အမှိုက်ပုံးထဲမှ ရွှေလက်စွပ်
ကောလိပ်ကျောင်းတက်စဉ်က တစ်မနက်တွင် အိပ်ယာမှ နိုးထလာစဉ် ကျွန်မ၏ အခန်းဖော် ကယ်ရယ် အား ထိတ်ပြာနေသည့်ပုံစံဖြင့် တွေ့လိုက်ရသည်။ သူ၏လက်စွပ် ပျောက်သွားခြင်းကြောင့်ဖြစ်သည်။ ကျွန်မတို့ နေရာအနှံ လိုက်ရှာသည်။ နောက်တစ်နေ့ တွင် အမှိုက်ပုံးကို ဖွ၍ရှာသည်။
အမှိုက်ထုပ်တစ်ထုပ်ကို ကျွန်မဆွဲဖြဲရင်း ‘‘ဒီလက်စွပ် ကို နင်မတွေ့တွေ့အောင်ရှာဖို့ ဆုံးဖြတ်ထားတယ်ပေါ့’’ ဟု ပြောရာ သူက ‘‘ငါ ဒီဒေါ်လာနှစ်ရာတန် လက်စွပ်ကို လုံးဝအဆုံးရှုံးမခံနိုင်ဘူး’’ သူက ပြန်ပြောပါသည်။
ကယ်ရယ်၏ စိတ်ပိုင်းဖြတ်ချက်ကို ကြည့်ပြီး သခင်ယေရှုမိန့်ကြားသည့် ကောင်းကင်နိုင်ငံ ပုံဥပမာတော်ကို သတိရမိသည်။ ‘‘ကောင်းကင်နိုင်ငံတော်သည် လယ်၌ ဝှက်ထားသော ဘဏ္ဍာနှင့်တူ၏။ ထိုဘဏ္ဍာကို တွေ့သော သူသည် တစ်ဖန် ဖုံးအုပ်၍ ဝမ်းမြောက်သောစိတ်နှင့် သွားပြီး လျှင် ရတတ်သမျှကိုရောင်း၍ ထိုလယ်ကို ဝယ်တတ်၏’’ (မ ၁၃း၄၄)။ လောက၌ အချို့ကိစ္စများသည်…
လွတ်မြောက်စေပြီ
ဂျော်နသန်သည် မွေးရာပါ အာရုံကြောချို့ယွင်းသည့်ရောဂါဖြင့် မွေးဖွားလာပြီး သူနှင့် စကားမပြောနိုင်၊ ဆက်သွယ်မှုပြု၍လည်းမရပါ။ သို့သော် သူ့မိခင် ချန်တယ် ဘရိုင်ယန်က အရှုံးမပေးပါ။ ထိုကလေးကို ပြုစုလျက် ၁၀ နှစ်အရွယ်ရောက်လေသော် စာလုံးရေးထားသည့် ဘုတ်ပြားဖြင့်၊ သားနှင့်မျက်လုံးဖြင့် ဆက်သွယ်ရန် နည်းလမ်း ရှာကြံခဲ့သည်။ ထိုအားထုတ်မှု အောင်မြင်ခဲ့ပြီးသည့်နောက် တွင် မိခင်က ‘‘သူ့ကို ပိတ်ထားတဲ့အရာပွင့်သွားပြီ၊ ခုတော့ သူ့ကို ဘာမဆို မေးလို့ရတယ်။ ဆက်သွယ်လို့ရတယ်’’ ဟု ဆိုသည်။ ယခုတွင် ဂျော်နသန်လေးသည် မျက်လုံးဖြင့် ဆက်သွယ်ကာ စာရေးစာဖတ်လုပ်နိုင်ပြီဖြစ်သည်။ သူက ကဗျာပင် ရေးစပ်လိုက်သေးသည်။ ‘‘မိသားစု၊ မိတ်ဆွေများနှင့် စကားပြောရတာ ဘယ်လိုနေလဲ’’ ဟု သူ့ကိုမေးရာ သူက ‘‘သူတို့ကို ချစ်ကြောင်းပြောရလို့ အံ့မခန်း ခံစားရပါတယ်’’ ဟု ဖြေသည်။
ဂျော်နသန်၏အကြောင်းက စိတ်ကို တို့ထိခံစားရစေပြီး ဘုရားသခင်သည်…
လွတ်မြောက်ပြီ
ငယ်စဉ် ကျေးလက်ဒေသ၌ နေထိုင်ခဲ့စဉ်က ကြက်ပေါက်လေးများနှင့် ပတ်သက်၍ ကျွန်ုပ် စိတ်ဝင်စားစွဲလန်းခဲ့သည်။ ကြက်ပေါက်လေးတစ်ကောင်ကို ဖမ်းမိတိုင်း မြေပေါ်၌ချပြီး လက်ထဲ၌ ခေတ္တမျှ ကိုင်ထားပြီး အသာလေးလွတ်လိုက်သည်။ ၎င်းကို ကိုင်ထားဆဲဟု ထင်ကာ ကြက်ပေါက်လေးက ဝပ်နေဆဲဖြစ်သည်။ ကြက်ကလေးထွက်ပြေးနိုင်အောင် လွှတ်ပေးလိုက်သော်လည်း ၎င်းက အချုပ်ခံရဆဲဟု ခံစားနေ ရရှာသည်။
သခင်ယေရှုကို ယုံကြည်လက်ခံသောအခါ ကိုယ်တော်က ကျွန်ုပ်တို့ကို အပြစ်တရားနှင့် စာတန်၏ ချုပ်ကိုင်မှုမှ ကြွယ်ဝသော ကျေးဇူးတော်ဖြင့် ကယ်လွှတ် ခဲ့သည်။ သို့သော် ကျွန်ုပ်တို့၏ မကောင်းမှုအကျင့်နှင့် စိတ်ထားများကို ပြောင်းလဲရန် အချိန်ယူရမည်ဖြစ်သော ကြောင့် စာတန်သည် ကျွန်ုပ်တို့ကို အချုပ်ခံရဆဲဟုခံစား ရအောင် လုပ်နိုင်သည်။ သို့သော် ဘုရားသခင်၏ဝိညာဉ်တော်က ကျွန်ုပ်တို့ကို လွတ်မြောက်စေခဲ့ပြီ ဖြစ်သည်။ ကျွန်ုပ်တို့ကို ကျွန်ပြုမထားပါ။ ရောမမြို့သားတို့အား ရှင်ပေါလုက ‘‘ဘုရားသခင် ကယ်လွတ်တော်မူသောကြောင့် ယေရှုခရစ်၌…
ကျေးဇူးတော်ချီးမွမ်းခြင်း
ဗြိတိသျှစာရေးဆရာ G. K. Chesterton ၏ အရေးအသားနှင့် စာအုပ်များကို နှစ်ပေါင်းများစွာ ကျွန်တော်နှစ်သက်ခဲ့သည်။ သူရေးသားသည့် ဟာသဉာဏ်နှင့် ထိုးထွင်းအမြင်များကို ကျွန်တော် သဘောကျစွာ ရယ်မောမိပြီး ဆက်လက်ကာ ပို၍ နက်နဲစွာ အတွေးဝင်မိသည်။ ဥပမာ ‘‘အစာမစားမီ(ခင်) ကျေးဇူးတော်ချီးမွမ်းသည်။ သို့သော် ကျွန်တော်သည် ပြဇာတ်နှင့် အော်ပရာပွဲ မစမီ ကျေးဇူးတော် ချီးမွမ်းသည်၊ ကပွဲမစမီ၊ စာအုပ်တစ်အုပ် မဖတ်မီ၊ ပုံနှင့်ပန်းချီ မရေးဆွဲမီ၊ ရေမကူးမီ၊ ဓားရေးနှင့် လက်ဝှေ့အားကစား မလုပ်မီ၊ လမ်းမလျှောက်မီ၊ မကစားမီ၊ မကမီ ကျေးဇူးတော်ချီးမွမ်းပါသည်။ စာရေးရန် မှင်တံကို မှင်မတို့မီ ကျေးဇူးတော်ချီးမွမ်းပါသည်’’ ဟု သူရေးခဲ့သည်။
အစာမစားမီ ကျေးဇူးတော်ချီးမွမ်းခြင်းက ကောင်းပါသည်။ သို့သော် ထိုမျှနှင့် ပြီးမသွားသင့်ပါ။ တမန်တော် ရှင်ပေါလုက ပြုမူလုပ်ဆောင်လေရာ အမှုအရာတိုင်းအတွက်ကျေးဇူးတော် ချီးမွမ်းသင့်ပြီး ဘုရားသခင်၏ဘုန်းတော်…
မိတ်ဆွေ၏နှစ်သိမ့်သက်သာစေမှု
ကျွန်မဖတ်ဖူးသည့် အကြောင်းအရာလေးတစ်ခုတွင် ကျောင်းဆင်းချိန်၌ အိမ်ပြန်လာ သောသမီးမှာ ခါးအောက်ပိုင်းတစ်ခုလုံး ဗွက်များဖြင့်ပေကျံနေ၍ မိခင်က အံ့အားသင့် သွားသည်။ သမီးက သူ့သူငယ်ချင်းတစ်ဦး ဗွက်အိုင်ထဲ ခြေချော်သွားပြီး အခြား သူငယ်ချင်းတစ်ဦးက အကူအညီသွားရှာနေစဉ် သူက ချော်လဲသွားသည့် သူငယ်ချင်းကို
သနားလွန်းသဖြင့် သူ့ဘေးနား၌ထိုင်ကာ ဒဏ်ရာရ သွားသည့် ခြေထောက်ကို ကိုင်ထားပေးခဲ့ခြင်းကြောင့်ဟု ရှင်းပြသည်။ ထို့နောက် သူပြန်ထွက်သွားကာ သူငယ်ချင်းနှင့်အတူ ဗွက်အိုင်ထဲ ပြန်ထိုင်ကာ ဆရာမလာသည်အထိ စောင့်ပေး ခဲ့သည်။
ယောဘသည်လည်း သားသမီးများ ဆုံးပါးပြီး ခန္ဓာကိုယ်တစ်ခုလုံး၌ အနာများပေါက်ကာ နာကျင်ခံစားရစဉ် သူ့ဝေဒနာက ကြောက်ခမန်းလိလိဖြစ်သည်။ သူ့မိတ်ဆွေ သုံးဦးက သူ့ကိုနှစ်သိမ့်ရန် ရောက်လာကြောင်း ကျမ်းစာက ဆိုသည်။ ယောဘကို တွေ့သောအခါ ‘‘အသီးသီး မိမိတို့ဝတ်လုံကိုဆုတ်၍ မြေမှုန့်ကိုယူပြီးလျှင် မိမိတို့ ခေါင်းပေါ်သို့ကျရောက်စေခြင်းငှာ မိုးကောင်းကင်သို့ ပစ်တင်ကြ၏။ ခုနှစ်ရက်ပတ်လုံး ယောဘနှင့်အတူ…
ပိုင်ဆိုင်ပတ်သက်မှု
စနေနေ့ညတိုင်း ထုံးစံအတိုင်း ကျွန်တော် ညဥ့်နက်သည့်အထိ အပြင်ထွက်လည်ပတ် ခဲ့သည်။ ထိုစဉ်က အသက် ၂၀ အရွယ်မျှသာရှိပြီး ဘုရားသခင်နှင့် ဝေးသထက်ဝေးအောင် မြန်နိုင်သမျှမြန်မြန် ကျွန်တော်ရှောင်ပြေးသည်။ သို့သော် ရုတ်တရက် ထူးဆန်းစွာ ကျွန်တော့်ဖခင်ကြည့်ရှုသည့် အသင်းတော်သို့ တက်ရောက်ရန် သွေးဆောင်မှုကို ခံရသည်။ ဂျင်းဘောင်းဘီအနွမ်းနှင့် တီရှပ်အစုတ်နှင့် ခွာမြင့် ရှူးဖိနပ်တို့ ဝတ်ဆင်ပြီး မြို့ထဲသို့ ကားမောင်းချသွားသည်။
ထိုနေ့က အဖေမည်သည့်တရားဟောသည်ကို ကျွန်တော် မမှတ်မိပါ။ သို့သော် ကျွန်တော့်ကို တွေ့လိုက်၍ အဖေအလွန်ဝမ်းသာသွားသည်ကိုဖြင့် ကျွန်တော်မမေ့နိုင်ပါ။ ကျွန်တော့်ပခုံးကို ဖက်ပြီး တွေ့သမျှလူများနှင့် ‘‘ဒါကျွန်တော့် သားလေ’’ ဟု ဂုဏ်ယူစွာ မိတ်ဆက်ပေးသည်။ အဖေ့ ဝမ်းမြောက်ခြင်းက ဘုရားသခင်၏မေတ္တာတော်ကို ဖော်ကျူး လျက် ဆယ်စုနှစ်ပေါင်းများစွာ ကျွန်တော့်စိတ်ထဲ စွဲထင် နေခဲ့သည်။
ဘုရားသခင်ကို နှစ်သက်မြတ်နိုးဖွယ်ဖခင်အဖြစ် ဖော်ကျူးခြင်းကို ကျမ်းစာ တစ်အုပ်လုံးတွင်…
သခင်ယေရှုနှင့် မိတ်သဟာယဖွဲ့ခြင်း
ဆရာကြီးဘီလီဂရေဟမ်နှင့် ကပ်လျက်ဘေးချင်းယှဉ်ထိုင်ရန် အခွင့်အရေးရခဲ့ချိန်ကို ကျွန်ုပ်မမေ့နိုင်ပါ။ ကျွန်ုပ်ဂုဏ်ယူမိသော်လည်း သင့်တင့်လျောက်ပတ်သော မည်သည့် စကားကို ပြောရမည်နည်းဟု စိုးရိမ်ခဲ့သည်။ သူ၏အမှုတော်ဆောင်သက်တမ်း တစ်လျှောက်လုံးတွင် မည်သည့်အရာကို သူအနှစ်သက်ဆုံးနည်းဟု မေးကာ စကားစ လိုက်လျှင် စိတ်ဝင်စားစရာဖြစ်မည်ဟု ကျွန်ုပ်တွေးပြီး မေးလိုက်ကာ သမ္မတကြီးများ၊ ဘုရင်၊ဘုရင်မကြီးများနှင့် သိကျွမ်းရခွင့်လား၊ ကမ္ဘာတစ်ဝန်းတွင် လူသန်းပေါင်းများစွာကို ဧဝံဂေလိ ဟောပြောရခြင်းများလား ဟု ဖြစ်နိုင်ခြေအဖြေ များကိုလည်း အဆိုပြုမိသည်။
ကျွန်ုပ်စကားမဆုံးမီပင် ဆရာကြီးက ကျွန်ုပ်ကို တားပြီး မဆိုင်းမတွ ဖြေသည်။ ‘‘သခင်ယေရှုနဲ့ မိတ်သဟာယ ဖွဲ့ခြင်းပဲ။ သခင်ရဲ့မျက်မှောက်တော်ကို ခံစားရဖို့၊ သူ့ရဲ့ ပညာတော်ကို ခံယူရိတ်သိမ်းဖို့၊ ကျွန်တော့်ကို ပို့ဆောင် လမ်းပြဖို့၊ ဒါတွေက ကျွန်တော်အနှစ်သက်ဆုံး၊ ကျွန်တော် ဝမ်းမြောက်ခြင်းပါပဲဗျာ’’ တဲ့။ ထိုစကားကို ကျွန်ုပ် ချက်ခြင်း ယုံလိုက်ပြီး ၎င်းသည် ကျွန်ုပ်အတွက် ဆင်ခြင်စရာဖြစ်ခဲ့ပြီး…
အချိန်ကို ပြောကြားခြင်း
‘‘အနောက်နိုင်ငံသားများ၌ နာရီရှိသည်။ အာဖရိကန်လူမည်းတို့၌ အချိန်ရှိသည်’’ ဟု Os Guinness က သူရေးသားသည့် Impossible People ဆိုသည့်စာအုပ်၌ အာဖရိက စကားပုံကို ကိုးကားရည်ညွှန်းသည်။ ထိုအကြောင်းကို စဉ်းစားရင်း ‘‘ငါ့မှာ အချိန်မရှိဘူး’’ ဟု ကျွန်တော်ပြောခဲ့ခြင်းများကို ပြန်ဆင်ခြင်မိပါသည်။ အရေးပေါ်အလုပ်များ၏ ဖိစီးမှုကြောင့် ကျွန်တော်ရေးဆွဲထားသည့် အစီအစဉ်များ၊ အပြီးသတ် လုပ်ရမည့် နောက်ဆုံးနေ့များက ကျွန်တော့်ကို လွှမ်းမိုးခဲ့သည်။
ဆာလံ ၉၀ တွင် မောရှေက ‘‘အကျွန်ုပ်တို့သည် ပညာတရားကို နှလုံးသွင်းမိမည်အကြောင်း ကိုယ်နေ့ရက် ကာလကိုရေတွက်နိုင်စေခြင်းငှာ သွန်သင်တော်မူပါ’’ (း၁၂) ဟု ဆိုသည်။ ရှင်ပေါလုကလည်း ‘‘ယခုနေ့ရက်ကာလတို့သည် ဆိုးယုတ်သောကြောင့် ကာလအချိန်ကို ရွေးနုတ်ကြလော့’’ (ဧ ၅း၁၆) ဟု ဆိုသည်။
အချိန်ကို အကျိုးရှိစွာ အသုံးပြုခြင်းသည် နာရီနှင့်မဆိုင်ကြောင်း ရှင်ပေါလုနှင့် မောရှေတို့ သဘောတူပါမည်လား။…
အချိန်တိုင်းသည် အရေးကြီးသည်
အဘွား အာဒါ ကို ကျွန်တော်စသိချိန်တွင် သူသည် သူ့မိတ်ဆွေနှင့်သူ့မိသားစုဝင်များ အားလုံးတို့ထက် အသက်ပိုရှည်ပြီး ဘိုးဘွားရိပ်သာ၌ နေထိုင်နေသည်။ ‘‘လူတိုင်းက ကိုယ့်ကိုချန်ရစ်ထားခဲ့ကြပြီး သွားနှင့်ကြတာကို ကြည့်နေရတာ အသက်ကြီးရင့် လာခြင်းရဲ့ အခက်ခဲဆုံးအပိုင်းဘဲ’’ ဟု သူက ကျွန်တော့်ကို ပြောပြသည်။ တစ်နေ့တွင် ကျွန်တော်က အာဒါ ကို မည်သည့်အရာကို စိတ်ဝင်စားပြီး သူ့အချိန်ကို မည်သို့ကုန်ဆုံးစေသနည်းဟု မေးခဲ့သည်။ တမန်တော်ရှင်ပေါလု၏ ဖိ ၂း၂၁ ကျမ်းပိုဒ်ဖြင့် သူက ကျွန်တော့်ကို ပြန်ဖြေခဲ့သည်။ ‘‘ငါအသက်ရှင်သည်အရာမှာ ခရစ်တော်ဖြစ်၏။ သေလျှင်မူကား သာ၍အကျိုးရှိ၏’’။ ထပ်ပြီး သူက ‘‘ကျွန်မအသက်ရှင်နေသရွေ့ ကျွန်မလုပ်ရမယ့်အလုပ်ရှိတယ်။ ကျွန်မနေကောင်းတဲ့နေ့တွေမှာ ဒီရိပ်သာမှာရှိတဲ့ သူတွေကို ယေရှုအကြောင်း ပြောခွင့်ရတယ်။ နေထိုင်မကောင်းတဲ့နေ့တွေမှာ ကျွန်မ ဆုတောင်းပေးနိုင်သေးတယ်’’ ဟူ၍ ပြောခဲ့သည်။
ဖိလိပ္ပိသြဝါဒစာစောင်ကို ရှင်ပေါလု ထောင်နန်းစံရစဉ်တွင် ရေးသားခဲ့ခြင်းမှာ ထင်ရှားပါသည်။…
အားနည်းယိုယွင်းသော စီရင်ချက်
လမ်းပေါ်၌ လမ်းလျှောက်နေရင်း ဖုန်းကို စိုက်ကြည့်သူများအား ကျွန်မတွေ့မြင်ရလျှင် ‘‘ကားအတိုက်ခံရတော့မှာပဲ’’ ဟု ရေရွတ်ရင်း သူတို့ကို လျင်လျင်မြန်မြန် ဝေဖန်ပြစ်တင် လိုက်သည်။ ဘေးကင်းဖို့ သူတို့ကိုယ်သူတို့ ဂရုမစိုက်ကြဘူးလား။ သို့သော် တစ်နေ့၊ လမ်းမကြီးမှလမ်းကြားလေးထဲသို့ ဖြတ်ကူးစဉ်တွင် ဖုန်းမက်ဆေ့တစ်ခုကို အာရုံစိုက်မိ၍ ဘယ်ဘက်ခြမ်းမှ ကားတစ်စီး လာနေသည်ကို သတိမထား မိဘဲ ဖြစ်သွားသည်။ ယာဉ်မောင်းက ကျွန်မကို မြင်ပြီး ရုတ်ခနဲ ကားရပ်လိုက်သောကြောင့် ကျေးဇူးတော်ပင်။ သို့သော် ကျွန်မ ရှက်မိသည်။ မိမိကိုယ်ကို ဖြောင့်မတ်ဟန်ဖြင့် လက်ညှိုးထိုးခဲ့သမျှ ကျွန်မဆီသို့ ပြန်လာနေသည်။ တစ်ပါးသူကို ဝေဖန်ခဲ့သလို မိမိကိုယ်ကို ဝေဖန်ရန်လည်း ရှိပါသည်။
ကျွန်မ၏ သူတော်ကောင်းယောင်ဆောင်ခြင်းက တောင်ပေါ်ဒေသနာ၌ သခင်ယေရှု မြွက်ကြားခဲ့သည့် ဆင်ခြင်
သင့်သည့်အချက်ဖြစ်သည်။ ‘‘ကိုယ်မျက်စိ၌ရှိသော တံကျင်ကို ရှေးဦးစွာ ထုတ်ပစ်လော့။ နောက်မှ ညီအစ်ကို မျက်စိ၌ရှိသော…