အဖေ့ကိုသတိရအောက်မေ့ခြင်း
ကျွန်မအဖေ့ကိုသတိရသောအခါ အိမ်အပြင်၌ တူထုနေပုံ (သို့) အပင်စိုက်နေပုံ (သို့) အိမ်အောက်ထပ် စိတ်ဝင်စားစရာပစ္စည်းများ ကိရိယာများနှင့် ရှုပ်ပွနေသော အလုပ်ခန်းတွင် အလုပ်လုပ်နေပုံကို ပုံဖော်မိပါသည်။ သူ့လက်များသည် အမြဲပင် အလုပ်ရှုပ်နေကာ တစ်ခါတစ်ရံ ဂိုဒေါင်၊ ကုလားထိုင် သို့ ငှက်အိမ်ကို ဆောက်လုပ် နေတတ်ပြီး တစ်ခါတစ်ရံ သော့ပြင်နေတတ်သည်။ တစ်ခါတစ်ရံ လက်ဝတ်ရတနာဒီဇိုင်းများ ဆွဲလျှင်ဆွဲ၊ မဆွဲလျှင် မှန်ပန်းချီဆွဲနေတတ်သည်။
ကျွန်မ အဖေ့ကိုသတိရခြင်းသည် အစဉ်အလုပ် ရှုပ်နေတတ်သော ဖန်ဆင်းရှင်ကောင်းကင်ဘုံအဘ အကြောင်းကို စဉ်းစားမိစေပါသည်။ နံနက်ကြယ်တို့သည် တညီတညွတ်တည်း သီချင်းဆို၍၊ ဘုရားသခင်သား အပေါင်းတို့သည် ဝမ်းမြောက်သဖြင့် ကြွေးကြော်ကြစဉ်... အစအဦး၌ ဘုရားရှင်သည် မြေကြီးအမြစ်ကိုတည်၊ မြေကြီးအတိုင်းအရှည်ပမာဏကို စီရင်လျက် မျဉ်းကြိုးကို တန်းချ” ခဲ့သည် (ယောဘ ၃၈း၎-၇)။ သူဖန်ဆင်းသမျှ အရာအားလုံးသည် အနုပညာလက်ရာမြောက်ပြီး လှပသောအရာများပင်ဖြစ်သည်။ အသက်ရှူမှားလောက်အောင် လှပသောလောကကြီးကို…
နားဖာချေးနှင့်အခြားသောအရာများ
Winnie the Pooh က “သင်စကားပြောနေသူသည် သင်ပြောနေသည်ကို နားမထောင်သလိုဖြစ်နေပါက စိတ်ရှည်စွာဖြင့်သည်းခံလိုက်ပါ။ သူ့နား၌ နားဖာချေးများ ရှိနေ၍ ဖြစ်မည်”ဟု အထင်ကရစကားကို ပြောခဲ့ဖူးသည်။
နှစ်ပေါင်းများစွာ ကြာပြီးနောက် Winnie တစ်ခုခုကို ဆိုလိုကြောင်း ကျွန်ုပ် သဘောပေါက်ခဲ့ရသည်။ သူတို့ အကျိုးအတွက် သင့်ထံမှ အကြံဉာဏ်ကို လာရောက်တောင်းခံသော်လည်း သင်ပြောသည်ကို နားမထောင်သောအခါ သူတို့၏ မနာခံခြင်း သည် သူတို့နားထဲမှ နားဖာချေးသာသာ သာ ဖြစ်ပါသည်။ သို့မဟုတ် အခြားသောအတားအဆီးများ ရှိနေသောကြောင့် ဖြစ်ကောင်းဖြစ်မည်။ အချို့သူများသည် သူတို့ကိုယ်တိုင်က ကျိုးပဲ့ကြေမွနေ၊ စိတ်ပျက်နေသောကြောင့် အခြားသော သူများ၏ ပြောစကားများကို နားထောင်ရန် ခက်ခဲနေပါသည်။
မောရှေသည် ဣသရေလလူများကို စကားပြောသောအခါ သူတို့၏စိတ်ဝိညာဉ်များမှာ ကျိုးပဲ့ကြေမွနေပြီး သူတို့အသက်တာများမှာ ခက်ခဲကြမ်းတမ်းနေသောကြောင့်သူတို့နားမထောင့်ခဲ့ပါ(ထွက် ၆း၉)။ ဟေဗြဲဘာသာစကားတွင် စိတ်ကုန်စိတ်ပျက်သည့် စကားလုံးသည် ‘အမောဆို့’…
ကောင်းကြီးမင်္ဂလာများ လာနေသည်
သူငယ်ချင်းဖြစ်သူနှင့်ကျွန်မသည် သူ၏မြေးများနှင့် လမ်းလျှောက်ထွက်ခဲ့ကြသည်။ ကလေးတွန်းလှည်းကို တွန်းရင်း သူ့လက်ကောက်ဝတ်၌ ပတ်ထားသော လှုပ်ရှားမှုကို မှတ်သားသည့် ကိရိယာလေးမှာ လက်ကိုမလွဲသောကြောင့် ဘာမှမမှတ်သားသဖြင့် “ခြေလှမ်းတွေတော့ အလကားဖြစ်ကုန်ပါပြီ”ဟု သူပြောရာ၊ ကျွန်မကလည်း “အဲဒီ ခြေလှမ်းတွေက မင်းရဲ့ကျန်းမာရေး အတွက်တော့ အထောက်အကူ ဖြစ်ပါသေးတယ်”ဟု ပြောလိုက်သည်။ “ဟုတ်ပါတယ်လေ... ဒါပေမဲ့ အဲ့စက်ကပေးတဲ့ ရွှေကြယ်လေး ကိုတော့ လိုချင်သား” လို့ သူက ရယ်ပြီးပြောပါသည်။
သူမည်သို့ခံစားရမည်ကို ကျွန်မသိပါသည်။ တစ်စုံတစ်ခုကို လုပ်ကိုင်စဉ် ရလဒ်ချက်ချင်းမရသောအခါ စိတ်ပျက်ကြရပါသည်။ သို့သော် ဆုရလဒ်ကို အမြဲတမ်းတော့ ချက်ခြင်း လက်ငင်းမြင်ရလိမ့်မည် မဟုတ်ပါ။
ထိုအခြေအနေမျိုးများတွင် ကျွန်မတို့ပြုသော ကောင်းသောအမှုများ၊ သူငယ်ချင်းများကိုကူညီပေးခြင်း၊ သူစိမ်းတစ်ယောက်အား မေတ္တာပြခြင်းများကိုပင် အချည်းနှီးသောအရာများအဖြစ် မြင်မိတတ်ကြသည်။ ဂလာတိမြို့ရှိ အသင်းတော်အား ရှင်ပေါလုက “လူသည် အချိန်တန်သောအခါ အသီးအနှံကို ရိတ်ရလိမ့်မည်” ဟု…
ဝိညာဉ်တော်ဖြင့် ချီးမွမ်းထောမနာပြုခြင်း
၂၀ရာစု အစောပိုင်းတွင် ဖြစ်ပွားခဲ့သော Welsh ၀ိညာဉ်ရေးရာနိုးထမှုတွင် နှုတ်ကပတ်တော် သင်ကြားသူနှင့် စာရေးဆရာဖြစ်သော ဂျီ ခဲမ့်ဘဲလ် မော်ဂင် သည် သူတွေ့ရှိခဲ့သော အချက်တစ်ချက်ကို ဖော်ပြခဲ့သည်။ ဘုရားရှင်၏ သန့်ရှင်းသော ဝိညာဉ်တော်၏မျက်မှောက်တော်သည် “သန့်ရှင်းမြင့်မြတ်သောသီချင်း လှိုင်းလုံးများ” အထက်တွင် လှုပ်ရှားနေကြောင်း သူယုံကြည်ခဲ့သည်။ ၀တ်ပြု ကိုးကွယ်ခြင်းစည်းဝေးများတွင် တေးဂီတ၏ညီညွတ်မှုက လွှမ်းမိုးလျက် ဆုတောင်းခြင်း၊ အပြစ်ဝန်ချတောင်းပန်ခြင်း၊ အလိုအလျောက် သီဆိုကျူးဧလျက် တုံ့ပြန်မှုများကို တွေ့ရှိ ရသည်ဟု မော်ဂင် က ရေးသားခဲ့သည်။ တစ်စုံတစ်ဦးက ခံစားမှုများကြောင့် နာကျင်လျက် အကြာကြီး ဆုတောင်း နေခြင်း (သို့) အခြားသူများနှင့် စကားပြောရာတွင် အဆင်မပြေ ဖြစ်နေပါက တစ်စုံတစ်ယောက်သည် ညင်သာစွာဖြင့် သီချင်းစတင်သီဆိုပြီး ထိုနောက် အခြားသူ များလည်း ဝင်ရောက်သီဆိုကာ ထပ်ဆိုသည့်အပိုဒ်တွင် ဘေးမှအခြားသောအသံများကို ဖုံးလွှမ်းသွားစေသည်။
မော်ဂင် ဖော်ပြသော…
တိမ်များနှင့် ဖုံးကွယ်နေခြင်း
လသည် သူဂြိုလ်ပတ်လမ်းကြောင်းပေါ်တွင် ပတ်နေရင်း အနှစ် ၆၀ တွင် တစ်ကြိမ် ကမ္ဘာနှင့် အနီးကပ်ဆုံးနေရာသို့ ရောက်ရှိလာပြီး၊ အခြားအချိန်များထက် ပို၍ကြီးမား ပို၍လင်းသော အင်မတန်မှဖြစ်ခဲလှသော စူပါမွန်းသည် ၂၀၁၆ နိုဝင်ဘာတွင် ဖြစ်ခဲ့ သည်။ ကျွန်မအဖို့တော့ ထိုနေ့တွင် ကောင်းကင်ကြီးမှာ မီးခိုးရောင် လွှမ်းနေသည်။ ထိုဖြစ်ရပ်ဆန်းကြီး၏ဓာတ်ပုံများကို အခြားနေရာများရှိ သူငယ်ချင်းများထံမှလည်း မြင်တွေ့ခဲ့ရသော်လည်း ကောင်းကင်ကိုကြည့်ရင်း ထိုစူပါမွန်းသည် တိမ်များ၏ အနောက်တွင် ကွယ်နေသည်ဟုသာ ယုံကြည်နေခဲ့သည်။
ကောရိနသုမြို့ရှိ အသင်းတော်အား ခက်ခဲသော အချိန်များနှင့် ကြုံတွေ့ရင်ဆိုင်ရသောအခါ မျက်မြင်မရ သော်ငြား ထာဝရတည်သည့် အရာတွင်သာ ယုံကြည်ရန် တမန်တော်ရှင်ပေါလု တိုက်တွန်းလျက် သူတို့၏တဒင်္ဂ ပြဿနာများသည် နိစ္စထာဝရ ဘုန်းအသရေကို ဆောင်ကြဉ်းပေးနိုင်ကြောင်းကို ဖော်ပြခဲ့သည် (၂ကော ၄း၁၇)။ သို့မှသာ မြင်တွေ့နေရသောအရာများအပေါ်တွင် စိတ်စွဲလန်းမနေဘဲ ထာဝရတည်သော မျက်မြင်မရသောအရာများအပေါ်တွင်သာ မျက်မှောက်ပြုနိုင်မည်ဖြစ်သည်…
မတရားသော မှားယွင်းသောဝန်ထုပ်ကို သယ်ပိုးခြင်း
ပြစ်မှုထင်ရှားသဖြင့် နှစ်ပေါင်း ၃၈ နှစ် အကျဉ်းကျခဲ့ပြီးနောက် မဲလ်ကမ်းအလက်ဇန်းဒါးသည် ပြစ်မှုကင်းစင်သူအဖြစ် ၂၀၁၈ ဇန်န၀ါရီလ ၃၀ ရက်နေ့တွင် ပြန်လည် လွတ်မြောက်လာသည်။ DNA သက်သေများက အလက်ဇန်းဒါးသည် အပြစ်မရှိကြောင်း သက်သေပြနေသည့်အတွက် မရေမတွက်နိုင်သောမတရားမှုများမှ သူ၏ရိုးသား တည်ကြည်မှုကို ပြန်လည်ရရှိခဲ့သည်။ (နောက်ပိုင်းတွင် ရှေ့နေလက်မှတ်သိမ်းခံရသည့်) မကျွမ်းကျင်သောရှေ့နေ၏ မခိုင်လုံသော သက်သေအထောက်အထားနှင့် မရေရာသော စုံစမ်းထောက်လှမ်းသည့် နည်းဗျူဟာများက အပြစ်မရှိသော လူတစ်ယောက်ကို ဆယ်စုနှစ် ၄ စုခန့်မျှ အကျဉ်းထောင်ထဲသို့ ရောက်စေခဲ့သည်။ ထောင်မှ ပြန်လွတ်လာသောအခါ အလက်ဇန်းဒါး သည် အတိုင်းအဆမဲ့ ကရုဏာတရားကို ပြခဲ့သည်။ သူက “စိတ်ဆိုးနေလို့မရဘူးလေ။ ဘာလို့ဆိုတော့ စိတ်ဆိုးဖို့အချိန်မှ မလောက်တာ” ဟုပြောခဲ့သည်။
အလက်ဇန်းဒါး ၏ စကားများသည် လေးနက်သောကရုဏာတရားကို ဖော်ပြနေသည်။ မတရားမှုတစ်ခုက ကျွန်ုပ်တို့၏ဘဝကို ၃၈ နှစ် ဖြုန်းတီးလျက်…
သင့်အတွက်လက်ဖြင့် ပြုလုပ်ထားသောလက်မှုပစ္စည်း
ကျွန်မအဘွားသည် အချုပ်အလုပ်တွင် အလွန်ပါရမီရှိပြီး သူ့မွေးရပ်မြေ တက္ကဆက် ပြည်နယ် ပြိုင်ပွဲများတွင် အနိုင်ရရှိခဲ့သည်။ ကျွန်မဘဝတစ်လျှောက် အဘွားသည် သူ့လက်မှုပညာဖြင့် ပွဲပေါင်းများစွာ ဆင်နွှဲခဲ့သည်။ ကျွန်မ အထက်တန်းကျောင်းဆင်းပွဲ တွင် ဆိတ်မွေးဖြင့်ထိုးထားသော ဝိုင်နီရောင်ဆွယ်တာကို လက်ဆောင်အဖြစ်ပေးခဲ့ သည်။ စိမ်းပြာရောင်အိပ်ယာခင်းဖုံးကို မင်္ဂလာလက်ဖွဲ့အဖြစ် ပေးခဲ့သည်။ ဤသီးသန့် လက်ဖြင့် ပြုလုပ်သောပစ္စည်း များ၏ထောင့်တွင် “သမီးအတွက် လက်မှုပစ္စည်း၊ မှ ဘွားဘွား”ဟူ၍ သူမ အမြဲရေးထိုးသည်။ ချည်ဖြင့် ထိုးထားသော စာလုံးများက အဘွား ကျွန်မအပေါ် ထားရှိသော မေတ္တာကို ခံစားရပြီး ကျွန်မ၏အနာဂတ်ဘဝအတွက် အားကြီးမားသော သူမ၏ယုံကြည်ခြင်းကိုလည်း လက်ခံရရှိခဲ့သည်။
ရှင်ပေါလုက ဧဖက်မြို့သူမြို့သားများအား သူတို့သည် “ယေရှုခရစ်၌ပြုပြင်၍ ဖန်ဆင်းတော်မူရာ ဖြစ်ကြပြီး ထိုကောင်းသောအကျင့်တို့၌ ကျင်လည်ရမည် အကြောင်း၊ ဘုရားသခင်သည် ငါတို့ကို ပြင်ဆင်တော်မူနှင့်ပြီ” ဟု (၂း၁၀) ဤကမ္ဘာတွင်…
ညည်းတွားခြင်းမှ ၀တ်ပြုခြင်းသို့
ကင်သည် ရင်သားကင်ဆာရောဂါကို ၂၀၁၃ ခုနှစ်၌ စပြီး ခံစားရသည်။ ကုသမှုခံယူပြီး ၄ ရက်မြောက်နေ့၌ သူ့တွင် အဆုတ်ရောဂါ ဖြစ်နေကြောင်း ဆရာဝန်များက တွေ့ရှိ ခဲ့ပြီး သူ့ကို အသက်ရှင်ချိန် သုံးလေးနှစ် ပေးသည်။ ကင်ခမျာ သောကရောက်ပြီး ပထမဆုံးနှစ်
အတွက် ဘုရားသခင့်မျက်မှောက်၌ သူ့စိတ်ခံစားမှုများကို တင်ပြရင်း ငိုကြွေး ဆုတောင်း ခဲ့သည်။ ၂၀၁၅ တွင် သူ့ကို ကျွန်ုပ် ပြန်တွေ့ရသောအခါ ကင်က သူ့အခြေအနေများကို ဘုရားသခင်ထံ လုံးဝ အပ်နှံ လိုက်ပြီး လူအများထံကူးစက်စေသော ဝမ်းမြောက်ခြင်းနှင့် ငြိမ်သက်ခြင်းတို့ သူ့ထံမှဖြာထွက်သည်။ နေ့ရက်အချို့က ခက်ခဲနေဆဲဖြစ်ငြားလည်း သူ၏နှလုံးကြေမွမတတ် နာကျင် ခံစားရမှုကို မျှော်လင့်ခြင်း၊ ချီးမွမ်းခြင်းတို့ပြည့်လျှံနေသော လှပသည့်သက်သေခံချက်သို့ ဘုရားသခင်က ဆက်ပြီး ပြောင်းလဲပေးနေကြောင်း လူများကို သူခွန်အားပေးသည်။
ကြောက်မက်ဖွယ်အခြေအနေ၌ ကျရောက်နေ သည့်တိုင်…
မားမာက မှတ်ထားသည်
Madeline Harriet Orr Jackson Williams ၏နာမည်မှာ ရှည်လျားသည်၊ ထိုထက် သူ့အသက်က ပို၍ရှည်သည်။ သူသည် အသက် ၁၀၁ နှစ်ရှိပြီး ခင်ပွန်းသည် နှစ်ဦးထက်ပို၍ အသက်ရှည်သည်။ ခင်ပွန်းသည်နှစ်ဦးလုံးမှာ တရားဟောဆရာများ ဖြစ်သည်။ Madeline သည် ကျွန်တော်၏အဘွားဖြစ်ပြီး သူ့ကို Momma (မားမာ)ဟု ကျွန်တော်တို့ခေါ်ကြသည်။ သူ၏ဒုတိယခင်ပွန်းနှင့် အခြား တစ်နေရာသို့ မပြောင်းရွှေ့မီ အချိန်အထိ ကျွန်တော်တို့ မောင်နှမတစ်သိုက်သည် အဘွား အိမ်၌ အတူနေခဲ့ပြီး သူနှင့် ရင်းနှီးကျွမ်းဝင်ခဲ့သည်။ ထို့နောက်တွင် သူသည် ကျွန်တော် တို့နှင့် မိုင် ၅၀ ပင် မဝေးသည့်အရပ်၌ နေထိုင်ခဲ့သည်။ ကျွန်တော့်အဘွားသည် ဓမ္မသီချင်းများကိုသီဆိုသူ၊ နှုတ်ကပတ်တော် တရားဓမ္မများကို ရွတ်ဆိုသူ၊ စန္ဒယားတီးသူ၊ ဘုရားကို ကြောက်ရွံ့ သည့် အမျိုးသမီးတစ်ဦးဖြစ်သည်။ သူ၏ ယုံကြည်ခြင်းက…
ခက်ခဲသည့်အရပ်၌ ဝမ်းမြောက်ခြင်း
ကျွန်မမိတ်ဆွေသည် ဖုန်းမကိုင်အားသည့်အခါတိုင်း သူ၏ voicemail အသံဖမ်းစက်က ပြောစရာရှိသည်ကို ချန်ထားရန် ပြောသည်။ ပြီးနောက် “ယနေ့ကို နေ့ထူးနေ့မြတ် ဖြစ်စေပါ” ဟူ၍ ရွှင်လန်းစွာနှင့်အဆုံးသတ်သည်။ ထိုစကားစုလေးကို ပြန်လည် သုံးသပ်ရင်း အခြေအနေအချို့တွင် အမှန်ပင် စိတ်ပျက်ဖွယ်ဖြစ်သည့်အတွက် နေ့တိုင်းကို “နေ့ထူးနေ့မြတ်”ဖြစ်အောင် မိမိ၏ အစွမ်းအစဖြင့် မတတ်နိုင်ပါ။ အရာရာအဆင်ပြေသည်ဖြစ်စေ၊ မပြေသည် ဖြစ်စေ စေ့စေ့တွေးလျှင် ကျွန်မ၏နေ့ရက်၌ ရွေးနုတ်ခြင်းနှင့် လှပသည့်အရာတို့ကို ဖော်ပြနေမည်ပင်။
ဟဗက္ကုတ်သည် လွယ်ကူချောမွေ့သည့် အခြေအနေကို မမျှော်မှန်းထားပါ။ ဘုရားသခင်က ပရောဖက်ဖြစ်သူ သူ့အား ဘုရားလူများ အမှီပြုရသည့် ကောက်ပဲသီးနှံနှင့် သိုးနွား စီးပွားများ အနာဂတ်တွင် ဖြစ်ထွန်းအောင်မြင်မှု ရှိတော့မည် မဟုတ်ကြောင်းကို ဖော်ပြသည် (၃း၁၇)။ ရောက်ရှိလာမည့် ဒုက္ခကို ကြံ့ကြံ့ခံနိုင်ရန် အကောင်းမြင်တတ်သူ ဖြစ်ရုံနှင့် မရနိုင်ပါ။ လူတစ်စုအနေနှင့် ဣသရေလလူတို့ အလွန်ဆင်းရဲကြပ်တည်းရ…