အမျိုးအစား  |  odb

ခွန်အားပေးခြင်း အ၀န်းအ၀ိုင်း

ကျွန်ုပ်၏အိမ်အနီးရှိ ကျန်းမာရေးလေ့ကျင့်သည့်စင်တာသို့သွားတိုင်း အမြဲပင်ခွန်အား ရသည်။ ပျားပန်းခပ်နေသည့်ထိုနေရာ၌ မိမိတို့၏ခန္ဓာကိုယ် ကျန်းမာရေးနှင့် အားအင် ဖွံ့ဖြိုး တိုးတက်ရေးအတွက် ကြိုးစားနေကြသည့်သူများက ကျွန်ုပ်ကို ၀န်းရံနေသည်။ ဆင်ထားသည့် ကြော်ငြာပိုစတာများက အချင်းချင်းကို မဝေဖန်ရန် သတိပေးနေပြီး အခြားသူ၏အားထုတ်ကြိုးစားမှုကို အထောက်အမပြုသော အပြုအမူ၊ ပြောစကားများကိုဖြင့် အမြဲပင် ကြိုဆိုသည်။

၎င်းသည် ၀ိညာဉ်ရေးရာအသက်တာ၌လည်း ဖြစ်သင့်သည့် မြင်ကွင်းသရုပ်ပင် မဟုတ်ပါလား။ ၀ိညာဉ်ရေး၌ ‘‘ပုံကျပန်းကျ’’ဖြစ်ရန်၊ ယုံကြည်ခြင်း၌ ကြီးထွားလာရန် ကြိုးစားရင်း၊ တစ်ခါတစ်ရံတွင် ရှင်ယေရှုနှင့်အတူ လျှောက် လှမ်းရာတွင် ရင့်ကျက်သူတစ်ဦးဦးကဲ့သို့ ဖြစ်မနေဘဲ ၀ိညာဉ်ရေး ပုံမကျဖြစ်နေခြင်းကြောင့် ၄င်းနှင့်မသက်ဆိုင် သည့် ဘေးထွက်နေသူအလား ခံစားမိတတ်သည်။

ရှင်ပေါလုက ကျွန်ုပ်တို့အတွက် ဤသို့ တိုတိုတုတ်တုတ်နှင့် တိုက်ရိုက် အကြံ ပြုထားပါသည်။ ‘‘အချင်းချင်း တစ်ယောက်ကိုတစ်ယောက် တည်ဆောက်ကြလော့’’ (၁ သက် ၅း၁၁)။ ရောမမြို့ရှိ…

ကြင်နာပြမှုတစ်ခု

''အက်စထြာ ရေ၊ သမီးသူငယ်ချင်း ဟယ်လင်က သမီးအတွက် လက်ဆောင်ပို့လိုက်တယ်" ဟု အလုပ်မှ ပြန်လာသည့် မေမေက ကျွန်မကိုလှမ်းပြောသည်။ ချို့ချို့တဲ့တဲ့နှင့် ကြီးပြင်းလာရသည့်အတွက် ဤကဲ့သို့စာတိုက်မှ လက်ဆောင်ရရှိခြင်းက ဒုတိယခရစ်စမတ်နှင့် အလားတူနေသည်။ ဘုရားသခင်က ကျွန်မကို ချစ်ကြောင်း၊ သတိရကြောင်း၊ တန်ဖိုးထားကြောင်း ဤနှစ်လိုဖွယ် အမျိုးသမီးအားဖြင့် ခံစားရသည်။

မျက်နှာမွဲမုဆိုးမ တဗိသ(ဒေါ်ကာ)သည်လည်း အလားတူ ခံစားရသူများအတွက် အ၀တ်အစားများကို ချုပ်လုပ်ပေးသည်။ သူသည် ယုပ္ပေမြို့တွင် နေထိုင်သည့် ရှင်ယေရှု၏ တပည့်တော်တစ်ဦးဖြစ်ပြီး သူ၏ကြင်နာသော အပြုအမူလုပ်ရပ်များအတွက် ရပ်ရွာအတွင်း၌ လူသိများ ထင်ရှားသည်။ သူသည် အမြဲပင် ‘‘ကောင်းသောအကျင့်၊ စွန့်ကြဲခြင်းအကျင့်”တို့ကို ပြုတတ်သည် (တ ၉း၃၆)။ တစ်နေ့သော် သူဖျားနာပြီး ကွယ်လွန်သွားသည်။ ထိုအချိန်တွင် ရှင်ပေတရုသည် အနီးအနားမြို့သို့ ရောက်ရှိနေ သည့်အတွက် ယုံကြည်သူနှစ်ဦးက သူ့ထံသွားပြီး ယုပ္ပေသို့ လိုက်လာရန်…

ကျေးဇူးတော်၌ နှစ်မြှုပ်ခြင်း

၁၇ နှစ်သား ရဲန်ဒီ ဂါ့ဒ်နာသည် ၁၁ ရက်နှင့် ၂၅ မိနစ်ကြာမျှ မအိပ်ဘဲနေခဲ့ပြီးနောက် ၁၉၆၄ ခုနှစ် ဇန်နဝါရီလ ၈ ရက်နေ့တွင် တစ်မှေး အိပ်ပျော်သွားတော့သည်။ လူတစ်ယောက်သည် မအိပ်ဘဲ မည်မျှကြာကြာနေနိုင်သည်ကို ဂင်းနစ်ကမ္ဘာစံချိန်စာအုပ်မှ စံချိန်ကို သူချိုးနိုင်ခဲ့သည်။ အချိုရည်သောက်၊ ဘက်စကတ်ဘော ဂိုးသွင်းခြင်း၊ ဘိုးလင်း ကစားခြင်း စသည်ဖြင့် ရက်သတ္တပတ် ၁ ပတ်ကျော်မျှ တောင့်ခံ ခဲ့သည်။ နောက်ဆုံး အရုပ်ကြိုးပြတ်မလဲမီ သူ့ပါးစပ် အရသာ၊ အနံ့ခံအာရုံနှင့် အကြားအာရုံများ လုံးဝပျက်စီး သွားသည်။ နှစ်ပေါင်းများစွာ ဂါ့ဒ်နာသည် အိပ်မရသည့် ရောဂါနှင့် နပမ်းလုံးခဲ့ရသည်။ စံချိန်သစ်ကို သူတင်နိုင်ခဲ့သလို၊ အိပ်စက်ခြင်းသည် မရှိမဖြစ်လိုအပ်ကြောင်း အထင်အရှား သူလက်ခံအတည်ပြုခဲ့သည်။

ကောင်းမွန်နှစ်ခြိုက်စွာ အိပ်စက်ရန်အရေးအတွက် လူများစွာတို့ လုံးပမ်း ရုန်းကန်ရသည်။ ပူပန်စရာသောကများသောကြောင့်၊ ပြီးစီးလုပ်ဆောင်ရမည့်ကိစ္စ မပြီးမှာ…

ကြောင်းကျိုးဆက်စပ်မှု လွဲနေသောအခါ

လေယာဉ်ပေါ်တက်ရန် တန်းစီနေစဉ် တစ်ယောက်ယောက်က ပခုံးကို လာပုတ်သဖြင့် လှည့်ကြည့်ရာ ရင်းနှီးနှစ်လိုဖွယ် အပြုံးနှင့် ‘‘အယ်လီဇာ ငါ့ကိုမှတ်မိလား ... ဂျုန်းလေ’’ ဟုဆိုသည်။ ကျွန်မသိသည့် ဂျုန်းများကို အမြန်စဉ်းစားလိုက်သော်လည်း သူ့ကို မသိပါ။ အိမ်နီးချင်းဟောင်းလား၊ အလုပ်ဟောင်းက မိတ်ဆွေလား၊ အမလေး... မမှတ်မိပါ။

ကျွန်မအဖြစ်ကို သူရိပ်မိပြီး၊ ‘‘အယ်လီဇာ တို့တွေက အထက်တန်းကျောင်းတုံးက ခင်မင်သိကျွမ်းခဲ့တာလေ’’ ဟု ပြောပြသည်။ ထိုအခါမှ အမှတ်တရပုံရိပ်ထင်လာသည်။ သောကြာနေ့ညပိုင်း ဘောလုံးပွဲ၌ အော်ဟစ်အားပေးရသည့် ကျွန်မတို့၏အဖွဲ့ဝင်၊ သဲကွဲသွားပါပြီ၊ ဂျုန်းကို ကျွန်မမှတ်မိပါပြီ။

သခင်ယေရှု အသေခံပြီးနောက်၊ နံနက်စောစောတွင် မာရိသည် ဂူသင်္ချိုင်းသို့ သွားရောက်ခဲ့ရာ ဂူဝ၌ ပိတ်နေသည့် ကျောက်တုံးကြီး လိမ့်လှန်လျက် အလောင်းတော်သည်လည်း မရှိတော့ပါ (ယော ၂၀း၁-၂)။ ပေတရုနှင့် ယောဟန်ထံ ထိုသတင်းပို့ပြီး ဗလာဖြစ်နေသည့် သင်္ချိုင်းသို့ သူတို့…

တိုက်ပွဲ

သူ့အနီးအပါးသို့ ကျလာသည့် အမြောက်ဆန်ကြောင့် မြေကြီးပင် တုန်ခါသွားသည်။ ထိုအခါ စစ်သားလေးက ‘‘ဘုရားသခင်၊ ကျွန်တော့်ကို ဒီအခြေအနေက လွတ်မြောက်ခွင့် ပေးရင် အမေတက်စေချင်တဲ့ကျမ်းစာကျောင်းကို သွားတက်ပါမယ်’’ ဟု အလေးအနက် ဆုတောင်းခဲ့သည်။ သူ၏ဆုတောင်းကို ဘုရားရှင် ချီးမြှောက်သည်။ ဒုတိယကမ္ဘာစစ် အတွင်း ကျွန်တော့်ဖခင်သည် အသက်ရှင်ကျန်ခဲ့ပြီး မူးဒီ ကျမ်းစာကျောင်းတက်ကာ ကျန်ရှိသည့် သူ့အသက်တာကို အမှုတော်လုပ်ငန်း၌ ဆက်ကပ်အပ်နှံခဲ့တော့သည်။

အခြားစစ်သူရဲတစ်ဦးသည်လည်း သူ့ကိုဘုရားရှင်ထံတွန်းပို့ခဲ့သည့် အမှုအရေးတစ်ခုကို ကြုံခဲ့ရသည်။ သူ့အဖြစ် ကမူ တိုက်ပွဲကိုရှောင်ခဲ့ရာမှ ပြဿနာတက်ခဲ့ခြင်းဖြစ်သည်။ ဒါဝိဒ်မင်းကြီး၏တပ်များက အမ္မုန်အမျိုးသားများနှင့် စစ်ခင်း
နေချိန်၌ ဒါဝိဒ်မင်းကြီးသည် သူ့နန်းတော်မှနေ၍ အခြားသူ၏ဇနီးကို မျက်စိကျခဲ့သည် (၂ ရာ ၁၁)။ ၃၉ ခု မြောက်သော ဆာလံတွင် ထိုဆိုးရွားသည့် ဒုစရိုက်၏ ရလဒ်ကို နာကျင်စွာ ဖြတ်သန်းပြီး ပြန်လည်နလံထူငြိမ်ဝပ်သည့်အချိန်အထိ ဖြတ်ကျော်ခဲ့ရပုံကို…

ဘုရားသခင်မြင်ပါသည်

ကျွန်မ ပထမဆုံးတပ်ဆင်သည့် မျက်မှန်လေးက ကျွန်မ၏အမြင်အာရုံကို တောက်ပ လင်းလက်သွားစေသည်။ ကျွန်မက အနီးမှုန်သဖြင့် မျက်မှန်ဖြင့် ကြည့်လိုက်စဉ် အရာရာ ကြည်လင်ပြတ်သားစွာ မြင်ရသည်။ မျက်မှန်မပါပါက အခန်းတွင်းရှိ ပစ္စည်း (သို့) အဝေးတစ်နေရာရာကို ကြည့်လျှင် အမြင်က မှုန်ဝါးနေသည်။ အသက် ၁၂ နှစ် အရွယ်က ပထမဆုံးတပ်ဆင်သည့် မျက်မှန်လေးဖြင့် ကျောက်သင်ပုန်းပေါ်မှ စာလုံး ရှင်းလင်းစွာ မြင်လိုက်ရသဖြင့် ကျွန်မအမှန်ပင် အံ့သြတုန်လှုပ်သွားသည်။

ကျွန်မနှုတ်ဆက်စဉ် သူငယ်ချင်းများက ပြန်ပြုံး ပြသည်ကို မြင်ရ၍ သူများကိုမြင်ရခြင်းနှင့် အခြားသူများ မိမိကိုမြင်ခြင်းသည် ထူးမြတ်သောဆုဖြစ်ကြောင်း ကျွန်မ နားလည်ခဲ့သည်။

သခင်မစာရဲ၏မကြင်နာမှုကြောင့် ထွက်ပြေးခဲ့ရ သည့် ကျွန်မဟာဂရသည် အထက်ပါအချက်ကို သိနားလည် ခဲ့သည်။ သူ၏ယဉ်ကျေးမှုအသိုင်းအဝန်း၌ သူသည် ‘‘အလကားလူ’’၊ ကိုယ်လေးလက်ဝန်နှင့် အထီးကျန်နေသူ၊ ကူညီရာမဲ့ မျှော်လင့်ရာမဲ့စွာ ကန္တာရတောထဲ ထွက်ပြေးနေရသူဖြစ်သည်။…

အသိမှတ်ပြုဂုဏ်ပြုခြင်း

၁၉၆၀ ခုနှစ် အစောပိုင်းအချိန်က သာမန်နှင့် တစ်မူကွဲပြားသည့် လူ သို့မဟုတ် တိရိစ္ဆာန်ပုံကို ကြီးမား၍ ဝမ်းနည်းနေသည့် မျက်လုံးပုံဖြင့် ရေးဆွဲသည့် ပန်းချီကားများ ခေတ်စားခဲ့သည်။ အချို့က ထိုပန်းချီကို အပေါစားပန်းချီဟု မှတ်ယူကြသော်လည်း ကြိုက်နှစ်သက်သူများလည်း ရှိပြန်သည်။ ပန်းချီဆရာမ၏ ခင်ပွန်းက သူ့ဇနီး၏ပန်းချီကား ဖန်တီးမှုကို အားပေးမြှင့်တင်ကာ ဈေးကွက်တင်ခဲ့သဖြင့် သူတို့ဇနီးမောင်နှံမှာ ဝင်ငွေ ကောင်းခဲ့သည်။ သို့သော် ပန်းချီကားပေါ်၌ အနုပညာရှင် မာဂရက် ကီအဲန်၏ လက်မှတ်မပါရှိခဲ့ပါ။ မာဂရက်၏ခင်ပွန်းက သူ့ဇနီး၏ လက်ရာကို သူ့လက်ရာအဖြစ် တင်ဆက်ခဲ့ခြင်း ဖြစ်သည်။ စိုးကြောက်စိတ်ဖြင့် မာဂရက်သည် ထိုလိမ်လည်မှုကို ရေငုံနှုတ်ပိတ်ခဲ့သည်။ နှစ်ပေါင်း ၂၀ ကြာပြီးနောက် သူတို့၏အိမ်ထောင်ရေးပြိုကွဲသွားပြီးမှ ပညာရှင်အစစ်အမှန်ကို သက်သေပြရန် အတည်ပြုရန် တရားဆိုင်ခဲ့ကြသည်။

ထိုအမျိုးသား၏လှည့်စားမှုက မှားသောလုပ်ရပ်ဖြစ်ကြောင်း ထင်ရှားပါသည်။
သို့သော် ကျွန်ုပ်တို့လည်း မိမိ၏အရည်အချင်း ဆုကျေးဇူး၊…

အလင်းကိုဖွင့်လျက် အသက်ရှင်နေထိုင်ခြင်း

အလုပ်တာဝန်ဖြင့် ကျွန်တော်နှင့် ကျွန်တော့်လုပ်ဖော်ကိုင်ဖက်တို့ မိုင် ၂၅၀ ဝေးသောခရီးကို သွားခဲ့ရပြီး အလုပ်ပြီးချိန်တွင် အိမ်အပြန်နောက်ကျခဲ့သည်။ အသက်ကြီးလာ၍ မျက်စိမှုန်လာခြင်းတို့ကြောင့် ညဘက် ကားမောင်းရသည်မှာ ကျွန်တော်အတွက် အနည်းငယ်ခက်ခဲသည်။ သို့သော် အရင် စမ်းမောင်းကြည့်ရန် ဆုံးဖြတ်လိုက်သည်။ ကားစတီယာရင်ကို လက်ဖြင့် သေချာစွာ ဆုပ်ကိုင်ထားပြီး မျက်စေ့ကလည်း မှုံဝါးဝါးလမ်းမ ကို သေချာစွာ စူးစိုက်ကြည့်နေရသည်။ နောက်မှကားက ရှေ့မီးကြီးကို ထွန်း၍ မောင်းသည့်အခါတွင် ကျွန်တော် ပို၍ ရှင်းလင်းစွာမြင်ရသည်ဟု ခံစားရသည်။ နောက်ဆုံး ကျွန်တော်သူငယ်ချင်းက ကားကို လွှဲပြောင်းမောင်းနှင် သောအခါ ကျွန်တော်စိတ်သက်သာသွားသည်။ သူမောင်းမှ ကျွန်တော်သည် ရှေ့မီးကြီးကို ဖွင့်မောင်းရမည့်အစား နှင်းခွဲမီးကိုသာ ဖွင့်၍မောင်းခဲ့သည်ကို သူတွေ့ရှိခဲ့သည်။

၁၁၉ ခု မြောက်သောဆာလံသည် ကျွန်တော်တို့၏နေ့စဉ်အသက်ရှင်ခြင်း၌ ဘုရားသခင်၏နှုတ်ကပတ်တော် အလင်းပေးနေခြင်းကို သိရှိခံစားရသူတစ်ဦးက ပြောင်မြောက်စွာ ရေးဖွဲ့သီကုံးထားသည့်ဆာလံဖြစ်သည်(း၁၀၅)။ သို့သော် ညအမှောင်…

မိမိမည်သူမည်ဝါဖြစ်သည်ကို ရှာဖွေတွေ့ရှိခြင်း

မစ် အင့်ခ်ပဲန် ရေးသားသော “Nothing” ဟူသည့် ကလေးများအတွက်စာအုပ်၌ ခပ်မှိန်မှိန် အရုပ်ဟောင်းလေးက “ငါဘယ်သူလဲ” ဟု မေးသည်။ အိမ်ပြောင်းလာသူများက ထိုအရုပ်လေးကို “Nothing-ဘာမှမဟုတ်တဲ့အရုပ်” ဟုပြောပြီး ဖုံထူသော မျက်နှာကျက်ထောင့်တွင် ချောင်ထိုးခဲ့သည်။ အခြားတိရစ္ဆာန်အရုပ်များက ကြားပြီး ၎င်းကို သူ၏နာမည် ထင်သွားသည်။

အခြားတိရစ္ဆာန်များနှင့် ပြန်တွေ့သောအခါ သူမည်သူဖြစ်မှန်း Nothing ပြန်သတိရလာသည်။ သူ၌ အမြီးရှိသည်၊ နှုတ်ခမ်းမွှေးရှိသည်၊ ကိုယ်တွင် အစင်းကြောင်းများ ရှိသည်။ ထိုနောက် အညိုရောင်ပေါ်တွင် အနက်စင်းရှိသော ကြောင်တစ်ကောင်နှင့် တွေ့ဆုံပြီး သူ့သခင်အိမ်သို့ပြန်ရောက်အောင် ကူညီပေးခဲ့သည်။ သည့် နောက်တွင်မှ သူသည် ကြောင်ရုပ်ကလေး တိုဘီ ဖြစ်မှန်း သူ့ကိုယ်သူပြန်သိခဲ့သည်။ စုတ်ပြဲနေသော သူ၏ နားရွက်၊ အမြီး၊ နှုတ်ခမ်းမွှေးနှင့် ကိုယ်ပေါ်ရှိ အစင်းကြောင်းများကို သူ့သခင်က မေတ္တာပြလျက် ပြန်ချုပ်ပေးသည်။

ဤစာအုပ်ကို ကျွန်မဖတ်တိုင်း…

ချစ်ခြင်းမေတ္တာနှင့်ငြိမ်သက်ခြင်း

အလွန်မှအစွမ်းတန်ခိုးနှင့်ပြည့်ဝပြီး “ကြံ၍မမီနိုင်သောငြိမ်သက်ခြင်း’’ (ဖိ ၄း၇) ကို တွေးမိတိုင်း ကျွန်မ အလွန်အံ့သြမိသည်။ စိတ်ထိခိုက်နာကျင်မှုကို ခံစားရသည့်အခါ တစ်ဦးတစ်ယောက်က ထိုငြိမ်သက်ခြင်း နှစ်သိမ့်မှုကို ပေးနိုင်ပါမည်လား။ မကြာမီက ဖခင်ကြီး၏သတိရအောက်မေ့ခြင်း ဝတ်ပြုသည့်အချိန်တွင် ထိုငြိမ်သက်ခြင်းကို ကျွန်မ ခံစားခဲ့ရသည်။ ရင်းနှီးသောမိတ်ဆွေများက တန်းစီလျက် သူတို့၏ဝမ်းနည်းခြင်းကို ဖော်ပြလျက် ကျွန်မကိုနှုတ်ဆက် ကြစဉ် ကျွန်မ၏ကျောင်းနေဖက် သူငယ်ချင်းတစ်ယောက် ကိုလည်း တွေ့လိုက်ရသဖြင့် ကျွန်မစိတ်သက်သာရာ ရခဲ့သည်။ သူက စကားတစ်ခွန်းမျှမပြောဘဲ ကျွန်မကို ဝက်ဝံကြီးတစ်ကောင်ကဲ့သို့ ဖက်ထားသည်။ စာနာ နားလည်မှု အပြည့်ဖြင့် သူ၏အပြုအမူသည် စိတ်မကောင်း ဖြစ်လျက်နာကျင်နေချိန်၌ ငြိမ်သက်မှုကို ပထမဆုံး ခံစားရ စေပြီး၊ မိမိထင်သလို တစ်ယောက်တည်း အထီးကျန်နေခြင်း မဟုတ်ကြောင်းကို သတိပေးနေသည်။

ဆာလံ ၁၆ တွင် ဒါဝိဒ်မင်းကြီးဖော်ပြသကဲ့သို့ ကျွန်မတို့၏ဘဝထဲသို့ ဘုရားသခင်ယူဆောင်လာသော ငြိမ်သက်ခြင်းနှင့် ဝမ်းမြောက်ခြင်းသည်…