အမျိုးအစား  |  odb

အကောင်းဆုံးလက်ဆောင်

ကျွန်မ လန်ဒန်သို့ ပြန်ရန် အထုပ်အပိုး ပြင်ဆင်သောအခါ အမေက ကျွန်မအနားလာပြီး လက်ဆောင်ပေးသည်။ ထိုလက်ဆောင်မှာ ကျွန်မအရင်ကတည်းက မြတ်နိုးခဲ့ရသော အမေ့လက်စွပ်တစ်ကွင်း ဖြစ်နေသည်။ ‘‘ဘာအတွက်လဲ’’ ဟု ကျွန်မ အံ့အားသင့်စွာ မေးလိုက်သည်။ ‘‘သမီးရဖို့ အချိန်တန်ပြီလို့ အမေတွေးမိလို့လေ၊ အမေသေတဲ့အထိ ဘာလို့ စောင့်နေတော့မှာလဲ။ အမေနဲ့လည်း မတော်တော့ ဘူးလေ’’ ဟု ပြန်ဖြေသည်။ မမျှော်လင့်ဘဲရသော လက်ဆောင်ကို အပြုံးနှင့် ကျွန်မလက်ခံလိုက်သည်။ ကျွန်မကို ၀မ်းမြောက်စေသော အစောဆုံး အမွေပစ္စည်းလေး ဖြစ်ပါသည်။

ကျွန်မအမေသည် ရုပ်ဝတ္ထုပစ္စည်းကို ပေးသည်။ သို့သော် သခင်ယေရှုက ခမည်းတော်သည် သန့်ရှင်းသောဝိညာဉ်တော်ကို တောင်းသောသူတိုင်းအား ပေးမည်ဟု ကတိပေးထားသည် (လု ၁၁း၁၃)။ အပြစ်အားနည်းချက်ရှိသည့် မိဘများပင်လျှင် မိမိသားသမီးတို့အား ကောင်းသောအရာကို ပေးတတ်လျှင် ထိုမျှမက ကောင်းကင်ဘုံ၌ ရှိသောအဘသည် ဆုတောင်းသောသူတို့အား သန့်ရှင်းသောဝိညာဉ်တော်ကို…

နာကျင်မှုကို ဖုံးကွယ်ထားခြင်း

အသင်းတော်တစ်ခုတွင် ကျွန်မတရားဟောခွင့်ရပြီး ကျွန်မဟောပြောသော ခေါင်းစဉ်မှာ မိမိ၏ကြေကွဲမှုများကို ဘုရားသခင်ထံတင်ပြပြီး လွှတ်ငြိမ်းချမ်းသာမှုကို လက်ခံရယူခြင်းနှင့် ပတ်သက်သော အကြောင်းအရာဖြစ်သည်။ ဆုတောင်းခြင်းဖြင့် အဆုံးမသတ်မီ သင်းအုပ်ဆရာသည် လျှောက်လမ်းအလယ်တွင် ရပ်ကာ လူပရိသတ်ကို နက်ရှိုင်းစွာ ကြည့်လျက် ‘‘သင်းအုပ်ဆရာ တစ်ယောက်အနေဖြင့် သင်တို့၏ကျိုးပဲ့ကြေမွမှုများကို ကြားသိ မြင်တွေ့ခွင့် ရခဲ့သည်။ ထို့နောက် ၀တ်ပြုကိုးကွယ်ချိန်များတွင် မိမိတို့၏နာကျင်မှုများကို ဖုံးကွယ်ထားသည့် သင် တို့ကို ကြည့်ပြီး ကျွန်ုပ်နာကျင်ခံစားရသည်” ဟုပြောခဲ့သည်။

မိမိ၏နာကျင်မှုကို ဖုံးကွယ်ထားလည်း နာကျင်နေ သော နှလုံးသားကို ဘုရားသခင် ကုသပေးသည်။ ဟေဗြဲသြ၀ါဒစာကို ရေးသားသူက ဘုရားသခင်၏ နှုတ်ကပတ်တော်သည် အသက်ရှင်ပြီး လှုပ်ရှား နေသည်ဟု ဖော်ပြထားသည်။ နှုတ်ကပတ်တော်ဆိုလျှင် ကျမ်းစာဟုသာ အများက နားလည်သဘောပေါက်သော်လည်း ထိုထက်ပို၍နက်နဲသည်။ သခင်ယေရှုသည် အသက်ရှင်သောဘုရားသခင်၏ နှုတ်ကပတ်တော် ဖြစ်သည်။ ကျွန်မတို့၏ အတွေးအခေါ်၊ အကြံအစည၊်…

ကိုယ်တော် သိသည်

မိုင် ၁၀၀ ခရီးဝေးသည့် ကျွန်တော့်ရွာလေးသို့ ညဘက်ကားမောင်းလာစဉ် ကျွန်တော့် အခြေအနေကို ဘုရားသခင် သိပါသလား။ လက်ရှိ ကျွန်တော်အခြေအနေနှင့်ဆိုလျှင် အဖြေက မရိုးရှင်းပါ။ ကျွန်တော်ကိုယ်အပူချိန်တက်လာပြီး ခေါင်းကိုက်နေသည်။ ‘‘ကိုယ်တော်၊ ကျွန်တော်နှင့်အတူ ရှိနေတယ်ဆိုတာ ကျွန်တော်သိပါတယ်။ ဒါပေမဲ့ ကျွန်တော်နေမကောင်းဘူး။ ကိုက်ခဲနေတယ်’’ ဟု ဆုတောင်း လိုက်သည်။

ထို့နောက် အားနည်းပြီးပင်ပန်းလာသဖြင့် ရွာလေးတစ်ရွာအနီး လမ်းဘေးတွင် ကျွန်တော် ကားရပ်လိုက်သည်။ ဆယ်မိနစ်ခန့်အကြာတွင် ‘‘အကူအညီ လိုပါသလား’’ ဟူသည့် အသံကို ကြားလိုက်ရသည်။ ထိုရွာမှ လူတစ်ယောက်နှင့် သူ၏အပေါင်းအပါများ ဖြစ်သည်။ သူတို့ရှိနေခြင်းမှာ ကောင်းသည်။ သူတို့ရွာနာမည်ကို ပြောပြသောအခါ ကျွန်တော် အံ့သြသွားသည်။ ရွာနာမည်၏အဓိပ္ပာယ်မှာ “ဘုရင်မင်းမြတ် ကျွန်ုပ်ကို သိသည်”။ ထိုရွာကို ကျွန်တော် အခေါက်ပေါင်းများစွာ ဖြတ်သွားဖူးခဲ့သည်။ ဤတစ်ကြိမ်တွင်တော့ ဘုရားသခင်သည် သူ့နာမတော်ကိုသုံးပြီး တစ်လမ်းလုံးဖျားနေသောကျွန်တော်နှင့် အတူရှိကြောင်း…

ကြောက်ရွံသောအခါ ချသော ကျောက်ဆူး

သင်သည် စိုးရိမ်ပူပန်တတ်သူလား။ ကျွန်တော်ကတော့ စိုးရိမ်ပူပန်တတ်သူဖြစ်သည်။ နေ့စဉ်နီးပါး စိုးရိမ်ပူပန်မှုနှင့် ကျွန်တော်နပန်းလုံးနေသည်။ ကိစ္စ ကြီးကြီးသေးသေး ကျွန်တော် စိုးရိမ်ပူပန်သည်။ တစ်ခါတစ်ရံ ကိစ္စအားလုံးအတွက် ကျွန်တော်စိုးရိမ်နေသလို ဖြစ်နေသည်။ ယခင် ဆယ်ကျော်သက်အရွယ်က ကျွန်တော့်မိဘများ အိမ်ပြန်လာရမည့် အချိန်ထက် ၄ နာရီကျော်မျှ နောက်ကျခဲ့ရာ ကျွန်တော် ရဲကို အကြောင်းကြားခဲ့ဖူးသည်။

ကျမ်းစာက ကြောက်ရွံ့ခြင်းမရှိရန် ထပ်ခါတလဲလဲ ပြောနေသည်။ ဘုရားသခင်၏ကောင်းမြတ်ခြင်းနှင့် တန်ခိုးတော်ကြောင့်၊ ခရစ်တော်၏အသေခံခြင်းနှင့် သန့်ရှင်း သော ၀ိညာဉ်တော်၏လမ်းပြခြင်းကြောင့် ကျွန်တော်တို့၏ အသက်တာကို ကြောက်ရွံ့ခြင်းက လွှမ်းမိုးစရာအကြောင်း မရှိပါ။ အခက်အခဲများကို ကျွန်တော်တို့ ရင်ဆိုင်ရနိုင်သော်လည်း ထိုအခက်အခဲ တစ်လျှောက်လုံးတွင် ဘုရားသခင် ကျွန်တော်တို့နှင့်အတူရှိနေရန် ကတိပေးခဲ့သည်။

ကျွန်တော် ကြောက်ရွံ့နေချိန်များတွင် ကျွန်တော့်အတွက် အထူးသဖြင့် အထောက်အကူပြုသော ကျမ်းပိုဒ်တစ်ပိုဒ်မှာ ဟေရှာယ ၅၁း၁၂-၁၆ ဖြစ်သည်။ ဤကျမ်းပိုဒ်တွင် ဘုရားသခင်သည်…

ဧည့်သည်များကို ကြိုဆိုသောဧည့်သည်

ကျွန်မယောက်မနှင့် မလှမ်းမကမ်းတွင် နေထိုင်ရန်အတွက် စီတဲလ်မြို့သို့ ကျွန်မတို့ ဇနီးမောင်နှံ ရွှေ့ပြောင်းခဲ့ချိန်က မည်သည့်နေရာတွင် မည်သို့နေထိုင်လုပ်ကိုင်စားသောက်ရမည်ကို မသိခဲ့ပါ။ ထိုနယ်မြေရှိ ဒေသခံအသင်းတော်တစ်ခုမှ အိပ်ခန်းများစွာပါသော အငှားချနိုင်သော အိမ်တစ်လုံး ရှာပေးခြင်းဖြင့် ကျွန်မတို့ကို ကူညီပေးခဲ့သည်။ ကျွန်မတို့က အခန်းတစ်ခန်းတွင်နေပြီး ကျန်အခန်းများကို နိုင်ငံအရပ်ရပ်မှ ကျောင်းလာတက်သည့် ကျောင်းသားများကို အငှားချသည်။ နောက်သုံးနှစ်ထိတိုင် ကမ္ဘာ့နိုင်ငံအသီးသီးမှလာသူများနှင့်
အတူ နေထိုင်စားသောက်ကာ လူစိမ်းများကို ကြိုဆိုလက်ခံ သော လူစိမ်းများ ဖြစ်လာသည်။ ကျွန်မတို့နှင့်အတူ နေထိုင်သူ များနှင့် ကျွန်မတို့လည်း သောကြာနေ့ညတိုင်း နိုင်ငံတကာမှ ကျောင်းသားများကို ကြိုဆိုလက်ခံကာ ကျမ်းစာလေ့လာကြသည်။

အိမ်နှင့်ဝေးကွာပြီး နေထိုင်ရသည့် ခံစားချက်ကို ဘုရားလူများ သိနားလည်သည်။ နှစ်ပေါင်းရာချီပြီး အဲဂုတ္တုပြည်တွင် ကျွန်အဖြစ်နှင့် တစ်ကျွန်းတစ်နိုင်ငံသားများ ဖြစ်ခဲ့ကြသည်။ ဝတ်ပြုရာကျမ်း ၁၉ တွင် မိဘကို ရိုသေ ရမည်၊ သူ့ဥစ္စာကို…

နက်နဲသော ဘုရားရှင်

အဏ္ဏ၀ါဇီဝဗေဒပညာရှင် ၀ါ့အက်ပယ်တန်စ် က ‘‘ နက်ရှိုင်းသောပင်လယ်ထဲမှ သက်ရှိ မျိုးစိတ်နမူနာကို ယူလာတိုင်း မျိုးစိတ်သစ်တစ်ခုကို ရှာဖွေတွေ့ရှိသည်’’ ဟု ပြောပါသည်။ မကြာမီနှစ်များက ရေနေသက်ရှိ မျိုးစိတ်သစ်ပေါင်း ၁၄၅၁ မျိုးကို သိပ္ပံပညာရှင်တို့ ရှာဖွေ တွေ့ရှိခဲ့သည်။ ပင်လယ်ရေအောက်ရှိ အရာများ၏တစ်ဝက်မျှကိုပင် ကျွန်ုပ်တို့ မသိနိုင်ပါ။

ယောဘဝတ္တု ၃၈ မှ ၄၀ တွင် ဘုရားသခင်သည် ယောဘကို ကျေးဇူးပြုရန် သူ၏ဖန်ဆင်းခြင်းအကြောင်းကို ဖော်ပြခဲ့သည်။ ထိုအခန်းကြီး ၃ ခန်း တွင် ရာသီဥတုများ၏ အံ့ဖွယ်ရာများ၊ စကြဝဠာ၏ကြီးမားကျယ်ပြန့်ပုံနှင့် နေရာဒေသ
အလိုက် အမျိုးမျိုးကွဲပြားနေသော သက်ရှိများအကြောင်းကို မီးမောင်းထိုး ဖော်ပြသည်။ ထိုအရာများကို ကျွန်ုပ်တို့လည်း လေ့လာနိုင်သည်။ ထို့နောက် ဘုရားရှင်က အခန်းကြီး ၄၁ တစ်ခုလုံးတွင် ငါးကြီးလဝိသန်အကြောင်း မြွက်ဆိုထား သည်။ လဝိသန်သည် အခြားသတ္တဝါများနှင့်မတူ၊…

ကျွန်ုပ်၏ဝိညာဉ်၊ ငြိမ်ဝပ်လျက်နေလော့။

မိဘတစ်ဦးက ကလေးငယ်၏နှာခေါင်းနှင့် ပါးစပ်ရှေ့တွင် လက်ညှိုးဖြင့်ထိပြီး ရှူးတိုးတိုး ဟု ပြောနေပုံ ချစ်စဖွယ်ပြုမူနေပုံကို မြင်ယောင်ကြည့်ပါ။ ထိုသို့ကိုယ်နှုတ်အမူအရာနှင့် ရိုးရှင်းသောစကားသည် စိတ်ညစ်နေသော ကလေးလေးအား စိတ်သက်သာအောင် နှစ်သိမ့်ပေးခြင်းဖြစ်သည်။ ဤမြင်ကွင်းသည် ပြောင်းလဲခြင်းမရှိသော၊ လူတိုင်းနားလည် ခံစားနိုင်သော ချစ်စဖွယ်အပြုအမူဖြစ်ပြီး ကျွန်ုပ်တို့ အများစု သည်လည်း ဤသို့လုပ်ဖူးမည် (သို့) တစ်စုံတစ်ဦးက ကျွန်ုပ် တို့ကို လုပ်ခဲ့ဖူးမည်။ ဆာလံ ၁၃၁း၂ ကို ဆင်ခြင်သောအခါ အထက်ပါမြင်ကွင်းက အတွေးထဲသို့ ရောက်ရှိလာသည်။

သုံးနှုန်းထားသော စာသားအသွားအလာအရ စာရေးသူ ဒါဝိဒ်မင်းကြီးလည်း ထိုအခြေအနေကို ဖြစ်စေသော အဖြစ်နှင့် ရင်ဆိုင်ခဲ့ရပါသည်။ သင်လည်း အဓိပ္ပာယ်လေးနက်သော ဆုတောင်းချက်ကို တောင်းရလောက်သည်အထိ စိတ်ပျက်စရာ၊ ရှုံးနိမ့်မှုနှင့် ကျရှုံးမှု များကို ရင်ဆိုင် ကြုံခဲ့ရဖူးပါသလား။ အသက်တာအခြေအနေများက သင့်ကို ချိုးဖဲ့ဖိနှိပ် လွန်းသောအခါ၊ စာမေးပွဲကျခြင်း (သို့)…

ဆုကျေးဇူးအများ၊ ရည်ရွယ်ချက်တစ်ခု

Maize ပြောင်းဖူးမျိုးသည် မိခင်နိုင်ငံ မက္ကစီကိုအတွက် အဓိကစားစရာ ဖြစ်သည်။ အဝါရောင်၊ အညိုရောင်၊ အနီနှင့်အမဲရောင် ပြောင်းဖူးစေ့များရှိသကဲ့သို့ အစက်အပြောက် ပါသော ထူးဆန်းသည့် ပြောင်းဖူးမျိုးစသည်ဖြင့် အမျိုးအစားပေါင်းများစွာ ရှိသည်။ သို့သော် မြို့နေလူတန်းစားက ထိုအစက်အပြောက်ရှိသော ပြောင်းဖူးကို မစားသုံးပါ။ စားသောက်ဆိုင်ပိုင်ရှင်နှင့် သုတေသနပညာရှင် Amado Ramírez က ပြောင်းများ၏အရည်အသွေး ကောင်းမွန်ခြင်း သည် အတူတူပင်ဖြစ်သည်ဟု ယုံကြည်ကြောင်း ရှင်းပြ သည်။ ထိုအစက်အပြောက်ပါသော ပြောင်းဖူးသည် အရသာ ကောင်းပြီး ထိုပြောင်းဖြင့် ပြုလုပ်သည့် Tortillas (မက္ကစီကို ပြောင်းဖူးနံပြား)မှာ အကောင်းဆုံး ဖြစ်သည်။

ခရစ်တော်၏အသင်းတော်သည်လည်း အရောင် တစ်မျိုးတည်းရှိသည့်ပြောင်းဖူးထက် အစက်အပြောက် ပါသော ပြောင်းဖူးမျိုးနှင့် တူသည်။ တမန်တော်ရှင်ပေါလုက အသင်းတော်ကို ခန္ဓာကိုယ်တစ်ခုနှင့် ခိုင်းနှိုင်းပြရခြင်းမှာ ကျွန်ုပ်တို့သည် ခန္ဓာကိုယ်တစ်ခုတည်းတွင် ရှိနေ သော်လည်း တစ်ပါးတည်းသောဘုရားသခင်က…

အမှီသဟဲပြုမည်ဟု ကြွေးကြော်ခြင်း

လော်ရာ၏မိခင်သည် ကင်ဆာရောဂါ ခံစားနေရသည်။ မနက်ခင်းတစ်ခုတွင် လော်ရာသည် သူငယ်ချင်းတစ်ဦးနှင့်အတူ သူ့အမေအတွက် ဆုတောင်းပေးခဲ့သည်။ ဦးနှောက်အာရုံကြောနှင့်ဆိုင်သောရောဂါကြောင့် လှုပ်ရှား၍ မရဘဲ မသန်မစွမ်းဖြစ်နေသူ ထိုသူငယ်ချင်းက ‘‘ကိုယ်တော်ဟာ ကျွန်မအတွက် အလုံးစုံသောအမှုကို ပြုပေးခဲ့တယ်။ ကျေးဇူးပြု၍ လော်ရာ့အမေအတွက် ပြုပေးတော်မူပါ’’ ဟု တောင်းခဲ့သည်။

လော်ရာသည် သူ့သူငယ်ချင်း၏ ဘုရားသခင်အပေါ် လုံးလုံးလျားလျား မှီခိုကြောင်း ဝန်ခံခြင်းအတွက် အလွန်မှ
မှင်သက်အံ့သြမိသည်။ ထိုအခိုက်အတန့်ကို ဆင်ခြင်ရင်း သူက ‘‘ကိုယ့်လိုအပ်မှု အရာအားလုံးအတွက် ဘုရားသခင် အပေါ် ကျွန်မဘယ်နှစ်ကြိမ်လောက် အမှီပြုပုံအပ်သလဲ။ ထိုအရာက ကျွန်မနေ့စဉ် လုပ်ဆောင်နေရမဲ့အရာပဲ’’ ဟု ပြောမိသည်။

သခင်ယေရှု ဤကမ္ဘာကြီးပေါ်တွင် ကျင်လည်နေစဉ်ကလည်း ကောင်းကင်ဘုံရှင် အဘဘုရားထံတွင် အစဉ်အမှီပြုခဲ့ကြောင်း ပြခဲ့သည်။ သခင်ယေရှုသည် လူ့ခန္ဓာဖြင့် လူ့ဇာတိခံသော ဘုရားသခင်ဖြစ်သောကြောင့် လုံလောက်ပြီးပြည့်စုံမှုရှိမည်ဟု တစ်ဦး တစ်ယောက်က ထင်မှတ်ကောင်းထင်မှတ်နိုင်ပါသည်။ အနားယူရမည့်…

ပုန်းကွယ်နေသော အလှတရား

ကာရေဘီယံပင်လယ်၏ကမ်းလွန်ရှိ Tobago ကျွန်းတွင် ရေငုပ်ကိရိယာများဖြင့် ရေမျက်နှာပြင်အောက်ကို လေ့လာကြည့်ရှုခြင်းသည် တန်ဖိုးရှိကြောင်း ကျွန်မကလေး များကို အပျော့ဆွဲ ဆွဲ၍ သူတို့ယုံအောင် အတော်စည်းရုံးခဲ့ရသည်။ ထိုရေမျက်နှာပြင်သည် ကျွန်မတို့အိမ်အနီးရှိ ကြည်လင်သောရေချိုကန်နှင့် တူသောကြောင့် ကလေးများက သိပ်စိတ်မ၀င်စား။ သို့သော် ရေအောက်မျက်နှာပြင်၌ ဝှက်ထားသော အလှတရားကို သူတို့မလွတ်သွားစေချင်ပါ။ သို့သော် ရေလည်းငုပ်ရော သူတို့လေးတွေ အလွန်တရာမှ ပျော်ရွှင်ကြပြီး ‘‘ရေထဲမှာ မတူညီတဲ့ ငါးမျိုးစိတ်ပေါင်း ထောင်ပေါင်းများစွာ ရှိတယ်။ သိပ်လှတာပဲ။ ဒီလောက် အရောင်အသွေးစုံလင်ပြီး လှပနေတဲ့ငါးမျိုး တစ်ခါမှမမြင်ဖူး ဘူး” စသည်ဖြင့် ပြောကြသည်။

ပရောဖက် ရှမွေလသည် ယေရှဲသားများထဲမှ တစ်ယောက်ကိုဘုရင်အဖြစ် ဘိသိက်ပေးရန် ဗက်လင်မြို့သို့ သွားစဉ် သားကြီးဧလျာဘကို တွေ့သောအခါ သူ၏ ပုံပန်း သဏ္ဌာန်ကို ကြည့်ပြီး မှင်သက်ခဲ့သည်။ ပရောဖက်ကြီးက ထိုသူသည် အမှန် ဘိသိက်ခံရသူဟု…