ကြင်နာသောဝေဖန်ခြင်း
ရေမြေတောတောင်သဘာဝဆေးခြယ်သည့် အတန်းချိန်တွင် အတွေ့အကြုံကြွယ်သည့် ကျွမ်းကျင်သူပန်းချီဆရာကြီးသည် ကျွန်မ၏ပထမဆုံးလက်ရာကို အကဲဖြတ်ခဲ့သည်။ သူသည် ကျွန်မ၏ပန်းချီကားရှေ့တွင် သူ၏မေးကို ကိုင်လျက် ငြိမ်သက်စွာရပ်နေသည်။ သူပြောတော့မည်၊ လက်ရာမကောင်းဟု သူပြောတော့မည်ဟု ကျွန်မထင်ခဲ့သည်။
သို့သော် သူ မပြောခဲ့ပါ။
အရောင်စပ်ထားသည့် အနေအထားနှင့် ထင်ရှား ပေါ်လွင်သည့် ခံစားချက်ကို သူသဘောကျကြောင်း ပြောသည်။ သည့်နောက် အဝေးမှသစ်ပင်များကို ပို၍ တောက်ပစွာ ခြယ်မှုန်းနိုင်ကြောင်း၊ ခြုံပင်များသည် ပို၍နူးညံ့ ပျော့ပြောင်းသောအရွက်များချွန်များရှိရန် လိုအပ်သည်။ အမြင်ရှုထောင့်နှင့် အရောင်အသွေးဆိုင်ရာ စည်းမျဉ်းအပေါ် အခြေခံ၍၊ ကျွန်မ၏ လက်ရာကို သူဝေဖန်ခွင့်ရှိသည်။ သို့သော် သူ၏ဝေဖန်မှုသည် မှန်ကန်ပြီး၊ ကြင်နာမှုရှိသည်။
လူတို့၏အပြစ်အတွက် ၎င်းတို့ကို ပြစ်တင်ရန် အရည်အချင်းပြည့်ဝသော ယေရှုသည် ရှေးဟောင်းရေတွင်းတစ်ခု၌ တွေ့ဆုံခဲ့သော ရှမာရိအမျိုးသမီးကို အပြစ်တင်ရန် ပညတ်တော် ၁၀ ပါးကို အသုံးမပြုခဲ့ပါ။ လက်တစ်ဆုပ်ခန့် အချက်အလက်များဖြင့်…
မဖြစ်နိုင်သောအရာကိုမျှော်လင့်တမ်းတခြင်း
ဖာနန်ဒိုပက်ဆိုအာ၏ ပေါ်တူဂီကဗျာ“Ode Marítima” တွင် “ဆိပ်ခံဘောတံတားတိုင်းက မဖြစ်နိုင်သော တောင့်တမှုကို ဖော်ပြနေသည်” ဟု ဆိုသည်။ သင်္ဘောသည် သဘောင်္ဆိပ်မှ တဖြည်းဖြည်း ဝေးကွာထွက်ခွာသွားရာ၊ ပက်ဆိုအာ၏သင်္ဘောဆိပ်က ကျွန်ုပ်တို့ခံစားရသည့် စိတ်ခံစားချက်ကို ကိုယ်စားပြုသည်။ သင်္ဘောက ထွက်သွား သည်။ သင်္ဘောဆိပ်က ကျန်ခဲ့သည်။ သင်္ဘောဆိပ်သည် မျှော်လင့်ခြင်း၊ အိပ်မက်၊ ပူဆွေးတမ်းတမှုများကို ကြိတ်မှိတ် ခံနေရသော အမှတ်လက္ခဏာအဖြစ် ကျန်ရှိနေပြီး မိမိ ဆုံးရှုံး သွားသောအရာ၊ မိမိလက်လှမ်းမမီနိုင်သောအရာအတွက် ကျွန်ုပ်တို့ တစစ်စစ်နာကျင်ခံစားရသည်။
“တောင့်တခြင်း”(saudade) ဟူသော စကားလုံးသည် ပေါ်တူဂီ စကားအားဖြင့် အတိတ်ကို တသသလွမ်းဆွတ်နေခြင်း ကို ရည်ညွှန်းပြီး၊ ကျွန်ုပ်တို့၏နက်ရှိုင်းသည့် နာကျင်ခံစားမှုဟု အဓိပ္ပာယ်သက်ရောက် သည်။ ကဗျာဆရာက ရှင်းပြရန်ခက်ခဲသောအရာကို ဖော်ပြနေခြင်းဖြစ်သည်။
နေဗောတောင်သည် မောရှေ၏ “မဖြစ်နိုင်သောတောင့်တမှု” ဟုဆိုနိုင်သည်။ နေဗောတောင်မှ သူလုံးဝခြေချနိုင်မည်မဟုတ်သော ကတိတော်ပြည်သို့…
မေတ္တာသည် ရပ်တန့်မည်မဟုတ်
ကျွန်မ အသက် ၁၉နှစ် ပြည့်ပြီးနောက်၊ ပေဂျာ သို့မဟုတ် ကိုယ်ပိုင်ဆဲလ်ဖုန်းမရှိသေးခင် နှစ်များတွင် ကျွန်မသည် မိခင်နှင့်ဝေးရာ မိုင်ပေါင်းခုနှစ်ရာကျော်တွင် ပြောင်းရွှေ့ နေထိုင်ခဲ့သည်။ တစ်မနက်တွင် ကျွန်မ သွားစရာရှိသဖြင့် အိမ်မှ စောစောထွက်သွား သဖြင့် ပုံမှန်လိုင်းဖုန်းမှ ဖုန်းဆက်ရန် မေ့သွားသည်။ ထိုညနှောင်းပိုင်းတွင် ကျွန်မအိမ်တံခါးဝသို့ ရဲသားနှစ်ဦး ရောက်ရှိလာသည်။ ကျွန်မ ဖုန်းဆက်ရန် တစ်ခါမျှ မမေ့လျော့သဖြင့် အမေက စိတ်ပူနေခဲ့ခြင်းဖြစ်သည်။ ထပ်ခါတစ်လဲလဲ ဖုန်းခေါ်ဆို၍ လိုင်းမအားသည့်နောက် သူမသည် တာဝန်ရှိသူများထံ သွားပြီး၊ ကျွန်မကို စုံစမ်း ပေးရန် တောင်းဆိုခဲ့သည်။ ရဲအရာရှိတစ်ယောက်က ကျွန်မ ဘက်သို့လှည့်၍ “မေတ္တာစိတ်ကြောင့် မင်းကို မရပ်မနား ရှာနေတယ်ဆိုတာ သိရခြင်းက ကောင်းချီးမင်္ဂလာပါပဲ” ဟုပြောခဲ့သည်။
သို့နှင့် မိခင်ကို ဖုန်းဆက်ရန် ဖုန်းကိုင်လိုက်သောအခါ ကျွန်မ အမှတ်တမဲ့ စကားပြောခွက်ကို အံဝင်ခွင်ကျ…
ထာဝရဘုရားပြင်ဆင်တော်မူမည်
တက္ကသိုလ်ကျောင်းသားဘဝနှင့် ဘွဲ့ရရှိရန်အစီအစဉ်များကြား နွေရာသီတလျှောက်လုံး တွင် ကျွန်မ၏စိတ်သောကပူပန်မှုများတိုးလာခဲ့သည်။ အရာရာကို ကြိုတင်စီစဉ်ထား ခြင်းကို ကျွန်မနှစ်သက်သဘောကျသည်။ မြို့မှထွက်ခွာ၍ အလုပ်လက်မဲ့ဘဝဖြင့် ဘွဲ့လွန်သွားတက်ရန်စိတ်ကူးသည် ကျွန်မကို မအီမသာဖြစ်စေသည်။ သို့သော် ကျွန်မ၏ နွေရာသီတွင်လုပ်ကိုင်သည့်အလုပ်မှ မထွက်မီ အဝေးမှ အလုပ်ဆက်လုပ်ရန် ဖြစ်နိုင်မည်လားဟု မေးလာ၍ ကျွန်မလက်ခံခဲ့ပြီး၊ ဘုရားသခင်သည် ကျွန်မကို တာဝန်ယူ ပါလားဟုတွေးရင်း ငြိမ်သက်ခြင်းကို ခံစားရသည်။
ဘုရားသခင်သည် ပြင်ဆင်ပေးခဲ့သည်။ သို့သော် ကျွန်မဖြစ်ချင်သည့်အချိန်တွင် မဟုတ်။ ကိုယ်တော်၏အချိန်၌ ဖြစ်သည်။ အာဗြဟံသည် သားဣဇက်အတွက် ပို၍ ခက်ခဲသောအခြေအနေကို ဖြတ်သန်းခဲ့ရသည်။ သူသည် သားကိုခေါ်၍၊ တောင်ပေါ်တွင်သူ့ကိုယဇ်ပူဇော်ရန် ဘုရားသခင်တောင်းဆိုခဲ့သည် (က ၂၂:၁-၂)။ မဆိုင်းမတွပင် အာဗြဟံသည် နာခံခဲ့ပြီး၊ ဣဇက်ကိုထိုနေရာသို့ ခေါ်သွားခဲ့သည်။ ဤသုံးရက်ကြာခရီး၌ အာဗြဟံသည် သူ၏စိတ်ကိုပြောင်းလဲရန် အချိန်များစွာရသည်။ သို့သော်လည်း သူစိတ်မပြောင်းခဲ့ပါ (:၃-၄)။
ဣဇက်က…
အထီးကျန်သူအတွက် အမှုဆောင်သူ
ဘက်စီသည် သူ့ခင်ပွန်းကွယ်လွန်ပြီးနောက် ရုပ်မြင်သံကြား ကြည့်၊ သူ့တစ်ယောက်စာ လက်ဖက်ရည် ဖျော်သောက်လျက် သူ့တိုက်ခန်းလေး၌သာ အများဆုံး အချိန်ဖြုန်းခဲ့သည်။ သူတစ်ဦးတည်းသာ ထိုသို့ အထီးကျန်ဘဝ၌ ရှိနေသူမဟုတ်ပါ။ ဗြိတိသျှလူမျိုး ၉ သန်းထက်မနည်း (လူဦးရေ၏ ၁၅%)သော သူတို့က တစ်ခါတစ်ရံ (သို့) အမြဲလိုလိုပင် သူတို့သည် အထီးကျန်ခံစားရသည်ဟု ဆိုကြသည်။ ထို့ကြောင့် ဗြိတိန်နိုင်ငံတွင် အထီးကျန်သူများအတွက် အမှုဆောင်ပေးမည့်သူကို ခန့်အပ်ပြီး ထိုသို့အဘယ်ကြောင့် ဖြစ်ရသည်၊ မည်သို့ ကူညီနိုင်မည်ကို ရှာကြံစေသည်။
အထီးကျန်ရသည့် အကြောင်းအရင်းအချို့က သိသာထင်ရှားပါသည်။ မိမိကိုယ်ကိုမိမိ တာဝန်ယူနိုင်သည်ဟု ကျွန်ုပ်တို့ ယုံကြည်နေတတ်ပြီး အကူအညီရယူရန် အကြောင်းမရှိဟု ထင်မှတ်ခြင်းကြောင့် ဖြစ်သည်။ မိမိ၏ဖုန်း (သို့) တီဗွီဖန်သားပြင်၌သာ နှစ်မြှုပ်လျက် နည်းပညာများအားဖြင့် အများသူငှာနှင့် ကျွန်ုပ်တို့ ကွဲကွာနေသည်။
အထီးကျန်မှု အမှောင်ကို ကျွန်ုပ်ခံစားရသကဲ့သို့ သင်လည်း ခံစားဖူးမည်…
ဘဝအတွက်အကောင်းဆုံးဗျူဟာ
ကျွန်မသမီးတို့ဘက်စကက်ဘောအသင်း ကစားနေသည်ကို ကစားကွင်း စင်ပေါ်မှ ကြည့်နေစဉ် နည်းပြက ‘‘နှစ်ယောက် တက်’’ ဟု အော်ပြောလိုက်သံကို ကြားလိုက် ရသည်။ ချက်ခြင်းပင် ၎င်းတို့၏ တစ်ဦးချင်းစီခံစစ်ပုံစံကို နှစ်ယောက်တစ်ယောက်ပုံစံ ပြောင်းကာ တစ်ဖက်အသင်းမှ အရပ်အမြင့်ဆုံးကစားသမားကို ကာသည်။ သူတို့၏အားထုတ်မှု အောင်မြင်သည်။ ဂိုးသွင်းပြီး အမှတ်မယူနိုင်အောင် ကာကွယ်နိုင်ခဲ့ပြီး နောက်ဆုံး ဘောလုံးက တစ်ဖက်ကွင်းထဲ ပြန်ရောက်သွားသည်။
ဒေသနာကျမ်း ရေးသားသူ ရှောလမုန်မင်းကြီးသည် လောကကြီး၏ရုန်းကန်ရမှုနှင့် စိတ်ရှုပ်ထွေးဖွယ်ရာများနှင့် လုံးပမ်းနေရစဉ် ရုန်းကန်လှုပ်ရှားမှုများတွင် အဖော်အသင်း တစ်ဦးဦးရှိပါက အကျိုးရှိကြောင်း သူသိမှတ်ဝန်ခံခဲ့သည် (ဒေ ၄း၉)။ ‘‘လူတစ်ယောက်သည် တစ်ယောက်ကိုနိုင်လျှင် ထိုလူကို နှစ်ယောက် ဆီးတားနိုင်၏’’ (း၁၂)။ ကျွန်တော်တို့လဲလျှင် အနီးအပါး၌ မိတ်ဆွေရှိပါက သူက ထူမ ဆွဲထူပေးနိုင်သည် (း၁၀)။
ရှောလမုန်၏စကားများက ဘဝခရီးစဉ်၏စုံစမ်းစစ်ကြောမှုများကို တစ်ဦးတည်း မရင်ဆိုင်ဘဲ အခြားသူများနှင့်မျှဝေရန်…
မျက်ရည်အိုင်
မက်ဆာချုးဆက်ပြည်နယ်၊ ဘော့စ်တွန်ဒေသတွင် ‘‘မျက်ရည်အိုင်ကို ဖြတ်သန်းခြင်း’’ ဟူ၍ ကြေးပြားဖြင့် စာတန်းကမ္ဗည်းထိုးလျက် ၁၈၄၀ ခုနှစ်နှောင်းပိုင်းက ဖြစ်ပွားခဲ့သော အိုင်းရစ် ငတ်မွတ်ခေါင်းမှုဘေးမှ လွတ်မြောက်အောင် အတ္တလန္တိတ်သမုဒ္ဒရာရေပြင်ကို ဖြတ်ကူးခဲ့သူများအား အမှတ်ရအောက်မေ့ကြသည်။ ထိုကပ်ဘေးတွင် လူတစ်သန်းကျော် သေဆုံးပြီး၊ အခြားလူတစ်သန်းကျော်မှာ အိမ်ယာများ စွန့်လျက် သမုဒ္ဒရာကို ဖြတ်ကူးခဲ့သည်။ ယင်းကို ဂျွန်ဘွိုင်းလ် အီရီလီ က ကဗျာဆန်ဆန် ‘‘မျက်ရည်အိုင်’’ ဟု ခေါ်ဆိုခဲ့သည်။ ဆာလောင်မှု နှလုံးကြေကွဲမှုများ၏ တွန်းအားဖြင့် ဤခရီးသည်များသည် ကယ်ရာမဲ့ အခြေအနေ တွင် မျှော်လင့်ခြင်းတစ်စကို ရှာဖွေခဲ့ကြသည်။
ဆာလံ ၅၅ တွင် ဒါဝိဒ်က မျှော်လင့်ခြင်းကို သူမည်သို့ ရှာဖွေခဲ့ပုံကို ပြောပြသည်။ သူရင်ဆိုင်ရသည့် ခြိမ်းခြောက်မှုက မည်သည့်အရာ ဖြစ်သည်ကို ကျွန်ုပ်တို့ အသေအချာမသိသော်လည်း သူခံစားရသည့် အတွေ့အကြုံက သူ့ကို ကျိုးပဲ့ကြေမွသွားစေနိုင်သည့်အထိ လေးလံ…
ဦးဆောင်သူတစ်ဦး
ညွှန်ကြားပြသ သွန်သင်ပေးသူ ဟု ဆိုလျှင် မည်သူကို သင့်အတွေးထဲ မြင်မိမည်နည်း။ ကျွန်မဆိုလျှင် သင်းအုပ်ဆရာ ရစ် ကို မြင်မိသည်။ သူက ကျွန်မ၌ ရှိသည့်စွမ်းရည် လုပ်ဆောင်နိုင်စွမ်းများကို မြင်ပြီး၊ ကိုယ်ကိုယ်ကိုယ် မယုံကြည်သည့်အချိန်များတွင် သူက ကျွန်မကို ယုံသည်။ နှိမ့်ချလျက် မေတ္တာသဘောနှင့် အစေခံခြင်းဖြင့် ဦးဆောင်ခြင်း အတတ်ကို စံနမူနာပြခဲ့သည်။ ရလဒ်အနေဖြင့် ယခုတွင် ကျွန်မသည် အခြားသူများကို ညွှန်ကြားပြသသွန်သင်လျက် အမှုဆောင်နေပါသည်။
ဧလိရှဲအား ခေါင်းဆောင်တစ်ဦးအဖြစ် ကြီးရင့်စေ သည့် လမ်းကြောင်း၌ ပရောဖက်ဧလိယသည် အရေးပါ သည့် အပိုင်းကဏ္ဍ၌ ပါဝင်ခဲ့သည်။ သူ့ကို ဆက်ခံမည့်သူ အဖြစ် ဧလိရှဲကို ဆီလောင်းဘိသိတ်ပေးရန် ဘုရားသခင် သူ့ကို မိန့်ကြားပြီးနောက် (၃ ရာ ၁၉း၁၆-၁၉)၊ လယ်ကွင်း၌ လယ်ထွန်နေသည့် ဧလိရှဲကို ဧလိယက သူ့နောက်လိုက်အဖြစ်…
လာ၍ယူပါ
စပျစ်နွယ်တိုင်များဖြင့် ခြံခတ်ထားသည့် ခြံအနောက်စည်းရိုးကို ကျော်ပြီး တစ်ဖက်ရှိ ပန်းခြံထဲသို့ ကျွန်တော်လှမ်းကြည့်လိုက်သည်။ ပန်းခြံပတ်လမ်း၌ ပြေးနေသူ၊ ခုန်နေသူ၊ လမ်းလျှောက်နေသူများကို တွေ့ရသည်။ ‘‘အရင် ငါသန်မာအားရှိတုန်းကလည်း ငါဒီလိုလုပ်ခဲ့ဖူးတာပဲ’’ ဟု ကျွန်တော်တွေးမိပြီးမှ စိတ်မကျေနပ်မှုများက ကျွန်တော့်ကို လွှမ်းသွားသည်။
နောက်ပိုင်းကျမ်းစာဖတ်စဉ် ‘‘အို ရေငတ်သောသူ အပေါင်းတို့၊ ရေရှိရာသို့ လာကြလော့’’ ဟု (ဟေရှာ ၅၅း၁) ကျမ်းချက်ကို ဖတ်မိပြီး စိတ်မကျေနပ်ခြင်း (မွတ်သိပ် ဆာငတ်ခြင်း) သည် ဓမ္မတာသဘောဖြစ်ပြီး ဘဝ၏ ချွင်းချက် မဟုတ်ကြောင်း တစ်ဖန် နားလည်မိသည်။ ဘဝ၏ ကောင်းသောအရာများမက မည်သည့်အရာကမှ အမှန် ပြည့်ဝနှစ်သိမ့်ကျေနပ်မှုကို မပေးနိုင်ပါ။ (တောင်တက် သမား လမ်းပြ) Sherpa ကဲ့သို့ သန်မာသောခြေများ ကျွန်ုပ်၌ ရှိခဲ့သည့်တိုင် ဘဝ၌ အခြားမရွှင်ပျ မကျေနပ်စရာများ ရှိနေဦးမည်ပင်။
ကျွန်ုပ်တို့၏ခေတ်ယဉ်ကျေးမှုက…
သေးငယ်လည်း အရေးပါသည်
ခါတိုင်းလိုပင် တစ်နေ့တာအစပြုခဲ့ပါသော်လည်း ခြောက်ခြားမှုနှင့် အဆုံးသတ်ခဲ့ရသည်။ အက်စတာ(အမည်ရင်းမဟုတ်)နှင့် အမျိုးသမီးရာပေါင်းများစွာတို့ကို ဘာသာရေး စစ်သွေးကြွနေသူတစ်ဖွဲ့မှ တန်ဆာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်သည်။ တစ်လ အကြာတွင် ခရစ်တော်ကို ငြင်းပယ်ရန် ငြင်းဆိုခဲ့သည့် အက်စတာမှလွဲ၍ အားလုံး ပြန်လွတ်လာသည်။ ယုံကြည်ခြင်းအတွက် ညှဉ်းပန်း နှိပ်စက်ခံရသူများနှင့် အက်စတာတို့၏အကြောင်း ကျွန်မ မိတ်ဆွေနှင့်ကျွန်မတို့ ဖတ်ရှုရင်း စိတ်နှလုံး၌ ထိတွေ့ခံစား ရသည်။ ကျွန်မတို့တစ်ခုခုလုပ်ချင်ပါသည်။ သို့သော်ဘာလုပ် ရမည်နည်း။
ကောရိနသုအသင်းတော်သို့ ပေးပို့သောစာ၌ ရှင်ပေါလုက အာရှိဒေသ၌ သူကြုံရသည့် ဒုက္ခအခက်အခဲ များကို ဝေငှ ပြောပြခဲ့သည်။ ညှဉ်းဆဲနှိပ်စက်မှုက ပြင်းထန် လွန်း၍ သူနှင့် သူ၏အပေါင်းအပါတို့က ‘‘အသက်မလွတ်နိုင်’’ ဟု ပင် ထင်ခဲ့ကြသည်(၂ ကော ၁း၈)။ သို့သော် ရှင်ပေါလုတို့အား ယုံကြည်သူများ၏ ဆုတောင်းပေးမှုက ထောက်မခဲ့သည် (း၁၁)။ ကောရိနသုအသင်းတော်သည် ရှင်ပေါလုနှင့် မိုင်ပေါင်းများစွာ…