ယေရှုရှင်ကို ထပ်ကြည့်လိုက်ပါ
သစ္စာရှိသူကို ပြပါဆိုလျှင် ညီအစ်ကို ဂျပ်စတစ်ကို ပြရမည်ပင်။ အိမ်ထောင်၌သစ္စာရှိသူ၊ တာဝန်ကို လေးစားကျေပြွန်သောစာတိုက်ဝန်ထမ်း၊ အသင်းတော်ခေါင်းဆောင်တစ်ဦး အဖြစ် တနင်္ဂနွေနေ့တိုင်း သူ့နေရာသူယူသည်။ ကျွန်တော်ငယ်စဉ်က တက်ရောက်ခဲ့သော ထိုအသင်းတော်သို့ မကြာမီက သွားရောက်တရားဟောခဲ့ရာ၊ သမ္မာကျမ်းစာ လေ့လာခြင်းအချိန် ပြီးဆုံးတော့မည့်အကြောင်း အချက်ပေး သည့် ညီအစ်ကို ဂျပ်စတစ် တီးလေ့ရှိသည့် ခေါင်းလောင်းကို စန္ဒယားခုံပေါ်တွင် တွေ့ရသည်။ ခေါင်းလောင်းက မပျောက်မပျက် ရှိနေဆဲဖြစ်သည်။ ညီအစ်ကို ဂျပ်စတစ် တစ်ယောက် သခင်ဘုရားထံပါး ဘုန်းတော်ဝင်စားခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့သည့်တိုင် သူ၏ယုံကြည်ခြင်း အမွေအနှစ်ကလည်း တည်နေဆဲဖြစ်သည်။
ဟေဗြဲသြ၀ါဒစာ အခန်းကြီး ၃ တွင် သစ္စာရှိသော အစေခံနှင့် သစ္စာရှိသောသား အကြောင်းက ဖတ်ရှုသူ၏ စိတ်အာရုံကို ဆွဲဆောင်ဖမ်းစားသည်။ မောရှေသည် ဘုရားသခင်၏သစ္စာရှိသော အစေခံဖြစ်ကြောင်း ငြင်းဆို ဖွယ်ရာ မရှိသော်လည်း ယုံကြည်သူများက သခင်ယေရှုနှင့်…
အလုပ်ခွင်ထဲ အလုပ်သင်
ကျွန်မသား၏အတန်းပိုင်ဆရာက သိပ္ပံလက်တွေ့စခန်းချသင်တန်းသို့ အမျိုးသမီးများ အတွက် အဖော်နှင့်အထိန်းအဖြစ် လိုက်ပါပေးရန် ပြောလာသောအခါ ကျွန်မတုံ့ဆိုင်းမိ သည်။ ကျွန်မ၏အတိတ်ကာလက လွဲချော်မှားယွင်းမှုများရှိခဲ့ပြီး၊ ရုန်းကန်နေရဆဲ၊ ကျရှုံးနေဆဲ၊ အကျင့်ဟောင်းများ ပြန်ပြုမိနေဆဲဖြစ်သောကြောင့် ကျွန်မအနေဖြင့် မည်သို့ ပုံစံကောင်းဖြစ်နိုင်ပါမည်နည်း။ ဘုရားသခင်၏မစမှုဖြင့် သားလေးကို ချစ်နိုင်ခဲ့၊ ပြုစုပျိုးထောင်နိုင်ခဲ့သော်လည်း အခြားသူများအား အစေခံရန် ဘုရားရှင် ကျွန်မကိုသုံးခြင်း ကိုဖြင့် သံသယဖြစ်မိသည်။
ဘုရားသခင်တစ်ပါးတည်းသာ စုံလင်သူ၊ စိတ်နှလုံးနှင့် အသက်တာကို ပြောင်းလဲပေးနိုင်သူ၊ တစ်ချိန်ပြီးတစ်ချိန် ကျွန်မတို့ကို အသစ်ပုံသွင်းဖြစ်စေသူဖြစ်ကြောင်းကို ကျွန်မ အသိအမှတ်မပြုခဲ့သည့်အချိန်များ ရှိခဲ့သည်။ ထိုအခါ ရှင်ပေါလု၏တိမောသေကို အလုပ်ခွင်ထဲ အလုပ်သင်ပေး ခဲ့သည့်အတိုင်း ယုံကြည်ခြင်း၌တည်နေရန်၊ ဘုရားသခင် ပေးသနားသည့်ဆုကျေးဇူးများကို အသုံးပြုအစေခံရန် (၂ တိ ၁း၆) အချက်အားဖြင့် သန့်ရှင်းသော ၀ိညာဉ်တော်က ကျွန်မကို ခွန်အားပေးခဲ့သည်။ တိမောသေ၏ကြီးထွားရင့်ကျက်ခြင်းဖြစ်စဉ်၊ သူလွှမ်းမိုး သူများအပေါ် ဆက်လက်၍အစေခံခြင်းဖြစ်စဉ်၌…
ဉာဏ်ပညာ၏ခေါ်သံ
ထင်ရှားသော ဗြိတိသျှ ဂျာနယ်လစ်နှင့် လူမှုရေးရာဝေဖန်သူ မဲလ်ခမ်း မာဂျရေ့သည် အသက် ၆၀ အရွယ်တွင်မှ ခရစ်တော်ကို ယုံကြည်ခဲ့သူဖြစ်သည်။ သူ့အသက် ၇၅ နှစ်တွင်
ဘ၀အကြောင်း သူလေ့လာတွေ့ရှိခဲ့သည့်ဘဝဒဿနအမြင် ၂၅ ချက်ကို ဖော်ပြခဲ့သည်။ တစ်ချက်မှာ ‘‘ပျော်ရွှင်တဲ့သူဌေးသူကြွယ်ကို တစ်ခါမှ မမြင်ဖူးခဲ့ပါ။ သို့သော် သူကြွယ်သူဌေး
မဖြစ်လိုတဲ့ ငမွဲတစ်ဦးကိုဖြင့် ရှားရှားပါးပါး တစ်ကြိမ်မြင်ခဲ့ဖူး သည်’’ ဟု ဆိုသည်။
ငွေက ကျွန်ုပ်တို့ကို မပျော်ရွှင်စေနိုင်ကြောင်း လူအများစုက လက်ခံကြသော်လည်း အရေးကြုံသော် အသုံးပြုနိုင်ရန် သင့်တင့်လျှောက်ပတ်သည့် ပမာဏာကိုဖြင့် ရရှိလိုကြပါသည်။
ရှောလမုန်မင်းကြီး၏ စုစုပေါင်းပိုင်ဆိုင်မှုသည် အမေရိကန်ဒေါ်လာ ကုဋေ ၂ သန်းကျော်ရှိသည်ဟု ခန်းမှန်း ကြသည်။ သူသည် အလွန်ကြွယ်ဝခဲ့သော်လည်း ငွေကြေး၏
စွမ်းဆောင်နိုင်မှုက အတိုင်းအတာရှိကြောင်း သူသိသည်။ သုတ္တံကျမ်းအခန်းကြီး ၈ သည် သူ၏အတွေ့အကြုံများ၌…
မုဆိုးမ၏ယုံကြည်ခြင်း
တစ်နေ့တာကို အားပိ အစပြုသောအချိန်သည် မှောင်နေဆဲဖြစ်သည်။ မကြာမီတွင် အခြားရွာသူရွာသားများလည်း နိုးလာပြီး ရာဘာစိုက်ပျိုးရေးခြံသို့ သွားကြမည်။ တရုတ်နိုင်ငံ ဟွန်ဇောင်းရွာလေး၏ အဓိကအသက်မွေးမှုနှင့်ဝင်ငွေလမ်းကြောင်းမှာကြက်ပေါင်စေးခြစ်သည့် လုပ်ငန်းဖြစ်သည်။ ကြက်ပေါင်စေး များများထွက်အောင် ရာဘာပင်ကို နေမထွက်မီ နံနက်စောစော ခြစ်ရသည်။ အားပိသည် ကြက်ပေါင်စေးခြစ်သည့် အလုပ်သမတစ်ဦး ဖြစ်ပြီး ရှေ့ဦးစွာ သူသည် ဘုရားသခင်နှင့်အချိန်ယူလျက် ဆက်သွယ် မိတ်သဟာယ ပြုခဲ့သည်။
အားပိ၏ဖခင်၊ ခင်ပွန်းနှင့် တစ်ဦးတည်းသောသားတို့ ဆုံးပါးသွားကြပြီ ဖြစ်၍ သူနှင့် သူ့ချွေးမတို့မှာ မိခင်အိုကြီးနှင့် မြေးငယ်နှစ်ဦးကို ကျွေးမွေးပြုစုနေရသည်။ သူ့အကြောင်းကို တွေးရင်းမှ သမ္မာကျမ်းစာထဲမှ ဘုရားသခင်ကို ကိုးစားသည့် မုဆိုးမတစ်ဦးကို ကျွန်ုပ်သတိရမိသည်။
ထိုမုဆိုးမသည် သူ့ခင်ပွန်း ကွယ်လွန်သွားပြီးနောက် သူ့ခမျာ အကြွေးများနှင့် ကျန်ခဲ့သည် (၄ ရာ ၄း၁)။ စိတ်ပျက်စရာများကြားမှ ဘုရားသခင်၏လူ ဧလိရှဲထံ ချဉ်းကပ်ခြင်းဖြင့် ဘုရားထံမျှော်ကြည့်ခဲ့သည်။…
သတိမေ့ရောဂါ
ကယ်လီဖိုးနီးယားပြည်နယ် ကားဘက် မြို့ရှိ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့အစည်း တစ်ခုမှ သြစတေးလျနိုင်ငံသား အမျိုးသမီးတစ်ဦးကို ဆေးကုသပေးခဲ့ရာ၊ ထိုအမျိုးသမီး သည် သူ့ကိုယ်သူ မည်သူမည်ဝါမှန်း မသိတော့ပါ။ သူသည် သတိမေ့ရောဂါဝေဒနာ ခံစားနေရပြီး နိုင်ငံသားစိစစ်ရေးကတ်ပြားလည်း မပါလာခဲ့ပါ။ သူ့နာမည်ကိုလည်း မပြောပြနိုင်သလို၊ မည်သည့်ဒေသမှလာသည်ကိုလည်း မသိတော့ပါ။ ဆရာဝန်များနှင့် နိုင်ငံတကာ သတင်းမီဒီယာ များမှတစ်ဆင့် သူ့ကျန်းမာရေး ပြန်လည်ကောင်းမွန်လာရေး၊ သူ့အကြောင်းကို ပြန်မှတ်မိလာရေး၊ မိသားစုနှင့် ပြန်လည် တွေ့ဆုံနိုင်ရေးအတွက် ကူညီပေးခဲ့ကြသည်။
ဗာဗုလုန်နိုင်ငံ၏ရှင်ဘုရင် နေဗုခဒ်နေဇာမင်းကြီး သည် ‘‘သူဘယ်သူလဲ၊ ဘယ်ကလာလဲ’’ ဆိုသည့် အသိ ဉာဏ် ပျောက်ဆုံးသွားခဲ့သည်။ သူ၏သတိမေ့ရောဂါသည် ၀ိညာဉ်ရေးရာနှင့် ပတ်သက်ဆက်နွယ်နေသည်။ သူထီးနန်း ရပြီးသည့်နောက် ဘုရားသခင်သည် ဘုရင်တစ်ကာတို့၏ ဘုရင်၊ သူရရှိပိုင်ဆိုင်ထားသည့်အရာများကို ဘုရားသခင် ပေးခဲ့ခြင်း ဖြစ်ကြောင်း သူမေ့လျော့သွားခဲ့သည် (ဒံ ၄း၁၇၊ ၂၈-၃၀)။
ထာဝရဘုရားသခင်သည်…
စောင့်ဆိုင်းရသည့်အရာ
‘‘ငါးမျှားချိတ်တွင် ငါးလာဟပ်ရန် စောင့်စားရခြင်း၊ စွန်လွှတ်ရန် လေသင့်မည့်အချိန်ကို စောင့်စားရခြင်း၊ သောကြာနေ့ရောက်လာရန် စောင့်စားရခြင်း ... အစရှိသည်ဖြင့် လူသားအားလုံးသည် ငံ့လင့်စောင့်စားနေရသောသူများဖြစ်သည်’’ ဟု ကလေးစာပေ ရေးသားသူ စာရေးဆရာ Dr. Seuss က ပြောခဲ့ပါသည်။
အသက်တာ၏အချိန်အများစုတွင် ငံ့လင့်စောင့်စားနေရတတ်သည်။ သို့သော် ဘုရားရှင်သည် မည်သည့်အခါမျှ အလျင်မလို။ ကိုယ်တော်က အေးဆေးပဲဟုထင်ရသည်။ ‘‘ဘုရားရှင်၏အချိန်ရှိပြီး နှောင့်နှေးအချိန်ဆွဲတတ်ခြင်းလည်း ရှိသည်’’ ဟု လက်ခံနိုင်လောက်သည့် ဆိုရိုးလည်း ရှိသည်။ ထို့ကြောင့် ကျွန်တော်တို့ ငံ့လင့်စောင့်စားရခြင်းဖြစ်သည်။
ငံ့လင့်စောင့်စားရခြင်းက ခက်ခဲပါသည်။ လက်ချောင်း များကိုချိုး၊ ဟိုသွားလိုက် ဒီသွားလိုက်၊ မွန်းကြပ်မှုနှင့် သက်ပြင်းချလျက် မရေရာမှု များနှင့် ကျွန်တော်တို့ ပူပန်သောကရောက်နေတတ်ကြသည်။ ‘ဒီလိုစိတ်ပျက်ဖို့ကောင်းတဲ့လူနဲ့ဘာလို့နေနေရတာလဲ’၊ ‘ငြီးငွေ့စရာအလုပ်ကို ဘာလို့လုပ်နေရတာလဲ’၊ ‘ရှက်စရာ ကောင်းတဲ့အပြုအမူ ဘာလို့လုပ်မိတာလဲ’၊ ‘ဒီရောဂါမပျောက်နိုင်တော့ဘူးလား’၊ ဘုရား သခင်က ငါ့ကို…
ငြိမ်သက်ခြင်း၏လျှို့ဝှက်ချက်
ဂရေ့စ်သည် ထူးခြားသောအမျိုးသမီးတစ်ဦး ဖြစ်သည်။ သူ့အကြောင်းကို တွေးမိလိုက် တိုင်း ‘‘ငြိမ်သက်ခြင်း’’ဆိုသည့်စကားလုံးက ခေါင်းထဲဝင်လာသည်။ သူ့ကို လွန်ခဲ့သော
၆ လ ခန့် ကတည်းက စတင်သိကျွမ်းခဲ့ပြီး သူ၏ခင်ပွန်းသည်မှာ ရှားပါးသောရောဂါနှင့် ဆေးရုံတက်ခဲ့ရသော်လည်း သူ့မျက်နှာအမူအရာက တော်ရုံတန်ရုံ မပြောင်းလဲခဲ့ပါ။
သူထိုသို့ငြိမ်သက်ခြင်းရှိရသည့် လျှို့ဝှက်ချက်ကို မေးမြန်းခဲ့ရာ သူက ‘‘ဒါဟာ လျှို့ဝှက်ချက် မဟုတ်ပါဘူး။ တစ်စုံ တစ်ယောက်သောသူ(ဘုရားရှင်)ကြောင့်ပါ။ သခင်ယေရှုဟာ ကျွန်မအထဲမှာ ရှိနေတယ်။ မိုးသက်မုန်တိုင်းရဲ့ အလယ်ကို ရောက်နေပေမဲ့ ကျွန်မခံစားရတဲ့ ငြိမ်သက်ခြင်းအကြောင်းကို ရှင်းပြနိုင်တဲ့ အခြားနည်းလမ်းမရှိပါဘူး’’ ဟု ပြန်ဖြေခဲ့သည်။
ငြိမ်သက်ခြင်း၏ အဓိကလျှို့ဝှက်ချက်မှာ သခင်ယေရှုနှင့် ကျွန်မတို့အကြားရှိ ဆက်နွယ်မှုဖြစ်သည်။ သခင်ဘုရား သာလျှင် ကျွန်မတို့၏ငြိမ်သက်ခြင်းအရှင် ဖြစ်တော်မူသည်။ သခင်ခရစ်တော်သည် ကျွန်မတို့၏ကယ်တင်ရှင်၊ သခင် ဖြစ်တော်မူပြီး သခင်နှင့်သဏ္ဍာန်တူသောအသက်တာဖြင့် အသက်ရှင်လျှင် ငြိမ်သက်ခြင်းကို အမှန်တကယ် ခံစားရမည်ဖြစ်သည်။…
အသေးစိတ်ကြည့်ရှုတော်မူသော ဘုရား
ကျွန်တော်၏ခွေးလေး ချော့ကလက် အသက် ၃ လ ပြည့်စဉ်က ကာကွယ်ဆေးထိုးရန်နှင့် ကျန်းမာရေး ဆေးစစ်မှုပြုလုပ်ပေးရန် တိရိစ္ဆာန်ဆေးကုဆရာဝန်ထံ ခေါ်သွားခဲ့သည်။ ဆရာဝန်မလေး၏ဂရုတစိုက်ကြည့်ရှုပေးမှုကြောင့် ခွေးလေး၏ဘယ်ဘက် နောက်ခြေဖ၀ါးတွင်အဖြူရောင်အမှတ် အမွှေးလေးများကို တွေ့လိုက်ရသည်။ ‘‘ဒီနေရာက ခွေးလေးကို ချော့ကလက်အနှစ်ရည်ထဲ နှစ်လိုက်တုန်းက ဘုရားသခင် ကိုင်ခဲ့တဲ့ နေရာလေးပဲဖြစ်မယ်’’ဟုသူက ပြုံးပြီး ပြောခဲ့သည်။
ရယ်ချင်စိတ်ကို ထိန်းမရဘဲ ကျွန်တော် ရယ်ခဲ့သည်။ဆရာဝန်မလေး၏စကားက မထင်မှတ်ဘဲ သတ္တ၀ါတိုင်း အပေါ်၌ထားရှိသည့် ဘုရားသခင်၏နက်နက်နဲနဲ ဂရုစိုက် စိတ်ဝင်စားမှုကို အဓိပ္ပာယ်ရှိရှိ ထောက်ပြနေသည်။
‘‘သင်တို့၏ဆံပင်သည်လည်း အကုန်အစင် ရေတွက်လျက်ရှိ၏’’ ဟု (မ ၁၀း၃၀)တွင် သခင်ယေရှုမိန့်ကြားသည်။ ထာဝရဘုရားသည် ကျွန်ုပ်တို့အသက်တာ၏ အဆုံးမရှိ
သော အချက်အလက်များကို အသေးစိတ် ရေတွက် ရယူနိုင်သည့် ဘုရားဖြစ်သည်။ ကိုယ်တော်သတိမထားမိလောက်အောင် သေးငယ်လွန်း သောအရာဟူ၍ မရှိ။ အသေးအဖွဲကိစ္စဟူ၍လည်း သူအာရုံမထားဘဲလည်း မနေ။…
ဘယ်နေရာမဆို
မင်္ဂလာဆောင်စဉ်က ဓာတ်ပုံများကို ကျွန်မပြန်ကြည့်ရင်း ခရစ်ယာန်အိမ်ထောင်သစ်ကို ထူထောင်ခဲ့သည့် ကျွန်မတို့ ဇနီးမောင်နှံအား Mr. and Mrs. ကင်ပွန်းတပ်ပေးသည့် ဓာတ်ပုံကို ပြန်တွေ့သောအခါ ‘‘ရှင်နဲ့ ဘယ်နေရာကိုမဆို သွားမယ်’’ ဟု ကျွန်မ သူ့ကို ရည်စူးပြီး ပေးခဲ့သောကတိကို ပြန်ပြီး အောက်မေ့သတိရခဲ့သည်။
နှစ်ပေါင်းလေးဆယ်နီးပါးကြာသည်အထိ အကောင်း အဆိုး အခြေအနေအမျိုးမျိုးကြားတွင် ကျွန်မတို့၏ချစ်ခြင်း မေတ္တာ၊ ပေးခဲ့သည့်ကတိက၀တ်များက အိမ်ထောင်ကို
မြဲမြံစွာ ချည်နှောင်သည်။ ‘‘သူနှင့် ဘယ်နေရာမဆိုသွားမည်’’ ဆိုသည့်ကတိကို တစ်နှစ်ပြီးတစ်နှစ် ကျွန်မထပ်ပေးခဲ့သည်။
ယေ ၂း၂ တွင် ထာဝရဘုရားသခင်သည် သူချစ်သည့် တစ်ကိုယ်ကောင်းဆန်သော ဣသရေလလူမျိုးများကို အောက်မေ့လျက် ‘‘သင်သည် ငါ့နောက်သို့လိုက်သောအခါ အသက်အရွယ်နုငယ်၍ ခံရသောကျေးဇူးကို လည်းကောင်း၊ ထိမ်းမြားပေးစားခြင်းနှင့်ယှဉ်သော ချစ်ခြင်းမေတ္တာကို လည်းကောင်း ငါအောက်မေ့၏’’ ဟုဆိုခဲ့သည်။ ဟေဗြဲ ဘာသာစကားတွင် ‘‘ကိုးကွယ်ဆည်းကပ်ခြင်း’’ ဆိုသည်မှာ…
ခွင့်လွှတ်ခြင်း အနုပညာ
အဖေနှင့်သားနှစ်ယောက် - ခွင့်လွှတ်ခြင်းအနုပညာ ပြပွဲသည် သခင်ယေရှုပုံဥပမာ ပေးခဲ့သည့် ပျောက်သောသားအကြောင်းကို အဓိကဖော်ညွှန်း ပြသည် (လု ၁၅း၁၁-၃၁)။ ထိုပြခန်း၌ ကျွန်တော် ၂ နာရီ ခန့်မျှ အချိန်ဖြုန်းခဲ့သည်။ Edward Rojas ၏ ပျောက်သောသားပန်းချီကား၌ အိမ်မှထွက်သွားဖူးသောသားသည် ဖျင်အင်္ကျီဝတ်ကာ ခေါင်းငိုက်စိုက်ကျလျက် အိမ်သို့ပြန်လာသည်။ သူ့နောက်၌ ခြောက်သွေ့သော ဖုန်းဆိုးမြေရှိပြီး ရှေ့၌ သူ့ကိုအပြေး လာကြိုသည့် ဖခင်ကြီးရှိသည့်လမ်းအတိုင်း သူလျှောက်လာ နေပုံ ဖြစ်သည်။ ပန်းချီကားအောက်ခြေ၌ သခင်ယေရှု၏ စကားတော်ဖြစ်သော ‘‘သွား၍ ဝေးသေးသောအခါ အဘသည် သူ့ကို မြင်လျှင် သနားသောစိတ်ရှိသည်နှင့် ပြေးသွား၍’’ (း၂၀) ဟူသော ကျမ်းချက်ကို ရေးထားသည်။
ဘုရားသခင်၏ မပြောင်းလဲသောမေတ္တာတော်က ကျွန်တော့်ဘ၀အား ပြောင်းလဲလိုက်ခြင်းကို နောက်တစ်ဖန် နက်ရှိုင်းစွာ ကျွန်တော်ခံစားခဲ့ရပြန်သည်။ သူ့ထံမှ ကျွန်တော်
လှည့်ထွက်သွားချိန်တွင်…