အမျိုးအစား  |  odb

နေ့တစ်နေ့ မျှသာလော

စာရေးဆရာ ဝီလျံဒီးန် ဟိုဝဲလ်စ်၏ ‘‘နေ့တိုင်းခရစ်စမတ်’’ အမည်ရှိ စာအုပ်သည် နေ့တိုင်း ခရစ်စမတ်ဖြစ်လိုသည့် မိန်းကလေးတစ်ဦး၏ ဆန္ဒပြည့်စုံသွားခြင်း အကြောင်း ဇာတ်လမ်းဖြစ်သည်။ ထိုဇာတ်လမ်း၌ ရှည်လျားသော တစ်နှစ်လုံးတွင် လူတိုင်း သကြားလုံးကို မုန်းလာကြသည်။ ကြက်ဆင်များ ရှားပါးလာပြီး အဆမတန် ဈေးနှုန်းဖြင့် ရောင်းချလာကြသည်။ လက်ဆောင်များ တောင်ပုံယာပုံ ဖြစ်လာပြီး လက်ဆောင်ရရှိသည်ကို မည်သူမျှ ကျေးဇူးမတင် ကြတော့ပါ။ လူများတစ်ဦးအပေါ်တစ်ဦး စိတ်သဘောထား ဆိုးလာကြသည်။

ဟိုဝဲလ်စ်၏ ဇာတ်လမ်းမှာ သရော်ထားသောပုံပြင် တစ်ခုသာ ဖြစ်သောကြောင့် ကျေးဇူးတင်စရာပါ။ သခင်ဘုရား၏အကြောင်းကို သမ္မာကျမ်းစာ၌သာ ကျွန်ုပ်တို့ မြင်ရသော်လည်း ခရစ်စမတ်ပွဲတော်ကျင်းပရခြင်း၏ အဓိကအကြောင်းအရင်းသည် ကျွန်ုပ်တို့ကို မငြီးငွေ့စေခြင်း က မယုံနိုင်လောက်သော ကောင်းချီးမင်္ဂလာဖြစ်သည်။

သခင်ယေရှုသည် ခမည်းတော်ထံ တက်ကြွသွားပြီးနောက် ယေရုရှလင်မြို့ရှိ ဗိမာန်တော်၌ သခင်ယေရှုသည် မောရှေကြိုတင်ပြောကြားထားသောသူဖြစ်ကြောင်းကို ပရိတ်သတ်အပေါင်းတို့အား တမန်တော်ပေတရု ကြွေးကြော်ခဲ့သည်။…

ဆောင်းနှင်း

ဆောင်းရာသီ၌ ဆိတ်ငြိမ်စွာ နှင်းများကျဆင်းပြီး ကမ္ဘာကြီးကို လွှမ်းခြုံထားသော အံ့ဖွယ် လှပသည့် နှင်းများကို ကြည့်ရန် ကျွန်မ မကြာခဏ နံနက်စောစော နိုးထလေ့ရှိသည်။ နွေဦးချိန်ခါ ကျယ်လောင်စွာအချက်ပေးသည့် မိုးကြိုးမုန်တိုင်းများကဲ့သို့ မဟုတ်ဘဲ နှင်းများက ညင်သာစွာ ကျဆင်းလာသည်။

Audrey Assad သီဆိုသည့် “ဆောင်းနှင်းသီချင်း’’ တွင် သခင်ယေရှုသည် ဟာရီကိန်းမုန်တိုင်းကဲ့သို့ ဘုန်းတန်ခိုးနှင့် ကမ္ဘာမြေသို့ ကြွလာနိုင်သော်လည်း ထိုအစား ညအချိန် ပြတင်းပေါက်အပြင်ဘက်တွင် ညင်သာစွာ ကျဆင်းသည့် ဆောင်းနှင်းကဲ့သို့ တိတ်ဆိတ်စွာနှင့် ဖြည်းညင်းစွာ ကိုယ်တော် ကြွဆင်းခဲ့သည်။

သခင်ယေရှုကြွရောက်လာခြင်းက လူအများကို အံ့သြမှင်သက်စေသည်။ နန်းတော်တွင် မွေးဖွားရမည့်အစား ဖြစ်နိုင်ဖွယ်မရှိသော နေရာဖြစ်သည့် ဗက်လင်မြို့ပြင်ရှိ နိမ့်ကျသောနေရာ၌ မွေးဖွားခဲ့သည်။ အဆင်ပြေဆုံး တစ်ခုတည်းသော အိပ်ယာဖြစ်သည့် နွားစာခွက်ထဲ၌ ကိုယ်တော် အိပ်စက်ခဲ့သည် (လုကာ ၂း၇)။ တော်ဝင်မင်းမျိုးမင်းနွယ်များနှင့် အုပ်ချုပ်သူ…

စဉ်းစားဆင်ခြင်ပါ

လန်ဒန်မြို့ရှိ ကျမ်းစာကျောင်း၌ ဆရာကြီး အော့ဝဲချိန်းဘားစ် စာသင်ကြားစဉ်အခါက (၁၉၁၁-၁၉၁၅) စာသင်ခန်း၌ သူဟောပြောပို့ချသည့်အရာ (သင်ခန်းစာ)က ကျောင်းသားများကို ဇဝေဇ၀ါ ဖြစ်စေသည်။ ထမင်းစားချိန်ပြီးလျှင် ဆွေးနွေးခြင်းကို သီးသန့်ပြုလုပ်ကြရာ၊ မေးခွန်းများ၊ အယူအဆ မတူညီမှုများနှင့် ကန့်ကွက်မှု များကို ဆရာကြီး မကြာခဏ ရင်ဆိုင်ရကြောင်း၊ ‘‘အခုထားလိုက်ပါ။ နောက်ပိုင်း နားလည်လာလိမ့်မယ်’’ ဟု ဆရာကြီးအော့ဝဲက အပြုံးဖြင့် ပြန်ပြောလေ့ရှိကြောင်း အမျိုးသမီးငယ်တစ်ဦးက ပြောပြသည်။ ပြဿနာအကြောင်းအရာကို စဉ်းစား ဆင်ခြင်ရန်နှင့် သမ္မာတရားကို ဘုရားသခင်အား ဖော်ပြခွင့် ပေးရန် ဆရာကြီးက သူတို့ကို အားပေးလေ့ရှိသည်။

တစ်စုံတစ်ရာကို စဉ်းစားဆင်ခြင်ခြင်းဆိုသည်မှာ ထိုအရာကို အာရုံစိုက်၍ သေသေချာချာ တွေးတော ဆင်ခြင်ခြင်းဖြစ်သည်။ ဗက်လင်မြို့၌ သခင်ယေရှုမွေးဖွားပြီးနောက် တစ်ဆက်တည်း မှာပင် ကောင်းကင်တမန်များ ထင်ရှားခြင်း၊ မေရှိယအား ဖူးမြော်ရန် သိုးထိန်းများ ရောက်လာခြင်း စသည့်…

ကြွယ်ဝခြင်းဖြစ်စေ၊ ဒုက္ခဆင်းရဲခံရခြင်းဖြစ်စေ

Ann Voskamp ၏ One Thousand Gifts အမည်ရှိ စာအုပ်၌ စာဖတ်သူတို့အား မိမိတို့၏ နေ့စဉ်အသက်တာ၌ ဘုရားသခင် သူတို့အတွက် ပြုသောအမှုများကို ရှာဖွေရန် အားပေးထားသည်။ ၎င်းစာအုပ်၌ ပန်းကန်ဆေးစဉ် တွေ့ရသည့် သက်တန့်ရောင် ပြေးနေသည့် ပူဖောင်းလေး၏ အလှမှစ၍ အပြစ်သားများဖြစ်သည့် သူမအပါအဝင် ကျွန်ုပ်တို့အားလုံးအတွက် နှိုင်းယှဉ်၍မရနိုင်သော ကယ်တင်ခြင်းအထိ ဘုရားသခင်၏ ကြွယ်ဝသောရက်ရောမှု ကောင်းချီးလက်ဆောင် အကြီးအငယ်ကို နေ့စဉ်မှတ်စု ရေးခဲ့ သည်။ ကျေးဇူးသိတတ်ခြင်းသည် ဘဝအသက်တာ၏ ဒုက္ခ အရောက်ဆုံး အချိန်၌ပင် ဘုရားသခင်ကို တွေ့မြင်စေသော အဓိကသော့ချက် ဖြစ်သည်ဟု Ann က ဖော်ပြထားသည်။

ဒုက္ခနှင့် ရင်ဆိုင်သည့် ဘဝအသက်တာဟုဆိုလျှင် ယောဘ၏ဘ၀ကထင်ရှားလှသည်။ စင်စစ် သူ၏ဆုံးရှုံးမှုက ကြီးမားများပြားလှသည်။ သူ၏သိုးနွားများအားလုံး ဆုံးရှုံးပြီး မကြာမီမှာပင် သားသမီး ဆယ်ယောက်စလုံး ရှေ့ဆင့်…

မျှော်လင့်ခြင်းသည် ကျွန်ုပ်တို့၏ဗျူဟာ

ကျွန်ုပ် အနှစ်သက်ဆုံး ဘောလုံးအသင်းသည် ကစားပွဲရှစ်ပွဲကို ဆက်တိုက် ရှုံးနိမ့်ခဲ့သည်။ ဤကစားပွဲရာသီအတွင်း သူတို့အနိုင်ရရေး မျှော်လင့်ရန်ခက်လှသည်။ နည်းပြက အပြောင်းအလဲများကို အပတ်စဉ်ပြုလုပ်သော်လည်း ရလဒ်က အောင်မြင်မှု မရရှိခဲ့ပေ။ ကျွန်ုပ်၏လုပ်ဖော်ကိုင်ဖက်နှင့် စကားပြောရင်း ခြားနားသောရလဒ် အနိုင်လိုချင်ယုံနှင့် အနိုင်ရရန် အာမမခံနိုင်ကြောင်း၊ ‘‘မျှော်လင့်တာက ဗျူဟာ မဟုတ်ဘူး’’ ဟု ကျွန်ုပ်ဟာသနှော၍ ပြက်လုံးထုတ်ခဲ့သည်။

ဘောလုံးလောကအတွက် ဤအချက်က မှန်ပါသည်။ သို့ရာတွင် ကျွန်ုပ်တို့၏ ဝိညာဉ်ရေးရာအသက်တာ၌ ၎င်းသည် ဆန့်ကျင်ဘက်ဖြစ်သည်။ ဘုရားသခင်၌ မျှော်လင့်ခြင်းသည် ဗျူဟာတစ်ခု ဖြစ်ရုံမျှမက ကိုယ်တော်ကို ယုံကြည်၍ ကိုးစားခြင်းက တစ်ခုတည်းသောဗျူဟာ ဖြစ်သည်။ ဤလောကက ကျွန်ုပ်တို့ကို စိတ်ပျက်စေသော်လည်း မျှော်လင့်ခြင်းက ခက်ခဲချိန်များတွင် ဘုရားသခင်၏ သမ္မာတရားနှင့် တန်ခိုးကို စိတ်ချစေသည်။

ဤအမှန်တရားကို မိက္ခာ သဘောပေါက်နားလည်သည်။ ဣသရေလလူတို့ ဘုရားသခင်ကို စွန့်ခွာသဖြင့် သူဝမ်းနည်းရသည်။…

ခေါင်းဆောင်နောက်လိုက်လျှောက်ခြင်း

ကျွန်မတို့၏အိမ်အထက်ကောင်းကင်မှ ဂျက်လေယာဉ်သုံးစင်း ဖြတ်သွားရာ တစ်စင်းနှင့် တစ်စင်း နီးကပ်လွန်းလှ၍ လေယာဉ်တစ်စင်းတည်း ရှိနေသည့်အလား မြင်ရသည်။ ကျွန်မ၏ခင်ပွန်းက ‘‘အရမ်းမိုက်တာပဲ’’ ဟုဆိုသည်။ ကျွန်မတို့သည် လေတပ်စခန်းအနီးတွင် နေထိုင်၍ ဤသို့သောမြင်ကွင်းမျိုးက မထူးဆန်းပါ။

သို့သော် ဂျက်လေယာဉ်များ ကောင်းကင်ယံထက် ပျံသွားတိုင်း ဟန်ချက်မပျက်ဘဲ နီးနီးကပ်ကပ်နှင့် ဘယ်လိုများ ပျံနိုင်တာလဲ ဟူသည့် မေးခွန်းတစ်ခုတည်း ကိုပင် ကျွန်မ မေးနေတတ်သည်။ ကျွန်မသိရသည့် အကြောင်းရင်း အဖြေတစ်ခုမှာ နှိမ့်ချခြင်းပင်ဖြစ်သည်။ ခေါင်းဆောင် လေယာဉ်မှူးက တိကျမှန်ကန်သည့် အရှိန် အဟုန်နှင့် ကွေ့ဝိုက် မောင်းနှင်နေကြောင်း ယုံကြည်လျက် ခြံရံထားသည့် လေယာဉ်မှူးများက သူတို့၏ဦးတည်ရာ ပြောင်းလိုသည့် ဆန္ဒ (သို့) ခေါင်းဆောင်ရွေးချယ် ထားသည့် လမ်းကြောင်းအပေါ် မေးခွန်းထုတ်လိုသည့် ဆန္ဒများကို ၀ကွက်အပ်နှံ ချိုးနှိမ်ထားသည်။ ရလဒ်ကား အဘယ်နည်း။ ပို၍အစွမ်းထက်သော အသင်း ဖြစ်လာခြင်းပင်…

ခရစ်စမတ်ပေးစာ

ခရစ်စမတ်ရောက်တိုင်း ကျွန်မ၏မိတ်ဆွေတစ်ဦးသည် တစ်နှစ်တာလုံး၏ အဖြစ်အပျက် များကို ပြန်ပြောင်းဆန်းစစ်ချက်နှင့် အနာဂတ်နှင့်ပတ်သက်သော စိတ်ကူးအိပ်မက် အကြောင်းပါဝင်သည့် စာရှည်ကြီးတစ်စောင်ကို သူ့ဇနီးထံ ရေးလေ့ရှိသည်။ သူက ဇနီးသည်အား မည်ရွေ့မည်မျှချစ်ကြောင်း၊ အဘယ်ကြောင့်ချစ်ရကြောင်း အမြဲ ပြောလေ့ ရှိသည်။ သူ့သမီးအယောက်စီထံသို့လည်း စာရေးပေးသည်။ သူ၏ချစ်မေတ္တာစကားများက မေ့မရနိုင်သော ခရစ်စမတ် လက်ဆောင်ဖြစ်သည်။

လူဇာတိအဖြစ်ကိုခံယူသော နှုတ်ကပတ်တော် - ယေရှုသည် ခရစ်စမတ်၏မူလမေတ္တာပေးစာဖြစ်သည်ဟု ဆိုနိုင်သည်။ ဤသမ္မာတရားကို ယောဟန်မှ မီးမောင်းထိုး ပြခဲ့သည်။ ‘‘အစအဦး၌ နှုတ်ကပတ်တော် ရှိတော်မူ၏။ နှုတ်ကပတ်တော်သည် ဘုရားသခင်နှင့်အတူရှိ၏။ နှုတ်ကပတ်တော်သည်လည်း ဘုရားသခင်ဖြစ်တော်မူ၏’’ (ယော ၁း၁)။ ရှေးခေတ် အတွေးအခေါ်ဒဿန၌ ဂရိစကား နှုတ်ကပတ်တော် logos ဆိုသည်မှာ အမှန်တရားများကို ပေါင်းစည်းထားသည့် ဘုရားသခင်၏စိတ်နှလုံးတော် (သို့) အစီအစဉ်ဟု အဆိုပြုသည်။ သို့သော် ရှင်ယောဟန်က နှုတ်ကပတ်တော်ကို ‘‘အစအဦး၌…

ကြီးမြတ်သောနိုးထမှု

မိသားစုများ၊ မိတ်ဆွေများနှင့် တွေ့ဆုံစုဝေးသည့် မိသားစုတွေ့ဆုံပွဲ အမှတ်တရများကို ကျွန်တော်တန်ဖိုးထားမြတ်နိုးလှသည်။ ထိုစဉ်က သားများငယ်သေးသည်။ လူကြီး များက ညဥ့်နက်တိုင်အောင် စကားဖောင်ဖွဲ့ကြပြီး ကလေးများမှာ အားကုန်ဆော့ကစား ကြခြင်းကြောင့် နွမ်းနယ်ကာ ခုံရှည်များပေါ်တွင် ကွေးပြီးအိမ်ပျော်နေကြသည်။

အိမ်ပြန်ရမည့်အချိန်ရောက်သော် သားများကို ပွေ့ချီကာ ကားနောက်ခန်းတွင် လဲလျောင်းနေရာချပြီး အိမ်သို့ ပြန်ခေါ်သွားရသည်။ အိမ်ပြန်ရောက်သော် သူတို့ကို တစ်ဖန်ပြန်ပွေ့ချီ၊ အိပ်ယာထဲ၌သိပ်၊ နှုတ်ဆက် အနမ်းပေးပြီး မီးမှိတ်ပေးသည်။ မနက်မိုးလင်းပြီး သူတို့ အိပ်ယာနိုးချိန်တွင် အိမ်သို့ပြန်ရောက်နေပြီဖြစ်သည်။

ကျွန်ုပ်တို့ ‘‘ယေရှုခရစ်၌ အိပ်ပျော်သည့်’’ အချိန် သည်လည်း ယခုကဲ့သို့ပင်ဖြစ်မည်ဟု ဤအမှုက ကျွန်တော့်အတွက် ဥပမာတင်စားချက် ဖြစ်လာသည် (၁ သက် ၄း၁၄)။ ကျွန်တော်တို့အိပ်ပျော်သွားပြီး ထာဝရအိမ်တော်တွင် နိုးထလာကြသည်။ ပူပင်သောကဖြင့် ဝမ်းနည်းရသည့်နေ့ရက်များကို ဖြေဖျောက်ပေးမည့် အိမ်ဖြစ်သည်။

တစ်နေ့က ဓမ္မဟောင်းကျမ်းကိုဖတ်ရာ ‘‘ထိုသို့ ထာဝရဘုရား…

အရှက်တကွဲ အကျိုးနည်းခြင်းမှ ဂုဏ်ကျက်သရေသို့

မိသားစုများစုရုံးပြီး ရာသီပွဲတော်ကို အတူတကွကျင်းပရန် အချိန်ကျရောက်လာပြန်ပြီ ဖြစ်သည်။ သို့သော် ယခုထိတိုင် တစ်ကိုယ်တည်းဖြစ်နေသူ၊ သားသမီးမရရှိသူများ အဖို့ မိသားစုဟုဆိုလိုက်လျှင် သူတို့၌ တစ်စုံတစ်ရာမှားယွင်းနေသကဲ့သို့ ခံစားရလျက် စိတ်မကောင်းဖြစ်ရသည်။ သူတို့နှင့်တွေ့ဆုံရမည့်အရေးကို အချို့က စိတ်ပူကြသည်။

အိမ်ထောင်ကျပြီးခဲ့သည်မှာ နှစ်များစွာကြာမြင့်ပြီ ဖြစ်သော်လည်း သားသမီးမရသေးသည့် ဧလိရှဗက်၏ ဝမ်းနည်းဖွယ်အဖြစ်ကို မြင်ယောင်ကြည့်ပါ။ သူ၏ ခေတ်ယဉ်ကျေးမှုတွင် သားသမီးမထွန်းကားခြင်းသည် ဘုရားသခင်ထံမှ မျက်နှာသာမရသည့်လက္ခဏာဟု သတ်မှတ်ပြီး ရှက်ဖွယ်ရာဟု ယူဆကြသည် (၁ ရာ ၁း၅-၆ ကို ကြည့်ပါ)။ သို့ဖြစ်၍ ဧလိရှဗက်က ဖြောင့်မတ်စွာ အသက်ရှင် နေထိုင်သည့်တိုင် (လုကာ ၁း၆) သူ့အိမ်နီးချင်းများနှင့် ဆွေမျိုးများက သူ့အပေါ် မယုံသင်္ကာ ဖြစ်ကောင်းဖြစ်ကြမည်။

မည်သို့ပင်ဖြစ်စေ ဧလိရှဗက်နှင့် သူ့ခင်ပွန်းတို့က ဘုရားသခင်ကို သစ္စာရှိစွာဖြင့် ဆက်လက်အစေခံကြသည်။ သူတို့နှစ်ဦးစလုံး အသက် အတော်လေးရလာမှ အံ့သြဖွယ်အဖြစ်က…

မှန်များနှင့် ကြားနာသူများ

ယူဂန်ဒါနိုင်ငံ၊ ကမ်ပလာမြို့ရှိ ဟိုတယ်မှ အလုပ်ရုံဆွေးနွေးပွဲသို့သွားရန် ကျွန်ုပ်ထွက်လာ သောအခါ လာကြိုသည့် မိတ်ဆွေက ကျွန်ုပ်ကိုကြည့်ပြီး သဘောကျစွာ ရယ်နေသဖြင့် ‘‘ဘာရယ်တာလဲ’’ဟု ကျွန်တော်မေးလိုက်သည်။ သူက ရယ်ရင်းမှ ‘‘ရှင်ခေါင်းမဖြီးခဲ့ ဘူးလား’’ဟု မေးလိုက်သည်။ ယခုတော့ ကျွန်တော်ရယ်ရမည့် အလှည့်ပင်။ ခေါင်းဖြီးရန် ကျွန်တော် တကယ်မေ့သွားသည်။ ကျွန်တော် ကိုယ့်ကိုယ်ကိုမှန်တွင်ကြည့်ခဲ့သည်။ သို့သော် ကျွန်တော်မြင်သည့်အရာကို အဘယ်ကြောင့် အမှတ်တမဲ့ ဖြစ်သွားရသနည်း။

ရှင်ယာကုပ်သည်လည်း အလားတူ လက်တွေ့ ကျသည့် အချက်ကို အခြေခံပြီး သမ္မာကျမ်းစာ လေ့လာမှုကို ပိုပြီးအကျိုးဖြစ်ထွန်းစေရေး အသုံးဝင်သောရှုထောင့်ကို ပြခဲ့သည်။ ဆံပင်ဖြီးရမလား၊ မျက်နှာသစ်ရမလား၊ ကြယ်သီး တပ်တာမှန်ရဲ့လား စသည်ဖြင့် မိမိ၏လိုအပ်ချက်ကို ပြုပြင်နိုင်ရန် ကျွန်တော်တို့ မှန်ကြည့်ကြသည်။ မှန်ချပ်ပမာ သမ္မာကျမ်းစာသည်လည်း ကျွန်ုပ်တို့၏အကျင့်စရိုက်၊ စိတ်သဘောထား၊ အတွေးအခေါ်၊ အမူအကျင့်တို့ကို စစ်ဆေးရန် ကူညီပေးသည် (ယာ…