အမျိုးအစား  |  odb

မိုးကုတ်စက်ဝိုင်းသို့ လှမ်းမျှော်ကြည့်ခြင်း

သင်္ဘောထွက်စမှာပင် နေလို့မကောင်းဟု  သမီးငယ်က ကျွန်မကို ပြောသည်။ လှိုင်းမူး သည့် ဒဏ်ကို သူစတင်ခံစားရခြင်းဖြစ်သည်။ မကြာမီ ကျွန်မလည်း မူးဝေအော့အန်လာသည်။ ‘‘မိုးကုတ်စက်ဝိုင်းကို ကြည့်နေပါ’’ ဟု ကျွန်မကိုယ့်ကိုယ်ကိုယ် သတိပေးလိုက်သည်။ ထိုကဲ့သို့ ကြည့်နေခြင်းက မြင်ကွင်းကို မှန်ကန်စွာ ရှုမြင်စေသည်ဟု သင်္ဘောသားများက ပြောသည်။

မိုးကုတ်စက်ဝိုင်းကို ဖန်ဆင်းသူသည် (ယော ၂၆း၁၀) တစ်ခါတစ်ရံ ဘဝတွင် ကြောက်ရွံ့မှုနှင့် ပင်ပန်းမှုကို ကျွန်မတို့ ရင်ဆိုင်ရမည်ဖြစ်ကြောင်းကို သိသည်။ အဝေးရှိ ကျွန်မတို့၏ ဦးတည်ရာနေရာအမှတ်ကို အာရုံစိုက်ခြင်းဖြင့် မှန်ကန်သောအမြင်ကို ပြန်လည်ရရှိစေမည်ဖြစ်သည်။

ဟေဗြဲသြ၀ါဒစာကို ရေးသားသူက ဤအချက်ကို သိသည်။ သူရေးသားသည့်သြ၀ါဒစာကို ဖတ်ရှုသူများသည် စိတ်ဓာတ်ကျဆင်းနေကြောင်း သူသိရှိခံစားရသည်။ ညှဉ်းပန်းနှိပ်စက်မှုဒဏ်ကြောင့်  သူတို့ အိုးအိမ်စွန့်လျက် ထွက်ပြေးရသည်။ အခြားသောယုံကြည်သူများလည်း ပြင်းထန် သော စုံစမ်းစစ်ဆေးခြင်းများကို ခံကြရပြီး နေရပ်စွန့်ခဲ့ရကြောင်း၊ ၎င်းတို့ ထိုသို့…

နောက်ဆုံးအမိန့်ပြန်တမ်း

ရဟတ်ယာဉ်မောင်းအဖြစ် အနှစ် ၂၀ ကြာ တိုင်းပြည်အတွက် တာဝန်ထမ်းဆောင်ခဲ့ ပြီးနောက် သင်ကြားရေးဆရာတစ်ဦးအဖြစ် မိမိလူမှုအသိုင်းအ၀န်းကို အလုပ်အကျွေးပြု အစေခံရန် ဂျိမ်းစ် ဇာတိမြေသို့ ပြန်လာခဲ့သည်။ သို့သော် ရဟတ်ယာဉ်များကို သူလွမ်းသည်၊ သူမေ့မရသဖြင့် ဒေသန္တရဆေးရုံတစ်ခုသို့ ရဟတ်ယာဉ်ဖြင့် ကာကွယ်ဆေး ပစ္စည်းများ ပို့ဆောင်ပေးရသောအလုပ်ကို သူဝင်ရောက် လုပ်ကိုင်ခဲ့သည်။ သူ့အသက် အတော်ကြီးသည်အထိ    ရဟတ်ယာဉ်မောင်းအလုပ်ကို သူလုပ်ကိုင်ခဲ့သည်။

ယခုတွင် သူ့ကို နောက်ဆုံးနှုတ်ဆက်ရမည့်အချိန် ကျရောက်လာပြီဖြစ်သည်။ မိသားစု၊ သူငယ်ချင်းများနှင့် လုပ်ဖော်ကိုင်ဖက် များက သင်္ချိုင်းကုန်းတွင် တန်းစီရပ်နေကြပြီး ရဲဘော်ရဲဘက်တစ်ဦးက ဆက်သွယ်ရေးစက်ဖြင့် အမိန့်ပေး အကြောင်းကြားလိုက်သည်။ မကြာမီ လေထုကို ပဲ့တင်ရိုက် ခတ်သော ပန်ကာလည်သံကို ကြားကြရသည်။ ရဟတ်ယာဉ်တစ်စီးက အောက်မေ့ဖွယ်  ခြံဝင်းကို တစ်ပတ် ပျံသန်းပြီး အလေးပြုသည့်အနေဖြင့် ခေတ္တခဏ လေထဲတွင် ရပ်တန့် ပြီးနောက်…

လူယောင်ဆောင်သောဘုရားသခင်

ကျွန်မ၏ခင်ပွန်းသည် တစ်လခန့်ကြာမျှ ခရီးထွက်ရသဖြင့် ကျွန်မမှာ ရုံးအလုပ်၊ အိမ်အလုပ်၊ ကလေးများ၏ဝေယျာဝစ္စများနှင့် ဖိစီးဗျာများရတော့သည်။ အလုပ်ပြီးစီးရန် သတ်မှတ်ထားသောအချိန်က စိုးရိမ်အမှတ်သို့ရောက်လာသည်။ မြက်ရိတ်စက်က ပျက်၊ကလေးများက ကျောင်းပိတ်သဖြင့် ပျင်းနေကြသည်။

ကျွန်မတစ်ယောက်တည်း ထိုအရာ များကို မည်သို့ဖြေရှင်းရမည်နည်း။ ကျွန်မသည် တစ်ယောက်တည်း မဟုတ်ကြောင်း မကြာမီ သဘောပေါက်သွားသည်။ ဘုရားကျောင်းမှ မိတ်ဆွေများက ကျွန်မကို လာရောက်ကူညီကြပါသည်။  ဂျော့ရှ် က မြက်ရိတ်စက် ပြင်ပေးရန် ရောက်လာသည်။ ဂျွန် က နေ့လယ်စာ ယူလာပေးသည်။ ကတ်စီဒီ က မီးပူ ကူတိုက်ပေးသည်။ အဘီ က ကလေးများကိုခေါ်ပြီး အတူ ကစားပေးသဖြင့် ကျွန်မ အေးအေးဆေးဆေး အလုပ်လုပ်နိုင် ခဲ့သည်။ ဘုရားသခင်သည် ကျွန်မကို ကူညီရန် မိတ်ဆွေများအားဖြင့် အလုပ်လုပ်နေသည်။ ၎င်းသည် ရောမ ၁၂ တွင် ရှင်ပေါလု ဖော်ပြထားသည့်…

ဘယ်သူမှ ငါ့ကို မချစ်

ကလေးငယ်တစ်ဦး ဖြစ်သဖြင့် အထီးကျန်မှု၊ ငြင်းပယ်မှုများကို ခံစားရသောအခါ (သို့)အားငယ်စိတ်များ ၀င်လာသည့်အခါများတွင် ကျွန်မ၏မိခင်က ထင်ရှားသောသီချင်း ဖြစ်သည့် ‘‘ဘယ်သူမှ ငါ့ကို မချစ်ဘူး၊... လူတိုင်း ငါ့ကိုမုန်းတယ်၊... အင်း ...ပိုးကောင် တွေကို သွားစားလိုက်တာပဲကောင်းမယ်...။’’ ဆိုသည့်သီချင်းကို ဆိုကာ ကျွန်မပျော်ရွှင် လာအောင် လုပ်ပေးသည်။ စိတ်ဓာတ်ကျနေသည့် ကျွန်မ မျက်နှာတွင် အပြုံးပန်းများ ပွင့်လာသောအခါ ကျွန်မအမှန် တကယ် ခံစားခဲ့ရသည့် ကျေးဇူးတရားများအတွက် ကျေးဇူး သိတတ်ရန်နှင့် ထူးခြားသော ပေါင်းသင်းဆက်ဆံရေးများကို မြင်တွေ့လာစေရန် အမေက မစကူညီပေးခဲ့သည်။

မည်သူမျှ ဂရုမစိုက်ဟု ဒါဝိဒ် ခံစားရကြောင်းကို ကျွန်မဖတ်ရှုရသောအခါ ထိုသီချင်းကို ကြားယောင်မိသည်။ ဒါဝိဒ်၏နာကျင်မှုက ချဲ့ကားအပိုပြောထားခြင်း မဟုတ်ပါ။ ကျွန်မဘ၀တွင်လည်း အထီးကျန်ခံစားခဲ့ရသည့်အချိန်များ ရှိခဲ့ပြီး ဒါဝိဒ်တွင်လည်း စွန့်ပစ်ခြင်းခံရသည်ဟု ခံစားရသည့် အကြောင်းအရင်းများရှိသည်။ သူ့ကိုသတ်ရန် ကြံစည်နေ သည့်…

ထင်မှတ်မထားသော ပညာဉာဏ်

လွန်ခဲ့သောနှစ်အနည်းငယ်က အမျိုးသမီးတစ်ဦးက ဤသို့ပြောပြသည်။ သူ၏ ဆယ်ကျော်သက်အရွယ်သားက ပြင်းထန်ကြမ်းတမ်းသော ဖြစ်ရပ်များပါသည့် သတင်းကိုကြည့်နေရာ ရီမုကွန်တရိုးကို ယူပြီးချက်ခြင်း သူလိုင်းပြောင်းလိုက်ကာ ‘‘ဒါကို သားကြည့်ဖို့ မလိုဘူး’’ ဟု သားကို ပြောချလိုက်သည်။ သို့နှင့် သားအမိနှစ်ဦး စကားများ ကြတော့သည်။ သား၏စိတ်နှလုံး၌ ‘‘သမ္မာတရားနှင့် ဆိုင်သောအရာ၊ လျောက်ပတ်သောအရာ၊ ဖြောင့်မတ်သော အရာ... ’’များနှင့်ဖြည့်ရန် လိုအပ်သည်ဟု သူဝေမျှပြောပြ သည် (ဖိ ၄း၈)။ ညစာစားပြီးနောက်တွင် သူနှင့် သူ့ခင်ပွန်းတို့ တီဗွီကြည့်နေစဉ် ငါးနှစ်အရွယ်သမီးလေး ရုတ်တရက်ရောက်လာပြီး တီဗွီကိုပိတ်လိုက်ကာ မိခင်၏ လေသံအတိုင်း ‘‘အမေတို့ ဒါတွေကို ကြည့်ဖို့မလိုဘူး။ အခု သမ္မာကျမ်းစာထဲက အရာတွေကို ဆင်ခြင်ပါ’’ ဟု ပြောလိုက်သည်။

အရွယ်ရောက်ပြီးသူများဖြစ်သည့် အားလျော်စွာ သတင်းများနှင့် ဖြစ်ရပ်များကို ကလေးများထက် ကျွန်ုပ်တို့က ပို၍ မှတ်မိနိုင်သည်။ ထိုဇနီးမောင်နှံ၏သမီးလေးက သူ့မိခင်၏သွန်သင်ချက်ကို…

အိပ်ယာထက်၌ လူးလိမ့်နေခြင်း

မည်သည့်အရာက သင့်ကို အိပ်မပျော်ဖြစ်စေသနည်း။ ညဥ့်နက်သည့်တိုင် ကိစ္စတစ်ခု အတွက် အဖြေရရန် ကြိုးစားရင်း အိပ်မပျော်ဘဲ အိပ်ယာထက်၌ ကျွန်ုပ်လူးလိမ့်နေမိသည်။ တစ်ဖြည်းဖြည်းနှင့် လုံလောက်သော အနားယူမှုမရှိသဖြင့် နောက်တစ်နေ့၏စိန်ခေါ်မှု များကို ရင်ဆိုင်ရန် ကျွန်ုပ်စိုးရိမ်ပူပန်လာသည်။

ထိုသို့သင်ဖြစ်ဖူးပါသလား။ ခက်ခဲသော ဆက်ဆံရေး၊ မသေချာသောအနာဂတ် စသည်ဖြင့် တစ်ခုမဟုတ် တစ်ခုခုကို ကျွန်ုပ်တို့စိုးရိမ်ပူပန်ကြသည်။

ဒါဝိဒ်မင်းသည်လည်း ဆာလံ ၄ ကို ရေးသားနေစဉ် ပူပန်သောကရောက်နေကြောင်း ထင်ရှားသည်။ လူထုက စွပ်စွဲချက်များဖြင့် သူ၏ဂုဏ်သိက္ခာကို ကျဆင်းစေကြသည် (း၂)။ အချို့က သူ၏အုပ်ချုပ်နိုင်မှုစွမ်းရည်ကို မေးခွန်းထုတ်နေ ကြသည် (း၆)။ မမျှမတဆက်ဆံခံရခြင်းအတွက် ဒါဝိဒ် ဒေါသထွက်ကောင်းထွက်နေမည်။ ထိုအကြောင်းကို စဉ်းစား ရင်း ညအချိန်တွင် ဒါဝိဒ်ဒေါသထွက်မည်မှာ သေချာသည်။ သို့သော် ‘‘ငြိမ်ဝပ်စွာ အိပ်၍ပျော်ပါမည်’’ဟု (း၈)မှတ်ချက်ပြုလောက်သည့်စကားများကို သူရေးသားခဲ့သည်။

ဆရာကြီး ချားလ်စ်စပါဂျင် က အပိုဒ်ငယ်…

ဘာဘုရှ်က အမျိုးသမီး

၁၉၆၃ ခုနှစ်က အမေရိကန်သမ္မတ လုပ်ကြံခံရမှုတွင် ဘာဘုရှ်က အမျိုးသမီးသည် လျို့ဝှက်ဆန်းကြယ်မှုများအနက် တစ်ခုအပါအ၀င် ဖြစ်သည်။  ထိုအဖြစ်အပျက်ကို မှတ်တမ်း တင်သောရုပ်ရှင်ရှိသော်လည်း သူ့ကို အမိအရဖမ်းရန် မလွယ်။ ကုတ်အင်္ကျီရှည် နှင့် လည်စည်းပုဝါကိုဝတ်ဆင်ထားသော (ရှရှားမှ ဘာဘုရှ်က အမျိုးသမီးနှင့် ဆင်သော) ထူးခြားသောအမျိုးသမီးသည် မည်သူဖြစ်သည်ကို ခွဲခြား၍ မရကြပေ။ ဆယ်စုနှစ်များစွာ ကြာပြီးနောက်တွင် သမိုင်း ပညာရှင်များက ထိုထိတ်လန့်စရာ နိုဝင်ဘာနေ့တစ်နေ့ အကြောင်းကို ထုတ်ဖော်ပြောကြားရန် ‘‘ဘာဘုရှ်က အမျိုးသမီး’’ အတွက် ကြောက်ရွံ့စိတ်က အတားအဆီး ဖြစ်နေသည်ဟု သုံးသပ်မှန်းဆကြသည်။

သခင်ယေရှု၏တပည့်တော်များ ပုန်းရှောင်နေကြ ခြင်းကို ကျွန်ုပ်တို့နားလည်နိုင်ပါသည်။ မည်သည့် မှန်းဆချက်မှ မလိုအပ်ပါ။ သူတို့၏သခင်ကိုသတ်သော အာဏာပိုင်များကို သူတို့ကြောက်ရွံ့ခြင်းကြောင့် (ယော ၂၀း၁၉)၊ ရှေ့ထွက်၍သူတို့၏အတွေ့အကြုံများကို ကြွေးကြော်ရန် သွေးကြောင် တွန့်ဆုတ်နေကြသည်။ ထို့နောက် သခင်ယေရှု သင်္ချိုင်းမှ ရှင်ပြန်ထမြောက်ခဲ့သည်။…

သစ်ပင်ပေါ်တွင်

သီးသန့်ဖယ်ထားသော အိမ်လုပ်ပေါင်မုန့်ကို ကျွန်တော့်ကြောင်လေး ဗဲဗက် က မီးဖိုချောင်ထောင့်နားတွင် အားရပါးရစားနေသည်ကို ကျွန်တော့်အမေ တွေ့သွားသည်။ စိတ်တိုတိုနှင့် အမေ သူ့ကို အပြင်သို့ မောင်းထုတ်ခဲ့သည်။ နာရီများစွာ ကြာပြီးနောက်တွင်   ကြောင်လေးကို ခြံဝင်းထဲတွင် ကျွန်တော်တို့ ရှာဖွေသော်လည်း မတွေ့ပါ။ ကြောက်ရွံ့ တကြီးနှင့် ကြောင်အော်သံကို လေထဲတွင် ကြားနေရပြီး  မော့ကြည့်လိုက်ရာ ပေါ်ပလာပင် ထိပ်ဖျားတွင် ညစ်ပတ် ပေကျံနေသော ကြောင်လေးကို တွေ့လိုက်ရသည်။

သူ့အပြုအမူအတွက် ကျွန်တော့်မိခင်၏ ဒေါသမှ လွတ်မြောက်ရန် အလျင်စလိုထွက်ပြေးသည်တွင် ပြုတ်ကျရန် တည်းတည်းသာလိုတော့သည့် အကြပ်အတည်းလမ်းကို သူရွေးချယ်မိသည်။ တစ်ခါတစ်ရံတွင် ကျွန်တော်တို့လည်း ထိုနည်းတူ အမှားလုပ်ပြီး ထွက်ပြေးရင်း မိမိတို့ကိုယ်ကို အန္တရာယ်ထဲသို့ ကျရောက်စေမိသည်။ ထို့နောက် ဘုရားသခင်က ကျွန်တော်တို့ကို လာ၍ ကယ်တင်ရသည်။

နိနဝေမြို့သို့ သွားရောက်ကြွေးကြော်ရန် ဘုရားသခင်၏ဆင့်ခေါ်သံကို ပရောဖက် ယောန မနာခံဘဲ…

ခွင့်လွှတ်လျက် ဆုတောင်းခြင်း

၁၉၆၀ ပြည့်နှစ်က အသက် ၆ နှစ်အရွယ် ရူဘီဘရစ်ဂ်ျ သည် အမေရိကန်နိုင်ငံတောင်ပိုင်း လူဖြူကလေးများတက်သည့် မူကြိုကျောင်းသို့ ပထမဦးဆုံး တက်ရောက်ခဲ့သည့် အာဖရိကန်-အမေရိကန်ကလေးငယ်တစ်ဦးဖြစ်သည်။ နေ့စဉ် လအတော်ကြာကြာ ကျိန်ဆဲခြောက်လှန့်၍ စော်ကားပြောဆိုသော လူဖြူကျောင်းသားမိဘများရန်မှ ကာကွယ် ရန် ရဲအစောင့်အရှောက်ဖြင့် ရူဘီ ကျောင်းတက်ခဲ့ရသည်။ကျောင်းထဲသို့ လုံခြုံစွာ ရောက်ရှိသွားသောအခါ သူတို့၏ ကလေးများ ရူဘီနှင့်အတူ စာသင်ကြားခြင်းကို လူဖြူမိဘ များက မလိုလားကြသဖြင့် သူ့ကို စာသင်ပေးရန် ဆန္ဒရှိသော ဆရာမ ဘာဘရာဟင်နရီ နှင့်အတူ သီးသန့်စာသင်ခန်းတွင် သင်ကြားရသည်။

နာမည်ကြီး ကလေးစိတ်ပညာရှင် ရောဘတ်ကိုးစ် က ရူဘီ ကြုံတွေ့ရသော ကြောက်ရွံ့ရမှုနှင့် စိတ်ဖိစီးမှုများကို ကျော်လွှားနိုင်ရန် လပေါင်းများစွာ ရူဘီ နှင့် တွေ့ဆုံခဲ့သည်။ ရူဘီ သည် ကျောင်းတက်ချိန်နှင့် ကျောင်းဆင်းချိန်တိုင်းတွင် ‘‘အဘဘုရား၊ ကျေးဇူးပြု၍ သူတို့၏အပြစ်ကို…

ပတ်ဝန်းကျင်အသစ်

ကျွန်မသူငယ်ချင်း ကာရီ ၏ ငါးနှစ်အရွယ် သမီးလေး မယ်ဂျာ တွင် စိတ်ဝင်စားစရာ ကစားနည်းတစ်ခုရှိပါသည်။ သမီးလေးသည် အရုပ်ပေါင်းစုံကိုရောပြီး ပတ်ဝန်းကျင် အသစ်လေး ဖန်တီးပေးရခြင်းကို နှစ်သက်သည်။ သူ၏စိတ်ကူးယဉ်အတွေး ကမ္ဘာထဲတွင် အရာအားလုံးသည် အတူတူပင်ဖြစ်သည်။ ထိုအရုပ်များသည် သူ၏လူများဖြစ်ပြီး အရွယ်မတူညီခြင်း၊ ပုံပန်းသဏ္ဌာန်မတူညီခြင်းကို အလေး မထားဘဲ ၎င်းတို့ အတူရှိနေရလျှင် ထိုအချိန်က အပျော်ဆုံးဟု သူယုံကြည်မှတ်ယူသည်။

သူ့စိတ်ကူးစိတ်သန်းလေးက အသင်းတော်အပေါ်   ထားရှိသော ဘုရားသခင်ရည်ရွယ်ချက်ကို အမှတ်ရစေသည်။ ပင်တေကုတ္တေပွဲနေ့၌ ‘‘ထိုကာလအခါ ကောင်းကင်အောက် တွင် ရှိလေသမျှသောလူမျိုးထဲက ဘုရားကိုရိုသေသော ယုဒလူတို့သည် ယေရုရှလင်မြို့၌ တည်းနေကြသတည်း’’ (တ ၂း၅) ဟု ရှင်လုကာ ရေးခဲ့သည်။ ထိုလူမျိုးများသည် မတူညီသောယဉ်ကျေးမှုနှင့် ဘာသာစကားအမျိုးမျိုး ပြောကြသော်လည်း သန့်ရှင်းသော ၀ိညာဉ်တော် ဆင်းသက်လာသောအခါ ပတ်ဝန်းကျင်အသစ်ဖြစ်သော အသင်းတော် ဖြစ်လာသည်။ ထိုအချိန်မှစ၍…