ရေစီးသန်သောခရီးကြမ်းကို ဖြတ်သန်းခြင်း
ဖောင်လမ်းပြသူက ကျွန်ုပ်တို့ အဖွဲ့ကို မြစ်အနားသို့ လိုက်ပို့ပြီး အသက်ကယ်အင်္ကျီများကို ဝတ်ဆင်ထားရန်နှင့် လှော်တက်များကို သေချာဆုတ်ကိုင်ထားရန် ညွှန်ကြားသည်။ ကျွန်ုပ်တို့ လှေထဲသို့ ဝင်သောအခါ လှေ၏အလေးချိန်ကို ထိန်းညှိရန်နှင့် ရေစီးသန်သော နေရာများတွင် တည်ငြိမ်မှုရှိအောင် ထိုင်ရမည့်နေရာများကို သတ်မှတ်ပေးသည်။ ရေကြောင်း ခရီးရှည်တွင် ကြုံတွေ့ရမည့် ရင်ဖိုစရာများကို ဦးစားပေး ဖော်ပြပြီးနောက် ရေစီးကြမ်းသည့်ရေကြောကို ဖြတ်သန်းရာတွင် ထိရောက်စွာ ပဲ့ထိန်းနိုင်ရေး ကျွန်ုပ်တို့ လိုက်နာရန်လိုအပ်သော၊ ကြားသိရန်လိုအပ်သော ညွှန်ကြားချက်များကို အသေးစိတ်ပြောပြသည်။ လမ်းခရီး၌ ပြင်းထန်ကြမ်းတမ်းသော အခိုက်အတန့်များရှိမည် ဖြစ်သော် လည်း ကျွန်ုပ်တို့၏လှေလမ်းခရီးက စိတ်လှုပ်ရှားစရာ ကောင်းပြီး ဘေးအန္တရာယ်ကင်းမည်ဟု သူက အာမခံသည်။
တစ်ခါတစ်ရံတွင် ဘဝအသက်တာက ရေစီးသန် သည့်မြစ်၌ ဖောင်စီးသကဲ့သို့ ကျွန်ုပ်တို့ သဘောကျသည်ထက် ပို၍ပြင်းထန်သော အခြေအနေများကို ရင်ဆိုင်ခံစားရသည်။ ပရောဖက်ဟေရှာယမှတစ်ဆင့် ဣသရေလလူ တို့အား ဘုရားသခင်ပေးသည့်ကတိစကားက…
အချိန်လက်ဆောင်
ကျွန်တော်စာတိုက်သို့ အရေးတကြီးထွက်လာခဲ့သည်။ လုပ်ဆောင်ရမည့်အရာက အမြောက်အမြားရှိနေပြီး စာတိုက်ထဲသို့ ဝင်လိုက်သောအခါ အဝင်တံခါးဝနားတိုင်အောင် တန်းစီနေသော လူအုပ်ကြီးကို မြင်လိုက်ရသဖြင့် စိတ်ညစ်သွားသည်။ ‘‘အရေးကြီး ပါတယ်ဆိုမှ စောင့်နေရတယ်’’ ဟု နာရီကို ကြည့်ပြီး ရေရွတ်မိသည်။
အသက်ကြီးကြီး လူစိမ်းတစ်ဦးက ကျွန်တော့်အနား ချဉ်းကပ်လာချိန်၌ ကျွန်တော်က တံခါးလက်ကိုင်ကို ကိုင်ထားဆဲ ဖြစ်သည်။ ‘‘ဒီမိတ္တူကူးစက်ကို ကျွန်တော် သုံးတာ အဆင်မပြေဘူး’’။ ‘‘ငွေကတော့ ၀င်သွားပြီ၊ ကျွန်တော်က ဘာကို ဘယ်လိုလုပ်ရမှန်းလဲမသိဘူး’’ ဟု ကျွန်တော်တို့အနောက်ရှိ မိတ္တူကူးစက်ကို ညွှန်ပြလျက် ပြောသည်။ ကျွန်တော့်အား ဘုရားသခင် ဘာလုပ်စေချင် သည်ကို ကျွန်တော်ချက်ချင်း သိလိုက်သည်။ တန်းစီရာမှ ထွက်လိုက်ပြီး ဆယ်မိနစ်အတွင်း ပြဿနာကို ဖြေရှင်းပေး နိုင်ခဲ့သည်။
ထိုလူကြီးမှာ ကျွန်တော့်ကို ကျေးဇူးတင်ပြီး ထွက်ခွာသွားသည်။ ပြန်လည် တန်းစီရန် ကျွန်တော်ကြည့်လိုက်ရာ လူအားလုံးရှင်းသွားပြီဖြစ်၍…
ကောင်းကင်ဘုံမှ အကူအညီ
အသက်အန္တရာယ်ကျရောက်ကြောင်း သင်္ကေတ ‘‘SOS’’ မော့စ်ကုတ် ကို ၁၉၀၅ ခုနှစ်တွင် တီထွင်ခဲ့သည်။ အကြောင်းမှာ အလွန်အမင်းဘေးအန္တရာယ်ကျရောက် နေကြောင်းကို ဖော်ပြရန် သင်္ဘောသားများအတွက် လိုအပ်သောကြောင့် ဖြစ်သည်။ ၁၉၁၀ ခုနှစ်တွင် ရေနွေးငွေ့သင်္ဘော ကင်တာကီ နှစ်မြှုပ်ခဲ့စဉ်က ၄၆ ယောက်သော သင်္ဘောသားအားလုံးကို ကယ်ဆယ်နိုင်ခဲ့ချိန်မှစ၍ ထိုသင်္ကေတသည် နာမည်ကြီး လူသိများလာခဲ့သည်။
SOS သင်္ကေတ တီထွင်ပေါ်ပေါက်ခဲ့သည်မှာ အတော် ကြာခဲ့ပြီဖြစ်သော်လည်း အကူအညီအတွက် အရေးတကြီးအော်ဟစ်ခေါ်သံက လူသားတို့အတွက် ယခင်ကတည်းကပင် ရှိခဲ့သည်။ ၎င်းကို ဓမ္မဟောင်းကျမ်းရှိ ဣသရေလ လူမျိုးချင်းတို့၏ဆန့်ကျင်မှု (ယောရှု ၉း၁၈)၊ သူတို့ကို ဘုရားသခင် ကတိပေးထားသည့် မြေကို အခြေချနိုင်ရန် ၁၄ နှစ်ကျော်မျှ အခက်အခဲနှင့် စိန်ခေါ်မှု (၃း၁၅-၁၇)၊ စသည်တို့ကို ရင်ဆိုင်ခဲ့ရသည့် ယောရှု၏ အဖြစ်အပျက်တွင် တွေ့ရသည်။ ထိုအခက်အခဲအတွင်း ‘‘ဘုရားသခင်သည်…
ပြုံးရွှင်နေသောထိုလူ
ကုန်စုံဆိုင်တွင် ဈေးဝယ်ရခြင်းက ကျွန်ုပ်နှစ်သက်သည့်အလုပ်တစ်ခုတော့ မဟုတ်ပါ။ ၎င်းသည် ဘဝ၏သာမန်လုပ်ရိုးလုပ်စဉ် အလုပ်တစ်ခုသာဖြစ်သည်။
သို့သော် မမျှော်လင့်ဘဲ ကျွန်ုပ်ကို ဆွဲဆောင်သော အရာတစ်ခုရှိသည်။ ငွေရှင်းပြီးလျှင် ဆိုင်ဝန်ထမ်းလေး ဖရက် ရှိသည့်ကောင်တာမှ ထွက်ခွာခြင်းဖြစ်သည်။ ဖရက်သည် သူ့ကောင်တာလေး၌ ရှိုးပွဲလေးတစ်ခု ဖန်တီးသူ ဖြစ်သည်။ သူသည် သွက်လက်တက်ကြွစွာဖြင့် အမြဲတမ်း အပြုံးပန်းဆောင်သူဖြစ်သည်။ တစ်ခါတစ်ရံ လျင်မြန်ဖျတ်လတ်စွာဖြင့် မကျိုးမပဲ့နိုင်သည့်ပစ္စည်းများကို ပလက်စတစ်အိတ်ထဲထည့်ပေးရင်း ကလျက် သီချင်းပင် ဆိုလိုက်သေးသည်။ ငြီးငွေ့ဖွယ်ထင်ရသော ဈေးဝယ်သည့် အလုပ်ကို ဖရက်က ပျော်ရွှင်စွာ လုပ်ဆောင်သည်။ သူ၏ ပျော်ရွှင်တက်ကြွသောစိတ်ထားက သူ့ကို တွေ့မြင်သူများ ဆီသို့ပါ ကူးစက်သည်။
ဖရက်၏အလုပ်လုပ်ပုံကို ကျွန်ုပ်လေးစား နှစ်သက်မိ သည်။ သူ၏ရွှင်လန်းတက်ကြွသော သဘောထား၊ ၀န်ဆောင်မှု ပေးလိုသောစေတနာနှင့် အသေးအဖွဲကိုပင် ဂရုစိုက်တတ်ပုံသည် မည်ကဲ့သို့ အလုပ်လုပ်ရမည်ကို တမန်တော်ရှင်ပေါလု၏ ဖော်ပြချက်နှင့် ကိုက်ညီနေသည်။…
မျှော်လင့်လျက် မြည်တမ်းခြင်း
ဗဟားမားစ်နိုင်ငံ၊ နာဆာဒေသရှိ Clifton Heritage အမျိုးသားဥယျာဉ်သို့ သွားရောက် လည်ပတ်ခြင်းသည် သမိုင်း၏ ဝမ်းနည်းဖွယ်ခေတ်တစ်ခုသို့ ပြန်ရောက် သွားခြင်းဖြစ်သည်။ ရေနှင့်ထိစပ်နေသည့် ကုန်းမြင့်၌ မြင့်မားသောကျောက်ဆောင် များဆီသို့ ဦးတည်သွားသည့် ကျောက်လှေကားထစ်ရှိသည်။ ၁၈ ရာစုနှစ်က ဗဟားမားစ် ကျွန်းနိုင်ငံသို့ ခေါ်ဆောင်လာခြင်းခံရသည့် ကျွန်များသည် ထိုလှေကားထစ်၌ ခြေချခဲ့ကြပေလိမ့်မည်။ ၎င်းတို့၏ မိသားစု များကို စွန့်ခွာလျက် လူမဆန်စွာ ဆက်ဆံခံရသည့်ဘဝသို့ ရောက်ရှိခဲ့ကြသည်။ ကျောက်ဆောင်ထိပ်၌ ကျွန်များအတွက် အောက်မေ့ဖွယ်အမှတ်တရ အမျိုးသမီးရုပ်ထုများ ရှိသည်။ ၎င်းတို့ကို သစ်ကတိုးသားဖြင့် ထုလုပ်ထားပြီး ၎င်းတို့ ဆုံးရှုံး ခဲ့ရသည့် ဇာတိမြေနှင့် မိသားစုရှိရာအရပ်သို့ မှန်းဆကာ ပင်လယ်ထဲ လှမ်းမျှော်ကြည့်နေပုံ ဖြစ်သည်။ ရုပ်ထု အသီးသီး၌ ကျွန်အမှတ်သညာအဖြစ် ကြာပွတ်ဒဏ်ရာများ ပါရှိသည်။
ဆုံးရှုံးသွားသည့်အရာအတွက် စိတ်မသာမြည်တမ်း နေသည့် အမျိုးသမီးရုပ်ထုများက လောကကမ္ဘာ၏ယိုယွင်းသောစနစ်နှင့် မတရားမှု…
ဖခင်ကောင်း
ကျွန်မသား ဇေဗီယာ ငယ်စဉ်က ကျွန်မ၏ခင်ပွန်းသည် အလုပ်ကိစ္စဖြင့် မကြာခဏ ခရီးထွက်ရသည်။ ဖခင်က ဖုန်းမကြာခဏ ဆက်သော်လည်း ဇေဗီယာ အတွက် စိတ်သက်သာရာ မရခဲ့သလို ဇေဗီယာ မှာ ခက်ခဲ့သည့်ညများကို ဖြတ်သန်းခဲ့ရသည်။ ထို့ကြောင့် ညအိပ်ရာဝင်ခါနီး ဖခင်ကို လိုအပ်သည်ဟု သူခံစားရချိန်တွင် ဓာတ်ပုံအယ်လ်ဘမ်ကို ထုတ်ပြပြီး သူ့ကို နှစ်သိမ့်ပေးခဲ့သည်။ သူ့အဖေနှင့် အတူရိုက်ထားသည့်ဓာတ်ပုံများကို ထောက်ပြပြီး ‘‘သားဒီအချိန်တွေကို မှတ်မိသေးလား’’ ဟု မေးခဲ့သည်။
ဤအမှတ်တရများကို တစ်ခုပြီးတစ်ခုကြည့်ပြီးနောက် သားလေးအတွက် ခွန်အားဖြစ်စေပြီး ‘‘သားမှာ ဖခင်ကောင်း တစ်ယောက်ရှိတယ်’’ ဆိုသည့်စကားကို သားက မကြာခဏ ပြောလေ့ရှိသည်။
သားလေး သူ့အဖေကို မတွေ့ရသည့်အချိန်များတွင် သူအဖေ သူ့ကိုချစ်ကြောင်း သတိပေးရန် ကျွန်မသဘောပေါက်ခဲ့သည်။ ကျွန်မလည်း ဘ၀ခက်ခဲပြီး အထီးကျန်သည့်အချိန်တိုင်းတွင် ကျွန်မသည် အချစ်ခံရပါကြောင်း၊ အထူးသဖြင့် အဘဘုရားသခင် ချစ်ကြောင်း…
ချစ်ရန် ဆက်ကပ်ခဲ့ပြီ
ယေရှုခရစ်တော်၏ နောက်တော်လိုက်အဖြစ် ပြောင်းလဲလာသူ Nabeel Qureshi သည် သူယခင်က ယုံကြည်သက်ဝင်ခဲ့သည့် ဘာသာဟောင်းမှ လူများအကြောင်းကို စာဖတ်သူတို့ သိနားလည်အောင် စာအုပ်ရေးသားထုတ်ဝေခဲ့သည်။ သူ့အရေးအသား၌ လေးစားမှုအပြည့်ပါဝင်ပြီး သူ့လူမျိုးကို ချစ်သည့်စိတ်ကိုလည်း ဖော်ပြသည်။
Qureshi ရေးသည့် စာအုပ်များအနက် တစ်အုပ်မှာ သခင်ယေရှုကို မယုံကြည်သေးသည့် သူ့အစ်မအတွက် ရည်ရွယ်ပြီး သူရေးခဲ့ခြင်းဖြစ်သည်။ သူ၏ဆက်ကပ် ဆုတောင်းချက်က တိုတောင်းသော်လည်း တန်ခိုးကြီး လှသည်။ ‘‘ကျွန်တော်တို့ မောင်နှမနှစ်ယောက် ကိုယ်တော့်အား အတူတကွ ဝတ်ပြုကိုးကွယ်နိုင်မည့်နေ့ကို ပေးရန် ဘုရားသခင်ထံ ဆုတောင်းပါ၏’’ ဟု သူရေးသား ခဲ့သည်။
ရောမမြို့သို့ ရှင်ပေါလုရေးသားပေးပို့သောစာ ၌လည်း အထက်ပါ မေတ္တာသဘောမျိုးကို တွေ့ရသည်။ ‘‘ငါသည် အလွန်ဝမ်းနည်းခြင်းရှိ၏။ စိတ်နှလုံးထဲ၌ မခြားမလပ် ပူပန်ခြင်းဝေဒနာရှိ၏။ အကြောင်းမူကား ဇာတိအားဖြင့် ငါ့အမျိုးသားချင်း ဖြစ်သော ငါ့ညီအစ်ကိုတို့အတွက် ငါသည်…
တစ်ပူပေါ် တစ်ပူဆင့်
၁၉၉၇ ခုနှစ်၊ အာရှဒေသ၌ ငွေရေးကြေးရေး ကပ်ဆိုက်သည့်ကာလအတွင်း လူတို့သည် ၎င်းတို့၌ အလုပ်အကိုင်ရှိသော်လည်း အခြားအလုပ်ကို ရှာဖွေကြသည်။ ကျွန်မလည်း တစ်ဦးအပါအဝင်ဖြစ်သည်။ ကိုးလကြာမျှပူပန်ခဲ့ရပြီးနောက် ကြော်ငြာစာရေးသားသူ အဖြစ်အလုပ်ရခဲ့သည်။ သို့သော် ထိုကုမ္ပဏီလည်း အရှုံးပေါ်သဖြင့် ကျွန်မလည်း အလုပ်လက်မဲ့ ဖြစ်ရပြန်သည်။
အဆိုးဆုံးအခြေအနေများ ကျော်လွန်ပြီဟုထင်ကာမှ ရုတ်တရက် အဆိုးသံသရာ မပြီးပြတ်သေးပါ။ ၃ ရာ ၁၇း၁၂ တွင် ဖော်ပြထားသည့် ဇရတ္တမြို့မှ မုဆိုးမက သူ့အဖြစ်ကို ပြောပြနိုင်ပါသည်။ ငတ်မွတ်ခေါင်းပါးဘေး ကျရောက်စဉ် သူသည် သူတို့သားအမိစားမည့် နောက်ဆုံးသောအစာကို ပြင်ဆင်နေချိန်တွင် ပရောဖက်ဧလိယက မုန့်တစ်ဖဲ့တောင်းစား ခဲ့သည်။ တွန့်ဆုတ်မှုဖြင့် ကျွေးမွေးခဲ့သော်လည်း ဘုရား သခင်က မုန့်နှင့်ဆီကို အဆက်မပြတ် ပြန်လည်ထောက်ပံ့ ပေးခဲ့သည် (း၁၀-၁၆)။
ထို့နောက် သူ၏သား နာမကျန်းဖြစ်ပြီး နောက်ဆုံး သေဆုံးသွားသည်။ မုဆိုးမက ‘‘အိုဘုရားသခင်၏လူ၊…
ပေးကမ်းမျှဝေခြင်းပီတိ
စိတ်ပျက်ဖွယ်ထိုင်းမှိုင်းသည့် ရက်သတ္တပတ်တစ်ပတ် ဖြစ်သည်။ ဘာကြောင့်မှန်းမသိ တကယ့်ကို ပင်ပန်းနွမ်းနယ်ပြီး လုပ်ချင်ကိုင်ချင်စိတ် မရှိအောင်ဖြစ်ခဲ့သည်။
ထိုရက်သတ္တပတ်၏ နောက်ဆုံးရက်တွင် ကျွန်တော့်အဒေါ်တစ်ယောက် ကျောက်ကပ်ဝေဒနာ ခံစားနေရကြောင်းသတင်းရခဲ့သည်။ သူ့ထံသွားပြီး သတင်းမေး သင့်မှန်းသိသော်လည်း အမှန်အတိုင်း ဝန်ခံရလျှင် အဒေါ့်ထံ သွားမည့်ရက်ကို ရွှေ့ဆိုင်းရန် စဉ်းစားခဲ့သေးသည်။ သို့သော် နောက်ဆုံး အဒေါ့်ထံရောက်ခဲ့ပြီး သူနှင့်အတူ ညစာစား၊ စကားဖောင်ဖွဲ့လျက် အတူဆုတောင်းခဲ့သည်။ တစ်နာရီခန့်မျှ အဒေါ်နှင့်အချိန်ယူခဲ့ပြီး အဒေါ့်အိမ်မှ ပြန်လာ ချိန်တွင် တစ်ပတ်တာအတွင်း ပထမဆုံးအကြိမ် ကျေနပ် ပျော်ရွှင်သည့်ခံစားချက် မျိုးကို ခံစားရသည်။ မိမိအရေးထက် တစ်စုံတစ်ယောက်အပေါ် အာရုံထားခြင်းသည် ကျွန်တော့် ခံစားချက်များကို ပိုမိုကောင်းမွန် လာစေသည်။
စိတ်ရောဂါပညာရှင်များက ပေးကမ်းခြင်းသည် စိတ်ကျေနပ်မှုကို ဖြစ်စေနိုင်ကြောင်း၊ တစ်စုံတစ်ယောက်ကို တစ်ခုခုပေးပြီး လက်ခံရရှိသူ၏ကျေးဇူးတင်ခြင်းကို မြင်ရသည့် ပေးကမ်းသူအနေဖြင့် စိတ်ကျေနပ်မှုကို ခံစားရကြောင်း လေ့လာတွေ့ရှိ ခဲ့သည်။…
နားလည်ရန်ခက်သည့် လျှို့ဝှက်နက်နဲသောအရာများ
ကျွန်မသူငယ်ချင်းနှင့်ကျွန်မ လမ်းလျှောက်ထွက်ရင်း ကျွန်မတို့ကျမ်းစာကို နှစ်သက် မြတ်နိုး သဘောကျကြောင်းပြောဖြစ်ခဲ့သည်။ သို့သော် သူငယ်ချင်းက ‘‘ငါတော့ ဓမ္မဟောင်းကျမ်းကို သိပ်မကြိုက်ဘူး။ ခေါင်းမာတဲ့လူတွေ၊ လက်စားချေတဲ့အကြောင်း တွေနဲ့၊ ယေရှုကိုပဲ ပေးပါကွယ်’’ ဟုပြောသဖြင့် ကျွန်မအံ့အားသင့်မိသည်။
နာဟုံအနာဂတ္တိကျမ်း ၁း၂ တွင် ‘‘ထာဝရဘုရားသည် ဒဏ်ပေး၍ အမျက်ပြင်းထန်တော်မူ၏’’ ဟုဖတ်ရှုရသောအခါ ‘‘သူပြောတာလည်း မှန်သား’’ဟု ကျွန်မသံယောင်လိုက်မိ သည်။ သို့သော် ကျမ်းနောက်တစ်ပိုဒ်ကမူ မျှော်လင့်ခြင်းကို ပေးသည်။ ‘‘ထာဝရဘုရားသည် စိတ်ရှည်တော်မူ၏။ တန်ခိုးလည်း ကြီးတော်မူ၏’’ (း၃)။
ဘုရားသခင်၏ အမျက်ဒေါသအကြောင်းကို နှိုက်နှိုက် ချွတ်ချွတ် လေ့လာသောအခါ ဘုရားသခင်သည် ဒဏ်ပေးသည့်စနစ် ကျင့်သုံး သည်တွင် သူ့လူများနှင့် သူ့နာမတော်ကို ကာကွယ်ရန်အတွက်ဖြစ်ကြောင်း တွေ့ရသည်။ ပြည့်လျှံလျက် တသွင်သွင်စီးဆင်းနေသည့် ဘုရားရှင်၏မေတ္တာတော်ကြောင့် မှားယွင်း ကျူးလွန်သောအမှုအတွက် ကိုယ်တော်သည် တရားမျှတခြင်းကို ပေးသည်။ သူ့ကို…