အမျိုးအစား  |  odb

ကြွက်သားများ သန်မာလာခြင်း

ပြိုင်ပွဲဝင် ကာယဗလမောင်များသည် ပြင်းထန်သော လေ့ကျင့်ရေးစက်ဝန်း၌ သူတို့ကိုယ်ကို နစ်မြှုပ်ထားကြသည်။ ပထမအစလများတွင် ခန္ဓာအရွယ်အစား ကြီးမားပြီး သန်မာရေးကို အားစိုက်ကြိုးစားကြသည်။ ပြိုင်ပွဲနီးလာသောအခါ ကြွက်သားအလှကို ကွယ်ဖုံးသည့် အဆီပိုများ မရှိအောင် အာရုံထား ကစားကြသည်။ ပြိုင်ပွဲမဝင်မီ ရက်ပိုင်း အတွင်းတွင် သူတို့သည် ရေကို ခါတိုင်းထက်လျော့၍ သောက်ကြသည်။ သို့မှသာ ကြွက်သားတစ်ရှူးများ အလွယ်တကူ မြင်သာ ပေါ်လွင်မည်။ အာဟာရကို လျော့ပြီး စားသုံးခဲ့သောကြောင့် ပြိုင်ပွဲဝင်သူများသည် ပြိုင်ပွဲနေ့တွင် အားရှိနေရမည့်အစား အားအနည်းဆုံး အခြေအနေသို့ ရောက်နေကြပါသည်။

၆ ရာ ၂၀ တွင် ဘုရားရှင်၏ ခွန်အားတန်ခိုးတော်ကို ခံစားရန်အတွက် အားနည်းမှုကို ဝန်ခံခြင်းအကြောင်း လက်တွေ့နှင့်ဆန့်ကျင်သော အဖြစ်မှန်ကို ဖတ်ရှုရပါသည်။ ဘုရင်ယောရှဖတ်အား ‘‘ဧဒုံပြည်က များစွာသော အလုံးအရင်း စစ်ချီလာပြီး တိုက်တော့မည်’’ ဟု လျှောက်သော်၊ ထိုကြောင့်…

တံတားများတည်ဆောက်ခြင်း

ကျွန်ုပ်တို့၏အိမ်နီးနားချင်းဝန်းကျင်၌ မြင့်မားသော ကွန်ကရစ်နံရံကြီးများက ဝန်းရံ ထားပြီး အပေါ်၌ လျှပ်စစ်ဆူးကြိုးများ တပ်ဆင်ထားသည်။ ရည်ရွယ်ချက်မှာ သူခိုး ဓားပြအန္တရာယ်ကို ကာကွယ်ရန် ဖြစ်သည်။

ရပ်ကွက်ထဲ၌ မကြာခဏဆိုသလို လျှပ်စစ်မီးချို့ယွင်းပြတ်တောက်ခြင်းကလည်း ပြဿနာတစ်ခု ဖြစ်သည်။ မီးပြတ်ပါက ထိုခြံရှေ့ တံခါးခေါင်းလောင်းက ဘာမှ အသုံးမဝင်တော့ပါ။ မီးပြတ်သောအချိန်တွင် ထိုနံရံကြောင့် ဧည့်သည်များမှာ ခြစ်ခြစ်တောက် ပူနေသည့်နေဒဏ် (သို့) မိုးသည်းဒဏ်ကို ခံရတော့သည်။ သို့သော် ခေါင်းလောင်းလေး မပျက်ဘဲ ကောင်းနေ ချိန်တွင် ဧည့်သည်များသည် သူတို့ မည်သူမည်ဝါ ဖြစ်သည် အပေါ်မူတည်ပြီးမှ ခြံထဲဝင်ခွင့်ရပြန်သည်။ ခြံခတ် နံရံကာထားခြင်းသည် ရည်ရွယ်ချက်ကောင်းသော်လည်း ဝင်ရောက်လာမည့်သူသည် ကျူးကျော်နှောင့်ယှက်သူ မဟုတ်ဘဲ ဧည့်သည်ဖြစ်နေပါက ထိုနံရံများက ခွဲခြားသော တံတိုင်းတစ်ခု ဖြစ်လာတော့သည်။

ရေတွင်းအနီး၌ သခင်ယေရှုနှင့် တွေ့ခဲ့သော ရှမာရိ အမျိုးသမီးတွင်လည်း အလားတူ ခွဲခြားခံရသည့်ပြဿနာ…

ကြယ်များကို ကျော်လွန်၍

၂၀၁၁ ခုနှစ်တွင် နာဆာ - အမျိုးသား လေကြောင်းနှင့်အာကာသအုပ်ချုပ်ရေးအဖွဲ့
သည် အာကာသအကြောင်း စူးစမ်းလေ့လာသုတေသနပြုသည့်နှစ်ပေါင်း (၃၀) ပြည့်နှစ်ကို ဆင်နွဲခဲ့ကြသည်။ ထိုရာစုနှစ် ၃ စုအတွင်း အာကာသယာဉ်များသည် လူပေါင်း ၃၅၅ ဦးကို အာကာသထဲခေါ်ဆောင်လျက် နိုင်ငံတကာ အာကာသစခန်းကို ကူညီ တည်ဆောက်ခဲ့ကြသည်။ ယခုတွင် အာကာသယာဉ် ၅ စင်းကို အနားပေးပြီးနောက် နာဆာ အဖွဲ့သည် အာကာသအတွင်း နက်ရှိုင်းသော ရှာဖွေစူးစမ်းလေ့လာမှုပြုရန် ဦးတည်ပြီး လုပ်ဆောင်နေပါသည်။

လူသားမျိုးနွယ်သည် အချိန်၊ ငွေကြေးမြောက်များစွာ ရင်းနှီးမြှုပ်နှံကာ၊ အာကာသယဉ်မှူးအချို့ဆိုလျှင် အသက်ကို စွန့်လွှတ်ပေးဆပ် သည့်အထိ အပြောကျယ်သော စကြဝဠာ အကြောင်းကို လေ့လာခဲ့ကြသည်။ သို့တိုင် ဘုရားရှင်၏ကြီးမြတ်လှသော ဖန်ဆင်းခြင်း လက်ရာများသည် ကျွန်ုပ်တို့ တိုင်းတာမှန်းဆနိုင်သည်ထက် ကျော်လွန်နေကြောင်း သက်သေပြနေသည်။

စကြဝဠာကို ဖန်ဆင်းကာ ထိန်းချုပ်သူ၊ ကြယ်တစ်လုံးချင်းစီ၏အမည်နာမကို…

အိမ်အပြန်လမ်းရှာခြင်း

တစ်ခါတစ်ရံ အသက်တာ၏ဘ၀ခရီးလမ်းသည် ကြမ်းတမ်းလွန်းသောကြောင့် ကျွန်ုပ်တို့ ကြောက်ရွံ့ထိတ်လန့်သွားပြီး အမှောင်ထုကြီးက အဆုံးမရှိတော့ဟုထင်ရသည်။ ကျွန်ုပ်၏ မိသားစုဘ၀၌ ဤသို့အကြပ်အတည်းကြုံရချိန်တွင် ဇနီးသည်က သူ ဘုရားရှင်နှင့် အချိန်ယူပြီးနောက် ရရှိခဲ့သောသင်ခန်းစာသစ်ကို တစ်မနက်က ဖွင့်ပြောပြခဲ့သည်။ ‘‘ကျွန်မတို့ ဒီမှောင်မိုက်ချိန်မှာ သင်ယူရရှိခဲ့တဲ့ သင်ခန်းစာ တွေကို အလင်းထဲ ရောက်ရှိသွားချိန်မှာ မေ့သွားမှာကို ဘုရားရှင်မလိုလားဘူးလို့ ကျွန်မထင်တယ်’’ ဟု ပြောပါသည်။

ရှင်ပေါလုသည် သူနှင့်သူ့မိတ်ဆွေများ အာရှိပြည်တွင် ခံစားခဲ့ရသော အလွန်ဆိုးရွားသော အခက်အခဲများအကြောင်း ဖော်ပြပြီးနောက် အထက်ပါအတွေးသဘောကို ကောရိနသု အသင်းသားများထံ ရေးသားပေးပို့ခဲ့သည် (၂ ကော ၁)။ ဘုရားသခင်သည် ကျွန်ုပ်တို့၏ အမှောင်မိုက်ဆုံးသော အချိန်များတွင်ပင် ကယ်တင်ရွေးနုတ်ပေးကြောင်း ကောရိနသု အသင်းသားများကို သူသိနားလည်စေလိုသည်။ ကျွန်ုပ်တို့ သက်သာခြင်းကို ခံစားရသည်တွင် အခြားသူများကို သက်သာ စေရန်အလိုငှာ သင်ယူတတ်ရန် ဖြစ်သည်(း၎)။ ရှင်ပေါလုနှင့်…

သင့်ခရီးအတွက် ခွန်အား

Hinds Feet On High Places သည် ဟဗက္ကုတ် ၃း၁၉ ၌ အခြေပြုထားသော ခရစ်ယာန်တစ်ဦး၏အသက်တာကို ဖော်ပြသည့် ဂန္တဝင်ဇာတ်လမ်းတစ်ပုဒ်ဖြစ်သည်။ ဇာတ်လမ်းမှာ ဇာတ်ဆောင် မယ်ကြောက် (Much-Afraid) နှင့် သိုးထိန်းတစ်ဦးတို့၏ ခရီးသွားသည့်အကြောင်းဖြစ်သည်။ သို့သော် မယ်ကြောက် သည် အလွန်ကြောက်သဖြင့် သိုးထိန်းအား သူ့ကို ချီပွေ့ထားရန် တောင်းဆိုခဲ့သည်။

သိုးထိန်းက ကရုဏာအပြည့်ဖြင့် ‘‘သင့်ကို တောင်တက်စေခြင်းထက် သင့်ကို အမြင့်ဆုံးသောအရပ်ထိ ကျွန်ုပ် ကိုယ်တိုင် ချီဆောင်သွားနိုင်ပါသည်။ သို့သော် ကျွနု်ပ်ထိုသို့ ပြုပါလျှင် သင့်ခြေထောက်များ သန်မာလာမည် မဟုတ်တော့ပါ။ ထို့ကြောင့် ကျွန်ုပ်သွားလေရာသို့ လိုက်ပါ သည့်အဖော် ဖြစ်မလာနိုင်တော့ပါ’’ ဟု ဖြေကြားခဲ့သည်။

မယ်ကြောက် ၏အဖြစ်သည် ဓမ္မဟောင်းကျမ်းမှ ပရောဖက်ဟဗ္ဗက္ကုတ်၏မေးခွန်းဖြစ်သော (အမှန်အတိုင်း ဝန်ခံရလျှင် ကျွန်ုပ်၏မေးခွန်းလည်းဖြစ်သော) ‘‘နာကျင်ဝေဒနာ တွေကို ငါဘာလို့ကြုံရမှာလဲ”…

အရာရှိ မစ်လီယို၏နှလုံးသား

စခန်းသို့ ပြန်ရောက်သော် အရာရှိ မစ်လီယိုသည် ပင်ပန်းနွယ်နယ်စွာဖြင့် နံရံကိုမှီချ လိုက်သည်။ အိမ်တွင်းအကြမ်းဖက်မှုတစ်ခု တိုင်ကြားလာသဖြင့် သူ့တာဝန်ချိန် တစ်ဝက်နီးပါးမျှ အချိန်ကုန်ခံဖြေရှင်းပေးခဲ့ရသည်။ ရလဒ်အနေဖြင့် ရည်းစားဖြစ်သူ ကောင်လေးက အချုပ်ထဲရောက်၊ သမီးက အရေးပေါ်ခန်းထဲရောက်နှင့်၊ မိခင်ခမျာ ဘယ်ကနေဘယ်လို ဒီအခြေထိ ရောက်သွားတာလဲဟု စိုးရိမ်တုန်လှုပ်နေသည်။ ဤအမှုကို ကိုင်တွယ်ရသည့် အရာရှိငယ်လေးတစ်ဦးအတွက် အချိန်ကုန်လွန်းလှသည်။

တပ်ကြပ်ကြီးက ‘‘ဟေ့ကောင်ရာ၊ ဘာမှမတတ်နိုင် ဘူးလေကွာ’’ ဟု ကြင်နာစာနာမှုဖြင့် ပြောပါသည်။ သို့သော် ထိုစကားသည် အရာမထင်။ အချို့သော အရာရှိများက အလုပ်ကို အလုပ်၌ ထားခဲ့နိုင်သည်။ ဗစ်မစ်လီယို အတွက်တော့ ထိုသို့မဟုတ်။ ယခုကဲ့သို့ ခက်ထန်သောအမှုမျိုးဆို ပို၍ပင် မထားခဲ့နိုင်ပါ။

အရာရှိ မစ်လီယို ၏ နှလုံးသားသည် သခင်ယေရှု၏ သနားခြင်းကရုဏာကို ထင်ဟပ်ပြနေသည်။ သခင်၏ တပည့်တော်များသည် ‘‘... ချဉ်းကပ်၍…

မစမှုအတွက် ဟစ်ခေါ်ခြင်း

၂၀၁၆ ခုနှစ်၌ ဓာတ်လှေခါး မတော်တဆမှုများကြောင့် လူ ၅ ဦး သေဆုံးပြီး ၅၁ ဦး ထိခိုက်ဒဏ်ရာရခဲ့သည်။ ထိုကြောင့် အရေးပေါ်အခြေအနေတွင် လူတို့ ငြိမ်သက်လုံခြုံစွာ ရှိနေရေး လူထုကို ပညာပေးရန် အသိပေးဟောပြောပွဲများကို နယူးယော့မြို့တော်၌ ကျင်းပခဲ့သည်။ တစ်စုံတစ်ရာမှားယွင်းလျှင် မိမိကိုယ်ကိုကယ်ရန် ကြိုးစားသူတို့မှာ အဆိုးဆုံး ပြဿနာကို ဖြစ်စေသည်။ အကောင်းဆုံး လုပ်ဆောင်ရန်မှာ ‘‘ခေါင်းလောင်း ခလုတ်နှိပ်ပါ၊ ငြိမ်ဝပ်စွာ ရှိနေပြီး စောင့်ဆိုင်းပါ’’ ဟု အာဏာပိုင်များက ရိုးရှင်းသော အကြံကို ပြောပြသည်။ နယူးယော့မြို့၏ အဆောက်အအုံ ဆိုင်ရာ အာဏာပိုင်များက လူထုကို ထိခိုက်ဒဏ်ရာရမှုမှ ကာကွယ်ရန်နှင့် အကြပ်အတည်းပြဿနာမှ ကယ်ထုတ်နိုင် အောင် ချက်ခြင်းအရေးယူဆောင်ရွက်မည်ဟုလည်း ကတိပြု ပြောကြားခဲ့သည်။
တမန်တော်ဝတ္ထုတွင် ရှင်ပေတရုသည် မိမိကိုယ်ကို ကယ်တင်ရန်ကြိုးစားသည့် အမှားအကြောင်းကို ဟောကြားခဲ့သည်။

တမန်တော်ဝတ္ထုကို ရေးသားသူ…

ကျောက်၌ တည်သောအိမ်

ကျွန်ုပ်၏မိတ်ဆွေများသည် ၎င်းတို့၏အိမ်၌ နှစ်ပေါင်းများစွာ နေထိုင်ခဲ့ကြပြီးနောက် ဧည့်ခန်းမှာ နိမ့်ကျသွားပြီး နံရံ၌လည်း အက်ကြောင်းများပေါ်လာကာ ပြတင်းပေါက် တစ်ခုဆိုလျှင် ဖွင့်မရတော့ပါ။ ထိုဧည့်ခန်းအပိုင်းကို အုတ်မြစ် မပါဘဲ အဖီဆွဲတိုးချဲ့ ခဲ့ခြင်း ဖြစ်ကြောင်း သိခဲ့ရသည်။ ဈေးပေါပေါနှင့် လုပ်ခဲ့သည့်လက်ရာကို ပြန်ပြင်ရန် အုတ်မြစ်အသစ် ပြန်ချရမည်ဖြစ်သောကြောင့် အချိန်ကြာ မည် ဖြစ်သည်။

အိမ်ပြင်သည့်ကိစ္စပြီးစီးသည့်နောက် သူတို့ထံ ကျွန်ုပ် သွားရောက်လည်ပတ်ရာ အက်ကြောင်းများ မရှိတော့ပါ။ ပြတင်းပေါက်လည်း ဖွင့်၍ရပြီဖြစ်သော်လည်း ပြောင်းလဲမှု များများစားစား မတွေ့ရပါ။ သို့သော် ကျွန်ုပ်နားလည်လိုက်သည်မှာ ခိုင်မာသောအုတ်မြစ်သည် အဓိကကျကြောင်း တည်း။

ဤအချက်က ကျွန်ုပ်တို့ဘဝအသက်တာအတွက် လည်း မှန်ကန်သည်။

သခင်ယေရှုက သူ့စကားကို နာယူမှုမရှိသည့် မိုက်မဲမှုကို ဖော်ပြရန် ပညာရှိနှင့် မိုက်မဲသည့် အိမ်ဆောက်သူနှစ်ဦး အကြောင်း ဥပမာကို မိန့်ကြားသည် (လု ၆း၄၆-၄၉)။ စကားတော်ကိုကြားပြီး…

ကျွန်မကို ချစ်တယ်လား

ဆယ်ကျော်သက်လူငယ်အနေဖြင့် အမေ၏အမိန့်အာဏာကို ဆန့်ကျင်ပုန်ကန်သည့် ကာလကို ကျွန်မဖြတ်သန်းခဲ့ရသည်။ ကျွန်မအရွယ်မရောက်မီ အဖေဆုံးသွားသဖြင့် အမေသည် အဖေ့အကူအညီမပါဘဲ သားသမီးကို ပျိုးထောင်ခြင်းရေစီးကြောင်းကို တစ်ဦးတည်း ပဲ့ကိုင်ထိန်းကျောင်းခဲ့ရသည်။

အမေက များသောအားဖြင့် ကျွန်မလုပ်လိုသည့် အရာကို တားဆီး၊ အခွင့်မပေးသောကြောင့် အမေသည် ကျွန်မ၏ ပျော်ရွှင်မှုကို မလိုလား၊ ကျွန်မကို မချစ်ဟု ကျွန်မ တွေးမိခဲ့ခြင်းကို ပြန်ပြောင်းသတိရမိပါသေးသည်။ ကျွန်မ အတွက် အကျိုးမရှိသည့် ကိစ္စများကို အမေတားဆီးခွင့်မပြု ခဲ့ခြင်းသည် စင်စစ် ကျွန်မကို တကယ်ချစ်ခြင်းကြောင့်ဟု ယခု ကျွန်မနားလည်သိမြင်ခဲ့ပါပြီ။

ဗာဗုလုန်၌ ကျွန်ခံရသည့် ကာလများကြောင့် ဘုရားသခင် ၎င်းတို့ကို မည်သို့ ချစ်သနည်းဟု ဣသရေလလူတို့ မေးမြန်းခဲ့သည်။ စင်စစ် ဗာဗုလုန်ကျွန်ဘဝသည် ၎င်းတို့ဘုရားသခင်ကို မပြတ်အာခံမှုကြောင့် ဘုရားက ၎င်းတို့ကို ဆုံးမနေခြင်း ဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်က ပရောဖက် မာလခိကို…

ကိုးစားတတ်ရန် သင်ယူခြင်း

ကျွန်တော် ဆယ်ကျော်သက်အရွယ်က ယုံကြည်ခြင်းစိတ်ရှိရန် အမေက အားပေးလျှင် တစ်ခါတစ်ရံ အမေ့ကို ကျွန်တော် ပြန်စိန်ခေါ်ခဲ့သည်။ ‘‘ဘုရားသခင်ကို ယုံကြည်ကိုးစားပါ။ ကိုယ်တော် စောင့်ထိန်းတော်မူမည်’’ ဟု အမေကဆိုလျှင် ‘‘အဲဒီလောက် မရိုးရှင်းဘူးနော် အမေ၊ ကိုယ့်ကိုယ်ကိုယ် စောင့်ရှောက်တဲ့သူကိုပဲ ဘုရားက မစမှာ’’ ဟု ကျွန်တော် ပြန်ခံပက်လေ့ရှိသည်။

သို့သော် ထိုအချက်ကို ကျမ်းစာ၏မည်သည့်နေရာ၌မျှ မတွေ့ရပါ။ ကျွန်တော်တို့၏ နေ့စဉ်လိုအပ်ချက်များအတွက် ဘုရားသခင်၌ အမှီပြုရန်သာ နှုတ်ကပတ်တော်မှ သွန်သင် ထားသည်။ ‘‘မိုးကောင်းကင်၌ ကျင်လည်သောငှက်များကို ကြည့်ရှုဆင်ခြင်ကြလော့။ ထိုငှက်တို့သည် မျိုးစေ့ကို မစိုက် မကြဲ။ စပါးကို မရိတ်၊ ကျီ၌ မစုမသွင်း၊ သို့သော်လည်း ကောင်းကင်ဘုံ၌ ရှိတော်မူသော သင်တို့အဘသည် သူတို့ကို ကျွေးမွေးတော်မူ၏။ ထိုငှက်တို့ထက် သင်တို့သည် အလွန် မြတ်သည် မဟုတ်လော။ အဘယ်သူသည် စိုးရိမ်ခြင်းအားဖြင့်…