ထဲက ထွက်သော အသက်ရေစီးရာ မြစ်’’ တစ်စင်းရှိသည် (၂၂း၂)။ ရေက အသက်နှင့် ကြွယ်ဝခြင်းကို ပုံဆောင်ပြီး ၎င်းသည် ထာဝရဘုရားသခင်၌ အရင်းခံသည်။…

ဝိညာဉ်ရေးရာ နွမ်းလျနေလား

‘‘စိတ်ပိုင်းခံစားချက်အရ ကျွန်ုပ်တို့သည် တစ်နေ့တာအလုပ်များကို တစ်နာရီအတွင်း လုပ်ကိုင်နေကြသည်’’ ဟု ဇက်အက်စ်ဝိုင်က The Imperfect Pastor ဟူသည့် စာအုပ်၌ ရေးသားခဲ့သည်။ သူက သင်းအုပ်များ၏ဝန်ကို ရည်ရွယ်၍ရေးသားခြင်း ဖြစ်သော်လည်း ကျွန်ုပ်တို့အားလုံးအတွက်လည်း မှန်နေသည်။ စိတ်ပိုင်းဆိုင်ရာဝန်ပိပြီး တာဝန်ဝတ္တရားများက ကြီးလေးနေခြင်းကြောင့် ကျွန်ုပ်တို့၏ ခန္ဓာပိုင်း၊ စိတ်ပိုင်း၊ ဝိညာဉ်ပိုင်းတို့တွင် မောပန်းနွမ်းလျ သွားနိုင်ပါသည်။ ဖြစ်တတ်သည်မှာ ကျွန်ုပ်တို့ အိပ်ရေးဝဝ အိပ်လိုက်ချင်သည်။

၃ ရာ ၁၉ တွင် ပရောဖက်ဧလိယသည် အဘက်ဘက် မှ အားကုန်သွားသည့်အခြေအနေကို ရင်ဆိုင်ခဲ့ရသည်။ ဗာလ ပရောဖက်များကို သူလုပ်ကြံကြောင်း သိလိုက်ရသည်တွင် (၁၈း၁၆-၄၀)၊ ယေဇဗေလမိဘုရားက သူ့ကို သတ်မည်ဟု ခြိမ်းခြောက်သည်(း၁-၂)။ ဧလိယမှာ ကြောက်လွန်းသဖြင့် ထွက်ပြေးကာ သူ့အသက်ကို နုတ်ပါမည့်အကြောင်း ဆုတောင်းခဲ့သည် (၁၉း၃-၄)။

စိတ်ပျက်အားလျော့မှုနှင့် လှဲလျောင်းစဉ် ကောင်းကင်တမန်တစ်ပါးသည်…

ပေါင်းသင်းဆက်ဆံရန်အတွက် ရည်စူးဖန်ဆင်းခဲ့သည်

နိုင်ငံများစွာ၌ အထီးကျန်သူများအတွက် ‘‘မိသားစုငှားရမ်းသည့်လုပ်ငန်း’’ ဈေးကွက် တွင်ကျယ် တိုးတက်လာသည်။ အချို့က အပေါ်ယံ အမြင်ကောင်းအောင် ထိုလုပ်ငန်းကို ငှားရမ်းအသုံးချသည်။ လူမှုရေးပွဲတက်အခမ်းအနားတွင် မိသားစုလိုက်တက်ရောက်ကာ ပျော်ရွှင်သောမိသားစုဘဝပိုင်ဆိုင်သည့်ပမာ ဟန်ဆောင်ကြသည်။ အချို့က သရုပ်ဆောင်များ ငှားရမ်းပြီး၊ ကွဲကွာပြီး ခပ်တန်းတန်းဖြစ်နေသည့် ဆွေမျိုးသားချင်းအဖြစ် သရုပ်ဆောင်စေသည်။ ၎င်းတို့ တောင့်တသည့် တစ်ဦးနှင့်တစ်ဦး ရင်းနှီးကျွမ်းဝင်စွာ အဆက်အဆံရှိမှုကို ခဏလေးပင်ဖြစ်စေ ရယူခံစားကြသည်။

ထိုခေတ်ရေစီးကြောင်းက လူသည် ပေါင်းသင်း ဆက်ဆံရန်အတွက် ရည်စူးဖန်ဆင်းခြင်းခံရသည် ဟူသည့် အခြေခံအမှန်တရားကို ထင်ဟပ်ပြနေသည်။ ကမ္ဘာဦးကျမ်းရှိ ဖန်ဆင်းခြင်းအကြောင်းတွင် ‘‘ဘုရားသခင်သည် မိမိဖန်ဆင်း သမျှသော အရာတို့ကို ကြည့်ရှုလျှင် အလွန်ကောင်းသည်ကို မြင်တော်မူ၏’’ (၁း၃၁)။ သို့သော် အာဒံကို ကြည့်ပြီး ‘‘ယောက်ျားသည် တစ်ယောက်တည်း မနေကောင်း’’ (၂း၁၈) ဟု အတွေးဝင်ခဲ့သည်။ ဤလူသားအတွက် အခြားလူသား အဖော်လိုအပ်သည်။

သမ္မာကျမ်းစာမှ…

ဝမ်းနည်းဖွယ်အဖြစ်အပျက်ဇာတ်လမ်း

အချိန်ကြာမြင့်စွာ ဖုန်းကွယ်ထားသည့် အင်အားကြီးသည့် ယောက်ျားသားများ၏ အမျိုးသမီးများအပေါ် လိင်အကြမ်းဖက်မှု ဒုစရိုက်ဆိုးညစ်မှုကြီး ဘွားကနဲပေါ်လာပါပြီ။ နာကျင်ကြေကွဲစရာဖြစ်ပါသည်။ သတင်းခေါင်းစီးများကို ဖတ်ရင်း ကျွန်ုပ်အထင်ကြီး လေးစားသူ ပုဂ္ဂိုလ် ၂ ဦး၏ မတရားအကြမ်းဖက်မှုအတွက် သက်သေ ရှာတွေ့ပြီဟု တွေ့ရ၍ ကျွန်ုပ်ကြေကွဲရသည်။ အသင်းတော်သည် ထိုကိစ္စမျိုးနှင့် အကျွမ်းတ၀င်မရှိပါ။

ဒါဝိဒ်မင်းသည် သူ့အပြစ်အတွက် သူရင်ဆိုင် ရမည့်အချိန်ရောက်လေပြီ။ တစ်ညနေတွင် ဒါဝိဒ်မင်းသည် ရေချိုးနေသည့် အမျိုးသမီးတစ်ဦးကို မြင်ပြီး (၂ ရာ ၁၁း၂)၊ သူမကို လိုချင်တပ်မက်ခဲ့သည်။ ဗာသရှေဘသည် သူ၏သစ္စာရှိစစ်သည် ဥရိယ၏ဇနီးမယားဖြစ်သော်လည်း သူမကို ဒါဝိဒ်မင်း သိမ်းပိုက်ခဲ့သည်။ ဗာသရှေဘက သူမ၌ ကိုယ်ဝန်ရှိနေကြောင်း ဒါဝိဒ်မင်းအား ပြောကြားရာ ဒါဝိဒ်မင်း ဆောက်တည်ရာမရဖြစ်လေပြီ။ သို့နှင့် စက်ဆုပ်အထင်သေးဖွယ် လုပ်ရပ်အားဖြင့် စစ်မြေမြင်၌ ဥရိယ ကျဆုံးသွားအောင် ယွာဘအား စီစဉ်စေလျက် ဒါဝိဒ်မင်း…

သမ္မတလင်ကွန်း၏အိတ်ကပ်

၁၈၆၅ ခုနှစ်၊ ဖို့ဒ် ကဇာတ်ရုံ၌ သမ္မတကြီး အာဗြံဟံလင်ကွင်း သေနတ်နှင့် ပစ်သတ်ခံရသည့်ညတွင် သမ္မတကြီး၏အိတ်ကပ်၌ အောက်ပါပစ္စည်းများကို တွေ့ရှိ ခဲ့ရသည်။ မျက်မှန်နှစ်လက်၊ မှန်အရောင်တင်ဆေး၊ အိတ်ဆောင်ဓား၊ အိတ်ဆောင် နာရီကြိုး၊ လက်ကိုင်ပုဝါ၊ ပိုက်ဆံ ၅ ဒေါ်လာတန်တစ်ရွက် ထည့်ထားသည့် သားရေ ပိုက်ဆံအိတ်၊ သူ့ကိုချီးမွမ်းထားသော၊ သူချမှတ်သည့် ပေါ်လစီများကို အမွမ်းတင်ထားသည့် သတင်းစာအပိုင်းအစ ၈ ခု တို့ဖြစ်သည်။

ပိုက်ဆံ ၅ ဒေါ်လာကို ဘာအတွက် ဆောင်ထား ပါလိမ့်ဟု ကျွန်ုပ်တွေးမိသည်။ သို့သော် စိတ်ဝင်စားဖွယ် ဇာတ်လမ်းအသစ်၊ သတင်းအဆန်း ရှိမည်မလွဲပါ။ ကြီးမြတ်သောသမ္မတကြီး ဖြစ်လင့်ကစား အာဗြံဟံ လင်ကွန်းသည်လည်း အားပေးမှုကို လိုအပ်ပါသည်။ ကြမ္မာငင်သည့် ပြဇာတ် လာမကြည့်မီ သူ့ဇနီးကို ထိုသတင်းများ ဖတ်ကောင်းဖတ်ပြမည်ကို သင်မြင်ယောင်မိပါသလား။

အားပေးမစမှုကို မည်သူလိုအပ်ကြောင်း သင်သိပါသလား…