ရုပ်သွင်များ
မြေးမလေး ဆာရာ ငယ်စဉ်က လူတစ်ယောက်သေလွန်ပြီးနောက် မည်သို့ဖြစ်သွား သည်ကို ကလေးအသိနှင့် ကျွန်တော့်ကို ရှင်းပြခဲ့ဖူးသည်။ ‘‘လူရဲ့မျက်နှာပဲ ကောင်းကင်ဘုံ ရောက်သွားတာ၊ ခန္ဓာမပါဘူး။ အဲဒီမျက်နှာနဲ့ပဲ ခန္ဓာအသစ်ရတာ” ဟူ ပြောခဲ့ဖူးသည်။
ကလေးအရွယ် ဆာရာ၏ ထာဝရဆိုသည့်အရာအပေါ် နားလည်မှုက ကလေး တစ်ဦး၏နားလည်မှု အဆင့်ဖြစ်သော်လည်း မှန်ကန်သည့် သမ္မာတရားကို သူဆုပ်ကိုင်မိသည်။ တစ်နည်းအားဖြင့် မြင်နေရသည့် ကျွန်တော်တို့၏မျက်နှာရုပ်သွင်သည် မမြင်ရ သည့် စိတ်ဝိညာဉ်ကို ထင်ဟပ်ပြသည်။
‘‘တစ်နေ့ကျရင် မင်းရဲ့မျက်နှာမှာ ဒေါသလွှမ်းတဲ့ ရုပ်သွင် ထင်ကျန်နေနိုင်တယ်” ဟု အမေက ကျွန်တော့်ကို ပြောလေ့ရှိသည်။ အမေက သူ့ကိုယ်သူသိသည်ထက် ပိုပြီး အမြော်အမြင် ကြွယ်ဝသည်။ စိုးရိမ်မှုထင်ဟပ်နေသည့် မျက်ခုံး၊ ဒေါသငွေ့ရှိသည့်နှုတ်ခမ်း၊ လှည့်ဖျားသည့်မျက်လုံးအစုံသည် စုတ်ပြတ်နေသည့် စိတ်နေသဘောထားများကို ဖော်ပြနေသည်။ အခြားတစ်ဘက်တွင် ကြင်နာသည့် မျက်ဝန်း၊ ဂရုဏာအကြည့်၊ နွေးထွေးဖော်ရွေသည့်…
အမှန်တရားထဲမှာ
လွန်လေသောနှစ်များက နိုင်ငံမတူသည့် ချစ်သူနှစ်ဦး၏မင်္ဂလာပွဲသို့ ကျွန်တော် တက်ရောက်ခဲ့သည်။ ယဉ်ကျေးမှုနောက်ခံမတူညီသည့် လူသားနှစ်ဦး၏ပေါင်းစပ်မှုသည် လှပတင့်တယ်ရမည်ဖြစ်သော်လည်း ဤမင်္ဂလာပွဲတွင်မူ ခရစ်ယာန်ယုံကြည်မှုထုံးစံ ဓလေ့နှင့် နတ်ကိုးကွယ်မှု ထုံးစံဓလေ့တို့ ပေါင်းစပ်သည့် အခမ်းအနားတစ်ခုဖြစ်နေသည်။
ပရောဖက်ဇေဖနိသည် စစ်မှန်သော ဘုရားသခင်ကို ကိုးကွယ်ယုံကြည်မှုနှင့် အခြားသော ယုံကြည်ကိုးကွယ်မှုတို့ ရောနှောခြင်းကို ပြင်းပြင်းထန်ထန် ရှုံ့ချခဲ့ပါသည်။ ယုဒလူမျိုးများသည် စစ်မှန်သောဘုရားသခင်ရှေ့၌ ဦးညွတ် ကိုးကွယ်ကြသည်သာမက မိလကုံဘုရားကို်လည်း ကိုးကွယ် သူများဖြစ်သည် (ဇေဖနိ ၁း၅)။ ဇေဖနိက ယုဒလူမျိုးတို့ ဗာဟီရ၀ါဒကို လက်ခံခြင်းကို ဖော်ပြပြီး (း၈) ရလဒ်အနေနှင့် ဘုရားသခင်သည် သူတို့ကို ၄င်းတို့၏မွေးရပ်ဌာနေ တိုင်းပြည်မှ နှင်ထုတ်လိမ့်မည်ဟုလည်း သတိပေးခဲ့သည်။
သို့သော် ယုဒလူမျိုးများအပေါ် ဘုရားသခင်၏ ချစ်ခြင်းက ဘယ်တော့မှ ရပ်တန့်မသွားပါ။ ကိုယ်တော်၏ စီရင်ချက်သည် ယုဒလူမျိုးများအား သူ့ထံသို့ ပြန်လှည့်လာစေလိုကြောင်းကို ပြရန်ဖြစ်သည်။ ထို့ကြောင့် ဇေဖနိသည်…
ဘေးချင်းယှဉ်လျက်
ရှေးခေတ်က မြို့တံတိုင်းပြိုကျပျက်စီးနေသောမြို့များသည် မြို့သားများအား စစ်ရှုံးသူများအဖြစ်ဖော်ပြနေပြီး အန္တရာယ်ရှိခြင်းနှင့် အရှက်ကွဲခြင်း လက္ခဏာဖြစ်သည်။ ထိုအကြောင်းကြောင့် ဂျူးလူမျိုးများသည် ဂျေရုရှလင်မြို့ရိုးကို ပြန်တည်ကြခြင်း ဖြစ်သည်။ မည်သို့ တည်ဆောက်ကြသနည်း။ ဘေးချင်းယှဉ်လျက် အလုပ်လုပ်ခြင်းဖြင့် တည်ဆောက်ကြ သည်ကို နေဟမိအခန်းကြီး ၃ တွင် တွေ့ရသည်။
အပေါ်ယံကြည့်လျှင် အခန်းကြီး ၃ သည် ပြန်လည် တည်ဆောက်ရေး၌ မည်သူက ဘာလုပ်ခဲ့သည်ကို ငြီးငွေ့ဖွယ် ဖော်ပြထားသည်။ သို့သော်လည်း နက်နက်နဲနဲ လေ့လာ ကြည့်လျှင် လူအပေါင်းတို့ အတူတကွ အလုပ်လုပ်ကြခြင်းကို မီးမောင်းထိုးပြနေသည်။ ယဇ်ပရောဟိတ်များသည် မြို့အုပ် များနှင့် ယှဉ်လျက် အလုပ်လုပ်ကြသည်။ အမွှေးနံ့သာပြုလုပ် သူများနှင့် ပန်းတိမ်ဆရာများလည်း ကူညီကြသည်။ မြို့အနီး အနား၌ နေထိုင်သူများလည်း လာရောက်ကူညီခဲ့ကြသည်။ အချို့က မိမိတို့အိမ်တစ်ဘက်တစ်ချက်၌ ပြင်ကြသည်။ ရှလ္လုံန်၏သမီးများသည် အမျိုးသားများနှင့်ယှဉ်ပြီး အလုပ်လုပ်ကြ သည်(း၁၂)။…
မျက်ကန်းတစ်ဦး၏ အသနားခံမှု
လွန်လေသောနှစ်များစွာက ကျွန်တော်သည် အဝေးမှ အရာဝတ္ထုများကို အားစိုက် ကြည့်ခြင်းကို ကျွန်တော်နှင့် ခရီးသွားဖော်မိတ်ဆွေတစ်ဦးက သတိပြုမိသည်။ နောက်တစ်ဆင့် သူ၏လုပ်ရပ်က ရိုးရိုးလေးဖြစ်သော်လည်း ဘ၀ကို ပြောင်းလဲသွားစေ ပါသည်။ သူ့မျက်မှန်ကို ချွတ်ပြီး ‘‘ရော့ ဒါစမ်းတပ်ကြည့်ပါဦး’’ ဟုဆိုသည်။ သူ့မျက်မှန်ကို ကျွန်တော်တပ်လိုက်သောအခါ မသဲကွဲသော အမြင်အာရုံမှာ အံ့သြလောက်အောင် ကြည်လင်ရှင်းလင်းသွားသည်။ နောက်ဆုံး မျက်စိစမ်းသပ်ပညာရှင်ထံသွားပြရာ ကျွန်တော်၏
အမြင်အာရုံပြဿနာကို ဖြေရှင်းရန် ဆရာက မျက်မှန်တပ်ရန် ညွှန်ကြားခဲ့သည်။
လုကာ ၁၈ တွင် မျက်မမြင်လူကန်းတစ်ယောက် သည် မမြင်မကန်းနှင့်အသက်ရှင်နေရပြီး အသက်မွေး လောက်သော အစာရရန် တောင်းစားရသည်။ နာမည်ကြီးနေပြီး နိမိတ်လက္ခဏာများ ပြုသူ သခင်ယေရှု၏သတင်းက ထိုသူထံရောက်ရှိလာသည်။ ထိုမျက်မမြင် ထိုင်နေသော နေရာနှင့် ယေရှုလာသည့်လမ်းကြောင်းသင့်နေသောအခါ ထိုသူ၏စိတ်နှလုံး၌ မျှော်လင့်ခြင်းဖြစ်ပွားလာသည်။ ‘‘ဒါဝိဒ်၏သားတော်ယေရှု၊ ကျွန်ုပ်ကို ချမ်းသာပေးပါ’’ (း၃၈) ဟု…
အကျွန်ုပ်မျက်စိကို ဖွင့်တော်မူပါ
အစ္စတန်ဘူးလ် မြို့တော်ရှိ ခမ်းနားထည်ဝါသော ခိုရာ ဘုရားကျောင်းသို့ ပထမဆုံးအကြိမ် ကျွန်ုပ်ရောက်ရှိခဲ့စဉ်က ကျောင်းနံရံနှင့် မျက်နှာကျက်ပေါ်တွင် ရေးဆွဲထားသည့်ရုပ်ပုံများအနက် အချို့မှာ သမ္မာကျမ်းစာပုံပြင်ဖြစ်ကြောင်း ကျွန်ုပ် တွေ့ရှိ ခဲ့သည်။ သို့သော် ပုံအတော်များများကို ကျွန်ုပ်မသိ၊ နားမလည်ခဲ့ပါ။ သို့သော်လည်း ဒုတိယအကြိမ်တွင် ဧည့်လမ်းညွှန်တစ်ယောက်နှင့် သွားခဲ့ရာ
ကျွန်ုပ်မသိသောအရာများကို သူက အသေးစိတ်ပြောပြ သဖြင့် အရာအားလုံးကို ဆက်စပ်မြင်လာပြီး ရုတ်ခြည်း အသက်ဝင် အဓိပ္ပာယ်ရှိလာသည်။ ဥပမာပြောရလျှင် ပထမ လူသွားလမ်းရှိ ရုပ်ပုံများသည် ရှင်လုကာခရစ်ဝင်ကျမ်း၌ ဖော်ပြ ပါရှိသည့် သခင်ယေရှုအကြောင်းကို ဖော်ကျုးထားခြင်း ဖြစ်သည်။
တစ်ခါတစ်ရံ ကျွန်ုပ်တို့ ကျမ်းစာဖတ်ရှုရာ၌ အခြေခံ အကြောင်းအရာကို နားလည်သော်လည်း အသေးစိတ် အချက်အလက်နှင့် ပြီးပြည့်စုံသောဇာတ်လမ်းအဖြစ် ဖော်ပြ ပေးမည့် အဆက်အစပ် အကြောင်းအရာကို ကျွန်ုပ်တို့မည်သို့ သိနိုင်မည်နည်း။ ကျွန်ုပ်တို့တွင် ကျမ်းစာရှင်းလင်းချက် အနက်ဖွင့်ကျမ်းနှင့်…
နာရီများနှင့် ပြက္ခဒိန်များ
ကျွန်တော့်အဖေသည် အသက် ၅၈ နှစ်တွင် ကွယ်လွန်ခဲ့သည်။ ထိုအချိန်မှစပြီး ယခုအချိန်ထိသူကွယ်လွန်သည့်နေ့ရောက်တိုင်း ကျွန်တော့်ဘ၀၌ အဖေ၏လွှမ်းမိုးမှုကို ဆင်ခြင်လျက် အမှတ်ရနေသည်။ ကျွန်တော့်ဘ၀ကို အဖေနှင့်အတူ ဖြတ်သန်းခြင်းထက် အဖေမပါဘဲ ဖြတ်သန်းခြင်းက ပိုများနေသည်ကို သတိထားမိသောအခါ ကျွန်တော့်ဘ၀၏ တိုတောင်းမှုကို တစ်စိမ့်စိမ့်သုံးသပ်လာမိသည်။
အဖြစ်အပျက်တစ်ခုကို ရင်ဆိုင်ရစဉ် တစ်ချိန်တည်း တွင် မိမိအထဲတွင် လှုံ့ဆော်နေသော ခံစားချက်များဖြင့် ကျွန်တော်တို့လုံးပမ်းနေကောင်း လုံးပမ်းနေရမည်ဟု သုံးသပ်
ဆင်ခြင်မိသည်။ နာရီ၊ ပြက္ခဒိန်တို့ဖြင့် အချိန်ကို ကျွန်တော်တို့ တိုင်းတာကြသော်လည်း အဖြစ်အပျက်များကြောင့်သာ ထိုအချိန်ကို အမှတ်ရ ကြသည်။ မိမိ၏အနက်ရှိုင်းဆုံး ခံစားချက်ကို လာထိမိရိုက်ခတ်သော ဘ၀အခိုက်အတန့်တွင် ၀မ်းမြောက်ခြင်း၊ သေဆုံးခြင်း၊ ကောင်းချီးခံစားရခြင်း၊ နာကျင်ခြင်း၊ အောင်မြင်ခြင်း၊ ကျရှုံးခြင်းများကို ခံစားကြရ သည်။
‘‘အို လူများတို့၊ ဘုရားသခင်၌ အစဉ်မပြတ်ခိုလှုံကြလော့။ ရှေ့တော်၌ စိတ်နှလုံးကို ဖွင့်ပြကြလော့။…
ကိုက်ဝါးသောနှစ်များ
မကြာသေးမီက မက်စ် ဟု နာမည်ပေးထားသော ခွေးလေးကို ကျွန်တော့်အမျိုးသမီးက ကျွန်တော့်ကို လက်ဆောင်ပေးသည်။ တစ်နေ့ ကျွန်တော်အလုပ်နေချိန်တွင် မက်စ်က ကျွန်တော်နှင့်အတူ ရှိသည်။ အလုပ်ထဲအာရုံစိုက်နေချိန်တွင် ကျွန်တော့်နောက်မှ စာရွက်ဖြဲနေသံကိုကြား၍ လှည့်ကြည့်လိုက်ရာ အပြစ်ရှိသည့်အကြည့်နှင့် ပါးစပ်တွင် ကိုက်လက်စစာရွက်နှင့် ခွေးလေးကို တွေ့လိုက်ရသည်။
တိရစ္ဆာန်ဆရာဝန်က မက်စ်သည် ကိုက်ဝါးသည့် နှစ်အပိုင်းအခြားကို ဖြတ်သန်းနေခြင်းဖြစ်ကြောင်း ပြောပြ သည်။ သွားသစ်တက်လာခြင်းကြောင့် သွားယားကာ တွေ့သမျှကို ကိုက်ဝါးခြင်းဖြင့် သွားဖုံးယားခြင်းကို သက်သာ စေသည်။ မက်စ်သည် သူ့အတွက် အန္တရာယ်ဖြစ်မည့်အရာကို မဝါးမိအောင် ကျွန်တော်တို့ သတိထားစောင့်ကြည့်နေရပြီး သူ့အကျိုးဖြစ်မည့်အရာ ကျန်းမာရေးမထိခိုက်မည့်အရာ ကိုသာ ညွှန်ပေးသည်။
မက်စ်၏ကိုက်ဝါးချင်သောဆန္ဒနှင့် သူ့ကို စောင့်ကြည့် ရမည့် ကျွန်တော့်တာဝန် ဆိုသည့်အရာက ကျွန်တော်တို့၏ စိတ်နှလုံးထဲတွင် မည်သည့်အရာများကို နှလုံးသွင်းနေသနည်းဆိုသည့်အချက်ကို တွေးမိစေသည်။ စာဖတ်ခြင်း၊ လူမှုကွန်ယက်ပေါ်တွင် လေ့လာခြင်းနှင့်…
ရပ်
ကျွန်မသူငယ်ချင်းနှင့် ကျွန်မသည် စည်းချက်ကျစွာ လှုပ်ခတ်နေသော သမုဒ္ဒရာ သဲသောင်ပြင်တွင် ထိုင်နေသည်။ မိုးကုပ်စက်ဝိုင်းသို့် နေဝင်နေစဉ် လှိုင်းလုံးများ တစ်လုံးပြီးတစ်လုံး လိမ့်တက်လာကာ ဆန့်တန်းထားသော ခြေဖျားလေးသို့ မရောက် တရောက်တွင် လှိုင်းလုံးသေးသွားပြီး ရပ်သွားသည်။ သူပြုံးလျက် ‘‘ပင်လယ်ကို ငါသဘောကျတယ်။ သူက ရွေ့လာလို့ ငါရွေ့စရာ မလိုဘူး’’ ဟု ဆိုသည်။
စဉ်းစားစရာ အတွေးတစ်စကို ကျွန်မရလိုက်သည်။ ကျွန်မတို့အများစုက ရပ်တန့်ရန် ကြိုးစားရုန်းကန်နေ ကြသည်။ ကျွန်မတို့၏ ကြိုးစားရုန်းကန်မှုကို ရပ်တန့် လိုက်လျှင် ဘာမှန်းမသိ မိမိ၏ဖြစ်တည်မှုလည်း ပျောက်သွား မည်ကို စိုးကြောက်လျက် ကျွန်မတို့ဆက်လုပ်နေသည်၊ ဆက်သွားနေကြသည်။
ဆာလံ ၄၆း၈-၉ တွင် ဘုရားသခင်၏ ကြီးမားပြီး အကန့်အသတ်မရှိသော လက်ရုံးတော်တန်ခိုးကို သရုပ်ပြထားသည်။ ‘‘ထာဝရဘုရားစီရင်ပြုပြင်၍ မြေကြီးပေါ်မှာ သုတ်သင်ပယ်ရှင်းခြင်း အမှုတော်များကို လာ၍ကြည့်ရှုကြလော့။ လေးကိုချိုးလျက်၊ လှံကို…
မိတ်သဟာယပျက်ပြားခဲ့သည့်အချိန်
ဂေါလဂေါသတောင်ကုန်းတွင် ကားစင်တင်ခံရသည့် သခင်ယေရှုသည် နာကျင်မှု ဝေဒနာကိုခံရင်း ပူဆွေးမှုဖြင့် ‘‘ဧလိ၊ ဧလိ၊ လာမာရှာ ဗခသာနိ’’ ဟု ကြွေးကြော်ခဲ့သည်။
အနက်ကား ‘‘အကျွန်ုပ်ဘုရား၊ အကျွန်ုပ်ဘုရား၊ အဘယ်ကြောင့် အကျွန်ုပ်ကို စွန့်ပစ်တော်မူသနည်း’’ ဟူ၍ဖြစ်သည်။
ဆွေးမြေ့ဝမ်းနည်းဖွယ် ထိုအသံက နေ့လယ်ခင်း လေထုကို ထိုးဖောက်လျက် ကျယ်လောင်စွာ ပေါ်ထွက်လာပြီး သခင်ယေရှု၏ခြေတော်ရင်း၌ စုဝေးကြသည့် မိတ်ဆွေများနှင့် ချစ်ခင်ရသူများ ငိုကြွေးမြည်တမ်းသံကိုပင် ဖုံးလွှမ်းသွားသည်။ထိုမြည်တမ်းသံက ယေရှု၏နံဘေး တစ်ဘက်တစ်ချက်မှ ရာဇ၀တ်သားနှစ်ဦး၏ ညည်းညူသံထက် ကျယ်လောင် မည်မှာ မလွဲပါ။ ထိုအသံကို ကြားရသူများအားလုံး လန့်ဖျပ် သွားကြမည်ဟု ကျွန်တော် စိတ်ကူးယဉ်မြင်ယောင် ကြည့်မိသည်။
ထိုစကားထက် ပို၍ စိတ်ထိခိုက်စေသော စကားလုံးကို ကျွန်တော် စဉ်းစား၍ မရပါ။ ထာဝရကာလတိုင် သခင်ယေရှုသည် အဘဘုရားနှင့် မိတ်သဟာယ ဖွဲ့နေမည်ပင် ဖြစ်သည်။ စကြ၀ဠာကို သူတို့အတူဖန်ဆင်းပြီး သဏ္ဌာန်တော်နှင့်အညီ…
စကားလုံးများ မှားယွင်းသောအခါ
မကြာမီက ကျွန်တော့်ဇနီးသည် ကာရီ ထံ အသံကို စာသားအဖြစ် ပြောင်းပေး သည့် ဆော့ဝဲလ်ဖြင့် စာတိုတစ်ခုပေးပို့ခဲ့သည်။ သူ့ကို ရုံးမှအိမ်သို့ ကားဖြင့် ကြိုလာရန် ‘‘ဘယ်နေရာမှာ လာကြိုစေချင်သလဲ မိန်းမအိုလေး(old gal)’’ ဟု ပြော၍ ပို့လိုက်သည်။
သူ့အား ‘‘မိန်းမအိုလေး (old gal)’’ ဟုခေါ်ခြင်းကို ကာရီ ဘာမှမခံစားရပါ။ ၎င်းသည် ကျွန်တော်တို့အိမ်တွင် ခေါ်နေကျ ချစ်စနိုး အိမ်ခေါ်နာမည် ဖြစ်သည်။ သို့သော် ကျွန်တော်၏ မိုဘိုင်းလ်ဖုန်းက ၎င်းကို နားမလည်ဘဲ ထိုအစား ‘‘နွားအိုလေး (old cow)’’ဟု ပေးပို့ ခဲ့သည်။
အခြေအနေကို ကာရီ ချက်ချင်းနားလည်ပြီး ရယ်မောလိုက်သည်။ ထိုအကြောင်းကို ကာရီ က အွန်လိုင်း ပေါ်တင်လိုက်ပြီး ‘‘ကျွန်မစိတ်ဆိုးရမှာလားရှင်’’ ဟု ရေးလိုက် သည်။ ကျွန်တော်တို့ နှစ်ယောက်စလုံးအတွက်…