အမျိုးအစား  |  odb

ကောက်သင်းကောက်ခြင်း

တန်ဇန်နီးယန်းမိတ်ဆွေ ရုသ်သည် သူ့မြို့တော် ဒိုဒိုမာရှိ ပြုပြင်ထိန်းသိမ်းမှုမရှိသည့် မြေတစ်ကွက်ကို ပြုပြင်ပြောင်းလဲပစ်ရန် ရူပါရုံရှိသည်။ ထိုဒေသရှိမုဆိုးမများ၏ လိုအပ်ချက်ကို သိရှိပြီး ဤဖုန်းဆိုးမြေကို ကြက်မွေးမြူရေးခြံ၊ ကောက်ပဲသီးနှံများ စိုက်ပျိုး နိုင်မည့်မြေအဖြစ် သူပြောင်းလဲလိုသည်။ လိုအပ်နေသူများအတွက် ကူညီ ထောက်ပံ့ပေးလိုသည့် သူ့ရူပါရုံက သူ၏ဘုရားသခင်အပေါ် ချစ်ခြင်း၌တည်ရှိပြီး ရုသ်ဆိုသော နှုတ်ကပတ်တော်ပါ သူ့နာမည်အားဖြင့် လှုံ့ဆော်ခံရခြင်း ဖြစ်သည်။

ဘုရားသခင်၏ပညတ်တော်၌ ဆင်းရဲနွမ်းပါးသူများ နှင့် တစ်ပါးအမျိုးသားများအား လယ်ပြင်ရှိ စပါးကျန်များကို ကောက်သင်းကောက်ရန် အခွင့်ပေးသည် (ဝတ် ၁၉း၉-၁၀)။ (ကျမ်းစာထဲမှ) ရုသသည် တစ်ပါးအမျိုးသားဖြစ်သည်။ သို့ဖြစ်၍ သူနှင့် သူ့ယောက္ခမတို့ စားသောက်ရန်အတွက် လယ်ထဲတွင် ကောက်သင်းကောက်ခွင့်ရခဲ့သည်။ ဆွေမျိုး ရင်းချာ ဖြစ်သည့် ဗောဇ၏လယ်ကွက်၌ ကောက်သင်းကောက်
ရခြင်းက နောက်ဆုံးတွင် ရုသနှင့် နောမိတို့အတွက် ခိုနားရာ အိမ်နှင့် အကာအကွယ်ကို တွေ့ရှိရခြင်းဖြစ်သည်။…

ဘုရားသခင်ကို ရှေ့ဦးစွာ မေးလျှောက်ပါ

ကျွန်တော်အိမ်ထောင်ကျပြီး အစောပိုင်းကာလတွင် ကျွန်တော့်ဇနီးအကြိုက် မည်သို့ မည်ပုံရှိသည်ကို သိအောင်စဉ်းစားပုံဖော်ရင်း ရုန်းကန်ခဲ့ရသည်။ ညစာကို နေအိမ်၌ပင် တိတ်တိတ်ဆိတ်ဆိတ် စားလိုသလား၊ စားသောက်ဆိုင်၌ သွားစားလိုသလား။ အပေါင်းအသင်းများနှင့် ကျွန်တော်လျှောက်သွားခြင်းက သူ့အတွက်အဆင်ပြေပါ့မလား၊ ဒါမှမဟုတ် ပိတ်ရက်အချိန်လေးကို သူ့အတွက် ထားပေးရန် သူမျှော်လင့်နေမလား။ တစ်ကြိမ်တွင်တော့ ကျွန်တော်က တွေးဆပြီး ကြိုတင်ဆုံးဖြတ်ထားမည့်အစား သူ့ကို “သဲ ဘာလုပ်ချင်သလဲ” ဟု မေးလိုက်သည်။

နွေးထွေးသောအပြုံးလေးနှင့် သူက “နှစ်မျိုးလုံး ကျွန်မအတွက် အဆင်ပြေပါတယ်။ ကျွန်မအတွက် စဉ်းစား ပေးတာကိုပဲ ကျွန်မပျော်နေပါပြီ” ဟု ပြန်ပြောသည်။

အချိန်တော်တော်များများ၌ မည်သည့်အလုပ်ကို ရွေးချယ်ရမည်စသည်ဖြင့် ဘုရားသခင် ကျွန်တော့်ကို ဘာလုပ်စေချင်သလဲဟု အလွန်အမင်း တိတိကျကျ သိရှိလိုသည်။ လမ်းပြရန် ဆုတောင်းခြင်း၊ နှုတ်ကပတ်တော်ဖတ်ခြင်းဖြင့် အဖြေ ရေရေရာရာ တိတိကျကျ မဖော်ပြ ပေးပါ။ သို့သော် ရှင်းလင်းသည့်အဖြေတစ်ခုရှိပါသည်။…

ကျွန်ုပ်တို့ ပင်ပန်းအားလျော့သောအခါ

တစ်ခါတစ်ရံ၌ မှန်ရာကို ကြိုးစားလုပ်ဆောင်ရသည်မှာ ပင်ပန်းလှသည်။ အကောင်း ရည်ရွယ်ပြီး ပြောသည့်စကား၊ လုပ်မိသည့်အရာက အကျိုးဖြစ်စေသလား ဟု ကျွန်ုပ်တို့ တွေးကောင်းတွေးမိမည်။ မကြာမီက မိတ်ဆွေတစ်ဦးထံ အားပေးနှစ်သိမ့်ပေးရန် ရည်ရွယ်ပြီး ဆုတောင်းလျက် အီးမေးလ်ပို့ပေးခဲ့ရာ သူက ဒေါသဖြင့် တုံ့ပြန်သည့် အတွက် ဤအကြောင်းနှင့်ပတ်သက်ပြီး ကျွန်ုပ် တွေးမိခြင်းပါ။ ချက်ခြင်းပင် ကျွန်ုပ်လည်း စိတ်မကောင်းဖြစ်ပြီး စိတ်နာကာ ဒေါသပါထွက်လာသည်။ ဘယ့်နှယ့် ငါ့ကို အထင်မှားရတာလဲ။

ဒေါသနှင့် ပြန်လည်မတုံ့ပြန်မီ ကျွန်ုပ်သတိရလိုက် သည်မှာ တစ်စုံတစ်ဦးအား ရှင်ယေရှု သူ့ကို ချစ်ကြောင်း ပြောပြသောအခါ ဘာဖြစ်မည် (သို့) (မိမိဖြစ်စေလိုသည့် အတိုင်းဖြစ်မဖြစ်)ကို မသိမမြင်နိုင်ကြောင်း ပြန်သတိရမိ သည်။ သခင်ဘုရားထံပါးဆွဲခေါ်ရန် မျှော်လင့်ချက်ဖြင့် တစ်ပါးသူများကို ကျေးဇူးပြုသောအခါ သူတို့က ကျွန်ုပ်တို့ကို ငြင်းပယ်ကောင်း ငြင်းပယ် မည်။ တစ်စုံတစ်ဦးကို မှန်ကန်စွာ…

ငါးကြီးအကြောင်း မဟုတ်ပါ

မီဂါလူး သည် အဖြူရောင်ဝေလငါးအဖြစ် ပထမဦးဆုံး မှတ်တမ်းတင်ခံရသော ဝေလငါး ဖြစ်သည်။ ထိုငါးကို သြစတြေးလျ နိုင်ငံ တောင်ပိုင်း ကွင်းစ်လန်း ကမ်းလွန် ဒေသတွင် ကြိမ်ဖန်များစွာ မြင်တွေ့ရသည်။ ခန့်မှန်းခြေ ပေ ၄၀ ကျော် အရှည်ရှိသည့် ကြီးမားခန့်ညားလှသည့် သတ္တဝါမှာ ရှားပါးတိရစ္ဆာန်မျိုးစိတ် ဖြစ်သည့်အတွက် သြစတြေးလျနိုင်ငံမှ ၄င်းတို့ကို အကာအကွယ်ပေးသည့် ဥပဒေကို ထုတ်ပြန်ခဲ့သည်။

ထွက်ပြေးတိမ်းရှောင်နေသည့် ပရောဖက်ကြီးကို မြိုချရန် “ဧရာမရှားပါးငါးကြီး” တစ်ကောင်ကို ဘုရားရှင် ပြင်ဆင်ကြောင်း သမ္မာကျမ်း၌ ဖော်ပြထားသည်(ေ ၁း၁၇)။ဘုရားသခင်သည် နိနဝေကို တရားစီရင်မည့်အကြောင်း ကြားပြောရန် ယောနအား စေခိုင်းသည်။ သို့သော် ဟေဗြဲလူတို့အပါအဝင် လူတိုင်းအပေါ်ရက်စက် ကြမ်းကြုတ် သော နိနဝေမြို့သားများနှင့် ယောန မပတ်သက်လို။ သို့နှင့် သူထွက်ပြေးရာ အဖြစ်အပျက်များက ပိုဆိုးသွားသည်။ ငါးကြီး၏ဝမ်းထဲမှ ယောန နောင်တရခဲ့သည်။…

လှပသောအရာများစွာ

သူမကွယ်လွန်မီအချိန်လေးတွင် ပန်းချီဆရာမနှင့် သာသနာပြုဆရာမတစ်ဦးဖြစ်သူ လေလီယက် ထရော်တာသည် ပြတင်းပေါက်အပြင်သို့ ကြည့်ပြီး ကောင်းကင်မြင်းရထား ရူပါရုံကို မြင်တွေ့ခဲ့သည်။ သူ၏အတ္ထုပတ္တိရေးသူ၏ အဆိုအရ သူ့မိတ်ဆွေတစ်ဦးက ‘‘မင်း လှပတဲ့အရာတွေ အများကြီးကို တွေ့ရလား’’ ဟု မေးရာ၊ သူက ‘‘ဟုတ်တယ်။ လှတဲ့အရာတွေအများကြီးပဲ’’ ဟု ပြန်ဖြေခဲ့သည်။

ထရော်တာ နောက်ဆုံးပြောသွားသည့်စကားက သူ့အသက်တာ၌ ဘုရားသခင်ပြုသောအမှုတော်ကို ထင်ဟပ်ဖော်ပြနေသည်။ သေခြင်း၌သာမဟုတ်ဘဲ သူ့ဘဝ တစ်လျှောက်တွင် ဘုရားသခင်သည် သူ့ကို သော်လည်းကောင်း၊ သူ့အားဖြင့်သော်လည်းကောင်း၊ အလှတရား များကို ထုတ်ဖော်ပြသခဲ့သည်။ ပါရမီထူးသော အနုပညာရှင် တစ်ဦးဖြစ်သော်လည်း အယ်ဂျီးရီးယား၌ သာသနာပြုအဖြစ် သခင်ယေရှုကို အစေခံရန် ရွေးချယ်ခဲ့သည်။ အနုပညာလုပ်ငန်းထက် သာသနာပြုကွင်းကို သူရွေးချယ် လိုက်သောအခါ သူ့ကိုလေ့ကျင့်သင်ကြားပေးသည့်ဆရာ နာမည်ကျော် ပန်းချီဆရာ ဂျွန် ရပ်စကင်က ‘‘တကယ့် ဆုံးရှုံးမှုကြီးပဲ’’ ဟု မှတ်ချက်ပေးခဲ့ကြောင်း…

ဘုရားသခင်၏တရားလမ်း၌ လျှောက်လှမ်းခြင်း

လူအုပ်ထဲသွားနေရင်း သား၏ပုခုံးကို တို့ကာ ‘‘အဖေတို့ ဒီလမ်းသွားကြမယ်’’ ဟု ပြောကာရှေ့မှ သူ့အမေနှင့် ညီအစ်မများနောက်လိုက်ရန် လမ်းကြောင်း ပြန်တည့်ပေးလိုက်သည်။ ကျွန်တော်တို့ မိသားစု သွားရောက်လည်ပတ်သည့် ကစားကွင်း၌ အချိန်နှင့်အမျှ ကျွန်တော် ဤသို့ ရံဖန်ရံခါ ပြောနေရသည်။ သားက ပင်ပန်းနေပြီးဖြစ်၍ အလွယ်တကူပင် အာရုံထွေပြားနေသည်။ ‘‘သားက ဘာကြောင့် သူတို့နောက် မလိုက်နိုင်ရတာလဲ’’ ဟု ကျွန်တော် တွေးမိသည်။

ထို့နောက် ထိုအတွေးက ကျွန်တော့်ကို ပြန်ထိ သည်။ ကျွန်တော်လည်း ထိုသို့ ဘယ်နှစ်ကြိမ် ပြုမိသနည်း။ ဘုရားခင်၏တရားလမ်းကို ရှာဖွေရမည့်အစား မိမိလုပ်ချင် သည့် မိမိအလိုနောက်လိုက်ပါရန် သွေးဆောင်ညှို့ယူ ခံရပြီး ဘုရားသခင်နှင့်အတူ နာခံလိုက်လျှောက်ခြင်းမှ ဘယ်နှစ်ကြိမ်မျှ ဦးတည်ရာ ပြောင်းသွားသနည်း။

ဣသရေလလူများအတွက် ဘုရားသခင်ထံမှ လာသော ဟေရှာယ၏စကားကို ဆင်ခြင်ကြည့်ပါ။ ‘‘သင်သည် လက်ျာဘက် လက်ဝဲဘက်သို့…

ညီအစ်ကိုချင်းကို နားထောင်ပေးခြင်း

‘‘မင်း ငါပြောတာနားထောင်သင့်တယ်။ ငါက မင်းရဲ့အစ်ကို’’ ဟူသော တောင်းပန်စကား သည် ကျွန်တော့်အိမ်နီးချင်းဖြစ်သူ ညီအတွက် စိုးရိမ်နေသည့် အစ်ကိုတစ်ဦး၏စကား ဖြစ်သည်။ အစ်ကို နေသားကျ အဆင်ပြေနေသည့်နေရာမှ အဝေးတစ်နေရာသို့ ညီဖြစ်သူက ပြောင်းရွေ့ရန်ပြင်နေခြင်းကြောင့်ဖြစ်သည်။ အစ်ကိုဖြစ်သူသည် မည်သည့် အခြေအနေက အကောင်းဆုံးဖြစ်သည်ကို ပိုမိုကောင်းမွန်စွာ ဆုံးဖြတ်နိုင်ကြောင်း သိသာပါသည်။

အစ်ကိုအစ်မများ၏ အမြော်အမြင်ရှိသည့် အကြံ ပေးချက်ကို ကျွန်ုပ်တို့ ဘယ်နှစ်ဦးမျှ ငြင်းဆန်ခဲ့ပါသနည်း။ သင့်ထက် ရင့်ကျက်သူတစ်ဦး၏ အကြံကောင်းကို ငြင်းဆန်ပြီး အကျိုးဆက်များကို ခံစားနေရပါက သင်သည် တစ်ဦးတည်း မဟုတ်ပါ။

သခင်ယေရှု၌ ယုံကြည်သူများအနေနှင့် ကျွန်ုပ်တို့ ရရှိနိုင်သည့် အကြီးမားဆုံး အင်အားတစ်ခုမှာ မိသားစုပင် ဖြစ်သည်။ သခင်ယေရှုကို အတူတူ ယုံကြည်ကြသည့် မိသားစုဝင်များသည် ဝိညာဉ်ရေး၌ ဆက်နွယ်နေကြသည်။ ဤမိသားစုတွင် ဘုရားသခင်နှင့် မိမိတို့အချင်းချင်းကို ချစ်ခင်ကြသော တည်ငြိမ်…

အားပေးနှစ်သိမ့်သူများ၏မင်္ဂလာ

၂၀၁၀ ခုနှစ်၌ ရုံတင်သည့် The King’s Speech ရုပ်ရှင်ဇာတ်ကားသည် နောင်တော်က ထီးနန်းကို စွန့်လိုက်သည့်အတွက် မမျှော်လင့်ဘဲ ဧကရာဇ်ဖြစ်လာသည့် အင်္ဂလန်ပြည့်ရှင် ဆဌမမြောက် ဂျော့ခ်ျ ဘုရင် အကြောင်းဖြစ်သည်။ ရေဒီယို၏လွှမ်းမိုးမှုအခန်းကဏ္ဍက ကြီးမားလာသည့်အတွက်ကြောင့် ဒုတိယကမ္ဘာစစ်ထဲ ကျရောက်လုဆဲဖြစ်သည့် တိုင်းပြည်၏အခြေအနေ၌ အစိုးရအရာရှိများက နှုတ်ရေး ကြွယ်ပြီး စကားအပြောအဆို ကျွမ်းကျင်သည့်ခေါင်းဆောင်ကိုအလိုရှိကြသည်။ သို့သော် ဂျော့ခ်ျ ဘုရင်က စကားထစ် သဖြင့် ထိုအားနည်းချက်နှင့် ရုန်းကန်နေရသည်။

ရုပ်ရှင်ထဲမှ ဂျော့ခ်ျ ၏ မိဖုရား အဲလစ်ဇဘက်၏ သရုပ်ဆောင်မှုက ကျွန်မကို အထူးသဖြင့် ဖမ်းစားသည်။ စကားထစ်သည့်ပြဿနာကို ကျော်လွှားနိုင်ရန် ဂျော့ခ်ျဘုရင် ရုန်းကန်ရသည့်အချိန်တစ်လျှောက်လုံး သူသည် ဘုရင့်အတွက် ခိုင်မြဲ တည်ကြည်သော အားပေးနှစ်သိမ့်မှု အရင်းအမြစ်ကြီးဖြစ်ခဲ့သည်။ သူ၏မပြောင်းမလဲမြဲမြံသည့် ထောက်မ ပေးဆပ်မှုက ဘုရင်ကြီးအတွက် အခက်အခဲကို ကျော်လွှားနိုင်ပြီး စစ်ကြီးအတွင်း…

မျှော်လင့်မထားသော နည်းလမ်း

၁၉၈၆ ခုနှစ်တွင် အသက်ငါးနှစ်အရွယ် လဲဗန် မာရစ်သည် အင်္ဂလန်နိုင်ငံ ဂျာစီတိရိစ္ဆာန်ရုံရှိ ပေ ၂၀ အမြင့်မှ လူဝံများထားရှိသည့်လှောင်ချိုင့်ထဲသို့ကျသွားသည်။ မိဘများနှင့် ကြည့်ရှုသူများက အော်ဟစ်ကာ အကူအညီတောင်းကြရာ ဂျမ်ဘိုအမည်ရှိ ငွေမင်ရောင်  လူဝံထီးကြီးက မလှုပ်မရှက်ဖြစ်နေသော ကလေးငယ်နှင့် အခြားလူဝံများကြား ဝင်ရပ် လိုက်ပြီး ကလေး၏ကျောပြင်ကို ညင်ညင်သာသာ ပုတ်ပေး သည်။ လဲဗန်လေး စပြီး ငိုလိုက်သောအခါ ဂျမ်ဘိုက အခြား လူဝံများကို သူတို့၏လှောင်အိမ်အသီးသီးသို့ ပြန်ဝင်စေပြီး တိရိစ္ဆာန်ရုံဝန်ထမ်းနှင့် အရေးပေါ်ဆေးရုံကား ရောက်လာပြီး ကလေးကို ကယ်ဆယ်သည် အထိ စောင့်ရှောက်ပေးခဲ့သည်။ နောင်နှစ်ပေါင်း ၃၀ ကျော်ကြာသည်အထိ လဲဗန်သည် အံ့သြဖွယ် မျှော်လင့်မထားသော နည်းလမ်းဖြင့် ပြုမူခဲ့သူ၊ သူ့ကို စောင့်ရှောက်သည့် ကောင်းကင်တမန် ဂျမ်ဘိုအကြောင်းကို ပြောနေဆဲဖြစ်ပြီး၊ ၎င်းကြောင့် လဲဗန်၏ လူဝံများအပေါ်ထားသော အမြင်ကို ထာဝရ…

မျှော်လင့်ခြင်းကို ရှာဖွေရမည့်နေရာ

အဲလိဇဘက်သည် မူးယစ်ဆေးသားကောင်ဘဝနှင့် အချိန်အတော်ကြာမျှ ရုန်းကန် ခဲ့ရပြီးနောက် သူဆေးပြတ်သွားသည့်အခါ အခြားသူများကိုလည်း တစ်ဖန် ပြန်ကူညီ လိုသည်။ ထို့ကြောင့် စာတိုလေးများရေးပြီး သူမြို့တစ်ခုလုံးသို့ လူမသိအောင် ဖြန့်သည်။ ကားဝိုက်ပါ၌ သူညှပ်ခဲ့သည်။ ပန်းခြံရှိတိုင်များ၌ ကပ်သည်။ ယခင်က မျှော်လင့်ခြင်း အမှတ်အသားများကို သူရှာဖွေမိခဲ့သည် မဟုတ်ပါလား။ ယခုတော့ ထိုမျှော်လင့်ခြင်းကို အခြားသူများ ရှာဖွေတွေ့ရှိအောင် သူချန်ရစ် ပေးလေပြီ။ သူ၏စာတိုလေး တစ်ခုတွင် ''အချစ်များစွာဖြင့် မျှော်လင့်ခြင်းများ ပေးပို့လိုက် သည်'' ဟူ၍ ရေးသားထားသည်။

ချစ်မေတ္တာနှင့်ယှဉ်သည့် မျှော်လင့်ခြင်းသည် သခင်ယေရှု ပေးသည့်အရာပင်ဖြစ်သည်။ နေ့ရက်သစ်တိုင်း တွင် သူ့မေတ္တာကို ပေးသနားလျက် ထိုမေတ္တာနှင့် ရောယှက် သည် မျှော်လင့်ခြင်းအားဖြင့် ကျွန်ုပ်တို့ကို အားပြည့်ခိုင်ခံ့စေ သည်။ သခင့်မေတ္တာတော်က အတိုင်းအဆနှင့် တစ်စက်ချင်း ကျနေခြင်း မဟုတ်ဘဲ သူ့နှလုံးသားမှ ကျွန်ုပ်တို့နှလုံးသား…