ဘုရားရှင်၏ကြီးမြတ်မူသော ဖန်ဆင်းခြင်းလက်ရာတော်
မကြာသေးမီက ဖလော်ရီဒါပြည်နယ်ရှိ မြေးများထံ သွားရောက်လည်ပတ်ခဲ့စဉ် သိန်းငှက် မိသားစုလေးကို ချိန်ရွယ်ရိုက်ကူးထားသော web cam ကို ပျော်ရွှင် နှစ်သက်စွာ ကြည့်ရှုခဲ့သည်။ မြေပြင်မှပေပေါင်းများစွာမြင့်သော အသိုက်ထဲတွင် ငှက်မေကြီး၊ ငှက်ဖေကြီးနှင့် ငှက်ကလေးများ၏ နိစ္စဓူဝပြုလုပ်နေသော အမှုအရာများကို နေ့စဉ် စောင့်ကြည့်သည်။ နေ့ရက်တိုင်း ငှက်မောင်နှံက သားပေါက် လေးများကို အစဉ်ဆက်မပြတ် ကြည့်ရှုစောင့်ရှောက် ကာကွယ်လျက် အစာအာဟာရအတွက် အနီးရှိမြစ်မှ ငါးများကို ဖမ်းဆီးယူဆောင်လာပေးသည်။
ထိုသိန်းငှက်မိသားစုသည် ဆာလံ ၁၀၄ မှ ဆာလံဆရာဖော်ပြထားသော ဖန်ဆင်းခြင်းလက်ရာ
ဘုရား သခင်၏တီထွင်ကြံဆမှု၊ လက်တော်၏ဖန်ဆင်းခြင်းနှင့် အံ့မခန်းလက်ရာများကို သရုပ်ဖော်နေပါသည်။
စကြ၀ဠာကြီးနှင့်ဆက်စပ်နေသော ဘုရားရှင်၏ အံ့သြဖွယ် ဖန်ဆင်းခြင်းကိုလည်း မြင်ရသည် (း၂-၄)။
ရေများ၊ တောင်တန်းများနှင့် ချိုင့်ဝှမ်းများကို ကြည့်ရှုလျက် ဖန်ဆင်းခံကမ္ဘာမြေမှ ဖန်ဆင်းခြင်းလက်ရာများကို ခံစားရပါသည် (း၅-၉)။
သတ္တ၀ါတိရိစ္ဆာန်များ၊ ကျေးငှက်များ၊…
ပြည့်ဝစုံလင်သောကမ္ဘာ
‘‘ကျွန်ုပ်၏ပြည့်စုံသောကမ္ဘာ’’ အကြောင်း စာစီကုံးရန် ကျောင်းမှဆရာမက ကေတီကို အိမ်စာပေးလိုက်သည်။ သူက ‘‘ကျွန်ုပ်၏ပြည့်စုံသောကမ္ဘာထဲတွင် ရေခဲမုန့် အလကား စား၍ရသည်။ နေရာတိုင်းတွင် လော်လီပေါ့သကြားလုံးများ ရှိသည်။ ကောင်းကင်မှာ အချိန်တိုင်း ပြာနေပြီး စိတ်ဝင်စားဖွယ်တိမ်ပုံစံများ ရှိသည်’’။ ထို့နောက် သူ့စာစီစာကုံး သည် ပို၍လေးနက်လာပါသည်။ ဆက်လက်ပြီး ‘‘ထိုကမ္ဘာတွင် သတင်းဆိုးလာပို့မည့်သူ မည်သူမျှမရှိသလို မည်သူမှလည်း ထိုသတင်းမျိုးပို့ရန်မလို’’ ဟု ရေးထားသည်။
အိမ်ကိုလာပြီး သတင်းဆိုးပို့မည့်သူ မရှိခြင်းသည် အံ့သြဖွယ် မဟုတ်ပါလား။ ထိုစကားလုံးများသည် သခင် ယေရှု၌ရှိသော ယုံကြည်စိတ်ချမှုအပြည့်နှင့် မျှော်လင့်ခြင်း ကြီးမားပုံကို ဖော်ပြနေပါသည်။ ထိုသခင်သည် ခပ်သိမ်းသော အရာများကို အသစ်ဖန်ဆင်း၍ ကျွန်ုပ်တို့၏ကမ္ဘာကြီးကို ပြန်လည်ကျန်းမာစေပြီး အသစ်ပြုပြင်ပြောင်းလဲမည် ဖြစ်သည် (ဗျာ ၂၁း၅)။ ပရဒိသုဘုံသည် မကောင်းသော အရာ၊ သေဘေး၊ စိတ်မသာညည်းတွားခြင်း၊ အော်ဟစ်ခြင်း၊ ပင်ပန်းခြင်းနှင့်…
သင့်ကို ကျွန်ုပ်မြင်နေရသည်။
သားလေး ဇေဗီယာ အသက် ၂ နှစ် အရွယ်က ဖိနပ်ဆိုင်လေးတစ်ခုတွင် စင်္ကြံတစ်ခုမှ နောက်တစ်ခုသို့ ပြေးလွှားဆော့ကစားနေသည်။ ဖိနပ်ဘူးများနောက်၌ ပုန်းနေပြီး ကျွန်မခင်ပွန်း အယ်လန် က ‘‘သားကို ဖေဖေမြင်နေရတယ်’’ ဟု ပြောလျှင် သူက တခိခိနှင့် ရယ်နေသည်။
ခဏအကြာတွင် အယ်လန်က ဇေဗီယာနာမည်ကို ပြာပြာသလဲအော်ခေါ်ရင်း ပြေးလိုက်သွားသည်ကို တွေ့လိုက် ရသည်။ ကျွန်မလည်း ဆိုင်ရှေ့သို့ ပြေးထွက်လိုက်သွားသည်။ တခိခိရယ်နေသော သားလေးသည် အပြင်ဘက် ရှုပ်ရှက်ခပ်နေသောလမ်းသို့ ဦးတည်လျက် ပွင့်နေသည့် တံခါးဝဆီသို့ ပြေးသွားနေကြောင်း တွေ့လိုက်သည်။
စက္ကန့်အနည်းငယ်အတွင်း အယ်လန်သည် သားလေးကို ပွေ့ချီနိုင်လိုက်သည်။ ကျွန်မတို့ သားလေး၏ ပါးဖောင်းဖောင်းလေးကို နမ်းရှုတ်ငိုယိုရင်း ဘုရားရှင်ကို ကျေးဇူးတင်မိသည်။
ဇေဗီယာလေးကို ကိုယ်ဝန်မဆောင်မီတစ်နှစ်က ကျွန်မ၏ပထမဆုံးသားဦး ကိုယ်ဝန်ပျက်ကျခဲ့သည်။ ဤသားလေးအားဖြင့် ဘုရားသခင် ကျွန်မတို့ကို ကောင်းချီး ပေးသောအခါ…
ရဲရင့်စွာ အသက်ရှင်နေထိုင်ခြင်း
တက္ကဆက်ပြည်နယ် အော်စတင်မြို့ရှိ ဟိုတယ်တစ်ခုတွင် ကျွန်ုပ်တည်းခိုစဉ် အခန်းထဲရှိ စားပွဲခုံပေါ်က ကတ်လေးပေါ်မှ စာကို သတိထားမိသည်။ ကတ်ပေါ်၌ -
‘‘မင်္ဂလာပါ၊ ဤနေရာ၌ သက်သောင့်သက်သာစွာ အနားယူတည်းခိုနိုင်ပါစေ။ ဤခရီးသည် အကျိုးရှိသော ခရီးစဉ်ဖြစ်ပါစေဟု ကျွန်ုပ်တို့တောင်းဆုပြုပါ၏။ ဘုရားရှင်သည် သင့်အပေါ် ကောင်းချီးမင်္ဂလာများ သွန်းလောင်းကာ၊ သင့်ကို ကြည့်ရှုလျက် မျက်နှာတော် အလင်း စေလွှတ်တော်မူပါစေ’’ ဟုရေးထားသည်။
ကတ်ပေါ်မှ ဟိုတယ်ကို စီမံခန့်ခွဲနေသည့်ကုမ္ပဏီ လိပ်စာကို ကြည့်ရင်း သူတို့အကြောင်း ပိုသိချင်လာ သောကြောင့် ဖော်ပြထားသော ၀က်ဆိုက်သို့ဝင်၍ ကုမ္ပဏီ၏ အောင်မြင်မှုအနေအထား၊ အားသာချက်နှင့် တန်ဖိုးထားသောအကြောင်းအရာများကို ဖတ်ရှုခဲ့သည်။ ထိုကုမ္ပဏီသည် နှစ်လိုဖွယ် ကောင်းသောနည်းလမ်းဖြင့် အကောင်းဆုံးကို ရှာဖွေလုပ်ဆောင်ကာ အလုပ်ခွင်၌ သူတို့၏ယုံကြည်ခြင်းကို လက်တွေ့ ရှင်သန်ပြနေသည်။
ထိုသူတို့၏အတွေးအခေါ်က အာရှမိုင်နာဒေသတစ်ဝိုက်ရှိ ပြန့်ကျဲနေသော ခရစ်ယာန်များထံ ရှင်ပေါလုပေးပို့သော သတိပေးစာကို အမှတ်ရစေပါသည်။…
ဘုရားသခင်သည် မည်သို့သောဘုရားနည်း
အထူးအစီအစဉ်တစ်ခုကို ဆင်နွဲရန် ကျွန်မခင်ပွန်းသည်က ကျွန်မကို ဒေသတွင်းရှိ ပန်းချီပြခန်းသို့ ခေါ်သွားပြီး လက်ဆောင်အဖြစ် ပန်းချီကားတစ်ချပ်ရွေးရန် ပြောသည်။ သို့နှင့် တောအုပ်ကို ဖြတ်သန်းစီးဆင်းနေသည့် စမ်းချောင်းပုံပန်းချီကားကို ကျွန်မ ရွေးလိုက်သည်။ ရေမျက်နှာပြင်က နေရာယူထားသောကြောင့် ပန်းချီကားထဲ၌ ကောင်းကင်ကို မမြင်ရပေ။ သို့သော် စမ်းချောင်းလေးက သစ်ပင်ထိပ်ဖျားနှင့် မှုန်ရီမှိုင်းပျနေသော ပတ်ဝန်းကျင်ကို အလင်းပြန် ထင်ဟပ်ဖော်ပြနေသည်။ ကောင်းကင်ကို မြင်လိုပါက ကြည့်နိုင်သည့်နည်းမှာ ရေမျက်နှာပြင်ကို ကြည့်ရုံပင် ဖြစ်သည်။
ဝိညာဉ်ရေးရာသဘောတရားအရ သခင်ယေရှုသည်ထိုစမ်းချောင်းလေးကဲ့သို့ပင် ဖြစ်ပါသည်။ ဘုရားသခင် မည်သူဖြစ်ကြောင်း ကျွန်ုပ်တို့သိလိုသောအခါ သခင်ယေရှုကို ကျွန်ုပ်တို့ ကြည့်ရပါသည်။ ဟေဗြဲသြ၀ါဒစာ ရေးသူက ထိုသခင်သည် ‘‘ဘုရားသခင်၏ ဘုန်းတော်ရောင်ခြည်နှင့် ဇာတိအဖြစ်တော်၏ပုံသဏ္ဌာန်ဖြစ်’’ ကြောင်း ဖော်ပြထားသည် (၁း၃)။ ‘‘ဘုရားသခင်သည် ချစ်ခြင်းမေတ္တာဖြစ်တော်မူ၏’’ စသည့်ကျမ်းစာမှ တိုက်ရိုက် ဖော်ပြမှုအားဖြင့် ဘုရားသခင်အကြောင်း ကျွန်ုပ်တို့ သင်ယူနိုင်ပါသည်။…
လောက၏အလင်း
အင်္ဂလန်နိုင်ငံ၊ အောက်စဖို့ဒ်မြို့ ကေဘယ်ကောလိပ်ဘုရားကျောင်း၌ ကျွန်မအကြိုက်ဆုံး ပန်းချီကားတစ်ချပ်ရှိသည်။ အင်္ဂလိပ်လူမျိုး ပန်းချီအကျော်အမော် ဆရာကြီး ဝီလျံ ဟိုးမင်းဟန့် ရေးဆွဲသည့် “လောက၏အလင်း’’ အမည်ရှိ ပန်းချီကားဖြစ်ပြီး သခင်ယေရှုက မီးအိမ်လေးကို ကိုင်လျက် အိမ်ရှေ့၌ တံခါးခေါက်နေပုံဖြစ်သည်။
စိတ်ဝင်စားစရာ အချက်တစ်ချက်မှာ ပန်းချီကားရှိ တံခါး၌ လက်ကိုင်တံခါးဘု မရှိခြင်းဖြစ်သည်။ တံခါးဖွင့်ရန် နည်းလမ်းမရှိ ဟုမေးမြန်းထောက်ရှုကြရာ ဆရာကြီးက သူသည် ဗျာဒိတ် ၃း၂၀ ကျမ်းပိုဒ်ကို စိတ်ကူးပုံဖော်လိုခြင်း ဖြစ်ကြောင်း ရှင်းပြသည်။ ‘‘ငါသည် တံခါးရှေ့မှာရပ်၍ ခေါက်လျက်နေ၏။ အကြင်သူသည် ငါ၏အသံကိုကြား၍ တံခါးကို ဖွင့်အံ့၊ ထိုသူရှိရာသို့ငါဝင်၍ သူနှင့်အတူ စားသောက်မည်’’။
တမန်တော်ရှင်ယောဟန်၏ ရေးသားချက်နှင့် ထိုပန်းချီကားက သခင်ယေရှု၏ ကြင်နာမှုကို ဖော်ကျူးသည်။ သခင်သည် ကျွန်မတို့၏စိတ်တံခါးကို ညင်သာစွာခေါက်လျက် သူ၏ငြိမ်သက်ခြင်းကို ပေးကမ်းနေသည်။ သခင်သည် ရပ်လျက် ကျွန်မတို့၏…
မေတ္တာရုပ်ပုံများ
ကျွန်မနှင့်ကျွန်မ၏သားသမီးများ အလေ့အကျင့်အသစ်တစ်ခုကို နေ့စဉ် စတင် လုပ်ဆောင် ခဲ့ပါသည်။ ညစဉ်အိပ်ရာဝင်ချိန်၌ ရောင်စုံခဲတံများကို စုထားပြီး ဖယောင်းတိုင် တစ်တိုင်ထွန်းသည်။ မိမိအသက်တာ၌ ဘုရားသခင် အလင်းပေးပါမည့်အကြောင်း ဆုတောင်းလျက် ‘‘မည်သည့်အချိန်၌ မေတ္တာပြခဲ့သနည်း’’ ၊ ‘‘မည်သည့်အချိန်၌ မေတ္တာ မပြဘဲနေခဲ့သနည်း” ဟူသည့် မေးခွန်းနှစ်ခု၏အဖြေကို မိမိ၏စာအုပ်ထဲ၌ အဖြေရေးရန် (သို့) ပုံဆွဲပြရန် ဖြစ်သည်။
ကိုယ်နှင့်စပ်ဆိုင်သောသူကို ချစ်ခြင်းသည် အစ ကတည်းကပင် ခရစ်ယာန်အသက်တာ၏အရေးကြီးသော အစိတ်အပိုင်းဖြစ်သည် (၂ ယော ၁း၅)။ ရှင်ယောဟန်က သူ၏ ဒုတိယသြဝါဒစာစောင်၌ ယုံကြည်သူအသင်းသားများထံ စာရေးပြီး ဘုရားသခင်ကို နာခံသောအားဖြင့် အချင်းချင်း ချစ်ကြရန် ပန်ကြားခဲ့သည် (၂ ယော ၁း၅-၆)။ ချစ်ခြင်း မေတ္တာသည် ရှင်ယောဟန်နှစ်သက်သည့် အကြောင်းအရာ ခေါင်းစဉ်တစ်ခုဖြစ်ပြီး၊ မေတ္တာစစ် မေတ္တာမှန်ကို ကျင့်သုံး လေ့ကျက်ခြင်းဖြင့် မိမိသည်…
အမှိုက်ပုံးထဲမှ ရွှေလက်စွပ်
ကောလိပ်ကျောင်းတက်စဉ်က တစ်မနက်တွင် အိပ်ယာမှ နိုးထလာစဉ် ကျွန်မ၏ အခန်းဖော် ကယ်ရယ် အား ထိတ်ပြာနေသည့်ပုံစံဖြင့် တွေ့လိုက်ရသည်။ သူ၏လက်စွပ် ပျောက်သွားခြင်းကြောင့်ဖြစ်သည်။ ကျွန်မတို့ နေရာအနှံ လိုက်ရှာသည်။ နောက်တစ်နေ့ တွင် အမှိုက်ပုံးကို ဖွ၍ရှာသည်။
အမှိုက်ထုပ်တစ်ထုပ်ကို ကျွန်မဆွဲဖြဲရင်း ‘‘ဒီလက်စွပ် ကို နင်မတွေ့တွေ့အောင်ရှာဖို့ ဆုံးဖြတ်ထားတယ်ပေါ့’’ ဟု ပြောရာ သူက ‘‘ငါ ဒီဒေါ်လာနှစ်ရာတန် လက်စွပ်ကို လုံးဝအဆုံးရှုံးမခံနိုင်ဘူး’’ သူက ပြန်ပြောပါသည်။
ကယ်ရယ်၏ စိတ်ပိုင်းဖြတ်ချက်ကို ကြည့်ပြီး သခင်ယေရှုမိန့်ကြားသည့် ကောင်းကင်နိုင်ငံ ပုံဥပမာတော်ကို သတိရမိသည်။ ‘‘ကောင်းကင်နိုင်ငံတော်သည် လယ်၌ ဝှက်ထားသော ဘဏ္ဍာနှင့်တူ၏။ ထိုဘဏ္ဍာကို တွေ့သော သူသည် တစ်ဖန် ဖုံးအုပ်၍ ဝမ်းမြောက်သောစိတ်နှင့် သွားပြီး လျှင် ရတတ်သမျှကိုရောင်း၍ ထိုလယ်ကို ဝယ်တတ်၏’’ (မ ၁၃း၄၄)။ လောက၌ အချို့ကိစ္စများသည်…
လွတ်မြောက်စေပြီ
ဂျော်နသန်သည် မွေးရာပါ အာရုံကြောချို့ယွင်းသည့်ရောဂါဖြင့် မွေးဖွားလာပြီး သူနှင့် စကားမပြောနိုင်၊ ဆက်သွယ်မှုပြု၍လည်းမရပါ။ သို့သော် သူ့မိခင် ချန်တယ် ဘရိုင်ယန်က အရှုံးမပေးပါ။ ထိုကလေးကို ပြုစုလျက် ၁၀ နှစ်အရွယ်ရောက်လေသော် စာလုံးရေးထားသည့် ဘုတ်ပြားဖြင့်၊ သားနှင့်မျက်လုံးဖြင့် ဆက်သွယ်ရန် နည်းလမ်း ရှာကြံခဲ့သည်။ ထိုအားထုတ်မှု အောင်မြင်ခဲ့ပြီးသည့်နောက် တွင် မိခင်က ‘‘သူ့ကို ပိတ်ထားတဲ့အရာပွင့်သွားပြီ၊ ခုတော့ သူ့ကို ဘာမဆို မေးလို့ရတယ်။ ဆက်သွယ်လို့ရတယ်’’ ဟု ဆိုသည်။ ယခုတွင် ဂျော်နသန်လေးသည် မျက်လုံးဖြင့် ဆက်သွယ်ကာ စာရေးစာဖတ်လုပ်နိုင်ပြီဖြစ်သည်။ သူက ကဗျာပင် ရေးစပ်လိုက်သေးသည်။ ‘‘မိသားစု၊ မိတ်ဆွေများနှင့် စကားပြောရတာ ဘယ်လိုနေလဲ’’ ဟု သူ့ကိုမေးရာ သူက ‘‘သူတို့ကို ချစ်ကြောင်းပြောရလို့ အံ့မခန်း ခံစားရပါတယ်’’ ဟု ဖြေသည်။
ဂျော်နသန်၏အကြောင်းက စိတ်ကို တို့ထိခံစားရစေပြီး ဘုရားသခင်သည်…
လွတ်မြောက်ပြီ
ငယ်စဉ် ကျေးလက်ဒေသ၌ နေထိုင်ခဲ့စဉ်က ကြက်ပေါက်လေးများနှင့် ပတ်သက်၍ ကျွန်ုပ် စိတ်ဝင်စားစွဲလန်းခဲ့သည်။ ကြက်ပေါက်လေးတစ်ကောင်ကို ဖမ်းမိတိုင်း မြေပေါ်၌ချပြီး လက်ထဲ၌ ခေတ္တမျှ ကိုင်ထားပြီး အသာလေးလွတ်လိုက်သည်။ ၎င်းကို ကိုင်ထားဆဲဟု ထင်ကာ ကြက်ပေါက်လေးက ဝပ်နေဆဲဖြစ်သည်။ ကြက်ကလေးထွက်ပြေးနိုင်အောင် လွှတ်ပေးလိုက်သော်လည်း ၎င်းက အချုပ်ခံရဆဲဟု ခံစားနေ ရရှာသည်။
သခင်ယေရှုကို ယုံကြည်လက်ခံသောအခါ ကိုယ်တော်က ကျွန်ုပ်တို့ကို အပြစ်တရားနှင့် စာတန်၏ ချုပ်ကိုင်မှုမှ ကြွယ်ဝသော ကျေးဇူးတော်ဖြင့် ကယ်လွှတ် ခဲ့သည်။ သို့သော် ကျွန်ုပ်တို့၏ မကောင်းမှုအကျင့်နှင့် စိတ်ထားများကို ပြောင်းလဲရန် အချိန်ယူရမည်ဖြစ်သော ကြောင့် စာတန်သည် ကျွန်ုပ်တို့ကို အချုပ်ခံရဆဲဟုခံစား ရအောင် လုပ်နိုင်သည်။ သို့သော် ဘုရားသခင်၏ဝိညာဉ်တော်က ကျွန်ုပ်တို့ကို လွတ်မြောက်စေခဲ့ပြီ ဖြစ်သည်။ ကျွန်ုပ်တို့ကို ကျွန်ပြုမထားပါ။ ရောမမြို့သားတို့အား ရှင်ပေါလုက ‘‘ဘုရားသခင် ကယ်လွတ်တော်မူသောကြောင့် ယေရှုခရစ်၌…