ညစောင့်များ
ကောလိပ်ကျောင်းသားဘဝက ကျွန်တော်သည် နွေရာသီကျောင်းပိတ်ရက်များတွင် အသက်ရှူမှားလောက်အောင်လှပသော ကော်လိုရာဒို တောင်တန်းကြီးများရှိ ဧည့်သည်များ နားနေဆောင်တန်းလျားတွင် အလုပ်လုပ်ခဲ့သည်။ ဝန်ထမ်းများသည် ဧည့်သည်များ အိပ်နေစဉ် တောမီးအန္တရာယ်ကို စောင့်ကြည့်ရန် အလှည့်ကျ ညစောင့် တာဝန်ယူရသည်။ အလုပ်က စစချင်းတွင် ပင်ပန်းသလို၊ ကျေးဇူးတင်မခံရသော အလုပ်ဖြစ်သော်လည်း ကျွန်တော့် အတွက် ဘုရားရှင်၏အံ့မခန်းမျက်မှောက်တော်တွင် ငြိမ်ဝပ် စွာဖြင့် ပြန်ပြောင်းဆင်ခြင်ကာ နှစ်သိမ့်မှုဖြစ်စေသော အခွင့်အရေး ဖြစ်ခဲ့ပါသည်။
ဒါဝိဒ်မင်းကြီးသည် ဘုရားသခင်၏ မျက်မှောက်တော်ကို ငံ့လင့်လျက် ဆာငတ်စွာ ရှာဖွေခဲ့ရာ (ဆာ ၆၃း၁)၊ ညဥ့်ယံအချိန် သူ့အိပ်ယာထက်၌ပင် ဆင်ခြင်လျက် စောင့်နေကြောင်း ရေးစပ်ထားသည်(း၆)။ ထိုဆာလံကျမ်းမှ ဒါဝိဒ်မင်းကြီး ဒုက္ခရောက်နေကြာင်း ထင်ရှားစွာ ဖော်ပြနေသည်။ သူ့သားတော် အဗရှလုံ၏ ပုန်ကန်မှုကြောင့် သူ အလွန် ဝမ်းနည်းပူဆွေးနေကြောင်း သူရေးသားထားသည့် စကားလုံးများတွင် တွေ့မြင်နိုင် ပါသည်။ သို့သော်…
ဘုရားသခင်၏ပုံသဏ္ဌာန်အတိုင်း
အညိုရောင်အသားများ တဖြည်းဖြည်း ကွယ်ပျောက်လာသောအခါ အမျိုးသမီးလေးက ကြောက်လန့်မှုကိုခံစားခဲ့ရပြီး သူမပျောက်ကွယ်သွားတော့မလို သူမကိုယ်သူမ ဆုံးရှုံး ရတော့မလိုခံစားခဲ့ရသည်။ ခရုသင်းရောဂါကြောင့် အရေပြားပေါ်မှ အဖြူရောင်အကွက် များကို မိတ်ကပ်အထူကြီးလိမ်းပြီး လူမမြင်အောင်ကာခဲ့သည်။ ခရုသင်းဆိုသည်မှာ အသားရောင်ကိုပေးသော မယ်လနင်းဟု ခေါ်သော အရေပြားဆဲလ်များ ဆုံးရှုံးသွားသောရောဂါဖြစ်သည်။
သို့နှင့် တစ်နေ့တွင် “ငါဘာလို့ ပုန်းကွယ်နေတာလဲ” ဟု သူမကိုယ်သူမ ပြန်မေးခဲ့သည်။ ဘုရားရှင်ထံမှလာသော ခွန်အားဖြင့် သူ့ကိုယ်သူ လက်ခံနိုင်အောင် ကြိုးစားခဲ့ပြီး မိတ်ကပ်ထူထူလိမ်းခြင်းကိုလည်း ရပ်ပစ်သည်။ မကြာပါ။ သူသည် မိမိကိုယ်ကို ယုံကြည်မှုများ ပြန်လည်ရရှိခဲ့ပြီး နောက်ပိုင်းတွင် ကမ္ဘာ့နာမည်ကြီး အလှကုန်တံဆိပ်တစ်ခု အတွက် ပထမဆုံးသော ခရုသင်းနှင့် မော်ဒယ်တစ်ယောက် ဖြစ်လာခဲ့သည်။
ရုပ်သံသတင်းကြေညာသူအား သူမက ‘ဒါ ကောင်းချီး မင်္ဂလာတစ်ပါးပဲ’ ဟု ပြောရုံသာမက သူမ၏ယုံကြည်ခြင်း၊ မိသားစုနှင့် သူငယ်ချင်းများအားဖြင့် သူမအတွက် အားပေးမှုနှင့်…
ကြေးမုံထဲမှ ပစ္စည်းများ
၁၉၉၃ Jrassic Park ဇာတ်ကားကြီး၏အထင်ကရ ဇာတ်ဝင်ခန်း၌ “ငါတို့ မြန်မြန်သွားကို သွားရမယ်” ဟု Dr. Ian Malcolm အဖြစ် သရုပ်ဆောင်သော Jeff Goldblum က ပြောခဲ့သည်။ သူနှင့် အခြားဇာတ်ဆောင်နှစ်ဦးတို့မှာ ဒေါသထွက်နေသော ဒိုင်နို်ဆော ထံမှ ဂျစ်ကားဖြင့် ပြေးသောအခန်းဖြစ်သည်။ ယာဉ်မောင်းက နောက်ကြည့်မှန်တွင် ထိုဒိုင်နိုဆောကြီး၏ မေးရိုးကြီးကို မြင်ရပြီး ၎င်းအောက်တွင် “မှန်ထဲ၌ မြင်ရသောအရာက ထင်သည်ထက် ပိုပြီးနီးသလို ဖြစ်နေသည်” ဟူသော စာတန်းလေး ပါရှိသည်။
ထိုဇာတ်ဝင်ခန်းက အသည်းအသန်ဖြစ်နေသည့် အခြေအနေကို ဟာသအရွှန်းဖောက်ထားခြင်း ဖြစ်သည်။ သို့သော် တစ်ခါတစ်ရံ၌ အတိတ်က ခြောက်လှန့်နေသော အရာများက စဉ်ဆက်မပြတ် မနားတမ်းလိုက်နေသကဲ့သို့ ကျွန်ုပ်တို့ခံစားရသည်။ အသက်တာမှန်တွင် တရစ်ဝဲဝဲရှိဆဲ အမှားများကို မြင်နေရပြီး နောင်တ၊ အရှက်ရစရာများဖြင့် ကျွန်ုပ်တို့ကိုခြောက်လှန့်နေပါသည်။
တမန်တော်ကြီးရှင်ပေါလုက…
ရော့ မင်းအတွက်
ကမ္ဘာတစ်ဝှမ်းရှိ အခြားသောမြို့ကြီးများကဲ့သို့ပင် ပဲရစ်မြို့ဆင်ခြေဖုံးရပ်ကွက်များ၌ မိမိဝန်းကျင်ရပ်ကွက်ရှိ အိမ်ယာမဲ့များကို မစကူညီရန် လူများရောက်ရှိလာသည်။ ရေလုံအိတ်ထဲထည့်ထားသည့် အဝတ်အထည်များကို လမ်းပေါ်နေထိုင်သူများက သူတို့လိုလျှင် လိုသလောက်ယူနိုင်သည်။ အိတ်များပေါ်၌ “ကျွန်ုပ်ရှိသည်။ သင်အေး နေလျှင် ကျွန်ုပ်သည် သင့်အတွက် ဖြစ်သည်’’ ဟု စာရေး ကပ်ထားသည်။ ထိုလှုပ်ရှားမှုက မှီခိုရာမဲ့သူတို့အတွက် နွေးထွေးမှုဖြစ်စေသည်သာမက ရပ်ကွက်နေပြည်သူတို့အား မိမိတို့ကြားရှိ ဆင်းရဲလိုအပ်နေသူများအား မစထောက်ပံ့ရန် အရေးကြီးကြောင်းကို သင်ပြပေးသည်။
ဆင်းရဲသူများကို ဂရုပြုရန် အရေးကြီးကြောင်း သမ္မာကျမ်းမှလည်း အလေးထားဖော်ပြပြီး ထိုသူတို့အတွက် လက်ကျယ်ကျယ် ဖွင့်ပေးရန် သွန်သင်သည် (တရား ၁၅း၁၁)။ ဆင်းရဲသူများ၏ဒုက္ခကို မျက်နှာလွဲပစ်ရန်၊ မဝေမျှဘဲ မိမိဥစ္စာပစ္စည်းကို ကျစ်ကျစ်ပါအောင် ဆုပ်ထားရန် ကျွန်ုပ်တို့ သွေးဆောင်ခံရနိုင်သည်။ သို့သော် လိုအပ်မှု ရှိနေသူများက ကျွန်ုပ်တို့ဝန်းကျင်၌ ဝန်းရံရှိနေကြောင်းကို အသိအမှတ်ပြုရန်၊ ထိုကြောင့် ကပ်စေးနှဲမနေဘဲ (း၁၀) ရက်ရောသော…
ကြောက်ရွံ့ခြင်းမဲ့သည့် ချစ်ခြင်း
ကျွန်မ၏နှလုံးသားကို ဖုံးကွယ်ရန် ကြောက်ရွံ့ခြင်းဒိုင်းလွှားကို နှစ်ပေါင်းများစွာ ကျွန်မ ခြုံခဲ့သည်။ အတွေ့အကြုံအသစ်ကို မစမ်းသပ်နိုင်အောင်၊ မိမိအိမ်မက်ကို မဖော်ဆောင်နိုင်အောင်၊ ဘုရားသခင်ကို မနာခံနိုင်အောင် ကြောက်ရွံ့ခြင်းက ဆင်ခြင်တစ်ခု ဖြစ်ခဲ့သည်။ သို့သော် ဆုံးရှုံးရမှာစိုးကြောက်စိတ်၊ နှလုံးနာကျင်ကြေကွဲမှုနှင့် ငြင်းပယ်ခံရခြင်းတို့က ဘုရားသခင်၊ အခြားသူတို့နှင့် ကျွန်မ၏ ပေါင်းသင်းဆက်ဆံ ရေး တိုးတက်မှုမရှိအောင် အဆီးအတား ဖြစ်ခဲ့သည်။ ကြောက်ရွံ့စိုးစိတ်က ကျွန်မကို မလုံခြုံသော၊ သောကများ သော၊ သဝန်တိုသော ဇနီးသည်၊ သားသမီးအပေါ် အလွန် အကျူးကာကွယ်သော စိတ်ပူပန်သောမိခင် ဖြစ်စေခဲ့သည်။ ဘုရားသခင် ကျွန်မကိုမည်မျှချစ်ကြောင်း ကျွန်မ ဆက်လက်ခံယူသင်ယူရင်း ဘုရားသခင်က ကျွန်မနှင့် ကိုယ်တော်၊ ကျွန်မနှင့်အခြားသူများ၏ ဆက်ဆံရေးတို့ကို ပြောင်းလဲပေးခဲ့ သည်။ ဘုရားသခင် ကျွန်မကိုဂရုစိုက်ကြောင်း သိခြင်းကြောင့် လုံခြုံမှုကို ကျွန်မတိုး၍ ခံစားရပြီး အခြားသူများ၏လိုအင်ကို ကျွန်မ၏လိုအင်ထက် ရှေ့တန်းတင်ဦးစားပေး လိုစိတ်…
လွတ်နေသော အိပ်ယာ
ဂျမေးကားနိုင်ငံ မွန်တေဂိုပင်လယ်အော်ရှိ စိန့်ဂျိမ်းစ်ဖျားနာသူများဂေဟာသို့ ပြန်သွားပြီး ရဲန်ဒဲလ်နှင့် ကျွန်ုပ်အဆက်အသွယ် ရလိုသည်။ သူက လွန်ခဲ့သော ၂ နှစ်ခန့်က သခင်ယေရှု၏မေတ္တာကို သိကျွမ်းခဲ့သူဖြစ်သည်။ နွေဦးရာသီတိုင်း အထက်တန်းကျောင်း သံစုံအဖွဲ့နှင့် ထိုနေရာသို့ ကျွန်ုပ်တို့သွားလေ့ရှိရာ ဆယ်ကျော်သက်လေး အီဗီက ရဲန်ဒဲလ်နှင့်အတူ ကျမ်းစာဖတ်ရင်း ဧဝံဂေလိပြောပြရာ ရဲန်ဒဲလ်က သခင်ယေရှုကို သူ၏ကယ်တင်ပိုင်ရှင်အဖြစ် လက်ခံယုံကြည်ခဲ့သည်။
ဂေဟာ၏အမျိုးသားဆောင်သို့ ဝင်ပြီး ရဲန်ဒဲလ်၏ ခုတင်နေရာကို လှမ်းကြည့်ရာ အိပ်ယာက လွတ်နေသည်။ သူနာပြုဆရာမအခန်းသို့ဝင်၍ မေးကြည့်ရာ ကျွန်ုပ် မကြားလိုသော အဖြေကို ကြားခဲ့ရသည်။ ကျွန်ုပ်တို့ မရောက်မီ ၅ ရက်အလို ရဲန်ဒဲလ် ကွယ်လွန်သွားခဲ့သည်။
မျက်ရည်ဖြင့် ဝမ်းနည်းစရာသတင်းကို ကျွန်ုပ် အီဗီကို ပြောပြရာ သူမက ရိုးရိုးလေး တုံ့ပြန်သည်။ “ရဲန်ဒဲလ်တော့ သခင်ယေရှုနဲ့ ပျော်နေပြီ’’။ နောက်ပိုင်းမှ အီဗီက “ကျွန်မတို့…
ဘယ်သောအခါမှ တစ်ဦးတည်းမဟုတ်
အင်ဒိုနီးရှားနိုင်ငံ၌ သင်းအုပ်များအတွက် သမ္မာကျမ်းစာ လမ်းညွှန်ရေးသားပြင်ဆင်ချိန်၌ စာရေးဖက်မိတ်ဆွေတစ်ဦးက ထိုနိုင်ငံ၏အတူတကွရှိနေခြင်း ယဉ်ကျေးမှုကို ကြာလေတိုး၍ နှစ်သက်ခံစားမိသည်။ အပြန်အလှန်အထောက်အပံ့ပေးခြင်းသဘော (gotong royong)ကို ရွာများတွင် ကျင့်သုံးကြသည်။ အိမ်မိုးခြင်း၊ တံတားပြင်၊ လမ်းပြင်သည့် လုပ်ငန်းများကို အိမ်နီးချင်းများက ကူညီလုပ်ဆောင်ပေးကြသည်။ မြို့ပြ တွင်လည်း ဆရာဝန်နှင့်ပြသရန် ချိန်းဆိုမှုများ စသည့်ကိစ္စ များတွင်လည်း အဖော်နှင့်အတူ သွားကြကြောင်း၊ ယဉ်ကျေးမှုက ထိုသို့ဖြစ်၍ သင်ဘယ်သောအခါမှ တစ်ဦးတည်း မဖြစ်ကြောင်း ထိုမိတ်ဆွေက ပြောပြသည်။
ကမ္ဘာတစ်ဝှမ်း၌လည်း သခင်ယေရှုကို ယုံကြည်သူ များသည် မိမိသည် ဘယ်သောအခါမှ တစ်ဦးတည်း မဖြစ်ကြောင်းကိုသိလျက် ဝမ်းမြောက်ကြသည်။ သုံးပါးတစ်ဆူ ဘုရားမှ တတိယပုဂ္ဂိုလ် - သန့်ရှင်းသောဝိညာဉ်တော်သည် ကျွန်ုပ်တို့၏ အမြဲထာဝရ အဖော်ဖြစ်သည်။ သစ္စာရှိသော မိတ်ဆွေအဖြစ် ထက်မက ကျွန်ုပ်တို့ကို မစရန်၊ ကျွန်ုပ်တို့နှင့် “အတူအစဉ်မပြတ် တည်နေစေခြင်းငှာ’’…
ရှင်သန်သော အောက်မေ့ဖွယ်အကြင်နာ
အစဉ်အလာထုံးတမ်းများ ကျင့်သုံးသည့် အသင်းတော်၌ ကျွန်ုပ်ကြီးပြင်းလာခဲ့သည်။ မိသားစုဝင် (သို့) မိတ်ဆွေတစ်ဦးဦး ကွယ်လွန်ချိန်တွင် သတိရမိသည့် အရာတစ်ခုမှာ မကြာမီအချိန်အတွင်း “… အတွက် အမှတ်တရ’’ ဟု ကမ္ဗည်းထိုးထားသည့် ကြေးပြား တပ်ထားသည် ခုံတန်းရှည်အလှူရောက်လာသည်။ သို့မဟုတ် ခန်းမလျှောက်လမ်းတွင် ထိုသို့ ကြေးပြားတပ်ထားသည့် ပန်းချီကားရောက်လာသည်။ ရေးထိုးထားသည့် ကွယ်လွန်သူ၏အမည်သည် လွန်သွား သည့် ဘဝအသက်တစ်ခုကို တောက်ပစွာ သတိပေးနေ သည်။ ထိုအမှတ်တရများကို ကျွန်ုပ်အစဉ် နှစ်သက်မြတ်နိုး သည်။ ယခုလည်း မြတ်နိုးဆဲပါ။ သို့သော် တစ်ချိန်တည်း မှာပင် ထိုအရာများသည် မလှုပ်ရှားနိုင်သော သက်မဲ့ဝတ္ထုများ ဖြစ်ခြင်းကြောင့် တစ်နည်းဆိုရလျှင် “အသက် မရှိ’’ ဟု ကျွန်ုပ် အတွေးဝင်မိသည်။ ထိုအမှတ်တရများသို့ အသက်သွင်း နိုင်သော နည်းလမ်းတစ်ခုခု ရှိပါသလား။
သူချစ်သောမိတ်ဆွေ ယောနသန် သေဆုံးခြင်း ကြောင့်…
ရဲရင့်သတ္တိရှိရန် နိုးဆော်ခြင်း
လန်ဒန်မြို့ ပါလီမန့်ရင်ပြင်၌ နယ်လ်ဆင် မင်ဒဲလား၊ ဝင်စတန် ချာချီ၊ မဟတ္တမ ဂန္ဒီ နှင့် အခြားသော အမျိုးသားရုပ်တုများကြားတွင် အမျိုးသမီးရုပ်ထုတစ်ခု ထီးထီးတည်ရှိသည်။ ထိုရုပ်တုမှာ အမျိုးသမီးများ မဲပေးခွင့်အတွက် တိုက်ပွဲဝင်ခဲ့သူ မီလီဆင့်ဖော့ဆက်၏ ရုပ်တုဖြစ်သည်။ ရုပ်တုကို ကြေးဖြင့် သွန်းထားပြီး “နေရာတိုင်းမှာ သတ္တိရှိဖို့ ရဲရင့်စိတ်က နိုးဆော်နေတယ်’’ ဟု မဲပေးခွင့်ရသူတစ်ဦးကို ချီးကျူး ဂုဏ်ပြုစဉ် အားပေးခဲ့သည့် စကားလုံးကို ရေးသားထားသည့် အလံကို ကိုင်ဆောင်ထားသည့်ပုံက ထာဝရရှင်သန်ခြင်း ဟန်ပင်။
ဒါဝိဒ်မင်းသည် သူ့ထီးနန်းကို သားတော်ရှောလမုန်ထံ လွှဲပေးရန် စီစဉ်နေစဉ် သားတော်အား မကြာမီ သူ့ပခုံးပေါ် ကျရောက်လာတော့မည် ကြီးလေးသော တာဝန်ဝတ္တရားများကို ရှင်းလင်းပြောပြသည်။ ဘုရားသခင်၏ပညတ်ကို ဣသရေလလူအပေါင်းတို့ နာခံလိုက်လျှောက်အောင် ဦးဆောင် လမ်းပြရန်၊ ဘုရားသခင်ပေးသနားသည့် နယ်မြေကို ကာကွယ်ရန်၊ ဗိမာန်တော် တည်ဆောက်ခြင်းလုပ်ငန်းများကို ကြီးကြပ်ရန်…
ထိန်းချုပ်ခံရလည်း တိတ်ဆိတ်မနေပါ
၁၉၆၃ ခုနှစ် နွေရာသီတွင် လူမှုအခွင့်အရေးအတွက် လှုပ်ရှားသူ ဖဲန်နီလောင်ဟာမား နှင့် အခြားလူ အပေါင်းအပါ ၆ ဦး တို့သည် တစ်ညလုံး ဘတ်စ်ကားစီးလာပြီး နောက် မစ်စ္စစပီပြည်နယ် ဝီနိုနားဒေသ စားသောက်ဆိုင်တစ်ခုတွင် နံနက်စာစားရန် ရပ်နားကြသည်။ ဥပဒေရဲအရာရှိများက ၎င်းတို့ကို မောင်းထုတ်ပြီးနောက် သူတို့ ဖမ်းဆီး ခံရပြီး ထောင်ချခံလိုက်ရသည်။ သို့သော် ထိုသို့ မတရား ဖမ်းဆီးမှုအားဖြင့် အရှက်ခွဲဖိနှိပ်မှုက မပြီးသွားပါ။ ၎င်းတို့ အားလုံး ပြင်းထန်စွာ ရိုက်နှက်ခံရပြီး ဖဲန်နီက အဆိုးဝါးဆုံး ခံရသည်။ သေလုမတတ် အရိုက်ခံရပြီးနောက် သူမကို ပစ်ထားချိန်တွင် သူမထံမှ သီချင်းသံထွက်ပေါ်လာသည်။ “ပေါလုနှင့်သိလတို့ အကျဉ်းချခံရပြီး၊ ကျွန်ုပ်တို့၏လူများကို သွားခွင့်ပြုပါ’’ ဟူသည့် သီချင်းကို သူမတစ်ဦးတည်း မဆို၊ ခန္ဓာကိုသာ ချုပ်ထိန်းနိုင်ပြီး စိတ်ဝိညာဉ်ကို မချုပ်ထိန်းနိုင်သော အခြားအကျဉ်းသားများကလည်း ဖဲန်နီနှင့်အတူ…