ဘုရားသခင်၏ပြန်လည်ဖန်တီးအသုံးချမှု
၁၉၃၀ ခုနှစ်အစောပိုင်းတွင် ကလီယိုမစ်ခ်ဗစ်ခါ(Cleo McVicker)သည် နံရံကပ်စက္ကူ သန့်စင်ဆေးအဖြစ် အသုံးပြုနိုင်သော ထုတ်ကုန်တစ်ခုကို တီထွင်ခဲ့သည်။ ထိုအချိန်က အိမ်အများစုသည် ကျောက်မီးသွေးဖြင့် အပူပေးခြင်းကြောင့် နံရံများ၌ ကြပ်ခိုးများနှင့် ဖုံးလွှမ်းနေရာ၊ ကလီယိုတီထွင်သည့် ပစ္စည်းဖြင့် နံရံကပ်စက္ကူပေါ် လှိမ့်ကာ ချေးညော်များကို ဖယ်ရှားနိုင်သည်။ ကလီယို၏ နံရံကပ်စက္ကူသန့်စင်ပစ္စည်းသည် မည်သည့်အခါမျှ ရေပန်းမစားလာသော်လည်း ဆယ်စုနှစ်များစွာကြာပြီးနောက် ကျောင်းဆရာမတစ်ဦးက ခရစ်စမတ် အဆင်တန်ဆာများ ဖန်တီးရန် ကလီယို၏ ထုတ်ကုန်ကို အတန်းထဲတွင် အသုံးပြုခဲ့သည်။ ထိုမှစတင်၍ ရိန်းဘိုးခရပ်ဖ်ထ်စ် (Rainbow Crafts)ဟူသော ကုမ္ပဏီအသစ် မွေးဖွားလာပြီး၊ နံရံကပ်စက္ကူ သန့်စင် ပစ္စည်းကို ကလေးကစားစရာ “ပလေးဒို”(Play-Doh) အဖြစ်ပြန်လည်ဖန်တီးခဲ့သည်။
ဘုရားသခင်၏ လူများ ကို ပြန်လည်အသုံးပြုနိုင်သောနည်းလမ်းက ပို၍ကြီးမား ကျယ်ပြန့်သည်။ ယောသပ်နှင့် သူ၏ “အရောင်စုံအင်္ကျီ”အကြောင်း ကျမ်းစာပုံပြင်တစ်ပုဒ်ကို ကျွန်ုပ်တို့သတိရသည်။ လူငယ်ဘဝကပင် သူသည်…
ချီးမြှောက်ဂုဏ်ပြုခြင်းနှင့်နှိုးဆော်မှု
ဖခင်ဖြစ်သူ မထင်မှတ်ဘဲ ကွယ်လွန်ပြီး မကြာမီတွင် အာရွန်သည် သူ့အဖေ၏ အသက်တာကို အတိုရှင်းဆုံး ဖော်ပြထားသည့် အဓိပ္ပာယ်ကိုယ်စီရှိသည့် ဖခင်စုဆောင်းခဲ့သည့်ပစ္စည်း၊ ဓာတ်ပုံ၊ ကျောက်တုံး၊ စာအုပ်၊ အနုပညာလက်ရာများနှင့် အခြားပစ္စည်း အခု ၂၀ ခန့်ကို ပိုစတာအရွယ် ဓာတ်ပုံကူးပြီး ဘောင်တပ်ကာ သူ၏မိခင်အား လက်ဆောင်ပေးခဲ့သည်။ အာရွန်က ပစ္စည်းများကို ရက်အတန် ကြာမျှ စုဆောင်းစီစဉ်ပေးပြီးနောက် သူ့ညီမ ရေချယ်လ်က ဓာတ်ပုံရိုက်ယူခဲ့သည်။
ထိုလက်ဆောင်သည် သူတို့၏ဖခင်အား မြင်နိုင်သောပစ္စည်းများဖြင့် ချီးကျူး ဂုဏ်ပြုခြင်းဖြစ်သည်။ သူ့ဖခင်သည် မိမိကိုယ်ကိုစက်ဆုပ်မှု၊ဆေးစွဲမှုတို့ဖြင့် ဆယ်စုနှစ်များစွာ ရုန်းကန်ခဲ့ရသော်လည်း သူတို့အပေါ်ထားသည့် ဖခင်၏ချစ်ခြင်းမေတ္တာကို မည်သည့်အခါမျှ သံသယ မဖြစ်စေခဲ့ပါ။ ဖခင်၏နောက်ဆုံး ဆယ်စုနှစ်ကာလများတွင် ဆေးစွဲသည့်ဘဝမှ ရုန်းထွက်နိုင်ခဲ့ခြင်းက ဘုရားသခင်၏ မေတ္တာတော်နှင့် အံ့ဩဖွယ်ကုသခြင်းတန်ခိုးတော်ကို သက်သေထူခဲ့သည်။
အနှစ်လေးဆယ်ကြာပြီးနောက် ဘုရားသခင်၏လူမျိုးများသည် ကတိတော်ထားရာပြည်သို့ ဝင်ရောက်ချိန်တွင် ယောရှုသည် ဣသရေလအမျိုး…
ခရစ်တော်၌ မှန်ကန်သောအုတ်မြစ်
အမေရိကန်ဘောလုံးတိုက်စစ်မှုး စီဂျေစထရောက်ဒ် (C.J. Stroud) သည် ငယ်ရွယ်ပြီး စွမ်းရည်ရှိသည်။ သခင်ယေရှုကို မရှက်မကြောက် ယုံကြည်သူဖြစ်သည်။ ပျမ်းမျှ အသက်မွေးဝမ်းကြောင်းပြုနိုင်ခြေသက်တမ်း ၃.၃နှစ်သာ ရှိသည့် ကျွမ်းကျင် အားကစားသမားဘဝတွင် စထရောက်ဒ်က “ဘောလုံးကစားရာမှာ အကွေ့အကောက် အလှည့်အပြောင်းတွေ အများကြီး ရှိတယ်။ ဒါပေမယ့် အဆုံးမှာတော့ ခံယူချက် အခြေခံအုတ်မြစ်က အဓိကပါပဲ။ ပြီးတော့ ကျွန်တော့်ရဲ့အခြေခံအုတ်မြစ်ကို သတ်မှတ်ပေးတဲ့အရာက ကျွန်တော့်ရဲ့ယုံကြည်ခြင်းပဲ”ဟု သူ၏ယုံကြည်ခြင်း မည်သည့်နေရာ၌ တည်သည်ကို အရှိအတိုင်း ပြောဆိုခဲ့သည်။
ဘောလုံး (သို့) အခြားမည်သည့်အသက်မွေးဝမ်းကြောင်းမှုဖြစ်စေ ၎င်းသည် အတက်အကျ၊ အလှည့်အပြောင်းများရှိသည့် တစ်ခုတည်းသော အသက်တာကဏ္ဍ မဟုတ်ပါ။ မဿဲ ၇:၂၄-၂၇ ပါ သခင်ယေရှု၏ပုံဥပမာတွင် အိမ်နှစ်လုံးသည် မိုးရွာခြင်း၊ ရေကြီးခြင်းနှင့် လေတိုက်ခြင်းဒဏ်ကို အတူခံခဲ့ရသည်။ သို့သော် အိမ်တစ်လုံးသာ မုန်တိုင်းဒဏ်မှလွတ်မြောက်ခဲ့ခြင်းမှာ “ကျောက်ပေါ်မှာ တည်သော ကြောင့် မပြိုမလဲနေ၏”(:၂၅)။…
အလုံးစုံတို့ကို ဖန်ဆင်းတော်မူသောဘုရားသခင်
၂၀၂၁ ခုနှစ်တွင် စတားထရက်ခ်(Star Trek)ရုပ်ရှင်မှ သရုပ်ဆောင် ဝီလီယမ်ရှထ်နာ(William Shatner)သည် ဒုံးပျံဖြင့် အာကာသခရီးစဉ် သွားရောက်ခွင့်ရခဲ့၍ ပျော်ရွှင်ခဲ့သည်။ နောက်ပိုင်းတွင် သူ၏ခရီးစဉ်ကို ပြန်တွေးကြည့်သောအခါ သူ့အတွေ့အကြုံနှင့်စပ်လျဥ်း၍ သူမျှော်လင့်ထားသမျှသော အရာအားလုံး မှားနေသည်ဟု ပြောခဲ့သည်။ ကျယ်ပြောလှသောအာကာသကြီးသည် သက်ရှိအားလုံးနှင့် နက်နဲသောဆက်စပ်မှုကို ပေးစွမ်းနိုင်လိမ့်မည်ဟု သူမျှော်လင့်ခဲ့သော်လည်း ဝမ်းနည်းပူဆွေးမှုကိုသာ ခံစားခဲ့ရသည်။ အေးစက်ပြီး ဟင်းလင်းပြင်ဖြစ်သော အာကာသ၏အမှောင်ထုက ကမ္ဘာမြေကြီး၏ အလှတရားနှင့်ပျက်စီးလွယ်မှုကို အသစ်တဖန် ရှင်းလင်းစွာ သိစေခဲ့သည်။
အာကာသတွင်းသို့ စွန့်စားသွားရောက်သောအတွေ့အကြုံမျိုးကို လူအနည်းငယ်သာ ကိုယ်တွေ့ကြုံကြရသည်။ စကြဝဠာရှိဘုရားသခင်၏ဖန်ဆင်းခြင်းအကြောင်း သမ္မာကျမ်းစာပါဖြစ်စဉ်က ဖန်ဆင်းခြင်းကို ကိုယ်တော်၏အမြင်ဖြင့် မြင်ရန် ကျွန်ုပ်တို့ကို ဖိတ်ခေါ်သည်။ ဘုရားသခင်၏ပထမဦးဆုံးမှတ်တမ်းဝင်လုပ်ဆောင်ချက်များမှာ အစီအစဥ်အရ “အဆင်းသဏ္ဌာန် မရှိ၊ လွှတ်လပ်လဟာဖြစ်သောမြေကြီး”မှ “ကောင်းကင်နှင့်မြေကြီး”ကို ဖန်ဆင်းခဲ့ပြီး၊ ၎င်းသည် “အလင်းနှင့်မှောင်မိုက်ကို (ပိုင်းခြား)”ရန် ဖြစ်သည် (က ၁:၁-၂, ၄)။ ကျန်သောဖန်ဆင်းခြင်းဖြစ်စဉ်တွင်…
အဓိကကျသည့်အလုပ်
ဖရက်ဒရစ်ခ်ဘိခ်နာ(Frederick Buechner)၏ ဘရန်ဒန်(Brendan) ဟူသော သမိုင်းကြောင်းဆိုင်ရာဝတ္ထု၏အဆုံးတွင် ဆွတ်ပျံ့ဖွယ်မြင်ကွင်းတစ်ခုရှိသည်။ ဇာတ်ကောင် ဂေးလ်ဒါးစ် (Gildas)သည် ဒူးအောက်ပိုင်း ပျောက်နေသော သူ၏ ခြေထောက်တစ်ဘက်ကို ထုတ်ပြရန် မတ်တပ်ရပ်လိုက်သည်။ လမ်းလျှောက် တုတ်ကို လှမ်းယူလိုက်စဥ် သူဟန်ချက်ပျက်သွား၍ ဘရန်ဒန်က ထခုန်ကာ သူ့ကို ဖမ်းကိုင်လိုက်သည်။
“ငါဘဝက အမှောင်ကမ္ဘာလိုပဲ ချိနဲ့နေတယ်”ဟု ဂေးလ်ဒါးစ်က ပြောရာ၊ ဘရန်ဒန်က “အဲဒီလိုပြောကြေးဆို ငါတို့ထဲမှာ ဘယ်သူက မချိနဲ့ဘဲ ကောင်းနေလို့လဲ”။... “ငါတို့လဲကျတဲ့အခါ တစ်ယောက်နဲ့တစ်ယောက် ဖေးမဖို့ပဲလေ။ နောက်ဆုံးတော့ အဲဒါက အရေးကြီးတဲ့ တစ်ခုတည်းသောအလုပ် ဖြစ်ချင်ဖြစ်နေမှာ”ဟု ပြန်ဖြေသည်။
၂ ရာ ၉ တွင်၊ ရှောလု၏ကျန်ကြွင်းသောအဆွေအမျိုးတစ်စုံတစ်ယောက်အား ဒါဝိဒ်မင်းက ကရုဏာပြလိုကြောင်း (:၁)တွေ့ရသည်။ ကျန်ကြွင်းနေသူတစ်ဦးမှာ ယောနသန်၏ခြေဆွံ့သောသား မေဖိဗောရှက်ဖြစ်သည်(:၃)။ မေဖိဗောရှက်သည် ရှင်ဘုရင်ရှေ့မှောက်သို့ခေါ်ဆောင်ခံရပြီး “သင့်အဖို့ ရှောလုပိုင်သမျှသောမြေကို ငါပြန်ပေးမည်။ သင်သည်…
ဘုရားသခင် ခွင့်လွှတ်သောအခါ
အသက် ၄ နှစ်အရွယ် သူငယ်လေးတစ်ဦးသည် ရုတ်တရက် မထင်မှတ်ဘဲ အစ္စရေးအမျိုးသား ပြတိုက်ရှိ နှစ်ပေါင်း ၃၅၀၀ သက်တမ်းရှိ ကြေးခေတ် ရှားပါး ရေခရားတစ်လုံးကို ခွဲမိသွားရာ၊ အံ့ဩဖွယ်ကြင်နာသည့်တုံ့ပြန်မှုကို သူရရှိခဲ့သည်။ ပြတိုက်ဝန်ထမ်းက သူ့ကိုခွင့်လွှတ်ပြီး နောက်တစ်ဖန် ပြန်လာရန် သူ့ကို ဖိတ်ခေါ်ခဲ့သည်။ ဟတ်ချ်(Hecht)အမျိုးသားပြတိုက်၏ ပြောရေးဆိုခွင့်ရှိသူ ရိုအီးရှဖီးယာ (Roee Shafir)က ထိုသို့ပြုခြင်းဖြင့် ပြန်လည်ထိန်းသိမ်းရေးဖြစ်စဥ်၌ ကမ္ဘာလုံးဆိုင်ရာစိတ်ဝင်စားမှုကို မြှင့်တင်နိုင်ခဲ့ပြီး၊ ထိုသူငယ်လေး၏ သမိုင်းနှင့်ရှေးဟောင်းသုတေသနကို စိတ်ဝင်စားမှုကို လှုံ့ဆော်အားပေးကောင်း အားပေးလိမ့်မည်။ ၎င်းသည် သက်သာမှုရစေပြီး အပြုသဘောဆောင်သည့်ရလဒ်ဖြစ်သည်ဟု ပြောခဲ့သည်။
ဤအကြောင်းအရာက ဣသရေလလူမျိုးတို့ သူ့အား မနာခံဆန့်ကျင်ခဲ့ ပြီးနောက် ခွင့်လွှတ်မည်ဟူသော ဘုရားသခင်၏စိတ်ဝင်စားဖွယ် ကြေညာချက်ကို သတိရစေသည်။ ဣသရေလလူမျိုးတို့သည် သူတို့ကိုးကွယ်ရန် နွားသူငယ်ရုပ်ထုကို လုပ်ပေးရန် မောရှေ၏အစ်ကို အာရုန်အား တောင်းဆိုခြင်းဖြင့် ဘုရားသခင်ကို ဆန့်ကျင်ခဲ့ကြသည် (ထွက် ၃၂:၁)။…
ဘုရားသခင်၌ သန်မာခိုင်ခံ့စွာ ကြီးထွားခြင်း
ငယ်စဥ် ကလေးသူငယ်ဘဝက ပင်လယ်ဓားပြပုံပြင်များကို ကျွန်ုပ်နှစ်သက်စွာ ဖတ်ရှုခဲ့သည်။ ထိုစွန့်စားခန်းများက ကျွန်ုပ်၏စိတ်ကူးပုံဖော်မှုကို လှုံ့ဆော်အားပေး သည်။ ယခုတွင် ကျွန်ုပ်သည် လူသိအနည်းဆုံးပင်လယ်ဓားပြထဲမှတစ်ဦးဖြစ်သူ ဘလက်ဘီးယာ့(Blackbeard) [အမည်ရင်း -အက်ဒ်ဝပ် တိချ်(Edward Teach)] ၏ အခြေစိုက်ရုံးရှိသော နယ်မြေတွင် နေထိုင်သည်။ ကမ်းခြေမှ အဝေးတစ်နေရာ ပင်လယ်ထဲတွင် ဘလက်ဘီးယာ့၏သင်္ဘော Queen Anne’s Revenge နှစ်မြှုပ်ပျက်စီးခဲ့သည်။
သမိုင်းထဲမှ သင်္ဘောပျက်မှုများနှင့် ပင်လယ်ပြင်စွန့်စားခန်းများက ကျွန်ုပ်တို့ကို အလွယ်တကူ စိတ်ကူးယဥ်စေနိုင်သည်။ သို့သော်တမန်တော်ရှင်ပေါလုပြောသည့် အလွန်ကွဲပြားသော သင်္ဘောပျက်ခြင်းအကြောင်းက ကျွန်ုပ်တို့အတွက် သတိပေးချက်နှင့် နှိုးဆော်ချက်ဖြစ်သည်။ တိမောသေဩဝါဒစာပထမစောင်တွင် ရှင်ပေါလုက ယုံကြည်ခြင်းအားဖြင့်ရသော သူ၏သားအား “ယုံကြည်ခြင်းနှင့် ကြည်လင်သောအသိစိတ်တို့ကို စွဲကိုင်(ရန်)၊ ...အချို့သောသူတို့သည် ထိုအသိစိတ်ကို ပစ်ပယ်ကြသည့်အတွက် ယုံကြည်ခြင်းအရာ၌ သင်္ဘောပျက်စီးဆုံးရှုံးမှုကိုခံရကြပြီ”ဟု သတိပေးခဲ့သည် (၁ တိ ၁:၁၉-စံမီ)။ ဤသင်္ဘောပျက်ခြင်းမှာ အဘယ်နည်း။ ဟုမေနဲနှင့်…
သံကို ထက်စေခြင်း
စီမံကိန်းမန်နေဂျာ လွီဇာ(Louise)သည် အလွတ်တန်း အလုပ်ကို လုပ်ကိုင်မိခြင်းကြောင့် နောင်တရမိသည်။ ဝယ်သူနှင့် ဒီဇိုင်းပုံဖော်သူတို့နှစ်ဘက်စလုံးသည် သူမ၏စိတ်ရှည်မှုကို စမ်းသပ်နေသည်။ “ဒါက ဘာလို့ အရမ်း ခက်ခဲနေတာလဲ။နှစ်ဘက်စလုံးက ဘာဖြစ်လို့ ညှိမရဖြစ်နေတာလဲ”ဟုသူမတွေးမိသည်။
ရက်သတ္တပတ်များကြာပြီးနောက် သူမသည် သုတ္တံကျမ်း ၂၇:၁၇ကို ဖတ်ရာ တွင် “သံကို သံဖြင့် ထက်စေ(၏)” ဟူသည့်အချက်က ပေါ်လွင်နေသည်။ မကြာပါ။ သူမ၏အဖွဲ့လေးကို “မာကျောကြမ်းတမ်းတဲ့အစွန်းတွေကို ပိုးသားလိုနူးညံ့တဲ့အရာနဲ့ ချောအောင်လုပ်လို့ မရနိုင်ဘူး။ သံထည်လို မာကျောတဲ့အရာ လိုအပ်တယ်”ဟု သူမ ပြောခဲ့သည်။
လွီဇာသည် ဤစီမံကိန်းရှိ အခက်အခဲစိန်ခေါ်မှုများသည် သူမတွင်ရှိနေသော ကြမ်းတမ်းသည့်အစွန်းများကို တံစဥ်းတိုက်သကဲ့သို့ ချောမွေ့အောင် ညှိပေးနေခြင်းဟု သိလိုက်သည်။ သူမပို၍ စိတ်ရှည်နှိမ့်ချရန်၊ မတူညီသောအလုပ်ပုံစံများကို ညှိနှိုင်းလုပ်ဆောင်တတ်ရန် သင်ယူလျက်၊ ဘုရားသခင်သည် သူမ၏ အမှားများကိုမြင်စေရန် ဤစီမံကိန်းကို အသုံးပြုပြီး၊ အခြားသူများနှင့်အတူ အလုပ်လုပ်ခြင်းနှင့်ပတ်သက်၍ သင်ခန်းစာအသစ်များကို…
ဘုရားသခင် နားလည်သည်
ဂျွန်ခိုးနစ်(John Koenig)၏ Dictionary of Obscure Sorrows(မထင်မရှား ဝေဒနာ များ၏အဘိဓာန်)စာအုပ်တွင် စကားလုံးအသစ်စုစည်းမှုများစွာကို ဖော်ပြထား သည်။ စကားလုံးတစ်လုံးချင်းစီသည် ယခင်က ကျွန်ုပ်တို့ စကားလုံးဖြင့် ဖော်ပြ၍ မရနိုင်အောင် ရှုပ်ထွေးလှသည့်ခံစားချက်များကို တီထွင်အမည်ပေးထားသည့် စကားလုံးများဖြစ်သည်။ ထိုစာအုပ်တွင် “dés vu”(ဒေးဗျူ)- “အမှတ်တရတစ်ခုဖြစ်လာမည့် အခိုက်အတန့်ကို သတိပြုမိခြင်း”၊ “onism”(အိုနစ်ဇမ်)“တစ်ချိန်တည်း၊ တစ်နေရာတည်းသာရှိသော ခန္ဓာတစ်ခု၌ မလှုပ်နိုင်အောင် စိတ်ရှုပ်ထွေးမှု၌ ပိတ်မိခြင်း”စသည့်စကားလုံးတို့ ပါဝင်သည်။ ခိုးနစ်၏ ရည်ရွယ်ချက်မှာ လူသားတို့၏ ပြိုင်စံရှား ထူးဆန်းသောအတွေ့အကြုံအားလုံးကို မီးမောင်းထိုး ဖော်ပြရန်ဖြစ်ပြီး၊ ဤသို့ဖြင့် ထိုအတွေ့အကြုံများထဲတွင် “ငါတစ်ယောက်တည်း”ဟူသော အထီးကျန် ခံစားချက်ကို လျော့ပါးစေနိုင်ရန်ဖြစ်သည်ဟု သူက ဆိုသည်။
မိမိရင်ဆိုင်ဖြတ်သန်းခဲ့ရသောအရာများအတွက် အစဥ်အမြဲ စကားလုံးရှာမရ ဖြစ်စဥ်မှာပင် အခြေအနေမျိုးစုံ၊ ခံစားချက်မျိုးစုံနှင့် လူသား၏ဖြစ်တည်မှုကို ဘုရားသခင်သည် တန်ဖိုးထားပြီးနားလည်ကြောင်း သိရခြင်းက သခင်ယေရှုကို ယုံကြည်သူတို့အတွက်…
မုန်တိုင်းကို ငြိမ်သက်စေခြင်း
ကျွန်မ၏ သုံးနှစ်အရွယ်တူမလေးသည် မည်သည့်အခြေအနေမျိုး၌မဆို သခင်ယေရှုကို သူယုံကြည်နိုင်ကြောင်း စတင်နားလည်နေပြီဖြစ်သည်။ မုန်တိုင်းထန်သော ညတစ်ညတွင် အိပ်ရာမဝင်မီ သူမက ”ချစ်သောသခင်ယေရှု၊ ကိုယ်တော်သည် ယခု သမီးတို့နှင့်အတူရှိကြောင်း၊ သမီးတို့ကို ချစ်ကြောင်း သိပါ၏။ ဤမုန်တိုင်းကို ရပ်တန့်ရန် ကိုယ်တော်မိန့်တော်မူသောအခါ မုန်တိုင်းငြိမ်သက်မည်ကို သမီး သိပါ၏”ဟု လက်ကိုကျစ်ကျစ်ဆုပ်၍ မျက်လုံးမှိတ်ကာ ဆုတောင်းခဲ့သည်။
သူမသည် သခင်ယေရှုနှင့်သူ၏တပည့်တော်များ ဂါလိလဲအိုင်ကို ဖြတ်ကူးခဲ့သည့်ပုံဝတ္ထုကို မကြာမီကမှ ကြားခဲ့လေသလားဟု ကျွန်မတွေးခဲ့သည်။ မုန်တိုင်းကျပြီး လှေမှောက်လုနီးနီးဖြစ်နေချိန်တွင် သခင်ယေရှုက လှေနောက်ပိုင်းတွင် အိပ်ပျော်နေသည်။ တပည့်တော်တို့သည် ကိုယ်တော်ကို နှိုးပြီး “အရှင်ဘုရား၊ အကျွန်ုပ်တို့သည် ပျက်စီးခြင်းသို့ ရောက်သည်ကို လျစ်လျူသောစိတ် ရှိတော်မူသလောဟု လျှောက်ကြသော်” သခင်ယေရှုသည် သူတို့ကို မိန့်တော်မူမည့်အစား “တိတ်ဆိတ်စွာနေ” ဟု သဘာဝမုန်တိုင်းကို အမိန့်ပေးခဲ့သည် (မာ ၄:၃၈-၃၉)။
လှေထဲသို့ ဝင်လာသောရေများ ရုတ်တရက်…