အမျိုးအစား  |  odb

ဖန်တီးနိုင်မှုအတွက် ချီးကျူးဂုဏ်ပြုခြင်း

ဘာဂျာ၊ ကယ်လီဖိုးနီးယားဒေသအနီးရှိ ပင်လယ်ရေမျက်နှာပြင်အောက် ပေ ၄၀၀၀ အနက်တွင် ရှားပါးသောဂျယ်လီငါးများသည် ပင်လယ်ရေစီးကြောင်းနှင့်အတူ မြူးတူး ကခုန်လျက် မျောပါသွားကြသည်။ အနက်ရောင်ရေပြင်နောက်ခံတွင် သူတို့၏ ခန္ဓာကိုယ်သည် အပြာရောင်၊ ခရမ်းရောင်၊ ပန်းရောင်စသည့် အရောင်မျိုးစုံဖြင့် တောက်ပလျက်ရှိသည်။ ခေါင်းလောင်းပုံဦးခေါင်းမှ တရွရွ လှုပ်ရှားနေသော လက်ကလေးများသည် အလွန်မှလှပပါ သည်။ National Geographic မှ ထုတ်လွှင့်ပြသသည့် Halitrephes maasi ဂျယ်လီငါးများ၏လှုပ်ရှားမှု ဗွီဒီယို အပိုင်းလေးကို ကြည့်ရှုစဉ် ဘုရားသခင်က ထိုဂျယ်လီငါး များကို လှပထူးခြားသော ပုံသဏ္ဌာန်ဖြင့် ဖန်ဆင်းထားခြင်း အပေါ် အံ့သြမိသည်။ ၂၀၁၇ အောက်တိုဘာလတွင် သိပ္ပံပညာရှင်များ၏ဖော်ပြချက်အရ အခြားဂျယ်လီငါး အမျိုးကွဲပေါင်း ၂၀၀၀ ကိုလည်း ဘုရားသခင်က ဖန်ဆင်း၍ လှပစွာဆင်ယင်ထားကြောင်း သိရှိရသည်။

ဘုရားသခင်အား ဖန်ဆင်းရှင်ဟု ကျမ်းစာ၏ပထမဆုံးအခန်းကြီး၌ ဖော်ပြထား သည်ကို ကျွန်ုပ်တို့သည်…

မိတ်ဆွေတို့၏အမှတ်သင်္ကေတများ

ကျွန်တော်ငယ်ငယ်က ဂါနာနိုင်ငံ၌ ကြီးပြင်းလာစဉ် လူအုပ်ကြားတွင် အဖေ့လက်ကို ကိုင်ပြီး လျှောက်လည်ရသည်ကို ကြည်နူးမိသည်။ သူသည် ကျွန်တော့်အဖေလည်းဖြစ် သူငယ်ချင်းလည်းဖြစ်သည်။ ကျွန်တော်တို့၏ ယဉ်ကျေးမှုအရ တစ်ဦးနှင့်တစ်ဦး လက်ဆုပ်ကိုင်ခြင်းသည် မိတ်ဆွေအစစ်အမှန်ဖြစ်ကြောင်း အမှတ်သညာဖြစ်သည်။ အတူတစ်ကွ လမ်းလျှောက်စဉ် အကြောင်းချင်းရာမျိုးစုံကို ပြောကြဆိုကြသည်။ ကျွန်တော်တစ်ယောက်ထဲ အထီးကျန် ဖြစ်တိုင်း နှစ်သိမ့်မှုကို အဖေထံမှ ရရှိသည်။ ကျွန်ုပ်တို့၏ အဖော်ဖွဲ့ခြင်းကို ကျွန်တော် အလွန်တန်ဖိုးထားသည်။

သခင်ယေရှုက သူ၏နောက်တော်လိုက်များအား “မိတ်ဆွေများ” ဟု ခေါ်ပြီး မိတ်ဆွေဖြစ်ခြင်း အမှတ်သညာ များကို ဖော်ပြသည်။ “ခမည်းတော်သည် ငါ့ကို ချစ်တော်မူ သကဲ့သို့ ငါသည် သင်တို့ကိုချစ်၏” ဟု ကိုယ်တော်မိန့်မြွက်သည် (ယော ၁၅း၉)။ မိတ်ဆွေတို့အတွက် သူ၏အသက်ကို စွန့်သည် (း၁၃)။ ကိုယ်တော်က သူ့အဆွေတို့အား ကောင်းကင်နိုင်ငံအတွက် လုပ်ဆောင်သည့်အရာများကိုပြသည် (း၁၅)။ ဘုရားသခင်…

ပြန်လည်ရှင်သန်လာသော မျှော်လင့်ချက်

နေသည် အရှေ့အရပ်မှထွက်ပါသလား။ ကောင်းကင်သည် အပြာရောင်ဖြစ်ပါသလား။ သမုဒ္ဒရာရေသည် ငန်ပါသလား။ ကိုဘော့လ်သတ္တု၏ အက်တမ်အလေးချိန်သည် ၅၈.၉ ဖြစ်ပါသလား။ နောက်ဆုံးမေးခွန်းအား သိပ္ပံကြမ်းပိုး သို့မဟုတ် အသေးအဖွဲများကို စပ်စပ်စုစု လေ့လာသောသူများသာလျှင် ဖြေဆိုနိုင်မည်ဖြစ်ပြီး ကျန်သောမေးခွန်းများ၏အဖြေများမူကား ရိုးစင်းလွန်းလှပါသည်။ ထိုမေးခွန်းများသည် မေးလေ့မေးထမရှိသည့် သရော်တော်တော်မေးခွန်းများသာ ဖြစ်သည်။

“သင်သည် ကျန်းမာခြင်းသို့ရောက်လိုသလော” (ယော ၅း၆) ဟူသည့် သခင်ယေရှု၏ သရော်သလိုထင်ရ သည့် မေးခွန်းကို ကြားရစဉ် ထိုကဲ့သို့အမေးခံရလျှင် “လာနောက်နေတာလား။ ကျွန်တော် အကူအညီကို စောင့်နေတာ ၃၈ နှစ် ရှိပြီ” ဟုပြန်ဖြေမည်မှာ အသိသာကြီး ပါ။ သို့သော် ကိုယ်တော်မေးသော မေးခွန်းသည် ထေ့ငေါ့ နောက်ပြောင်သောမေးခွန်း မဟုတ်ပါ။ မှန်သောစကား သာလျှင် ဖြစ်သည်။ သခင်ယေရှု၏အသံတော်သည် ကြင်နာသနားခြင်းနှင့် အမြဲပြည့်ဝ လျှက် ရှိသည့်အပြင် သူ၏မေးခွန်းသည် ကျွန်ုပ်တို့…

ထိုနေရာတွင် ကိုယ်တော်ရှိနေပါသလား

မိုက်ကယ်သည် မိမိအား ငြိမ်သက်ခြင်းကို ပေးသည့်အရှင်နှင့် သေလုဆဲဆဲ ရောဂါခံစား နေရသောဇနီးအား ထိတွေ့သိရှိစေလိုသည်။ သူ၏ယုံကြည်ခြင်းကို သူ့ဇနီးအား မျှဝေ ခံစားစေလိုသော်လည်း သူမ စိတ်မဝင်စားပါ။ တစ်နေ့တွင် သူသည် ရပ်ကွက်ထဲရှိ စာအုပ်ဆိုင်လေးတစ်ဆိုင်ရှေ့မှ ဖြတ်လျှောက်သွားစဉ် “အဘဘုရား၊ ထိုနေရာတွင် ကိုယ်တော်ရှိပါသလား” ဟူသော ခေါင်းစဉ်နှင့် စာအုပ်လေးက သူ့အား ညှို့ယူဖမ်းစားနေသည်။ ထိုစာအုပ်ကို ဝယ်သွားလျှင် သူ့ဇနီးက မည်သို့တုံ့ပြန်မည်ကိုသူအတပ် မပြောနိုင်ပါ။ စာအုပ်ဆိုင်သို့ အကြိမ်ပေါင်းများစွာ ဝင်လိုက် ထွက်လိုက်လုပ်ပြီးမှ နောက်ဆုံးတွင် ထိုစာအုပ်ကို ဝယ်လိုက် သည်။ သူ့ဇနီးက ဘာမျှမပြောဘဲ လက်ခံလိုက်သောကြောင့် သူအံ့သြသွားသည်။

ထိုစာအုပ်က သူမ၏စိတ်ကိုထိတွေ့စေပြီး စာအုပ်ကို စတင်ဖတ်ပါတော့သည်။ နှစ်ပတ်ကြာပြီးနောက် မိုက်ကယ်၏ဇနီးကို ဘုရားသခင် ရုတ်သိမ်းသွားပြီး ကိုယ်တော် ကတိပေးထားသည့်အတိုင်း သူမအား စွန့်ပစ်၍မထားဘဲ စိတ်ချစွာ အနားပေးခဲ့ပါသည်။

ဘုရားသခင်က မောရှေအား…

စားသုံးပစ်လိုက်ပြီ

Os Guinness ရေးသားသော The Call စာအုပ်တွင် အေးချမ်းသောညတစ်ညတွင် ဝင်စတန် ချာချီသည် ပြင်သစ်နိုင်ငံတောင်ပိုင်း၌ သူ၏မိတ်ဆွေများနှင့် မီးဖိုရှေ့တွင် မီးလှုံကြသည့်အကြောင်းကို ရေးသားဖော်ပြခဲ့သည်။ ဝန်ကြီးချုပ်ဟောင်းသည် မီးမွှေးထားသည့်မီးဖိုသို့ စိုက်ကြည့်ပြီး အပူရှိန်ကြောင့် ပေါက်ကွဲလောင်ကျွမ်းနေသော ထင်းရှူးသား တို့ကို သတိပြုမိသည်။ “ဒီသစ်သားတုံးတွေ ဘာကြောင့် လောင်မြိုက်ဝါးမြိုခြင်း ခံရသလဲဆိုတာ ငါသိတယ်” ဟု ရင်းနှီးပြီးသားဖြစ်သည့် သူ့အသံကြီးက ပေါ်ထွက်လာသည်။

အခက်အခဲများ၊ စိတ်မသာယာခြင်း၊ အန္တရာယ်များ၊ စိတ်ဓါတ်ကျဆင်းခြင်းနှင့် မိမိပြုမိသောအမှားများသည်လည်း လောင်မြိုက်သွားနိုင်ကြောင်း ခံစားမိပါသည်။ အခြေအနေ တစ်ခုခုကြောင့် ဝမ်းမြောက်ခြင်းနှင့် ငြိမ်သက်ခြင်းသည် ကျွန်တော့်၏နှလုံးသားမှ ယိုစီးလာနိုင်သည်။ ဒါဝိဒ်မင်းကြီးသည် သူကိုယ်တိုင်အပြစ်နှင့်မကင်းသည့် ရွေးချယ်မှုကို ပြုမိသောအခါ သူက “ငါသည် အပြစ်ကိုမဖော်မပြဘဲ နေစဉ်အခါ တစ်နေ့လုံး ညည်းတွားသောအားဖြင့် ငါ့အရိုးတို့သည် ဆွေးမြေ့ခြင်းသို့ ရောက်ကြ၏။ ... အကျွန်ုပ်၏ ချွေးရည်သည်…

ငြိမ်သက်ခြင်းနှင့်ပြည့်ဝသောနှလုံးသား

သူ၏အသက်မွေးဝမ်းကြောင်း လုပ်ငန်းဖြစ်သည့် အားကစားသမားအဖြစ်မှ အနားယူ ပြီးနောက် နှစ်ပေါင်း ၄၅ နှစ်အထိ ဂျယ်ရီခရာမာကို အမြင့်ဆုံးသော အားကစား ထူးချွန်သူများအား ဂုဏ်ပြုသည့်စာရင်းတွင် ထည့်သွင်းခြင်း မခံရပါ။ အခြားသော ဂုဏ်ပြုခြင်းများနှင့် အောင်မြင်ခြင်းများစွာအတွက် ဝမ်းမြောက်ရသော်လည်း အထက်က ဖော်ပြသော အားကစားထူးချွန်သူ ဂုဏ်ပြုသည့်စာရင်း နှင့်ကား ဝေးလျက်ပင်ရှိနေသေးသည်။ သူ့အား ထိုစာရင်းသို့ သွင်းရန် ၁၀ ကြိမ်တိုင်တိုင် အဆိုတင်သွင်းခဲ့သော်လည်း ပယ်ချခြင်းခံရသည်။ သူ့၏မျှော်လင့်ချက် အကြိမ်ကြိမ် ပျက်ပြားခဲ့သော်လည်း သူက ယဉ်ကျေးသိမ်မွေ့စွာဖြင့်ပင် “ဘဝတစ်လျှောက်လုံး ကျွန်တော့်ကို အမျိုးသားဘောလုံး အဖွဲ့ချုပ်မှ လက်ဆောင်ပေါင်း ၁၀၀ ပေးခဲ့ပြီးပြီဟု ခံစားရတဲ့ အတွက် ကျွန်တော်မရသေးတဲ့အရာတစ်ခုအတွက် စိတ်တို ဝမ်းနည်းနေရင် အလွန်မှ မိုက်မဲရာကျမယ်” ဟု ပြောသည်။

အခြားသူများသည် အကြိမ်ပေါင်းများစွာ ထိုသို့ ငြင်းပယ်ခြင်းခံရပါက ခါးသီးစွာ ခံစားနေရမည့်အချိန်တွင် ခရာမာသည်…

လျှိုမြောင်ချိုင့်ဝှမ်းကိုဖြတ်၍

တရုတ်ပြည်သို့ခိုးဝင်ရန် ကြိုးစားမှုဖြင့် ဟေဝူး(နာမည်မှန်မဟုတ်)သည် မြောက်ကိုရီးယား ရဲဘက်စခန်းတွင် အကျဉ်းကျခဲ့သည်။ ရက်စက်ကြမ်းတမ်းသည့် အစောင့်များက နေ့နေ့ညည နှိပ်စက်ကြကြောင်း၊ ခါးကျိုးမတတ် အလုပ်လုပ်ရကြောင်း၊ ကြွက်များ၊ သန်းများနှင့်ပြည့်သည့် ရေခဲတမျှ အေးသောကြမ်းပြင်တွင် ခဏသာအိပ်စက်ရကြောင်း ပြောပြသည်။ သို့သော် မည်သည့်အကျဉ်းသားနှင့် မိတ်ဆွေ ဖြစ်နိုင်ပြီး သူ့ယုံကြည်ခြင်းကို ဝေမျှနိုင်မည်ကို ပြသပေးခြင်း အပါအဝင် ဘုရားသခင်က သူ့ကိုနေ့တိုင်း ကူညီမစခဲ့သည်။

အကျဉ်းစခန်းမှ လွတ်မြောက်ပြီး တောင်ကိုရီးယား၌ နေထိုင်ရသောအခါ သူထောင်ကျနေခဲ့သည်အချိန်ကို ဟေဝူး ပြန်ဆင်ခြင်ခဲ့ပြီး ဆာလံ ၂၃ က သူ့အတွေ့အကြုံကို အဆုံးအဖြတ် ပေးခဲ့သည်ဟူ၍ ပြောပြသည်။ မဲမှောင်နေ သည့် ချိုင့်ထဲ၌ ပိတ်မိနေသော်လည်း သခင်ယေရှုသည် သူ့အား ငြိမ်သက်ခြင်းကိုပေးသော သိုးထိန်းကြီးဖြစ်သည်။ “ရှင်းရှင်းပြောရရင် ကျွန်မက သေမင်းအရိပ်လွှမ်းမိုးသော ချိုင့်ထဲမှာ ရောက်နေသလို ခံစားရပေမယ့် ကျွန်မ ဘာကိုမှ မကြောက်ပါဘူး။…

ကြားပြောရမည့် သတင်းကောင်း

အီရန်ကျောင်းသားတစ်ဦးဖြစ်သော အာမန်က ကျွန်မကို “နာမည် ဘယ်လိုခေါ်လဲ” ဟု မေးသည်။ ကျွန်မ၏ အမည်မှာ အက်စထရာဖြစ်ကြောင်းပြောရာ သူက “ကျွန်တော်တို့ နေတဲ့ ဖာစီမှာလည်း အဲလိုနာမည်မျိုးရှိတယ်။ စီထရီလို့ခေါ်တယ်” တအံတသြပြောရင်း သူ့မျက်နှာက ဝင်းပလာသည်။ ထိုဆက်နွယ်မှုလေးက အံ့သြဖွယ် စကားစမြည် ပြောနိုင်ရန်လမ်းဖွင့်ပေးခဲ့သည်။ သမ္မာကျမ်းစာထဲရှိ ပါရှန်တိုင်းပြည် (အီရန်နိုင်ငံ)၏ ဂျူးမိဖုရားတစ်ပါး၏နာမည် ဧသတာအတိုင်း ကျွန်မ၏နာမည်ကို မှည့်ထားခြင်းဖြစ်ကြောင်း ပြောပြသည်။ ဧသတာ၏အကြောင်းကို အရင်းပြုပြီး သခင်ယေရှု အကြောင်း ကျွန်မဝေငှခဲ့သည်။ ကျွန်မတို့ စကားဝိုင်းလေး၏ ရလဒ်အနေနှင့် အာမန်သည် ခရစ်တော်အကြောင်းကို ပိုမိုသင်ယူရန် အပတ်စဉ်ကျမ်းစာသင်တန်းကို စတင် တက်ရောက်တော့သည်။

သန့်ရှင်းသောဝိညာဉ်တော်၏ ဦးဆောင်လမ်းညွှန်မှု ကို ခံယူပြီး သခင်ယေရှု၏နောက်တော်လိုက် ဖိလိပ္ပုသည် မြင်းရထားဖြင့် ခရီးနှင်နေသည့် အဲသယောပိအမတ်တစ်ဦးနှင့် စကားစမြည် ပြောနိုင်ရန် မေးခွန်းတစ်ခုမေးခြင်းဖြင့် အစပျိုးလိုက်သည်။ “ဖတ်သောအရာကို နားလည်ပါ၏…

မျှော်လင့်မထားသော အောင်နိုင်သူ

၂၀၁၈ ခုနှစ် ဆောင်းရာသီအိုလံပစ်အားကစားပြိုင်ပွဲ၌ လုံးဝအဓိပ္ပာယ်မရှိ၊ လုံးဝ ဆွဲဆောင်မှု မရှိသည့် အချိန်မှာ ချက်ပြည်ထောင်စုသမ္မတနိုင်ငံမှ နှင်းလျှောပြားစီးချန်ပီယံ Ester Ledecka က သူ့ကစားနေကျ အားကစားနှင့် ဆန့်ကျင်ဘက်ဖြစ်သော နှင်းလျှောစီးအားကစား၌ အနိုင်ရရှိခြင်းဖြစ်သည်။ သူသည် နှင်းလျှောစီးအားကစားတွင် အားကျစရာမကောင်းသည့် အဆင့် ၂၆ ၌ရှိနေသော်လည်း ပထမရွှေတံဆိပ်ကို ဆွတ်ခူးလိုက်သည့်အဖြစ်က မဖြစ်နိုင်ဟု ယုံကြည်နေကြသည်။

အံ့သြစရာမှာ Ledecka သည် အကွေ့အကောက် အတားအဆီးများပါဝင်သည့် စူပါ-ဂျီ တောင်အောက်ဆင်း နှင်းလျှောစီး အမျိုးသမီးလူရွေးပွဲ အောင်မြင်ခဲ့သည်။ သူများထံမှ ငှားစီးရသော နှင်းလျှောစီးပြား နှစ်ပြားနှင့် ၀.၀၁ စက္ကန့်ဖြင့် အနိုင်ရပြီးနောက် နာမည်ကျော်နှင်းလျှောစီး အားကစားသမားများသာ အနိုင်ရမည်ဟု မျှော်မှန်းထားကြသော မီဒီယာများနှင့် ပြိုင်ပွဲဝင်များအားလုံးနည်းတူ သူလည်း အံ့သြတုန်လှုပ်သွားသည်။

ဤအရာမှာ လောကကြီး၏ ထုံးစံပင်ဖြစ်သည်။ အောင်နိုင်သူများသာ ဆက်ပြီး အောင်နိုင်မည်ဖြစ်ပြီး ကျန်လူအားလုံးက…

ပြောင်းလဲမှုက ဖြစ်နိုင်သည့်အရာပါ

တနင်္ဂနွေ နေ့လည်ခင်းတစ်ခုတွင် ကျွန်ုပ်တို့အသင်းတော်၏ လူငယ်အဖွဲ့ဝင်အချို့သည် စုဝေးလျက် ဖိလိပ္ပိ ၂း၃-၄ ကို အခြေပြုသည့် ခက်ခဲသည့်မေးခွန်းများကို တစ်ဦးနှင့်တစ်ဦးမေးမြန်းကြသည်။ “ရန်တွေ့လိုသောစိတ်၊ ကျော်ဇောကိတ္တိကို တပ်မက်သောစိတ် ရှိ၍ အဘယ်အမှုကိုမျှ မပြုကြနှင့်။ သူတစ်ပါးသည် ကိုယ်ထက် သာ၍ကောင်းမြတ် သည်ဟု နှိမ့်ချသောစိတ်ရှိ၍ တစ်ယောက်ကို တစ်ယောက် ထင်မှုကြလော့။ ကိုယ်အမှုအရာကိုသာ မရှုမမှတ်ဘဲ သူ့ အမှုအရာကို ရှုမှတ်ကြလော့။” သူတစ်ပါး၏အမှုအရာကို သင်ဘယ်နှစ်ကြိမ် စိတ်ဝင်စားသနည်း။ တစ်စုံတစ်ဦးက သင့်ကို နှိမ့်ချသည်ဟု ဖော်ပြမည်လား၊ ထောင်လွှားသည်ဟု ပြောမည်လား။ အဘယ်ကြောင့်နည်း။ စသည့်မေးခွန်းများ လည်း မေးကြသည်။

ကျွန်ုပ်လည်း နားထောင်ရင်း လူငယ်များ၏ ရိုးသားသော အဖြေများအတွက် ခွန်အားရမိသည်။ ဆယ်ကျော်သက် လူငယ်များက မိမိတို့၏အားနည်းချက်ကို သိမှတ်ဝန်ခံရန် လွယ်ကူသော်လည်း ပြောင်းလဲပစ်ရန်မှာမူ ခက်ခဲသည်၊ (သို့) ပြောင်းလဲလိုစိတ် မရှိဟူ၍ ပြောသည်။…