အမျိုးအစား  |  odb

ကိုယ်တော်၏ဝမ်းမြောက်ခြင်းများ

မကြာမီက ဓာတ်ပုံဟောင်းများပါသည့် ဓာတ်ပုံစာအုပ်ကို အဖွားက ကျွန်မထံပို့ပေးခဲ့ သည်။ ၎င်းတို့အနက် ဓာတ်ပုံတစ်ပုံက ကျွန်မ၏အာရုံကို ဖမ်းစားသည်။ ဓာတ်ပုံတွင် ကျွန်မသည် ၂ နှစ်အရွယ်သာရှိပြီး မီးဖိုရှေ့အစွန်းတစ်ဘက်တွင် ထိုင်နေသည့်ပုံ ဖြစ်သည်။ အခြားအစွန်း တစ်ဘက်တွင် အဖေက အမေ့ပုခုံးပေါ်တွင် လက်တင်ထား သည်။ သူတို့နှစ်ဦးစလုံးက ကျွန်မကိုချစ်၍ ကြည်နူးသော အကြည့်ဖြင့် ကြည့်နေသည်။

ထိုပုံလေးကို နေ့စဉ်တွေ့မြင်နိုင်ရန် ကျွန်မ၏ အဝတ်ဘီဒိုတွင် ပင်အပ်နှင့်စိုက်၍ကပ်ထားသည်။ သူတို့၏ ချစ်မေတ္တာကို ကျွန်မအား သတိပေးနေသလို ခံစားမိသည်။ ကောင်းမြတ်သောမိဘများ၏ ချစ်ခြင်းမေတ္တာသည် မပြည့်စုံသည့်တိုင်အောင် ထိုအချစ်သည် အမှန်တရားပင် ဖြစ်သည်။ ကျွန်မဤပုံကို ထိန်းသိမ်းထားရခြင်းမှာ လူ့အချစ် လူ့မေတ္တာသည် တစ်ခါတစ်ရံ ပျက်ကွက်နိုင်သော်လည်း ဘုရားသခင်၏အချစ်မှာ မည်သည့်အခါမျှ မပျက်ကွက်ကြောင်း နှုတ်ကပတ်တော်၏ သွန်သင်ချက်ကို အမှတ်ရ စေရန် ဖြစ်သည်။ ဓာတ်ပုံထဲတွင် ကျွန်မ၏မိဘများက…

တူတူပုန်းတမ်း

“သူ ငါ့ကိုတွေ့တော့မယ်” ဟု ကျွန်တော်တွေးမိသည်။ ကျွန်တော်ပုန်းနေသည့်ထောင့် အနီးအနား၌ ၅ နှစ်အရွယ် ညီဝမ်းကွဲ၏ခြေသံကို ကြားနေရသည့်အတွက် ရင်ခုန်သံ မြန်လာသည်။ သူ ကျွန်တော်၏အနားသို့ ပို၍နီးလာပါပြီ။ ခြေလှမ်း ၅ လှမ်း အကွာ၊ နောက်သုံးလှမ်း၊ နောက်နှစ်လှမ်း။ “မင်းကိုတွေ့ပြီ”ဟု သူအော်လိုက်သည်။

တူတူပုန်းတမ်း ကစားနည်းကို ငယ်ရွယ်စဉ်က ကစားခဲ့သည့် အမှတ်တရများကို လူအတော်များများ ကြိုက်နှစ်သက်ကြသည်။ သို့သော် တစ်ခါတစ်ရံ ဘဝတွင် အခြားသူများ ကိုယ့်ကိုတွေ့သွားမည်ကို စိုးကြောက်မိကြ သည်။ သဘာဝအရ လွတ်မြောက်သည့် နေရာသို့ ထွက်ပြေး လိုသည့်စိတ်က အမြစ်တွယ်နေသည်။ အကြောင်းမှာ မြင်ရသည့်အရာကို လူတို့နှစ်သက်ချင်မှ နှစ်သက်မည်။

ဆုံးရှုံးသော ဤလောက၏ရင်သွေးများအနေဖြင့် ကျွန်ုပ်တို့သည် သူငယ်ချင်း တစ်ယောက်က နာမည်ပေးထားသကဲ့သို့ “ရောသမမွှေထားသည့် တူတူပုန်းတမ်း ကစားနည်း” ကို ဘုရားသခင်နှင့် ကျွန်ုပ်တို့အကြား ကစားလေ့ရှိသည်။…

မနာလိုဝန်တိုမှုကို အဆုံးသတ်လိုက်ပါ

ထင်ရှားကျော်ကြားသော ပြင်သစ် အနုပညာရှင် အက်ဒ်ဂါ ဒီဂတ်စ် အား ဘဲလေး ကချေသည်များပုံပန်းချီကားကြောင့် တစ်ကမ္ဘာလုံးက အမှတ်ရကြသည်။ သို့သော် သူ၏ပြိုင်ဘက် သူ့သူငယ်ချင်း အနုပညာရှင် ပန်းချီဆရာအက်ဒွတ် မာနက် အပေါ်သူ၏ မနာလိုဝန်တိုဖြစ်ခြင်းကို လူသိနည်းသည်။ ဒီဂက်စ် က မာနက်သည် “သူလုပ်သမျှ တိကျမှန်ကန်စွာ ပြီးစီးအောင်မြင်တယ်။ ကျွန်တော့်ကတော့ မပြီးဆုံးနိုင်တဲ့ ခံစားချက်များနဲ့တွေ့ပြီး ဘယ်တော့မှ မှန်မှန် ကန်ကန် အလုပ်ကို အဆုံးမသတ်နိုင်ဘူး” ဟု ပြောပြသည်။

၎င်းသည် စူးစမ်းလိုသည့် စိတ်ခံစားမှုဖြစ်သော မနာလိုခြင်းဖြစ်ပြီး “အလုံးစုံသော အဓမ္မကျင့်ခြင်း၊ မတရား သောမေထုန်ကိုပြုခြင်း၊ ဆိုးညစ်ခြင်း၊ လောဘလွန်ကျူးခြင်း၊ မနာလိုခြင်း၊ ငြူစူခြင်း၊ လူအသက်ကို သတ်ခြင်း၊ ရန်တွေ့ခြင်း၊ လှည့်ဖြားခြင်း၊ သူတစ်ပါးကို မြင်ပြင်းခြင်းတို့နှင့် ပြည့်စုံသောသူ၊ ချောစားသောသူ၊” (ရော ၁း၂၉) စသည့် ရှင်ပေါလု ဖော်ပြသော…

မုန်တိုင်းထဲ၌တည်ရှိနေသူ

ကျွန်ုပ်တို့အသင်းတော်မှ လူခြောက်ဦးရှိသည့်မိသားစုတစ်စု၏အိမ် မီးလောင်သွားသည်။ ဖခင်နှင့်သားဖြစ်သူတို့ သက်ရှင်ကျန်ခဲ့သော်လည်း ဖခင်ကို ဆေးရုံတင်ထားရပြီး သူ့ဇနီး(မိခင်)နှင့် ကလေးငယ်နှစ်ဦးတို့ သေဆုံးခဲ့သည်။ ၀မ်းနည်းဖွယ် ဤသို့သောရင်နင့်ဖွယ် ဖြစ်ရပ်များက ထပ်တလဲလဲ ဖြစ်ပျက်နေသည်။ ထိုအခါ အဘယ်ကြောင့် လူကောင်းများ အပေါ် ကြမ္မာဆိုးများ ကျရောက်ရသနည်းဆိုသည့် မေးခွန်းဟောင်းကြီးကို မေးကြပြန်သည်။ ထိုမေးခွန်းအတွက် အဖြေအသစ် မရှိသဖြင့် ကျွန်ုပ်တို့လည်း မအံ့သြတော့ပါ။

သို့သော်လည်း ၄၆ ခုမြောက်သောဆာလံမှ ဆာလံဆရာဖော်ပြသည့် “ဘုရားသခင်သည် ငါတို့ခိုလှုံရာ ဖြစ်၍ ခွန်အားကိုပေးတော်မူ၏။ ဘေးရောက်သည်ကာလ အထူးသဖြင့် ကူမတော်မူကြောင်း ထင်ရှားလျက်ရှိ၏” (း၁) ဟူသည့် ကျမ်းချက်မှာ အကြိမ်ကြိမ် ကြားရသော၊ ထပ်ခါထပ်ခါ လေ့ကျင့်ရသော၊ ထပ်တလဲလဲ ဖက်ယမ်းရသော သမ္မာတရားဖြစ်သည်။ အပိုဒ် ငယ် ၂-၃ ၌ ဖော်ပြသည့်အခြေအနေမှာ ၀ရုန်းသုန်းကားပင်။ ကမ္ဘာကြီးနှင့် တောင်များရွေ့သွားပြီး ပင်လယ်လှိုင်းတံပိုးတို့ ပြင်းထန်စွာ…

ကျွန်ုပ်တို့၏အားနည်းခြင်းထဲ၌

အယ်နီရှယ်ဖီမေလာ သည် အသက် ၉၀ အရွယ်၊ ၁၉၉၉ ခုနှစ်တွင် ကွယ်လွန် ခဲ့သော်လည်း၊ ၁၉၄၂ ခုနှစ်တွင် သွေးဆိပ်တက်၍ ကိုယ်ဝန်ပျက်ကျပြီး ဆေးမတိုးတော့ သည့်အတွက် အသက်ဆုံးလုနီးပါးဖြစ်ခဲ့သည်။ ထိုဆေးရုံ၌ တက်နေသည့် လူနာတစ်ဦးက ဆေးဝါးအသစ်စမ်းသပ်နေသည့် သူ့ဆွေမျိုး သိပ္ပံပညာရှင်တစ်ဦး အကြောင်းကို ပြောပြရာ အယ်နီ ၏ ဆရာဝန်က အယ်နီ အတွက် ဆေးပမာဏအနည်းငယ်ချပေးရန် အစိုးရကို ဖိအားပေးခဲ့သည်။ တစ်နေ့ချင်းတွင်ပင် အယ်နီ အဖျားကျသွားပြီး ပုံမှန်ပြန်ဖြစ်သွားသည်။ အယ်နီ၏ အသက်ကို ပင်နီစလင် က ကယ်တင်ပေးခဲ့သည်။

လူသားတို့ကျရှုံးခြင်း ပျက်စီးခန်းမှစ၍ လူသား အားလုံးသည် အပြစ်က ဆောင်ယူလာသည့် ၀ိညာဉ်ရေးရာ ပျက်စီးဆုံးရှုံးခြင်းကို တွေ့ကြုံခံစားကြရသည် (ရော ၅း၁၂)။ သခင်ယေရှု၏ အသေခံခြင်းနှင့် ရှင်ပြန်ထမြောက်ခြင်း၊ သန့်ရှင်းသောဝိညာဉ်တော်၏ တန်ခိုးတော်တို့
ကသာ ကျွန်ုပ်တို့ကို ကုသပျောက်ကင်းစေနိုင်သည်…

ဗီလိန်များကို ကယ်တင်ခြင်း

ဟီးရိုးကာတွန်းစာအုပ်သည် နာမည်ကျော်ကြားလူကြိုက်များသည်။ ၂၀၁၇ တစ်နှစ်တည်း မှာပင် စူပါဟီးရိုး ရုပ်ရှင် (၆)ကား၏ လက်မှတ်ရောင်းရငွေမှာ (၄) ဘီလီယံကျော်သည်။ အသတ်အပုတ်ဇာတ်လမ်းများသည် အဘယ်ကြောင့် လူများကို ဆွဲဆောင်သနည်း။

ထိုဇာတ်လမ်းရုပ်ရှင်များသည် ဘုရားသခင်၏ကြီးမြတ်သောဇာတ်လမ်းကို တစ်စိတ်တစ်ပိုင်း ကိုယ်စားပြုနေခြင်းကြောင့် ဖြစ်လိမ့်မည်။ ဤဇာတ်လမ်းတွင် ဟီးရိုး(လူစွမ်းကောင်း)တစ်ဦး၊ ဗီလိန် လူဆိုးတစ်ဦး၊ ဒုက္ခရောက်သူနှင့် အာရုံကို ဖမ်းစားသည့် အသတ်အပုတ် စွန့်စားခန်းတို့ ပါဝင်သည်။

ဤဇာတ်လမ်းတွင် လူဆိုးဂိုဏ်းချုပ်ကြီးမှာ ကျွန်ုပ်တို့၏ ၀ိညာဉ်ရန်သူ စာတန်ဖြစ်သည်။ သို့သော် လက်ပါးစေ လူဆိုးလေးများစွာ ရှိနေသေးသည်။ ဥပမာ - ဒံယေလအနာဂတ္တိကျမ်းရှိ ကမ္ဘာ့နယ်မြေများစွာကို အုပ်ချုပ်သူ၊ သူ့ပုံတူရွှေရုပ်ထုကြီးကို မကိုးကွယ်သူများကို သတ်ပစ်မည်ဟု ဆုံးဖြတ်ထားသူ နေဗုခဒ်နေဇာမင်းဖြစ်သည် (ဒံ ၃း၁-၆)။ သတ္တိရှိသော ယုဒလူမျိုးအရာရှိသုံးဦးက ရှိခိုး ဦးခိုက်ရန် ငြင်းဆန်သောအခါ (း၁၂-၁၈) ဘုရားသခင်သည် သူတို့ကို မီးတောက်မီးလျှံများမှ…

ကာတွန်းအရုပ်မှ သင်ခန်းစာ

ကျွန်မ၏မိတ်ဆွေ၊ ကျွန်မ၏တိုင်ပင်ဖက်ဖြစ်သူက စာရွက်တစ်ရွက်ပေါ်တွင် ကာတွန်းအရုပ် တစ်ကြောင်းမျဉ်းလူပုံတစ်ခုကို ရေးဆွဲလိုက်ပြီး ”လူမသိသူမသိ ကိုယ်ပိုင်အကန့်”ဟု အမည်တပ်လိုက်သည်။ ထို့နောက် ထိုပုံအနီးတွင် လက်မ၀က်ခန့် ပိုကြီးသည့်ပုံ ဆွဲလိုက်ပြီး ”လူသိထင်ရှား အများသိအကန့်”ဟု ရေးလိုက်သည်။ ပုံနှစ်ပုံ၏ ကွာခြားချက်- မိမိ၏ကိုယ်ပိုင်အကန့်နှင့် အများသိ အကန့်၏ ကွာခြားချက်မှာ မိမိ၏ရိုးသားဖြောင့်မတ်မှုအဆင့်ကို ကိုယ်စားပြုသည်။

ကျွန်မ သေချာစဉ်းစားကြည့်မိသည်။ မိမိဘာသာ တစ်သီးပုဂ္ဂလရှိချိန်နှင့် လူအများကြားရှိနေချိန်တွင် ကျွန်မသည် အတူတူဖြစ်ပါသလား။ ကျွန်မတွင် ရိုးသားမှု ရှိပါသလား။

ကောရိနသုမြို့ရှိအသင်းတော်သို့ ရေးသားသော သြ၀ါဒစာ၌ ရှင်ပေါလုက ခရစ်တော်နှင့်သဏ္ဍာန်တူရန် သွန်သင်လျက် ချစ်ခြင်းမေတ္တာနှင့် ဆုံးမပဲ့ပြင်ခြင်းကိုပါ ထည့်သွင်း ရေးသားခဲ့သည်။ စာအဆုံးပိုင်းတွင် သူ့စာများက တန်ခိုးနှင့်ပြည့်စုံသလောက် သူကိုယ်တိုင်က ပုံမလာ ဟူ၍ သူ့ကို မမှန်မကန် စွပ်စွဲသူများအကြောင်း ပြောထားသည် (၂ ကော ၁၀း၁၀)။ ဤဝေဖန်ရေးသမားများသည်…

ကျွန်ုပ်တို့ကို သိတော်မူသော ကယ်တင်ရှင်

ကားနောက်ခန်းမှ သားက “ဖေဖေ ဘယ်နှနာရီရှိပြီလဲ” ဟုမေးရာ “ငါးနာရီခွဲပြီ”ဟု ပြန်ဖြေလိုက်သည်။ သူဘာပြန်ပြောမည်ကို ကျွန်တော် အသေအချာသိပြီးသား၊ “မဟုတ်ဘူး၊ ၅ နာရီ ၂၈ မိနစ်ပါ ဖေဖေ” ဟုပြန်ဖြေရင်း သူ့မျက်နှာလေး ၀င်းလက်သွားသည်။ အဖေအငိုက်မိသွားပြီဟု တောက်ပသည့်သူ့အပြုံးက ပြောနေသည်။ ကျွန်တော်လည်း ၀မ်းသာပါသည်။ သားသမီးများအကြောင်းကို သိခြင်း ကြောင့် ခံစားရသည့် ပျော်ရွှင်ခြင်းမျိုးပါ။ ၎င်းကို မည်သို့ရယူ ရမည်ကို မိဘဖြစ်သူသာ နည်းလမ်းသိသည်။

ဂရုစိုက်တတ်သည့်မိဘများနည်းတူ ကိုယ့်ကလေး အကြောင်းကို ကိုယ်သိသည်။ သူတို့ကို အိပ်ရာမှနှိုးသည့်အခါ မည်သို့တုံ့ပြန်မည်၊ နေ့လည်စာကို သူတို့ဘာစားချင်သည်၊ သူတို့၏ မရေတွက်နိုင်သည့် စိတ်ဝင်စားမှုများ၊ လိုအင် ဆန္ဒများနှင့် အကြိုက်များကို ကျွန်တော်သိပါသည်။

ထိုသို့အားလုံးသိနေသော်လည်း၊ ကျွန်ုပ်တို့ကို အတွင်းအပြင် အူကလီစာပါမကျန် အလုံးစုံကိုသိသော ဘုရားသခင်ကဲ့သို့ မည်သည့် အခါမှ သူတို့ကို ကျွန်တော်…

ထိခိုက်နာကျင်စေသောစကား

“ငါးဖောင်ရိုး၊ ငပိန်တာ”၊ “တုတ်ချောင်းမ”ဟူ၍ ခေါ်ပြီး ကောင်လေးများက ကျွန်မကို အမြဲ နှောင့်ယှက်တတ်သည်။ ကျွန်မကလည်း “တုတ်နဲ့ကျောက်တုံးတွေက အရိုးကျိုးအောင် လုပ်နိုင်ပေမယ့် ပြောစကားတွေကတော့ ငါ့ကို မနာစေပါဘူး”ဟု သူတို့နှင့်အပြိုင် ရေရွတ်တုံ့ပြန်လိုက်သည်။ ထိုစဉ်က ကလေးတစ်ဦးဖြစ်ငြားလည်း ဤနာမည်ကြီးဆိုရိုးမှာ မမှန်ကြောင်း ကျွန်မသိသည်။ ရံဖန်ရံခါ၌ တုတ်နှင့်ကျောက်တုံး တို့ကြောင့်ရသည့်အနာထက် မညှာမတာ၊ မဆင်မခြင် ပြောစကားများက နက်ရှိုင်း၍အချိန်ကြာသည့်တိုင် မပျောက် နိုင်သည့်အနာအဖြစ် ဆိုးရွားစွာ ထိခိုက်နာကျင်စေ၏။

မဆင်မခြင်ထိုးနှက်မှုစကားကို ဟန္န ကောင်းကောင်း သိသည်။ သူ့ခင်ပွန်း ဧလကာနက သူ့ကို ချစ်ငြားလည်း သူ့မှာ သားသမီးမရှိပါ။ ဧလကာန၏ ဒုတိယဇနီး ပေနိန္နမှာမူ သားသမီးများရှိသည်။ အမျိုးသမီးတစ်ဦး၏တန်ဖိုးသည် ကလေး ရှိခြင်းမရှိခြင်းအပေါ် မူတည်နေသည့်ယဉ်ကျေးမှု၌ ကလေးမရသည့်သူ့ကို ပေနိန္နက “ဆက်တိုက် ရန်စ”သည့်အတွက် ပိုနာကျင်ရသည်။ မျက်ရည်ကျပြီး အစာမစားနိုင်တော့သည့်အထိ ဟန္နကို ပေနိန္နက…

ရှင်းလင်းပြတ်သားသော ဆက်သွယ်ရေး

ကျွန်တော် အာရှ၌ခရီးသွားစဉ် ဖတ်ရမည့်စာများ၊ အလုပ်ဖိုင်များ ထည့်သွင်းထားသည့် အိုင်ပက် မှာ ရုတ်တရက် ပျက်သွားပြီး ဖန်သားမျက်နှာပြင်မည်းမည်းသာ ပေါ်လာသည်။ အကူအညီရှာရာ ကွန်ပြူတာဆိုင်တစ်ဆိုင်ကိုတွေ့သော်လည်း ပြဿနာမှာ ကျွန်တော်က တရုတ်စကား မပြောတတ်၊ ဆိုင်ရှင် ဆရာသမားကလည်း အင်္ဂလိပ်လို မပြောတတ်ပါ။ မည်သို့ဖြေရှင်းမည်နည်း။ သို့နှင့် ဆော့ဝဲလ်ပရိုဂရမ်တစ်ခု အားဖြင့် သူက တရုတ်လို စာရိုက်လိုက်ပြီး ကျွန်တော်က အင်္ဂလိပ်လို ပြန်ဖတ်နိုင်သည်။ ကျွန်တော်က အင်္ဂလိပ်လို စာရိုက်ထည့်လျှင် သူက တရုတ်လို ပြန်ဖတ်နိုင်သည်။ ဘာသာစကား မတူသည့်တိုင် ထိုဆော့ဝဲလ်ကြောင့် ကျွန်ုပ်တို့ ရှင်းလင်းစွာ ဆက်သွယ်နိုင်ခဲ့သည်။

ကောင်းကင်ဘုံရှင် အဘဘုရားထံ ကျွန်ုပ်ဆုတောင်း သည့်အခါ ကျွန်ုပ်နှလုံးသားကို ကောင်းစွာ မဖော်ပြနိုင်၊ မဆက်သွယ်နိုင်ဟု အချိန်အတော်များများ ခံစားရသည်။ ကျွန်ုပ်တစ်ဦးတည်း ထိုသို့ဖြစ်နေသည် မဟုတ်ပါ။ ကျွန်ုပ်တို့ အများစုသည် ဆုတောင်းခြင်းနှင့်ပတ်သက်ပြီး တစ်ခါတစ်ရံ…